← Chapters

အခန်း (၅၁)

Vol. 5 Ch. 51

အခန်း (၅၁)

Vol. 5 Ch. 51

ကျန်းတာ့ချန်သည် ထို ကနခိုမှုန့်ကိစ္စတွင် ပါဝင်ရုံသာမကပဲ ခေါင်းကိုင်စီစဉ်သောသူသာဖြစ်သည်။

ထိုအချက်သည် လက်ထောက်ဒါရိုက်တာကု ပြောသောမှားယွင်းသည့် စွပ်စွဲချက်တစ်ခုတည်း မဟုတ်ပဲကိုယ်တိုင်မျက်မြင် တွေ့ခဲ့ခြင်းပင်ဖြစ်သည်။

ထိုစကားများသည် ကျန်းတာ့ချန်နှင့်သူဇနီးနှင့် ရန်ဖြစ်သောအချိန်တွင် လောင်ကျန်းအိမ်၏ ထောင့်တွင်လှဲနေသော သုန်ဇီက ကြားလိုက်ခြင်းဖြစ်သည်။

လင်းယောင်ကပင် အံ့ဩသွားခဲ့သည်။ သုန်ဇီကြားတာကော သေချာရဲ့လား?

ကုရှီအန်းသည် ခြောက်ကပ်စွာချောင်းဆိုးလိုက်ပြီး သုန်ဇီ၏ အခန်းသည် ကျန်းတာ့ချန်အိမ်နှင့် လမ်းတစ်ခုသာခြားသည်ဟုပြောသည်။ သုန်ဇီသည်ညဘက်၌ ဘာမှလုပ်စရာမရှိ။ ထို့ကြောင့် အိမ်ထဲ၌ပတ်ရှုပ်နေမည့်အစား တစ်အိမ်အိမ်မှာ သွားနေတက်လေ့ရှိပြီး သူများအိမ်မှအရေးကြီး အချက်အလက်များကို ခိုးနားထောင်လေ့ရှိသည်။

လင်းယောင် မယုံကြည်စွာဖြင့် “သုန်ဇီ ကြားလိုက်တာ?ဖြစ်နိုင်ပါ့မလား?”

သုန်ဇီသည် တော်ရုံတန်ရုံဖြင့်မည်သူ့စကားမှနားထောင်လေ့မရှိ။

သူ၏အမေ ကျန်းဆွေ့လန်၏ စကားကိုသာ နားထောင်လေ့ရှိသည်။

ကုရှီအန်းကချောင်း ၂ ချက်လောက်ဟန့်လိုက်ပြီး “ကိုယ် သူ့ကို တောက်တိုမယ်ရ အတွက် ၂ ဒေါ်လာပေးလိုက်တာ”

လင်းယောင်၏ မျက်နှာလှလှလေးပေါ်တွင် ထူးဆန်းသွားသောအကြည့်များ ဖြစ်လာပြီး သူမ၏ကော့ညွတ်သော မျက်တောင်များ ကလယ်ကလယ်ဖြင့် သူမဘာမှနားမလည်သည့်ပုံပင်။

သူမ ဘာမှမပြောသော်လည်း ကုရှီအန်းက ပြောလေသည်။ “လျို့အာ့ဆွေ့ ကိုင်ထားတာက ကနခိုအမှုန့်ဆိုတာကို ယောင်ယောင်က ဘယ်လိုသိတာလဲ?”

လင်းယောင်လည်း ရှက်သွားကာ အနေခက်စွာပြုံးလိုက်ပြီး “ဘယ်လိုလဲ? ကုချွင်မေ လက်ထပ်ပွဲတုန်းက ဟူထို့က လောင်ကျန်းအိမ်ရှေ့မှာ အထုပ်သေးသေးလေးတွေ့တာ။ ပေါင်ဒါလိုအမှုန့်မျိုး။ ပဲမှုန့်ခြောက်နဲ့ ပုံစံချင်းဆင်တယ်"

ကုရှီအန်းပြုံးလိုက်သည်။ "အဲ့တော့ဟူထို့ကပြောပြတာလား?"

လင်းယောင်ဆက်ပြီး ကြောင်တောင်တောင်လေးပြုံးနေဆဲပင် "ကျွန်မလည်းဟူထို့ကို ဘောနပ်စ်အနေနဲ့ သစ်သီးချိုချဉ် ၂ ခုပေးလိုက်တာ"

ကုရှီအန်း -”…”

စုံတွဲ ၂ ယောက်က နတ်ဖက်သည့်နှယ်ပင်ဖြစ်ကာ ကလေးကို လာဘ်ထိုးသည့်ပုံမှာလည်း တစ်ပုံစံတည်းပင်။

ဆောင်းဦးနှောင်းပိုင်း ယွင်ရွှေကောင်တီ၏ လမ်းပေါ်၌လူအိုကြီးတစ်ယောက်သည် သုံးဘီးစက်ဘီးဖြင့်အပေါ်တွင်သံဖုံးထားသော ကြေးနီမီးဖိုကိုသယ်ဆောင်လာသည်။ အထဲ၌မီးသွေးမီးများရှိသည်။ သံပြားပေါ်၌များပြားလှသော ကန်စွန်းဥအရွယ်အစားမျိုးစုံပင်ဖြစ်သည်။ လူအိုကြီးသည် လက်အိတ်ဝတ်ဆင်ထားပြီး သံကောက်တံကိုအသုံးပြု၍ မီးဖိုပေါ်မှ ကန်စွန်းဥများကို လှန်လိုက်သည်။ အဖြူရောင်မီးခိုးငွေ့နှင့်တကွ ကန်စွန်းဥဖုတ်၏အနံ့မှာ လေထဲ၌ပျံ့နေခဲ့သည်။

လင်းယောင်သည် အရယ်လွန်နေပြီး မျက်နှာကိုပွတ်လိုက်ကာ ကန်စွန်းဥဖုတ်စားလေသည်။

လက်‌ထောက်ဒါရိုက်တာကု စောင့်ပေးနေရသောအကြောင်းတရားပင် ဖြစ်သည်။ ခြေထောက်များဆန့်ထုတ်လိုက်ကာ ကန်စွန်းဥဆိုင်လေးရှေ့တွင် ကန်စွန်းဥဖုတ် ၅ ခုကို ၅ ဒေါ်လာပေးကာ ဝယ်လေသည်။

အေးစက်၍ မှောင်မှိုင်းသော ဆောင်းဦးရာသီတွင်လူအိုကြီးသည် ကန်စွန်းဥဖုတ်များထည့်ထားသောတောင်းကိုဖွင့်လိုက်ပြီးကန်စွန်းဥဖုတ်၏ သင်းပျံ့သော ရနံ့မှာစားချင်စဖွယ်ပင်။

လူအိုကြီးလည်းလျင်မြန်စွာ ၅ ဒေါ်လာကို ယူလိုက်ပြီး ကန်စွန်းဥဖုတ်များကို စက္ကူအိတ်ထဲထည့်ကာ ဘေးနားတွင်စားချင်လွန်းသော လင်းယောင်ကိုပေးလိုက်သည်။

“ကျေးဇူးပါဦးလေး”

“ရပါတယ်၊မိန်းကလေး။ ကန်စွန်းဥဖုတ်က ပူတုန်းပဲစားကောင်းတာ။ သတိထားကိုင်ဦး။”

“ဟုတ်”

လင်းယောင်ပြုံးကာ ကန်စွန်းဥဖုတ်အိတ်ကိုကိုင်ထားလေသည်။ သူမစားရန်တစ်ခုယူလိုက်ပြီး ပိုသေးသေယတစ်ခုကိုတော့ ကုရှီအန်းအား ပေးလိုက်သည်။ "ရှင်လည်းစားလေ"

ကုရှီအန်းလည်း ပြုတ်ကျခါနီးသော မာဖလာကို လင်းယောင်အတွက် ပြင်ဝတ်ပေးပြီး “မင်းစားပါ။လမ်းသွားရင်းစက်ဘီးပေါ်မှာစားရင် အဆင်ပြေမှာမဟုတ်ဘူး”

လင်းယောင်လည်း "ဟုတ်" ဟုဆိုကာ စက်ဘီးနောက်မှ လိုက်ရင်း ကုရှီအန်းကျောပြင်ကို ပုတ်လိုက်ပြီး "လက်ထောက်ဒါရိုက်တာကု၊ အိမ်ကိုပဲသွားတော့”

ကုရှီအန်းခြေထောက်ကို နင်းလိုက်ပြီး စတင်မောင်းနှင်လေသည်။ လင်းယောင်သည် ခြေထောက်ရမ်းရင်းကန်စွန်းဥဖုတ်၏ အပြင်အခွံတို့ကို ခွါလိုက်ကာကန်စွန်းဥအသားကို စားလေသည်။ နွေးနွေးလေးနှင့် အလွန်ချိူလေပြီး ဆောင်းဦးညနေခင်းသည်အလွန်သာယာနေခဲ့သည်။

အပြန်လမ်းတွင် လင်းယောင်သည် ကုရှီအန်းဘယ်လို ကျန်းတာ့ချန် မိသားစုကို အကွက်ဆင်ခဲ့လည်း သိချင်ပြန်သည်။

ကုရှီအန်းက လေးနက်သည့်ပုံ ပေါက်သော်လည်း သူပြောလိုက်သောစကားမှာ မလေးနက်ခဲ့ပေ။

“သိချင်လား။”

“အွန်း”

“အိမ်ရောက်ရင်အာဘွားပေး။ ပြောပြမယ်။”

လင်းယောင် - ”…”

သွားစမ်းပါ။

လက်ထောက်ဒါရိုက်တာကုသည် ယမန်ညက ကတိဖြင့်တောင်းထားသော အာဘွားမရပဲ လင်းယောင်ကပင် ခါးကိုဆိတ်ဆွဲခြင်းခံခဲ့ရသည်။

လမ်းပေါ်မှာသာ မဟုတ်လျှင် ယခုလည်း လင်းယောင်ကိုက်ပြီးနေလောက်ပြီဖြစ်သည်။

လင်းယောင် ဆွဲဆိတ်လိုက်ပြီး နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ အသံလေးဖြင့် “ဘာလို့ ကျွန်မကို မပြောပြတာလဲ”

နောက်ဆုံး ကုရှီအန်း အရှုံးပေးလိုက်ပြီး ကျန်းတာ့ချန်မိသားစုကို ဘယ်လိုအကွက်ဆင်လဲဆိုတာ ပြောပြလိုက်ရတော့သည်။

ကျန်းတာ့ချန်မိသားစုကို အကွက်ဆင်ရတာ အရမ်းလွယ်ကူပေသည်။ အထူးသဖြင့် ကျန်းတာ့ချန်နှင့်သူ၏ဇနီးက မသန့်ရှင်းသောကြောင့်ပင်ဖြစ်သည်။ ကျန်းတာ့ချန်သည် အာဏာသုံးကာ ကိုယ်ကျိုးအတွက် ကန်တင်းမှ လိုအပ်သော ပစ္စည်းများကိုခိုးယူခဲ့ပြီး စတီးစက်ရုံမှ အလုပ်သမားများအတွက် အစားအသောက်များကို လျှော့ချက်ခဲ့လေသည်။

ကျန်းတာ့ချန်သည်အကြံရှိရှိ သေသေချာချာ စီစဉ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်ဆိုလျှင် အပြင်သတင်းပေးသူက လျို့အာ့ဆွေ့နှင့် အဆက်အသွယ်လုပ်သည်။ ထိန်းချုပ်မှု အများအပြား အပြီး ကျန်းတာ့ချန်က ရုပ်လုံးမပြတော့ပေ။ ထို့ကြောင့် သူကိုဖမ်းမိရန် အစအနမှာ ရှာရန်ခက်ခဲသည်။

ကျန်းတာ့ချန်နှင့် ယှဉ်လျှင် ဦးနှောက်မဲ့သော လျို့အာ့ဆွေ့က ပို၍ကိုင်တွယ်ရလွယ်သည်။

လျို့အာ့ဆွေ့သည် စ‌တီးစက်ရုံမှကန်တင်းတွင် အလုပ်လုပ်ခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ ထို့နောက် မောက်မာလေသည်။ အစပိုင်းတွင် ပစ္စည်းများကိုတိတ်တခိုးဝှက်လာပြီး နောက်ပိုင်းဝှက်ပင်မဝှက်တော့ပဲ အိမ်သို့ အောင်နိုင်သူသကဲ့သို့ပြန်လေသည်။

စားသောက်တန်းမှ အလုပ်သမားများကလည်း အရူးမဟုတ်။ တခုခုမှားယွင်းနေတာကို သတိပြုမိပြီး သုံးခါ၊ငါးခါမြောက်တွင် ရိပ်မိကြလေသည်။

အစ်မဟောင်သည် လျို့အာ့ဆွေ့နှင့်ပင် စကားများဖူးလေသည်။ အစ်မ‌ဟောင်၏ သမီးသည် အထက်တန်းကျောင်း ပြီးသောအခါ ကန်တင်း၌ အဝယ်တော် ဖြစ်လာခဲ့သည်။ လျို့အာ့ဆွေ့ သည် မိသားစုအဆက်အသွယ်ကို အသုံးချကာ အဝယ်တော်ဖြစ်လာသည်ဟုဆိုလေသည်။

လက်ခံချင်လက်ခံ၍ ရသော်လည်း လျို့အာ့ဆွေ့ ကအလွန်အလုပ်လုပ်နိုင်သည်။

ကံမကောင်းစွာဖြင့် သူမသည် တရုတ်စာမတက်ပေ။သူမသည် သုံးဘီးစက်ဘီးစီးကာ လယ်သမားစျေးသို့သီးနှံများသွားယူလေ့ရှိသည်။ တစ်နေ့တခါသွားလေ့ရှိပြီး သီးနှံများရလာလျှင် အလုပ်ကို လျစ်လျူရှုတက်သည်။

အစ်မဟောင်နှင့် အခြားအလုပ်သမားများက စာရင်းတွက်ခြင်း၊ပိုက်ဆံတွက်ခြင်း၊ သီးနှံသိမ်းခြင်းတို့ကိုလုပ်ရလေသည်။

ကြာလာသည့်နည်းအမျှ အားလုံးက အမြင်မကြည်လင်ကြတော့ပေ။

ငါတို့ကဘာလို့ လျို့အာ့ဆွေ့ ရဲ့အလုပ်ကို လုပ်ပေးရမှာလဲ?

သူကတော့ လုပ်အားခကို သာသာယာယာရပြီး ငါတို့ကတော့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရသည်။

သူက လယ်ရှင်လည်းမဟုတ်သလို သူဌေးလည်းမဟုတ်ပေ။ ထို့ကြောင့်အားလုံး၏ သွေး၊ချွေးများ အကုန်ခံစရာ ဘာအကြောင်းမှမရှိ။

ကျိုးပါးဖီပင် လျို့အာ့ဆွေ့လောက်စိတ်ထားမယုတ်ညံ့။

အစ်မဟောင်သည် ဟူထို့မိသားစုနှင့် စတီးစက်ရုံဝန်းထဲ၌ပင်နေထိုင်သည်။ ရက်အနည်းငယ်အကြာက ဟူထို့၊သုန်ဇီနှင့် ကလေးတစ်သိုက်တို့ ခြံထဲတွင်လျှောက်ဆော့နေသောအချိန်တွင် မနက်က ကျန်းတာ့ချန်တို့မိသားစုအကြောင်း ပြောကြလေသည်။ ဂျုံချောင်းကြော်နှင့် ကြက်ဥစွပ်ပြုတ် သောက်ပြီးသောအခါ ကျန်းမိသားစုတို့ အဝတ်လဲကြသည်။ သားဖြစ်သူသည် အင်္ကျီအသစ်များ၊ လျို့အာ့‌ဆွေ့သည် ဖက်ရှင်ကျသော နိုင်လွန်အိတ်နှင့် တစ်ဖက်လျှင် ဆင့် အသင့်တင့်ရှိသော အဖြူရောင်နိုင်လွန်ခြေအိတ်ဝတ်ဆင်ထားသည်။

ကျန်းမိသားစု ချမ်းသာနေခဲ့သည်။

အစ်မဟောင်နှင့် အခြားသူများသည် ကျန်းမိသားစုကိုအမြင်မကြည်။ ကလေးတစ်သိုက်နှင့် စကားပြောပြီးချိန်တွင် ပို၍ပင်ကြည့်မရေတော့ပေ။ စက်ရုံဝန်းထဲမှ မိသားစုတိုင်းတွင် ကလေးများရှိကြသည်။ အများဆုံး ၄ ၊ ၅ ယောက်ရှိပြီး အနည်းဆုံး ၂ ယောက် ၃ ယောက်ရှိလေသည်။ မိသားစုအပေါ် သားသမီးဝန်မှာ မနည်းပေ။ဝင်ငွေ အပိုရရှိသောမိသားစုမှာ ကျန်းတာ့ချန်မိသားစုမှလွဲ၍ မရှိသလောက်ပင်ရှားသည်။

ထို့အပြင် ကျန်းမိသားစု၏ ဝင်ငွေမှာ မသမာမှုဖြင့်ရထားခြင်းဖြစ်သည်။ အစ်မဟောင်သည် သူတို့ကိုမနှစ်သက်ပေ။ ယခု လျို့အာ့ဆွေ့ ဝက်သားခိုးသည့် ပြဿနာဖြစ်သွားပြီး ကုရှီအန်းသည် မီးလောင်လေပင့်ဖြင့် အဖြစ်မှန်ဖော်သောကြောင့် ကျန်းတာ့ချန် နာမည်ပျက်လေသည်။

“…”

လင်းယောင် တိတ်တဆိတ် တံတွေးမျိုချလိုက်ကာ ကုရှီအန်း စကားကိုနားထောင်ပြီး မပူဆာသင့်ကြောင်းတွေးမိသည်။ နောက်ဆုံး သူမပဲအနိုင်ကျင့်ခံရပြီး ငိုယိုရလေ့ရှိသည်။

TvT

ထို့နေ့က စက်ရုံလုပ်အားခပေးသောနေ့ ဖြစ်လေသည်။အားလုံးသည် အစားအသောက်အတွက် လက်မှတ်များအိတ်ကပ်ထဲထည့်ကာ အိမ်ပြန်ကြလေသည်။ ဒုတိယနှစ်ဝက်တုန်းက စက်ရုံ၏ အကျိုးအမြတ်အပိုရသောကြောင့် အဆင့် ၂ အထက်ရှိသော စက်ရုံအလုပ်သမားများနှင့် ဝန်ထမ်းများကို အသားလက်မှတ်၂ ခုစီပေးသည်။

ကုမိသားစုတွင် ကုမန်ဆန်သည် ပဉ္စမအဆင့်ရှိသော စက်ပြင်ဆရာဖြစ်သည့်အတွက် ၁ လလျှင် ၆၅ ယွမ်ရသောလခအပြင် အစားအသောက်အတွက် လက်မှတ် ၁၀ ပေါင်နှင့် ဂျုံဖြူ ၁ ပေါင် ၊ အသား ၅ ဂရမ်အတွက်လက်မှတ်များရလေသည်။

ကျန်းဆွေ့လန်သည် အိမ်၌ ကြက်သွန်မြိတ် ပန်ကိတ်လုပ်နေပြီး ကုမန်ဆန် အိမ်ပြန်လာသောအခါ ပျော်ရွှင်စွာဖြင့် လက်ကိုရှေ့ဖုံးခါးစည်းအပေါ် သုတ်လိုက်ပြီး ထွက်လာခဲ့သည်။

“လူကြီး ဒီလရိက္ခာအများကြီးရတာပဲ။”

ကုမန်ဆန်သည် အမဲဆီများ၊ ရွှံ့များပေကြံနေခဲ့သည်။ထိုကြောင့် လက်ဆေးလိုက်ပြီး မျက်နှာသုတ်လိုက်သည်။ မျက်နာသုတ်တဘတ်သည်လည်း ညစ်ပတ်နေသောကြောင့် ခြံထဲရှိဘေစင်မှ ရေများဖြင့် ထိုင်လျှော်လိုက်လေသည်။

“အခုတစ်မြို့လုံးက လူတွေက ထုတ်လုပ်ရေးစက်ရုံကိုစိတ်ဝင်စားလာကြပြီ။ ငါတို့ စတီးစက်ရုံဘက်မှာ အလုပ်ကြမ်းတွေများတယ်။ ဒါပေမဲ့ ပိုလုပ်လေ ပိုက်ဆံပိုရလေပဲ။”

ကျန်းဆွေ့လန် ခေါင်းငြိမ့်လိုက်ပြီး အိမ်ထဲသို့ ပါလာသောပစ္စည်းများယူသွားပြီး ဘီဒိုအံဆွဲများထဲ သော့ခတ်သိမ်းထားလိုက်သည်။

အိမ်၌မိဘများ အလုပ်ရှုပ်နေကြသည်။ ဒုတိယအစ်မကြီးမှာလည်း လက်ထပ်သွားပြီး အကြီးဆုံးအစ်ကိုနှင့် သူ၏ဇနီးအစ်မတို့လည်း အိမ်သို့ပြန်မရောက်သေးပေ။ ကုရှီတုန်းသည် အလွန်စိတ်ပျော်နေခဲ့သည်။ သူသည် ခြံထဲ၌မွေးခါစ ယုန်ပေါက်လေးနှင့် ကစားနေခဲ့သည်။ ခြံထဲရဲ့ဘယ်နေရာထိ ရောက်သွားမှန်းသူမသိခဲ့။ ထို့နောက်မီးခိုရောင်သဲအိတ်ကိုင်၍ ခြံထဲ၌လျှောက်ဆော့လေသည်။

ကျန်းဆွေ့လန်သည် ကုရှီတုန်းကို အိမ်ထဲသို့ လာရန်လှမ်းခေါ်လိုက်ပြီး ခေါက်ဆွဲဖြူများ ပြုတ်ထားသည်ကို စောင့်ကြည့်ပေးရန်ပြောလေသည်။ ယခုတလောခြံထဲ၌လည်း ကြွက်ပွားများခဲ့သည်။

အန်တီစွင်း၏ ပြောင်း ပန်ကိတ်များကိုလည်းကြွက်စားနေလေသည်။

ထို့အပြင်ကြွက်များသည် ဘယ်နေရာမှာပဲထားထား ဆန်ခေါက်ဆွဲများကို လာဆွဲတက်သည်။

“အမေ၊ ကြွက်တွေက အကုန်ကိုစားနေတာ။”

“အေး မင်းမစားရင်တော့ ငတ်သေမှာပဲ။”

“ငတ်သေတာဘာမှမဖြစ်ပါဘူး။ ဟူထို့ဖက်က မောင်နှမတစ်ယောက်ဆို ကြွက်ကြီးတွေကို ကင်ပြီးစားတာ။ တစ်ခါလောက်တော့ စားကြည့်ချင်တာ။”

“သောက်ကျိုးနည်း! မိသားစုက ဒီလောက်ကျွေးမွေးနေတာတောင်။ ကြည့်ပါဦး ဒီကလေးကတော့။”

“ဟီးဟီး"

ကုရှီတုန်း ရယ်လိုက်ပြီး စကားထပ်မပြောတော့ပေ။

မကြာမီ မိသားစုများ စားရန်အတွက် ကန်စွန်းဥဖုတ်အထုပ်ကိုင်ကာ အလျင်စလိုဖြင့် လင်းယောင်ရောက်လာခဲ့သည်။

" အမေ ကန်စွန်းဥတွေက အေးရင် အနံ့မွှေးတော့မှာမဟုတ်ဘူး။ သမီးအလုပ်သွားတုန်း စားထားလိုက်နော်။”

ကျန်းဆွေ့လန်သည် မီးဖိုချောင်ထဲသို့ဝင်ကာ ဖုတ်လက်စ ကြက်သွန်မြိတ်ပန်ကိတ်ကိုဆက်၍ မီးဖုတ်ရန်ပြင်ဆင်လေသည်။ လင်းယောင်ကတော့ ကလေးလိုပင် ယောက္ခမကို စားရန်ပြောလေသည်။ ကျန်းဆွေ့လန်သည် ခါးစည်းအင်္ကျီကို သေသေသပ်သပ် ဝတ်ထားပြီး လက်ကိုလည်းဆေးထားသည်။

ကျန်းဆွေ့လန်ပြုံး၍သာ ထိုင်နေလိုက်သည်။

“ဒီကလေးသွက်ချက်ကတော့ အမေဖြစ်သူလိုပါပဲလား။”

ထိုသို့ပြောရင်းကျန်းဆွေ့လန်သည် ကုညီအကိုရှိရာကိုကြည့်ပြီး “အဲ့ကလေးတွေက ယုံစားပြီး အားကိုးလို့ကိုမရဘူး။ ယောင်ယောင်၊ ဒီအမေအိုကြီးကို မသနားဘူးလား။”

ကုရှီအန်းတို့ညီအကို - “…”

ညနေဘက်တွင် လောင်ကုမိသားစုသည် ကြက်သွန်မြိတ်ပန်ကိတ်၊ ရှာလကာရည်စိမ်ထားသောဂေါ်ဖီ၊ စားသောက်တန်းမှ ဟင်းသီးဟင်းရွက်စွပ်ပြုတ်တို့ကိုစားလေသည်။ ရိုးရှင်းသော်လည်း အာဟာရဖြစ်သည်။

နောက်နေ့နံနက် ကုရှီအန်းသည် ထုံးစံအတိုင်းလင်းယောင်ကို အလုပ်လိုက်ပို့လေသည်။

လင်းယောင် အရင်ထက် လိမ်လိမ်မာမာ နေကြည့်ချင်သည့်အတွက် ကုရှီအန်းကို စက်ဘီးစီးနေတုန်း ဖက်ထားလိုက်သည်။ ခလုတ်တိုက်ရင်း စက်ဘီးခုန်သည့်အခါ ခါးမှဖက်ထားသောလက်လေးက ပို၍တင်းကျပ်သွားသည်ကို ကုရှီအန်း ကြည့်မိလိုက်သည်။

All Chapters