← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

ပါးစပ်ပိတ်နေတဲ့ လင်းဟုန်နက သူမကိုယ်တိုင်ကလွဲပြီး တစ်ခြားသူတွေကို အန္တရာယ်ဖြစ်စေတဲ့ Coptis Chinensis သစ်မြစ်တစ်မျိုးကို စားစေခဲ့သည်။

သူမကလေးဘဝကတည်းက လင်းမိသားစုထဲမှာ ကြီးပြင်းခဲ့ရပြီး လင်းတာ့ကော်နဲ့ သူ့ဇနီးရဲ့ မကောင်းမှုတွေကို ‌သူမ ကောင်းကောင်းကြီး သိနေခဲ့သည်။

သူတို့ရဲ့ အရှက်မဲ့မှုက သူတို့နဲ့တောင် မတန်ပေ။ သူတို့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်တွေကို စားသောက်လိုက်ကြတာလား?

ဆာလောင်နေတာနဲ့ယှဉ်ရင် လက်ထဲက ပိုက်ဆံက အမှန်ဖြစ်သည်။ အရာအားလုံးက ထင်ယောင်ထင်မှားဖြစ်စေပြီးတော့ တစ်ကယ့်ပိုက်ဆံနဲ့ယှဉ်ရင် မင်းသိက္ခာက ဘာမှမဟုတ်တော့ပေ။

လင်းဟုန်နမှာ တစ်ကယ့်ပိုက်ဆံမရှိပေမယ့် သူမလက်ထဲမှာတော့ ပိုက်ဆံရှိပါသည်။

သူမရဲ့ ရန်လိုတတ်တဲ့ မိဘတွေနဲ့ ရင်ဆိုင်ရင်း လင်းဟုန်နက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမကိုယ်သူမ စိတ်ငြိမ်အောင် ကြိုးစားနေသည်။ အခုက လင်းမိသားစုထဲက ထွက်လာရမယ့် အချိန်မဟုတ်သေးပေ။

သူမက မျက်နှာပေါ်ကအပြုံးနဲ့ ရင်ဆိုင်လိုက်ပြီး ပြောခဲ့သည်။ " အမေ နဲ့ အဖေ၊ ဗိုက်ဆာနေကြပြီမလား။ အခုရပ်လိုက်ကြရအောင်။ တစ်ခြားအကြောင်းအရာတွေ ပြောကြမယ်။ နိုင်ငံပိုင်ဟော်တယ်ကိုသွားပြီး အရင်ဆုံး နေ့လည်စာစားကြရအောင်။ လူတွေက အရမ်းသန်မာကြတယ်၊ ‌ဒါကြောင့် ဗိုက်ဟောင်းလောင်းနဲ့ဆို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ "

လင်းတာ့ကော်နဲ့ သူ့ဇနီးက သူတို့ရှေ့မှာ စကားများနေကြသည်။ လင်းဟုန်န ပြောလိုက်တဲ့အချိန်မှာ၊ အစာအိမ်ထဲက ဆာလောင်မှုက အနိုင်ယူသွားသည်။ ဗိုက်ဆာနေတဲ့သူတို့နှစ်ယောက်က သဘာဝကျကျပဲ ခေါင်းငြိမ့်ခဲ့ကြသည်။

လင်းတာ့ကော်က သူ့နှာခေါင်းကို ကောင်းကင်ထိရောက်အောင် ရှုံ့လိုက်သည်။ " နင့်ကို ပြုစုပျိုးထောင်လာရတဲ့ ဒီနှစ်တွေမှာ၊ ဒါက ပထမဆုံးအကြိမ် လူတစ်ယောက်‌အနေနဲ့ တစ်ခုခုပြောလိုက်တာကို ကြားရခြင်းပဲ။"

လင်းဟုန်န - ". . . "

သူမအဖေလောက် အရှက်မရှိတဲ့လူ ဒီကမ္ဘာပေါ်မှာ များများစားစားမရှိပေ။

ယွင်ရွှေကောင်တီထက် မကောင်းတဲ့ မြို့ထဲမှာ၊ နိုင်ငံတော်ပိုင်ဟော်တယ်လို့ ခေါ်နိုင်ရုံလောက်သာရှိတဲ့ စားသောက်ဆိုင် အသေးလေးတစ်ခုသာ ရှိပါသည်။

စားသောက်ဆိုင်လေးထဲမှာ လူများများစားစား မရှိပါဘူး။ မိသားစုသုံးယောက် ပြူတင်းပေါက်ဘေးက စားပွဲကို ရွေးပြီး ထိုင်ကြသည်။ လင်းတာ့ကော်နဲ့ လီအိုက်ဖုန်းက သူတို့အိတ်ကပ်ထဲမှာ ဘာမှမပါခဲ့ပေမယ့် ဘာမှမဟုတ်တာလေးတွေအတွက်တော့ သူတို့မှာ ပိုက်ဆံရှိကြပါသည်။

စားနေတုန်းမှာ၊ လည်ချောင်းနာစေတာကြောင့်၊ ‌ဆန်ဂျုံစသည်တို့ကို မစားပေ။ ပေါက်စီနဲ့ ဆန်မုန့်ပေါင်း ဖြူဖြူလေးတွေကိုပဲ စားသည်။ သက်သက်လွတ်ဟင်းပွဲတွေကို မမှာယူခဲ့ပါဘူး။ မုန့်တွေမစားခင်မှာ၊ အသားကို စားကိုစားရမှဖြစ်မည်။

နေ့လည်စာအတွက် အသားနဲ့ ပေါက်စီတွေကို စားမယ်ဆိုရင်၊ ဒီအစားအသောက်တွေအတွက် တစ်ယွမ် ( သို့ ) နှစ်ယွမ်နဲ့ အသားတွေရဲ့ လက်မှတ်အတွက် ငွေအသပြာအနည်းငယ်သာ ကျသင့်မည်ဖြစ်ပါသည်။

ကံကောင်းစွာနဲ့၊ လင်းဟုန်နရဲ့ လက်ထဲမှာ ပိုက်ဆံအချို့ ကျန်နေသေးသည်။ ဒါတွေကို အလုပ်က လင်းဟုန်ဝူဆီက ယူထားခဲ့တာဖြစ်သည်။ အားလုံးပေါင်း ယွမ်တစ်ရာ့နှစ်ဆယ်သာ ရှိပါသည်။ သူမက ဒီငွေတွေကို အငတ်ဘေးကျော်လွှားဖို့ မှောင်ခိုဈေးမှာ အစားအသောက်တွေဝယ်ရန် သုံးချင်ခဲ့တာဖြစ်သည်။

လင်းဟုန်နက အံ့ကြိတ်ကာ စိတ်လျော့လိုက်ရတော့သည်။ သူမက ရှာလကာရည်အာလူးကြော်တစ်ပွဲ၊ ဝက်သားပြုတ်ကြော်တစ်ပွဲ၊ ခရမ်းသီးနှပ်တစ်ပွဲ၊ နဲ့ ဂျုံဖြူပေါက်စီ ငါးခုကို မှာယူခဲ့သည်။

ပေါက်စီတွေက တစ်ခုကို သုံးဆင့်ကျသင့်သည်၊ တစ်ရွက်ကို ငါးဆင့်နဲ့ ထမင်းစားလက်မှတ်တစ်ခု၊ ဝက်သားပြုတ်ကြော်တစ်ပွဲကို ဆင့်ရှစ်ဆယ်နဲ့ သက်သက်လွတ်ဟင်းနှစ်ပွဲက ဆင့်ခြောက်ဆယ် ကျသင့်သည်။ အသားတွေအတွက် လက်မှတ်သုံးခုနဲ့ သုံး‌ဆင့်တန် ထမင်းစားလက်မှတ်အပါအဝင် စုစုပေါင်း တစ်ဒေါ်လာနဲ့ ငါးဆယ်ငါးဆင့်ကျသင့်ခဲ့သည်။

လင်းတာ့ကော်နဲ့ သူ့ဇနီးက ရက်ပေါင်းများစွာလောက် အစားကောင်းကောင်း မစားခဲ့ရပေ။ ယွင်ရွှေကောင်တီမှာ ငွေစုဖို့အတွက်၊ သူတို့က တစ်နေလုံး ပြောင်းဂျုံခေါက်ဆွဲ (သို့) အသီးအရွက်စုံစွတ်ပြုတ်တို့ကိုသာ သောက်ခဲ့ကြသည်။ သူတို့ရဲ့ ဗိုက်ထဲမှာ ရေရော ဆီရော ဘာမှ မကျန်ခဲ့တော့ပါ။

စားပွဲပေါ်ကို ဟင်းပွဲတွေ တစ်ခုပြီးတစ်ခု ရောက်လာခဲ့သည်။ နှစ်ယောက်က လက်ထဲမှာ ပေါက်စီ တစ်ယောက်တစ်လုံးစီကိုင်ကာ စားခဲ့ကြသည်။ လက်တွေကို မြှောက်ကာ ခေါင်းတွေကိုငုံ့ပြီး တူတွေနဲ့ သူတို့ရဲ့ နှုတ်ခမ်းတွေကို ရိုက်ခတ်ကာ အငမ်းမရ စားသောက်ခဲ့ကြသည်။ ဒါတွေက လင်းဟုန်နကို စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေခဲ့သည်။

သူမဘေးနားက လူတွေဆီက ထူးထူးဆန်းဆန်းအကြည့်တွေနဲ့ အထင်အမြင်သေးတာတွေကို သူမ မခံနိုင်ပါ။ ဒါပေမယ့် သူမ သူတို့ကို မဖျောင်းဖျနိုင်ပေ။ တည်းခိုခန်းက စားပွဲထိုးက သူတို့ကို အသံလျော့ပေးဖို့ တောင်းဆိုခဲ့သည်။ လီအိုက်ဖုန်းက ယုံကြည်ချက်ရှိရှိနဲ့ ပြောခဲ့သည်။ " ဒါက တောက လူတွေ မွေးကတည်းက စားကြတဲ့ပုံစံလား၊ ဟမ်? "

" တစ်လုတ်စာလား၊ တစ်လုတ်စာပဲစားကြတာလား။ ခွေးတွေနဲ့ ကြွက်တွေက တစ်ခြားသူ‌ရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်နေကြတာပဲ။ "

ဒီစကားတွေက လူထုကို ဒေါသထွက်စေလုနီးပါး ဖြစ်သွားခဲ့သည်။ ဒီခေတ်မှာ၊ နိုင်ငံတော်ပိုင်ဟိုတယ်ဝန်ဆောင်မှုတွေက တစ်ကယ်ကို လုပ်တတ်ကိုင်တတ်ကြပါသည်။ ပြီးတော့ သူတို့ရဲ့ အပြုအမူတွေက အလွန် မာနကြီးလွန်းပါသည်။ တည်းခိုခန်းတံခါးတိုင်မှာ အနီရောင်ဆောင်ပုဒ်ကြီး ချိတ်ထားတယ်ဆိုတာကို သူတို့မမြင်ခဲ့ပါဘူး။ - စားသုံးသူများ၏ အကျိုးအကြောင်း မဆီလျော်ဘဲ ရိုက်နှက်ခြင်းများကို တင်းကြပ်စွာ တားမြစ်ထားပါသည်။

နိုင်ငံတော်ပိုင်ဟိုတယ်က စားပွဲထိုးတွေက များသောအားဖြင့် လူတွေကို မရိုက်တတ်ပါ။ ကောင်မစုတ်တစ်ယောက်လိုမျိုး သူတို့တံခါးဆီကို ရောက်လာတတ်တဲ့ လီအိုက်ဖုန်းလို လူမျိုးတွေက လွဲရင်ပေါ့...

မိနစ်အနည်းငယ်အတွင်းမှာ၊ ပြဿနာရှာနေတဲ့ လီအိုက်ဖုန်းကို သန်မာတဲ့ လူငယ်နှစ်ယောက်က ဆွဲခေါ်ပြီး စားသောက်ဆိုင်ရဲ့ မီးဖိုချောင်အနောက်ပေါက်ကနေ ပစ်ထုတ်လိုက်သည်။

လီအိုက်ဖုန်းက တင်ပါးနဲ့ ပြင်းပြင်းထန်ထန်ကျသွားခဲ့ကာ၊ မြေကြီးပေါ်မှာလှဲနေပြီး နာကျင်မှုနဲ့ ငြီးနေခဲ့သည်။ ပြီးတော့ တစ်ခြားသူတွေကို ညစ်ပတ်တဲ့ စကားလုံးတွေနဲ့တောင် ဆဲနေခဲ့သေးသည်။

မည်းနက်တဲ့ မျက်နှာနဲ့ သူ့ရဲ့ အင်္ကျီလက်တွေ‌ကို ခေါက်တင်ကာ လူထွားကြီးတစ်ယောက် သူမကို ထပ်ရိုက်ဖို့ လာနေတာကို သူမ မြင်ခဲ့သည်။

လီအိုက်ဖုန်းက မြေကြီးပေါ်က မြန်မြန်ထပြီး နောက်ကိုလှည့်မကြည့်တော့ဘဲ ထွက်ပြေးတော့သည်။

လင်းတာ့ကော်က စားသောက်ဆိုင်ထဲမှာ စားနေတုန်းပင်။

သူ့မိန်းမ အရိုက်ခံနေရတာတောင်၊ သူမျက်လုံးတစ်ချက် မပင့်ခဲ့။

လင်းဟုန်နက ပြဿနာတွေကို လျစ်လျူရှုထားပြီး သူမ မမြင်ခဲ့သလို မျက်လုံးတွေကို နှိမ့်ချထားခဲ့သည်။

ဒါဆို ငါရဲ့ မွေးအမေက ဘာလဲ။ ဒီလို အရှက်ရစရာကောင်းတဲ့ အမေအရင်းမရှိတာကမှ ပိုကောင်းလိမ့်ဦးမယ်။

*

အောက်တိုဘာလအလယ်မှာ၊ ဆောင်းဦးလေတွေ စတင်တိုက်ခတ်လာခဲ့သည်။ သစ်ရွက်ကြွေတွေက ယွင်‌ရွှေကောင်တီက လမ်းတွေပေါ်မှာ ပြန့်ကျဲနေကြသည်။ ကုချွင်မေလဲ မကြာခင် လက်ထပ်တော့မည်။

ကွေ့ဟွားဟူးထုန်က ရွှီအိမ်တော်ရဲ့ ဆေးအသစ်သုတ်ထားတဲ့ သစ်သားတံခါးကြီးကိုလဲ " ပျော်ရွှင်မှု " ဆိုတဲ့ အနီရောင်စာလုံးတွေနဲ့ ကပ်ပြီးနေကြပါပြီ။

နောက်တစ်ပတ် တနင်္လာနေ့မှာ သူမရဲ့ သမီးက မင်္ဂလာဆောင်တော့မည် ဖြစ်တာကြောင့် အိမ်က သူမသမီးအတွက် ကျန်းဆွေ့လန်က အနီရောင်ပိုး စာရွက်၊ မင်္ဂလာချိုချဉ်တွေ၊ ကွာစေ့တွေနဲ့ မြေပဲတွေ ပြင်ဆင်ဖို့ တနင်္ဂနွေနေ့မှာ ခွင့်ယူထားသည်။

မင်္ဂလာပွဲကို အကြီးအကျယ်လုပ်ဖို့ ခွင့်မပြုထားပေမယ့်၊ အသေးအဖွဲအရာလေးတွေ မပါဝင်ခဲ့ပါပေ။

အိမ်သန့်ရှင်းရေးက ပေါ့ပေါ့တန်တန် ဖြစ်လို့မရပေ။ နံရံထောင့်တိုင်းကို နေရာမလွတ်စေအောင် သုတ်ထားရမယ်။ အိမ်တိုင်းက တံခါးတွေနဲ့ ပြူတင်းပေါက်တွေကိုလဲ အနီရောင် "ပျော်ရွှင်မှု" စကားလုံးနဲ့ အလှဆင်ထားကြသည်။ ပြီးတော့ ခြံဝင်းထဲက တံစက်မြိတ်အောက်မှာ ပွဲတော်သုံး အနီရောင်မီးအိမ်တွေကို ချိတ်ဆွဲထားကြသည်။

အိမ်ပရိဘောဂတွေလဲ အဆင်သင့်ဖြစ်နေပါပြီ။ ကုချွင်မေရဲ့ ပရုတ်သစ်သားဘူးလေးကို အနီရောင်ပန်းတွေနဲ့ ချည်ထားပြီး ဘူးထဲမှာ ဂွမ်းစောင်တွေ၊ မျက်နှာသုတ်ပုဝါတွေ၊ ခေါင်းအုံးစွပ်တွေ၊ နိုင်လွန်ခြေအိတ်တွေနဲ့ အခြားပိတ်စတွေ ပါပါသည်။

တစ်ခြားခန်းဝင်ပစ္စည်းတွေဖြစ်တဲ့ ရေနွေးကရားအိုးတွေ၊ ကြွေဇလုံတွေ၊ နဲ့ မျိုးရိုးစဉ်ဆက်က ရေပုံးတွေကို စည်းမျဉ်းအဟောင်းတွေအရ ရွှီမိသားစုရဲ့ အိမ်တော်အသစ်ဆီကို ပို့ထားပြီးပါပြီ။ မွေးဖွားခြင်းနဲ့ဆိုင်တဲ့ မိသားစုရဲ့ ခန်းဝင်ပစ္စည်းအများစုကတော့ ဇနီးမောင်နှံအသစ်အတွက် ပျော်ရွှင်ဖွယ်ဘဝကိုဖော်ဆောင်ပြီး ကောင်းတဲ့သင်္ကေတတစ်ခုဖြစ်တဲ့ စုံတွဲပစ္စည်းတွေ ဖြစ်ကြသည်။

လင်းယောင်က အလုပ်ပိတ်ရက်ရခဲ့ပြီး တစ်နေ့လုံးနီးပါး အိမ်မှာ ကူလုပ်ပေးနေခဲ့သည်။ နောက်ဆုံးမှာ သူမ အသက်ရှူနိုင်ခဲ့ပြီး ခဏလောက်ထိုင်ဖို့ အိမ်ကို ပြန်သွားခဲ့သည်။ ခါးမှာ အတောင်ပံတွေပေါက်ပြီး ပျံသန်းခဲ့ရသလိုမျိုး ခံစားခဲ့ရကာ သူမရဲ့ ကျောပြင်လေး နာကျင်နေခဲ့သည်။

ညနေခင်း ကုရှီအန်း အိမ်ပြန်ရောက်တဲ့အခါ၊ အိပ်ယာပေါ်မှာ ကလေးမလေး မလှုပ်မရှားပဲ လှဲနေတာကို တွေ့ခဲ့ရပြီး ဟိုကောင်စုတ်လေးက စိတ်တိုအောင်လုပ်လိုက်ပြန်ပြီလားလို့ ပြောခဲ့သည်။

လျှောက်သွားပြီး ခဏပဲကြည့်လိုက်မိတာ၊ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတော့မည်။

ကုရှီအန်းက အသာအယာ လျှောက်လာပြီး အဝတ်တွေကိုခေါက်ကာ ဗီရိုထဲကို ထည့်ခဲ့သည်၊ ပြီးနောက် ရေချိုးတပတ်ကိုယူကာ ရေချိုးဖို့အတွက် ရေချိုးကန်ဆီကို သွားခဲ့သည်။

ရာသီဥတုက အခု သာယာနေသည်၊ ဒါပေမယ့် တစ်ခဏအတွင်း အပူချိန်ကျသွားတဲ့အခါ၊ ရွေးချယ်စရာမရှိပေမယ့်လဲ ရေချိုးဖို့ ရေချိုးကန်ကို သွားရမည်။

မိနစ်နှစ်ဆယ်ကြာပြီးနောက်၊ ဆပ်ပြာနံ့မွှေးပျံ့စွာနဲ့ ကုရှီအန်းက အိမ်ကိုပြန်လာခဲ့သည်။ မျက်နှာသုတ်ပုဝါကို ဆွဲယူကာ သူ့ဆံပင်ကို သုတ်လိုက်ပြီး မီးအိမ်ကိုထွန်းလိုက်သည်။ စောင်ကိုမပြီး အိပ်ယာဝင်ကာ ကလေးမလေးကို ရင်ခွင်ထဲမှာ ထည့်ကာ ဖက်ထားခဲ့သည်။

သူက ရေအနည်းငယ်စိုနေခဲ့ပြီး လင်းယောင်က သက်တောင့်သက်သာမရှိစွာနဲ့ ငြီးကာ သူ့လက်မောင်းကို ကိုက်ခဲ့သည်။ ကုရှီအန်းက နောက်တစ်ခါ ထကာ သူ့ကိုယ်သူ ရေသုတ်နေခဲ့ရတော့သည်။

ဒါတွေပြီး‌တဲ့နောက်မှာ၊ ကလေးမလေးက အလွန်ကို ကျေကျေနပ်နပ်နဲ့ အိပ်ပျော်နေပုံပေါ်သည်။ သူ့ရဲ့ရင်ခွင်ထဲကို အလိုအလျောက်ဝင်ကာ သက်တောင့်သက်သာရှိတဲ့နေရာကို ရှာတွေ့သွားသလိုမျိုး အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့၊ အိမ်ဘေးက ကွေ့ဟွားဟူးထုန်ကနေ မီးရှူးမီးပန်းတွေ ပေါက်ကွဲထွက်လာခဲ့သည်။ လင်းယောင်က အိပ်နေရာက ထလာပြီး နာရီကြည့်လိုက်သည်။ မနက်ငါးနာရီခွဲသာ ရှိသေးသည်။

အစ်ကိုကြီးထို့ထို့ကို ထပ်ပြီးသည်းမခံနိုင်တော့ပါ။

လင်းယောင်က ဖြည်းဖြည်းချင်းထပြီး သန်းဝေနေခဲ့သည်။

ကုရှီအန်းက နိုးလာပြီး ဒီနေ့ရဲ့ မင်္ဂလာပွဲအတွက် ဗီရိုရှေ့မှာရပ်ကာ အဝတ်အစားလဲနေခဲ့သည်။

သူက အစ်ကိုကြီးနဲ့ ဦးလေးတစ်ယောက်ဖြစ်တာကြောင့်၊ သူ့ ညီမလေးကို သေသေချာချာ ပို့ဆောင်ပေးရမည်ဖြစ်သည်။

ကုရှီအန်းက သူ့ရဲ့ သန်မာပြီး ဆွဲဆောင်မှုရှိတဲ့ ခါးသိမ်သိမ်လေးကို ပြသကာ သူ့ရဲ့ စွပ်ကျယ်ကို လဲလိုက်သည်။ လင်းယောင်က အနည်းငယ် ခိုးကြည့်လိုက်သည်။ အိုးးး၊ ငါတို့ရဲ့ လက်ထောက်ဒါရိုက်တာကုရဲ့ ပုံသဏ္ဍာန်က အမြဲလိုလို ကြည့်ကောင်းနေဆဲပါလား။

--သူမလို မဟုတ်ပါဘူး။ သူမကတော့ အပျင်းကြီးပြီး အိမ်မှာ အနားယူနေတာနဲ့ ဗိုက်လေးတောင် ထွက်လာပြီ။

လင်းယောင်က သူမရဲ့ ဗိုက်လေးကို ကိုင်ကာ ဗိုက်လေးကိုရှုံ့ထားဖို့ စီစဉ်ရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက်မှာ၊ ဗိုက်လေးက သန်မာနေဆဲပါပင်။

လင်းယောင်က စိတ်ဓာတ်ကျကာ အိပ်ယာပေါ်ကို လှဲချခဲ့သည်။ မေ့လိုက်တော့၊ ဒီတိုင်းပဲ ပြလိုက်ရအောင်။

ကုရှီအန်းက အရာအားလုံးကို မျက်မြင်တွေ့ခဲ့ပြီး သူ့ရဲ့ မျက်ဝန်းနက်နက်တွေမှာ အပြုံးလွှာတွေရှိနေခဲ့သည်။

လင်းယောင်က သူ့ကိုစိုက်ကြည့်ပြီး ရယ်နေခဲ့သည်။

မင်းရဲ့ အပြုံးက ဘယ်လိုတောင် လှနေရတာလဲ။

*

ကုချွင်မေဘက်မှာတော့၊ မနက်စောစောမှာ သူ့အမေက သူမကို နှိုးနေခဲ့သည်။

မနက်ခင်းမှာ သူမ လုပ်စရာ များများစားစားမရှိခဲ့ပါ။ဘေးအိမ်က သူဌေးအဒေါ်ကြီးက သူမရဲ့ မျက်နှာကို လိမ်းခြယ်ကာ ပါးနီနဲ့ ရောင်စုံများ ခြယ်သပေးသည်။ သတို့သမီးတစ်ယောက်လို သူမရဲ့ ဆံပင်ကို ပြင်ဆင်ပေးပြီး သူမရဲ့ခေါင်းမှာ ကတ္တီပါအနီရောင်ပန်းကြီးတစ်ပွင့်ကို ပန်ဆင်ပေးထားသည်။ ပြီးတော့ သူမက စစ်အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ ကုချွင်မေဟာ ပန်းနုရောင်မျက်နှာလေးနဲ့ ပန်းတွေထက်တောင် ပိုကျက်သရေရှိပါသည်။

သူမရဲ့လက်ထဲမှာ အတော်လေး တောင့်တင်းနေတဲ့ အနီရောင် ပိုးသားအိတ်တစ်လုံးကိုလဲ ကိုင်ဆောင်ထားခဲ့သည်။ သူမအမေရဲ့ မိသားစုတွေကပေးတဲ့ ခန်းဝင်လက်ဖွဲ့ငွေတွေမှလွဲ၍၊ အခြားပစ္စည်းတွေက မြေပဲတွေ၊ အနီရောင် စွံပလွန်သီးတွေနဲ့ သူမ ကြိုက်တဲ့အရာတွေ ဖြစ်ကြသည်။

ကျန်းမိသားစုရဲ့ ဦးလေးတွေ အဒေါ်တွေကလဲ သူတို့ရဲ့ တူမလေးကို ကြည့်ဖို့ လာခဲ့ကြသည်။ ကောင်တီပြည်သူ့လုံခြုံရေးဌာနရဲ့ ဒါရိုက်တာဟောင်းနဲ့ သံမဏိစက်ရုံရဲ့ ခေါင်းဆောင်တွေလဲ မင်္ဂလာပွဲ‌ကို တက်ရောက်ခဲ့ကြသည်။

ဒါက တာ့ဇားယန်က အိမ်နီးချင်းတွေကို မနာလိုဖြစ်စေခဲ့ပါသည်။

ကျန်းတာ့ချန်က စက်ရုံထဲမှာ ကျွမ်းကျင်စာဖိုမှူးဖြစ်ရတာကို သူ့ကိုယ်သူ ဂုဏ်ယူနေသည်။ သူ့ရဲ့ အိမ်နီးချင်းတွေရှေ့မှာ၊ ခေါင်းကိုမော့ပြီး အကုန်လုံးကို လျစ်လျူရှုကာ လျှောက်လာခဲ့သည်။

ဒီအချိန်မှာ၊ တရုတ်ရိုးရာဝတ်စုံဝတ်ထားပြီး ပြုံးနေတဲ့မျက်နှာနဲ့ ကုမန်ဆန်က ကောင်တီက ခေါင်းဆောင်ကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက်ပြီး စကားပြောနေခဲ့သည်။ ပြီးတော့ သူ့ရဲ့ မျက်လုံးတွေ မနာလိုမှုကြောင့် နီရဲလာခဲ့သည်။

သေစမ်း၊ ပြည်သူတစ်ယောက်ဖြစ်တဲ့ ကုမန်ဆန်က သူ့ဘဝကောင်းစားဖို့ စွန့်စားခဲ့သည်။ သူက အလားအလာကောင်းတဲ့သားတစ်ယောက်ကို မွေးထားပြီး၊ သူ့ရဲ့သမီးက ပြည်သူ့လုံခြုံရေးဌာနက ခေါင်းဆောင်ရဲ့ မိသားစုကလူနဲ့ လက်ထပ်ထားသည်။

ကုမိသားစုကြီးရဲ့ ဂုဏ်သတင်းက ချက်ချင်းမြင့်တက်လာခဲ့သည်။ အနာဂတ်မှာ သူတို့ တစ်ကယ်ပဲ ကန်တင်းက ကျွမ်းကျင်သူအဖြစ် သူ့ကို သက်မှတ်နိုင်ဦးမှာလား?

ကျန်းတာ့ချန်ရဲ့ ဇနီး လျို့အာ့ဆွေ့က နှစ်ပေါင်းများစွာ သူနဲ့ အတူရှိနေခဲ့သည်။ သူမရဲ့ယောင်္ကျား ဘာတွေးနေလဲဆိုတာကို အခြားသူတွေထက် သူမပိုသိပါသည်။

ဟုတ်ပြီ၊ ကုမိသားစုကြီးက သူ့ရဲ့ တာ့ချန်မိသားစုဆီက ကျော်ကြားမှုကို ခိုးယူချင်တယ်ဆိုရင်၊ သူမ သဘောတူလားဆိုတာကို ကြည့်ရပါမည်။

လျို့အာ့ဆွေ့က ကုမိသားစုကို နှောင့်ယှက်ဖို့ သူ့ရဲ့ စိတ်ကိုပြင်ဆင်ထားခဲ့သည်။ ဒါမှ သူတို့သမီးရဲ့ မင်္ဂလာပွဲနေ့မှာ သူတို့ အရှက်ရလိမ့်မည်ဖြစ်သည်။

ထို့အပြင်၊ ကုမိသားစုကြီးက ကျန်းမိသားစုကို အနိုင်ကျင့်ဖို့ လွယ်တယ်ဟု စဉ်းစားကြလိမ့်မည်။

ကုချွင်မေက လက်ထပ်ထားကာစဖြစ်ပြီး အပြင်ကို ထွက်လို့မရခဲ့ပါ။ ကုရှီအန်းနဲ့ သူ့မိဘတွေက ဆွေမျိုးတွေနဲ့ ခေါင်းဆောင်တွေကို ဖျော်ဖြေဖို့ အရှေ့မှာ ရှိနေကြသည်။ လင်းယောင်နဲ့ ကုရှီတုန်းတို့က တစ်ယောက်က " အိမ်ထောင်ဦးစီးရဲ့မရီး " ဖြစ်ပြီး နောက်တစ်ယောက်က " အစ်ကိုကြီးထို့ထို့ရဲ့ ယောက်ဖအသစ်လေး " ဖြစ်ကြသည်။ နှစ်ယောက်သား လက်ထဲမှာ ကြက်သားကိတ်မုန့်တွေ၊ မြေပဲတွေ၊ ကွာစေ့တွေ၊ နဲ့ မင်္ဂလာချိုချဉ်တွေပါတဲ့ ဗန်းတွေကို ကိုင်ထားကြသည်။

လင်းယောင်က အပြုံးတွေနဲ့ ပြည့်နေသည်။ သူမက ပြုံးနေခဲ့ပြီး လူတွေနဲ့ တွေ့တဲ့အခါ ချိုချဉ်လက်တစ်ဆုပ်စာ ယူပေးခဲ့သည်။ ကလေးလေးတွေကို မြင်တဲ့အခါလဲ သူမက မင်္ဂလာချိုချဉ်လေးတွေ အနည်းငယ်ပိုပေးခဲ့သည်။ မင်္ဂလာပွဲကို လာတဲ့ ကလေးလေးတွေ အရမ်းပျော်သွားခဲ့ကြပြီး သုံးပေလောက်အရပ်ရှည်လာဖို့ သူတို့ ဆုတောင်းခဲ့ကြသည်။

မိဘတွေ မြင်တဲ့အခါ၊ သူတို့ ‌ပျော်ရွှင်ကျေနပ်နေခဲ့ကြသည်။

ကုမိသားစုကြီးက တစ်ကယ်သဘောကောင်းကြပါသည်။ အိမ်မှာ ကူညီပေးဖို့လာတဲ့ အဒေါ်ကြီးတွေက သူတို့ရဲ့အလုပ်မှာ ပိုပြီးတော့တောင် စိတ်နှစ်ထားခဲ့ကြသည်။

လူတိုင်းက သူတို့ရဲ့ပျော်ရွှင်မှုကို ဖော်ပြခဲ့ကြသည်။

" ဂုဏ်ယူပါတယ် မန်ဆန်။ ဒီ‌နှစ်မှာ ရှင့်ရဲ့ သမီးကို အိမ်ထောင်ချပေးရင်၊ နောက်နှစ်မှာ မြေးချီလို့ ရပြီပေါ့။"

" ဆွေ့လန်‌ရေ နောက်နှစ်မှာ အပျော်နှစ်ဆ ရကောင်းရနိုင်ပါတယ်။ ပြီးတော့ မြေးနှစ်ယောက် အတူရောက်လာလိမ့်မယ်။ "

" အိုး၊ ကောင်းလိုက်တာ။ ‌ဆွေ့လန်က ပြုံးပျော်နေတာပါပဲ။ "

" .... "

အဒေါ်ကြီးတွေအုပ်စုက ဟာသတွေလုပ်နေတာကြောင့် ကျန်းဆွေ့လန်ရဲ့ မျက်လုံးထောင့်ကနေ မျက်ရည်ကျစေခဲ့သည်။

ပြည်သူ့လုံခြုံရေးဌာနက လူငယ်အုပ်စုက သူတို့ရဲ့ လက်ထောက်ဒါရိုက်တာကို ဒီလိုမစရဲကြပါပေ။ ဒီတိုင်းလေး ရိုးရိုးသားသားပဲ ထိုင်နေခဲ့ကြသည်။

ဟူထို့က ကလေးတွေနဲ့ ခြံဝင်းထဲမှာ ငါးလေးတွေလိုမျိုး ပတ်ပြေးနေကြသည်။ ဟူထို့က ကုရှီတုန်းရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပြီးတော့ ကလေးနှစ်ယောက်လုံး အနံ့အသက်တူကြသည်။

လင်းယောင်က ဒီကလေးတွေကို အထူးတစ်လည် စောင့်ရှောက်ခဲ့ကြသည်။ ပြီးတော့ ဗန်းပေါ်က ကွာစေ့တွေနဲ့ မြေပဲချိုချဉ်တွေကို သူတို့ရဲ့ အိတ်ကပ်တွေထဲ ဖြည့်ပေးခဲ့သည်။

ကျားခေါင်းတွေက ဒီလှပတဲ့ အစ်မကို သဘောကျကြသည်။ ပြီးတော့ သူတို့က လင်းယောင်ကို အမြီးလေးတွေဖမ်းသလို လိုက်ဖမ်းနေခဲ့သည်။

ကောင်စုတ်လေး သုန်ဇီကလဲ အတူတူ ဆော့ချင်ခဲ့သည်။

ကျန်းဆွေ့လန်က သူမရဲ့ သားကို အမြန်ဆွဲလိုက်ပြီး ပြောခဲ့သည်။ " နင် ဘာလုပ်နေတာလဲ၊ ကောင်စုတ်လေးရဲ့။ ဒီနေ့ မင်းအစ်မ မင်္ဂလာဆောင်တော့မှာ။ သွားပြီး မင်္ဂလာချိုချဉ်တွေ ဝေပေးလိုက်။ "

ကောင်စုတ်လေးကို အော်လိုက်ပြီး ခေါင်းကို ပုတ်ပေးလိုက်တော့ ထွက်ပြေးသွားသည်။

လင်းယောင်က မုန့်နဲ့ မင်္ဂလာချိုချဉ်တွေကို ဗန်းအလိုက် လိုက်ဝေပေးပြီးတော့ ထိုင်ပြီး အနားယူဖို့ အခန်းထဲကို ပြန်သွားခဲ့သည်။ သူနောက်ကို လှည့်လိုက်တာနဲ့ တစ်ပြိုင်နက် လျို့အာ့ဆွေ့က ဟိုဟိုဒီဒီကြည့်ရင်း လူအုပ်ကြားထဲမှာ လျှိုဝင်နေတာကို သူမ တွေ့လိုက်ရသည်။

လင်းယောင်က မျက်မှောင်ကြုတ်လိုက်သည်။

လျို့အာ့ဆွေ့ရဲ့ ခိုးကြောင်ခိုးဝှက်နဲ့ ရှက်စရာ ပုံပန်းသဏ္ဍာန်က မင်္ဂလာပွဲကို ဂုဏ်ပြုဖို့ လာတဲ့လူနဲ့ လုံးဝမှ မတူပေ။

အဲ့ဒီအစား သူက ဒီကိုလာပြီး ဒုက္ခပေးမယ့်သူနဲ့ ပိုတူနေသည်။

သူမ ခန့်မှန်းတာက မှန်လောက်တယ်မလား။

All Chapters