ရွှေသန္ဓေအကဲဖြတ်ပွဲ
Vol. 24 Ch. 359
ခမ်းနားထည်ဝါသည့် ခြံဝင်းတစ်ခုထဲတွင် မျက်လုံးကန်းမတတ် ရွှေရောင်အလင်းများ မကြာခဏ တောက်ပနေသည်။
ရွှေအလင်း ပျောက်ကွယ်သွားချိန်တွင် ရွှေသန္ဓေတစ်ခု ခပ်မှိန်မှီန်စွမ်းအင်ရောင်တစ်ခု ထုတ်လွှတ်ပြီး ဖြေးညှင်းစွာ လည်ပတ်သည်။ နေရာစုံမှ အလွန်သိမ်မွေ့သည့် စွမ်းအင်များကို ဆွဲယူသည်။
"တာအိုရှင်ယွမ်ဇီဟာ လဖမ်းဆုပ်ရွှေသန္ဓေတည်ဆောက်တယ်လို့ ကြားခဲ့တာကြာပါပြီ။ တကယ်တတိယအဆင့်ရွှေသန္ဓေဆိုတဲ့နာမည်နဲ့ လိုက်ဖက်တာပဲ"
အဘိုးအိုတစ်ယောက် မုတ်ဆိတ်ဖြူများကိုသပ်၍ မျက်နှာမှအရေးအကြောင်းများ တွန့်သွားအောင် ပြုံးနေသည်။
"အိုး..ကျုပ်ကိုမြှောက်နေပြန်ပါပြီ။ ဒီတတိယအဆင့်လဖမ်းဆုပ်ရွှေသန္ဓေတည်ဆောက်ဖို့ နှစ်သုံးဆယ်ကြာအောင် ကျုပ်ကြိုးကြိုးစားစားကျင့်ကြံခဲ့ရတယ်။ ဘာမှအထင်ကြီးစရာမရှိပါဘူး။ အကြီးအကဲခန်းလို ဗဟုသုတများတဲ့လူအတွက် ဒီသန္ဓေက ဘာမှသိပ်တန်ဖိုးမရှိပါဘူး"
အကြီးအကဲခန်းသည် လေ့လာမှုဝါသနာထုံသည့် စာပေပညာရှင်တစ်ယောက်ဖြစ်သည်။ ချင်းကျိူးတွင် လူအများလေးစားခံရသည့် ပုဂ္ဂိုလ်ဖြစ်သည်။ နန်းမြို့တော်အကယ်ဒမီကျောင်းက မဟာပညာကျော်အဖြစ် အသိအမှတ်ပြုထားသူဖြစ်သည်။ သူ့ကိုလေးစားသူ များစွာရှိသည်။
နောက်လူတစ်ယောက်က ချက်ချင်းကန့်ကွက်သည်။
"မိတ်ဆွေယွမ်ဇီ၊ ခင်ဗျားကိုယ့်ကိုယ်ကို အထင်သေးနေတာပါ။ ကျုပ်တို့ဆို စတုတ္ထဆင့် ပဉ္စမဆင့် ရွှေသန္ဓေမျိုးတောင် ဖန်တီးဖို့ ခက်ခဲပါတယ်။ တတိယဆင့်ရွှေသန္ဓေဆိုတာ မျှော်လင့်လို့မရပါဘူး။ ကျုပ်တို့၏ အကြီးဆုံးမျှော်လင့်ချက်က ကျုပ်တို့ရွှေသန္ဓေကိုခွဲပြီး နတ်ဝိညာဉ်တည်ဆောက်ဖို့ပါပဲ။ ခင်ဗျားကျတော့ ဝိညာဉ်ပြောင်းအဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ လေဟာနယ်သန့်စင်အဆင့်ကိုတောင် ရောက်နိုင်တဲ့အလားအလာရှိတယ်။ စုစည်းခြင်းအဆင့်ကျင့်ကြံသူတွေတောင် ခင်ဗျားကို လေးစားကြရမှာပါ"
အလတ်တန်းအရည်အသွေး တတိယဆင့်ရွှေသန္ဓေသည် ဝိညာဉ်ပြောင်းအဆင့်ထိ ကျင့်ကြံနိုင်ခြေရှိသည်။ မျှော်လင့်ချက်ကတော့ အတော်ပါးသည်။ သူတို့ သိပ်မမျှော်လင့်ရဲ။ နတ်ဝိညာည်အဆင့်ရောက်လျှင် ကံကောင်းသည်ဟု တွက်ကြသည်။
သို့သော် ယွမ်ဇီ၏ ထိပ်တန်းအရည်အသွေး တတိယဆင့်ရွှေသန္ဓေက နတ်ဝိညာဉ်အဆင့်ထိ ချောချောမွေ့မွေ့တက်နိုင်ဖို့ အာမခံချက်ရှိသည်။ ဝိညာဉ်ပြောင်းအဆင့်၊ လေဟာနယ်အဆင့်၊ စုစည်းခြင်းအဆင့်တို့ကိုပင် ရောက်နိုင်သည်။ သူ့အနာဂတ်က အကန့်အသတ်မရှိ။ သူ့အလားအလာက သူတို့ထက်များစွာ သာလွန်သည်။
ယွမ်ဇီနှိမ့်ချပြောနေသော်လည်း စိတ်ထဲတွင် ကျိတ်ပျော်နေသည်။ အရည်အသွေးမြင့်တတိယဆင့်ရွှေသန္ဓေသည် ရွှေသန္ဓေအဆင့်ကျင့်ကြံကိုးဆယ်ရာနှုန်းကျော်ထက် သာလွန်သည်။ ရွှေသန္ဓေအခြေခံအဆင့်သာရှိသော်လည်း အလတ်တန်း ထိပ်တန်းကျင့်ကြံသူများပင် သူ့ကိုအထင်သေးရဲမည်မဟုတ်။ လေးလေးစားစား ဆက်ဆံကြရမည်။ ဤခြံဝင်းလေးထဲတွင် ရွှေသန္ဓေအကဲဖြတ်ပွဲ ကျင်းပနေခြင်းဖြစ်သည်။ ရွှေသန္ဓေမျိုးစုံ ယှဉ်ပြိုင်ကြသည်။ မကြာခဏ လူအုပ်ကြီးထံမှ တအံ့တဩရေရွတ်သံများ ထွက်ပေါ်နေသည်။
ယွမ်ဇီ၏ လဖမ်းဆုပ်ရွှေသန္ဓေက ကျန်သည့်လူများကြားထက် ထူးခြားသည်။ အထူးခြားဆုံး တတိယဆင့်ရွှေသန္ဓေအမျိုးအစားတစ်ခုဖြစ်သည်။
ယွမ်ဇီ မနောခွေ့နေစဉ်မှာပင် လူတစ်ယောက် ခြံဝန်းထဲသို့ ရေးကြီးသုတ်ပြာပြေးဝင်လာသည်။
"ခင်ဗျားတို့အားလုံး ပြိုင်ပွဲကွင်းဆီ သွားကြည့်ဖို့လိုတယ်။ ဟိုမှာ တကယ်စည်ကားနေတယ်"
ယွမ်ဇီမျက်မှောင်ကျုံ့သွားသည်။ မဖိတ်ခေါ်ပဲဝင်လာသူကို သူသိသည်။ အရည်အသွေးနိမ့် တတိယရွှေသန္ဓေကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ ရွှေသန္ဓေအကဲဖြတ်ပွဲတွင် ပါဝင်ဖို့ပင် အဆင့်မမီ။
"ပြိုင်ပွဲကွင်းက ဘာတွေဒီလောက်စိတ်ဝင်စားစရာရှိလို့လဲ။ အခြေတည်အဆင့်တစ်ချို့ ပထမနေရာရဖို့ တိုက်ခိုက်ကြတာပဲမဟုတ်လား"
"မဟုတ်ဘူး။ အခု မသေမျိုးငါးဂိုဏ်းတပည့်တွေ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေတယ်။ အားလုံး ရွှေသန္ဓေအဆင့်ပဲ။ စွန်စီးဘုံကျောင်းကလွဲရင် တစ်ခြားမသေမျိုးလေးဂိုဏ်းလုံး ယှဉ်ပြိုင်နေတယ်"
"ဘယ်လို"
"မသေမျိုးဂိုဏ်းတပည့်တွေ တိုက်ခိုက်နေတာလား"
လူအုပ်ကြီး အံ့အားသင့်သွားသည်။ သူတို့မျက်နှာများ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်လာသည်။ မသေမျိုးဂိုဏ်းတပည့်များတိုက်ပွဲဆိုသည်မှာ အလွန်မြင်ရခဲသည်။
အကြီးအကဲခန်းက အားလုံးထက်ပို၍စိတ်လှုပ်ရှားနေသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကလူတွေရောပါလား"
"တစ်ယောက်တည်းမကဘူး။ နှစ်ယောက်တောင်ပါတယ်"
အကြီးအကဲခန်း နောက်ထပ်ဘာမှမပြောတော့ လူငယ်များထက်ပိုတက်ကြွစွာ ခုန်ထလျက် သိုင်းပြိုင်ကွင်းဆီ သုတ်ခြေတင်သည်။
ထိုအဖြစ်ကိုကြည့်၍ တစ်ခြားလူများလည်း အမြန်လိုက်သွားကြသည်။ ယွမ်ဇီတစ်ယောက်သာ မင်သက်မိ၍ကျန်ခဲ့သည်။
"ဒီမသေမျိုးဂိုဏ်းတပည့်တွေ ငါ့ထက်ပိုစွမ်းသလား ကြည့်ရသေးတာပေါ့"
မသေမျိုးဂိုဏ်းတပည့် ဟုတ်ဟုတ်မဟုတ်ဟုတ် သူတို့လည်း အရည်အသွေးမြင့် တတိယဆင့်ရွှေသန္ဓေသာ ရှိပေလိမ့်မည်။
ယွမ်ဇီ သိုင်းပြိုင်ကွင်းသို့ ရောက်လာသည်။ လူများပြွတ်သိပ်နေသည်။ နေရာတစ်နေရာစုံ့ဝင်ဖို့ပင် ခက်ခဲလှသည်။
အထူးချွန်ဆုံးမသေမျိုးဂိုဏ်းတပည့်များတိုက်ပွဲက မြင်ရခဲသည်။ ဆယ်နှစ်တစ်ခါ မြင်ရဖို့ခဲယဉ်းသည်။ ဤတိုက်ပွဲကြည့်ရသည်ကပင် ချင်းကျိုးပွဲတော်တက်ရကျိုးနပ်သည်ဟု အားလုံးခံစားမိကြသည်။
ပြိုင်ပွဲစင်ပေါ်မှ တိုက်ပွဲကို ရှင်းရှင်းလင်းလင်းပင် မမြင်ရ။
စိတ်ပျက်လက်ပျက်ဖြင့် ယွမ်ဇီ မှော်ပညာတစ်မျိုးသုံး၍ လူအုပ်များကြား တိတ်တဆိတ်တိုးဝှေ့လျက် ရွှေသန္ဓေအကဲဖြတ်ပွဲမှ မိတ်ဆွေများနှင့် သွားပေါင်းသည်။
အကဲဖြတ်ပွဲမှ မိတ်ဆွေများက ယွမ်ဇီရောက်လာသည်ကို သတိမထားမိ။ အားလုံး ပြိုင်ပွဲစင်ပေါ်တွင် တိုက်ခိုက်နေသည့် လူငါးယောက်ထံ အာရုံအပြည့်စိုက်၍ မလွတ်တမ်းကြည့်နေသည်။
အကြီးအကဲခန်းမှလွဲလျှင် ကျန်သည့်လူအားလုံး ရွှေသန္ဓေတည်ဆောက်ပြီးစကျင့်ကြံသူများဖြစ်သည်။ အားလုံးရွှေသန္ဓေအခြေခံအဆင့်ဖြစ်သည်။
စင်ပေါ်မှငါးယောက်ကိုကြည့်ရင်း ထူးဆန်းသည့်သိမ်ငယ်စိတ်မျိုးပေါ်လာသည်။ သူတို့အားလုံး ရွှေသန္ဓေမတည်ဆောက်ရသေးဘဲ အခြေတည်အဆင့်တွင် ပိတ်မိနေသေးသကဲ့သို့ ခံစားရသည်။
"ဒါတကယ် ရွှေသန္ဓေအခြေခံအဆင့်စွမ်းအားနဲ့ အမြန်နှုန်းလား"
တိုက်ပွဲစွမ်းရည်ကိုမပြောသေး။ လုယန်တို့၏စွမ်းအားနှင့် အမြန်နှုန်းကပင် သူတို့ထက်များစွာ သာလွန်နေသည်။
ယွမ်ဇီအစောပိုင်းက ခံစားခဲ့ရသည့် အပြိုင်အဆိုင်စိတ်ဓာတ်လည်း ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။
ထိုငါးယောက်ထဲမှ တစ်ယောက်ယောက်ကို သူရင်ဆိုင်ရလျှင် သိုင်းဆယ်ကွက်ထက်ပိုခံနိုင်မည်မထင်။
အရည်အသွေးမြင့် တတိယဆင့်ရွှေသန္ဓေချင်းအတူတူ ဘာကြောင့် ထိုမျှကွာဟနေသည်မသိ။
"အကြီးအကဲခန်း၊ ဒီငါးယောက်ရဲ့ ရွှေသန္ဓေက ဘယ်လိုအမျိုးအစားလဲ ခင်ဗျားပြောနိုင်လား"
သိုင်းပြိုင်ကွင်းသည် ရွှေသန္ဓေများကို ပရိတ်သတ်ရှေ့ချပြ၍ အကဲဖြတ်သည့်နေရာမဟုတ်။ ထို့ကြောင့် တိုက်ပွဲမှ သိမ်မွေ့သည့်သဲလွန်စများကိုသာ အခြေခံပြီး ခန့်မှန်းနိုင်သည်။
သို့သော် သူတို့ဗဟုသုတက အကန့်အသတ်ရှိသည်။ ခိုင်မာသည့်ကောက်ချက်တစ်ခုမှမချနိုင်။
အကြီးအကဲခန်း မျက်မှောင်ကျုံ့နေသည်။ သူလည်းနည်းနည်းသာခန့်မှန်းနိုင်သည်။
"ဒီငါးယောက်လုံး ပထမအဆင့်ရွှေသန္ဓေဆိုတာ သေချာတယ်။ ပထမအဆင့်ထဲမှာ အတော်အဆင့်မြင့်တဲ့ ရွှေသန္ဓေမျိုးပဲ"
ဘေးပတ်လည်လူအုပ်က ခေါင်းငြိမ့်ထောက်ခံသည်။ ထိုငါးယောက်၏ တိုက်ပွဲစွမ်းအား ထိုမျှထူးခြားနေသည်မှာ တစ်ခြားအကြောင်းရင်း မရှိနိုင်။
"မုန်ကျင်းကျိုးဆိုတဲ့လူငယ်။ သူ့ယန်စွမ်းအင်က တောက်ပတဲ့နေမင်းလို မကောင်းဆိုးဝါးအားလုံးကို နှင်ထုတ်နိုင်လောက်အောင် ထိုးထွက်နတယ်။ နေမင်းရွှေသန္ဓေ ဒါမှမဟုတ် သန့်စင်ယန်ရွှေသန္ဓေမျိုးနဲ့ဆင်တူတယ်။ ဒါပေမယ့် အဲဒီ့နှစ်မျိုးကလည်း ဒီလောက်အားမပြင်းဘူး။ ထူးဆန်းတယ်။ နေမင်းရွှေသန္ဓေနဲ့ သန့်စင်ယန်ရွှေသန္ဓေထက် ပိုအားကြီးတဲ့ ယန်စွမ်းအင်သန္ဓေမျိုး ရှိသေးတာလား။
ဟီုမိန်းကလေးတစ်ပည့်က နတ်သမီးလိုပေါ့ပါးတယ်။ အဖြူရောင်ထွက်သက်မှာ အဆုံးစမဲ့စွမ်းအင်ရောင်ပါတယ်။ ထူးခြားတဲ့သက်လုံရှိတယ်။ မျက်လုံးတွေက တောက်ပတယ်။ အရုဏ်အလင်းနဲ့တူတယ်။ ဒဏ္ဍာရီထဲက ကမ္ဘာဦးကပ်ဆိုးရွှေသန္ဓေနဲ့ အနီးစပ်ဆုံးတူတယ်။ ဒါပေမယ့် အဲဒီ့ရွှေသန္ဓေနဲ့ပတ်သက်တဲ့ သမိုင်းမှတ်တမ်းတွေက ရှားတယ်။ ငါတောင် အတိအကျမပြောရဲဘူး။ လူငယ်မျိုးဆက်တွေက တကယ်လေးစားစရာပါပဲ"
နန်းမြို့တော် အကယ်ဒမီကျောင်းမှ အဆင့်မြင့်ပညာရှင်များကိုဆင့်ခေါ်၍ ထိုသန္ဓေများ အကဲဖြတ်ခိုင်းလျှင်ပင် သေချာဆုံးဖြတ်ဖို့ ခက်ခဲလောက်သည်ဟု အကြီးအကဲခန်းစိတ်ထဲတွင် တွေးနေသည်။
........
ပြိုင်ပွဲစင်ပေါ်တါင် လန်ထင်နှင့်ပိုင်မင်တို့၏ ကြမ်းတမ်းသည့်တိုက်ခိုက်မှုကြောင့် လုယန် တဖြေးဖြေးနောက်ဆုတ်နေရသည်။ ခက်ခဲသည့်တိုက်ပွဲတစ်ပွဲ ကြုံနေရသည်။
"လုယန်၊ ဟန်ဆောင်မနေပါနဲ့။ မင်းမှာ ကိုယ်ပွားပညာရှိတာ ငါသိတယ်"
ပိုင်မင်ကပြောသည်။ လုယန်က ပင်ပန်းနွမ်းနယ်နေဟန်ရှိသော်လည်း သတိမလွတ်ကြောင်း သူရိပ်မိသည်။ လုယန်၏စွမ်းအားအဆင့်က လက်ရှိထုတ်ပြနေသည်ထက် များစွာသာလွန်ကြောင်း သူသိနေသည်။
အရင်က ပိုင်မင်ကိုအနိုင်ယူခဲ့သူမှာ လုယန်၏ မူလခန္ဓာမဟုတ်။ ကိုယ်ပွားခန္ဓာတစ်ခုသာဖြစ်သည်။
"သူ့ကိုအရူးလုပ်လို့မရဘူးပဲ"
လုယန် နည်းနည်းစိတ်ပျက်သွားပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။ ပိုင်မင်ကို အနီးကပ်မျှားခေါ်ပြီး သစ်ပင်စိုက်ပညာဖြင့် ကိုယ်ပွားခွဲ၍ အလစ်တိုက်ခိုက်ရန် သူကြံထားခဲ့သည်။
"ကိုယ်ပွားပညာလား"
လန်ထင်မျက်လုံးများ စိတ်ဝင်စားမှုကြောင့် အရောင်တောက်လာပြီး လုယန်ကိုလှမ်းကြည့်သည်။ စီနီယာအကိုလုသည် ထိုပညာမျိုးကိုပင် တပ်ထထားသည်။ သူမြင်ဖူးသမျှထဲတွင် မှော်ပညာပါရမီအကောင်းဆုံးဖြစ်နေသည်မှာ မဆန်းတော့။
လုယန် အမွှာကြာစေ့တစ်ခုထုတ်၍ သစ်ပင်စိုက်မှော်ပညာကို သုံးလိုက်သည်။ ကြာပန်းပွင့်လာသည်။ လုယန်နှင့် ကြာပင်ကိုယ်ပွားက ကြာရွက်များပေါ် ရပ်နေသည်။
"မင်းမှာ ကိုယ်ပွားတစ်ခုရှိတော့ရော ဘာအရေးလဲ။ မင်းဝိညာဉ်အာရုံက ခန္ဓာကိုယ်နှစ်ခုကို တစ်ပြိုင်တည်းထိန်းချုပ်နိုင်လို့လား"
ကိုယ်ပွားပညာများ၏ အားနည်းချက်ကို ပိုင်မင်သိထားသည်။ သူတို့၏နောက်ဆုံးတိုက်ပွဲတွင် လုယန်၏ မူလခန္ဓာက ဒိုင်လူကြီးခုံတွင် ထိုင်နေသည်။ သူ့သစ်သားကိုယ်ပွားကိုသာ အာရုံစိုက်၍ ထိန်းချုပ်ခဲ့သည်။ ဤတစ်ကြိမ်တွင် မတူတော့။ ခန္ဓာကိုယ်နှစ်ခု ထိန်းချုပ်ရတော့မည်။ သိစိတ်စွမ်းအား များစွာလိုအပ်သည်။
"ကြည့်ကြသေးတာပေါ့"
လုယန် သွားဖြဲ၍ရယ်သည်။ အရင်က ထိန်းချုပ်ဖို့ မဖြစ်နိုင်ိခဲ့ပါ။ သို့သော် သူ့သန်ေဓတည်ဆောက်ပြီးနောက် သူ့သိစိတ်စွမ်းအားက ဆပွားတိုးလာသည်။ အဆင့်တူထဲတွင် သူ့ကိုဘယ်သူမှမယှဉ်နိုင်။
လက်ထဲမှ ချင်ဖုန်းဓားကို သူကြည့်လိုက်သည်။ ခဏစဉ်းစားပြီးနောက် ကြာပင်ကိုယ်ပွားဆီ ပစ်ပေးပြီး လန်ထင်ကို တိုက်ခိုက်ခိုင်းသည်။
"နောက်ထပ်ဓားတစ်ချောင်းလုပ်ဖို့ တကယ်လိုနေပြီပဲ။...အင်း...ဒီကိစ္စ နောက်မှပဲစဉ်းစားတော့မယ်"
လုယန် လက်ဗလာဖြင့် ပိုင်မင်ကိုရင်ဆိုင်ရန် ဆုံးဖြတ်ချက်ချသည်။
"သွေးပူအဆင့်ပြီးသွားပြီ။ ပြိုင်ဘက်ကင်းသန္ဓေကိုသုံးဖို့ အချိန်ကျလာပြီပဲ။...ဒီနှစ်ယောက်ကို ဘယ်လိုအနိုင်ယူရမလဲ"
ပြိုင်ဘက်ကင်းသန္ဓေက ချက်ချင်းတုံ့ပြန်သည်။
"ပိုင်မင်ကို အရဟတ်လက်သီးသုံးပြီး တိုက်ခိုက်ပါ"
လုယန်မျက်နှာတွင် အပြုံးတစ်ပွင့်ဖြတ်သန်းသွားသည်။