← Chapters

အခန်း (၄၈)

Vol. 4 Ch. 48

အခန်း (၄၈)

Vol. 4 Ch. 48

လင်းယောင်သည် စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်သည်။ သို့သော် တစ်ယောက်ယောက် ရှေ့တွင်တော့ ထုတ်မပြောချင်ပေ။ သူမ အပေါ်ကားတက်ကြိတ်သလိုခံစားလိုက်ရသည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး စောင်ထဲသို့ဝင်ကာ ပြန်အိပ်နေလိုက်သည်။

မနက်ဖြန် သူမအလုပ်သွားရဦးမည်။ အလုပ်သွားဖို့မေ့လျှင် ကျိုးရှောင်ရွှယ်က ရယ်နေဦးမည်။

ကျိုးရှောင်ရွှယ်ဆိုသော ကလေးမသည် အပူအပင်ကင်းသည်။ တစ်ဖက်တွင် စိတ်အားထက်သန်ပြီး ဦးဆောင်စံပြဖြစ်သည်။ ဒါရိုက်တာကျိုး၏ သမီးဖြစ်ထိုက်ပြီး အဖေတူသမီးဖြစ်သည်။

ကျိုးရှောင်ရွှယ်သည် တခါတလေ ထုံးနည်းများမလိုက်နာသည့်အခါ လင်းယောင်ကပင် အနေခက်ရသည်။

ဇနီးမောင်နှံနှစ်ယောက် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးသောအခါ သူတို့၏အိပ်ခန်းမှာ ရှုပ်ပွနေလေသည်။ထိုအခါ လက်ထောက်ဒါရိုက်တာကြီးကပဲ အိမ်ရှင်း၊ရေခပ်၊ဖုန်သုတ်၊ ပစ္စည်းများ နေရာတကျထားခြင်းတို့ကိုလုပ်ရသည်။ အားလုံးဆေးကြောပြီးသောအခါ သူ့ဇနီးလေးနဲ့ တူတူအိပ်လေသည်။

နောက်နေ့နံနက် ၅:၃၀ တွင် ယွင်ရွှေကောင်တီ၌မွှေးကြိုင်သော ပင်လုံးကြိုင်အပင်များ ပြည့်နေလေသည်။ ကုရှီတုန်းအိပ်ချင်မူးတူးဖြင့် သူ့အစ်ကိုအိပ်ရာမှထတော့ သူလည်းအပြင်သို့ထွက်၍ ကြောင်တောင်တောင်ပင်ကြညိ့နေခဲ့သည်။နေဦး။

ဒီလိုနေ့မျိုးမှာ အားကစားလုပ်ရမယ်လား?

ကောင်စုတ်လေးသည် အိပ်ချင်မူးတူးဖြင့် နေ့တွေမှားနေခြင်းပင်။ သူ၏ အစ်မ မင်္ဂလာဆောင်မည့်နေဟုထင်နေလေသည်။

ထိုနောက်လမ်းထဲသို့ လျှောက်ကြည့်ရင်း ခြံထဲမှမီးရှုးမီးပန်းအစအနများကို တွေ့သောအခါမှသာ မနေ့ကသူ့အစ်မ မင်္ဂလာဆောင်ခဲ့မှန်း သတိရလေသည်။

လမ်း ၂ပတ်လောက် ပြေးပြီးသောအခါ ခွေးပေါက်လေးတစ်ကောင်လို မောဟိုက်နေလေသည်။ သူ၏အကိုကတော့ ပုံမှန်အတိုင်းပင် မမောပန်းပဲ ရေနှင့် ထင်းများသယ်ဆောင်လာသည်။

ဆောင်းဦးနံနက်ခင်း၏ ရာသီဥတုမှာ အေးနေပြီးဖြစ်သည်။ ကျန်းဆွေ့လန်သည် ဆံပင်ဖြီး၊ သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ကာ အိမ်ထဲမှထွက်လာခဲ့သည်။ ထိုအချိန်အားကစားလုပ်ရာမှ ဟောဟဲလိုက်၍ ဖြစ်လာသော ကုရှီတုန်းရောက်လာခဲ့သည်။ ပါးလှပ်သောဆွယ်တာနှင့် ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားပြီး အအေးမိမည်ကို ကြောက်သည့်ပုံမပေါ်ပေ။

အမေက လိုက်ရိုက်မှသာ တင်ပါးကိုကွယ်၍ ထွက်ပြေးလေသည်။

“ချီးထုတ်လေး ပြေးနှင့်ဦးပေါ့။”

ကျန်းဆွေ့လန်သည် လက်ထဲမှ တံမြက်စည်းကိုချလိုက်သည်။ ကုရှီအန်းကတော့ ပြုံးပြီးအိမ်ထဲသို့သာ ဝင်သွားခဲ့သည်။

ထို့နောက်တံခါးကိုပိတ်၊ ချွေးသုတ်ကာ အင်္ကျီလဲလေသည်။

နံနက်၇ နာရီတွင် ခြံထဲ၌လှုပ်ရှားသံများစတင်လာလေသည်။ လူတို့အိပ်ရာမှ ထကာခေါင်းလောင်းမြည်သံများ၊ရေခပ်သံတို့ဖြင့် တိတ်ဆိတ်မှုက်ို ဖြိုခွင်းလိုက်လေသည်။

မနေ့က သမီးဖြစ်သူ၏ မင်္ဂလာဆောင်ဖြစ်သည့်အတွက် ကုမန်ဆန်သည် ယမန်ညက ဝိုင်များသောက်ပြီး မိုးကြိုးပစ်သကဲ့သို့ ဟောက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်လေသည်။ သူနံနက်အိပ်ယာထ နောက်ကျသည်ဆိုတာရှားသည်။

မိုးသောက်ယံတွင် လင်းယောင်နိုးလာပြီး ဘေးနားတွင်ရှိသော နာရီကိုဟိုစမ်းဒီစမ်းဖြင့် ခေါင်းအုံးအောက်ကိုပါနှိုက်ကြည့်ခဲ့သည်။ သို့သော် နာရီကိုမတွေ့။ သူမ ညက တစ်နေရာရာမှထားခဲ့ဟန်ပင်။ ပြတင်းပေါက်မှ နေသည်လည်းအလွန်မြင့်နေလေသည်။ ချကိချင်းအိပ်ရာမှထကာ ဖိနပ်စီးပြီးစားပွဲပေါ်မှ နာရီကိုကြည့်လိုက်သည်။ကံကောင်းစွာဖြင့် နံနက် ၇ နာရီခွဲသာ ရှိသေးသည်။

အထည်စက်ရုံသည် ၈ နာရီခွဲမှသာဖွင့်သည်။ ထို့ကြောင့် မနက်စာစားရန်မီသေးသည်။

လင်းယောင် အလျင်မလိုသည့်အတွက် အင်္ကျီလဲပြီး ဆံပင်ကိုအေးအေးဆေးဆေးဖြီးနေလိုက်သည်။ ထိုနောက်ကုရှီအန်းသည် ဘေစင်သို့ရောက်လာပြီး ရေပူရေအေးစပ်ကာ သွားတိုက်ဆေးညှစ်ထုတ်ပြီး လင်းယောင်လက်ထဲသို့ ထည့်ပေးလိုက်သည်။

လင်းယောင်သည် သူ့ကို အရေးတယူလုပ်သည်ကို မနှစ်သက်ပေ။ ထို့ကြောင့် သွားတိုက်တာကြာမည်စိုး၍ ဒါရိုက်တာကုကို ဘေးဖယ်ရန် ပြောလိုက်လေသည်။

“…”

ကုမိသားစု၏ နံနက်စာသည် ပြောင်းဖူးပန်ကိတ်နှင့် ရေကြဲကြဲဆန်ပြုတ်ပင် ဖြစ်သည်။

ထို့နောက် ကျန်းဆွေ့လန်သည် ကန်စွန်းဥအိုးနှင့် အချဉ်ဖောက်ထားသော သခွါးသီးတို့ကို ထပ်မံယူဆောင်လာသည်။ နောက်ဆုံးတော့ မိသားစု စုံစုံလင်လင်စားကြသည်။

မိသားစုများမှာ ပျော်ရွှင်နေကြသည်။ ကုမန်ဆန်နှင့်သူ၏ဇနီးတို့သည်လည်း သူတို့သမီး နောက် ၃ ရက်နေရင် လာတော့မှာကို တွေးပြီးမျက်နှာတွင်လည်း အပြုံးများ ပန်ဆင်ထားလေကာ တိုးတိုးတိုးတိုးပြောဆိုနေကြသည်။

“ မိန်းမရေ သမီးက ရွှီအိမ်ရောက်မှပဲ စိတ်ချသွားတော့တယ်။”

ကုမန်ဆန်သည် မျက်နှာသစ်လိုက်ပြီး ပြုံး၍ဖိနပ်စီးနေခဲ့သည်။

“စိတ်မပူနဲ့၊စိတ်မပူနဲ့။ ကျွန်မလည်း စိတ်မပူဘူး။ အိမ်နားနီးတဲ့သူနဲ့ယူတာ သမီးအတွက်တော့ ကောင်းတာပဲလေ။”

ကျန်းဆွေ့လန်သည် အံဆွဲထဲမှ သကြားညိုကိုလက်ထဲတွင်ထည့်ပြီး အလေးချိန် ခန့်မှန်းလိုက်သည်။ သကြားညိုသည် ရှားပါးပစ္စည်းဖြစ်ပြီး တော်ရုံတန်ရုံ အိမ်ရှင်မများတွင်မရှိပေ။

ယောင်ယောင် အအေးမမိအောင်လည်း သကြားညိုရည် ကိုသောက်ရန်လိုအပ်သည်။

ကျန်းဆွေ့လန်သည် အံဆွဲထဲသို့ သကြားညိုများ ပြန်ထည့်လိုက်ပြီး အနီရောင်လက်ကိုင်ပုဝါ ၂ ခုထုတ်လိုက်လေသည်။ တစ်ခု၌ ရွှေတုံး ၂ ခုနှင့်အတူ ကျောက်စိမ်းလက်ကောက်ပါပြီး နောက်တစ်ခု၌ ပတ္တမြားပါသော ရွှေလက်ကောက် ၂ ကွင်း နှင့် အဖြူရောင်ကျောက်စိမ်းလက်စွပ်ရှိလေသည်။ ရွှေလက်ကောက်က သေချာအနုစိပ်ပုံဖော်ထားပြီး ပတ္တမြားမှာ အချိန်ကြာသောကြောင့် အနည်းငယ် အရောင်မှိန်နေသည်။

လင်းယောင်သည် သူမ၏ ယောက္ခမ လက်ထဲမှ ပစ္စည်းများကို မြင်လျှင် အံ့​ဩနေပေလိမ့်မည်။

သို့သော်ထိုပစ္စည်းများသည် မျိုးရိုးစဉ်ဆက်ပိုင်ဆိုင်ခဲ့ခြင်းမဟုတ်ပေ။

မျိုးဆက် ၅ ခုအထိ ကုမိသားစုသည် ဆင်းရဲသော လယ်သမားအဖြစ် အသက်မွေးခဲ့ရပြီး ကုအဘိုးက မြေရှင်များအတွက် သိုးကျောင်းပေးရသည်။ အဘိုး ကုသည် ထိုတန်ဖိုးကြီးသော ပစ္စည်းများကို ကတုတ်ကျင်းထဲမှ တူးယူရရှိခဲ့ခြင်းဖြစ်သည်။ သာမန်စစ်သည်တစ်ယောက်သည် ထိုအဖိုးတန်ပစ္စည်းများကို ဝယ်ဖို့မဖြစ်နိုင်ပေ။ အဘိုးကုသည် ထိုပစ္စည်းများကို မိသားစု အစဉ်အဆက် အရေးပေါ်ပိုက်ဆံအဖြစ်သုံးရန် သယ်ယူလာခဲ့သည်။

အဘိုးကု သေဆုံးပြိးသောအခါ သားနှင့်ချွေးမတို့ကို အပ်ထားခဲ့သည်။

ကုမန်ဆန်နှင့် ဇနီးတို့သည်လည်း ထိုတန်ဖိုးကြီးသော ပစ္စည်းများကို နှစ်ပေါင်းများစွာ ဖွက်ထားပြီး လွယ်လွယ်နှင့် မထုတ်ရဲကြပေ။

ကျန်းဆွေ့လန်သည် ထို ပစ္စည်းများကိုသိမ်းထားပြီး သားသမီးများကို လက်ဆင့်ကမ်းချင်သည်။

စီးပွါးရေးအခြေအနေများ ပြောင်းလဲသွားပြီး အလုပ်လုပ်သည့်ပုံစံများ မတူတော့သောကြောင့် လူအများစုသည် အလုပ်သမားစခန်းသို့ ပို့ခံရသည်။ စတီးစက်ရုံ၏ ယခင်ဒါရိုက်တာမှာလည်း သူ့ချွေးမ၏ မိသားစုနောက်ခံကြောင့် ယာယီဆိုင်းငံ့ခံထားရသည်။ ထို့အပြင် ကန်ဆုသို့သွားရပေမည်။

ထိုကိစ္စသည် အငြင်းပွါးဖွယ် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဇနီးမောင်နှံ ၂ ဦးတို့သည် အဖိုးတန်ပစ္စည်းများကို သယ်သွားပြီး နယ်ဘက်သို့ ရောက်လျှင် အိမ်၏အနောက်ဘက်တွင်ရှိသော တောင်အောက်၌တွင်းတူး၍ ဝှက်ထားမည်ဟု ဆုံးဖြတ်လိုက်သည်။

၃ရက် ကြာပြီး ကုချွင်မေ အိမ်ပြန်ရမည့်နေ့သို့ရောက်ရှိလာသည်။

မိသားစုတစ်ခုလုံး နေ့ဘက်တွင်အလုပ်ရှုပ်နေပြီး ညဘက်ရောက်မှသာ အိမ်ပြန်နိုင်ကြသည်။

ကျန်းဆွေ့လန်သည် အိမ်သို့ဦးစွာပြန်ပြီး အသီးခွဲ၊ မုန့်နှင့်လက်ဖက်ရည်များလုပ်နေလေသည်။ ရေနွေးတည်ထားသောအချိန်၌ ကုရှီအန်းသည် စက်ဘီးစီး၍ ရောက်လာခဲ့သည်။

လင်းယောင်လည်း စက်ဘီးပေါ်မှ ကြက်ဥများပါသော ဝါးလက်ကိုင်ခြင်းတစ်ခုဖြင့် ဆင်းလာလေသည်။

“ ယောင်ယောင် ကြက်ဥတွေဘယ်ကရလာတာလဲ။”

ကုအိမ်သို့လာလည်သော အဒေါ်တာ့ဖုက သိချင်၍မေးလိုက်သည်။

လင်းယောင်ကြွေအိုးထဲမှ ရေကိုခပ်သောက်ကာ ပြုံးလိုက်ရင်း “ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ဝယ်ခိုင်းလိုက်တာပါ။”

သူမ လိမ်နေသည်မဟုတ်။ ထိုလုပ်ဖော်ကိုင်ဖက်သည် ကျိုးရှောင်ရွှယ်၏ အမေဖြစ်သော ချန်နန်ပ‌စ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမမှဒါရိုက်တာဖြစ်သည်။

ချန်နန်ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမသည် ယွင်ရွှေ၌ အကြီးဆုံးဖြစ်ပြီး တစ်ခြားသမဝါယမများတွင် အဝယ်‌တော်တစ်ယောက်သာရှိသော်လည်း ၎င်းတွင်ငါးယောက်ပင်ရှိသည်။

ထိုအရာကိုကြည့်ခြင်းအားဖြင့် ချန်နန်ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမသည်ဘယ်လောက် လုပ်ငန်းကြီးသနည်းဆိုသည်ကို သိနိုင်သည်။ မနေ့ကပင် ချန်နန်ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေး သမဝါယမသည် ကြက်ဥတစ်ခြင်းပေးလိုက်လေသည်။

အဒေါ်တာ့ဖုကလည်း သိသည်။ ယွင်ရွှေကောင်တီသည်ကျယ်ပြီး စက်ရုံပိုင်ရှင်များနှင့် ထိုဒေသမှ အလုပ်သမားများကိုလည်း သိသည်။

အဒေါ်တာ့ဖုက ခေါင်းငြိမ့်လိုက်ပြီး “ ဒါရိုက်တာကျိုးရဲ့သမီးက အကူအညီပေးနိုင်တာပဲ။ သူနဲ့သိထားရင်ကောင်းတယ်”

ယခုအချိန်တွင် အိမ်ထောင်စုတစ်ခုစီအတွက် လစဉ် ကြက်ဥသတ်မှတ်၍ ပေးသည်။ အကယ်၍ စားလို့ကုန်သွားလျှင် အိမ်တွင်ဝယ်ပေးမည့်သူ တစ်ယောက်ယောက်ကို ကူညီခိုင်းသည်ဖြစ်စေ၊ ကံစမ်းချင်လျှင် မှောင်ခိုစျေးသို့သွား၍ ဝယ်နိုင်သည်။

လင်းယောင်သယ်လာသော ကြက်ဥများသည် ပုံမှန်ထက်ပိုကြီးလေသည်။

ကျန်းဆွေ့လန်မြင်သောအခါ အလွန်ပျော်သွားခဲ့သည်။

ညနေစောင်းတွင် သမက်နှင့်သမီးဖြစ်သူတို့ အိမ်ပြန်လာကြသည်။ အိမ်၌ တောဝက် ဝက်အူချောင်း တစ်ဝက်ရှိလေသည်။ လှီးလိုက်သောအခါ ပန်းကန်တစ်ဝက်သာရှိသည်။

အခုတော့ ပိုအဆင်ပြေသွားပြီ။ ယောင်ယောင်က ခြင်းလိုက် ကြက်ဥ ၁၅ လုံး၊ ၁၆လုံးလောက်ရှိတာ ယူလာခဲ့ခြင်းကြောင့်ပင်။

ကျန်းဆွေ့လန်သည် ကြက်ဥ ၄၊ ၅ လုံးကို ခေါက်လိုက်ပြီးပဲ၊ မုန့်စျေးတန်းမှ ဂေါ်ဖီအစပ် တို့ကိုရောပြီး ကြက်ဥစွပ်ပြုတ်လုပ်လေသည်။ စားဖို့အဆင်သင့်ဖြစ်လေပြီ။

ကုမန်ဆန်သည် သူ၏သမက်ကို မျက်နှာရချင်သောကြောင့် ရှီဖုန်းဝိုင်ကို ခုံပေါ်တင်၍တိုက်လေသည်။

ကုရှီတုန်းကတော့ ကြက်ဥမစားရတာကြာပြီးဖြစ်သောကြောင့် ကြက်ဥမွှေကြော်ကိုကြည့်ပြီး တံခါးနားကိုကြည့်နေခဲ့သည်။

ဘယ်အချိန်ရှိပြီလဲ? အစ်မနဲ့ အစ်ကိုကြီးထို့ထို့က ဘာလို့မလာသေးတာလဲ။

ကြက်ဥမွှေထားတာတွေ အေးကုန်တော့မယ်။!

ကောင်စုတ်လေးက ခုန်ဆွခုန်ဆွဖြစ်နေလေပြီ။ ကုချွင်မေ နှင့် ရွှီရှန်းချန်တို့ နောက်တုံးတော့ လက်ဆောင်များသယ်ပြီးရောက်လာလေသည်။

နှစ်ယောက်သား အိတ်ကြီးအိတ်ငယ်နှင့် အသားဘူးများ၊ စည်သွပ်ဘူးဖြင့်အသီးများ၊ နို့ဘူးများ၊ ဝက်ဗိုက်သားအနည်းငယ် ပါလာလေသည်။

ထိုအစားအသောက်များသည် အကုန်လုံး အကောင်းစားများသာဖြစ်ပြီး အထူးသဖြင့် စည်သွပ်ဘူးအသီးနှင့် အသားများကို သာမန်လူများ ဝယ်မစားနိုင်ပေ။

ရွှီမိသားစု ချမ်းသာမှန်း လူတိုင်းသိသော်လည်း ထိုမျှလောက်ချမ်းသာမည်ဟု မထင်ထားကြပေ။

ပထမဆုံး ဝက်ဗိုက်သားနှင့် အသားစည်သွပ်ဘူးများရောင်းချခဲ့သည်။ အခြားဒေသမှ အိမ်ရှင်မ မိန်းကလေးများကို နှစ်ဘူး၊ သုံးဘူး အလကားပေးသည်။ ဘာလို့ ရွှီမိသားစုသည် အလွန်အပေးအကမ်း ရက်ရောရသနည်း?

အန်တီစွင်းက ဗလုံးဗထွေး ပြောနေခဲ့သည်။ သူ့သမီးပြန်လာလျှင် ခေါက်ဆွဲခြောက်တွေသာပါလာသည်။ ထို့သို့ သမီးမျိုးရသည်ကို ရှက်သည်။ ကြိုသာသိလျှင် သူမ သားများများ ပိုမွေးခဲ့မည်ဖြစ်သည်။

ဦးလေးကျန်းက ကြည့်လိုက်ပြီး “ ဘာလို့ ချန်းကျီကျီ မကောင်းကြောင်း ပြောနေတာလဲ?”

“ဘာလို့မပြောရမှာလဲ ။ ဘာမှအဆင်မပြေတဲ့သမီးက သားတစ်ယောက်လောက်တောင် အသုံးမကျဘူး။”

“ပိုက်ဆံကတန်ဖိုးကြီးတယ်။ ကလေးမရှိရင် ဘဝကဘာမှထူးမှာမဟုတ်ဘူး။”

လင်မယားနှစ်ယောက် စကားများကြလေသည်။

ကျန်းဟောင်တံခါးဝမှ ပြူကြည့်လိုက်သောအခါ ရွှီရှန်းချန်၏ လက်ထဲတွင် အိတ်ကြီးအိတ်ငယ်ဖြင့် အသားဘူးများတွေ့သွားပြီး မြေခွေးသားကောင်ရသလို မျက်လုံးများတောက်ပသွားလေသည်။

ကုမိသားစုက အသားဘူးရနေပြီ!

အခွင့်ရေးကို ချောင်းပြီး ခိုးရမည်။

သားမက်အသစ်လေးဖြစ်သော ရွှီရှန်းချန်ကို အားလုံးက ဝိုင်းကြိုဆိုကြသည်။

ထမင်းဝိုင်းတွင်လည်း ကျန်းဆွေ့လန်က ဟင်းများထည့်ပေးကာ “များများစား၊ ကြည့်ပါဦးပိန်လိုက်တာ၊ များများစားမှ အသားဖြစ်မှာ။”

ရွှီရှန်းချန် သွားဖြီးပြီးပြုံးလိုက်ကာ သွပ်သွင်းသလိုစားပြီး ဘေးမှ ကုရှီအန်းကို မာန်တက်နေသည့်ပုံဖြင့်ကြည့်လိုက်သည်။

ကြည့်ပါဦး! ကြည့်ပါဦး! ငါတို့အခြေအနေလည်း မဆိုးပါဘူး။

ကုရှီအန်းက မမြင်ချင်ယောင်ဆောင်၍ လင်းယောင်အတွက် စွပ်ပြုတ်ထဲမှ ဟင်းရွက်များ ခပ်ပေးနေသည်။

ကုချွင်မေကတော့ ဘာမှမပြောဘဲ ကြောင်နေသော ရွှီရှန်းချန်ကိုသာ ကြည့်နေခဲ့သည်။

လင်းယောင်က သူမကို ပြုံးပြလိုက်သည်။

စားသောက်အပြီးတွင် ထမင်းဝိုင်း၌ရေများ၊ ဟင်းရည်များ ပေကျံနေသည်။ ဒါရိုက်တာကုက အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ပန်းကန်များကို ဖယ်လိုက်ကာ ကုမိသားစု၏ စံပြပင်ဖြစ်နေလေသည်။

လင်းယောင် သူမခြေထောက်ဆေးရန် ခေါ်လိုက်ပြီး ကုရှီအန်းက ရေသယ်လာလေသည်။

ရွှီရှန်းချန်သည် ရယ်ချင်တာကို ထိန်းနေခဲ့သည်။

ကျောက်ရုပ်လို မျက်နှာတည်တည်ဖြင့် ပြည်သူ့လုံခြုံရေးဌာန၏ လက်‌ထောက် ဒါရိုက်တာသည် ပန်းကန်ဆေးရုံသာမက မိန်းမခြေထောက်ဆေးရန်ပင် ရေခပ်ပေးနေရခြင်းကြောင့်ပင်။ ကြည့်ရတာ လောင်ကု၏ မိသားစုထဲမှ နေရာသည်လည်း မမြင့်မားလှပေ။

All Chapters