← Chapters

အခန်း (၄၅)

Vol. 4 Ch. 45

အခန်း (၄၅)

Vol. 4 Ch. 45

ဒီရက်တွေမှာ၊ ထောက်ပံ့ပို့ဆောင်ရေးဌာနက အလုပ်တွေ အရမ်းများနေသည်။ ရုံးထဲမှာ အလုပ်လုပ်တဲ့လူတွေက ရုံးအလုပ်လုပ်ကြပြီး အောက်မှာတော့ ဌာနနဲ့သက်ဆိုင်တဲ့ သန့်စင်ခန်း၊ အလုပ်ရုံ၊ နဲ့ စက်ရုံတွင်း သန့်ရှင်းရေးလုပ်ကြတဲ့ အဒေါ်ကြီးတွေနဲ့ ကျွမ်းကျင်အလုပ်သမားတွေလဲ ရှိကြသည်။

သူတို့တွေအကုန်လုံး ထောက်ပံ့ပို့ဆောင်ရေးဌာနှင့် သက်ဆိုင်သော်လည်း၊ သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေက မတူကွဲပြားကြသည်။

စက်ရုံထဲက ကျွမ်းကျင်သူကြီးတွေက လုပ်သက်အလိုက် ထောက်ပံ့မှုရသည်။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ၊ တိုင်းပြည်က အလုပ်သမားလူတန်းစားအတွက် ဆက်ဆံပုံတွေ တိုးတက်လာခဲ့သည်။ ဥပမာအနေနဲ့၊ အထည်စက်ရုံထဲမှာ ချည်မျှင်တွေ ဆေးကြောတဲ့ ဆရာကြီးတွေက လုပ်သက်အလိုက် ထောက်ပံ့မှုနဲ့ တစ်လကို သုံးဆယ့်ငါးယွမ်ကနေ ယွမ်ခြောက်ဆယ်အထိ ရကြသည်။

ထို့အပြင်၊ စက်ရုံထဲက ကျွမ်းကျင်ပညာရှင်တွေက အသက်ကြီးလာလေလေ သူတို့ရဲ့ အဆင့်အတန်းမြင့်လာလေလေဖြစ်သည်။ စက်ရုံခေါင်းဆောင်တွေက‌တောင် လေးစားစရာ အကောင်းဆုံး ပညာရှင်တွေကို လေးစားရရုံသာမက အနည်းဆုံး စိတ်ထားမွန်မြတ်မှု ရှိကြရသည်။ ခေါင်းငြိမ့်ပြခြင်းနဲ့ အချက်ပြခြင်းက အရေးကြီးသည်။ အဲ့လိုမှမဟုတ်ရင် စက်ရုံထဲက တံတွေးတွေထဲ နစ်မည်ဖြစ်ပြီး အနာဂတ်မှာ အရောင်းမြှင့်တင်ရေးအတွက် လွယ်ကူလိမ့်မည်မဟုတ်။

လင်းယောင်က သူမရဲ့ ပထမဆုံးအလုပ်တက်ရက်အတွက် စက်ရုံကို သွားခဲ့သည်။ သူမက ဒီနေရာနဲ့ ဒီကလူ‌တွေနဲ့ ရင်းနှီးမှုမရှိသေးပေ။ ကျန်းဆွေ့လန်က စိတ်ပူနေပါသည်။ သူမ ဝက်ခြံမှာ အလုပ်သွားလုပ်ဖို့ မလိုရင် သူမရဲ့ ချွေးမလေးနဲ့ အထည်စက်ရုံကို လိုက်သွားခဲ့မည် ဖြစ်သည်။

ကံကောင်းစွာနဲ့ပဲ၊ ထောက်ပံ့ပို့ဆောင်ရေးဌာနက အလုပ်တွေက ဝန်မကျယ်ပါ။ အထည်အလိပ်စက်ရုံရဲ့ ထောက်ပံ့ပို့ဆောင်ရေးဌာနက ခေါင်းဆောင်တွေအပါအဝင် လူ ငါးယောက်၊ ခြောက်ယောက်လောက်‌နဲ့ ဌာနအသေးလေးပဲ ဖြစ်တယ်ဆိုတာကို ကုမန်ဆန်က ရှေ့မှာ စုံစမ်းမေးမြန်းခဲ့သည်။

ယောင်ယောင်က သူမရဲ့ လူ့ကျင့်ဝတ်တွေကို ဂရုစိုက်တတ်တာနဲ့အမျှ ဝင်လာတာနဲ့၊ အလုပ်တွေကို တာဝန်ယူပြီး မလိမ်ညာမခိုကပ်ပဲ လုပ်ကာ သူများတွေ အပြစ်ရှာချင်ရင်တောင် ရှာလို့မရခဲ့ပေ။

မနေ့ညက ကျန်းဆွေ့လန်က သူမစဉ်းစားလို့ရသမျှ လင်းယောင်ကို ပြောပြထားသည်။ ဒါကိုကြားပြီးတဲ့နောက်မှာ လင်းယောင်က အကြိမ်ကြိမ်ခေါင်းငြိမ့်ခဲ့သည်။

မနက် ၈ နာရီ ထိုးတော့မည်ဖြစ်ပြီး အထည်အလိပ်စက်ရုံက မနက် ၈ နာရီခွဲမှာ အလုပ်စသည်။ ခြံထဲကနေ အထည်အလိပ်စက်ရုံထိ စက်ဘီးဖြင့် မိနစ်နှစ်ဆယ်ကြာအောင် လာရသည်။

မိသားစုတစ်ခုလုံးက ထုတ်ပိုးကာ တစ်သီးတစ်ခြားစီ ထွက်သွားကြသည်။

ကုရှီအန်းက လမ်းပေါ်မှာ သူ့ဇနီးလေးကို စက်ဘီးပေါ်တွင်မခုန်စေရန် မိသားစုရဲ့ ၂၈ လက်မရှိသော အခုအခံကို ထုတ်လာခဲ့သည်။

သူက စက်ဘီးနောက်ခုံမှာ ထိုင်စရာအဝတ်ကြမ်းအခင်းကို ချည်ထားခဲ့သည်။ လင်းရောင်က တက်ခုန်ကြည့်ပြီး စမ်းကြည့်ခဲ့သည်။ အဲ့ဒါက ထိုင်ဖို့ အတော်လေး သက်တောင့်သက်သာရှိပါသည်။

ကုချွင်မေက တစ်ခုခုကို ထုတ်လာခဲ့ပြီး လင်းယောင်အား သစ်သီးချိုချဉ် တစ်အိတ်ကိုပေးကာ ရုံးကိုသွားပြီး တစ်ခြားသူတွေနဲ့ ဝေမျှပြီး စားဖို့‌ပြောခဲ့သည်။ စကားပုံတစ်ခုရှိသည် - " စားသုံးသူတွေက စကားပြော နူးညံ့ပြီး လက်ခံသူတွေက မလုံလောက်ကြပါဘူး။ "

သစ်သီးချိုချဉ်က ပေါ်လွင်‌တဲ့ပုံ မပေါ်ပေမယ့် ဒီလူတွေရဲ့ ပါးစပ်ထဲကို ထည့်ဖို့တော့ လုံလောက်အောင် ချိုလိမ့်မည်ဆိုရင်၊ ယောင်ယောင်အတွက် ပြဿနာမရှိတော့ပါ။

လင်းယောင်က ပြုံးကာ သူမရဲ့ သားရေအိတ်ထဲကိုထည့်ပြီး ကုချွင်မေကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

ကုချွင်မေက သူမကို ပုတ်ကာ စိတ်ဆိုးတကြီး ပြောလိုက်သည်။ " ဟုတ်ပါပြီ။ ငါတို့ကြားမှာ ကျေးဇူးတင်စကားပြောစရာ မလိုပါဘူး။ အမြန်သွားတော့လေ။ ပထမဆုံး အလုပ်တက်ရက်ကို နောက်မကျစေနဲ့။ "

လင်းယောင်က သူမရဲ့ လက်ကောက်ဝတ်ပေါ်က လတ်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။ ၇ နာရီ ၅၅ မိနစ် ရှိပြီဖြစ်သည်။ သူမက ကုချွင်မေကို နှုတ်ဆက်ကာ စက်ဘီးပေါ်ခုန်တက်လိုက်ပြီး ကုရှီအန်းအားနှိုးဆော်လိုက်သည်။ " မြန်မြန်သွား၊ မြန်မြန်သွား "

ကုရှီအန်းက သူ့ရဲ့ ခြေထောက်တွေကို ချိတ်လိုက်ပြီးတော့ ဆောင်းဦးရဲ့ မနက်စောစောမှာ သစ်ပင်တွေပေါ်က ငှက်တွေရဲ့ တေးဆိုသံနဲ့ အတူ ချိုသာတဲ့ တေးသွားလေးကို ဖြစ်စေတဲ့ စက်ဘီးခေါင်းလောင်းသံက မြည်လာခဲ့သည်။

ဆောင်းဦးက ကောင်တီရဲ့ လမ်းတွေပေါ်မှာ၊ ဆောင်းဦးအဝတ်အစားတွေက ထူထဲကြသည်။ ပင်လုံးကြိုင်ပန်းတွေက လမ်းရဲ့ ဘေးနှစ်ဖက်လုံးမှာ တစ်ပင်လုံး ဖူးပွင့်နေကြသည်။ သစ်ကိုင်းပေါ်မှာ အဝါရောင်ပန်းပွင့်သေးသေးလေးတွေ အစုပ်လိုက် ဖူးပွင့်နေကြသည်။ လေထဲမှာလဲ ပန်းရနံ့တွေ မွှေးပျံ့နေသည်။

လင်းယောင်က လေထဲက ပင်လုံးကြိုင်ပန်းအနံ့ကို ရှူရှိူက်ရင်း၊ သူမ အလုပ်က ပြန်လာတဲ့အခါ ပင်လုံးကြိုင်ပန်းချိုချဉ်နှစ်‌ထုတ်ဝယ်ရန် ဝူရှန်းကျိုက်ဆီ သွားမည့်အကြောင့် စိတ်အားထက်သန်စွာ တွေးနေခဲ့သည်။

ကောင်တီမှာ လွတ်လပ်ရေးမရခင်က ဝူရှန်းကျိုက်က မုန့်ဖိုအဟောင်းတစ်ခုဖြစ်သည်။ သူတို့လုပ်တဲ့ မွှေးပျံ့လှတဲ့ ‌ပင်လုံးကြိုင်ပန်းချိုချဉ်တွေက ချိုမြပြီးတော့ အံ့ဩစရာကောင်းလောက်အောင် ကောင်းကြသည်။ ပန်းရဲ့ အနံ့ပြင်းပြင်းရှိရုံသာမက ဒီခေတ်က ချိုချဉ်တွေရဲ့ အချိုအရသာနဲ့မတူပဲ မြည်းစမ်းဖို့လဲ ရှားပါးလှသည်။

အစားရွေးတဲ့ လင်းယောင်က တစ်ခါစားပြီးနောက်မှာ စွဲလမ်းသွားခဲ့သည်။

နောက်ခန်းထဲမှာ ဝူရှန်းကျိုက်ရဲ့ ပန်းချိုချဉ်အကြောင်းပြောနေတဲ့ ကလေးမလေးကို ကုရှီအန်းက နားထောင်ပေးနေခဲ့သည်။ သူမက ချီးကျူးနေခဲ့ပြီးနှုတ်ခမ်းထောင့်များ ကွေးညွတ်နေခဲ့သည်။

" အဲ့ဒီလောက်တောင် စားချင်နေတာလား။ "

" ဒါပေါ့၊ ပင်လုံးကြိုင်ပန်းချိုချဉ်တွေက အရသာရှိတယ်လေ။ "

လူတစ်ယောက်ရဲ့ ဘဝသက်တမ်းက ဆယ်စုနှစ်အနည်းငယ်ပါပင်။ ဒါကြောင့် အရသာရှိတဲ့ အစားအစာတွေကို ပိုစားသင့်သည်။ မဟုတ်ဘဲ၊ တစ်နေ့မှာ မတော်တဆ သေသွားရင်၊ မစားလိုက်ရမှာ အရမ်းသနားဖို့ကောင်းတယ်လေ။

လင်းယောင်က သေချာစဉ်းစားနေခဲ့ပြီး သူမရှေ့က တစ်ယောက်ကို ပုတ်ကာ " ရှင်လဲ စားချင်လား။ "

လက်ထောက်ဒါရိုက်တာကုက အလွန်ယဉ်ကျေးစွာနဲ့ သူလဲ စားချင်တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့သည်။ အလုပ်ဆင်းတဲ့အခါ ဝူရှန်းကျိုက်မှာရပ်ပြီး သူ့ရဲ့စားချင်စိတ်ကို ဖြည့်တင်းဖို့အတွက် အိတ်အနည်းငယ်ဝယ်မည်ဆို၏။

ဒါကို လင်းယောင် ကြားတဲ့အခါ၊ သူမရဲ့ မျက်နှာသေးသေးလေးက အပျော်တွေနဲ့ပြည့်သွားပြီး ဗာဒံစေ့သဏ္ဍာန် မျက်လုံးလေးတွေက လခြမ်းကွေးသဏ္ဍာန်ဖြစ်သွားကာ ချက်ချင်းပဲ မြှောက်ပင့်တော့သည်။

" အိုး ကျွန်မတို့လက်ထောက်ဒါရိုက်တာကုက အရမ်းတွေးပေးတတ်တာပဲ။ ကောင်းလိုက်တာ။ "

ပြောပြီးတဲ့နောက်မှာ သူမက လင်းပိုင်လေးတွေလို လက်ခုပ်တီးနေခဲ့သည်။

သိပ်မပြောင်းလဲတဲ့ ကုရှီအန်းရဲ့ မျက်နှာအမူအရာကို မကြည့်နှင့်။ ဒါပေမယ့်လဲ သူ့နှုတ်ခမ်းထောင့်လေးတွေ အရမ်းမသိမသာ ကွေးညွတ်နေလေသည်။

မနက် ၈ နာရီ ၁၅ မိနစ်မှာ၊ အထည်စက်ရုံရဲ့ တံခါးရှေ့ကို အချိန်မီပဲ လင်းယောင်ရောက်လာခဲ့သည်။

လင်းယောင် စက်ဘီးပေါ်ကနေ ခုန်ဆင်းလိုက်ပြီး သူမကိုယ်ပေါ်က သားရေအိတ်လေးကို ဆွဲထားခဲ့သည်။ အထည်အလိပ်စက်ရုံရဲ့ အလုပ်ဝတ်စုံတွေက အလွန်ကြီးပြီး ကျယ်ပြန့်ပါသည်။ ပြီးတော့ ဘောင်းဘီအပွကြီးတွေထဲကို မြုပ်နေခဲ့သည်။ ဒါတွေက ဝတ်ဖို့ သက်တောင့်သက်သာမရှိခဲ့ပါ။ အထူးသဖြင့် ခါးနေရာက ထူပြီး ကျယ်နေခဲ့သည်။ ကလေးတစ်ယောက်က လူကြီးရဲ့ ဝတ်စုံတွေကို ဝတ်ထားသလို ဖြစ်နေခဲ့သည်။

လင်းယောင်က အဝတ်တွေက အရမ်းကြီးနေတယ်ဆိုတာကို သူမကိုယ်သူမ တိုးတိုးလေး ပြောနေခဲ့သည်။ သူမရဲ့ မပျော်တဲ့ မျက်နှာလေးက စိတ်တိုနေတဲ့ ကြောင်ပေါက်လေးလိုပင်။

ကုရှီအန်းက သူမရဲ့ ခေါင်းလေးကို ပွတ်ပေးပြီး အိမ်ပြန်ကာ အဝတ်အစားလဲဖို့ သူမကို နှစ်သိမ့်ပေးခဲ့သည်။ လင်းရောင်က ပြောခဲ့သည်။ " ဟုတ် " ဒါက အခု သူမလုပ်နိုင်တဲ့အရာပါပဲ။

လူငယ်ဇနီးမောင်နှံနှစ်ယောက် ခဏလောက် စကားပြောနေခဲ့ကြပြီး အလုပ်သွားလုပ်ဖို့ ပြန်လှည့်လာကြသည်။ မပြန်ခင်မှာ၊ ကုရှီအန်းက လင်းယောင်ကို တော်ဖီတစ်အိတ်လည်း ပေးခဲ့သေးသည်။

လင်းယောင်က သူမရဲ့ လက်ထဲမှာ ကိုင်ထားပြီး ငိုလဲမငို ရယ်လဲမရယ်နိုင်ခဲ့ပါ။ အစ်မချွင်မေကလဲ သူမကို ချိုချဉ်တွေပေးထားသည်။ ကုရှီအန်းကလဲ ချိုချဉ်တွေ ထပ်ပေးသည်။ ပြီးတော့ ကောင်လေး သုန်ဇီကတောင် သူမရဲ့အိတ်ထဲကို လိမ္မော်ချိုချဉ်တွေ ထည့်ပေးခဲ့သည်။ သူတို့က တစ်ကယ့်ကို မိသားစုတစ်ခုပင်။

လင်းယောင် ကားယားကားယားနှင့် ချိုချဉ်ထုတ်အပြည့်ဖြင့် အထည်အလိပ်စက်ရုံထဲကို ဝင်လာခဲ့သည်။

ဒီ‌ရက်တွေမှာ၊ စက်ရုံကြီးတွေမှာ အလုပ်လုပ်ဖို့ ရပ်ကွက်ထောက်ခံစာလိုအပ်သည်။ အထည်စက်ရုံအစောင့်က သူမလက်ထဲက ထောက်ခံစာကို ဖတ်ကြည့်ပြီး အံ့ဩသွားကာ မျက်လုံးတွေ လက်သွားသည်။ ဒီမိန်းမလှလေးက ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ အလုပ်သမားအသစ်ပဲဖြစ်သည်။ အထက်တန်းတောင် အောင်ခဲ့သေးသည်။ တစ်ကယ့်ကို လူတွေက ရုပ်ကိုကြည့်ပြီး ဆုံးဖြတ်လို့မရနိုင်ခဲ့ဘူးပဲ။ ရှေးစကားပုံတွေက မှားနေပုံပါပဲ။ လှပတဲ့သူတွေအကုန်လုံး မတုံးအကြပေ။

လင်းယောင်အပေါ်မြင်တဲ့ လုံခြုံရေးအစောင့်ရဲ့ အမြင်တွေ ပြောင်းလဲသွားပြီး၊ အသံ‌အနေအထားက ပိုနူးညံ့လာခဲ့ကာ သူမကို ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ သွားတဲ့လမ်းကိုတောင် သူက ပြလိုက်သေးသည်။

လင်း‌ယောင်က ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်ကြောင်းပြောကာ ဦးလေးအတွက် နွားနို့ချို့ချဉ် နှစ်ခု ပေးလိုက်သည်။

ဒီအချိန်မှာ၊ လူကြီးရဲ့မျက်နှာက ဘယ်လောက်ပဲ တည်ပါစေ၊ သူက ပြုံးပြခဲ့သည်။

သူက လူကြီးတစ်ယောက်ဖြစ်သည်။ ချိုချဉ်တွေကို သူစားစား မစားစား အရေးမကြီးပေ။ သူ့ရဲ့ မြေးလေးနှစ်ယောက်က တစ်ပတ်မှာ ချိုချဉ်တစ်ခုတောင် မစားနိုင်ကြဘူး။ ဒီချိုချဉ်နှစ်ခုကို ပြန်ယူသွားရင် သူတို့ရဲ့ ဆာလောင်မှုကို ဖြည့်ပေးနိုင်မည်ပင်။

ထောက်ပံ့ပို့ဆောင်ရေးဌာနက အုတ်အနီရောင် နှစ်ထပ်အ‌ဆောက်အဦးဖြစ်သည်။ လမ်းဘေးမှာ ရှေးဟောင်းကျိုင်းကောင်ပင်တွေကို အတန်းလိုက် စိုက်ပျိုးထားပြီး အပင်တွေက မြေပေါ်ကို ပြန့်ကျဲကာကျနေသည်။

လင်းယောင်က အောက်ထပ်မှာရှိနေပြီး အချက်အလက်တွေ တင်ပြဖို့လာတဲ့ ကျိုးရှောင်ရွှယ်နဲ့ အမှတ်မထင်ဆုံလေသည်။

ကျိုးရှောင်ရွှယ်ကလဲ ဖုန်ထူပြီး ကြီးမားတဲ့ အလုပ်ဝတ်စုံကို ဝတ်ထားပါသည်။ သူမရဲ့ အဝတ်တွေက လင်းယောင်ထက်စာရင်တော့ ပိုပြီး ကွက်တိကျနေသည်။ ဘောင်းဘီတွေက စက်ဝိုင်းပုံစံရှိနေပြီး ကျယ်ပြန့်တဲ့ လန်ကွတ်တီကိုလဲ ဘောင်းဘီထဲမှာ ချည်ထားသည်။ ပြီးတော့ သူမရဲ့ ခြေထောက်တွေက အသစ်ဝယ်ထားတဲ့ သားရေဖိနပ်အသေးတစ်ရံကို စီးလို့ထားပါသည်။ သူမက အလွန်လှပပြီး တက်ကြွပုံပေါ်ပါသည်။

" အစ်မ လင်းယောင်၊ အစ်မလဲ ဒီမှာပဲကိုး။ "

ကျိုးရှောင်ရွှယ်က ပျော်ရွှင်စွာ ပြေးလာခဲ့ပြီး သူမနဲ့ မိတ်ဆက်ခဲ့သည်။ ကောင်မလေးနှစ်ယောက် ဒုတိယထပ်က ရုံခန်းထဲကို အတူတူ တက်သွားခဲ့ကြသည်။

ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ ‌တံခါးတွေ ပြူတင်းပေါက်တွေကို ကျယ်ပြန့်စွာ ဖွင့်ထားသည်။ အထဲမှာ၊ ဒါရိုက်တာဟယ်က သတင်းစာကို ယူကာဖတ်နေသည်။ တစ်ခါတစ်ရံ သူက ကြွေခွက်ကို ယူလိုက်ပြီး ရေနွေးကြမ်းပြင်းပြင်းကို တစ်ငုံလောက် သောက်လိုက်သည်။

ဒါရိုက်တာဟယ်က စက်ရုံကြီး များစွာကို လှည့်ပတ်ကြည့်ရှူလေ့ရှိပြီး ရုံးခန်းထဲမှာ လက်တစ်ဆုပ်စာအချိန်လေးကိုသာ ကုန်ဆုံးလေ့ရှိသည်။

ဝန်ထမ်းအသစ်ကသာ ဒီနေ့သာ သတင်းမပို့ရင်၊ သူမြင်လိမ့်မည်မဟုတ်ပါ။

ဒါရိုက်တာဟယ်က လင်းယောင်နဲ့ တစ်ခြားသူတွေ လာနေတာကို မြင်တဲ့အခါ၊ သူ့ရဲ့ ကိုယ်နေဟန်ထားက အလွန်ဖော်ရွေသည်။ ရုံးထဲက တစ်ခြားလူတွေရဲ့ မျက်လုံးထဲမှာတော့၊ သူတို့ကိုယ်ပိုင် ထင်မြင်ချက်တွေနဲ့ အတွေးတွေ ရှိထားပြီးသားဖြစ်သည်။

ဒီရက်တွေမှာ၊ စက်ရုံကြီးတွေရဲ့ရုံးခန်းထဲမှာ အလုပ်လုပ်နိုင်ကြတဲ့သူက အကုန်လုံးဉာဏ်ကောင်းတဲ့လူတွေသာဖြစ်ကြသည်။ ပြီးတော့သူတို့က ဘာအရည်အချင်းမှမရှိဘဲနဲ့ အဆင်မပြေနိုင်ပေ။

အကုန်လုံးက ကျိုးရှောင်ရွှယ်ရဲ့ နောက်ခံအကြောင်းကို သိကြသည်။ သူမက စက်ရုံက လက်ထောက်ဒါရိုက်တာမိသားစုရဲ့ သမီး တစ်ယောက်ဖြစ်သည်။

​

သူမက အထူးလေ့ကျင့်ပေးထားတဲ့ အလုပ်သမားတစ်ယောက်ရဲ့ သမီးဖြစ်သည်။ သူမက စက်ရုံကို အတွေ့အကြုံ ရှိပြီးသားလူတစ်ယောက် အနေနဲ့ လာခဲ့သည်။ ဒီလိုကောင်းတဲ့မိသားစုနောက်ခံနဲ့ဆိုရင်၊ အနာဂတ်မှာ သူမက ဒီနယ်ပယ်ထဲက သူမနဲ့လိုက်ဖက်ညီတဲ့ ကျွမ်းကျင် အလုပ်သမားတစ်ယောက်နဲ့သာ လက်ထပ်လိမ့်မည်။ သူမ အလုပ်လုပ်တာကို ရပ်နားလိုက်ပြီး နှစ်အနည်းငယ်အကြာမှာ ကတော်ငယ်တစ်ယောက် ဖြစ်လာပါလိမ့်မည်။

လင်းယောင်အတွက်ကတော့...

ဒီအချိန်မှာ၊ သူမက သာမာန်မိန်းကလေးတစ်ယောက်နဲ့ မတူပေ။ သူမက ရုပ်ရည်အသွင်အပြင် ချောမောရုံသာမက လင်းလက်တဲ့မျက်လုံးတွေနဲ့ ဖြူစင်တဲ့သွားတွေလဲ ရှိပါသည်။ ထက်မြက်တဲ့မျက်လုံးရှိတဲ့သူတိုင်း သူမရဲ့လက်ပေါ်က ဆီးသီးပွင့်နာရီက ဈေးမပေါလောက်ဘူးဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်သည်။

ယွင်ရွှေကောင်တီဌာနမှ အရောင်းဆိုင်တွင် စျေးအပေါဆုံး ဆီးသီးပွင့်နာရီကတောင် ယွမ်တစ်ရာဖြစ်သည်!

ဒါက နောက်ခံရှိတဲ့လူတွေအတွက် မဟုတ်ခဲ့ရင်၊ ဘယ်သူက လပေါင်းများစွာရဲ့ လစာကို ပေးပြီး ဒီနာရီကိုဝယ်မှာလဲ။

သူမရဲ့လက်ပေါ်က နာရီကို ဒီလောက်ထင်ကြေးပေးကြလိမ့်မယ်လို့ လင်းယောင် မထင်ထားခဲ့ပါ။

သူမလက်ပေါ်ကနာရီကို လက်ထောက်ဒါရိုက်တာကုက ဝယ်ပေးခဲ့တာဖြစ်သည်။

အိမ်မှာ အရမ်းအလုပ်ရှုပ်တာကြောင့် လက်ပေါ်မှာဝတ်ထားဖို့ အဆင်မပြေခဲ့ပါပေ။

လင်းယောင်က ကြိမ်ခြင်းတောင်း အသေးလေးထဲမှာပဲ အမြဲသိမ်းထားခဲ့ပြီးတော့ အလုပ်မှာ အချိန်ကို ကြည့်ဖို့သာ ထုတ်သုံးခဲ့သည်။

လုပ်ဖော်ကိုင်ဖက်အသစ်ရဲ့ ရည်ရွယ်ချက်တွေက ဘာပဲဖြစ်နေပါစေ၊ သူ့ရဲ့မျက်နှာပေါ်မှာတော့ ထုတ်မပြခဲ့ပေ။ နောက်ပြီးတော့ လင်းယောင်က ချိုချဉ်တွေ ဝေပေးနေစဥ်မှာ ပြုံးပြီးတော့ ဂုဏ်ယူစွာ စကားပြောနေခဲ့သည်။ တစ်ခဏအကြာမှာ၊ လူတိုင်းက ရယ်မောပြီး စကားပြောနေခဲ့ကြသည်။ ရုံးထဲက လေထုဟာလဲ အလွန်လိုက်ဖက်ညီလွန်းလှပါသည်။

ပထမဆုံးအလုပ်တတ်ရက်မှာ စိတ်လှုပ်ရှားလွန်းလို့ နေ့လည်စာမစားနိုင်ခဲ့တဲ့ ကျိုးရှောင်ရွှယ်နဲ့ ယှဉ်ရင်၊ အနားယူတတ်တဲ့ ငါးဆားနယ်လေး လင်းယောင်က အများကြီး တည်ငြိမ်ပုံပေါ်သည်။ သူမက အလုပ်လုပ်ဖို့လိုတဲ့အချိန်မှာ အလုပ်လုပ်ခဲ့ပြီး စားဖို့လိုတဲ့အချိန်မှာ စားခဲ့သည်။ ပြီးတော့ သူမ ရေသောက်ဖို့ လိုသလောက် သောက်ခဲ့သည်။

စာအုပ်တွေ ဟိုလှန်ဒီလှန်လုပ်ပြီး အချက်အလက်တွေကြည့်ခဲ့ရတဲ့ တစ်နေ့တာ ကုန်ဆုံးပြီးနောက် အချိန်ကုန်တာ အလွန်မြန်ခဲ့သည်။ နေ့လည် ၅နာရီခွဲမှာ အလုပ်ဆင်းဖို့အတွက် မောင်းတီးခဲ့သည်။ လင်းယောင်ရဲ့ ပထမဆုံးအလုပ်တက်ရက်က အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါသည်။

ယွင်ရွှေကောင်တီရဲ့ အောက်တိုဘာလမှာ၊ ညနေခင်းပိုင်း လေညင်းအေးအေးလေး တိုက်နေခဲ့သည်။

လင်းယောင်က ကုရှီအန်း ဝယ်လာပေးတဲ့ ပန်းချိုချဉ်တွေကို စားနေခဲ့သည်။ ပြီးတော့ သူမက လမ်းတစ်လျှောက်လုံး လိမ်လိမ်မာမာလေးနေပြီး ရိုးသားခဲ့ပါသည်။

သူမအိမ်ကိုပြန်လာပြီး တံခါးကနေ ဝင်လိုက်တာနဲ့ တစ်ပြိုင်နက်၊ သူမ ဒီနေ့ပင်ပန်းလာပြီး အဖက်ခံချင်တယ်လို့ပြောရင်း လက်ထောက်ဒါရိုက်တာကုပေါ်မှာ မှီရဖို့ လင်းယောင် မစောင့်နိုင်တော့ပါ။

*

လင်းဟုန်နရဲ့ ဖက်မှာတော့ နောက်ဆုံးတွင် လင်းတာ့ကော်နဲ့ သူ့ဇနီးတို့ကို ဆပ်ပြာစက်ရုံကနေ ခေါ်လာပြီး လက်ဖက်ရည်ဆိုင်ကို ခေါ်သွားခဲ့ပါသည်။

သူမရဲ့အကောင်းဆုံးမိဘတွေကို ကျေးလက်ဒေသဘက် ပြန်ပို့ရန် ပြားအနည်းငယ်လောက်သုံးဖို့ အစက စဉ်းစားထားခဲ့သည်။ ဒီနေ့ စက်ရုံမှာ သူမက လုံးဝ အရှက်ရခဲ့ရသည်။

စားပွဲပေါ်က ဆင့်အနည်းငယ်ကို လင်းတာ့ကော်က ကြည့်တောင်မကြည့်ဘူးလို့ ဘယ်သူက သိမည်နည်း? ခြင်္သေ့က ပါးစပ်ကို ဖွင့်လိုက်ပြီး ယွမ်ငါးရာ တောင်းခဲ့သည်။

လင်းဟုန်နက ဒေါသဖြင့် ရယ်မောလိုက်သည်။ သူမက ဆပ်ပြာစက်ရုံက အချိန်ပိုင်း အလုပ်သမားတစ်ယောက် ပြီးတော့ သူမရဲ့လစာက တစ်လကို ယွမ်အနည်းငယ်သာရသည်။ ယွမ်ငါးရာကို သူမ ဘယ်ကနေ ရနိုင်မှာလဲ။

သူမက လှောင်ပြောင်ခဲ့သည်။ " ပိုက်ဆံကဘဝကို မဆုံးဖြတ်ပေးဘူး။ အဖေ အခုသမီးနေနေရတဲ့ ဘဝကို မမြင်ဘူးလား။ အဆောင်မှာ နေထိုင်စားသောက်နေရတာ။ စွင်းမိသားစုထဲကိုတောင် မဝင်ခဲ့ရဘူး။ ပြီးတော့ ကျားလျန်က သမီးကို ဂရုမစိုက်တော့ဘူး။ ဘာလို့ ပြဿနာရှာနေသေးတာလဲ။ သေလမ်းကို ပျော်ပျော်ကြီး ပို့နေတာလား၊ ဟင်? "

လင်းတာ့ကော်က ဘာကိုမှ ဂရုမစိုက်တော့ပါ။ သူ့ကိုပေးစရာ ပိုက်ဆံမရှိဘူးလို့ သူမပြောလိုက်တဲ့အချိန်မှာ သူက ထပ်ပြီး စိတ်တိုလာပြန်သည်။ စားပွဲပေါ်က လက်ဖက်ရည်ခွက်ထဲက ရေတွေကို လှိုင်းထစေအောင် သူက စားပွဲခုံကို "ဘန်း" ကနဲ ရိုက်လိုက်ပြီး လက်ဖက်ရည်ဆိုင်ကို စိတ်တိုစေခဲ့သည်။ လူတိုင်းက သူ့ကို ဝိုင်းကြည့်နေကြသည်။

သူက ဂရုမစိုက်ခဲ့ပါ၊ သူက ပါးစပ်ကိုဖွင့်ခဲ့ပြီး လင်းဟုန်နကို လက်ညှိုးထိုးကာ ဆူခဲ့သည်။ " ဒီအကြံကို ပေးခဲ့တာ မင်းပဲမဟုတ်ဘူးလား။ ယောင်ယောင်က ပိုက်ဆံပဲ လိုချင်ပြီး စိတ်ဓာတ်ပျော့ညံ့တယ်ဆို။ အစကတည်းက နင့်ကို ကုမိသားစုက လူနဲ့ လက်ထပ်ဖို့ပြောခဲ့တယ်။ မလုပ်ချင်ရင် စွင်းကျားလျန်နဲ့ ယူရမယ်။စွင်းမိသားစုရဲ့ ဝင်ပေါက်က ဝင်ဖို့ အရမ်းလွယ်ကူနေလား။ ကုမိသားစုကြီးမှာ အလွန်သာယာတဲ့ ဘဝရှိတယ်။ သူ့ကိုလက်ထပ်ရင်၊ ငါ လက်ထောက်ဒါရိုက်တာရဲ့ ယောက္ခထီးဖြစ်မလာနိုင်ဘူးလား။ ပိုက်ဆံဘယ်လောက် ငါလိုဦးမှာလဲ။ နင်က ဆင်းရဲသားဆိုတာကို မျက်မမြင် ရှေ့ဖြစ်ဟောအဖိုးကြီးကိုသာ သွားပြောလိုက်တော့။ "

လီအိုက်ဖုန်းကလဲ သူမရဲ့ ဘေးမှာ ငိုနေခဲ့သည်။ " မဟုတ်သေးဘူး၊ ဟုန်န။ ငါတို့က မိသားစုလေးယောက်တည်း။ ပြီးတော့ နင့်အဖေနဲ့ အမေက နင့်ကို အချစ်ဆုံးပဲ။ နင့်အစ်ကိုကြီးက ငယ်ငယ်ကတည်းက အရမ်းဉာဏ်ကောင်းတယ်၊ ပြီးတော့ ငါတို့ သူ့ကို ဂျူနီယာအထက်တန်းကျောင်းကို မပို့ခဲ့ဘူး။ ပိုက်ဆံတွေအားလုံးကို မိသားစုက ထောက်ပံ့ပေးနေရတာ။ နင်က ကျောင်းတက်ရတယ် နှလုံးသားမဲ့ပြီး နင့်ရဲ့ မိဘတွေကို လျစ်လျူရှုတဲ့သူ ဖြစ်လို့ မရဘူးလေ "

လင်းတာ့ကော်နဲ့ သူ့ဇနီးတို့က အတူ ဆူနေကြသည်။ ပြီးတော့ လက်ဖက်ရည်ဆိုင်ထဲက လူတွေက သူတို့ကို ထူးဆန်းပြီးရင်း ထူးဆန်းလွန်းလို့ ဝိုင်းကြည့်နေကြသည်။

လင်းဟုန်န ပြဿနာတက်နေခဲ့ပြီး သူမရဲ့ နာကျင်မှုကို မဖော်ပြနိုင်ခဲ့ပေ။ သူမရဲ့ မျက်နှာက နီရဲနေပြီး စကားမပြောနိုင်တော့လောက်အောင်ကို သူမ စိတ်တိုနေခဲ့သည်။

All Chapters