အခန်း (၆၀)
Vol. 5 Ch. 60
လင်းယောင် လှည့်ကြည့်လိုက်တာနဲ့ လက်ထောက်ဒါရိုက်တာကုက နူးညံ့တဲ့အကြည့်တွေပါဝင်တဲ့ မျက်ဝန်းနက်တွေနဲ့ သူမရဲ့နောက်မှာ မတ်တပ်ရပ်နေခဲ့သည်။ သူ့ရဲ့ လက်ဖဝါးတွေက အရိုးအဆစ်တွေ သန်မာပြီး ကြီးမားပေမယ့် ထိတွေ့ရတာတော့ နူးညံ့ပါသည်။
လင်းယောင် က စိတ်လှုပ်ရှားနေခဲ့ပြီး၊ ကုရှီအန်းရဲ့ လက်ကြီးတွေကို ယူကာ ကိုင်လှုပ်ပြီး သူမရဲ့ လက်သေးသေးလေးတွေနဲ့ ရှေ့ပြန်နောက်ပြန် ညှစ်နေခဲ့သည်။
ကုရှီအန်းက ပြုံးနေခဲ့ပြီး သူမကို ထိုသို့လုပ်ခွင့်ပေးခဲ့သည်။
ကုရှီတုန်းနဲ့ ဦးလေးကျန်းတို့ အိမ်ကနေ သံအိုးကြီးသယ်လာခဲ့တဲ့အချိန်မှာ၊ လူငယ် ဇနီးမောင်နှံနှစ်ယောက် အလုပ်ရှုပ်နေခဲ့သည်။
ကောင်စုတ်လေးက အာခေါင်ခြစ်အော်ခဲ့သည်။ " မရီး၊ လာကယ်ပါဦး။ ဒီအိုးကြီးက ကျွန်တော့်ကို ဖိသတ်တော့မယ်။ ကျွန်တော့်အစ်ကိုက သူ့လက်နဲ့ ဘာသယ်နိုင်မှာမလို့လဲ"
ဦးလေးကျန်းကလဲ မျက်နှာအမူအရာ ပြောင်းသွားခဲ့ပြီး၊ " အိုး၊ လူငယ်ဇနီးမောင်နှံ နှစ်ယောက်က ဆက်ဆံရေးကောင်းကြတာပဲ။ ဒီလူအိုကြီးတော့ အရမ်းသဘောကျမိတယ် "
လင်းယောင်က ရှက်ပြီး အမြန်ပြေးသွားခဲ့သည်။
ကုရှီအန်းရဲ့ နားရွက်တွေ အနည်းငယ် ပူလာခဲ့ပြီး၊ ချောင်းတစ်ချက်ဟန့်ကာ ကုမန်ဆန် အံဆွဲသေတ္တာတွေ သယ်နေတာကို ကူညီဖို့ ထွက်သွားခဲ့သည်။
ကျန်းဆွေ့လန်က ကုရှီတုန်းကို စိုက်ကြည့်ကာ ရိုးရိုးသားသား အလုပ်လုပ်ပြီး လျှောက်ဆော့နေတာကို ရပ်ဖို့ ကောင်စုတ်လေးကို ပြောခဲ့သည်။
ကုရှီတုန်းက အဆူခံရတာတောင်မှ စိတ်မဆိုးခဲ့ပါဘူး။ သူက မျက်နှာပြောင်းသွားခဲ့ပြီး အပြုံးလေးတစ်ခုနဲ့ ပစ္စည်းတွေရွှေ့ဖို့ သွားခဲ့သည်။
သူ့ရဲ့ တူငယ်လေးကို တွေ့လိုက်ရချိန်မှာ၊ ဦးလေးကျန်းက အလွန်အံ့ဩသွားခဲ့သည်။ ငါတို့ရဲ့ တူလေးက စိတ်ကောင်းရှိပြီး ဟန်ဆောင်တာတွေ၊ ရန်လိုတာတွေ မရှိဘူး၊ ပြီးတော့ သူက မွေးရာပါ အကောင်းမြင်တတ်တဲ့သူတစ်ယောက် ဖြစ်သည်။ ဒီလိုကလေးမျိုးက သူ့ရဲ့ဘဝမှာ ကောင်းချီးပေးခံရပါလိမ့်မည်။
ကံကောင်းစွာနဲ့၊ သူမရဲ့သားငယ် ရူးသွားရင်၊ သူမ သေလောက်အောင် စိတ်ဆိုးတော့မယ်ဆိုတာကိုတောင် ကျန်းဆွေ့လန်က မသိခဲ့ပါ။
ကုမိသားစုကြီးမှာ အပိုင်းအစသေးသေးလေးတွေ များစွာ ရှိပါသည်။ ကုမိသားစုအိမ်ဟောင်းက ရွှံ့ကြွေပြားသုံး အခန်းသုံးခန်းကို သပ်သပ်ရပ်ရပ်နဲ့ ရှင်းလင်းခဲ့ပြီးပါပြီ။ မိသားစုကြီးက ပရိဘောဂအကြီးတွေကို အပြင်ထုတ်ကာ ကျန်တာတွေကို အိတ်တွေထဲမှာထည့်ပြီး ပြောင်းရွှေ့ကြသည်။
တစ်မိသားစုလုံး အလုပ်ရှုပ်နေခဲ့ပြီး မိသားစုထဲကို အခုမှဝင်ရောက်လာခဲ့တဲ့ လိမ္မော်ရောင်ကြောင်လေးကတောင် အလကားမနေနိုင်တော့ပါ။ အိမ်အဟောင်းမှာ ဟင်းသီးဟင်းရွက်စိုက်ခင်း အသေးလေးတစ်ခုလဲ ရှိပါသည်။ ကျန်းဆွေ့လန်က ပြောင်းဖူးရိုးတစ်ထုပ်ကိုယူပြီး မီးဖိုချောင် အပြင်ဘက်ကို ထုတ်ကာ ခဏလောက်စောင့်နေလိုက်ဖို့ ထွက်လာခဲ့သည်။ သူမရဲ့သား မြေမီးဖိုနဲ့ မီးမွှေးတဲ့အခါ သုံးဖို့ဖြစ်သည်။
လိမ္မော်ရောင်ကြောင်လေးက သူခိုးလေးဖြစ်သည်။ ကျန်းဆွေ့လန်က ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တာနဲ့၊ သူ့ရဲ့ခြေထောက်တိုတိုလေးတွေနဲ့ လျှောက်သွားပြီး၊ သူ့လက်ဖဝါးထဲက လက်သည်းလေးတွေကို ထုတ်ကာ အချိန်တိုအတွင်းမှာပဲ ပြောင်းဖူးရိုးတွေကို ရှုပ်ပွသွားအောင် ကုတ်ခြစ်ခဲ့သည်။
လင်းယောင်က ယုန်အသိုက်ရဲ့ထောင့်လေးမှာ ထိုင်လိုက်ပြီး ယုန်အသေးလေးကို ကြည့်နေခဲ့သည်။ လိမ္မော်ရောင်ကြောင်လေးကလဲ ပြဿနာရှာဖို့ ရောက်လာခဲ့သည်။ သူက လက်သည်းလေးတွေနဲ့ ယုန်အသိုက်ထဲက ယုန်လေးကို ဆွဲယူခဲ့သည်။ လိမ္မော်ရောင်ကြောင်လေးကို မောင်းထုတ်ဖို့ ကြိုးစားရင်း သူမ မျက်မှောင်ကြုတ်ကာ ကြည့်နေခဲ့သည်။ သူ့ကို ဆွဲခေါ်သွားလိုက်တော့ ဒီကလေးက စိုက်ခင်းထဲကရွှံ့အိုင်ထဲမှာ လူးလှိမ့်နေခဲ့ပြီး ညစ်ပတ်သွားခဲ့သည်။ သူမ မကိုင်ချင်တော့တာကြောင့် ကုရှီအန်းကို ခေါ်လိုက်ပြီး ဒီလိမ္မော်ရောင်ကြောင်လေးကို ခေါ်သွားဖို့ တောင်းဆိုခဲ့သညိ။
ကုရှီအန်းရောက်လာပြီး သူ့လက်ကြီးနဲ့ လိမ္မော်ရောင်ကြောင်လေးကို ခေါ်သွားခဲ့သည်။ ကြောင်လေးက အော်ရင်း သူ့လက်ဖဝါးလေးတွေနဲ့ တွန်းထုတ်နေခဲ့သည်။
လင်းယောင်က ဒီကြောင်ဝဝလေးကို ပွတ်သပ်ဖို့ အခွင့်အရေးကို အရယူလိုက်ပြီး ရွံရှာစွာပြောလိုက်သည်။ " ဟေး၊ အရမ်းညစ်ပတ်တာပဲ။ ဒါက အထီးလား၊ အမလား။ "
ကုရှီအန်းက ကြောင်ပေါက်လေးကို ကောက်ချီလိုက်ပြီး ကြည့်လိုက်သည်။ " ဒါ ကြောင်အထီးလေးပဲ။ ကြောင်အထီးတွေဖြစ်နေလို့ သူတို့က အရမ်းဆိုးကြတာလေ။ ကြောင်အမလေးတွေက အကုန်လုံး ချစ်ဖို့ကောင်းကြတယ်။ "
လင်းယောင်က ကြောင်လေးရဲ့ ခေါင်းကို ထပ်ပြီး ပွတ်သပ်လိုက်သည်။ " ခဏလေး၊ မင်းကိုရေချိုးပေးဖို့ ရေတစ်ဇလုံသွားယူလိုက်ဦးမယ်။ ဒီကြောင်ထီးလေးကိုလဲ တစ်ကိုယ်ရေ သန့်ရှင်းပေးဖို့ လိုတယ်လေ။ "
ဇနီးမောင်နှံနှစ်ယောက်ကြားမှာ ဘယ်သူက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလဲဆိုတာကို လိမ္မော်ရောင်ကြောင်လေးက သိပုံပေါ်ပါသည်။ သူစိတ်ဆိုးနေတဲ့အချိန်မှာ၊ " မြောင် " လို့တောင် မအော်ရဲခဲ့ပါ။ ပြီးတော့ သူ့ရဲ့ပုံစံလေးက သနားစရာကောင်းလောက်အောင်ကို ကျဉ်းကျပ်နေပါသည်။ လင်းယောင်ရဲ့ စိတ်အခြေအနေကောင်းလာတဲ့အခါ၊ သူမ ပြုံးနေခဲ့ပြီး သူမရဲ့ လက်တွေကို နောက်ပစ်ထားခဲ့သည်။
ကုရှီအန်းက ချထားလိုက်ပြီး၊ အဝတ်ကြမ်းတွေ၊ ကောက်ရိုးတွေနဲ့ ဖုံးအုပ်ထားတဲ့ ဝါးခြင်းတောင်းအသေးလေးတစ်ခုဖြင့် နေစရာအသေးလေးတစ်ခု ပြုလုပ်ပေးခဲ့သည်။ ထို့နောက် လိမ္မော်ရောင်ကြောင်လေးက ဝါးခြင်းတောင်းလေးထဲကို ခုန်ဝင်လိုက်ပြီး နာခံစွာနဲ့ သူ့ရဲ့ လက်ဖဝါးလေးတွေကို သန့်ရှင်းရေးလုပ်နေခဲ့ပါသည်။
မနက် ၉ နာရီမှာ၊ အိမ်အဟောင်းက အဆင့်သင့်ဖြစ်လုနီးပါ ဖြစ်ခဲ့ပြီး၊ ဧည့်ခန်းထဲက နံရံပေါ်မှာ ဝဝကစ်ကစ်ကလေးတစ်ယောက်က ငါးတစ်ကောင်ကိုကိုင်ထားတဲ့ ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားခဲ့သည်။
စားပွဲရှစ်လုံးကို အညစ်အကြေး ကင်းစင်အောင် ထိန်းသိမ်းထားပြီး၊ ရေနွေးကြမ်းအိုး၊ အပူခံခွက်တွေ၊ အပူပေးလက်ဖက်ရည်ဗန်းတွေ၊ စတာတွေကို တစ်ခုချင်း စီထားသည်။ နှစ်သစ်ကူးပန်းချီကားတွေကို တုခန်နားမှာ နေရာချထားပြီး အိမ်ကယူလာတဲ့ ကောက်ရိုးဖျာတွေနဲ့ စောင်တွေကို ဖြန့်ခင်းထားလိုက်သည်။
လင်းယောင်က ဇလုံထဲကို ရေနွေးတွေထည့်လိုက်ပြီး၊ အခင်းကို ရေညှစ်ကာ သုန်ဇီနဲ့အတူ အခန်းတိုင်းက တံခါးတွေနဲ့ ပြူတင်းပေါက်တွေရဲ့ ထောင့်တွေကို သုတ်နေခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်က ရာသီဥတုအေးတာကြောင့် အနည်းငယ် နွေးလာခဲ့သည်။
ဆောက်သာဆောက်လုပ်ထားပြီး အသုံးမပြုတဲ့ မီးဖိုချောင်ထဲမှာ မြေမီးဖိုကြီးနှစ်ခု ရှိပါသည်။ ထောင့်မှာ ရေစည်ကြီးရှိပြီး အဲ့ဒီဘေးမှာ အသစ်လုပ်ထားတဲ့ သစ်သားစားပွဲခုံတစ်ခု ရှိသည်။ ဝယ်ထားတာမကြာသေးတဲ့ ပန်းကန်စင်တွေနဲ့ ဗီရိုအနိမ့်လေးတွေလဲ ရှိပါသည်။ သစ်စေးသုတ်ထားတဲ့ သစ်သားကို နေပူထဲမှာ လှန်းထားပြီး သစ်တုံးရဲ့ အမွှေးရနံ့ကို သင်းပျံ့စေသည်။
ကုမန်ဆန်က မြေအောက်ခန်းကို ဖွင့်လိုက်ပြီး မြေအောက်ခန်းထဲက ကန်စွန်းဥတွေနဲ့ အာလူးတွေကို အခြောက်လှန်းဖို့ ရာသီဥတုကောင်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို အရယူလိုက်သည်။
မိသားစုကြီး အလုပ်ရှုပ်နေကြပြန်ပြီ၊ ပြီးတော့ တရုတ်နှစ်သစ်ကူးမတိုင်ခင် အလံနီတပ်ဖွဲ့လဲ အလုပ်ရှုပ်ကြနေသည်။ ဦးလေးကျန်းက ခေါင်းဆောင်ဖြစ်ပြီး ရွာထဲမှာ မရှိမဖြစ် ဖြစ်သည်။ သူက သူ့ညီမကို ကူညီပြီး အိမ်ရှင်းပေးခဲ့ကာ ဦးလေးကျန်းက ထွက်ခွာတော့မည်။
ကျန်းဆွေ့လန်ကလဲ သူမအစ်ကိုကြီးရဲ့ စိတ်နေစိတ်ထားကို သိနေခဲ့ပြီးတော့ သူပြောပြီးတာနဲ့ ချက်ချင်းထွက်သွားခဲ့သည်။ ခေါင်းကိုးလုံးနဲ့ နွားသိုးကတောင် သူ့ကို ဆွဲမထားနိုင်ပါဘူး၊ ပြီးတော့ သူ့ကို နေခဲ့ဖို့လဲ သူမ အတင်းမတိုက်တွန်းခဲ့ပေ။
ဦးလေးအကြီးဆုံးကတော့ မိသားစုထဲကို မြေးမလေးတစ်ယောက် ထပ်ထည့်ပေးလိုက်ပြီ။ ပြီးတော့ သူ့ရဲ့ ချွေးမကလဲ မီးတွင်းထဲမှာပဲ ရှိသေးသည်။ ဆောင်းရာသီအတွင်း မီးဖွားနေတုန်းမှာ၊ သကြားညို၊ ကြက်ဥတွေနဲ့ ခေါက်ဆွဲခြောက်တွေက မရှိမဖြစ် ဖြစ်သည်။
ဦလေးတို့မိသားစုမှာ ကြက်ဥထောက်ပံ့မှုမနည်းလှပေ။ အကုန်လုံးပြီးတဲ့နောက်မှာတော့၊ အိမ်မှာ ကြက်မကြီးတွေ မွေးထားခဲ့သည်။ အရင်းရှင်ဝါဒကို အဆက်ဖြတ်ဖို့ အချိန်မကျသေးကာ ကျေးလက်ဒေသက သာမန်လူတန်းစားတွေကို ကြက်သုံးကောင်ထက် ပိုမွေးခွင့်မပြုခဲ့ပေ။
ခေါက်ဆွဲတွေနဲ့ သကြားညိုတွေက ပြန်ရှာဖို့ မလွယ်ကူပါ။
အဒေါ်ကျန်းဆွေ့လန်က သူမရဲ့ တူမလေးအတွက် အဲ့ဒါတွေကို ပြင်ဆင်ထားပြီးပါပြီ။ သူမက အိမ်ထဲကို ဝင်သွားခဲ့ပြီး သကြားညိုတစ်ပေါင်၊ ခေါက်ဆွဲခြောက်နှစ်ပေါင်နဲ့ အလုပ်သမားသုံး အကာအကွယ် လက်အိတ်တစ်ထုတ်ပါဝင်တဲ့ အိတ်တစ်အိတ်နဲ့ ပြန်ထွက်လာခဲ့သည်။
လောင်ကုရဲ့ စက်ရုံကြီး သုံးခုက အလုပ်သမားတွေအတွက်ကတော့၊ စက်ရုံက လတိုင်း အလုပ်သမားသုံး အကာအကွယ်လက်အိတ်တစ်စုံကို ဖြန့်ဖြူးရောင်းချသည်။ပြီးတော့ သူတို့ အကုန်လုံး သုံးလိုက်လို့ မရပါ။
ကျန်းဆွေ့လန်က အိတ်ကို ဦးလေးကျန်းရဲ့လက်ထဲထည့်ပေးပြီး သူ့ကို ပြောလိုက်သည်။ " အစ်ကိုကြီး၊ ဒီဆောင်းက အေးတယ်။ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ အလုပ်လုပ်တဲ့အချိန်ကျရင်၊ ဒီလက်အိတ်ကို အတွင်းတစ်ထပ်၊ အပြင်တစ်ထပ် ဝတ်ကြနော်။ ဒါက အလုပ်လုပ်တဲ့အချိန် နှင်းကိုက်နာတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ ချည်သားပိတ်စလက်အိတ်တွေ။ "
ကျန်းဦးလေးနဲ့အဒေါ်က တစ်နှစ်ပတ်လုံး လယ်ထဲမှာ အလုပ်လုပ်ကြသည်၊ ဆောင်းတွင်းမှာ မြေဆွပြီး မြောင်းဖောက်ကြသည်။ အရင်နှစ်တွေမှာ၊ သူတို့လက်တွေက အအေးဒဏ်ကြောင့် မုန်လာဥနီတစ်လုံးလို နီရဲပြီး ယောင်ကိုင်းနေကြသည်။
ဦးလေးကျန်းက ချည်ပိတ်စလက်အိတ်ကို ယူပြီး သဘောတကျနဲ့ သေချာကြည့်ကာ သူ့ရဲ့အိတ်ကပ်ထဲကိုထည့်ပြီး ပျော်ရွှင်စွာနဲ့ ပြောလိုက်သည်။ " ကောင်တီထဲက အလုပ်သမားသုံး အကာအကွယ် လက်အိတ်တွေကို ပိုကောင်းတဲ့ကုန်ပစ္စည်းတွေနဲ့ ပြုလုပ်ကြတုန်းပဲကိုး။ ရွှင်ဇီစက်ရုံက ထုတ်တဲ့ပစ္စည်းတွေက အပြင်ဘက်မှာ အဝတ်စတစ်ထပ်ပဲ ပါတာကြောင့် မင်းမရီးက မဝတ်နိုင်ခဲ့ဘူး။ ဖိနပ်တွေရဲ့ အခံတွေကို ဖြတ်ပြီး ကပ်ထားရတယ်။ "
အဒေါ်အကြီးဆုံးက စိတ်မရှည်ဖြစ်လာပြီး ဒါက တစ်ကယ်ကို သူမလုပ်ပေးနိုင်တဲ့ တစ်စုံတစ်ခုပါပဲ။
ဦးလေးကျန်းက ပြုံးပြီး မြည်းလှည်းပေါ်က အိတ်ထဲက ခဲထားတဲ့ဝက်သားတုံးကြီးနဲ့ တရုတ်မုန်လာထုတ်တစ်အိတ်ကို ယူလာခဲ့သည်။ သူက ပြုံးလိုက်ပြီး ပြောခဲ့သည်။
" ဒီနှစ်က ခက်ခဲတဲ့အချိန် ဖြစ်ပေမယ့် ငါတို့မိသားစုက အလွန်ကံကောင်းတယ်။ အေးခဲပြီး နှင်းကျနေခဲ့တဲ့အချိန်ဖြစ်ပြီး၊ အနောက်ဘက်တောင်တန်းတွေပေါ်က တောဝက်ရိုင်းမှာ ဘာမှစားစရာမရှိခဲ့တာကြောင့် တောင်ခြေမှာရှိတဲ့ ဟော်ဟော်ရွာထဲက မြေအောက်ခန်းထဲက ဟင်းသီးဟင်းရွက်ခန်းထဲကို ပြေးဝင်လာခဲ့တယ်။ ဒုတိယသားက လူငယ်အဖွဲ့ကို ဦးဆောင်ပြီး တောဝက်ရိုင်းဖျက်ဆီးသွားတဲ့ အမှိုက်သရိုက်တွေကို သယ်လာခဲ့ကြတယ်။ ဝက်ခြောက်ကောင်က ကီလိုဂရမ်ထောင်ပေါင်းများစွာ ရခဲ့တယ်။ ဒီနှစ်မှာ ငါတို့ရဲ့ ကာကွယ်ရေးအဖွဲ့အတွက် အသားမရှားတော့ဘူး။ စားဖို့အတွက်၊ ငါတို့မိသားစုက အသားတွေကို ၇၀/၈၀ ကီလိုဂရမ်စီ ခွဲလိုက်ကြတယ်။ နှစ်သစ်ကူးအတောအတွင်းမှာ၊ အမေက မင်းရယ်၊ ယောက်ဖနဲ့ မင်းတူလေးအတွက် ကီလိုဂရမ် အနည်းငယ်လောက် ချန်ထားဖို့ ပြောခဲ့တယ်၊ ပြီးတော့ စားဖို့အတွက် မုန်လာထုပ်တွေလဲ ပေးခိုင်းလိုက်တယ်။ "
သူပြောနေရင်းပဲ၊ ဦးလေးကျန်းက သူ့ရဲ့ပုခုံးပေါ်မှာ ခဲထားတဲ့ဝက်သားတုံးကြီးနဲ့ မုန်လာထုပ်အိတ်တွေကို သယ်လာခဲ့သည်။
ဒီနှစ်ခုက အရမ်းလေးနေခဲ့ပြီး ဦးလေးကျန်းက မသယ်နိုင်ခဲ့ပေ။
အသားက အရမ်းလေးသည်။ ဦးလေးကျန်းက ကီလိုဂရမ်အနည်းငယ်လောက်ဟုသာ ပြောခဲ့သည်။ လင်းယောင် ခန့်မှန်းရရင် ဒါက တစ်ဆယ်ကီလိုဂရမ်ထက်တော့ မနည်းလောက်ပေ။ မုန်လာထုပ်အိတ်ဆိုရင် တစ်ဆယ်ကီလိုဂရမ်ထက်တောင် ကျော်ပါလိမ့်မည်။
ဦးလေးကျန်းက သယ်ရတာ ခက်ခဲနေပြီး ကုမန်ဆန်က သူ့ရဲ့ အိုနေတဲ့ လက်တွေ၊ခြေထောက်တွေနဲ့ မသယ်နိုင်ခဲ့ပါ။
သူမရဲ့ အစ်ကိုက အလွန်သတ္တိရှိခဲ့ပြီး နေ့ခင်းကြောင်တောင်မှာ အသားကို အပြင်ကိုထုတ်လာခဲ့သည်။ သူမက ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတာသေချာအောင် အမြန်ကြည့်လိုက်ပြီး သူမရဲ့ သားကြီးကို ခေါ်ဖို့ အိမ်ကိုပြန်သွားခဲ့သည်။
ကုရှီအန်းက ခြံထဲမှာ မီးသွေးပြာတွေကို ခြစ်နဲ့ သန့်ရှင်းရေးလုပ်နေခဲ့သည်။ သူ့အမေ သူ့ကိုခေါ်နေတာကို ကြားလိုက်ရတဲ့အခါမှာ ခြစ်ကို ချထားခဲ့ပြီး ခြံပြင်ကို ခြေလှမ်းကျဲကျဲနဲ့ ထွက်လာခဲ့သည်။ သူ့ဦးလေးရဲ့ကားပေါ်က အေးခဲထားတဲ့ ဝက်သားတုံးကြီးကို မြင်လိုက်တဲ့အခါ၊ သူ့ရဲ့ ချောမောလှတဲ့ မျက်ခုံးတွေ မြင့်တက်သွားပြီး သူ့စိတ်တွေ ပြန်လည်တည်ငြိမ်လာခဲ့သည်။
သူ့ဦးလေးလက်ထဲက အသားတွေကြောင့် သူ မအံ့ဩခဲ့ပါ။ အားလုံးပြီးတဲ့နောက်မှာ၊ ကုမိသားစုရဲ့ ညီအစ်ကိုမောင်နှမတွေက ငယ်ရွယ်သေးတဲ့ အချိန်တုန်းက၊ သူ့တို့ရဲ့ ဦးလေးနဲ့အဒေါ်က သူတို့ရဲ့အိမ်ကို အသားတွေ ပို့ပေးလေ့ရှိပါသည်။
ဒီအချိန်မှာ၊ ကျေးလက်ဒေသမှာ နေထိုင်မှုရဲ့ အကျိုးကျေးဇူးတွေကို တွေ့မြင်နိုင်သည်။ အလံနီတပ်ဖွဲ့က တောင်တန်းတွေနားမှာ ရှိပါသည်။ တောင်တန်းတွေက သယံဇာတ ပေါကြွယ်ဝပါသည်။ တောဝက်ရိုင်းတွေ၊ ရစ်ငှက်တွေနဲ့ ယုန်တွေက မြေပြင်ပေါ်မှာ ပြေးလွှားနေကြသည်။ ဟွေ့မန်ရဲ့ အမဲလိုက်ခြင်းနဲ့ လက်မှုပညာတတ်မြောက်တဲ့ ဘဝက မြို့ကြီးတွေမှာထက် တစ်ကယ်ကို ပိုပြီး အာဟာရပြည့်ဝပြီး ပျော်ရွှင်ဖွယ်ကောင်းပါသည်။
ကုရှီအန်းက အသားတွေနဲ့ မုန်လာထုပ်တွေကို ခြံနောက်ထဲကို အလွယ်တကူပဲ သယ်သွားခဲ့သည်။
ကုရှီတုန်းက ဒါကို အားကျနေခဲ့သည်၊ ပြီးတော့ သူ့ရဲ့ အစ်ကိုကြီးလိုမျိုး ၁.၈ မီတာလောက် အရပ်ရှည်လာမယ့်အချိန်ကို သူစဉ်းစားနေခဲ့သည်။ သူလမ်းလျှောက်တဲ့အချိန်နဲ့ အမြင့်တစ်နေရာကနေ အောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်၊ သူလဲ အလွန်ချောမောနေလောက်ပါလိမ့်မည်။
ဦးလေးကျန်းက သက်ပြင်းချလိုက်ပြီး အချိန်က ဘယ်သူ့ကိုမှ မစောင့်ဟုဆိုကာ သူ့ရဲ့ ခွေးသားရေဦးထုပ်ကို ဆောင်းပြီး မြည်းလှည်းဟောင်းပေါ်ကို ခုန်တက်သွားခဲ့သည်၊ ပြီးတော့ အလံနီတပ်ဖွဲ့ဆီကို ပြန်သွားခဲ့သည်။
ကုမိသားစုကြီးက ဦးလေးကျန်းကို မြင်လိုက်ရပြီး နံရံပေါ်က နာရီအဟောင်းကို ကြည့်လိုက်ကြသည်။ ဟေး၊ ဆယ်နာရီခွဲတောင် ရှိနေပြီ။ အလုပ်ရှုပ်တဲ့ မနက်ခင်းတစ်ခုပြီးတဲ့နောက်မှာ၊ နေ့လည်စာပြင်ဆင်ဖို့ အချိန်ကျပြီ။
ထင်းအဖြစ်သုံးတဲ့ ပြောင်းဖူးရိုးတွေကို လိမ္မော်ရောင်ကြောင်လေးက အပိုင်းပိုင်းဖြစ်အောင် ကုတ်ခြစ်ခဲ့သည်။ ကုရှီအန်းက သစ်ခုတ်ဓါးတစ်ချောင်းကိုယူပြီး တောထဲကိုသွားကာ သစ်ကိုင်းတစ်ချို့ခုတ်ပြီး မီးမွှေးရွာမှာသုံးဖို့ ယူလာခဲ့ရုံသာ တတ်နိုင်တော့သည်။
ကျေးလက်ဒေသမှာ မြေမီးဖိုနဲ့ ဘယ်လိုမီးမွှေးရမလဲဆိုတာ လင်းယောင် မသိခဲ့ပေ။ မီးဖိုတွေကို ဖားဖိုတွေနဲ့ ဆက်သွယ်ထားသည်။ ဒီလိုရှေးကျတဲ့မီးဖိုတွေကိုရိုက်ကွင်းတွေမှာသာ သူမ တွေ့ခဲ့ဖူးသည်။
ကုရှီအန်းက ထင်းကိုင်းခြောက်တွေနဲ့ ပြန်လာခဲ့ပြီး မြေမီးဖိုနဲ့ ဘယ်လိုမီးမွှေးရမလဲဆိုတာ လေ့လာနေတဲ့ ကလေးမလေးကို တွေ့ခဲ့ရသည်။ လိမ္မော်ရောင်ကြောင်လေးကလဲ ဘေးမှာ ထိုင်နေပြီး ကြည့်ဖို့ ခေါင်းလေးကိုစောင်းထားခဲ့သည်။
အပြင်က အသံကိုကြားလိုက်တဲ့အချိန်မှာ၊ လူတစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်က လှည့်ကြည့်လိုက်ကြသည်။ သူတို့ရဲ့အမူအရာတွေက တစ်မျိုးစီ ချစ်စရာကောင်းလွန်းလှပါသည်။
လင်းယောင်က မီးဖိုဘေးက ပြာတွေကို ထိမိလိုက်သည်။ သူမ သတိမထားမိခဲ့ပဲ သူမရဲ့ မျက်နှာကို ထပ်ပြီး ပွတ်လိုက်သည်။ သူမရဲ့ လှပတဲ့မျက်နှာလေးက အခုတော့ မဲသဲနေခဲ့သည်။ သူမ အခုထိမသိခဲ့သေးပေ၊ ဒါပေမယ့်လဲ သူမ ကုရှီအန်းကို ပျော်ရွှင်စွာနဲ့ လက်ပြနေခဲ့တုန်းပင်။
"လောင်ကု ဒီကိုလာပြီး မြေမီးဖို ဘယ်လိုသုံးရလဲဆိုတာ ပြပေးပါလား။ အကြာကြီး ကြည့်နေခဲ့ပေမယ့် ဘယ်လိုသုံးရတာလဲဆိုတာ အခုထိမသိသေးဘူး။ "
စိတ်အားထက်သန်မှုအပြည့်နဲ့ လက်ထောက်ဒါရိုက်တာကု - " . . . "
အိုး၊ သူ့ကိုလိုအပ်တဲ့အခါမှာ၊ သူ့ကို အစ်ကိုလို့ခေါ်ပြီး၊ သူ့ကို မလိုအပ်တဲ့အခါမှာ၊ သူက လောင်ကုဖြစ်လာခဲ့သည်။
နောက်ဆုံးမှာတော့၊ မြေမီးဖိုကို ဘယ်လိုအသုံးပြုရလဲဆိုတာကို လေ့လာဖို့ လင်းယောင် ကျရှူံးသွားခဲ့သည်။
မီးဖိုဘေးမှာထိုင်ပြီး၊ ဖားဖိုကို မှုတ်ပေးနေတဲ့ ကုရှီအန်းကို သူမတစ်ချက်ကြည့်လိုက်ပြီး ကုလူကြီးဒီမှာရှိနေကတည်းက မြေမီးဖိုကို ဘယ်လိုသုံးရမလဲဆိုတာကို သူမ မသင်ရင်တောင် ကိစ္စမရှိတော့ဘူးဆိုတာ သူမကိုယ်သူမ တွေးနေမိသည်။
သူတို့ရဲ့အိမ်အသစ်ကို ကုမိသားစုကြီးပြောင်းသွားပြီးနောက် ပထမဆုံးနေ့လည်စာက ပေါက်စီတွေကို ပြန်အပူပေးဖို့၊ ရွှေရောင်သီးနှံဆန်ပြုတ်တစ်အိုးချက်ဖို့၊ မျှစ်ချဉ်တွေလှီးဖြတ်ဖို့နဲ့ ခြံထဲမှာထိုင်ပြီး မိသားစုအနေနဲ့ အစားအသောက်တွေ မျှဝေစားသောက်ကြဖို့သာ ဖြစ်သည်။
တစ်မနက်ခင်းလုံး အလုပ်ရှုပ်ပြီးတဲ့နောက်မှာ၊ အကုန်လုံး ပင်ပန်းနေခဲ့ကြသည်။
ဒီဆောင်းရာသီရဲ့ ထူးဆန်းမှုကိုတော့ ပြောမနေပါနဲ့တော့။ မနက်ပိုင်းမှာ နေက ခဏလောက်ပဲထွက်လာခဲ့ပြီး ဆယ့်တစ်နာရီထိုးလောက်မှာ၊ လေအေးတွေတိုက်လာပြီး အပြင်ဘက်မှာ မှောင်မဲလာခဲ့ကာ နှင်းကျတော့မည့် ပုံပေါ်သည်။
အိမ်ထဲက မြေအိုးတွေကို ထုတ်ပိုးပြီးပေမယ့်လဲ ဆောင်းတွင်းအတွက် အိမ်မှာ ထင်းတွေ လုံလောက်မှုမရှိခဲ့ပါ။ ဒီနေ့ ရာသီဥတုအေးတာကြောင့် ကုရှီအန်းနဲ့ သူ့အဖေတို့ နာရီဝက်လောက် အပြင်ကိုထွက်သွားခဲ့ပြီး ထင်းစီးနှစ်ဆယ်လောက် ဆွဲလာခဲ့ကြသည်။
တစ်မိသားစုလုံး မြေမီးဖိုနဲ့ မီးမွှေးလိုက်ကြပြီး မီးဖိုပေါ်မှာ အနီရောင်ရွှံ့မီးဖိုလေးတစ်လုံးကို တင်ကာ ရေနွေးတည်ခဲ့ကြသည်။
လင်းယောင်က သူတို့ကိုင်ရတာ သက်တောင့်သက်သာရှိစေရန် သေချာအောင် သူမကိုယ်တိုင်ချုပ်လုပ်ထားတဲ့ ကျေးလက်ပန်းပွင့်ပုံစံပါတဲ့ ချည်ပိတ်စအခင်းတွေကို မြေအိုးပေါ်မှာ ဖြန့်ထားလိုက်သည်။
ကျန်းဆွေ့လန်က အအေးဒဏ် မခံနိုင်တာကြောင့်၊ အိမ်ကိုပြန်သွားပြီး လဲလျောင်းနေခဲ့သည်။ ကုမန်ဆန်က ခြံထဲက ဟင်းသီးဟင်းရွက်စိုက်ခင်းတွေကို တစ်ခဏလောက် ထွန်ယက်နေခဲ့ပြီး အပြင်မှာ နှင်းမှုန်လေးတွေကျလာတဲ့အခါ၊ အိမ်ကို ပြန်သွားခဲ့သည်။
ဒါပေမယ့်၊ ညစ်ပတ်လေး သုန်ဇီကတော့ အိပ်မပျော်နိုင်ခဲ့ပေ။ သူ့ဦးလေး ပို့ပေးလိုက်တဲ့ အေးခဲထားတဲ့ဝက်သားတုံးကြီးအကြောင်းကို သူ စဉ်းစားနေခဲ့သည်။ အဲ့ဒါက အလွန်ကြီးတဲ့ ဝက်သားတုံးဖြစ်ပြီး သူ့မရီးက ဆီနည်းနည်းနဲ့ကျော်ဖို့ တစ်တုံးဖြတ်ယူသွားခဲ့သည်။ စဉ်းစားကြည့်ပါဦး၊ တရုတ်နှစ်သစ်ကူးရက်တွေမှာ အဲ့တာကို စားလို့ရနိုင်ပါသည်။ ရွှေရောင်သန်းပြီး ကြွပ်ရွတဲ့ အဆီလျှော့ပြီး ကြော်ထားတာကို တစ်ကိုက်လောက် ကိုက်လိုက်ရတာကို တွေးမိတဲ့နောက်မှာ၊ သူ သွားရည်ကျလာခဲ့သည်။
ဆီများများနဲ့ကြော်တာတွေ မပါတာကြောင့်၊ တရုတ်နှစ်သစ်ကူးအတောအတွင်းမှာ အသားလုံးတွေကို စားနိုင်ပါသည်။ တစ်ကိုက်ကိုက်လိုက်တဲ့အချိန်မှာ ဝက်ဆီနံ့ကမွှေးပြီး အရသာအရမ်းရှိသည်။
ကုရှီတုန်းက မျက်လုံးကြောင်ပြီး အိပ်မပျော်တော့ပါဘူး၊ ဒါကြောင့် သူ့မရီးဆီကို သွားခဲ့သည်။
လင်းယောင် အရမ်းအိပ်ချင်နေခဲ့တာကြောင့်၊ ညဘက်ကြီးမှာ ကောင်စုတ်လေးကို ဝက်သားကြော်စားဖို့ ပေးလိုက်ရုံကလွဲပြီး သူမမှာ ရွေးချယ်စရာမရှိခဲ့ပါဘူး၊ ပြီးတော့ ကောင်စုတ်လေးက ကျေနပ်စွာနဲ့ ထွက်သွားခဲ့ပါသည်။
အခန်းကလူတွေက မြေမီးဖိုလေးနဲ့ ငိုက်နေကြပြီဖြစ်သည်။ ဆွယ်တာအပါးလေးပဲ ဝတ်ထားတဲ့ လင်းယောင်က လက်ထောက်ဒါရိုက်တာကုရဲ့ လက်မောင်းပေါ်မှာ သက်တောင့်သက်သာနဲ့ ဇိမ်ကျကျ တစ်ရေးအိပ်နေခဲ့သည်။
မိုင်ပေါင်းများစွာအဝေးက လင်းဟုန်နကတော့ ပျော်ပြီးစိတ်ကောင်းဝင်နေတာမျိုး မဟုတ်ခဲ့ပါ။
စိတ်အားထက်သန်တဲ့ လင်းဟုန်နက အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း သူမရဲ့ မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါသည်။
လီအိုက်ဖုန်းက ထခုန်လိုက်ပြီး အိမ်မှာ ဆူပူနေခဲ့သည်။ " သားကြီး၊ မင်းဘာကို ပြောချင်တာလဲ။ နန ကို လက်ထပ်ခဲ့တုန်းက တင်တောင်းငွေမပေးခဲ့ဘူး၊ စားသောက်ပွဲမကျင်းပခဲ့ဘူး၊ ပြီးတော့ လက်ထပ်မှတ်ပုံတင်တောင် မလုပ်ခဲ့ဘူး။ ငါတို့ရဲ့ နန ကို ဘာလို့ အဝတ်တစ်ထည် ကိုယ်တစ်ခု ဖြစ်စေချင်တာလဲ။ ဝင်လာခဲ့၊ သူတို့မှာ အစီအစဉ်ကောင်းတစ်ခုရှိတယ်။ နန၊ မင်းအမေရဲ့ စကားကို နားထောင်ရမယ်၊ ပြီးတော့ သဘောတူလို့ မဖြစ်ဘူး။ အား၊ ဘယ်မိန်းကလေးရဲ့မိသားစုမှာ မင်္ဂလာလက်ဆောင်နဲ့ စားသောက်ပွဲ မရှိရတာလဲ။ နှစ်ပေါင်းများစွာကြာအောင် ဒါက ရိုးရာဓလေ့တစ်ခုဖြစ်ခဲ့တာ။ ငါတို့က ရွာထဲမှာ အဆင်းရဲဆုံး မိသားစုပဲ။ အိမ်ထောင်ပြုတုန်းက ယောင်္ကျားရဲ့ မိသားစုက ငါးယွမ် လက်ဆောင်ပေးခဲ့တယ်။ စွင်းမိသားစုရဲ့ ယောက္ခမကြီးက နင့်ကို စနောက်ဖို့ တမင်တကာ ကြိုးစားနေတာ။ စွင်းမိသားစုကြီးရဲ့ အသဲကျော်မြေးလေးနဲ့ ကိုယ်ဝန်ရခဲ့တယ်။ စွင်းမိသားစုကြီးက နင့်ကို ယွမ်သုံးရာပေးလိမ့်မယ်။ ငါ့သမီးနဲ့ မင်္ဂလာဆောင်ဖို့ အဲ့ဒီပိုက်ဆံတွေကို လက်ဖွဲ့အဖြစ် အသုံးမပြုနဲ့လေ။ "
" အမေ၊ ဘာတွေစဉ်းစားနေတာလဲ။ အခု စွင်းမိသားစုက သားတို့ကို ထိန်းချုပ်ဖို့ကြိုးစားနေတာ။ နန သာ ဝင်မပါခဲ့ရင်၊ မင်္ဂလာမဆောင်ဖို့တောင် သူတို့က လုပ်ရဲတယ်။ အချိန်ကျလာရင်၊ နန က ခြင်းကြားနဲ့ ရေခပ်နေသလိုဖြစ်သွားလိမ့်မယ်။ နန က ကိုယ်ဝန်ကြီးနဲ့ ဘယ်လိုမှ အိမ်ထောင်ပြုနိုင်မှာ မဟုတ်ဘူး။ "
လင်းဟုန်ဝူက သူ့ရဲ့ ခြေထောက်တွေကို ချိတ်လိုက်ပြီး သူ့အမေကို ကြည့်ကာ ရယ်နေခဲ့သည်။
ဒီခေတ်ကြီးမှာ ဘယ်ယောင်္ကျားက ဗိုက်ကြီးနေတဲ့မိန်းမကို ယူချင်မှာလဲ။
ဘယ်သူကမှ နောက်ယောင်္ကျားတစ်ယောက်ဖြစ်ဖို့ ကြိုးစားရလောက်အောင် မမိုက်မဲဘူး။
လင်းတာ့ကော်က နောက်ဆုံးတော့ အကြင်နာမဲ့တဲ့စကားတွေကို ပြောလာခဲ့သည်။
" ဟုန်ဝူပြောတာ မှန်တယ်။ အခု အရေးကြီးတာကစွင်းမိသားစုနဲ့ နန အိမ်ထောင်ကျနိုင်ဖို့ပဲ။ ထိမ်းမြားလက်ထပ်ပွဲတွေနဲ့ စားသောက်ပွဲတွေက အရေးမကြီးဘူး။ ကောင်တီထဲမှာ၊ မင်္ဂလာပွဲတွေက ပကာသနနဲ့ စားသောက်ပွဲတွေကို အရေးမပေးဘူး။ ကျေးလက်ဒေသမှာ၊ ဒါက ဘာတွေအရေးကြီးလို့လဲ။ "
အရေးအကြီးဆုံးအရာက သူ့သမီးကို ဘယ်သူမှမလိုချင်ရင် လင်းတာ့ကော်က သူမကို ထောက်ပံ့ပေးမှာ မဟုတ်ပေ။
လင်းတာ့ကော်က ဒါကို ပြောခဲ့တဲ့အခါ လီအိုက်ဖုန်းက ဒိုင်းနမိုက်တွေဝါးစားနေရသလို ခံစားခဲ့ရသည်။ သူမရဲ့ မျက်လုံးတွေကို ရွှေ့လိုက်ပြီး ပြောခဲ့သည်။
" ဒီအရူးနှစ်ယောက်ကတော့၊ မိန်းကလေးတစ်ယောက်ကို လက်ထပ်ယူတဲ့အခါ တင်တောင်းငွေတောင်းရမှာ ရှင်တို့ နှစ်ယောက်အတွက် သဘာဝကျနေတာပဲ။ ကျွန်မကလည်း လှပတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူတို့မိသားစုနဲ့ လက်ထပ်ရင်၊ တစ်ပြားတောင် ပေးစရာမလိုဘူး။ ဘာလို့လဲ၊ ကျွန်မသမီးက နှင်းစက်လေးတွေသောက်ပြီး ကြီးပြင်းလာတာလေ။ ကျွန်မသမီး အပေါ့အလေးသွားရတာ လွယ်ကူစေတယ်။ သေလိုက်တော့ အဖိုးကြီး။ ရှင့်အလုပ်မဟုတ်ခဲ့ဘူးပဲ။ ကျွန်မအတွက် စိတ်မကောင်းမဖြစ်ဘူးလား။ ရှင်နဲ့ ရှင့်သားအတွက် အကုန်လုံး အသုံးမဝင်တာတွေပဲ။ ဒီလိုသာဖြစ်မယ်ဆိုရင် အစ်ကိုနဲ့အဖေက ရင်မဆိုင်ရင် ဘယ်သူရင်ဆိုင်မှာလဲ။ ရှင်တို့နှစ်ယောက် စွင်းမိသားစုဆီကို သွားမယ်ဆိုရင် စွင်းမိသားစုက ထိပ်တိုက်ရင်ဆိုင်ရဲတယ်ဆိုတာ ရှင်တို့ မယုံကြဘူး၊ ဒါပေမယ့် ဒါက ကျွန်မတို့လင်းမိသားစုဝင်တိုင်းက အားနည်းပြီး ရွှံ့နံရံကိုတောင် ထိန်းမထားနိုင်တဲ့သူတွေပဲ။ "
လီအိုက်ဖုန်းရဲ့ တံတွေးတွေက ကောင်းကင်တစ်ခွင်ကို ပျံ့နှံ့သွားပြီး လင်းတာ့ကော်နဲ့ သူ့သားက သူတို့ရဲ့မျက်နှာတွေပေါ်ကို တံတွေးမစင်အောင် တိတ်တဆိတ် နားလည်စွာနဲ့ ရှောင်နေလိုက်ကြသည်။
လင်းဟုန်ဝူက သူ့ရဲ့ခြေထောက်တွေနဲ့ ပျင်းတိပျင်းရွဲ လျှောက်နေခဲ့ပြီး သူ့ကို လီအိုက်ဖုန်းက ဆူခဲ့သည်။
လီအိုက်ဖုန်းနဲ့ သူ့သားကို ဆူပြီးနောက်မှာ၊ လင်းဟုန်နကို စတင် ဆူခဲ့သည်။
" နောက်ဆုံးတော့လဲ၊ နင်ပဲ၊ နင်ပဲ ကောင်မစုတ်ရဲ့။ နင်က တစ်ခြားတစ်ယောက်ရဲ့ ကလေးကို ကိုယ်ဝန်လွယ်ထားရပြီး၊ တစ်ခြားသူတွေက နင့်ကို ဂရုတောင်မစိုက်ဘူး။ ဒါသာ မြေခွေးမ လင်းယောင် ဖြစ်နေခဲ့မယ်ဆိုရင်၊ နင် အဲ့လိုပဲ လုပ်ရမယ်။ နင့်ရဲ့မျက်နှာက ဈေးကောင်းရနိုင်တယ်။ လက်ထပ်မှတ်ပုံတင်မရရင်၊ နင်က တရားဝင် မင်္ဂလာမဆောင်ရသေးဘူး။ အရင်ခေတ် လူ့ပတ်ဝန်းကျင်မှာ၊ မယားငယ် ယူဖို့တောင် စာရွက်စာတန်းတွေရှိသေးတယ်။ နင်က မယားငယ်ထက်တောင် ပိုဆိုးနေတာပဲ ကောင်မစုတ်ရဲ့"
ဒီစကားတွေက လီအိုက်ဖုန်းကို တစ်ကယ်စိတ်ဆိုးစေခဲ့ပြီး စိုးရိမ်ပူပန်စေခဲ့သည်။ သူမ နားမလည်နိုင်ခဲ့ပါ။ သူမရဲ့ သမီးက အဲ့ဒီကောင်မရဲ့ သမီးထက် တစ်ကယ် နိမ့်ကျတာလား။
လင်းဟုန်န သွေးတွေတိုးလာခဲ့သည်။ သူမ လင်းယောင်ရဲ့ နာမည်ကို ကြားလိုက်ရတဲ့အခါ၊ သူမ ဘာတွေတွေးမိမှန်း သူမ မသိခဲ့တော့ပါ။ သူမ အံကြိတ်လိုက်ပြီး ခြေထောက်ဆောင့်ခဲ့ကာ လက်ထပ်မှတ်ပုံတင်မရပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တော့သည်။