အကျိုးအမြတ်များသည့် ပြိုင်ပွဲ
Vol. 24 Ch. 356
"အခြေတည်အဆင့်ခြောက်ယောက်၊ ရွှေသန္ဓေအဆင့်နှစ်ယောက်၊ ဒီအရေအတွက်မျိုးက..."
ကံကောင်းထောက်မ၍ ဆန်ကာတင်စာရင်းဝင်သူများ အခက်တွေ့နေကြသည်။
အစဉ်အလာအရ ထိပ်တန်းရှစ်ယောက် သိုင်းပြိုင်ကွင်းတွင် နှစ်ယောက်တစ်တွဲယှဉ်ပြိုင်၍ ဖိုင်နယ်တက်ပြီး ပ၊ဒု၊တ အဆင့်ခွဲရမည်ဖြစ်သည်။
ယခုချိန်ထိ ဂိုဏ်းအကြီးအကဲများအကူအညီဖြင့် နည်းဗျူဟာများကို ချမှတ်စီစဉ်ခဲ့သည်။ ပြိုင်ဘက်များကို ဘယ်လိုရှင်းထုတ်မလဲ တွက်ချက်သည်။ တတ်နိုင်သမျှ ပြိုင်ပွဲတွင်ဆက်နေနိုင်အောင်ကြိုးစားသည်။
အစီအစဉ်ချမှတ်ဆောင်ရွက်သော်လည်း ကန့်သတ်ချက်မရှိ။ အယောင်ဆောင်ပူးပေါင်းခြင်း။ နောက်ကျာကိုဓားဖြင့်ထိုးခြင်း။ သစ္စာဖောက်ခြင်း။ ရုတ်တရက်ဘက်ပြောင်းခြင်း။ မျိုးစုံလုပ်နိုင်သည်။
သို့သော်ယခု ဤအခြေအနေမျိုးတွင် ဘယ်အစီအစဉ်မှ အလုပ်မဖြစ်။ အနိုင်ရဖို့ တစ်ခုတည်းသောနည်းလမ်းမျာ အခြေတည်ခြောက်ယောက်ပူးပေါင်း၍ လုယန်နှင့်မုန်ကျင်းကျိုးကို ရင်ဆိုင်ဖို့သာရှိသည်။
ရှေ့ဆက်လုပ်ဆောင်ရမည့်နည်းလမ်းကို စဉ်းစားနေစဉ် တည်ငြိမ်သည့် စကားသံတစ်ခု ပေါ်လာသည်။
"မင်းတို့ ငါ့ညွှန်ကြားချက်အတိုင်း လိုက်လုပ်မယ်ဆိုရင် အနိုင်ရနိုင်ခြေ ရှိသေးတယ်"
ကျင့်ကြံသူများ မော့ကြည့်ကြသည်။ တစ်ဦးတည်းသော အခြေတည်အလတ်တန်းဆင့်လူဖြစ်သည်။
"ယန်မိသားစုအမွေခံသခင်လေးပဲ"
ယန်မိသားစုသည် ချင်းကျိုးတွင် ထင်ရှားသည့်မျိုးနွယ်ဖြစ်သည်။ နှစ်ခြောက်ထောင်မျိုးဆက်မပြတ်ခဲ့သည့် အမွေအနှစ်ရှိသည်။ စုစည်းခြင်းအဆင့်ဘိုးဘေးသုံးယောက်ရှိသည်။ နယ်စားပင် ယန်မိသားစုကို လေးစားရသည်။
"ယန်သခင်လေးညွှန်ကြားမယ်ဆိုရင်တော့ ကြိုးစားကြည့်သင့်ပါတယ်"
တစ်ယောက်က ဦးဆောင်ထောက်ခံသည်နှင့် ကျန်သည့်လူများလည်း ခေါင်းငြိမ့်ကြသည်။
ယန်သခင်လေးသည် သူတို့ထဲတွင် ကျင့်စည်စွမ်းအားအမြင့်ဆုံးဖြစ်သည်။ လူမှုအဆင့်အတန်းအမြင့်ဆုံးဖြစ်သည်။ ယန်မိသားစုနောက်ခံရှိသည်။ သူဦးဆောင်လျှင် အားလုံးနာခံကြသည်။
"ကျိုးဖန်ကော၊ မင်းကရောဘယ်လိုလဲ"
ယန်သခင်လေး ဝတ်ရုံနက်လူငယ်ကို လှည့်ကြည့်သည်။
"ငါကန့်ကွက်စရာမရှိပါဘူး"
ကျိုးဖန်ကော ပြုံး၍ပြန်ပြောသည်။
"ဒါပေမယ့် တစ်ခုပဲ တောင်းဆိုစရာရှိတယ်။ မင်းတို့ငါးယောက် မုန်ကျင်းကျိုးကို တိုက်ခိုက်ပါ။ လုယန်ကို ငါတစ်ယောက်တည်း ရင်ဆိုင်မယ်"
လူငါးယောက် ဒေါသထွက်သွားကြသည်။ ကျိုးဖန်ကော မိုက်ရူးရဲဆန်နေသည်ဟု ခံစားရသည်။
"မင်းလာနောက်နေတာလား။ မင်းရဲ့သာမန်စွမ်းောဆင်ရည်မျိုးနဲ့ လုယန်ကိုမင်းတစ်ယောက်တည်း ရင်ဆိုင်နိုင်မယ်ထင်နေလား"
အတူတူပေါင်းစည်းမှသာ လုယန်နှင့် မုန်ကျင်းကျိုးကို နိုင်ခြေရှိသည်။ ယခု ဤလူက သေချင်၍အသံကောင်းဟစ်နေသည်။ သူတို့ ဘယ်လိုဒေါသထိန်းနိုင်မည်နည်း။
ရုတ်တရက် ကျိုးဖန်ကောက သူ့စွမ်းအားအစစ်ကို ထုတ်လွှတ်လိုက်သည်။ အားလုံး အမူအရာပြောင်းသွားသည်။ သူ့ကျင့်စဉ်အဆင့်က ယန်သခင်လေးထက်ပင် ပိုအားကောင်းနေသည်။
"အခြေတည်နောက်ဆုံးအဆင့်"
ဘယ်သူမှထင်မထားကြ။ ကျိုးဖန်ကော သူ့စွမ်းအားကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့သည်။
လုယန်နှင့်မုန်ကျင်းကျိုးသာမရှိလျှင် သူသည် အင်အားအကြီးဆုံးပြိုင်ဘက် ဖြစ်ပေလိမ့်မည်။
စိတ်ကူးကြည့်ပါ။ ပြိုင်ပွဲကွင်းတွင် လူရှစ်ယောက်တိုက်ခိုက် တိုက်ခိုက်နေချိန်ရောက်မှ ကျိုးဖန်ကောက သူ့စွမ်းအားအစစ်ကို ထုတ်ပြလိုက်မည်ဆိုလျှင် သူ့ကို ဘယ်သူယှဉ်နိုင်တော့မည်နည်း။
အားလုံးအံ့ဩသါားမည်ကို ကျိုးဖန်ကော မျှော်လင့်ထားပြီးဖြစ်၍ တည်ငြိမ်စွာ ပြန်ပြောသည်။
"အခု ငါတစ်ယောက်တည်း လုယန်ကိုရင်ဆိုင်ဖို့ အရည်အချင်းမီပြီလား။
အမှန်တော့ငါက ရွှေသန္ဓေတည်ဆောက်သင့်ပြီ။ ထိပ်တန်းသုံးဆင့်ဝင်တဲ့ ရွှေသန္ဓေဖြစ်မှာသေချာတယ်။ ဒါပေမယ့် ပထမအဆင့်ရွှေသန္ဓေတည်ဆောက်ချင်လို့ အဆင့်မတက်ဘဲ ရပ်ထားတာ"
ယန်သခင်လေး မျက်မှောင်ကျုံ့သွားပြီး အကြံပေးသည်။
"ငါစေတနာနဲ့ ပြောတာပါ။ အခြေတည်နောက်ဆုံးအဆင့် ရောက်နေရင်တောင် လုယန်ကို မင်းအနိုင်ယူဖို့က သိပ်မလွယ်ဘူးနော်"
ကျိုးဖန်ကော မခိုးမခန့်ပြုံးလိုက်သည်။ စကားထက် အလုပ်နဲ့သက်သေပြတာပိုကောင်းပါတယ်။ ယန်သခင်လေး ငါ့ကိုမယုံဘူးဆိုရင် စောင့်ကြည့်လိုက်ပေါ့။ ကဲ... နောက်ဆုံးပွဲစဉ်စတော့မယ် စင်ပေါ်ကို တက်ရအောင်"
ကျိုးဖန်ကော တဟားဟားအော်ရယ်၍ ပြိုင်ပွဲစင်ပေါ်တက်သွားသည်။
ကျိုးဖန်ကော၏ ယုံကြည်ချက်ပြည့်နေသည့်မျက်နျှာကြောင့် ယန်သခင်လေး နည်းနည်းစိတ်သက်သာရာရသွားသည်။ ကျိုးဖန်ကော ယခုလိုပြောရဲခြင်းသည် သူ့ဝှက်ဖဲ တစ်ခုခုရှိ၍သာဖြစ်ရမည်။ ဘာဝှက်ဖဲဖြစ်ဖြစ် လုယန်ကို အနိုင်ယူနိုင်လျှင် အဆင်ပြေသည်။
"ငါတို့ယန်မိသားစုရဲ နာမည်အကျော်ကြားဆုံးစွမ်းရည်က 'လက်နက်ကျွမ်းကျင်မှုပညာပဲ။ တိုက်ခိုက်တဲ့နေရာမှာ ပြိုင်ဘက်ကင်းတယ်။ ငါငယ်ငယ်ကတည်းက ငါ့အဘေးက သင်ပေးခဲ့တာ လက်နက်ပညာမှာ အားလုံးထက် ပိုသာတယ်။ ငါရှေ့ဆုံးက ဦးဆောင်ပြီး တိုက်ခိုက်မယ်။
ကုချီရှန်း၊ မင်းရဲ့ယင်ခန္ဓာက တိုက်ခိုက်တဲ့အခါ အေးခဲစွမ်းအားသက်ရောက်မှုရှိတယ်။ ငါတောင်မင်းကို ရင်ဆိုင်ဖို့ခက်တယ်။ ငါတို့နှစ်ယောက် မုန်ကျင်းကျိုးကို အတူတိုက်ခိုက်မယ်။
ရှီရွှမ်၊ မင်းက မှော်စက်ဝန်းပညာကျွမ်းတယ်။ မုန်ကျင်းကျိုးကို နှောက်ယှက်ဖို့တာဝန်ယူပါ။
ယန်ရှန်ယိ၊ မင်းက မှော်အဆောင်ကျွမ်းကျင်တယ်။ ငါတို့ကို နောက်ကကူပေးပါ။
စီမာဟဲ၊ မင်းတို့ ကျိရှီအိမ်တော်က အမ်ရိတ(အသက်ရေစင်)ပညာကြောင့် နာမည်ကျော်တယ်။ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ မင်းပြိုင်ဘက်တွေက မင်းရဲ့ကုသနိုင်စွမ်းထက်မြန်အောင် ဒုက္ခမပေးနိုင်ခဲ့ဘူး။ နောက်ကနေပြီး ကုချီရှန်းနဲ့ငါ့ကို ဒဏ်ရာကုပေးပါ"
ယန်သခင်လေးက တစ်ယောက်ချင်း ညွှန်ကြားချက်ပေးသည်။ မကြာမီ အစီအစဉ်တစ်ကျဖွဲ့စည်းထားသည့် ယာယီအသင်းတစ်ခု ဖြစ်လာသည်။
...
"အကိုမုန်၊ ကျုပ်တို့ကို လမ်းညွှန်ပေးပါ"
ယန်သခင်လေးက လက်နှစ်ဘက်ကိုဆုပ်အရိုအသေပေးသည်။ သူ့အမူအရာက တည်ကြည်ပြတ်သားသည်။
"အကိုမုန်၊ ကျုပ်တို့ကို လမ်းညွှန်ပေးပါ"
ကျန်သည့်လေးယောက်လည်း ပြိုင်တူအော်ကြသည်။
မုန်ကျင်းကျိုး လန့်သွားသည်။ ပွဲမစမီ လုယန်နှင့် ပြိုင်ဘက်သုံးယောက်စီ တာဝန်ယူဖို့ သူတိုင်ပင်ခဲ့သည်။ ယခု သူ့ဘက်တွင် ငါးယောက်ဖြစ်လာသည်။
ယန်သခင်လေးက မုန်ကျင်းကျိုးကို စဉ်းစားချိန်မပေး။ ဘယ်လက်တွင်ပုဆိန်၊ ညာလက်တွင် တင်းပုတ်ကိုင်၍ လက်နက်နှစ်ခုကို လျင်မြန်စွာဝှေ့ယမ်းလိုက်သည်။ တိမ်စီးနဂါးလို ကောင်းကင်ခွဲသိမ်းငှက်လိုပင်ဖြစ်သည်။ လှုပ်ရှားမှုများက ကြမ်းတမ်းသည်။ မြန်ဆန်သည်။
တစ်ခြားလူများကိုပါ စိတ်အားတက်ကြွလာစေသည်။
ကုချီရန်း ကြွက်သားများကို ညှစ်ထုတ်လိုက်သည်။ သူလှံထိပ်က အနည်းငယ်တုန်ခါလာပြီး မုန်ကျင်းကျိုးဆီ ဝှစ်ခနဲ တိုးဝင်သွားသည်။ စွမ်းအင်စစ်များန ိုးထလာသည်။ ကြမ်းတမ်းသည့်လေပြင်းတစ်ခု ပေါ်လာသည်။ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်လာသည်။
တစ်ခြားသုံးယောက်လည်း အလကားမနေကြ။ မုန်ကျင်းကျိုးခြေထောက်အောက်တွင် ချုပ်နှောင်မှော်စက်ဝန်းတ်စခု ပေါ်လာသည်။ ခြေထောက်နှစ်ချောင်း နွံနစ်သွားသလို ခံစားရသည်။ လှုပ်၍မရ။
မှော်အဆောင်ဖြင့်လုပ်ထားသည့် စက္ကူကြိုးကြာများ ယန်ရှန်ယိအင်္ကျီလက်ထဲမှ ပျံထွက်လာပြီး မုန်ကျင်းကျိုးရှောင်တိမ်းမည့် လမ်းကြောင်းများကို ပိတ်ဆို့သည်။
စီမာဟဲ၏ မန္တာန်ရွတ်ဖတ်သံက ယန်သခင်လေးနှင့် ကုချီရှန်းတို့ နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူတို့စိတ်အာရုံးများ ကြည်လင်နေသည်။ သိစတ်အာရုံများ ယာယီနိုးကြားလာသည်။ ပြင်ပအနှောက်အယှက်အားလုံးကို ဖယ်ရှားသည်။ တိုက်ပွဲထဲတွင် အာရုံအပြည့်စိုက်သည်။
သူတို့လက်နက်များ၏စွမ်းအားက ပိုပြင်းထန်လာသည်။
ဟာကွက်မရှိသည့် ငါးယောက်ပေါင်းတိုက်ကွက်ကြောင့် ပရိသတ်ထံမှ အာမေဋိတ်သံများစွာ ထွက်လာသည်။ ပွဲကြည့်နေသည့် ရွှေသန္ဓေကျင့်ကြံသူများပင် မျက်နှာပျက်လာသည်။
ထိုပူးပေါင်းတိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ဖို့မလွယ်မှန်းသိကြသည်။ သူတို့ပင် ချောချောမောမော နောက်ဆုတ်ဖို့ မဖြစ်နိုင်လောက်။
ရွှေသန္ဓေအဆင့်တစ်ယောက်က အခြေတည်အဆင့်များကြောင့် အကြပ်အတည်းကြုံရသည်မှာ ရှက်စရာကောင်းသည့်ကိစ္စဖြစ်သည်။
လုယန် ထိုလူစုထံမှ အကြည့်လွှဲ၍ ကျိုးဖန်ကောကိုကြည့်သည်။ သူနည်းနည်းတွေးမရဖြစ်နေသည်။
"မင်းတစ်ယောက်တည်းလား။ မင်းက အခြေတည်နောက်ဆုံးအဆင့်ပဲ ရှိသေးတာမဟုတ်လား"
ကျိုးဖန်ကော အံ့အားသင့်သွားသည်။ သူ့ကျင့်စဉ်စွမ်းအားကို ထိုးဖောက်မြင်နိုင်သူမျိုး ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။ သို့သော် သူမကြောက်ပါ။ အေးစက်စက်ပြုံးလျက်
"တစ်ယောက်တည်းပဲ လုံလောက်ပါတယ်"
ရွှေသန္ဓေအခြေခံအဆင့်တစ်ယောက်ကို သူအနိုင်ယူဖးသည်။ ထိုစဉ်က သူ့ဝှက်ဖဲများကိုမသုံးပဲ ခိုင်မာသည့် ကျင့်စဉ်အခြေခံစွမ်းအားနှင့် ပညာရပ်များကိုသာသုံးခဲ့သည်။
သို့သော် လုယန်လို ထိပ်တန်းအဆင့်ကျင့်ကြံသူကို ရင်ဆိုင်ဖို့တော့ ထိုမျှမလွယ်ကူနိုင်။
ထို့ကြောင့် သူ့ဝှက်ဖဲကိုသုံးဖို့ ဆုံးဖြတ်လိုက်သည်။
အဆင်မြင့်ကျင့်ကြံသူများ၏စိတ်ဓာတ်ကို သူနားလည်သည်။ ကျင့်စဉ်အဆင့်မြင့်လေ စံနှုန်းသတ်မှတ်ချက်မြင့်လေဖြစ်သည်။ ကိုယ့်ထက်အဆင့်နိမ့်သူများကို အထင်သေးတတ်ကြသည်။
ကိုယ့်ထက်အဆင့်နိမ့်သူများကို ရင်ဆိုင်လျှင် ပေါ့ပေါ့ဆဆသဘောထားကြသည်။
ထိုအချက်က သူ့အတွက် အခွင့်အရေးဖြစ်သည်။
ကျင့်စဉ်အဆင့်သည် အရာအားလုံးကို မဆုံးဖြတ်နိုင်။ တိုက်ပွဲစွမ်းရည်သာ အဓိကဖြစ်ကြောင်း လုယန်သိအောင် သူပြလိုသည်။
ကျိုးဖန်ကော ယုံကြည်ချက်အပြည့်ရှိနေသည်ကို မြင်ရသဖြင့် အားကိုစရာ ထူးခြားသည့်နည်းလမ်းများရှိမည်မှန်း လုယန်ရိပ်မိသည်။ မပေါ့ဆရဲ။ ချင်ဖုန်းဓားကို ကျောက်စိမ်းတံဆိပ်ထဲမှထုတ်လိုက်သည်။ စွမ်းအားပြည့်ထုတ်သုံးရန် အသင့်ပြင်သည်။
ထို့နောက် ပြိုင်ဘက်က်ငးသန္ဓေကိုအသက်သွင်း၍ နည်းဗျူဟာတောင်းလိုက်သည်။
ပြိုင်ဘက်ကင်းသန္ဓေက လုယန်၏ဝိညာဉ်စွမ်းအင်အနည်းငယ်ကို ထုတ်ယူပြီးလျင်မြန်စွာလည်ပတ်သည်။ သုံးသပ်ချက်တစ်ခု အမြန်ချပေးသည်။
"ပြိုင်ဘက်က အခြေတည်နောက်ဆုံးအဆင့်ပါ။ သူ့မျက်လုံးတွေက အနက်ရောင်မှာ မီးခိုးရောင်နည်းနည်းသန်းနေတယ်။ လေဟာနယ်တာအိုခန္ဓာရဲ့ လက္ခဏာပဲ။ လေဟာနယ်တာအိုခန္ဓာဟာ အကန့်အသတ်မရှိ ကျယ်ပြန့်တယ်။
သူ့အတွင်းပိုင်း ဝိညာဉ်စွမ်းအင်သိုလောင်မှုက အဆင့်တူတွေထက် ဆယ်ဆပိုများတယ်။ ရေရှည်တိုက်ပွဲတွေမှာ သူအသာစီးရတယ်။ တိုက်ခိုက်ချိန်ကြာလေ ကိုယ့်ဘက်က အခြေအနေမလှလေပဲ။ အဆင့်တူတွေထဲမှာ ပြိုင်ဘက်တွေ့နိုင်ဖို့ ခက်ခဲတယ်။ သူ့ထက်မြင့်အဆင့်မြင်တဲ့လူတွေကို စိန်ခေါ်တိုက်ခိုက်တာ ပုံမှန်ပဲ"
လုယန် ဆက်မေးသည်။
"ဒါဆို ငါသူ့ကို ဘယ်လိုတိုက်ခိုက်ရမလဲ"
"ပုံမှန်အတိုင်းပဲ ရိုက်လိုက်ပါ"
ထိုသို့ဖြင့် သူတို့စတင်တိုက်ခိုက်ကြသည်။