အခန်း (၄၉)
Vol. 5 Ch. 49
ရွှီရှန်းချန်သည် တစ်ဦးတည်းသောသားဖြစ်တာမှန်သော်လည်း သူ၏မိသားစုထဲမှ အဆင့်အတန်းသည် အရမ်းမမြင့်ပေ။
အဖေရွှီသည်လည်း သားသမီးများအပေါ်သံယောဇဉ်သိပ်မထားပေ။ သူ၏မိန်းမ ကျန်းမာပျော်ရွှင်နေဖို့သည်သာအဓိကပင်။
သို့သော် အမေရွှီကတော့ အဲလိုမဟုတ်ပေ။ သူမသည်ငယ်စဉ်ကတည်းက ခန္ဓာကိုယ်အားနည်းခဲ့သည်။အသက် ၂၀ တွင် အဖေရွှီနှင့်လက်ထပ်ပြီးခြောက်နှစ်အကြာတွင် ကိုယ်ဝန်ရခဲ့သည်။၂၆ နှစ် တွင် ရွှီရှန်းချန် မွေးခဲ့ပြီး သွေးထွက်လွန်ခြင်းနှင့် သန္ဓေသားအနေအထားမမှန်ဖြစ်ပြီး သွေးအလွန်အကျွံထွက်ရာမှ မနည်းအသက်ကယ်ထားခဲ့ရသည်။
ထိုခေတ်က ဂျပန်အုပ်ချုပ်သော ခေတ်ဖြစ်သောကြောင့် ဂျပန်များသည် မြို့ထဲ၌လုယက်မှုများ၊မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ခဲ့သည်။ ထို့ကြောင့် ထိုခေတ်ကကိုယ်ဝန်ဆောင်မိခင်များနှင့် ဆရာဝန်များသည်အကူအညီမဲ့နေခဲ့သည်။ ကံကောင်းစွာဖြင့် ဟောင်ကောင်မှ လူများဦးစီးသော ကြက်ခြေနီဆေးရုံရှိပြီး တိုင်းရင်းဆေးမရလျှင် အနောက်တိုင်းဆေးဖြင့်ကုသည်။
ရွှီအမေကို ထိုညက ကြက်ခြေနီဆေးရုံသို့ အသက်ကယ်ရန်ပို့လိုက်ရသည်။ အသက်မဆုံးရှုံးသော်လည်း ခန္ဓာကိုယ်ထိခိုက်သွား၍ အနာဂတ်တွင် ကလေးမရနိုင်တော့ပေ။
အဖေရွှီကတော့ မမှုပေ။ သားတစ်ယောက် အိမ်မှာရှိရင်ကိုရနေပြီဖြစ်သည်။
မကျန်းမာသော အမေရွှီကတော့ သူမ၏ဘဝတွင် သမီးဝဝကစ်ကစ်လေးတစ်ယောက်နှင့် ဆိုးပေသောသားလေး တစ်ယောက်ရှိလျှင်ကောင်းမည်ဟုထင်သည်။
သို့သော် သမီးအရင်မရပဲ သားကိုအရင်မွေးခဲ့သည်။
အနာဂတ်တွင် ကလေးမရနိုင်တော့လျှင် သားလေးကိုသမီးလေးလိုပဲမွေးလို့ရသည်။
အစ်ကိုကြီးထို့ထို့သည် အသက် ၄ သို့မဟုတ် ၅ နှစ်သာရှိသေးပြီး သူ၏မိခင်သည် နေ့တိုင်းကျစ်ဆံမြီးကျစ်ပေးကာ ပန်းအဆင် ဘောင်းဘီလေးတွေ ဝတ်ပေးသည်။ အစ်ကိုကြီးထို့ထို့ အနီရောင်နှုတ်ခမ်းလေးရှိပြီး သွားဖြူဖြူ လေးတွေနဲ့ ကြည့်လို့ကောင်းပေသည်။
ရွှီအမေသည် အစ်ကိုကြီးထို့ထို့ကို လမ်းလျှောက်ခေါ်သွားလျှင် အားလုံး ချစ်စရာသမီးလေးဆိုပြီး ဝိုင်းချီးကျူးကြသည်။ သို့သော် သူသည် သမီးမဟုတ်ပဲ သား ဖြစ်နေသည်။
အစ်ကိုကြီးထို့ထို့ အရွယ်ရောက်လာသောအခါ အမေဖြစ်သူ၏ မိန်းကလေးလို ဆင်ပေးခြင်းအားငြင်းခဲ့သည်။ အမေရွှီသည်လည်း သက်ပျင်းသာချပြီး ယွင်ရန်၏ ချစ်စရာသမီးလေးဘဝ အဆုံးသတ်သွားလေသည်။
ဒါပေမဲ့ ဘာမှမဖြစ်ပါဘူး။ မြေးမလေး ရနိုင်တာပဲလေ။
ထို့ကြောင့်ရွှီ အမေသည်သားဖြစ်သူကို မိန်းမမြန်မြန်ယူရန်တိုက်တွန်းကာ နောက်ဆုံးကုချွင်မေနှင့် လက်ထပ်သွားခဲ့သည်။
ယခုရွှီမိသားစုတွင် ကုချွင်မေသည် အရေးပါဆုံးဖြစ်လာခဲ့သည်။
အိမ်တွင်မွေးထားသောကြောင်သည်ပင်လျှင် ရွှီရှန်းချန်ထက်ပိုအရေးပေးခံရသည်။
သို့သော်သူ၏ ယောက်ဖဖြစ်သောသူလည်း ထိုနည်းလည်းကောင်းပဲဖြစ်သည့်အတွက် စိတ်သက်သာရခဲ့သည်။
အာ့ အား။ လောင်ကုသည်လည်း သူ၏အိမ်တွင်အဲ့အတိုင်းအပင်။
ယောကျာ်းစစ်ရင် သည်းခံနိုင်ရမည်။!
ရွှီရှန်းချန် တစ်ညလုံး ဘာတွေတွေးနေမှန်းမသိပဲ မျက်နှာကြီးတစ်ခုလုံး ပြုံးဖြီးနေလေသည်။
ကုချွင်မေလည်း မသိသည့်အတွက် အနားကိုတိုးကာဆွဲဆိတ်လိုက်လေသည်။
“ဘာလို့ရယ်နေတာလဲ။ အခန်းထဲက ရေနွေးအိုးလည်း မဆေးရသေးဘူး။ သွားဆေးလေ။”
ရွှီရှန်းချန်သည် အဆိတ်ခံရသော ခါးနေရာကို ကိုင်လိုက်ရင်း “အွန်း” ဟုပြောလိုက်ကာ ကြေကွဲစွာဖြင့်ထသွားလေသည်။
ည ၁၀ နာရီတွင်ထိုဇနီးမောင်နှံ ၂ ယောက်စက်ဘီးဖြင့် ကွေ့ဟွားဟူးထုန်သို့ သွားလေသည်။
ကုမန်ဆန်သည် စိတ်ပူ၍ ထို ၂ ယောက်ကို အိမ်အရောက်လိုက်ပို့ချင်နေသည်။
သို့သော် လူအိုကြီး၏ ဆန္ဒကို ဘယ်သူမှ သေသေချာချာ မမှုခဲ့။
ကျန်းဆွေ့လန်သည် တာ့တာပြကာ ကုမန်ဆန်ကတော့ ပြုံးတာမရပ်နိုင်တော့ချေ။ ထို့နောက် လက်တဖက်တွင် ဝါးခြင်းတောင်း၊ တဖက်က သူ၏ဇနီးကိုတွဲကာ တံခါးပေါက်မှ အထဲသို့ဝင်လေသည်။
အလုပ်များသောရက်များတွင် လင်းယောင်စက်ရုံမှပြန်လာသောအခါ သူမတစ်ကိုယ်လုံး ဆီနံ့များရနေခဲ့သည်။ သူမ၏နူးညံ့သောမျက်ခုံးများတွန့်သွားခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး စေးကပ်ကပ်ဖြစ်နေသောကြောင့် တဘတ်ကိုယူကာ ရေချိုးလေသည်။ ထို့နောက် ညဝတ်အင်္ကျီကိုဝတ်လိုက်ပြီး ရှည်လျားသောဆံပင်ကိုလျော့လျော့ချည်ထားကာ မျက်လုံးများမှာရွှန်းလဲ့နေပြီး အသားအရည်သည်နှင်းကဲ့သို့ပင်ဖြစ်သည်။
ည ၁၀ နာရီခွဲပြီဖြစ်သောကြောင့် ယွင်ရွှေကောင်တီတွင်ဘာမှမမြင်နိုင်လောက်အောင်မှောင်လေပြီ။
အခြားမိန်းကလေးများ အိမ်ပြန်ရန် ကြောက်ချင်လည်းကြောက်ချင်စရာကောင်းသည်။
လင်းယောင်ကတော့ မကြောက်ပေ။ ရေချိုးခန်းထဲ၌ ပြတင်းပေါက်မရှိပဲ ရေငွေ့များသာရိုက်နေသည့်အတွက် သူမ စိတ်ဓာတ်ကျသွားလေသည်။ ထို့နောက် ဆံပင်အခြောက်ခံရင်း အပြင် ပြတင်းပေါက်ဘေးတွင်ထိုင်နေခဲ့သည်။ ထို့နောက် သန်းလိုက်ပြီး အိပ်ရာထဲသို့ဝင်ကာအိပ်မောကျသွားလေသည်။
သူမပြန်နိုးသောအချိန်သည် သန်းခေါင်ယံပင်ရှိနေပြီး ကုရှီအန်းသည် ကြီးမားသော လက်ဖြင့် သူမကိုတင်းကျပ်စွာဖက်ထားကာ မျက်စိပိတ်ပြီး အိပ်မောကျနေသည်။ သူမ၏အေးစက်နေသောမျက်နှာမှာ ဖယောင်းတိုင်မီးကြောင့် နွေးသွားခဲ့သည်။
ဘေးကလူကြီးကတော့ အိပ်နေသည့်အချိန်တွင် အနိုင်ကျင့်ချင်စရာကောင်းသော ခွေးအကြီးကြီးသးကဲ့သို့ပင်။
လင်းယောင်လက်များ စတင်လှုပ်ရှားလိုက်ပြီး လက်ထောက်ဒါရိုက်တာကုကို ငိုသွားသည်အထိ အနိုင်ကျင့်ချင်စိတ်များ ပေါ်လာခဲ့သည်။
သို့သော် သူမအတွေ့အကြုံအရ တစ်ယောက်ယောက်ငိုသွားအောင် စလိုက်လျှင် တကယ်ငိုရသောသူက နောက်ဆုံးသူမပင်ဖြစ်သည်။
ထို့ကြောင့် လက်ကိုချလိုက်ပြီး တွန့်ဆုတ်စွာ ပြန်လှဲနေလိုက်သည်။ ခဏအကြာ ကုရှီအန်း၏ လက်မောင်းတွင်းသို့အလိုလျောက်လိမ့်ကာ အိပ်သွားခဲ့သည်။
တိတ်ဆိတ်သောညဘက်တွင် ကုရှီအန်း၏ စူးရှ၍နက်မှောင်သော မျက်လုံးတစ်စုံ ပွင့်လာခဲ့သည်။သူ၏လက်မောင်းထဲမှ မိန်းကလေးကတော့ နှစ်ခြိုက်စွာအိပ်နေပြီး ယောင်နေလေသည်။
သူသည်လင်းယောင်၏ ဆံနွယ်တို့ကို ပွတ်သပ်ပေးပြီး နားနောက်ကို ပို့ပေးလိုက်သည်။ သူ၏မျက်လုံးထဲ၌ နူးညံ့ခြင်းနှင့် ဂရုစိုက်မှူများပြည့်နှက်နေပြီး သူမကို မရိုးနိုင်ပေ။
ကုချွင်မေအိမ်ပြန်ပြီး ၃ ရက်အကြာ ကုမိသားစုလည်း အရင်လို အေးဆေးစွာ လည်ပတ်လေသည်။ သုန်ဇီကတော့ ခြံထဲတွင် အမေဖြစ်သူက တံမြက်စည်းဖြင့်လိုက်ရိုက်သောကြောင့် ပြေးနေရသည်။
လင်းယောင်၏ ငယ်ဘဝမှာ သက်တောင့်သက်သာပင်။
တခါတလေ ကုရှီအန်း အလုပ်မရှိသောအခါ၌ လင်းယောင်ကို လိုက်ပို့နေကျ စက်ဘီးအားသုန်ဇီကို ပေါ်လစ်တိုက်ခိုင်းလေသည်။
သုန်ဇီ ကြိုးကြိုးစားစား လုပ်ပေးနေသည်ကိုမြင်သောအခါ လင်းယောင်က မုန့်ဖိုးအပိုပေးခဲ့သည်။
မနက်တိုင်းစက်ဘီးတိုက်သည်ကို ကောင်စုတ်လေးကသဘောကျနေခဲ့သည်။
အောက်တိုဘာလတွင် စက်ဘီးစီးရသည်က အလွန်ကောင်းသည်။ လင်းယောင်မနက်စောစော အလုပ်သွားချိန်တွင် လင်မယား ၂ ယောက်တူတူ စက်ဘီးစီးကြလေသည်။
ကျန်းတာ့ချန် မိသားစု လွန်ခဲ့သောတစ်ပတ်က ဘာဖြစ်နေလဲမသိ။ မိသားစုဝင် ၄ ယောက်လုံး ရေတွင်းရေသာသောက်ပြီး အားလုံးဝမ်းလျှောကြတာ တစ်ညလုံးပင်ဖြစ်သည်။
နောက်ဆုံး မိသားစုတစ်စုလုံး မခံနိုင်တော့ပဲ ဆေးရုံသို့ပို့လိုက်ရသည်။
အိမ်နီးချင်းများကလည်း ပြောနေကြသည်။
“ လောင်ကျန်းမိသားစုက ဘယ်လိုဖြစ်ရတာလဲ။ ၄ ယောက်လုံး ဝမ်းလျှောကြတာ။ မကောင်းတာတွေများလုပ်ထားလို့လားမသိဘူး။”
“လျှောက်ပြောမနေနဲ့။”
“ချီးပဲ။ ငါ့ကိုလာပြီးဆုံးမမနေနဲ့။”
“ဟားဟား တကယ်တမ်းတော့ ၄ ယောက်လုံးက တွင်းရေသောက်လိုက်မိတာ။ ဒါဆိုဘာလို့ဗိုက်အောင့်ကြတာလဲ။”
“ကြည့်ရတာတခုခု မသန့်တာစားလိုက်မိပုံပဲ။ ကျန်းတာ့ချန်ကလည်း စက်ရုံမှာ စာဖိုမှူးလုပ်ပေမဲ့ အိမ်မှာကောင်းကောင်းစားရပုံမရဘူး။”
အားလုံးက အဆိုးအကောင်း ရောက်တက်ရာရာပြောနေကြပြီး စားသောက်ရန်ရေပင် ခပ်မသောက်ရဲကြတော့ပေ။ အချို့ကလည်း ဖုန်းရွှေခြံမြေက ကံမကောင်း၊ နေသည့်သူတိုင်း ဒုက္ခရောက်သည်ဆို၍ ပြောကြလေသည်။
အဒေါ်တာ့ဖုနှင့် အခြားသူများက ထိုအတင်းတုတ်နေသောသူများကို ဒေါသထွက်လေသည်။ ဝမ်ရှန်းဆိုင်နှင့် လီကောယာတို့ လိုက်လျောညီထွေနေတက်သောသူသည်လျှင် ထိုအတင်းပြောသောလူတစ်သိုက်ကိုကြည့်မရပေ။
သို့သော် တစ်ယောက်ပြောသည်ကို မထောက်ခံလျှင် ထိုသူကို အနိုင်ကျင့်တက်သည်ဟု ထင်ကြသေးသည်။
ဒါရိုက်တာကောသည် ထိုကိစ္စကို လေးလေးနက်နက်ကိုင်တွယ်ရန် အဖွဲ့ဝင်များအား အစည်းအဝေးခေါ်လိုက်လေသည်။ ထို့နောက်အားလုံးရှေ့တွင်ရေတွင်းမှရေတစ်ခွက်ကို ကိုယ်တိုင်သောက်လိုက်သည်။
ညနေခင်းတစ်ခု ကုန်ဆုံးသောအချိန်တွင် ဒါရိုက်တာကော၏ အသံသည် ပြောင်းလဲခြင်းမရှိပဲ ခေါင်းလောင်းကြီးအတိုင်းပင်။
ထို့နောက်ယခင်က ဖုန်းရွှေခြံမြေသည် ကံမကောင်းဟုပြောသောမိန်းမများလည်း ပါးစပ်ပိတ်သွားခဲ့သည်။
ထို့ကြောင့် ထိုအကြောင်းပြောမိကြသောအခါတွင် ကျန်းမိသားစုကိုကကံမကောင်းသည်ဟူ၍ပြောင်းပြောကြပြန်သည်။
လျို့အာ့ဆွေ့သည် ဝမ်းလျှောပြီး နလန်မထူနိုင်သဖြင့် ကျန်းမာရေးစင်တာကို သွားခဲ့ရသည်။ လမ်းထဲမှသူများသတင်းသွားမေးသောအခါတွင် မျက်နှာဖြူဖတ်ဖြူရော်ဖြင့် ခေါင်းသာငြိမ့်ပြနိုင်သည်။ သူမ ဆိုးဝါးသောဝေဒနာကိုခံစားနေရသည်။
ကျန်းတာ့ချန်လည်း ထိုနည်းအတိုင်းပင်။ အိပ်ရာပေါ်မှမထနိုင်ပေ။
ကျန်းရွှယ်နှင့် ကျန်းဟောင်တို့ကတော့ လူငယ်များဖြစ်သည်က တစ်ကြောင်း၊ ရေနည်းနည်းပဲသောက်မိသည်ကတစ်ကြောင်း drip ချိတ်ပေးပြိးသောအခါ မြန်ဆန်စွာသက်သာလာခဲ့သည်။
ဆေးခန်းဝန်ထမ်းက ဘာဖြစ်တာလဲဟုမေးသောအခါ လျို့အာ့ဆွေ့ဘာမှမပြောနိုင်ခဲ့ပေ။
ကုမိသားစုသောက်သော လက်ဖက်ရည်ထဲသို့ သူမထည့်ရန်ပြင်ဆင်ခဲ့သော ကနခိုမှုန့်ကြောင့် ဝမ်းလျှောကာ အရှက်ရခဲ့ရသည်။ နောက်ဆုံး လျို့အာ့ဆွေ့သည် "ကြက်သားဟင်းခိုးနိုင်ခဲ့သော်လည်း ထမင်းမရခဲ့" ဟုဆိုသည့်အတိုင်းပင်။
ဘုရားသာအဖြစ်မှန်ကို သိနိုင်သည်။ လျို့အာ့ဆွေ့ခါးတွင်ထည့်ထားခဲ့သော ကနခိုမှုန့်သည် ရေပုံးထဲရောက်နေသည်ကို မသိခဲ့ခြင်းဖြစ်သည်။
သူမခြံထဲတွင်ဘယုန်သွားလွှတ်ရန်ညထွက်သွားသောနေ့ကများ အမှုန့်တွေရေပုံးထဲကို မှောက်ကျလေသလား။
သို့သော် ကျန်းမိသားစုတွင် မီးဖိုချောင်မရှိသည့်အတွက်ပြတင်းပေါက်အောက်တွင် စားပွဲတစ်ခုကိုစဥ့်တီတုံးအဖြစ်ထားရသည်။ ဘေးနားတွင် ပျားလပို့မီးဖို၊ ပြီးလျှင်ရေပုံးဖြစ်သည်။ ရေဆွဲသည့်သစ်သားပုံးများကိုထောင့်တွင်ထားခဲ့သည်။
ထို့ကြောင့် လျို့အာ့ဆွေ့ထင်တာမဖြစ်နိုင်။
လျို့အာ့ဆွေ့သည်ဘယ်သူကမှအန္တရယ်ရှိသောအမှုန့်ကိုထည့်မည်မဟုတ်သည်ကိုသိသည်။ထိုအကြောင်းကို အထက်လူကြီးများသိလျှင် ကန်တင်း၌ သူမကို ဝယ်ခွင့်ပြုတော့မည်မဟုတ်။
ပို၍အရေးကြီးသည်က စတီးစက်ရုံမှ လူများနားထဲသို့သတင်းရောက်လျှင် ကန်တင်းမှစားဖိုမှူးဖြစ်သော လောင်ကျန်းအလုပ်ပြုတ်နိုင်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ကျန်းမိသားစုသည် ကျန်းတာ့ချန်၏စားသောက်တန်းမှ အလုပ်ကိုသာ မှီခိုခဲ့သည်။သူတို့၏ဘဝမှာ သာမန်မဟုတ်ခဲ့ပေ။
နမူနာအနေဖြင့် လျို့အာ့ဆွေ့၏ညီမ ၂ ယောက်ကိုကြည့်နိုင်သည်။ သူတို့သည်ကောင်တီမှ အလုပ်သမားများနှင့်လက်ထပ်ခဲ့လေသည်။
အပေါ်ယံကြည့်လျှင် အဆင်ပြေသည့်ပုံပေါ်သော်လည်း တကယ့်ဘဝကို ကာယကံရှင်များသာ သိသည်။
လျို့အာ့ဆွေ့၏ အကြီးဆုံးအစ်မသည် သတ္တုရည်ကျိုသည့်ဝန်ထမ်းဖြစ်ပြီး တစ်လလျှင်၃၇ ယွမ်နှင့် ၈ဆင့် ရသည်။ လစာကောင်းသော်လည်း မိသားစု ၈ ယောက်အတွက်တခါတလေ မလောက်ပေ။
ထို့ကြောင့် လျို့အာ့ဆွေ့ဆီမှာ ပိုက်ဆံလာချေးရသည့်အခါမျိုးရှိပေသည်။
လျို့အာ့ဆွေ့၏ ညီမ ဘဝမှာပိုဆိုးလေသည်။ ခင်ပွန်းမှာ ယာယီအလုပ်သမားတစ်ဦးဖြစ်ပြီး ၁ လလျှင် ၂၀ယွမ်သာရသည်။ သားအိမ်ရောဂါရှိသောမိန်းမကြီးနှင့် လက်မထပ်သေးသော ယောက်မအတွက် ကုန်ကျစရိတ်များပြားသည်။ ဆယ်မီတာပတ်လည်ရှိသော အိမ်သေးသေးလေး၌ ဆိုးရွားစွာနေခဲ့ရသည်။
လျို့အာ့ဆွေ့သည် သေသည်အထိ ထိုသို့မနေချင်ပေ။
ကျန်းတာ့ချန်မရှိတော့လျှင် အိမ်၏ ကျောထောက်နောက်ခံလည်း ရှိတော့မည်မဟုတ်။
ထိုအခါ အစားအသောက်စရိတ်များ၊ ပညာရေးစရိတ်အတွက်ပါ စဉ်းစားရတော့မည်။
သူမဘယ်လို အသက်ဆက်ရမည်နည်း။?
လမ်းပေါ်မှ စပ်စုနေသော ကလေးမတစ်ယောက်ရှေ့တွင် လျို့အာ့ဆွေ့၏ မျက်နှာမှာနီလိုက်၊ ပြာလိုက်၊ ဖြူလိုက်ဖြင့် ချေးများ တသီးသီးကျလာလေသည်။ တွန့်ဆုတ်စွာဖြင့် သတ္တိမွေးပြီးတော့သာ ရေအများကြီးသောက်ရင်းဝမ်းလျှောပြီး အိပ်ရာထဲကပင် မထနိုင်ဟု ပြောခဲ့ရသည်။
ထိုအခါ လီကောယာက နှုတ်ခမ်းကိုတွန့်လိုက်ရင်း “ လျို့အာ့ဆွေ့က ငါတို့ကို အရူးများထင်နေတာလား။ ရေအများကြီးသောက်ပြီး ဝမ်းပျက်တယ်။ အစားအများကြီးစားမိလို့ဖြစ်တာလို့ ဘာလို့မပြောတာလဲ။ ကလိမ်ကကျစ်နဲ့ ။ အဲ့ဒါကံကံ၏ အကျိုးပဲလေ။”
လီကောယာက အမှန်တရားတွေပြောသည့်အခါ လင်းယောင် ပါးစပ်ပိတ်ပြီးသာပြုံးပြလိုက််သည်။
သို့သော်ချွင်မေသည် သူမ မင်္ဂလာဆောင်ကတည်းက မူမမှန်တာကို သတိထားမိသည်။ ဘာလဲဆိုတာတော့ သူမမသိ။
နောက်ဆုံးတော့ အမှန်တရားပေါ်လာခဲ့ပြီ။
လျို့အာ့ဆွေ့အကြံအစည်က အဲ့ဒါပဲနေမည်။!
လင်းယောင် မျက်လုံးများ အေးစက်သွားခဲ့သည်။
ကနခိုအမှုန့်များသာ မတော်တဆ ကျန်းမိသားစု၏ ရေပုံးထဲသို့မကျသွားလျှင် ဆေးရုံရောက်မည့်လူက ကုမိသားစုပင်နှင့် မင်္ဂလာပွဲမှ ဆွေမျိုး ဧည့်သည်များပင်ဖြစ်လိမ့်မည်။
မင်္ဂလာပွဲသို့ ကလေးများပါ လာသည့်အတွက် ကနခိုပါသည့်ရေသောက်ပြီး ဝမ်းပျက်လျှင် အူနုနုလေးတွေကခံနိုင်ရည်ရှိမည် မဟုတ်ပေ။
လျို့အာ့ဆွေ့က တကယ်မကောင်းကြံခဲ့တာပဲ။
လင်းယောင် တွေးရင်းတွေးရင်း ခွင့်မလွှတ်နိုင်တော့ပဲ လက်ထောက်ဒါရိုက်တာကုကို အနည်းဆုံးတော့သတိထားနိုင်ရန် ပြောပြဖို့ စဉ်းစားလိုက်လေသည်။