← Chapters

အခန်း (၄၃)

Vol. 4 Ch. 43

အခန်း (၄၃)

Vol. 4 Ch. 43

အောက်တိုဘာလအစောပိုင်းမှာ ကျားတွေဟာ သန်စွမ်းလွန်းလှပြီး နေ့လည်ခင်းမှာတော့ လမ်းတွေက ကြောက်စရာကောင်းလောက်အောင် ပူနေတုန်းပင်။

ကုရှီတုန်းက လမ်းပေါ်ကနေ အိမ်ကို တစ်လမ်းလုံး ပြေးလာခဲ့သည်။ အပူဒဏ်ကြောင့် အာခြောက်နေပြီး အရှေ့ပိုင်းကို အမြန်ပြေးသွားခဲ့သည်။ သူစကားမပြောနိုင်ခင်မှာပဲ၊ စားပွဲပေါ်က ရေနွေးကြမ်းအိုးကို ယူကာ သူ့ပါးစပ်ထဲကို လောင်းထည့်လိုက်သည်။

လင်းယောင်က ကုရှီအန်းရဲ့ ရင်ခွင်ထဲမှာ မှီထိုင်နေပြီး ဖရဲသီးစားနေခဲ့သည်။ ကောင်စုတ်လေးကြောင့် သူမလန့်သွားခဲ့ပြီး အမြန်ပဲ ကုရှီအန်းကို ဘေးကိုတွန်းလိုက်မိသည်။ သူမက ညင်သာစွာ နှာမှုတ်လိုက်သည်။ " ကောင်စုတ်လေး၊ နေ့ခင်းကြောင်တောင်ကြီးပဲ ရှိသေးတယ်။ ဘာလို့ တံခါးကို အတင်းခေါက်ပြီး ပြေးဝင်လာတာလဲ။"

လက်ထောက်ဒါရိုက်တာကုကလဲ ကုရှီတုန်းကို မျက်နှာတည်ကြီးနဲ့ စိုက်ကြည့်နေသည်။

ဒါက ဒီကလေးကို လန့်စေခဲ့ပြီး နှင်းဆီပူဒီနာရေကို သောက်နေတာတောင် ရပ်လိုက်မိသည်။ သူက ထခုန်လိုက်မိပြီး ခွင့်လွှတ်ရန်ပြောလိုက်သည်။

" မရီး၊ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ စောစောက အိမ်သာထဲမှာ ထိုင်နေခဲ့ပြီး လင်းတာ့ကော်နဲ့ လီအိုက်ဖုန်းတို့ မရီးအကြောင်းတွေ မကောင်းပြောနေတာ ကြားခဲ့တယ်။ လမ်းမှာ အသက်ရှူဖို့တောင် မနားပဲ တောက်လျှောက်ပြန်ပြေးလာခဲ့တာ။ "

လင်းယောင် - ခွေးကောင်လေးကတော့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေပြန်ပြီ။ လမ်းပေါ်မှာ ပြေးလာပြီး အသက်တောင် မရှူခဲ့ရင်၊ အသက်ရှင်နေပါဦးမလား...

ခဏလေး၊ လင်းတာ့ကော်တို့ အရူးနှစ်ယောက်က သူမ မကောင်းကြောင်းတွေပြောတယ်? သူမ အကြောင်း ဘာတွေ ပြောနေခဲ့ကြတာလဲ?

သမ်းဝေနေတဲ့ လင်းယောင်က ချက်ချင်း ဒေါသတကြီးနဲ့ အိပ်ယာပေါ်က ခုန်ဆင်းကာ၊ " သုန်ဇီ နင်ဘာတွေကြားခဲ့တာလဲ။ အကုန်လုံးပြောပြ။ "

ဟုတ်ပြီ!

ဒါက ကုရှီတုန်း စောင့်နေတဲ့ အရာပင်။ သူ ဘူးကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်၊ မနက်ပိုင်းမှာ ကောက်ရိုးဝယ်ဖို့ ထွက်သွားခဲ့သည် ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေးသမဝါယမကို သွားပြီး ကောင်တာမှာ ရယ်မောခဲ့သည်၊ ပြီးတော့ ဖရဲသီးစားပြီး ဗိုက်နာလာတာကြောင့် သူ သန့်စင်ခန်းကို သွားခဲ့သည်။

ချန်းကျီကျီရဲ့ အတင်းပြောတာက ငါးမိနစ်‌၊ခြောက်မိနစ်လောက်ကြာပြီဖြစ်တာကြောင့် လင်းယောင်နဲ့ ကုရှီအန်းတို့ စိတ်ရှုပ်သွားကြသည်။

လင်းယောင်က စိတ်မရှည်စွာပဲ သူ့မျက်နှာသူ ရိုက်လိုက်ပြီး " ကောင်စုတ်လေး၊ အဓိကအကြောင်းအရာကို ပြောစမ်းပါ။ "

" ........ အိုး "

ကုရှီတုန်းက မကျေမနပ်နဲ့ တုံ့ပြန်လိုက်ပြီး၊ ဇတ်လေးပုဝင်သွားကာ အိမ်သာထဲမှာ ခိုးနားထောင်ခဲ့တဲ့ အကြောင်းအရာကို အတိုရောအရှည်ပါ ပြောပြလိုက်သည်။

ပထမတုန်းက၊ လင်းယောင်က ဖရဲသီးတွေ မြုံ့ရင်း ကုတင်ပေါ်မှာ လှဲနေခဲ့ပေမယ့် နောက်ပိုင်းမှာ လင်းတာ့ကော်တို့ လူယုတ်မာနှစ်ယောက်က သူမနောက်ကိုလိုက်ပြီး သူမဆီက ငွေညှစ်ချင်နေတယ်ဆိုတာကို ကြားလိုက်ရသည်။

လှပတဲ့ကောင်မလေးက ရုတ်တစ်ရက် အေးစက်သွားခဲ့သည်။ လူတွေက ငါ့ကို မစော်ကားသလို၊ ငါကလဲ တစ်ခြားလူတွေကို မစော်ကားခဲ့ဖူးဘူးဆိုတာ သိတယ်နော်။

လင်းတာ့ကော်ရဲ့ မိသားစုနဲ့ ပတ်သက်ပြီး၊ အဲ့ဒိလူယုတ်မာတွေ သူတို့ ကံကြမ္မာနဲ့ သူတို့ရှိကြပြီး ဒီအကျင့်စာရိတ္တ မကောင်းတဲ့ မိသားစုနဲ့ ပတ်သက်ဆက်နွယ်မှုက ရှုပ်ထွေးမှုရှိမှာ မဟုတ်ဘူးဆိုတာ လင်းယောင်ယုံသည်။ အခုတော့ ဒီထင်မြင်ချက်က လုံးဝလွဲမှားနေတဲ့ပုံပင်။

သူမက သူမရဲ့ကိုယ်ပိုင်ဘဝလေးနဲ့ ကောင်းကောင်းမွန်မွန်နေချင်ခဲ့သည်။ လင်းမိသားစုကို မကိုင်တွယ်ရင်၊ အနာဂတ်မှာ ငြိမ်းချမ်းမှုဆိုတာ ရှိလာမှာ မဟုတ်။

ဘာဦးလေးလဲ။ တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်။

အဲ့ဒီနောက်မှာ၊ လင်းတာ့ကော်နဲ့ သူ့ရဲ့မိန်းမနောက်မှာ ပုန်းနေပြီး အကြံပေးတဲ့ လက်ပါးစေအနေနဲ့ ဟန်ဆောင်နေတဲ့ လင်းဟုန်န အကြောင်းကို ‌လင်းယောင် တွေးမိသွားသည်။

မူရင်းစာအုပ်ထဲမှာ၊ လင်းဟုန်နက အလွန်အကြံအစည်ကြီးပြီး သူမရဲ့ ဆွေမျိုးဝမ်းကွဲတွေကို သူမရဲ့ ခြေထောက်အောက်မှာ နင်းခြေထားဖို့ အစွမ်းကုန်ကြိုးစားနေခဲ့ပြီးတော့ သူတို့ အားလုံးကို သတ်ပြီးသည်အထိ သူမ ရပ်တန့်လိမ့်မည်မဟုတ်ပါ။

မူလပိုင်ရှင်၏ မိဘများသေဆုံးသွားပြီး လင်းတာ့ကော် ရဲ့ လက်အောက်မှာ အခြားသူတွေရဲ့ စောင့်ရှောက်မှုနဲ့ နေရတဲ့အခါ၊ လီအိုက်ဖုန်းက မူလပိုင်ရှင်ဆီက သူ့အရင်ဘဝရဲ့ အာဃာတတရားတွေကို ပြန်လည်ဖော်ထုတ်ခဲ့သည်။

သူ့ကို အစာရေစာပြတ်လတ်အောင် သူမရဲ့ အစားအစာတွေကို ပိတ်ပင်ထားသည်။ ဆောင်းရာသီမှာ သူမကို အေးခဲအောင် ရေအေးထဲမှာ အဝတ်လျှော်ခိုင်းခဲ့သည်။ ပြီးတော့ သူမအပေါ်ကို ရေနွေးပူတွေလောင်းကာ ဆူပူကြိမ်းမောင်းခဲ့သည်။

မူလပိုင်ရှင်ကသာ လွတ်မြောက်အောင် မကြိုးစားခဲ့ရင်၊ ပြဿနာများစွာ တက်မည်ကို လင်းတာ့ကော် ကြောက်နေခဲ့ပြီး သူရပ်လိုက်ပြီဆိုတာကို ရွာသားတွေကို သိစေခဲ့သည်။

မူလပိုင်ရှင်က ဆိုးဝါးတဲ့ဘဝမှာ နေရတာကြာပေပြီ။ အခုတော့၊ မူလပိုင်ရှင်က လွတ်လာ‌တော့ ထပ်ပြီးပြဿနာရှာဖို့ ဒီမှာ ရောက်နေကြပြန်ပြီ။

လင်းယောင်က သူမရဲ့ နှလုံးသားထဲမှာ အကြောင်းပြချက်မရှိတဲ့ ဒေါသတရားကို ခံစားလိုက်ရသည်။

သူမ စိတ်တိုနေတုန်းမှာ၊ သူမဘေးက ကုရှီတုန်းက ထခုန်ပြီး မျောက်လိုအော်တော့သည်။ " မရီး၊ လင်းမိသားစုက လူယုတ်မာတွေပဲ၊ ပြီးတော့သူတို့ကို ကိုင်တွယ်ရမယ်။ လင်းတာ့ကော် မှာ မဲညစ်တဲ့နှလုံးသားရှိပြီး ကျွန်တော့်မရီးဆီက ယွမ်ငါးရာ ငွေညှစ်ချင်နေတယ်။ အစ်ကိုကြီး၊ သူ့ကို သွားဖမ်းပြီး ထောင်ချလိုက် "

ကောင်စုတ်လေးက စိတ်တိုလာပြီး သူ့အစ်ကို မျက်နှာတည်ကြီးကို မကြောက်တော့ပေ။ သူ့အစ်ကိုကြီးကို လူတွေကို ဖမ်းဖို့ အမြန်အမိန့်ပေးခဲ့သည်။

ကုရှီတုန်းက ထပ်ပြီး ဆဲချင်နေသေးတာကြောင့် သူ့မရီးက နားကိုဆွဲကာ ဆူလိုက်သည်။ " ကောင်စုတ်လေး၊ နင့်ကို ဘယ်သူက ဆဲတဲ့စကားလုံးတွေ သင်ပေးလိုက်တာလဲ။ ပြည်သူ့လုံခြုံရေးဌာနကို ငါတို့မိသားစုက အလုပ်လုပ်ပေးနေရတာကြောင့်၊ ငါတို့ဖမ်းချင်တဲ့လူကို ဖမ်းနိုင်တယ်။ တစ်ယောက်ယောက်ကို ဖမ်းဖို့၊ ငါတို့ သက်သေလိုတယ်။ အထောက်အထားနဲ့ သက်သေဌာနမှာ အကုန်ရှိတယ်။ ငါတို့မှာ လူသက်‌သေရှိပေမယ့် ဘယ်မှာလဲ ပစ္စည်းသက်သေ? သက်သေမရှိရင်၊ ငါတို့ မင်းကိုပဲဖမ်းလို့ရမယ်"

ကုရှီတုန်းရဲ့ မာနတွေ ရုတ်တရက်ကျသွားပြီး သူ့ရဲ့ မရီးက အရမ်းဒေါသထွက်နေခဲ့တာကို သူမြင်လိုက်ရသည်။ မျက်တောင်တစ်ခတ်စာလေးမှာပဲ၊ သူကသူ့ အစ်ကိုကြီးကိုကြည့်ခဲ့သည်။ သူ့ရဲ့မျက်နှာက အလွန်ကြောက်ဖို့ကောင်းပြီး သူ့ရဲ့ ချောမောလှတဲ့ မျက်ခုံးတွေက ဆောင်းရာသီမှာ တံစက်မြိတ်အောက်က ရေခဲတုန်းတွေလို အေးစက်ပြီး လေးနက်လာသည်။

မြူနှင်းတွေ ဖုံးအုပ်ထားသလိုမျိုး၊ တစ်ယောက်ယောက်ကို အေးခဲပြီး သေသွားစေနိုင်သည်။

ကောင်စုတ်လေး ဇက်ပုသွားပြီး ချက်ချင်းပဲ စကားတောင် မပြောရဲတော့။ သူကောင်းကောင်းကြီး သိနေသည်။ ယောကျ်ားတစ်ယောက်က လိုက်လျောညီထွေရှိပေမယ့် သူ့ရဲ့ မရီးကတော့ သူမ စကားမပြောချင်ရင် လုံးဝပြောမှာမဟုတ်။ ကုရှီတုန်းက ပါးစပ်ကိုပိတ်ထားပြီး အသံတိတ်နေသည်။

ကုရှီအန်းရဲ့ အမူအရာတွေ အေးစက်လာပြီး အဲ့ဒီသန့်စင်ခန်းရဲ့ တည်နေရာကို မေးခဲ့သည်။ သူဘာတွေတွေးနေလဲဆိုတာကို မသိနိုင်ခဲ့‌ပေ။ ပြီးတော့ သူ့ရဲ့ မျက်နှာချောချောက အနည်းငယ် အေးစက်လာခဲ့သည်။ သူက လင်းယောင်ကို တစ်ခုခုတိုးတိုးလေး ပြောခဲ့သည်။

လင်းယောင်က ဘာမှမတတ်နိုင်ပဲ ခေါင်းငြိမ့်လိုက်ရသည်။ သူမ အခု မျက်နှာငယ်လေးသာ ဖြစ်နေသည်။ သူက ရေခဲတမျှ အေးစက်နေပြီး တစ်ယောက်ယောက်ကို သတ်ချင်နေတုန်းပင်။ ဒါပေမယ့် အခုတော့ ဘာမှမဖြစ်သလို ပျော်ရွှင်စွာနဲ့ ပြုံးနေတော့သည်။

ကုရှီအန်း စကားပြောလို့ပြီးတဲ့နောက်မှာ၊ သူက အခန်းထဲကနေ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ကာထွက်သွား‌ခဲ့သည်။

လင်းယောင်က ဘီစကစ်တွေကို လိမ်ချိုးခပြီး ကုရှီအန်းကို အပြုံးနဲ့ ကြိုဆိုနှုတ်ဆက်လိုက်သည်။ ယနေ့ခေတ် ဘီစကစ်တွေက အနံ့ပြင်းကြပြီး ဂျုံမှုန့်အကောင်းတွေနဲ့ ပြုလုပ်ထားကာ နူးညံ့ပြီး အရသာရှိရှိ ပြုလုပ်ထားကြသည်။

ကုရှီတုန်းက ဘာတွေဖြစ်နေလဲဆိုတာကို နားမလည်ပေမယ့် သူ့ရဲ့မရီးအတွက်တော့ စိတ်ပူနေတုန်းပင်။

" မရီး၊ ဘာလို့ ဘီစကစ်တွေကို စားနေတာလဲ။ လင်းတာ့ကော်နဲ့တစ်ခြားသူတွေက မရီးကို အကောက်ကြံဖို့ အစီအစဉ်ဆွဲနေကြပြီ။ ကျွန်တော်တို့ နည်းလမ်း အမြန် ရှာရမယ်။ ကျွန်တော့်အစ်ကိုက အပြင်ကိုထွက်‌နေသေးတယ်။ ဒီကိစ္စထက် ပိုအရေးကြီးတာ မရှိတော့ဘူးလေ။ "

ကလေးက အခန်းထဲမှာ စိုးရိမ်တကြီး ပတ်ပြေးနေခဲ့ပြီးတော့ ရုတ်တစ်ရက် သူ့ရဲ့ လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ထားခဲ့သည်။ " မဟုတ်ဘူး၊ မရီး၊ ကျွန်တော်တို့ ဒီမှာ ဒီအတိုင်း ထိုင်ပြီး သေမှာကို စောင့်နေလို့ မဖြစ်ဘူး။ ကျွန်တော့်မိဘတွေကို ထွက်သွားဖို့ ပြောလိုက်တော့မယ်။ "

အဲ့စကားကို ပြောပြီးတဲ့နောက်မှာ ကုရှီတုန်းက လင်းယောင်ကို ထိုလူတွေထွက်ပြေးတော့မှာမလို့ ပြန်လာဖို့ပြောခဲ့သည်။ လင်းယောင်က ညင်ညင်သာသာပဲ ပြောခဲ့သည်။ " စိတ်မပူပါနဲ့။ မင်းရဲ့ အစ်ကိုကြီးမှာ နည်းလမ်းရှိပါတယ်။ "

ဒါကို ကုရှီတုန်း ကြားတဲ့အခါ၊ စိုးရိမ်ပူပန်မှုတွေ လျော့သွားပြီး သူတို့သုံးယောက်လုံး သူ့အစ်ကိုကြီးကို အားပေးဖို့ မျှော်နေခဲ့ကြသည်။

စောစောက ပြောခဲ့သင့်သည်ဟု ကောင်စုတ်လေးက ဘီစကစ်ကို ကိုင်ထားရင်း၊ ပါးစပ်နဲ့အပြည့်စားကာ သူ့ရဲ့ အင်္ကျီလက်နဲ့ သာမန်ကာလျှံပဲ သုတ်လိုက်ပြီး လင်းယောင်ကို ပြုံးကာ ပြောလိုက်သည်။

" မရီး၊ ကျွန်တော့် အစ်ကိုကြီး ဘာတွေလုပ်နိုင်လဲဟင်"

လင်းယောင်က ပြုံးမြဲပြုံးဆဲသာ၊ သူမပြောလိုက်တဲ့ စကားလုံးတွေက လူတွေကို အေးချမ်းစေသည်။

" မှောင်လာပြီး ဘယ်သူမှမရှိတဲ့အခါ၊ လင်းတာ့ကော်နဲ့ သူ့ဇနီးကို အိတ်နဲ့ထုတ်၊ ရိုက်နှက်ပြီး သင်ခန်းစာပေးဖို့ ဘိုးဘေးတွေရဲ့ သင်္ချိုင်းဂူထဲကို ပစ်ချလိုက်မယ်လို့ မင်းအစ်ကိုကြီးက ပြောခဲ့တယ်။ "

ကုရှီတုန်းက လေးစားသွားပြီး ကျွန်တော့်အစ်ကိုက တစ်ကယ့်ကို ဉာဏ်ကြီးရှင်ပဲ။

" အခုကစပြီးတော့ ဖရဲသီးတွေ ခိုးစားရင်၊ မင်းရဲ့လက်တွေကို ဖြတ်ပစ်မယ်လို့လဲ အစ်ကိုကြီးက ပြောခဲ့သေးတယ်။ "

ကုရှီတုန်း - TvT

အစ်ကိုကြီးက အခုထိ စာနာစိတ်ကို မရှိသေးပါလား။

*

ညဆယ်နာရီထိုးတဲ့အခါ ယွင်ရွှေကောင်တီမှာ ညမှောင်လာပြီဖြစ်ပြီး လင်းတာ့ကော် နဲ့ သူ့ဇနီးတို့လဲ ကျိန်ဆဲပြီးလမ်းကြားထဲဝင်သွားခဲ့ကြသည်။ သူတို့ တစ်နေ့လုံး အပြင်မှာ စောင့်ကြည့်နေခဲ့သည်။

လင်းယောင် ကောင်မစုတ်က တစ်နေကုန် အပြင်မထွက်ဘူး!!

သူမ အပြင်မထွက်တာကို မေ့ထားလိုက်ပြီး သူတို့‌ကောင်တီမြို့ထဲမှာ အိမ်အဟောင်းတစ်လုံးကို ငှားရမ်းထားသည်။ အိမ်ထဲမှာ ရွှံအိပ်ယာသာ ရှိပြီး တံခါးအပျက်ကလဲ ပိတ်လို့မရပေ။ ဒီလအတွက်သာ၊ သူတို့ တစ်ယွမ်လိုနေခဲ့သည်။

လီအိုက်ဖုန်းက ကြိုးတွေကို ကောက်နေခဲ့ပြီး သူမရဲ့ ခါးစည်းထဲမှာ လင်းဟုန်နဆီက ယူလာခဲ့တဲ့ နှစ်ဒေါ်လာ ရှိနေခဲ့သည်။

လင်းတာ့ကော်ရဲ့ အစားအစာတွေက အရသာရှိပြီး တစ်ရက်ကို ပြားငါးဆယ်သာ ကျသင့်သည်။ သူ့ကိုယ်သူ လူယုတ်မာလို့တောင် မထင်ရပေ။

လီအိုက်ဖုန်းက ဒေါသထွက်လွန်းလို့ နောက်ပြန်လဲကျသွားခဲ့သည်။ သူမ တစ်နေ့လုံး ဘာမှ မစားရသေးပေ။ပြီးတော့ ထိုလူအိုကြီးက သူမအတွက် ပေါက်စီတစ်လုံးဘယ်လို‌ ဝယ်ပေးရမည်ဆိုတာကိုတောင် မသိပေ။ အရင်တုန်းက‌ ကောင်မ လျိုထောင်ဟုန်ကို လှည့်စားပြီး ထိုလူကြီးနဲ့ပြန်ပေးစားချင်မိသည်အထိပင်။

လျိုထောင်ဟုန်က လင်းတာ့ကော် အပြင်မှာတွေ့ခဲ့တဲ့ ကြာပန်းဖြူဖြစ်သည်။ သူမရဲ့ အသက်လေးဆယ်ထဲမှဖြစ်ပြီး ယောကျ်ားနှစ်ယောက်ကို သတ်ခဲ့တဲ့ မိန်းမတစ်ယောက် ဖြစ်သည်။

လင်းတာ့ကော်က သူမနဲ့ ကစားချင်ရုံဖြစ်တာကြောင့် လျိုထောင်ဟုန်ကို လက်ထပ်ဖို့ မရဲခဲ့ပါဘူး။ လျိုထောင်ဟုန်က သူ့ကိုလက်ထပ်ပြီးရင် သတ်မယ်ဆိုတာကို ခရိုင်ထဲမှာ မသိတဲ့လူ မရှိ‌ပေ။ သူ့ဦးနှောက်က တစ်ခုခုတော့ မှားနေသည်။

ဒါကိုကြားပြီးတဲ့နောက်မှာ လီအိုက်ဖုန်း သဘောပေါက်သွားသည်။ လင်းတာ့ကော်က သူမကို စကားချိုချိုလေးတွေနဲ့ ချော့ပြီးတဲ့နောက်မှာ၊ သူမ မိန်းကလေးတစ်ယောက်လို ပြန်လည်ပြုံးရယ်လာပြီး လင်းတာ့ကော်ရဲ့ လက်မောင်းကို တယုတယ ဖက်တွယ်ခဲ့သည်။

ရက်ပေါင်းများစွာ သူမ ရေမချိုးရသေးပေ။ သူမရဲ့ ခန္ဓာကိုယ်က နံနေပြီး လင်းတာ့ကော်ရဲ့ လက်မောင်းတွေနဲ့ သူမကိုယ်သူမ ပွတ်သပ်နေခဲ့သည်။

လင်းတာ့ကော်က ရွံရှာမှုကို သည်းခံနေခဲ့ပြီး နောက်ဆုံးမှာ သည်းမခံနိုင်တော့ပဲ လီအိုက်ဖုန်းကို ရေချိုးခိုင်းလိုက်တော့သညိ။

လီအိုက်ဖုန်းက သူ့ရဲ့ ခါးကို ဆွဲဆိတ်ခဲ့ပြီး ဆူခဲ့သည်။ " လင်းတာ့ကော်​၊ ရှင် ကျွန်မကို သဘောကျတယ်လို့ ပြောနေတုန်းပဲကို ရက်အနည်းငယ်လောက် ရေမချိုးရသေးတာကိုတောင် ဘာလို့ သည်းမခံနိုင်ရတာလဲ။ အဲ့ဒီကောင်မကြီးကို ရှာချင်နေပြန်ပြီလား။ "

လင်းတာ့ကော်ကလဲ ဒေါသထွက်လာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ဆူဆဲရင်း ငှားထားတဲ့ အိမ်ဆီကို ပြန်လာခဲ့ကြသည်။

အငှားအိမ်ရဲ့ အပြင်ဘက်မှာ လမ်းမီးတွေ မရှိပေ။ လေက နောက်ထပ် တိုက်လာပြန်သည်။ အပြင်ဘက် တောလေးထဲကနေ လေစိမ်းတွေတိုက်၊ လေပြင်းမုန်တိုင်းတွေတိုက်နေပါသည်။ သစ်ပင်တွေရဲ့ အရိပ်တွေက လှုပ်ရမ်းနေပြီး ဝိညာဉ်တွေ ငိုနေသလိုမျိုး တစ်ရှဲရှဲအသံတွေ မြည်နေခဲ့ကာ ဝံပုလွေတွေ အူနေခဲ့ကြသည်။

လီအိုက်ဖုန်းက ဘုရားသခင်ကို ကျိန်ဆဲခဲ့ပြီး ပြူတင်းပေါက်တွေ ပိတ်ဖို့ သွားခဲ့သည်။

ရုတ်တစ်ရက် နောက်ထပ် လေပြင်းတစ်ခုတိုက်လာပြီး တံခါးကို ဘန်းကနဲ ကျိုးပျက်သွားစေပြီး မြေပြင်ပေါ်ကို လဲကျသွားစေသည်။ လေပြင်းတွေနဲ့ ရောနှောကာ၊ ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်သကဲ့သို့ ဆိုးဝါးတဲ့ အော်ငိုသံတစ်ခု ကြားနေရသည်။

လီအိုက်ဖုန်းက လင်းတာ့ကော်ကို တံခါးပိတ်ခိုင်းလိုက်သည်။

လင်းတာ့ကော်က မသွားချင်ခဲ့တာကြောင့် လွှတ်လို့မရပဲ ပြီးတော့ နောက်ဆုံးမှာ သူတို့နှစ်ယောက်အတူတူ ပိတ်မိနေခဲ့သည်။

မမျှော်လင့်ထားပဲ၊ သူတို့ တံခါးရှေ့ရောက်တာနဲ့ မျက်လုံးများမဲမှောင်သွားပြီး ကောင်းကင်ပေါ်ကနေ အိတ်အကြီးကြီးတစ်ခု ကျလာခဲ့သည်။ လင်းတာ့ကော် နဲ့ သူ့ဇနီးတို့ မတုံ့ပြန်နိုင်ခင်မှာပဲ၊ သူတို့ နှစ်ယောက်မျက်လုံးတွေကို အအုပ်ခံလိုက်ရပြီး မိုးရွာသလိုပဲ လက်သီးတွေ တောက်လျှောက် ကျလာပြီး ရိုက်နှက်ခံခဲ့ရသည်။

နောက်ကွယ်က ဘယ်သူမှန်းမသိပေမယ့် အလွန် အင်အားကြီးနေသည်။

ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်မှာတော့၊ အိတ်ထဲက လင်းတာ့ကော်နဲ့ သူ့ဇနီးတို့က ဝက်တွေလို ညည်းကာ အော်ဟစ်နေကြသည်။

" ဘယ်ကောင်က ငါ့ကို ရိုက်ရဲတာလဲ။ "

" ငါ့နောက်မှာ တစ်ယောက်ယောက်ရှိတယ်‌နော်။ ငါ့သားမက်က ကောင်တီပြည်သူ့ကာကွယ်ရေးဌာနက လက်ထောက်ဒါရိုက်တာတစ်ယောက်ပဲ။ ငါ့ကိုလာရှုပ်ရင် မင်းကို ဆိုးဆိုးဝါးဝါးဖြစ်အောင် လုပ်ပစ်မယ်။ အား! "

အိတ်ထဲက လင်းတာ့ကော်မှာ အပြင်ကလူတွေကို ခြောက်ဖို့ ကုရှီအန်း၏ ယောက္ခထီး အယောင်ဆောင်ကာ အဓိပ္ပာယ်မရှိတာတွေ ပြောနေသေးသည်။

မမျှော်လင့်စွာနဲ့၊ အပြင်ကလူတွေ ဒီစကားကို ကြားတဲ့အခါ၊ သူတို့ စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားကြပြီးနောက် သူတို့ကို ပို‌လို့တောင် ကြမ်းကြမ်း ရိုက်နှက်ကြသည်။

လင်းတာ့ကော် ဂုဏ်ယူနေပြီးနောက် တစ်ခဏအကြာတွင် သူ့ကို ထပ်ရိုက်ကြပြီး မြေပေါ်မှာ လူးလိမ့်နေစေသည်။ လီအိုက်ဖုန်းက ပိုတောင် ဆိုးသေးသည်။ လင်းတာ့ကော်နဲ့ သူမကို တွဲချည်ထားပြီး သူမက အသက်တောင် ခက်ခက်ခဲခဲရှူနေရသည်။

ခေါင်းကိုအုပ်ထားပြီး အပြင်ဘက်မှာရှိနေတဲ့ ရွှီရှန်းချန်က ပြေးဆင်းသွားပြီး အလွန်ပင် "မတော်တဆ" နဲ့ လင်းတာ့ကော်ကို ကန်လိုက်သည်။ လင်းတာ့ကော်က နာကျင်စွာနဲ့ ဝက်တွေလိုမျိုး အော်နေခဲ့သည်။

လင်းတာ့ကော်က ညည်းတွားနေခဲ့ပြီး လီအိုက်ဖုန်း ရဲ့ မျက်လုံးတွေ အဖြူရောင်ပြောင်းနေပြီ ဖြစ်သည်။

ရွှီရှန်းချန်က ကျယ်လောင်စွာ ရယ်မောခဲ့သည်။

ကုရှီအန်းက သူ့ကို စိုက်ကြည့်လိုက်ပြီး အစ်ကိုကြီးထို့ထို့က သူ့ရဲ့ အဖြူရောင်သွားကြီးတွေကို ပြကာ နောက်တစ်ခေါက်မဖြစ်စေရဘူးဆိုတာ တိတ်တိတ်လေး ကတိပေးပြီး လက်ထောက်ဒါရိုက်တာကုကို နောက်ထပ်တစ်ခေါက် တံတောင်နဲ့ ထိုးလိုက်သည်။ " အရမ်းမလုပ်နဲ့၊ ဒါဆို လုံလောက်ပါပြီ"

ကုရှီအန်းရဲ့ မျက်လုံးနက်တွေ အေးစက်လာကာ လင်းတာ့ကော်ရဲ့ လည်ပင်းကို လက်တစ်ဖက်တည်းနဲ့ ရိုက်လိုက်ပြီး ရွှီရှန်းချန်ကလည်း လီအိုက်ဖုန်းရဲ့ ဇက်ကို လက်တစ်ဖက်တည်းနဲ့ ရိုက်လိုက်သည်။ ပြီးတော့ လင်မယားနှစ်ယောက်လုံး မြေပေါ်ကို ညင်ညင်သာသာပဲ လဲကျသွားခဲ့သည်။

ရွှီရှန်းချန်က လင်းတာ့ကော်ကို ခြေထောက်နဲ့ကန်ကာ သာမန်ကာလျှံကာပြောလိုက်သည်။ " လောင်ကု ဒီနှစ်ကောင်ကို ဘာလုပ်လိုက်ရမလဲ "

ကုရှီအန်းက သူ့ရဲ့ မျက်နှာဖုံးကို ဖယ်လိုက်ကာ ကျဉ်းမြောင်းနက်ရှိုင်းတဲ့ မျက်ဝန်းနှစ်စုံကို ပြသခဲ့သည်။

" မြို့ပြင်က ဝူသောင်ကို့ထဲကို ပစ်လိုက် " ရွှီရှန်းချန်က သူ့ရဲ့ မေးကို ပွတ်ပြီး လျှာကို ကိုက်ထားမိသည်။

ဝူသောင်ကို့....လွတ်လပ်ရေးမရခင်က၊ စစ်သားတွေ၊ ဓားပြတွေနဲ့ သူခိုးတွေကို အဲ့ဒီမှာ မြုပ်ထားသည်။

ရှေးလူကြီးတွေကတော့ အဲ့ဒီနေရာမှာ နှစ်ပေါင်းများစွာကြာအောင် သရဲခြောက်နေသည်ဟု ပြောကြသည်။

မြို့ထဲက လူလိမ်တွေတောင် အဲ့ဒီကို မသွားရဲကြ။ လောင်ကုရဲ့ အကွက်က အတော်ထိစေသည်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ လင်းတာ့ကော်နဲ့ သူ့မိန်းမတို့ကတော့ အပြစ်ဒဏ်နဲ့ ထိုက်တန်ပါသည်။

သူက ဘယ်သူ့ကိုမှ မထိခိုက်စေချင်ပေ။ ဒါပေမယ့် သူတို့ကလောင်ကုရဲ့ အဖိုးတန်ကလေးကို ထိခိုက်စေခဲ့သည်၊ ပြီးတော့ ယွမ်ငါးရာနဲ့ လင်းယောင်ကို ခြိမ်းခြောက်ငွေညှစ်ချင်လောက်တဲ့အထိ ရူးသွပ်နေခဲ့သည်။ ဒါက ပြဿနာကို မီးထွန်းရှာနေတာပင်။

*

မှောင်မိုက်ပြီး လေထန်တဲ့ ညတစ်ညဖြစ်ခဲ့ပြီး ခေါင်မိုးက အုပ်ကြွပ်တွေကို တစ်ချွင်ချွင်မြည်စေတဲ့ ဆောင်းဦးမိုးက ရုတ်တစ်ရက် အပြင်မှာ ရွာလာခဲ့သည်။

လက်ထောက်ဒါရိုက်တာကုက အကောင်းဆုံးပစ္စည်းတွေကို ထုတ်ပိုးဖို့ အပြင်ထွက်သွားခဲ့သည်။ လင်းယောင် စာဖတ်နေရင်း အိပ်ငိုက်လာခဲ့သည်။ စာအုပ်ကိုချပြီး သက်တောင့်သက်သာရှိစေရန် အကြောဆန့်နေခဲ့သည်။ တစ်နေရာကနေ ချည်အဝတ်စနှစ်ခုကိုယူကာ ညအိပ်ဝတ်စုံနဲ့ ဆောင်းရာသီအတွက် ညအိပ်ဝတ်စုံတွေကို ဖန်တီးဖို့ စီစဉ်ရင်း မြေဖြူနဲ့ ပုံဆွဲနေခဲ့သည်။

အခုတော့ ရာသီဥတုက ပြောင်းလဲသွားပြီ။နွေရာသီ ညအိပ်ဝတ်စုံတွေကို လျှော်ဖွတ်ပြီး အပြင်မှာ လှန်းထားခဲ့သည်။

ဆောင်းရာသီအတွက် အဝတ်တွေ မရှိသေးပေ။ ဒါပေမယ့် လင်းယောင်က သူမဆီမှာ အပ်ချုပ်စက်တစ်ခုရှိသည်။ အိမ်မှာ ဘယ်သူမှ မရှိတဲ့အခါ၊ မိသားစုဝင်တစ်ယောက်ချင်းစီအတွက် အင်္ကျီချုပ်ဖို့ ကုချွင်မေ ပြန်ယူလာခဲ့တဲ့ အလုပ်သမားအထည်စတစ်ချို့ကို သုံးကာ ချုပ်လိုက်သည်။

ဆောင်းတွင်းမှာ၊ ကောက်ရိုးတွေပေါ်ကို လှဲနေရတာကလဲ သက်တောင့်သက်သာရှိလှသည်။ လင်းယောင်က တစ်ခဏလောက် အလုပ်ကြိုးစားပြီးနောက်မှာ၊ သူမရဲ့ မျက်ခွံတွေ စတင်လေးလံလာခဲ့သည်။

သူမလက်ထဲက ပိတ်စတွေကို ချထားလိုက်ပြီး ပြန်နိုးလာကာ အလုပ်ထပ်မရှုပ်ခင် တစ်ခဏလောက် အိပ်ချင်တာကြောင့် နူးညံ့တဲ့ အိပ်ယာပေါ်ကို လှဲချလိုက်သည်။

မမျှော်လင့်ဘဲ အိပ်လိုက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတော့သည်။

သူမ အိပ်ပျော်နေတဲ့အချိန်၊ သူမက ကုရှီအန်းရဲ့ ရင်ခွင်ထဲမှာ ဖြစ်သည်။

အပြင်မှာ မှောင်နေပြီး ညသန်းခေါင် ဖြစ်ဟန်တူသည်။

လင်းယောင်က ကုရှီအန်းရဲ့ ရင်ခွင်ထဲကို တိုးပြီး တိုးတိုးလေးပြောလိုက်သည်။ " ကိစ္စပြီးသွားပြီလား "

ကုရှီအန်းက သူ့ရဲ့ခေါင်းကိုငုံ့ကာ သူမရဲ့ နဖူးလေးကို နမ်းရင်း ပြန်ဖြေလိုက်သည်။ " အားလုံးပြီးသွားပြီ။ အိပ်တော့"

လင်းယောင်က အရမ်းအိပ်ချင်နေတာကြောင့် ကုရှီအန်းရဲ့ ရင်ခွင်ထဲမှာ သူမရဲ့ မျက်နှာလေးနဲ့ ပွတ်သပ်နေခဲ့သည်။ ကုရှီအန်းက ကျိုင်းကောင်တံဆိပ်ဆပ်ပြာရဲ့ အမွှေးရနံ့နဲ့ လန်းဆန်းပြီးရင်း လန်းဆန်းနေခဲ့ပြီးတော့ သူမကတော့ လျင်မြန်စွာပဲ ထပ်ပြီး အိပ်ပျော်သွားခဲ့သည်။

လင်မယားနှစ်ယောက် အတူတကွ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ကြသည်။

နောက်တစ်နေ့မှာ၊ ကြီးကြီးမားမား ကိစ္စတစ်ခုခု ယွင်ရွှေကောင်တီမှာ ဖြစ်ပွားခဲ့သည်။

အဲ့နေ့ကမိုးရွာနေခဲ့သည်။ ဘာဖြစ်ခဲ့လဲဆိုတာ မသိပေမယ့် မြို့ပြင်က ဝူသောင်ကို့မှာ သက်လတ်ပိုင်းလင်မယားနှစ်ယောက်ကို အိတ်ထဲမှာ ထုတ်ပိုးထားပြီး သင်္ချိုင်းဂူထဲကို ပစ်ချထားခံရသည်။

သူတို့ကို အရင် ရိုက်နှက်ပြီးနောက်မှ ပစ်ချထားတာကြောင့် လင်မယားနှစ်ယောက်လုံးမှာ ဒဏ်ရာတွေဗလပွနဲ့ မျက်နှာတွေလဲ ဖူးရောင်နေကြသည်။

လီအိုက်ဖုန်းက အစုလိုက်အပုံလိုက် မြုပ်နှံရာနေရာမှာ အော်ဟစ်ပြီး ဆဲဆိုနေခဲ့သည်။ အချိန်နဲ့အမျှ၊ သူမနဲ့တွေ့ခဲ့တဲ့ ဓားပြတွေကို ရှာခိုင်းဖို့ ပြည်သူ့လုံခြုံရေးဌာနကို သွားမည်ဟု အော်ရင်း၊ သူမရဲ့ ခြေထောက်တွေနဲ့ ကန်ကာ ရွှံ့ရေထဲမှာ လူးလိမ့်နေခဲ့သည်။

သို့သော်လဲ လင်းတာ့ကော် ကတော့ ကြောက်လန့်နေသည်။ မျက်လုံးတွေ လည်နေကာ မုဆိုးမလျိုနဲ့ ဖောက်ပြန်နေတာကို တစ်ယောက်ယောက်မိသွားမှာ စိုးရိမ်နေသည်။ မုဆိုးမလျိုမှာ ကောင်တီရဲ့ဝက်သတ်သမားအပါအဝင် များစွာသော အသိမိတ်ဆွေတွေ ရှိသည်။

ဝက်သတ်သမားရုန်မှာ ဝက်လိုနှာ‌ခေါင်းရှိပြီး သူ့ရဲ့ အသားခုတ်ဓါးနဲ့ ဝက်တွေအများကြီးကို သတ်ခဲ့သည်။ သူ့ကို ဆန့်ကျင်တဲ့ ဘယ်သူမဆို ကောင်းကောင်းအဆုံးသတ်မှာ မဟုတ်‌ပေ။

မုဆိုးမလျိုနဲ့ ဖောက်ပြန်တာကို ကျူးရုန်သိသွားပြီး သူ့ကို ကိစ္စရှင်းချင်နေတာမျိုး ဖြစ်နေမလား။

မနေ့က ဖြစ်ခဲ့တာကို တွေးရင်း လင်းတာ့ကော်က ကြောက်လန့်မှုနဲ့ တုန်လှုပ်နေခဲ့သည်။

ချီးပဲ။ ပိုက်ဆံဆိုတာ ကောင်းတဲ့အရာပါ။ ဒါပေမယ့်အသက်ကို ဆုံးရှုံးသွားသွားရင်‌တော့ ဘာမှတန်ဖိုးမရှိတော့ဘူး။

လင်းတာ့ကော်က သူရဲစခန်းကို သွားမည်မဟုတ်ကြောင်းပြောပြီး လီအိုက်ဖုန်းကို ပါးတစ်ချက်ရိုက်လိုက်သည်။ ကျူးရုန်ရဲ့ အသားခုတ်ဓါးက သူနဲ့ လာရှုပ်ဖို့ အဲ့လောက်လွယ်နေလား။

မင်းရဲ့မွေးရပ်မြေကိုသာ အမြန်ပြန်လိုက်တော့!

All Chapters