← Chapters

ကံထူးခြင်း

Vol. 24 Ch. 351

ကံထူးခြင်း

Vol. 24 Ch. 351

"ဆိုင်ရှင်၊ ဒီပုလင်းက ဘယ် လောက်လဲ"

လုယန် ဆောင့်ကြောင့်ထိုင်၍ ပုံမှန်လေသံအတိုင်း မေးလိုက်သည်။

"မိတ်ဆွေက တကယ်မျက်လုံးကောင်းတာပဲ။ ဒီကျောက်စိမ်းသန့်စင်ပုလင်းကို နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖွင့်ခဲ့တဲ့ လျှို့ဝှက်နယ်မြေတစ်ခုက ရခဲ့တာပါ။ ဒီထဲကရေမှာ ထိုက်ယိရေစင်ပေါင်းစပ်ပါဝင်နေတယ်။ ဈေးနှုန်းက ဝိညာဉ်ကျောက်ရှစ်သောင်းပါ"

လုယန် မျက်ခုံးလှုပ်သွားသည်။ ဓားပြတိုက်နေခြင်းလားဟု တွေးမိသည်။ ရွှေသန္ဓေအဆင့်ကျင့်ကြံသူတစ်ယောက်၏ ပိုင်ဆိုင်မှုသည်ပင် ဝိညာဉ်ကျောက်တစ်ရာဝန်းကျင်လောက်သာရှိသည်။

ထို့ပြင် ထိုထဲမှ ထိုက်ယိရေစင်သည် အကြိမ်တစ်သောင်းလောက် အထပ်ထပ်ရောစပ်ထားခြင်းဖြစ်ကြောင်း ကိုယ့်ဆီးရည်ကိုယ်ပြန်သုံးခြင်းက ထိုပေါင်းစပ်အရည်ထက် ပိုအာနိသင်ရှိဦးမည်ဖြစ်ကြောင်း ထာဝရနတ်မယ်က သူ့ကိုပြောသည်။

ဈေးထဲတွင် ဉာဏ်မထက်လျှင် ဗဟုသုတမရှိလျှင် သို့မဟုတ် အကဲခတ်ညံ့လျှင် အလိမ်ခံရဖို့ လွယ်ကူသည်။

"ဒီဆေးတွေရဲ့အာနိသင်ကဘာလဲ"

"ကျင့်ကြံသူတွေအတွက် သူတို့ရွှေသန္ဓေကို တစ်ခါတည်းနဲ့ အောင်မြင်ဖို့ ခက်ခဲတယ်။ ဒီဆေးတွေက သန္ဓေတည်ဆောက်မှုကို ခြောက်ဆယ်ရာနှုန်းတိကျအောင် လှုံ့ဆောက်နိုင်ပါတယ်။ အောင်မြင်မှုနှုန်း တိုးစေတယ်။ တစ်ပုလင်းကို ဝိညာဉ်ကျောက်သုံးသောင်းပါ"

ဈေးသည်က စိတ်အားထက်သန်စွာကြေညာသည်။

လုယန်နှင့် မုန်ကျင်းကျိုး နားမလည်ဟန်ဖြင့် အချင်းချင်းကြည့်ကြသည်။ သန္ဓေတည်ဆောက်ခြင်းသည် တစ်ခါတည်းအောင်မြင်သည့်ကိစ္စသာ မဟုတ်လား။

လုယန် ပုလင်းကိုခါကြည့်၍ ပြုံးလိုက်သည်။

"ဆိုင်ရှင်၊ ခင်ဗျားက မရိုးသားဘူးပဲ။ ချိတ်ပိတ်နည်းလမ်း သုံးထားလည်း ဆေးအာနိသင်က ယိုစိမ့်နေတုန်းပဲ။ တစ်ပုလင်းသုံးသောင်းဈေးက ပြည့်စုံတဲ့ ဆေးအတွက်ပါ။ ဒီလိုအဆင့်မမီတဲ့ဈေးအတွက်မဟုတ်ဘူး။

ဈေးသည် အားတင်း၍ပြုံးလိုက်သည်။ လုယန်၏ ထက်မြက်သည့်အမြင်ကို ကျိတ်၍အံ့ဩမိသည်။ သူ့ပစ္စည်းများအကြောင်းသိသည့် လူတစ်ယောက်နှင့် လာကြုံနေရသည်။

"ဒီဓားပျံကေရာ ဘယ်လိုလဲ။ လျှို့ဝှက်နယ်မြေပိုင်ရှင်သုံးခဲ့တဲ့ဓားလို့တော့ ကျုပ်ကိုမပြောနဲ့နော်"

လုယန် ပုံမှန်လေသံဖြင့်ပြောသည်။ သူ့သဘောထားကို ဈေးသည် သေချာမသိ။

ဈေးသည်က လုယန်စိတ်ကို မရိပ်မိသော်လည်း မုန်ကျင်းကျိုးက သိသည်။ လုယန် အစဆုံး ဆေးပုလင်းကို လမ်းခင်းသော်လည်း တကယ့်ရည်ရွယ်ချက်အစစ်က ဤဓားပျံဖြစ်သည်။

ဤဓားကျိုးထဲတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေသလား။

"ဒီဓားပျံက မာကျောခိုင်ခံ့တဲ့ပစ္စည်းနဲ့ လုပ်ထားတာပါ။ ရာစုနှစ်ချီပြီးခံတယ်။ နတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် အသုံးပြုဖို့မထိုက်တန်ပေမယ့် သူတို့ရဲ့ အနီးကပ်တိုက်ပွဲသုံးရတနာတစ်ခုပါ။ တိုက်ပွဲကြီးတစ်ပွဲ ဖြတ်သန်းခဲ့ရတယ်။ ပြန်ပြင်ရမယ့် ကုန်ကျစရိတ်က သူ့တန်ကြေးထက်များနေတယ်။ ဒါကြောင့် လျှို့ဝှက်နယ်မြေမှာ ကျန်နေခဲ့တာပါ"

ဈေးသည်က ယုံကြည်ချက်အပြည့်ဖြင့် ကြေညာသည်။ နတ်ဝိညာဉ်ကျင့်ကြံသူ ဤဓားသုံး၍ တိုက်ခိုက်ခဲ့သည်ကို ကိုယ်တိုင်မြင်ခဲ့သလိုလိုပုံစံမျိုးဖြစ်သည်။

လုယန် သူပြောသည့် ပုံပြင်ကိုမယုံပါ။ သို့သော် နောက်ထပ်ပြဿနာတစ်ခုကို တွေးမိသည်။ မသေမျိုးဓားတစ်လက်က ဘာကြောင့် ယခုလို ဆိုးဆိုးဝါးဝါးပျက်စီးခဲ့သနည်း။ နှစ်ရာထောင်ချီကြာပြီးသော်လည်း ဤအခြေအနေမျိုးတော့ မဖြစ်သင့်။

မဟာတိုက်ပွဲကြီးတစ်ခု တကယ်ဖြတ်ကျော်ခဲ့ရသဖြင့် ဤဓား ကျိုးခဲ့လေသလား။

ရန်သူက ဘယ်သူလဲ"

"တော်ပါတော့။ တစ်ခြားလူတွေကိုသာ ဒီဇာတ်လမ်းနဲ့ အရူးလုပ်လို့ရချင်ရမယ်။ ကျုပ်မရိပ်မိဘူးမထင်နဲ့။ ဒီဓားရဲ့အရည်အသွေးက ညံ့လွန်းလို့ ရွှေသန္ဓေကျင့်ကြံသူတွေတောင် သုံးချင်မှာမဟုတ်ဘူး။ အခြေတည်အဆင့်တစ်ယောက်ရဲ့ ဓားဖြစ်ဖို့များတယ်"

ဈေးသည် ဓား၏မူလဇစ်မြစ်ကို မသိသော်လည်း လုယန်ကို ဓားတန်ဖိုးဖြတ်ခွင့်မပေးနိုင်။

"ဒါတကယ် လျှို့ဝှက်နယ်မြေပိုင်ရှင် ရွှေသန္ဓေအဆင့်တုန်းက သုံးခဲ့တဲ့ဓားပါ။ အခြေတည်အဆင့်သုံးခဲ့တဲ့ဓား မဖြစ်နိုင်ပါဘူး"

လုယန် အရေးမစိုက်သည့်အမူအရာပြသည်။

"ဝိညာဉ်ကျောက်သုံးထောင်။ ဒီဓားက ပျက်စီးနေပြီဆိုတော့ ပြန်ပြင်ဖို့ ငွေထပ်ကုန်ဦးမှာ"

"အနည်းဆုံး ဝိညာဉ်ကျောက်နှစ်သောင်းပါ"

"ဒါဆို သွားတော့မယ်"

လုယန် ထရပ်၍ လျှောက်သွားသည်။

"နေပါဦး၊နေပါဦး၊ ငါတို့ညှိနှိုင်းလို့ရပါတယ်။ ဝိညာဉ်ကျောက်တစ်သောင်းရှစ်ထောင်တော့ ပေးပါ"

"ငါးထောင်"

လုယန် အေးစက်စက်ပြန်ပြောသည်။

ဆိုင်ရှင် အံတင်းတင်းကြိတ်လိုက်သည်။ နေရာစုံသို့လှည့်လည်၍ သူဆိုင်ဖွင့်ဆေးရောင်းခဲ့သည်။ သို့သော် ဤဓားက အတော်ပျက်စီးနေပြီဟုယူဆဖြင့် ဘယ်သူမျမဝယ်ကြ။ ယခု ချင်းကျိုးပွဲတော်ရောက်မှ စိတ်ဝင်စားသည့် ဝယ်လက်တစ်ယောက်တွေ့သည်။ နောက်ထပ်အခွင့်အရေးရဖို့ ဘယ်လောက်ကြာဦးမည် ဘယ်သူမှမသိနိုင်။

"ငါးထောင်ပဲပေါ့လေ။ မိတ်ဖြစ်ဆွေဖြစ်ရောင်းတယ်လို့ပဲ သဘောထားလိုက်ပါပြီ"

လုယန် လိုချင်သည့်ဓားကို ရလာချိန်တွင် မုန်ကျင်းကျိုးက သိစိတ်အသံလှိုင်းမှ စိတ်ဝင်တစားမေးသည်။

"ဒီဓားရဲ့သမိုင်းကြောင်းက ဘယ်လိုလဲ"

"ရှေးဟောင်းမသေမျိုးတစ်ယောက် သုံးခဲ့တဲ့ဓား"

မုန်ကျင်းကျိုး မျက်လုံးပြူးသွားသည်။ လုယန်ကို အားကျသည့်အကြည့်ဖြင့်ကြည့်သည်။ ဤတစ်ကြိမ် လုယန် တကယ်ပွပေါက်တိုးခြင်းဖြစ်သည်။

အစက ဓား၏ဇစ်မြစ်ကို ဆိုင်ရှင်အား လှည့်ပတ်မေးချင်ခဲ့သည်။ သို့သော် နတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်၏ လျှို့ဝှက်နယ်မြေမှဓားဟု ချက်ချင်းကြေညာသဖြင့် မေးနေလည်း ဘာအကျိုးမှရှိမည်မဟုတ်တော့။

ဈေးနှုန်းတင်နိုင်ရန်အတွက် ဈေးသည်များသည် ပစ္စည်းများ၏နောက်ခံကို ပိုပိုသာသာတန်ဆာဆင်လေ့ရှိကြသည်။ ဤဓားသည် နတ်ဝိညာဉ်လျှို့ဝှက်နယ်မြေတစ်ခုမှ ရခဲ့သည့်သဘောမျိုးပြောသည်။

အချိန်တစ်ခုတွင် နတ်ဝိညာဉ်ကျင့်ကြံသူ ကောက်ရခဲ့သည့်ပစ္စည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မူလဇစ်မြစ်ကို ခြေရာခံ၍မရနိုင်။

လုယန် ဓားကိုအနီးကပ် စစ်ဆေးကြည့်သည်။ ပျက်စီးနေသည်။ သို့သော် သွေးကွက်များ အက်ကြောင်းများမရှိ။ ကျိုးပြတ်ပုံက အကြမ်းဆန်သည်။ အတင်းချိုးထားသကဲ့သို့ ထင်ရသည်။

သူ့ဓားဝိညာဉ်ဗီဇစိတ်အရ ထိုဓားသည် တစ်ချိန်က ထူးခြားသည့်ဓားတစ်လက်ဖြစ်ခဲ့ကြောင်း အလိုလို သိနေသည်။

"ချီလင်မသေမျိုးက ဓားကျင့်ကြံသူလား"

"ထာဝရနတ်မယ် ခေါင်းခါသည်။

"မဟုတ်ဘူး။ ချီလင်က ဓားတ်တွေမသုံးပါဘူး။ ကဲပါ..တစ်ခြားပစ္စည်းကောင်းလေးတွေ ဆက်ရှာကြည့်ရအောင်"

"နေပါဦး၊ ချီလင်မသေမျိုးက ဓားတွေမသုံးဘူးဆိုရင် ဒီဓားပျံက ဘာလုပ်ဖို့လဲ"

"ဪ...ငါနင့်ကို မပြောရသေးဘူးလား။ ချီလင်မသေမျိုး ဇာတ်လမ်းရှုပ်တဲ့အခါတိုင်း နဂါးနဲ့ဖီးနစ်မိန်းမနှစ်ယောက်က ဓားပျံ့တွေကို လေးထောင့်မှော်စက်ဝန်းထဲမှာစီထောင်ထားပြီး ချီလင်မသေမျိုးကို ဓားဦးချွန်တွေထက်မှာ ဒူးထောက်ခိုင်းတယ်။

ဒီတော့ ချီလင်က ယင်ထန်ကို အသွင်ခံ့ညားတဲ့ ဓားပျံတစ်တွေလုပ်ခိုင်းတယ်။ အသွားထက်ပြီး အရောင်တောက်ရမယ်။ ဒါပေမယ့် အန္တရာယ်မရှိရဘူး။ ရေမြှုပ်မွေ့ယာပေါ် ဒူးထောက်နေသလို ဖြစ်ရမယ်။

နောက်တော့ နဂါးနဲ့ဖီးနစ်က ဒီဓားတွေအကြောင်း သိသွားတော့ ဒေါသထွက်ပြီး ဓားပျံအားလုံးကို ချိုးပစ်ကြတယ်။ နင့်လက်ထဲက ဓားပျံက အဲဒီဓားတွေထဲက တစ်ခုပဲ"

လုယန် - "..."

ထိုအစုတ်ပလုတ်ဓားအတွက် ဝိညာဉ်ကျောက်ငါးထောင် သုံးလိုက်ရသည်။

ထာဝရနတ်မယ် တကယ့်ရတနာအစစ်ကို ကူရှားပေးပြီဟု သူထင်ခဲ့သည်။ မုန်ကျင်းကျိုးအတွက်လည်း ရတနာတစ်ခု ကူရှာပေးဖို့ တောင်းဆိုရန် စိတ်ကူးခဲ့သည်။

သို့သော်ယခု ထိုအတွေးကို လက်လျှော့လိုက်မှ ပိုကောင်းမည်ထင်သည်။ မုန်ကျင်းကျိုးး ဝိညာဉ်ကျောက်များကို နတ်မယ် အလဟဿ ဖြုန်းတီးသည့်အဖြစ်မျိုး မလိုချင်။

"သခင်၊ လသံလွင်မသေမျိုးနန်းတော်၊ ဓာတ်ငါးမျိုးဂိုဏ်းနဲ့ ထောင်ချုပ်ဂိုဏ်းက တပည့်တွေ ရောက်လာပါပြီ။ တံခါးဝင်မှာစောင့်နေပါတယ်။

လက်ထောက်က ရိုရိုသေသေလာသတင်းပို့သည်။

ထိုစကားကြားသည်နှင့် ချင်းကျိုးနယ်စား ခေါင်းတစ်ချက်ငြိမ့်သည်။ မသေမျိုးငါးဂိုဏ်းအဖွဲ့ဝင်များကို သူအလေးထားသည်။

"သုံးဂိုဏ်းပဲလား။ တာအိုလမ်းစဉ်ဂိုဏ်းနဲ့ စွန်စီးဘုံကျောင်းကရော မရောက်သေးဘူးလား။ ကဲပါ...သူတို့ကို အထဲခေါ်လိုက်"

ချင်းကျိုးပွဲတော်သည် ချင်းကျိုးအစိုးရနှင့် နယ်ခံထိပ်သီးဂိုဏ်းတစ်ချို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ မသေမျိုးငါးဂိုဏ်းမှ တပည့်များလာလျှင် ပွဲတော်၏ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်မည်။

"ဒီမှာနယ်စားအဖြစ် ထမ်းဆောင်ခဲ့တဲ့ တာအိုလမ်းစဉ်ဂိုဏ်းဘိုးဘေးဟာ တကယ့်စံနမူနာကောင်းတစ်ခု ပြသနိုင်ခဲ့တာပဲ"

နယ်စား သက်ပြင်းချသည်။ တာအိုလမ်းစဉ်ဂိုဏ်းမှလူများသည် သိပ်စိတ်မချရသော်လည်း သူတို့၏ သူမတူသည့်စိတ်ကူးစိတ်သန်းများက ထိပ်တန်းအဆင့်ရှိသည်။

မည်သို့ဆိုစေ ချင်းကျိုးပွဲတော်သည်ပင် တာအိုလမ်းစဉ်ဂိုဏ်းမှာသည့် စိတ်ကူးဖြစ်သည်။

ထိုပွဲတော်အောင်မြင်စွာ ကျင်းပနိုင်လျှင် အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။

ချင်းကျိုးပွဲတော်၏ လူစိတ်အဝင်စားဆုံးကိစ္စက ကျင့်ကြံသူများကြား နှီးနှောဖလှယ်ပွဲဖြစ်သည်။ သို့သော် မသေမျိုးငါးဂိုဏ်းက သူတို့ချင်း ဂိုဏ်းတွင်းပါရမီရှင် နှီးနှောဖလှယ်ပွဲများရှိသည်။ ထို့ကြောင့် ဤပွဲကို အထူးတလည်စိတ်ဝင်စားခြင်းမရှိ။

လူလွှတ်ခြင်းမှာ ချင်းကျိုးအုပ်ချုပ်သူများကို မျက်နှာသာပေးသည့်သဘောမျိုးဖြစ်သည်။

"ဘာလို့ရပ်နေသေးတာလဲ။ သွားလေ"

နယ်စားက ငိုင်ရပ်နေသည့် သူ့လက်ထောက်ကို နားမလည်ဟန်ဖြင့်ကြည့်သည်။

"သခင်၊ ပြဿနာလေးနည်းနည်းရှိပါတယ်။ မသေမျိုးဂိုဏ်းက တပည့်တွေအတွက် နေစရာမရှိတော့ဘူးထင်တယ်"

"မြို့ပြင်စခန်းတွေက‌ရော"

"သခင့်ညွှန်ကြားချက်အတိုင်း အဆင့်မြင့်ကျင့်ကြံသူတွေကို ချင်းကျိုးရဲ့ဧည့်ဝတ်ကျေမှုပြဖို့ နေရာပေးထားပါတယ်"

"ဒါဆို တောင်ခြေက တည်းခိုခန်းတွေရှိတာပဲ"

"အားလုံးပြည့်နေပါပြီ"

"ဒါဆို ယာယီတည်းခိုဆောင် ဆောက်လိုက်ကွာ"

"နေရာလွတ်မရှိပါဘူး။ မြို့သစ်နေရာကို ဒီဇိုင်းဖော်ကတည်းက လူများများပိုနေရာပေးနိုင်အောင် ရနိုင်သမျှနေရာလွတ်တိုင်းကို ထည့်သွင်းထားတာပါ"

နယ်စား အကြပ်ရိုက်သွားသည်။ မသေမျိုးငါးဂိုဏ်းမှ တပည့်များပွဲလာတက်ခြင်းသည် တကယ်ကောင်းသည့် ကိစ္စဖြစ်သည်။ သို့သော် ကိုယ့်ဘက်မှ ဧည့်ဝတ်မကျေလျှင် နောက်ကို ဖိတ်ခေါ်ရခက်သွားမည်။

"ငါတို့တည်ဆောက်ထားတဲ့ အိမ်တော်တွေ တစ်ခုတစ်လေတောင် မကျန်တော့ဘူးလား"

နယ်စား မျှော်လင့်ချက်မလျှော့သေး။ ထပ်စဉ်းစားရန် လက်ထောက်ကို တိုက်တွန်းသည်။

လက်ထောက်က ရုတ်တရက် တစ်ခုခုကို သတိရလာဟန်ရှိသည်။

"လူတွေထားလို့ရတဲ့ နေရာတစ်ခုရှိပါတယ်။ ခြံဝင်းကလည်း ကျယ်တယ်။ အခန်းလွတ်တွေ အများကြီးရှိတယ်။ ကျုပ်တို့အစိုးရပိုင်အဆောက်အဦးပါ။ အဲဒီမှာနေဖို့ ဝိညာဉ်ကျောက်လည်း တစ်တုံးမှပေးစရာမလိုဘူး။ အားလုံးက သခင့်အမိန့်ပေါ်မှာပဲ မူတည်ပါတယ်"

နယ်စားမျက်လုံးများ အရောင်လက်လာသည်။

"အဲဒါ ဘယ်နေရာလဲ"

"အကျဉ်းထောင်ပါ"

All Chapters