← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

ပျော်ရွှင်စရာနေ့လေးတစ်ခုတွင် လင်းယောင်သည် မည်သူ့ကိုမှ သံသယစိတ်မဝင်ချင်ပေ။ သို့သော် သူမလျှော့တွက်လိုက်၍လည်း မရချေ။

ထိုအချိန်တွင် ခြံဝင်းအတွင်း၌ပျော်ရွှင်မှုများပြည့်နေခဲ့သည်။ အိမ်တွင် မင်္ဂလာဆောင်ကျင်းပ၍မရသော်လည်း လာရောက်ဂုဏ်ပြုသော အိမ်နီးနားချင်းများသည် လက်ဖက်ရည်၊ ကွာစေ့၊ သကြားလုံးများကို စားနိုင်သည်။

ကုမိသားစု၏ မီးဖိုချောင်မှာ အလုပ်ရှုပ်နေကြသည်။

ကျန်းဆွေ့လန်သည် အပြင်ဘက်မှဧည့်သည်များကို ဧည့်ခံအပြီးတွင် ရေနွေးတည်ပြီး အကြီးဆုံးအဒေါ်၊ဒုတိယအဒေါ် ၊ကျန်းမိသားစုမှ အဒေါ်များနှင့်တကွ လက်ဖက်ရည်ဖျော်ရန် အလုပ်ရှုပ်နေလေသည်။

မီးဖိုချောင်တစ်ခုလုံး အလုပ်ရှုပ်နေပြီး ကလေးတစ်သိုက်သည် တံခါးဝမှကြည့်နေကြပြီး ပါးစပ်ထဲလက်ထည့်ကာ အရသာရှိသော စားစရာများကို မျှော်နေလေသည်။

ယခုတော့ စားစရာ မရှိသေးပေ။ အဒေါ်ကျန်းသည် အထဲထဲတွင် ရှိသောရေနွေးအိုးကြောင့် ကလေးများထိခိုက်သွားမှာကို ကြောက်၍ အကြိမ်အနည်းငယ် အော်ငေါက်လိုက်သည်။

လင်းယောင်သည်လည်း မနားရသေးပေ။ သူမ လင်ဗန်းနှင့်တကွ ကွာစေ့၊ မြေပဲသကြားလုံးတို့ကိုယူပြီး ကလေးများကို လက်အပြည့် လိုက်ထည့်ပေးသည်။ သို့သော် ထိုကလေးများက ငှက်များ၊ သားရဲများကဲ့သို့ ပြန့်ကျဲလိုက်သည်။

မီးဖိုချောင်ထဲတွင် လူနည်းနေသောကြောင့် ဒုတ်ယအဒေါ် သည်အပြင်ဘက်မှ သူမ၏ယောင်းမကိုအကူအညီ သွားတောင်းလေသည်။

လျို့အာ့ဆွေ့သည် ဆူငေါက်နေသောမျက်နှာထားကို ပြင်လိုက်ပြီး အပြုံးမျက်နှာတစ်ခုဖြင့် ကူညီရန်သွားလေသည်။

“အို၊ အဒေါ်‌ဆွေ့လန်။ အိမ်မှာလူလိုရင် ကျွန်မကိုခေါ်တာမဟုတ်ဘူး။ အရင်ဇာတိရွာက ချွင်မေ မင်္ဂလာဆောင်တာပဲ။ အိမ်မှာလည်း လုပ်စရာရှိတာမဟုတ်ဘူး။ ရေနှစ်ပုံးကူသယ်ပေးမယ်လေ။”

ကျန်းမိသားစုသည် ခြံထဲရှိအိမ်နီးချင်းများနှင့် မတူပဲထူးခြားနေပြီး လျို့အာ့ဆွေ့ကတော့ မကောင်းသောအကြံအစည်များနှင့်ပင်။ သူမ မင်္ဂလာဆောင်ပြီး နှစ်အနည်းငယ်တွင် ခြံထဲ၌ အကြောင်းမရှိပဲ အနောက်မိသားစုမှ ကြက်ဥ ၂ လုံး၊ အလုပ်သမားများစီမှ အသီးအနှံများ စသည်တို့ပျောက်ပျောက်သွားလေသည်။

နောက်ပိုင်းတွင် အားလုံးက သတိဖြင့် အိမ်ပြတင်းပေါက်များပိတ်ပြီး အပြင်သွားမည့်အခါ သံသော့များ ခတ်သွားကြသည်။ အဒေါ်စွင်း၏ ခြံတံခါးကတော့ သော့မခတ်ထားပေ။ အဒေါ်စွင်းသည် သူမတစ်သက်လုံး ထိုခြံ၌နေလာခဲ့ခြင်းဖြစ်သည်။

သို့သော် ပုံမှန်တံခါးများ၏ အခြေခံဖွင့်နည်းကို သိလျှင် ခိုးဝင်လို့ အလွန်လွယ်ပေသည်။

ခက်တာက အဒေါ်စွင်းသည် တံခါးသော့ခတ်ရသည်ကိုမကြိုက်ပေ။ ထိုနှစ်နွေရာသီ၌ ဦးလေးစွင်းသည် အသက် ၅၀ ဖြစ်နေပြီး စွင်းမိသားစုမှ အမျိုးတို့က ဦးလေးစွင်းအတွက် အိမ်တွင်ရက်လုပ်သော မီးခိုးရောင်ပိတ်စကို ကုတ်အင်္ကျီအသစ်ချုပ်ရန် လက်ဆောင်ပေးခဲ့သည်။

ထိုအချိန်၌ ယွင်ရွှေကောင်တီသည် လွတ်မြောက်နယ်မြေတစ်ခုဖြစ်ပြီး စစ်တပ်များသည် နိုင်ငံအတွင်းသာအခြေချကြသည်။ ယခင်က ဦးလေးစွင်းတို့မိသားစုသည် ယခုလောက် စီးပွါးရေးမကောင်းကြပေ။ မိသားစုတစ်ခုလုံးသည် တစ်နှစ်လုံးတွင်မှ ဝတ်စုံတစ်ခုရရန်အနိုင်နိုင်ပင်ဖြစ်သည်။

အဒေါ်စွင်းသည် လက်ဆောင်ရရှိသော အဝတ်စကိုရတနာသဖွယ် သစ်သားဘီရိုထဲတွင်အပေါ်မှ အုတ်ခဲဖိ၍သိမ်းဆည်းထားလိုက်သည်။

တနေ့ လင်မယားနှစ်ယောက် လမ်းထွက်လျှောက်ပြီးပြန်လာချိန်တွင် သစ်သားဘီရိုထဲမှ အဝတ်စမရှိတော့ပေ။

အဒေါ်စွင်းသည် ငိုယိုပြီး မျက်ရည်များကိုသာ သုတ်ခဲ့ရသည်။

ဦးလေးစွင်းကတော့ အံ့ဩပြီး ဒေါသထွက်နေခဲ့သည်။ထိုကိစ္စသည် ထိုခေတ်က အရေးတကြီးအဖြစ် သတ်မှတ်ပြီး စစ်တပ်များဆီသို့ပင် ရောက်သွားခဲ့သည်။

လွတ်မြောက်နယ်မြေမှလူတို့သည် ရိုးသားကြသည်။ ထို့ကြောင့် သူများ၏ ဥစ္စာခိုးခြင်းကို ရွံရှာကြသည်။ အဝတ်စခိုးသောသူကို မမိလျှင် အများပြည်သူသိရန် သစ်သားဆိုင်းဘုတ်ဖြင့်ပြမည်။ မိလျှင်တော့ ရဲဘက်စခန်းကို ရောက်မည်ဖြစ်သည်။

သူခိုးကလည်း ညအမှောင်ထုကို အသုံးချပြီး ခိုးယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကော်မင်းထန်လူဆိုးအဖွဲ့က မြို့ထဲသို့ထိုညက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ကျန်းဆွေ့လန်သည် အမျိုးများဆီသို့ လည်ပတ်ရန်သူမမိဘများထံသို့ ပြန်သည့်ညက စွင်းမိသားစု၏ အိမ်မှာ အဝတ်စကိုကိုင်ကာ ထွက်လာသောသူခိုးကို မထင်မှတ်ပဲတွေ့လိုက်လေသည်။ ထိုသူသည် လောင်ကျန်းအိမ်ထဲသို့ဝင်သွားသည်။ ထိုအရိပ်သည် အခြားသူတော့ မဟုတ် လျို့အာ့ဆွေ့ပင်ဖြစ်သည်။

မသမာသောသူနေသော မိသားစုကို ထိုနယ်မြေမှလူတို့က အကောင်းမပြောကြပေ။

ထို့ကြောင့် မိသားစု နာမည်ပျက်မည်စိုး၍ လျို့အာ့ဆွေ့သည် အဝတ်စကိုပြန်ပေးခဲ့သည်။ သူမ မှားမှန်းသိသွားသည့်ပုံပင်။

အမှားကိုသိလျှင် အမှန်ကိုပြင်နိုင်ရမည်။ အမှားကိုပဲဆက်တိုက်လုပ်လျှင် ကောင်းကျိုးရှိမည်မဟုတ်ပါ။

အဒေါ် တာ့ဖုနှင့် အဒေါ်ဆွေ့လန်တို့သည်လည်း မိသားစုဂုဏ်ကို သက်ညှာသောအားဖြင့် ထိုကိစ္စကို နှစ်အတော်ကြာသည်အထိ ထပ်မပြောကြတော့ပေ။ သို့သော် မေ့သွားခြင်းတော့ မဟုတ်ချေ။

လျို့အာ့ဆွေ့သည် မျက်နှာကိုသပ်လိုက်ကာ ကူညီဖို့လာလေသည်။ ကျန်းဆွေ့လန်၏ တုံ့ပြန်မှုသည် တက်ကြွမနေပဲ စကားအနည်းငယ်သာ ပြောလေသည်။

အခြားသူများလည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။

“ တာ့ချန်မိသားစုက တစ်ယောက် မင်းကူညီပေးချင်တာကိုနားလည်ပါတယ်။ ဒါပေမဲ့ မင်းရဲ့အိမ်ကိစ္စတွေကိုပဲဦးစားပေးပါ။”

“ချိုချဥ်သွားစားပြီး ပျော်အောင်သာနေ။”

“ဟုတ်ကဲ့ပါ”

လျို့အာ့ဆွေ့ မျက်နှာအနည်းငယ် ပျက်သွားပြီး ရယ်တောင် မရယ်နိုင်တော့ပေ။ သူရှေ့မှ မိန်းမများကိုရိုက်သတ်ချင်နေမိသည်။ ဒါပေမဲ့ သူမထွက်သွားလို့မရသေး။ ထွက်သွားလိုက်လျှင်သူမ ခါးထဲတွင်ဝှက်ထားသော 'ကနခို' အမှုန့်ကို ကုမိသားစုစားမည့် ရေ ၂ ပုံးထဲသို့ထည့်လိုက်နိုင်မည် မဟုတ်ပေ။

လျို့အာ့ဆွေ့သည် အရှက်မရှိစွာ ထွက်သွားဖို့ငြင်းဆန်ခဲ့သည်။ လင်းယောင်သည် အမြင်ကပ်၍ ရေပုံးကိုသူမကိုယ်တိုင်သွားဆွဲက တံခါးနားတွင်ရှိသော သူမ လျို့အာ့ဆွေ့ကို တိုက်သွားလိုက်သည်။

လင်းယောင် ရေသွားသယ်သည်ကိုမြင်သည့်အခါ လျို့အာ့‌ဆွေ့သည် ဒေါသများကိုထိန်းထားရသည်။

“ယောင်ယောင် ဘာလို့အပြင်မှာရေတွေသယ်နေတာလဲ။ နေရှိန်ကပြင်းတယ်။ အသားတွေကြမ်းပြီး နေလောင်သွားလိမ့်မယ်။ မင်းအဒေါ်ရဲ့ အသားတွေက ကြမ်းပြီး အသားထူပြီးသား။ နားနားနေနေ နေပြီး အဒေါ့်ကိုပဲလုပ်ခိုင်းလိုက်ပါ။”

လျို့အာ့ဆွေ့က ရေပုံးကိုကိုင်ရင်အလှမ်းတွင် လင်းယောင်က တဖက်ကိုလှည့်ပြီး ရေပုံးများကိုမသွားလိုက်သည်။ ဟူထို့သည် သစ်သီးချိုချဥ်များ စားနေရင်း လျို့အာ့ဆွေ့က ယောင်ယောင်ကို အနှောင့်အယှက်ပေးနေသည်ကိုတွေ့ခဲ့သည်။ သူမသည် လျို့အာ့ဆွေ့က လင်းယောင်ကို အနိုင်ကျင့်နေသည်ဟု တွေးနေခဲ့သည်။

“ဘာလို့ မမယောင်ယောင်ကို အနိုင်ကျင့်နေတာလဲ၊ မကောင်းတဲ့မိန်းမကြီး!”

ခြံထဲတွင်ချိုချဥ်များ ကျဲပစ်နေသော ကုရှီတုန်းကြားသည့်အခါ သူငယ်ချင်းတစ်သိုက်ခေါ်ပြီး တဖန်မေးခဲ့သည်။

လျို့အာ့ဆွေ့သည် ကလေးများပြောခြင်းကို ခံလိုက်ရသောကြောင့် သည်းမခံနိုင်တော့ပေ။ လူကြားထဲတွင်အရှက်ခွဲသော်လည်း တိုးတိုးတိတ်တိတ်သာ ဆဲဆိုပြီး စိတ်တိိုတိုနှင့် ထွက်သွားခဲ့ရသည်။

လင်းယောင်သည် သုန်ဇီနှင့် ဟူထို့ကိုလှမ်းခေါ်လိုက်သည်။

သုံးယောက်သား တွတ်တွတ်ဖြင့် ပြောနေကြပြီး ကုရှိတုန်းနှင့် ဟူထို့က ရယ်မောနေကြပြီး လျို့အာ့ဆွေ့ နောက်လိုက်သွားလေသည်။

ကလေးနှစ်ယောက် ပြန်လာသောအချိန်တွင် လျို့အာ့ဆွေ့သည် အခန်းတံခါးပိတ်ကာ အော်ဟစ်လိုက်သည်။ ပိုဆိုးသည်က သူမ၏ခါးတွင်ဝှက်ထားသော ကနခိုအမှုန့်များ ပျောက်သွားသောကြောင့် ဆဲဆိုနေလေသည်။ တံခါးနားမှာ ကျကျန်ခဲ့တာပဲနေမည်။

ဟူထို့က ထိုအမှုန့်များကို တွေ့သွားပြီး နမ်းကြည့်လိုက်သောအခါ ပေါင်ဒါအနံ့ရသည်။ ထို့နောက် ထိုအမှုန့်ကိုလေထဲသို့ ပစ်လိုက်သောအခါ ကျန်းတာ့ချန် မိသားစု၏ ရေပုံးထဲသို့ ရောက်သွားလေသည်။

အပြင်ဘက်တွင် ရွှီရှန်းချန်သည် စက်ဘီးစီးပြီး ပြည်သူ့လုံခြုံ‌ရေးဌာနမှ ရဲသားများဖြင့် ပျော်ရွှင်နေလေသည်။သတို့သမီးကို ကြိုဆိုသောအားဖြင့် အနီရောင်အလံများ၊ ဗုံစသည့်တူရိယာများ တီးကြလေသည်။

ခြံထဲ၌လူများ ဝင်လိုက်ထွက်လိုက်ပင်ဖြစ်သည်။မီးရှုးမီးပန်းများ ဖောက်ကြပြီး အနီရောင်အဖတ်များပျံ့ကြဲသွားလေသည်။

လင်းယောင်သည် ပထမဆုံး ၁၉၆၀ လောက်ကမင်္ဂလာဆောင်ကို မြင်ဖူးခြင်းပင်။ ကျန်းမိသားစုမှအကြီးဆုံးဦးလေးသည် မြည်းလှည်းကိုမောင်းနှင်ပြီးတင်တောင်းသည့်ပစ္စည်းများ သယ်လာသည်။ ဂွမ်းကပ်စောင်များ၊ ရေနွေးအိုး၊ ဇလုံ၊ ကြွေအိုးများ၊ ရေပုံးများပါလေသည်။

ကုရှီအန်းသည် သူ၏ညီမကို အိမ်ထဲမှ ခေါ်ထုတ်လာပြိး ကုမန်ဆန်ကတော့ သူ၏သမီးကို သားမက်၏ လက်ထဲသို့အပ်လိုက်သည်။ ထိုဇနီးမောင်နှံ ၂ ယောက်တို့သည်လည်း မိဘများကို ဂါရဝပြုကာ နှုတ်ဆက်ခဲ့လေသည်။

“ အမေနဲ့ အဖေ ကျေးဇူးပါ”

ကျန်းဆွေ့လန်သည် မထိန်းနိုင်ပဲ မျက်ရည်ကျနေခဲ့သည်။ အဒေါ်များကတော့ ဘေးမှ ဝိုင်းနှစ်သိမ့်ပေးလေသည်။ ပြည်သူ့လုံခြုံ‌ရေးဌာနမှ လူငယ်တစ်ဦးမှာ သွားဖြီး၍ ပြုံးလိုက်ပြီး သီချင်းစဆိုလေသည်။

“ အရှေ့ဘက်ကနီနီ၊ နေထွက်လေပြီ၊ အရှေ့ဘက်တွင်တခုခုမှားနေလေသည်..”

တက်ကြွသောလူငယ်တစ်စုက သီချင်းလိုက်ဆိုကာ ကုချွင်မေစီးနင်းသော စက်ဘီးပေါ်မှ ရွှီရှန်းချန်ကလေးတစ်သိုက်တို့သည်လည်း လိုက်ဆိုခဲ့လေသည်။

ကုရှီတုန်းသည် တရှုံ့ရှုံ့နှင့်ငိုနေလေသည်။

လူအုပ်ကြီးသည် ရွှီအိမ်သို့ စာအိတ်နီယူရန်သွားကြသည်။ ထိုအခါ ကောင်စုတ်လေးသည် ငိုနေရာမှ ချက်ချင်းလိုက်သွားလိုက်သည်။

ကုချွင်မေသည် ပြုံးလိုက်ပြီး “ မင်းအစ်မကို နမ်းတာလောက် အဲ့အနီရောင်စာအိတ်က မကောင်းဘူး။”

အကြီးဆုံးအဒေါ်နှင့် ဒုတိယအဒေါ်တို့က ရယ်ကြလေသည်။

ကုချွင်မေ မင်္ဂလာဆောင်သောအခါ တမြို့လုံးအလုပ်ရှုပ်နေကြသည်။ ညနေစောင်းမှသာ လာရောက် ဂုဏ်ပြုသောသူများ ပြန်ကုန်ကြသည်။

ညနေခင်း၌ ကုမိသားစုသည် ရွှီအိမ်သို့ မိသားစုညစာသွားစားကြလေသည်။ စားပွဲခုံများ၊ ထိုင်ခုံများ၊ ရေနွေး၊ရေနွေးအိုးများဖြင့် ရှုပ်ပွနေသည်။

အားလုံးက ကူရှင်းပေးကြပြီး ကျန်းမိသားစုသည် မြည်းလှည်းဖြင့် ပြန်သွားလေသည်။ ကိုးနာရီအထိ မိသားစုတခုလုံးအလုပ်ရှုပ်နေပြီး အားလုံးပြီးတော့မှ အိမ်ပြန်အနားယူကြလေသည်။

ကုမိသားစုတစ်ခုလုံး ပျော်နေကြပြီး သုန်ဇီသည် စာအိတ်နီများကို ယူသွားလေသည်။ တာ့ထို့၏ အကိုသည် အနီရောင်စာအိတ် ငါးခု၊ ခြောက်ခုတိုးတိုးတိတ်တိတ် ပေးခဲ့သည်။ တစ်အိတ်တွင် အကြွေစေ့များပါပြီး စာအိတ် ငါးခု၊ ခြောက်ခု ဆ်ိုလျှင် တစ်ယွမ်ထက်ပိုရသည်။!

ရွှီအဖေသည် သူ၏သားကို ကုမိသားစုနှင့် သောက်ရန်ထားခဲ့သည်။

ကျန်းဆွေ့လန်သည် စိတ်ပူ၍ ခြံထဲတွင်လျှောက်နေလေသည်။

“ဟိုလူအိုကြီး သေရည်သောက်ပြီး ဘယ်အချိန်ရှိလို့ ပြန်လာရမယ်ဆိုတာ မသိဘူးပဲ! “ သုန်ဇီ သူ့ယောက်ဖအိမ်မှာ အဖေ့ကို သွား​ခေါ်လေသည်။

ကုရှီတုန်းလည်း အသံပေးလိုက်ပြီး ကွေ့ဟွားဟူးထုန်သို့သွားခဲ့သည်။

ကုမန်ဆန်သည် မူးနေပြီး အာလေးလျှာလေးဖြင့်”ငါက ဝတယ်” ဆွေ့လန်သည် မျက်လုံးကိုပင့်လိုက်ပြီး ထိုသို့ပြောတာကြားသည့်အခါ လူအိုကြီး၏ နားရွက်ကိုဆွဲလိုက်သည်။ ထို့နောက် သင်ခန်းစာပေးရန် အိမ်သို့ပြန်လာခဲ့သည်။

ကုရှီတုန်းသည် သူ၏အိပ်ရာပေါ်သို့ ခုန်တက်ပြီး စောင်အောက်ထဲ၌ စာအိတ်နီများကို ရေတွက်နေခဲ့သည်။

ကုမန်ဆန်နှင့်မတူပဲ ကုရှီအန်းမှာ မျက်ခုံးထူထူနှင့် ခြေတံရှည်ရှည်များရှိသည်။

လင်းယောင်သည် ခြံထဲ၌ ရေများဖြင့် ဆေးကြောနေသော ကုရှီအန်းကို တွေ့သောအခါ ပြတင်းပေါက်ကို ဒုန်းကနဲပိတ်လိုက်လေသည်။

အခန်း၏ဘယ်ဘက်တွင် အိပ်ရာနှစ်ခုသည် သစ်သားကြမ်းပေါ်တွင် သေသေသပ်သပ်ပင်။

လင်းယောင် ခေါက်ထားသည့်ပုံပင်။

ကုရှီအန်း ဝင်လာသော ခြေသံကြား သည်နှင့် လင်းယောင်သည် စောင်အောက်ထဲ၌ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

အရှေ့ခန်းမှ ဖယောင်းတိုင်သည် လင်းနေဆဲပင်။

ထို့နောက် အရှေ့ခန်းကို ကုရှီတုန်းက ရောက်ချလာပြီး သူ့အစ်မ မင်္ဂလာဆောင် သွားသောကြောင့် လွမ်းသည့်စိတ်နှင့် အိပ်မရ၍ ကုရှိအန်းနှင့် အိပ်ချင်ကြောင်းပြောခဲ့သည်။

လာအိပ်လို့ရပါတယ်။

လင်းယောင်သည် ထိုသို့ကြားသောအခါ စိတ်ပျော့သွားပြီး အိပ်ချင်ယောင်မဆောင်တော့ပဲ သုန်ဇီအိပ်ရန်ကြမ်းပြင်ပေါ်၌ ပြင်ဆင်ပေးရန်ထလေသည်။

ထိုအခါကုရှီအန်း၏ သန်မာသော လက်များ သူမ ခါးပေါ်တင်လိုက်ပြီး “ ပြန်အိပ် ကိုယ်ကြည့်ပြောလိုက်မယ်”

လက်ထောက်ဒါရိုက်တာကုသည် သူ၏ညီအား မျက်နှာတည်တည်ဖြင့် မောင်းထုတ်လိုက်လေသည်။

ထို့နောက်လင်းယောင်ကို ရင်ခွင်ထဲထည့်လိုက်ပြီး အနမ်းများ ပေးလိုက်သည်။ လင်းယောင်လည်း ဒေါသထွက်ပြီးရင်ဘက်ကိုလက်သီးဖြင့်ထုလေသည်။

“ထပ်နမ်းရင်ရိုက်မှာနော်”

“ကောင်းပြီလေ ချကြမယ်လေ”

ကုရှီအန်း အနည်းငယ် စိတ်လှုပ်ရှားပြီး သူ၏အသံနက်နက်သည် အနည်းငယ် အက်ကွဲနေလေသည်။

ထို့နောက် လင်းယောင်သည် တစ်ညလုံးထိုလူကြီးနှင့် ချရလေသည်။

နောက်နေ့မနက်တွင် ကုရှီအန်းသည် သူမနားနားကပ်၍ ညကချရတာကောင်းတယ် ဒီညကော ချချင်သေးလားဟူ၍မေးလေသည်။

လင်းယောင် - “…”

သူဘာဖြစ်နေတာလဲ?

All Chapters