← Chapters

ရှေးဟောင်းခေတ်လျှို့ဝှက်ချက်များ

Vol. 24 Ch. 350

ရှေးဟောင်းခေတ်လျှို့ဝှက်ချက်များ

Vol. 24 Ch. 350

ထာဝရနတ်မယ် သက်ပြင်းချသည်။ ဤအဖြစ်သည် ခေတ်ကာလ၏ ဝမ်းနည်းစရာလက္ခဏာတစ်ခုဟု သူခံစားရသည်။

"နင်တို့ခေတ်ကဘာလို့ မဟုတ်တမ်းတရားကောလဟာလတွေ ဒီလောက်ပေါရတာလဲ။ မသေမျိုးတွေကိုတောင် အပုပ်ချရဲကြတယ်ပေါ့"

ခေတ်လူတစ်ယောက်ဖြစ်၍ နတ်မယ်၏ဩဝါဒများကို သူနားထောင်ပြီး ကိုယ့်ကိုယ်ကို လေးလေးနက်နက် ပြန်သုံးသပ်ပါမည်ဟု လုယန်ကတိပေးလိုက်သည်။

"ယင်ထန်မသေမျိုးက တကယ်လူကောင်းတစ်ယောက်ပါ။ မသေမျိုးမဖြစ်ခင်က ငါတိုက်ခိုက်တာ သူအကြိမ်ကြိမ်ခံခဲ့ရပေမယ့်...သူကံဆိုးခဲ့ပေမယ့်...ဘာပဲပြောပြော သူက နှစ်တစ်သောင်းမှာ တစ်ယောက်ပေါ်ထွန်းခဲတဲ့ နာမည်ကျော်ပါရမီရှင်ပါပဲ။ မသေမျိုးဖြစ်ပြိးနောက်မှာ ဒီလိုအပုပ်ချခံရမယ်လို့ ဘယ်သူတွေးမိခဲ့မှာလဲ"

အခြေအနေကို လက်လွတ်မခံဘဲ လုယန်မေးသည်။

"ယင်ထန်မသေမျိုးမှာ မိန်းမ ဒါမှမဟုတ် သားသမီးရှိလား"

"မရှိဘူးထင်တယ်။ ဒါပေမယ့် မိန်းမတွေနဲ့ပတ်သက်ရင်တော့ သူကအတော်ရေပန်းစားတယ်"

"ဘယ်လိုမျိုးလဲ"

"သာမန်အမြင်နဲ့ကြည့်ရင် ယင်ထန်က ထူးထူးခြားခြား ချောမောခံ့ညားတယ်လေ။ ဒါပေမယ့် ငါကတော့ သူ့ကိုအဲလို တစ်ခါမှမမြင်ပါဘူး။ သူ့မျက်နှာရောင်ကိုင်းလာတဲ့အထိ ငါအမြဲတမ်းရိုက်နှက်ခဲ့လို့လားတော့မသိဘူး။

မသေမျိုးမဖြစ်ခင်က သူ့ကိုသဘောကျတဲ့ စွမ်းအားမြင့်မိန်းကလေးကျင့်ကြံသူတွေ သူ့ကိုမကြာခဏ အတင်းခေါ်သွားတတ်တယ်။ ဒီလိုဖြစ်တာ တစ်ခါနှစ်ခါမကဘူး။ ငါကိုယ်တိုင်မြင်တာတောင် ငါးကြိမ်မကဘူး။ အဲလိုသတင်းတွေလည်း ငါအများကြီးထပ်ကြားခဲ့တယ်"

"...အတော်မနာလိုဖြစ်စရာပဲ..အင်း..အတော်ကံဆိုးတာပဲလို့ ပြောတာပါ"

လုယန် ရှေးဟောင်းလျှို့ဝှက်ချက်ကျမ်းကို ဆက်ဖြတ်သည်။ ရှေးဟောင်းမသေမျိုးလေးယောက်အကြောင်း ကိုးကားဖော်ပြချက်များတွေ့သည်။ သို့သော် ယင်ထန်မသေမျိုးနာမည်ကိုသာ အထူးအလေးပေးဖော်ပြထားသည်။ တစ်ခြားမသေမျိုးသုံးယောက်ကို 'နတ်ဆိုးမသေမျိုး' သို့မဟုတ် 'မသေမျိုးတစ်ယောက်'ဟု ရည်ညွှန်းထားသည်။

"ကြည့်ရတာ ရှေးဟောင်းမသေမျိုးလေးယောက်ထဲမှာ ယင်ထန်မသေမျိုးက ဒီနေ့ခေတ် နာမည်အကျော်ကြားဆုံးဖြစ်မယ်။ ဒါမှမဟုတ် ဝိညာဉ်ကျောက်သုံးထောင်တန်စာအုပ်တစ်အုပ်ဖြစ်လို့ ဇာတ်လမ်းအပြည့်အစုံ မပါတာလည်းဖြစ်နိုင်တယ်"

လျှပ်စီးဆင်းရဲကို ဖန်တီးခဲ့သည်ကိုကြည့်လျှင် ယင်ထန်မသေမျိုး၏နာမည်ကို လူသိအများဆုံး သို့မဟုတ် အဆင့်မြင့်ကျင့်ကြံသူများ အမုန်းဆုံးဖြစ်မည်ဟု လုယန်ထင်မိသည်။

"ဒါကိုကြည့်ပါ။ နဂါးနဲ့ဖီးနစ်ဘိုးဘေးတွေရဲ့ ရှေးဟောင်းခေတ်တိုက်ပွဲအကြောင်းကိုတောင် ဖော်ပြထားတယ်။ ဖီးနစ်ဘိုးဘေးက မီးကပြန်မွေးဖွားတဲ့နည်းလမ်းကို သုံးခဲ့တယ်တဲ့"

မုန်ကျင်းကျိုး စာမျက်နှာတစ်ခုကို လက်ညှိုးထိုးပြသည်။ ရင်းနှီးနေသည့် ဇာတ်လမ်းကိုမြင်ရသဖြင့် သူစိတ်လှုပ်ရှားမိသည်။

ထိုထက်ပိုတိကျသည့်ဇာတ်လမ်းကို လော်ဖုန်းကောင်တီတွင် ဖီးနစ်မျိုးနွယ်စစ်စစ်ထံမှ သူကြားခဲ့သည်။ အကြမ်းဖျင်းအဖြစ်အပျက်များက စာအုပ်ထဲရေးထားသည့်အတိုင်းပင်ဖြစ်သည်။

လုယန် စိတ်ပျက်လက်ပျက် နားထင်နှစ်ဘက်ကို လက်ဖြင့်ပွတ်သည်။ ရှေးဟောင်းသုတေသီတို့၏အလုပ်သည် တကယ်ခက်ခဲသည်ဟု ခံစားရသည်။ သူတို့ပင်ပင်ပန်းပန်း သုလေ့လာထားသည့်အကြောင်းအရာများက တကယ်အဖြစ်အပျက်နှင့် များစွာကွဲလွဲနေတတ်သည်။

"ရှေးဟောင်းနတ်ဆိုးမျိုးနွယ်လေးခုထဲက ကပ်ဆိုးမျိုးနွယ်တွေရဲ့ လျှို့ဝှက်ချက်တစ်ခုအကြောင်းလည်းပါတယ်။ ကပ်ဆိုးမျိုးနွယ်က မျက်နှာမပါ၊ ကျားမလိင်မပါဘဲ မွေးဖွားကြတယ်တဲ့။ သူတို့ရဲ့လိင်နဲ့ ရုပ်ရည်ကို အရွယ်ရောက်လာရင် စိတ်ကြိုက်ပြုပြင်ရွေးချယ်နိုင်တယ်။ ရှေးဟောင်းခေတ်မျာ ကပ်ဆိုးမျိုးနွယ်က စည်းမျဉ်းတစ်ခုထားခဲ့တယ်။ ကျင့်ကြံသူလောကမှာ စွမ်းအားကိုလေးစားရမယ်တဲ့။ အားကြီးသူကို အားနည်းသူက အညံ့ခံရမယ်။ အားကြီးသူကို ယောက်ျား(အထီး)လို့ သတ်မှတ်ပြီး အားနည်းသူကို မိန်းမ(အမ)လို့သတ်မှတ်တယ်"

"အဲဒါအမှန်ပဲလား"

လုယန် နတ်မယ်ကို အတည်ပြုပေးရန် မေးသည်။

နတ်မယ် ခေါင်းငြိမ့်သည်။

"အင်း...အဲဒါအမှန်ပဲ။ နင်တို့ကြားဖူးတဲ့ ကပ်ဆိုးမျိုးနွယ်ဆိုတာ ဘာမှအတိအကျသတ်မှတ်ချက်မရှိတဲ့ ပရမ်းပတာပုံစံနဲ့မွေးဖွားကြတာ။ ပတ်ဝန်းကျင်က ဗီဇသဘာဝကို ပြောင်းလဲပေးတဲ့ ရှားပါးမျိုးစိတ်တွေထဲက တစ်ခုပဲ။ အကြောင်းအကျိုးဆက်စပ်မှုကို ပြောင်းပြန်လှန်ထားတဲ့ သက်သေလို့တောင် ပြောလို့ရမယ်ထင်တယ်။

သူတို့စည်းမျဉ်းက ရိုးရှင်းပါတယ်။ အားကြီးသူက အားနည်းသူရဲ့လိင်ကို ဆုံးဖြတ်နိုင်တယ်။

ဒီစည်းမျဉ်းက ဘာမှချွင်းချက်မရှီပါဘူး။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကပ်ဆိုးမျိုးနွယ်မှာ အဲဒီတုန်းက ထူးခြားပါရမီရှင်တစ်ယောက် ပေါ်လာတ်။ နဂါးနဲ့ဖီးနစ်ပါရမီရှင်တွေနဲ့ တန်းတူအဆင့်မရှိပေမယ့် ကပ်ဆိုးမျိုးနွယ်သမိုင်းမှာ အားအကြီးဆုံးထိပ်တန်းသုံးယောက်ထဲက တစ်ယောက်ပဲ။

ဒီလူက ဟာရမ်စနစ်ကို ထိန်းသိမ်းပြီး ရင်ခုန်စိတ်လှုပ်ရှားမှုရှာတဲ့ ဝါသနာမျိုးရှိတယ်။ ဒီတော့ သူ့မျိုးနွယ်ဝင်တိုင်းကို အနိုင်ယူပြီး အားလုံးကို မိန်းမအဖြစ်ပြောင်းပစ်တယ်။

ကပ်ဆိုးမျိုးနွယ်က ရုပ်ရည်ကို စိတ်ကြိုက်ပြုပြင်နိုင်ကြတယ်ဆိုတော့ အားလုံးက မိန်းမလှတွေအသွင်ပြောင်းသွားတာပေါ့။

အဲလိုနဲ့ တစ်ချိန်တုန်းက အရေအတွက်အများကြီးရှိခဲ့တဲ့ ကပ်ဆိုးမျိုးနွယ်မှာ ယောက်ျားဆိုလို့ သူတစ်ယောက်ပဲ ရှိ‌တော့တယ်။ ကျန်တာတွေအားလုံး မိန်းမတွေဖြစ်ကုန်တယ်။ သူတို့မျိုးနွယ် မျိုးဆက်တုန်းတော့မယ့် အနေအထားရောက်လာတယ်။

အဲဒီ့အချိန်ကျမှ ချီလင်မသေမျိုးက ကြားဝင်လာတယ်။ သူ့ဆန္ဒတွေကို ထိန်းချုပ်ဖို့ အကြံပေးတယ်။ ကပ်ဆိုးမျိုးနွယ်ကိုလည်း သူတို့စည်းမျဉ်းတွေကိုပြောင်းဖို့ ဖျောင်းဖျတယ်။

နောက်ပိုင်းမှာ ကပ်ဆိုးမျိုးနွယ်က စည်းမျဉ်းကိုပြင်ဆင်ပြီး လူတိုင်း လိင်အမျိုးအစားကို ကိုယ်တိုင်ရွေးချယ်ခွင့် ပြုလိုက်တယ်။ အဲဒီ့နောက်ပိုင်း ဒီစည်းမျဉ်းထပ်ပြောင်းမပြောင်း ဘယ်သူသိနိုင်မှာလဲ"

လုယန် - "..."

မုန်ကျင်းကျိုးကို ထိုအကြောင်း မပြောပြခြင်းကပိုကောင်းသည်။ သူအရမ်းမနာလိုဖြစ်လာနိုင်သည်။

"ထင်းခုတ်သမားတစ်ယောက်ရဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လည်း ပါသေးတယ်။ သူတောင်ပေါ်ကို ထင်းသွားခုတ်ရင်း ဂူတစ်ခုထဲမှာ မသေမျိုးနှစ်ယောက် ကျားကစားနေတာကို အမှတ်မထင်တွေ့တယ်။ ကျားပွဲက တာအိုနဲ့စကြာဝဠာစည်းမျဉ်းတွေ ပေါင်းစပ်ထားတယ်။ ကျားပွဲပြီးသွားချိန်ရောက်တော့ ဂူအပြင်ဘက်က မြေပြင်အနေအထား လုံးဝပြောင်းလဲသွားပြီဆိုတာ ထင်းခုတ်သမားနားလည်လိုက်တယ်။ နှစ်ပေါင်းတစ်ရာ ကုန်လွန်သွားပြီတဲ့။

ထာဝရဂိုဏ်းရဲ့ ပထမဂိုဏ်းချုပ်ရဲ့ဇာတ်လမ်းက ဒီရှေးဟောင်းဒဏ္ဍာရီကို အခြေခံပြီး စပေါ်ခဲ့တာဖြစ်မယ်"

လုယန် ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

"ကျုပ်အထင်မမှားရင် ဒီရှေးဟောင်းမသေမျိုးနှစ်ယောက်ထဲက တစ်ယောက်ဟာ အချိန်မသေမျိုးဖြစ်လိမ့်မယ်။ ထင်းခုတ်သမား ကျားပွဲကို နှစ်တစ်ရာကြည့်နိုင်အောင် သူပဲလုပ်နိုင်မှာလေ"

ထာဝရနတ်မယ် တခစ်ခစ်ရယ်သည်။

"နင်မှန်းတာ မှားပြီ။ ကျားကစားနေတဲ့နှစ်ယောက်က ယင်ထန်မသေမျိုးနဲ့ ချီလင်မသေမျိုးပါ။ ကျားကစားနည်းကို အရူးအမူးစွဲလန်းနေတဲ့နှစ်ယောက်လေ။

အဲဒီတုန်းက သူတို့လေးယောက်လုံးကို ငါ့အိမ်မှာ လာစားသောက်ဖို့ ဖိတ်ခဲ့တယ်။ သူတို့အားလုံး လက်ခံကြတယ်။ ဒါပေမယ့် ယင်ထန်မသေမျိုးနဲ့ ချီလင်မသေမျိုးက ကျားကစားရင်းတန်းလန်းမလို့ ကစားပွဲပြီးမှလာခဲ့မယ်လို့ပြောတယ်။ ငါလည်း ရပါတယ်လို့ ပြောလိုက်တာပေါ့။

ငါ့စောင့်တယ်...စောင့်တယ်။ ဒါပေမယ့် သူတို့က ပေါ်မလာဘူး။ ဒါနဲ့ ကိုးဆမသေမျိုးကို ထင်းနည်းနည်းသွားခုတ်ဖို့ ပြောလိုက်တယ်။ ကျားကစားနေတဲ့နှစ်ယောက်ကို အ‌ခြေအနေဝင်ကြည့်ခဲ့ဦးမယ်လို့ သူပြောတယ်။ ဒါပေမယ့် သူထွက်သွားပြီးတော့ လုံးဝပြန်မလာဘူး။

အဲဒီ့တုန်းက ချီလင်မသေမျိုးလည်း သွားကြည့်တယ်။ သူပြန်လာတော့ ငါ့ကိုပြောတယ်။ သူတို့က ကျားပွဲထဲမှာ တာအိုကိုနားလည်အောင် ကြိုးစားနေတာတဲ့။ သွားနှောက်ယှက်လို့မဖြစ်ဘူးတဲ့။ ဒါဆို ငါတို့နှစ်ယောက်ပဲ စားကြတာပေါ့လို့ ငါပြောလိုက်တယ်။ ဒါပေမယ့် အချိန်မသေမျိုးကငြင်းတယ်။ အားလုံးက မသေမျိုးတွေပါတဲ့။ အဆိုးအကောင်းကို အတူမျှဝေသင့်တယ်တဲ့။ စားမယ်ဆိုလည်း အတူစားကြမယ်။ မစားဘူးဆိုလည်း ဘယ်သူမှ မစားသင့်ဘူးတဲ့။ ငါတို့နှစ်ယောက်ပဲ စားသောက်နေပြီး ကျန်တဲ့သုံးယောက် ဗိုက်ဆာနေရင် မသင့်တော်ဘူးတဲ့။

သူပြောတာ သဘာဝကျပါတယ်လို့တွေးပြီး ငါအချိန်နည်းနည်းထပ်စောင့်တယ်။ အဲလိုစောင့်တာ နှစ်တစ်ရာကြာသွားတာပဲ။

နှစ်တစ်ရာကြာပြီးတော့ အစားအသောက်တွေကလည်း အေးစက်သွားပြီလေ။ ငါတို့ လုံးဝမစားဖြစ်တော့ဘူး"

နတ်မယ် နည်းနည်းစိတ်မကောင်းဖြစ်နေသည်။ ယင်ထန်နှင့်ချီလင်တို့သည် ကျားပညာအလွန်ညံ့သည်ဟု သူယူဆသည်။ နှစ်တစ်ရာကြာအောင် ကစားသည့်တိုင် ကျားပွဲကအဆုံးမသတ်။

လုယန် - "..."

အကန့်အသတ်မရှိသက်တမ်းပိုင်ရှင် မသေမျိုးများသည် နှစ်ပေါင်းတစ်ရာကို အမှန်တကယ်ထိုသို့အချိန်ဖြုန်းကြသည်။

ယင်ထန်နှင့်သူအဖော်များသည် တကယ်ဇွဲကောင်းကြသည်။ ထမင်းတစ်နပ်ကိုရှောင်ဖို့ နှစ်တစ်ရာကြာအောင် ကျားကစားနိုင်ကြသည်။

ဤစာအုပ်သည် တကယ့်ရှေးဟောင်းအဖြစ်အပျက်များနှင့် အနည်းငယ်ကွဲပြားသော်လည်း ပညာရှင်များ၏လေ့လာချက်အပေါ် အခြေခံထားခြင်းဖြစ်သည်။ အားလုံး လိမ်ဆင်များချည်းမဟုတ်။ ဇာတ်လမ်းများထဲတွင် အနှစ်ချုပ်အမှန်တရားမျိုးပါသည်။

ယင်ထန်မသေမျိုး မိန်းမလှများသဘောကျသည်ဟူသည့် ကောလဟာလ ဘာကြောင့်ရှိနေသည်ကိုတော့ လုယန်မတွေးတတ်။ လေ့လာသည့်နည်းလမ်းများတွင် အမှားအယွင်းရှိခဲ့၍ သို့မဟုတ် လေ့လာသည့်သတင်းရင်းမြစ်များက မှားနေ၍ဖြစ်မည်။

လုယန်နှင့် မုန်ကျင်းကျိုးတို့ လမ်းဘေးဆိုင်တစ်ခုအနီးမှ ဖြတ်သွားချိန်တွင် လုယန် တစ်ချက်လှမ်းကြည့်မိသည်။ ရွှေရောင်ဘုံကျောင်းငယ်တစ်ခု၊ ကျောက်စိမ်းသန့်စင်ပုလင်းတ်စလုံးနှင့် ဆေးဓာတ်များ ဖြေးဖြေးချင်းလျော့ပါးနေသည့် အလုံပိတ်ထားသည့် ဆေးလုံးများ၊ ကျိုးနေသည့် ဓားပျံတစ်လက် စသည့်ပစ္စည်းများ မြင်နေရသည်။

"နေဦး လုယန်။ ဟိုဓားပျံကိုတွေ့လား။ တကယ်ကံကောင်းလို့တွေ့တာပဲ။ အဲဒါ တစ်ချိန်က ချီလင်မသေမျိုးသုံးခဲ့တဲ့ဓားပျံပဲ"

နတ်မယ် တအံ့တဩ ပြောသည်။ လုယန် စိတ်လှုပ်ရှားလာပြီး ချက်ချင်းခြေလှမ်းရပ်သွားသည်။

ားပျံက ကျိုးနေသည်။ မူလပုံစံနှင့် အတော်ကွာခြားနေသည်။ ချီလင်မသေမျိုး၏ဓားကို သုံးလေးကြိမ်သာမြင်ဖူးသဖြင့် ထာဝရနတ်မယ် ရုတ်တရက်မမှတ်မိခြင်းဖြစ်သည်။

"ဘယ်လို"

လုယန် ရင်ခုန်သံတစ်ချက်ရပ်သွားသည်။ ယခုလိုနေရာမျိုးတွင် ချီလင်မသေမျိုးသုံးခဲ့သည့်ဓားကို တွေ့ရမည်ဟု ထင်မထားခဲ့။ မသေမျိုးလက်နက်တစ်ခုဖြစ်သည်။

နောက်ဆုံးတော့ နတ်မယ်ဟူသည့် မနောမယရွှေလက်ညှိုးက တကယ်အသုံးတည့်လာပြီဖြစ်သည်။

"ခဏနေဦး...ဒါက ချီလင်မသေမျိုး အခြေတည်အဆင့်မှာတုန်းက သုံးခဲ့တဲ့ဓားတော့ မဟုတ်ဘူးမို့လား"

လုယန် နတ်မယ်ကို သံသယမျက်လုံးဖြင့်ကြည့်၍ မေးလိုက်သည်။

သူ့မယုံမှန်းသိသဖြင့် နတ်မယ် စိတ်တိုသွားသည်။

"နင်ဘာလို့ ဒီစကားမျိုးပြောတာလဲ။ မဟုတ်ပါဘူး။ ဒီဓားဟာ ချီလင်မသေမျိုး မသေမျိုးဘဝရောက်ပြီးမှ ကိုင်ခဲ့တဲ့မသေမျိုးဓားပါ။ ချီလင်က ယင်ထန်မသေမျိုးကို မိုးကြိုးစွမ်းအားသုံးပြီး ဒီဓားကိုဖန်တီးပေးဖို့ အထူးတလည်တောင်းဆိုခဲ့တာ"

လုယန် အပျော်လုံးဆို့သွားသည်။ ယင်ထန်မသေမျိုးက သန့်စင်ဖန်တီး၍ ချီလင်မသေမျိုးအသုံးပြုခဲ့သည့်ဓား။ ဤဓားပျံ၏တန်ဖိုးက တစ်ရှိန်ထိုးမြင့်တက်သွားပြီဖြစ်သည်။

တကယ်ပွပေါက်တိုးခြင်းဖြစ်သည်။

All Chapters