အဆင့်ကွာသူကို အနိုင်ယူခြင်း
Vol. 24 Ch. 355
"ရွှေသန္ဓေအဆင့်လား"
"ဆယ့်ရှစ်နှစ်မပြည့်ခင် ရွှေသန္ဓေအဆင့်ရောက်တယ်ပါ့။ ဘယ်လိုကျင့်စဉ်ပါရမီမျိုးလဲကွာ"
"ကြောက်စရာကောင်းတဲ့ပါရမီလို့ပြောရင် လွန်မယ်မထင်ဘူး"
"ဒါမျိုးက သမိုင်းမှာတောင် တွေ့ရခဲတယ်မဟုတ်လား"
"တွေ့ရခဲတယ်တဲ့လား။ သမိုင်းမှတ်တမ်းတွေအရ နှစ်လေးငါးရာမှာတစ်ယောက်တောင် ပေါ်ထွက်နိုင်တာမျိုးမဟုတ်ဘူး"
လူအုပ်ကြီးက လန်ထင်တို့သုံးယောက်၏အသက်အမှန်ကို မသိကြ။
အမှန်တော့ သူတို့သုံးယောက်တွင် ပိုင်မင်က အကြီးဆုံးဖြစ်သည်။ ဆယ့်ရှစ်နှစ်ကို သုံးလေးလကျော်သည်။
လန်ထင်၊ ယန်ထန်ကျိတို့က ဆယ့်ရှစ်နှစ်ပြည့်ဖို့ လအနည်းငယ်လိုသေးသည်။
ပြိုပွဲဝင်များအတွက် ဖိအားသိသိသာတိုးလာသည်။ အထူးသဖြင့် ယုံကြည်မှုအပြည့်ဖြင့် ရောက်လာသည့် ပါရမီရှင်ဆိုသူများဖြစ်သည်။ အခြေတည်အဆင့်ရောက်အောင် ပင်ပင်ပန်းပန်းကြိုးစားခဲ့ကြသည်။ ပြိုင်ဘက်ကို အနိုင်ပိုင်းပြီး ချန်ပီယံနေရာရမည်ဟု ယုံကြည်ထားကြသည်။
ရွှေသန္ဓေအဆင့်တ်စယောက် ပြိုင်ပွဲဝင်လာမည်ဟု လုံးဝမထင်ခဲ့။ ဘယ်လိုကံကြမ္မာမျိုးလဲမသိ။
ပြိုင်ပွဲဝင်များကြားတွင် လူတစ်ယောက်သာ စိတ်လှုပ်ရှားသည့်အပြုံးမျိုးဖြင့် သူ့ဘာသာရေရွတ်နေသည်။
"ရွှေသန္ဓေအဆင့်လား။ အင်း..စိတ်ဝင်စးစရာပဲ"
အနက်ရောင်ဝတ်ရုံနှင့်လူဖြစ်သည်။ မျက်နှာကို မမြင်ရ။
အလယ်ပိုင်းတိုက်နယ်တွင် သူခရီးလှည့်နေခဲ့သည်။ ချင်းကျိုးမှဖြတ်သွားချိန်တွင် ပွဲတော်နှင့်တိုးသည်။ ပြိုင်ပွဲဝင်ချင်စိတ်ပေါ်လာသည်။
တစ်ခြားလူများအမြင်တွင် သူသည် အခြေတည်အစောပိုင်းအဆင့်သာဖြစ်သည်။ သို့သော် သူ့စွမ်းအားအစစ်က ထိုထက်များစွာပိုသည်။
သူ့နာမည် ကျိုးဖန်ကော။ အခြေတည်နောက်ဆုံးအဆင့်။
"မသေမျိုးဂိုဏ်းကတပည့်နဲ့ ငါတစ်ခါမှမတိုက်ခိုက်ဖူးသေးဘူး။ ဒီလုယန်က ငါ့ထက်ကျင့်ကြံမှုနှုန်း ပိုမြန်တယ်။ ဒါပေမယ့် တိုက်ပွဲမှာ ကျင့်စဉ်အဆင့်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူး။
သူ့ကျင့်ကြံနှုန်း မြန်ရင်တောင် အများကြီးတော့ မမြန်နိုင်ဘူး။ ရွှေသန္ဓတည်ဆောက်ပြီးစပဲ ဖြစ်မယ်"
ရွှေသန္ဓေအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သူအနိုင်ယူဖူးသည်။ တိုက်ခိုက်ရသည်က နည်းနည်းတော့ခက်သည်။ သို့သော် နောက်ဆုံးတွင် သူအောင်ပွဲခံနိုင်ခဲ့သည်။
"ငါမနိုင်စရာ အကြောင်းမရှိပါဘူး။ ဟား..လုယန်၊ မင်းက ငါ့ဓားကိုသွေးဖို့ ထိုက်တန်ပါစေလို့ မျှော်လင့်ပါတယ်ကွာ"
......
"အဆင်သင့်ပြင်တော့။ မင်းအလှည့်ရောက်တော့မယ်"
လုယန်က မုန်ကျင်းကျိုးကို လက်သီးချင်းဆိုင်ဂုဏ်ပြုရင်း ပြောသည်။ ထိုမျှလူစည်ကားသည့် နှီးနှောဖလှယ်ပွဲမျိုး ပထမဆုံးပါဝင်ဖူးခြင်းဖြစ်၍ နှစ်ယောက်လုံး အတော်ပျော်နကြသည်။
"သူတို့အားလုံး မျိုးဆက်တူတွေပဲ။ သူတို့ကြားထဲမှာ စွမ်းအားကြီးပြိုင်ဘက်တစ်ချို့ ပုန်းကွယ်နေနိုင်တယ်"
မုန်ကျင်းကျိုးက ရယ်သည်။
"တိုက်ခိုက်တဲ့အခါ ငါဘယ်တုန်းက ခွန်အားပြည့်မသုံးဘဲ နေခဲ့ဖူးလို့လဲ"
သူတို့သည် တိုက်ခိုက်ရာတွင် အမြဲတမ်းသတိထားကြ။ ပေါ့ပေါ့ဆဆလုံးဝမလုပ်။
သူတို့ လက်သီးချင်းထိုး၍ အောင်ပွဲခံနေသည်ကိုကြည့်ရင်း ဒိုင်လူကြီးထိုင်ခုံမှလန်ထင် မျက်ခုံးလှုပ်လာသည်။ ပိုင်မင်ကို သိစိတ်အာရုံမှ လှမ်းပြောသည်။
"မုန်ကျင်းကျိုးအလှည့်ရောက်ရင် မှတ်ချက်ပေးတဲ့ကိစ္စ ရှင်လုပ်ပါ"
လန်ထင်၏ လူသတ်ရိပ်သည့်အကြည့်ကြောင့် ပိုင်မင် လေးပင်စွာ ခေါင်းငြိမ့်လိုက်ရသည်။
…
ပြိုင်ပွဲ ဆက်ကျင်းပသည်။ တစ်ပွဲထက်တစ်ပွဲ ပိုစိတ်လှုပ်ရှားစရာကောင်းလာသည်။ သက်တူရွယ်တူပြိုင်ဘက်များဖြင့် ရင်ဆိုင်ရခြင်းဖြစ်၍ ဘယ်သူမှ မပေ့ါဆရဲ။ သေချာတွက်ချက်လှုပ်ရျားသည်။ လျိုထားသည့် မှော်ပညာများသုံးသည်။ စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာများ သုံးသည်။
နှစ်ဘက်လုံး အစွမ်းကုန်ထုတ်သုံးသည်။ ကြည့်ရှုသူများ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်အားပေးသည်။
ပါရမီရှင်များကို ကာကွယ်ဖို့တာဝန်ယူ၍ လိုက်လာကြသည့် ဝါရင့်ကျင့်ကြံသူများပါ ယခုနှစ်ပြိုင်ပွဲဝင်များ၏ အရည်အသွေးကို သဘောကျသဖြင့် ခေါင်းတငြိမ့်ငြိမ်လုပ်နေကြသည်။
"ပွဲစဉ်တွေက တစ်ဝက်ကျိုးတော့မယ်ထင်တယ်။ အခုပြိုင်ပြီးသွားတဲ့လူတွေအပါအဝင် အခြေတည်အဆင့် ငါးယောက်မြင်ရပြီ။ ပြီးခဲ့တဲ့နှစ်က ဒီလောက်မများဘူး"
"မှန်တယ်။ အထူးသဖြင့် ငါးယောက်မြောက်ပြိုင်ပွဲဝင်ပဲ။ အခြေတည်အလတ်တန်းအဆင့်ရှိတယ်။ အရင်နှစ်တွေကဆို သူပထမနေရာရမှာသေချာတယ်"
.....
ပြိုင်ပွဲဝင်စာရင်းကို တစ်ချက်ကြည့်၍ ပိုင်မိတ်မိတ်ဆက်ကြေညာသည်။
"ကျုပ်တို့ရဲ့ နောက်ထပ်ပြိုင်ပွဲဝင်ကတော့ စန်းဟိုင်ဂိုဏ်းမှ ရှန်တာ့ရွှေပါ။ နောက်ထပ် အလားအလာကောင်းတဲ့ ပါရမီရှင်ပြိုင်ပွဲဝင်ဖြစ်ပါတယ်။ သူက အခြေတည်အစောပိုင်းအဆင့်ပါ။ ရေဓာတ်မှော်ပညာတွေ သူကျွမ်းကျင်ပါတယ်။ အထူးသဖြင့် ရေကိုထိန်းချုပ်နိုင်တဲ့ပညာက အံ့ဩလောက်စရာပါပဲ"
ရေထိန်းချုပ်ပညာအကြောင်း ကြေညာရှင်း ပိုင်မင် အလိုလိုမျက်ခုံးလှုပ်မိသည်။ လုယန်သူ့ကို ရေကွင်းမှော်ပညာဖြင့် အနိုင်ယူခဲ့သည်ကို ပြန်သတိရလာသည်။
ရှန်တာ့ရွှေမျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ အခြေတည်အစောပိုင်းအဆင့် ကနဦးပြိုင်ပွဲများကို ဖြတ်ကျော်ရန် သူကြိုတင်ပြင်ဆင်ထားသည်။
"ရှန်တာ့ရွှေရဲ့ ပြိုင်ဘက်ကလည်း နောက်ဆုံးမှစာရင်းသွင်းခဲ့တဲ့ တာအိုလမ်းစဉ်ဂိုဏ်းက မုန်ကျင်းကျိုးဖြစ်ပါတယ်"
မုန်ကျင်းကျိုးက ပြုံးလျက် ပိုင်မင်ကို လက်ဝှေ့ယမ်းပြသည်။
"ဘာလို့ တာအိုလမ်းစဉ်ဂိုဏ်းဝင် နောက်တစ်ယောက်ထပ်ပေါ်လာတာလဲ"
ပိုင်မင်မျက်နှာမှအပြုံးများ ရပ်တန့်သွားသည်။ တစ်ယောက်နှင့် အားမရ၍ နှစ်ယောက်လွှတ်ကြခြင်းများလား။
ချင်းကျိုးပွဲတော်သည် ခမ်းနားစည်ကားလွန်းသဖြင့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်နှစ်ယောက် ဝင်ပြိုင်ဖို့လိုအပ်ခြင်းလားမသိ။
ရှန်တာ့ရွှေ စိတ်ကိုတည်ငြိမ်အောင် ထိန်းလိုက်သည်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဆိုတိုင်း ရွှေသန္ဓေအဆင့် ဟုတ်ချင်မှဟုတ်မည်။ ဆယ့်ရှစ်နှစ်မပြည့်မီ အခြေတည်အဆင့်ရောက်သူများကိုပင် နှစ်တစ်ရာတွင်တစ်ခါမြင်ရဖို့ ခဲယဉ်းလှသည်။
မုန်ကျင်းကျိုသည် အလွန်ဆုံး အခြေတည်နောက်ဆုံးအဆင့်သာ ဖြစ်လိမ့်မည်။ သေချာအကွက်ချ၍ တိုက်ခိုက်လျှင် နိုင်ခြေရှိသေးသည်။
ရှန်တာ့ရွှေ ကိုယ့်ကိုယ်ကိုအားပေး၍ သူ့အင်္ကျိလက်ထဲမှ ပုလင်းငယ်တစ်လုံး ထုတ်လိုက်သည်။ အရှေ့ပင်လယ်မှ ဈေးကြီးပေး၍ ဝယ်ထားရသည့် ရေတစ်မျိုးပါသည်။ သန့်စင်သည်။ ရေဓာတ်ပညာရပ်များအတွက်သုံးဖို့ အကောင်းဆုံးရေဖြစ်သည်။
"ရေထိန်းချုပ်ပညာ၊ ပုံရိပ်မြွေ"
ရေငွေ့များ ထိုးထွက်လာသည်။ ရေလှိုင်းများ ရိုက်ခတ်လာသည်။ အရှေ့ပင်လယ်ရေက ပါးလွှာသည့် အမျှင်တန်းများအသွင်ဖြင့် ပုလင်းငယ်ထဲမှ ထွက်လာသည်။
ရေမျှင်များ စုစည်း၍ အသွင်ပြောင်ပြီး ကြောက်စရာမြွေတစ်ကောင်ဖြစ်လာသည်။
"သွားတော့"
မြွေက နီရဲသည့်ပါးစပ်ကိုဟ၍ ဆူနာမီလှိုင်းတစ်ခုလိုအော်မြည်လျက် မုန်ကျင်းကျိုးထံ ပြေးဝင်လာသည်။ ကြောက်စရာ့မြွေစွမ်းအင်ရောင်ကြောင့် ရှိနေသူအားလုံး မင်သက်မိသွားကြသည်။
"ကောင်းကင်တုန်ခြောက်ကွက်"
မုန်ကျင်းကျိုး သိုင်းဟန်ခင်း၍ ရေလှိုင်းမြွေကို လက်သီးတစ်ချက်ဖြင့် ထိုးချေဖျက်ဆီးသည်။
မြွေခန္ဓာကိုယ်က ရေစက်များအဖြစ် ပေါက်ကွဲသွားသည်။ သူ့လက်သီးက အားရှိန်မသေသေးဘဲ ရှန်တာ့ရွှေမျက်နှာရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။ လက်သီးအားကြောင့် ရှန်တာ့ရွှေ့ ဟန်ချက်ပျက်သွားပြီး စင်မြင့်ပေါ်မှ ခွေးကျဝက်ကျ ကျသွားလေသည်။
ပိုင်မင် - '..."
'မင်းက ရွှေသန္ဓေအဆင့်ဖြစ်နပြီး ပွဲစစချင်း ကောင်းကင်တုန်ခြောက်ကွက်ကို သုံးတယ်ပေါ့။ မင်းနဲ့တိုက်ခိုက်နေတာ လုယန်ထင်လို့လား'
ပိုင်မင် လေးနက်တည်ကြည်သည့်အသံဖြင့် မှတ်ချက်ပေးသည်။
"ရေထိန်းချုပ်ပညာရဲ့ ပုံရိပ်တုပမှုအဆင့်ကို သုံးဆင့်ခွဲနိုင်ပါတယ်။ မြွေပုံရိပ်၊ ရေနဂါးပုံရိပ်နဲ့ နဂါးပုံရိပ်ပါ။ ပုံမှန်ဆိုရင် အခြေတည်နောက်ဆုံးအဆင့်ရောက်မှ ရေထိန်းချုပ်ပညာကို ကျွမ်းကျင်နိုင်တယ်လို့ သတ်မှတ်ကြပါတယ်။ ရှန်တာ့ရွှေဟာ အခြေတည်အစောပိုင်းအဆင့်နဲ့ ရေထိန်းချုပ်ပညာသုံးပြီး မြွေပုံရိပ်ကိုဖော်ထုတ်နိုင်တာ တကယ်လေးစားစရာပါပဲ။
ပြိုင်ပွဲမဝင်ခင်က သူအများကြီး အားစိုက်လေ့ကျင့်ခဲ့တယ်ဆိုတာ သိသာပါတယ်။ ရေပညာရပ်တွေကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတယ်။ သူ့အသက်အရွယ်နဲ့ ဒီလိုလုပ်နိုင်တဲ့လူ အလွန်ရှားပါတယ်။ ဒီလိုနားလည်နိုင်စွမ်းမျိုး ကျုပ်ရဲ့ဂျူနီယာတစ်ချို့မှာပဲ တွေ့ခဲ့ဖူးပါတယ်။
အနိုင်အရှုံးဆိုတာ ကျင့်စဉ်ခရီးရဲ့ အစိတ်အပိုင်းပါ။ ဒီပွဲမျာ ရှုံးသွားတဲ့အတွက် ရှန်တာ့ရွှေ စိတ်ဓာတ်မကျဖို့ မျှော်လင့်ပါတယ်။ ရေပညာရပ်တွေကို ပိုကျွမ်းကျင်လာအောင် ဆက်လေ့ကျင့်စေချင်ပါတယ်။
မုန်ကျင်းကျိုးက ရွှေသန္ဓေအဆင့်ပါ။ ကျုပ်သုံးသပ်ချက် ပြီးဆုံးပါပြီ"
ပရိတ်သတ်ထံမှ စကားသံများ ဆူညံစွာ ပေါ်လာပြန်သည်။ ယခု တာအိုလမ်းစဉ်ဂိုဏ်းကို လေးစားအားကျသူများ ပြည့်နေသည်။
ရွှေသန္ဓေအဆင့်။ ဆယ့်ရှစ်နှစ်မပြည့်သေးသည့် နောက်ထပ်ရွှေသန္ဓေအဆင့်တစ်ယောက်။
တာအိုလမ်းစဉ်ဂိုဏ်း တကယ်ထိုမျှစွမ်းအားကြီးလေသလား။
တစ်ယောက်တည်းဆိုလျှင် ဖြစ်တောင့်ဖြစ်ခဲဟု သတ်မှတ်နိုင်သည်။ ယခု ပြိုင်ဘက်ကင်းပါရမီရှင်နှစ်ယောက် တစ်ပြိုင်တည်းပေါ်လာသည်။
ပထမလက်ရည်စမ်းပွဲစဉ် ပြီးဆုံးသွားသည်။ အထင်ရှားဆုံး ရွှေသန္ဓေအဆင့်များဖြစ်သည့် လုယန်နှင့်မုန်ကျင်းကျိုးအပြင် အခြေတည်အဆင့် အထူးချွန်ဆုံးပြိုင်ပွဲဝင် ဆယ်ယောက်ရှိသည်။ ချီစုစည်းမှုထိပ်ဆုံးအဆင့် ငါးယောက်မြောက်ပြိုင်ပွဲဝင်ကို ပရိတ်သတ်များ စိတ်မဝင်စားကြတော့။
လုယန် တိုက်ခိုက်ရသည်ကို အတော်ပျော်ရွှင်နေသည်။ သူ့နောက်ပြိုင်ဘက်နှစ်ယောက်ကလည်း အခြေတည်အစောပိုင်းအဆင့်သာရှိသည်။
ပြိုင်ဘက်ကင်းသန္ဓေက ပုံမှန်အတိုင်းတိုက်ခိုက်ဖို့သာ အကြံပေးသည်။
အတိတ်ကို သူလွမ်းသလိုလိုဖြစ်လာသည်။ ယခုလိုလွယ်ကူသည့် တိုက်ပွဲမျိုး မတိုက်ခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
ထာဝရနတ်မယ်ကလည်း ထိုမြင်ကွင်းကိုကြည့်၍ အတိတ်ကိုအောက်မေ့နေဟန်ရှိသည်။ ရှေးဟောင်းခေတ်က အဆင့်မတူသည့်ပြိုင်ဘက်များကို တိုက်ခိုက်ခဲ့သည့် သူ့ရွှေရောင်နေ့ရက်များဆီ ပြန်ရောက်နေသလို ခံစားရသည်။ လုယန်ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားချင်ကြောင်း နားပူနားဆာလုပ်သည်။
လုယန် မတတ်သာတော့သဖြင့် တတိယပွဲစဉ်အတွက် နတ်မယ်ကို ခန္ဓာကိုယ်လွှဲပေး၍ ပျော်ခွင့်ပေးလိုက်ရသည်။
မုန်ကျင်းကျိုးလည်း လုယန်လိုပင်ဖြစ်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်ပြီးကတည်းက ဓာတ်ငါးမျိုးဂိုဏ်းနှင့် တိုက်ခိုက်သည်မှလွဲ၍ သက်တူရွယ်တူချင်း ကောင်းကောင်းတိုက်ခိုက်ခွင့်မရခဲ့။
ကိုယ်နှင့်ရွယ်တူပြိုင်ဘက်များနှင့် တိုက်ခိုက်ရသည်မှာ တကယ်ကျေနပ်စရာကောင်းလှသည်။
သူက ပို၍ပင်ကံကောင်းသေးသည်။ နောက်ပြိုင်ဘက်နှစ်ယောက်က ချီကျင့်ကြံမှုထိပ်ဆုံးအဆင့်သာရှိသည်။
ပျော်ရွှင်စွာ ရယ်မောနေသည့် လုယန်နှင့်မုန်ကျင်းကျိုးကိုကြည့်၍ လန်ထင်တို့သုံးယောက် သူတို့ကို မသိသလိုဟန်ဆောင်နေချင်ိစတ် ပေါက်နေသည်။
ပွဲစဉ်အုပ်စု လေးခုတိုက်ခိုက်ပြီးနောက် ဆန်ကာတင် ထိပ်တန်းရှစ်ယောက် ထွက်ပေါ်လာသည်။
မပါမဖြစ်သေချာနေသည့် လုယန်နှင့် မုန်ကျင်းကျိုးအပြင် ကျန်သည့်ပြိုင်ပွဲဝင်များက ကျင့်စဉ်အဆင့်ဖုန်းကွယ်ထားသည့် ကျိုးဖန်ကော၊ အခြေတည်အလတ်တန်းဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အခြေခံအစောပိုင်းအဆင့် လေးယောက်ဖြစ်သည်။
ပြိုင်ပွဲစည်းမျဉ်းအရ ဆန်ကာတင်ရှစ်ယောက်လုံး စင်မြင့်ပေါ်တက်၍ ပြိုင်တူတိုက်ခိုက်ကြရမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်နှင့် အဆင်ပြေသလိုလှုပ်ရှားနိုင်မှုစွမ်းရည်ကို စစ်ဆေးခြင်းဖြစ်သည်။