အခန်း (၄၄)
Vol. 4 Ch. 44
လင်းတာ့ကော်သည် ကျူးရုန်၏ အသားခုတ်ဓားကြောင့် သေလုမတတ် ထိတ်လန့်သွားသည်။
သူသည် ကောင်တီမြို့တွင် ဆက်မနေချင်တော့ပေ။ သူ့ခြေထောက်များမှာ တုန်ရီနေပြီး ယမန်နေ့ညက သူအရိုက်ခံခဲ့ရသည့်အကြောင်းကို စဉ်းစားနေမိသည်။ လင်းတာ့ကော် မြို့တွင်းသို့ ဝင်လာချိန်တိုင်း မကောင်းသည့်အရာများဘဲဖြစ်သည်ဟု ဆိုလျှင် ကြောင်တောင်တောင်နိုင်ပေလိမ့်မည်။ သူမြို့သို့ လာသည်နှင့် အရိုက်ခံရခြင်း သို့မဟုတ် ပြဿနာတက်ခြင်းများ ဖြစ်တတ်ပေသည်။
ဤယွင်ရွှေမြို့တော်က သူ့အား မကြိုဆိုပေ။ သူကိုယ်တိုင်လည်း ဤမြို့တော်သို့ ဘယ်သောအခါမျှ ပြန်လာတော့မည် မဟုတ်ပေ။
လင်းတာ့ကော်ထွက်သွားပြီး လီအိုက်ဖုန်းမှာ ကိုယ်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်ဘဲ ပိုက်ဆံလည်း တစ်ပြားတစ်ချပ်မှလက်ထဲ မရှိတော့ချေ။ သူမ ငိုယိုကျိန်ဆဲပြီး မြို့သို့ ဘတ်စ်ကားစီးလာကာ တုန်ဖန်းဟုန်ထုတ်လုပ်ရေးအသင်းဆီသို့ နွားလှည်းစီးပြီးပြန်လာခဲ့သည်။
စုံတွဲ ၂ ယောက်မှာ ယခုအခေါက် မြို့သို့လာရာ ဘာမျှ အဖတ်မတင်ဘဲ အရိုက်ခံလိုက်ရလေ၏။ လင်းတာ့ကော်မှာ အမျက်ချောင်းချောင်းထွက်နေပြီး အားလုံးမှာ လင်းဟုန်န၏ အမှားဟု ပုံချနေပေသည်။
သူတို့အား ထိုသို့လုပ်ရန် အားပေးသည့် မသိတတ်သောသမီးက သူတို့ကို လင်းယောင်သည် ကောင်းမွန်သောဘဝမျိုးတွင် နေထိုင်နေရပြီး ယောက္ခမနှစ်ဦးလုံး အလုပ်ရှိကာ သူ့ယောင်းမလည်း ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေး သမဝါယမတွင် အလုပ်လုပ်နေပြီး သူ့ခင်ပွန်းသည်လည်း ပြည်သူ့လုံခြုံရေးဌာန၏ လက်ထောက်ဒါရိုက်တာဖြစ်၍ သူမမှာလည်း ပိုက်ဆံအမြောက်အမြား ရှိနေမည်ဟုပြောသည်။
ဤမိန်းကလေး၏ တွန့်ဆုတ်တတ်သည့် စိတ်ထားမျိုးမှာ ထိန်းချုပ်ရလွယ်ပေ၏။ သူမ ကြမ်းတမ်းသည့် စကားနည်းနည်း ပြောလိုက်သည်နှင့် ငွေများများညှစ်နိုင်လေ ဖြစ်မည်ဖြစ်သည်။
လင်းတာ့ကော်နှင့် သူ့ဇနီးမှာ လောဘကြီးပြီးရင်း ကြီးနေကြလေ၏။ သူတို့၏ အချိန်အများစုကို မစ်စ်ချီနှင့်အတူ ကျေးလက်တွင် ပျားပေါင်းသလက်လုပ်ရင်း ကုန်ဆုံးရသည်။ ထို့ပြင် လင်းဟုန်ဝူသည် လောင်းကစားအကြွေး ဒေါ်လာရာနှင့်ချီ အကြွေးတင်ခဲ့သည်။
လီအိုက်ဖုန်းက သံများအပြင် အိမ်မှာရောင်းလိုရသည့် အရာအားလုံးကို ရောင်းချသည်။ သူမ အိုမင်းစာအတွက် စုဆောင်းထားသည့် ပိုက်ဆံများကို ထုတ်ကာ အကြွေးများကို ဆပ်ခဲ့သည်။ သူမ၏ အစ်ကိုကောင်းဖြစ်သူအတွက် အကြွေးများကို ဆပ်ပေးခဲ့သော်လည်း လင်းမိသားစုသည် ဆင်းရဲတွင်း နက်သည်ထက်နက်ကြရပြန်သည်။ သူတို့မိသားစုမှာ ဆင်းရဲလွန်းလှသဖြင့် နောက်ဆုံးတွင် အသက်ရှင်နေသည့်လူ ၄ ယောက်သာကျန်တော့သည်အထိပင်။
ကောင်းကင်မှ မုန့်ပြုတ်ကျလာသည်ဟု ကြားသည်နှင့် လင်မယားနှစ်ယောက်ချက်ခြင်း ခွင့်ယူရန် တပ်မဟာသို သွား၍ အိတ်များကို ထုပ်ပိုးပြီး ယွင်ရွှေကောင်တီသို့ ရောက်လာကြလေသည်။
ငွေညှစ်မည့်အစီအစဉ်မှာပျက်သွားပြီး လင်မယားနှစ်ယောက် ဒုက္ခရောက်ကြလိမ့်မည်ဟု မည်သူထင်မိမည်နည်း။ လင်မယားနှစ်ယောက်သည် လင်းဟုန်နကို လျော်ကြေးတောင်းဖို့ မြို့ကိုသွားခဲ့ပြီး အဖေနှင့်သမီးကလည်း ရငွေများကို လိုချင်သည်။
ယွင်ရွှေကောင်တီမှ မြို့သို့ တစ်ရက်လျှင် ဘတ်စ်ကားတစ်စီးသာ ရှိသည်။ ဘတ်စ်ကားက ဆောင်းဦးရာသီတွင် လူများ ကြိတ်ကြိတ်တိုး စီးရသည်။ ဘတ်စ်စကားပေါ်၌ အသီးအရွက်ဝယ်ရန် မြို့ကိုသွားဖို့ ဝါးလုံးများ သယ်လာသူများလည်း ပါသည်။ ကျေးလက်တွင် သားသမီးများကို သွားတွေ့ရန် ကြက်မကြီးကို သယ်လာသူများလည်း ပါသည်။ ထို့ပြင် နွားချေးတောင်းကြီးကို ထမ်းလာသော အဘိုးအိုတစ်ဦးလည်း ပါပေ၏။
အနံ့အသက်မှာ အလွန်ဆိုးဝါးလှပေသည်။ ပြတင်းပေါက် ဖွင့်ထားသော်လည်း အနံ့အသက်ဆိုးများ ပျံ့လွင့်နေဆဲဖြစ်သည်။
လီအိုက်ဖုန်းက အသန့်ကြိုက်သူပီပီ သူမ ပတ်ဝန်းကျင်တွင်ထိုကဲ့သို့ ညစ်တီးညစ်ပတ်လူများကို တွေ့လျှင် နှာခေါင်းပိတ်ထားတတ်သူ ဖြစ်၏။ ၎င်းသည် သူမပတ်ဝန်းကျင်ရှိ အဒေါ်များနှင့် ချွေးမများက သူမအား မျက်လုံးပြူးသွားစေသည်။
မည်သို့သော အမြီးရှည်မြေခွေးမက အမျိုးသမီးတစ်ယောက်ဟန်ဆောင်ထားသနည်း။ သူမ၏ မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ရောင်ရမ်းနေပေသည်။ သူမသည် စုတ်ပေပေ အဝတ်များကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် ရွှံ့များနှင့်ပေတူးနေသည့် ဖိနပ်ကို ဆင်မြန်းထားသည်။ သူမ၏လက်များသည် တုန်ယင်နေပြီး အဝါရောင်သန်းနေပေသည်။ ထိုအမျိုးသမီးများမှာ လယ်တွင် စပါးစိုက်ထွန်ယက်ကြသည့် လယ်သမများ ဖြစ်သည်။ အတူတူအနူနူချင်း အဘယ်ကြောင့် ရှက်ရွံသလို ပြုမူနေရပါသနည်း။
လီအိုက်ဖုန်းသည် ကားပေါ်ရှိလူများ မည်ကဲ့သို့ တွေးနေ သည်ကို မသိပေ။ ထိုအရာများကို ဂရုစိုက်ရန် အချိန်လည်း မရှိပေ။
ထိုအချိန်တွင် ကားပေါ်ရှိ စပယ်ယာသည် လက်မှတ်ခများကို ကောက်ယူရန် ရောက်လာသည်။ လက်မှတ်တစ်စောင်လျှင် ၂၅ ဆင့်ဖြစ်သည်။ လင်းတာ့ကော်တွင် ပိုက်ဆံမရှိချေ။ လီအိုက်ဖုန်းမှာ သူမလက်ထဲတွင် ကျန်သည့် ၅၀ဆင့်ကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ နှလုံးသွေးယိုလုမတတ် ရင်တုန်ပန်းတုန်ဖြစ်နေလေသည်။
နှစ်ရက်သုံးရက် အလုပ်လုပ်ပြီးမှသာ ၅၀ဆင့်ဟူသော ငွေကို ရနိုင်ပေသည်။
ဆပ်ပြာစက်ရုံတွင် လင်းဟုန်န၏ မျက်ခွံများသည် လှုပ်ယမ်းသွားသည်။
ရှေးအဆိုများအရ ဘယ်ဘက်မျက်ခွံလှုပ်ရင် ငွေဝင်တတ်ပြီး ညာဘက်မျက်ခွံလှုပ်လျှင် ဘေးတွေ့တတ်ပေသည်။
သူမ၏ ညာဘက်မျက်ခွံမှာ တဆတ်ဆတ်လှုပ်နေပေ၏။ တစ်ခုခု ဘေးတွေ့တော့မည်လား။
လင်းဟုန်နသည် လူဝင်စားခြင်း၊ သရဲ တစ္ဆေများ၊ နတ်ဘုရားများနှင့် အယူသည်းမှုကို အခိုင်အမာယုံကြည်သူဖြစ်သည်။ အလုပ်ရုံမှာ သူမ မျက်ခွံများကို အကြိမ်ကြိမ် ပွတ်ပြီး အလုပ်ဆင်းခေါင်းလောင်းထိုးချိန်ကို စောင့်မျှော်နေခဲ့သည်။
ဆပ်ပြာစက်ရုံကြီး၏ ကန်တင်းမှာ ငရုတ်ပွစိမ်းများနှင့် ချက်ထားသည့် ဝက်သားဟင်း၊ ခရမ်းသီး၊ပါးပါးလှီးထားသော အသားနှင့် ခရမ်းချဉ်သီး၊ ပျော့ပြောင်းနူးညံ့သော ပြောင်းဖူးပေါင်မုန့်တို့ဖြင့် သက်တမ်းကို ထိန်းထားပေသည်။ စက်ရုံတစ်ခုလုံးမှာ ခေါက်ဆွဲနှင့် အသားအနံ့များဖြင့် ပြည့်နှက်နေပေ၏။
စက်ရုံရှိ အလုပ်သမားများသည် အဆင်သင့်ပြင်ဆင်နေကြပြီး မောင်းသံကြားသောအခါ ထမင်းဘူးကို လက်ထဲတွင်ကိုင်ကာ ကန်တင်းသို့ အပြေးအလွှားသွားကြလေသည်။
လင်းဟုန်နသည် အသားနံ့မရတာ ကြာပြီဖြစ်၍ သူ့အိတ်ကပ်ထဲက အသားလက်မှတ်နှစ်ခုကို ကျစ်ကျစ်ဆုပ်ကာ အသားစားရန်သွားလေသည်။
သူမကိုယ်တိုင်ရှာထားသော ပိုက်ဆံဖြင့် အသားစားခြင်းသည် မည်သို့ ကိစ္စရှိရမည်နည်း။
ကန်တင်းအဝင်ဝတွင် မီးခိုးရင့်ရောင် ၀တ်ထားသော အလုပ်သမားများ ရှိနေသည်။ အလုပ်ထဲတွင် ဝတ်ရသော အဝတ်များမှာ ကျဉ်းကျပ်ပြီး လေဝင်လေထွက်မကောင်းသော အဝတ်များဖြစ်သော်လည်း အပြင်ဝတ်ရန်အတွက်လည်း ကောင်းမွန်ပေသည်။ အိမ်မှာ ကလေးများ အများကြီးရှိပြီး မိဘတွေရဲ့အလုပ် အဝတ်အစားတွေ ဟောင်းနွမ်းစုတ်ပြဲလာလျှင် ကလေးများဝတ်နိုင်ပေသည်။
လင်းတာ့ကော်နှင့် သူ၏ဇနီးသည် စုတ်ပေပေအဝတ်အစားများဖြင့် အလုပ်သမားများနှင့် အလုပ်ရှင်များ အဝင်အထွက် စက်ရုံဝင်ပေါက်တွင် ထိုင်ချလိုက်သည်။
ဆပ်ပြာစက်ရုံ ကန်တင်းက နောက်ဖေးမှာ ရှိပြီး ဆန်စက်ရုံက သွားရမည့် တစ်ခုတည်းသောလမ်း ဖြစ်ပေ၏။
လီအိုက်ဖုန်းသည် တစ်မနက်လုံး ရေတစ်စက်ပင် မသောက်ရသေးဘဲ ဗိုက်ဆာလွန်းလှသဖြင့် နှင်းခဲဖြင့် ရိုက်ထားသော ခရမ်းသီးကဲ့သို့ မူးဝေပြီး ညှိုးနွမ်းနေပေ၏။ သူမသည် လေထဲတွင် ပျံ့လွင့်လာသော အသားနံ့များကို ရှုရှိုက်ရင်း လင်းဟုန်နကို ကြိမ်းမောင်းလျက် တံတွေးမျိုချနေရပေသည်။
“ဒီကောင်မလေးက ဘာလို့ထွက်မလာသေးတာလဲ။ သူ့အမေကဖြင့် ငတ်သေလုနီးပါးဖြစ်နေပြီ။ မိန်းကလေးက မိန်းကလေးပါပဲလေ။ သူ့ကို အမြဲအားကိုးမရဘူး။"
လင်းတာ့ကော်မှာလည်း အမူအရာ သိပ်မကောင်းပေ။ မျက်ခွံနှစ်ထပ်ဖြင့် လင်းတာ့ကော်မှာ လူအုပ်ထဲ၌ သမီးဖြစ်သူကို မနေနိုင်မထိုင်နိုင် လိုက်ရှာနေပေသည်။ လူအုပ်ထဲတွင် လင်းဟုန်နကို သူမှတ်မိပေသည်။
"သမီး ဟုန်န….လင်းဟုန်န….အဖေဒီမှာ…"
"သမီးရေ….အဖေ ဒီကိုရောက်နေပြီ။ ဖေဖေအတွက် ဝက်သားနှပ်သွားဝယ်ပေးပါဦး။"
လင်းတာ့ကော်သည် သံတံခါးဝ၌တက်ကာ ငယ်သံပါအောင် အော်လိုက်လေသည်။
တံခါးနားက အဘိုးအိုက သူ့ကို ဆင်းခိုင်းသဖြင့် လင်းတာ့ကော်မှာ ခုန်ချလျက် အဘိုးအိုအား ကြိမ်းမောင်းလေ၏။
“ဘာလို့ ကျုပ်ကို နှိမ့်ချဆက်ဆံရတာလဲ။ ကျုပ်သမီးက ဒီစက်ရုံက အလုပ်သမား….သူတစ်လကို ဆယ့်ခြောက်ယွမ်ရတယ်။ ခင်ဗျားက လစာဘယ်လောက်ရလို့လဲ။ အရိုးဖြင့် ဆွေးတော့မယ်။ လစာရော ရရဲ့လား။ ခင်ဗျား ချီးပါပြီး ဖင်မဆေးဘူးနဲ့တူတယ်။ တစ်ချက်ကြည့်ရုံနဲ့တင် ခင်ဗျားက ရယ်စရာမကောင်းမှန်းသိတယ်."
ထိုအောက်တန်းကျသော အသွင်အပြင်သည် သူ့ပတ်ဝန်းကျင်မှ လူများကို အာရုံစိုက်မိစေသည်။ ထို့နောက် လင်းဟုန်နကို လျှို့ဝှက်စွာ အထင်အမြင်သေးသည့် အရိပ်အမြွက်ဖြင့် ကြည့်ကြသည်။
အစောင့်အဘိုးသည် အလုပ်သမားဟောင်းဖြစ်ပြီး ၎င်း၏သားမှာ ဒုတိယအလုပ်ရုံ၏ ဒါရိုက်တာဖြစ်ကာ ချွေးမမှာလည်း ဤစက်ရုံတွင်ပင် အလုပ်လုပ်လေသည်။ သူ့အဆက်အသွယ်မှာ အလုပ်သမားသစ်ဖြစ်သည့် လင်းဟုန်နထက် အများကြီး ပိုကျယ်ပြန့်လေ၏။
လီအိုက်ဖုန်းနှင့် သူ့ဇနီးသည် တံခါးဝတွင် စရိုက်ဆန်နေရာ စက်ရုံလုံခြုံရေးဌာနက လူငယ်များ ရောက်လာပြီး သူတို့အား လက်သီးဖြင့်တစ်ချက် ဆော်လိုက်လေသည်။
လင်းတာ့ကော်နှင့် သူ့ဇနီးမှာ မနေ့ညကလည်း အဆော်ခံခဲ့ရသည်။ ယနေ့တွင်လည်း ထပ်ပြီးအဆော်ခံရပြန်သည်…..
လင်းတာ့ကော်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သေဟန်ဆောင်သည်။ လီအိုက်ဖုန်းကလည်း ကြိုးဆွဲချသေလုမတတ် ပူဆွေးသောက ရောက်နေသည့်နှယ် သရုပ်ဆောင်ပြလေ၏။ သူမ၏ခြေထောက်များကို ရုန်းကန်လျက် မြေပြင်ပေါ်တွင် လူးလိမ့်ပြီး ငိုကြွေးပြလေသည်။
လူအုပ်ထဲရှိ လင်းဟုန်နသည် မျက်နှာပူသွားသည်။ လူအများရှေ့တွင် သူမ ထွက်မပြေးနိုင်ကာ နှုတ်ခမ်းကိုကိုက်၍သာ အံကြိတ်နေခဲ့ရသည်။
သူမသည် လင်းတာ့ကော်နှင့် လီအိုက်ဖုန်းတို့အား သူမစိတ်ထဲတွင် အကြိမ်ပေါင်းများစွာ ကြိမ်းမောင်းနေမိသည်။ သူမအောင်မြင်ဖို့အတွက် ကျရှုံးခဲ့သော်လည်း ယခုမူ ရှုံးသည်ထက် ရှုံးရပေ၏။ ယနေ့ လင်းဟုန်န မျက်နှာလုံးဝ ပျက်ကျသွားသည်။
လင်းဟုန်နမှာ လူပင်ပန်း စိတ်ပင်ပန်းဖြင့် မိဘ ၂ ပါးကိုတောင်းပန်ခဲ့လေသည်။
*
ခြံဝင်းထဲရှိ လက်ထောက်ဒါရိုက်တာကုက လင်းမိသားစုဝင်များအား ကြည့်ရှုစောင့်ရှောက်ပေးသည်။
ကုရှီတုန်းသည် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးပြီး သူ့မရီးကို သတင်းပို့ရန် အိမ်ပြန်ခဲ့သည်။ လင်းတာ့ကော်တို့ ၂ ယောက်ကို မြို့၏ မည်သည့်အိမ်သာတွင်မျှ ခြေရာမခံမိဟု အစီရင်ခံထားလေသည်။
လင်းယောင် ထိုအကြောင်းကို သိသည်မှာ ကြာပြီဖြစ်သည့။ ယနေ့မနက်တွင် အစ်ကိုကြီးထို့ထို့ အိမ်သို့ လာခဲ့သည်။ လင်းတာ့ကော်နှင့် သူ့ဇနီးသည် မနေ့ညက ကြမ်းပြင်ပေါ်တွင်လူးလိမ့်လျက် အံသွားများ ကျွတ်သည်အထိ ရိုက်နှက်ခံခဲ့ရပြီး မနက်ပိုင်း၌ စိတ်ပျက်လက်ပျက် ကားဖြင့် ကျေးလက်သို့ ပြန်သွားခဲ့သည်။
စကားပြောနေစဉ်တွင် အစ်ကိုကြီးထို့ထို့သည် ကုရှီအန်းကို မျက်စပစ်ပြလိုက်သည်။
ကုရှီအန်းက သူ့ကို လျစ်လျူရှုလိုက်လေ၏။
ထိုအခါ သုန်ဇီက လက်ခုပ်တီးပြီး ရယ်မောလိုက်သည်။
လင်းယောင်သည် နားလည်သလိုလို စိတ်ရှုပ်သွားသလိုလို ဟန်ဆောင်ကာ ကောင်စုတ်ကလေးမှာ လူစွမ်းကောင်းနှစ်ဦး၏ ပြဿနာကို ဖြေရှင်းပုံကို မမြင်ဖူးဟု ခန့်မှန်းမိသည်။
အစ်ကိုကြီးထို့ထို့သည် သူ၏ သဘာဝဆန် ဆန်းသစ်ပြီး ဟန်ဆောင်မှုကင်းသော သရုပ်ဆောင်စွမ်းရည်ကို အံ့အားသင့်နေသည်။
ပထမပိုင်းတွင် လောင်ကုနှင့် သူ့ဇနီးမှာ ကျိုးယွီ၏ ပစ်မှတ်ဟု ထင်ခဲ့သည်။ တစ်ဖက်မှာ ရိုက်နှက်ခံရဖို့ လိုလားပြီး တစ်ဖက်က ဒုက္ခရောက်စေဖို့ ဆန္ဒရှိနေပေသည်။
ယခုမူ သူတို့လင်းမယားအတွဲမှာ နေနှင့်လ ရွှေနှင့်မြ နတ်ဖတ်သည့်စုံတွဲဖြစ်မှန်း နားလည်ခဲ့ရသည်။ သူတို့က အပြင်ဘက်တွင် အဖြူနှင့် အတွင်းဘက်တွင် အနက်ရောင်ရှိကြသည်။ ထိုသို့သောလူများက တခြားသူများထက် ရက်စက်စွာ လှည့်စားတတ်ပေ၏။
ငါ့ကို လာမရှုပ်နဲ့…..ငါ့ကို လာမရှုပ်နဲ့….
လင်းယောင်သည် လက်ထောက်ဒါရိုက်တာကုကို အလုပ်သို့ စေလွှတ်လိုက်ပြီး ကုရှီတုန်းအား နှင်ထုတ်လိုက်သည်။
အိမ်ပြန်ရောက်ပြီးနောက် နေရောင်ခြည်ကို ကြည့်ရင်း အချိန်အတန်ကြာ ပျင်းရိစွာ အနားယူနေခဲ့လေ၏။ ထို့နောက် သူမ ယုန်များကို အစာကျွေး၊ အာလူးပင်များကို ရေလောင်းကာ ဟင်းသီးဟင်းရွက် ဥယျာဉ်တွင် အညှောင့်ပေါက်နေသော ပျိုးပင်များကို ရေလောင်းပေါင်းသင်းခဲ့လေသည်။ ဟင်းသီးဟင်းရွက်ပျိုးပင်များကို နံနက်ပိုင်းတွင် အစားထိုးစိုက်ပျိုးခဲ့သည်။ ထို့နောက် နေရောင်ရှောင်ရန် အိမ်ထဲသို့ ပြန်ဝင်ခဲ့လေသည်။
အထည်စက်ရုံမှ အကြောင်းကြားစာထွက်လာပြီး လင်းယောင် မနက်ဖြန် တရားဝင် အလုပ်စဆင်းတော့မည် ဖြစ်သည်။
ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ လစာကောင်းပေ၏။ ပထမသုံးလကို အလုပ်သင်အဖြစ် သတ်မှတ်လေသည်။ လစဉ်လစာက နှစ်ဆယ့်နှစ်ဆင့်ဖြစ်ပြီး ဆန်စပါးလက်မှတ် နှစ်ကီလိုဂရမ်နှင့် ဘေလ်အမျိုးမျိုးရှိသည်။ အချိန်ပြည့်အလုပ်သမား ဖြစ်လာပြီးနောက် လစာ နှစ်ဆယ့်ရှစ်ဆင့်နှင့် အစားအသောက် လက်မှတ်များ ပိုများလာမည်ဖြစ်သည်။
ယွမ်နှစ်ဆယ်ကို လျှော့တွက်မရချေ။ ကုချွင်မေသည် အရောင်းဝန်ထမ်းတစ်ဦးဖြစ်သည်။ လစဉ်လစာမှာ ယွမ်နှစ်ဆယ်ကျော်သာရှိသည်။ သူမသည် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့သည့် ဝန်ထမ်းဟောင်းတစ်ဦးဖြစ်၏။
ကုချွင်မေမှာ နေ့စဉ် ကောင်တာနောက်တွင် ရပ်နေရချိန် လင်းယောင်မှာ ရုံးခန်းထဲတွင် ထိုင်လျက်သား လုပ်ရပေသည်။
ထိုသို့သော ကောင်းမွန်စွာ ဆက်ဆံခံရမှုကို ကြားပြီးနောက် ကုချွင်မေသည် စာမေးပွဲ မဖြေဆိုခဲ့သည့်အတွက် နောင်တရမိသည်။
ကုမန်ဆန်မှာ သူ့သမီးအဖြစ်ကို တွေးမိပြီး ပြုံးမိသည်။
ကျန်းဆွေ့လန်မှာ မျက်လုံးများမှေးသွားသည်ထိ ရယ်မောလေ၏။ "ယောင်ယောင်က စာမေးပွဲအတွက်လည်း ကြိုးစားတယ်။ တစ်နေ့လုံး စာပဲဖတ်နေတာ။ အဲ့တော့ သူ့အတွက် အရမ်းလွယ်ကူချောမွေ့မှာပဲလေ။"
ကုချွင်မေလည်း ခေါင်းညိတ်လိုက်ပြီး ထိုသို့ပင်တွေးကာ မေ့ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကုချွင်မေ ကျောင်းတက်စဉ်က ကျန်းဆွေ့လန်မှ သူမအား ကြက်မွေးတုတ်ဖြင့် ရိုက်သည့်တိုင်အောင် စာမလုပ်ခဲ့ချေ။
သူမသည် ကျောင်းသား တစ်ယောက် မဟုတ်ချေ။
ထို့နောက် ကုချွင်မေက ကုရှီတုန်းကို စိုက်ကြည့်ပြီး အပျင်းမကြီးရန် ဆုံးမလေသည်။
ကျန်းဆွေ့လန်လည်း ကြက်မွေးတုတ်ကို ဝှေ့ယမ်းပြသည်။ စာမကြိုးစားလျှင် မျှစ်ကြော်သာ စားရပေမည်။
ထိုအခါ ကုရှီတုန်းက မျက်မှောင်ကြုတ်လိုက်လေ၏။ "ဘာလို့ စိတ်ဖိစိးအောင် လုပ်နေရတာလဲဗျာ။"
ကောင်စုတ်ကလေးမှာ ဝမ်းနည်းစွာ ခေါင်းကုတ်ဖင်ကုတ်လုပ်နေရာ တစ်မိသားစုလုံး ရယ်မောကြရပေသည်။
ထိုခေတ်က ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ အလုပ်အရမ်းများပေ၏။ ရုံးမှာ အလုပ်လုပ်သူကလုပ်၊ အိမ်သာများသန့်ရှင်းရေး၊ စက်ရုံများ အလုပ်ရုံများမှာလည်း ထောက်ပံ့ပို့ဆောင်ရေးနှင့် သက်ဆိုင်သည်။ သို့သော် တာဝန်များမှာတော့ ကွဲပြားပေသည်။
လင်းယောင်သည် စက်ရုံတွင် အလုပ်သွားလုပ်ရပြီး ပုံမှန်အလုပ်သမား ဖြစ်လျှင် သူမ၏ အိမ်ထောင်စုစာရင်းကို ယွင်ရွှေကောင်တီသို့ ပြောင်းရွှေ့နိုင်ပေသည်။
မိသားစုထဲသို့ နောက်ထပ်ကလေးလေးတစ်ယောက်ကို ထပ်ထည့်ရမည့်အချိန်ရောက်လာသောအခါ လောင်ကု၏ မိသားစုမှာ အဖက်ဖက်က ပြည့်စုံနေမည်ဖြစ်သည်။
ကျန်းဆွေ့လန်သည် ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမမှ စင်ပေါ်ရှိ နံရံကပ်နာရီကို တစ်ချက်ကြည့်လိုက်သည်။
"အမလေး…..ဆယ့်တစ်နာရီကျော်နေပြီ၊ အချိန်နီးနေပြီ။" ထို့နောက် ညစာစားပြီး ရေနွေးအိုးတည်ရန် မီးဖိုချောင်ထဲသို့ အမြန်ပြေးသွားလေသည်။
နောက်တစ်စက္ကန့်ကြာသောအခါ သားဖြစ်သူအား မီးဖိုကို ညွှန်ပြပြီး ကုရှီတုန်းအား ရေနွေးကျိုခိုင်းလေသည်။
ကုရှီတုန်းသည် အိမ်မှုကိစ္စများလုပ်ရင်း အလုပ်ရှုပ်နေပြီး ရေနွေးအိုးကို ယူလျက် ရေထည့်ရန် ချက်ချင်း သွားခဲ့သည်။
ထိုကလေးမှာ အပျင်းတုံးလေးဖြစ်၏။ ကျန်းဆွေ့လန်သာ သူ့ကို မရိုက်လျှင် အိမ်အလုပ်များကို ခိုင်းမှ လုပ်ပေသည်။ ထို့အပြင် ကုရှီအန်းမှာ ယခုရက်ပိုင်းအတွင်း ကုတင်ပေါ်မှကိစ္စများကို လုပ်ဆောင်နေကာ သားငယ်မှာ ခြံဝင်းထဲရှိ အကြီးအကဲကဲ့သို့ ဖြစ်နေပေသည်။
နေ့တိုင်း ထိုကောင်စုတ်လေးက တံခါးဝမှာ ကြွားလုံးထုတ်ပြီး စကားများစွာ ပြောလေ့ရှိသည်။ ထိုကဲ့သို့သော အလုပ်များမှာ မိန်းမအလုပ်များဖြစ်ပြီး ယောက်ျားများသည် အိမ်ထောင်ဦးစီးဖြစ်သည်ဟု ဆိုသည်။
အပြင်ထွက်ပြီး ပိုက်ဆံများများ ရှာချင်လျှင် ထိုသို့သော အလုပ်ကြမ်းများကို မည်သို့ လုပ်နိုင်မည်နည်းဟူ၍။
ကျန်းဆွေ့လန်သည် ထိုစကားကိုကြားပြီးနောက် သူ့ကို ကြိမ်းမောင်းချင်သော်လည်း မျိုသိပ်ထားလိုက်သည်။ ထိုခွေးကောင်လေးမှာ အစွမ်းအစမရှိလျှင် ဒုက္ခတွင်းနက်ပေလိမ့်မည်။ သူ့မှာ အမှန် အရည်အချင်းရှိလျှင် သူပိုက်ဆံများစွာ ရှာနိုင်မည်ဖြစ်သည်။
ငွေရှာနိုင်သူက နည်းနည်း လေကြီးသူက များများဖြစ်ပေ၏။
ကျန်းဆွေ့လန့်မှာကို သူ့သားကို ချီးကျူးပြီး သူ့အလုပ်ကောင်းများကို ဆက်လုပ်ဖို့သာ တောင်းဆိုခဲ့ရသည်။ညစာစားပြီးသည်နှင့် မိသားစုသည် တစ်ရေးတစ်မော အိပ်ဖို့ အိမ်ပြန်ခဲ့ကြလေသည်။
ညနေခင်းတွင် အိမ်တွင် အိပ်ယာလုပ်ရန် အသုံးပြုသော ကောက်ရိုးဖျာများကို ခင်းထားသည်။ ၎င်းတို့ကို သစ်သားပေါ်မှာ ချထားပြီးတော့ မွေ့ယာခင်းများနှင့်ဖုံးထားရာ နူးညံ့ပြီး သက်တောင့်သက်သာ ရှိလှပေသည်။
လင်းယောင် လဲလျောင်းလိုက်သည်နှင့် သူမ မလှုပ်ရှားချင်တော့လောက်အောင်ပင် သက်တောင့်သက်သာ ရှိလွန်းလှသည်။
ညနေခင်းတွင် ကုရှီအန်းသည် လင်းယောင်အား သွားတိုက်၊ ခြေလက်ဆေးရန် ကျောပိုးပေးလာသည်။
ကံကောင်းထောက်မစွာပင် ပတ်ဝန်းကျင်မှာ မှောင်ရီပျိုးနေပြီဖြစ်ပြီး သူမကို မည်သူမှ မမြင်ခဲ့ချေ။ ထိုသို့မဟုတ်လျှင် ခြံရှေ့က လီကောယာမှာ ခြံက လူများကို ပြန်ပြောပြီး ကုမိသားစု၏ ချွေးမလောင်းသည် အပျင်းကြီးသည်ဟူ၍ သူ့နောက်ကွယ်မှာ အတင်းတုပ်ပေလိမ့်မည်။
ထိုကိစ္စနှင့် ပတ်သတ်၍ လင်းယောင်က လုံးဝမမှုပေ။
သင့်ဘဝကိုသင့်သာပိုင်ပြီး အပြင်လူများက သူတို့လိုချင်သမျှကို ပြောနိုင်သည်။
သက်တောင့်သက်သာ နေနိုင်သရွေ့ အဆင်ပြေပြီဖြစ်သည်။
လက်ထောက်ဒါရိုက်တာကုက ထိုစကားကိုကြားပြီး သူလည်း သက်တောင့်သက်သာ နေလိုကြောင်း ပြောသည်။
ထိုအခါ လင်းယောင်က စပ်စုလေသည်။ "ရှင်အခု အဆင်မပြေလို့လား…."
စားသောက်ပြီးသည်နှင့် ရေနွေးပူပူနှင့် ရေချိုးနိုင်ခြင်းသည် လုံလောက်သော သက်တောင့်ရှိမှု မဟုတ်ပါလော။
စူးစမ်းလိုစိတ်ရှိသော ကလေးမလေးကို ကုရှီအန်းသည် မျက်ဝန်းနက်နက်တို့ကို ပြုံးလျက်သားကြည့်ကာ တီးတိုးပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ကလေးမလေးသည် မျက်နှာများ နီရဲသွားပြီး ကုရှီအန်းအား ဒေါသတကြီးကိုက်လေသည်။ အဘယ်ကြောင့် ထိုအကြောင်းကို တစ်နေကုန် တွေးနေနိုင်သနည်း။
အမှန်တော့ လင်းယောင်မှာလည်း သူ့ဒုက္ခသူရှာခဲ့သည်။
သူ့ရှေ့တွင် သူမသည် မလှုပ်မရှား ကုတင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်။ သူမသည် ကုရှီအန်းအပေါ် အမြဲကပ်တွယ်နေလေ၏။ လက်ထောက်ဒါရိုက်တာကုသည် ပခုံးကျယ်ကျယ် သေးသွယ်သွယ်ခါးနှင့်မတူ မယုံနိုင်လောက်ဖွယ် အသွင်အပြင်ရှိပေသည်။
လင်းယောင်၏ လက်ချောင်းငယ်များသည် မြန်ဆန်သော လှုပ်ရှားမှုဖြင့် သူ့ခါးတစ်ဝိုက်ကို ဖိကပ်လိုက်သည်။
လက်ထောက်ဒါရိုက်တာကု၏ ဝမ်းဗိုက်ကြွက်သားများကို ကစားရင်း နားရွက်ကို ဖွဖွလေး ဖိကိုက်လိုက်သည်။
သူမသည် အလွန်ပျော်နေသဖြင့် ရှေးဆိုရိုးတစ်ခုကိုပင် မေ့သွားမိသည်။
"ယောကျာ်းတစ်ယောက်ရဲ့ ခါးကို ပေါ့ပေါ့ဆဆ မကိုင်လေနဲ့"
သူမ လှည့်ကြည့်လိုက်သောအခါ ထိုသူမှာ သူမကို ရစ်ပတ်လိုက်လေသည်။
တစ်စုံတစ်ယောက်က ဖယောင်းတိုင်ကို မှုတ်လိုက်လေ၏။
အမှောင်ထဲတွင် အံ့သြတကြီး အော်ဟစ်သံများသာ ကြားရသည်။
"ဟင်…..ရှင်ဘာလုပ်နေတာလဲ။"
"အိပ်တာလေ"
"..."
*
နံနက် ရှစ်နာရီတွင် လင်းယောင်သည် ပထမဆုံး အလုပ်စဆင်းခဲ့သည်။
ကုတစ်မိသားစုလုံး အလုပ်သွားကြလေသည်။ ကျန်းဆွေ့လန်သည် အစားအစာများ ပြင်ဆင်ပေးပြီး ကုမန်ဆန်နှင့် ကုချွင်မေတို့သည် အိတ်ထဲတွင်ပါသည့်အရာများကို စစ်ဆေးသည်။ သုန်ဇီမှာမူ စက်ဘီးကို အရောင်တင်နေလေသည်။
ကုရှီအန်းက သူ့မိန်းမကို အလုပ်ပို့ဖို့ တာဝန်ယူလေသည်။
လင်းယောင်မှာမူ လှလှလေးပြင်ရန်သာ တာဝန်ယူလေသည်။ လင်းယောင်သည် သူမ၏ ပိတုန်းရောင်ဆံပင်များကို သူမ၏ပါးပြင်တစ်ဝိုက်တွင် ပြန့်ကျဲနေသော ဆံပင်အနည်းငယ်နှင့်အတူ ကျစ်ဆံမြှီးကျစ်လိုက်သည်။ လင်းယောင်၏ မျက်နှာလေးသည် မက်မွန်သီးနှင့် ဇီးသီးသဖွယ်လှပနေပြီး ဗာဒံစေ့အသွင် ရွှန်းလဲ့လဲ့မျက်လုံးလေးများ ရှိပေသည်။
သူမ ကိုယ်ပေါ်၌ အထည်စက်ရုံမှ အလုပ်ဝတ်စုံကို ဝတ်ထားသည့်တိုင် သူမသည် သွေးသွယ်ချောမာဆဲ ဖြစ်ပေ၏။
အဒေါ်တာ့ဖုက ခြံထဲတွင် လင်းယောင်အား တွေ့သောအခါ ရင်ခုန်မိသွားသည်။ ယောင်ယောင်၏ မျက်နှာလေးကို လူငယ် ဘယ်နှစ်ယောက် လွမ်းဆွတ်နေမည်ကို သူသိပေ၏။
ယောင်ယောင် စောစောလက်ထပ်ခဲ့သည်မှာ နှမျောဖွယ်ကောင်းလှသည်။
ယောင်ယောင်၏ ချောမောမှုသည် တမူထူးခြားသည်။ ခန္ဓာကိုယ်ပေါ်တွင် ဘိလပ်မြေအိတ် စွပ်ထားလျှင်ပင် ကြည့်ကောင်းနေမည့် အလှမျိုး ဖြစ်ပေ၏။
သက်ပြင်းတစ်ချက်နှင့်အတူ အဒေါ်တာ့ဖုသည် မနက်စာအတွက် ပန်းကန်နှင့်တူများယူရန် အိမ်သို့ ပြန်လှည့်သွားခဲ့သည်။
ယနေ့မနက်၌ ဟင်းသီးအရွက် ဆန်ပြုတ်စားခဲ့ပြီး အဒေါ်တာ့ဖုမှာ အလုပ်များနေပြီး ဦးလေးတာ့ဖုမှာ ကိုယ့်နားရွက်ကို ဆွဲလျက် သာမန်လူတစ်ယောက်ကဲ့သို့ ထိုင်နေသည်။
ဘယ်လောက် သက်တောင့်သက်သာ ရှိမည့်ပုံပေါက်နေသလဲဆိုတာ ပြောရန်ပင်မလိုချေ။
အဒေါ်တာ့ဖုသည် မနက်စောစော ပန်းကန်လုံးတစ်လုံးကိုကိုင်ကာ တံခါးဝတွင်ရပ်နေသည်။ ထိုမြင်ကွင်းကို ကြည့်လျှင်ပင် သူမ မည်မျှ ဒေါသထွက်နေသည်ကို သိနိုင်ပေသည်။
ဦးလေးတာ့ဖုမှာ တစ်နေ့တာလုံး ဘာမှမလုပ်ဘဲ ခြေချိတ်ထိုင်လျက် အစာကို စောင့်ဆိုင်းနေသည့် အဘိုးအိုတစ်ဦးသာ ဖြစ်လေသည်။
ယောင်ယောင်၏ အဝတ်အစားများအားလုံးကို အန်းဇီမှလျှော်ဖွပ်ပေးထားသည်။ သူမမှာတော့အိမ်ထောင်ကျသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း ဒီအဘိုးကြီးမှာ မီးဖိုချောင်ကို တစ်ချက်ပင် မဝင်ခဲ့ပေ။
သူမမှာ ထိုလူကြီးကို အစေခံလုပ်ကျွေးပြုစုနေရသည်!
ထို့နောက် ထိုလူကြီးက အဒေါ်တာ့ဖုအား အစာစားရန် တွန်းအားပေးလေ၏။
နောက်ဆုံးတွင် အဒေါ်တာ့ဖုမှာ ဦးလေးတာ့ဖုအား ဆွဲကာ သင်ခန်းစာပေးခဲ့လေသည်။
ကုမိသားစုသည် လင်းယောင်၏ အလှနှင့် အသားကျနေပြီဖြစ်သည်။
မိသားစုက ထုံးစံအတိုင်း မနက်စာစားပြီးသည်နှင့် လင်းယောင်က စကားချိုချိုလေးတို့ဖြင့် ဧည့်ခံလျက် ညစာစားပွဲက တစ်မိသားစုလုံးကို ပျော်ရွှင်စေသော်လည်း တစ်စုံတစ်ယောက်မှာ စိတ်အနှောင့်အယှက်ဖြစ်နေကာ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ပဲဖြင့် လင်းယောင်အား တံတောင်ဖြင့် တွတ်နေခဲ့သည်။
လင်းယောင် စားသောက်ပြီးသည်နှင့် အိတ်များကိုထုတ်ပိုးလျက် အိမ်ပြန်ရောက်သောအခါ ကုရှီအန်းသည် စကားတစ်ခွန်းမျှ မပြောဘဲ သူမ နောက်တွင် ရပ်နေလေသည်။
လင်းယောင်သည် ကုရှီအန်းအား ငရုတ်ကျည်ပွေ့ကို ပေးလိုက်သည်။ "ဖယ်လေ….ဒီကို မဝင်နဲ့။"
လက်ထောက်ဒါရိုက်တာကုမှာ အပြင်၌သာ စောင့်နေရလေသည်။
ခဏကြာသောအခါ လင်းယောင်သည် ရေဆာသဖြင့် ရေသောက်ချင်ကြောင်း အော်ပြောသည်။
ထိုအခါ ကုရှီအန်း၏ နှုတ်ခမ်းထောင့်များသည် ကွေးညွတ်သွားလေ၏။ ကြည့်လေ ... သူ့မိန်းမအတွက် အလိုအပ်ဆုံးမှာ သူသာဖြစ်သည်။