← Chapters

အခန်း (၅၂)

Vol. 5 Ch. 52

အခန်း (၅၂)

Vol. 5 Ch. 52

နောက်လဝက်အတွက် လင်းယောင်၏ အလုပ်ခရီးမှာ ရှုပ်ထွေးလှပြီး လက်လွှတ်မခံဘဲ တစ်စုံတစ်ယောက်၏ ခါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့ရသည်။

လက်ထောက်ဒါရိုက်တာကုသည် သူ၏အကြံအစည်တွင် အောင်မြင်ခဲ့ပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ဤကိစ္စကို ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ ဘုရားသခင်၏ အကူအညီကြောင့်ဟူ၍ပင် ခံစားမိသည်။

နိုဝင်ဘာလလယ်တွင် ဆောင်းဦးနှောင်းပိုင်း မနက်ခင်း၌ အပြင်ဘက်တွင် အေးမြသောလေအေးများ တိုက်ခတ်လျက်ရှိပြီး မကြာခင်ပင် မိုးများ သည်းထန်စွာ ရွာသွန်းလာလေသည်။ မိုးစက်များမှာ ခြံထဲက ပန်းပွင့်များထက်ကျကာ ညှိုးနွမ်းနေသော အရွက်များ မြေပြင်ပေါ်တွင် ကြွေကျသွားသည်။ ခြံဝင်းထဲ၌ ဆောင်းဦးခံစားချက်ကို အခိုင်အမာ ခံစားနေရပေသည်။

အပြင်ဘက် လမ်းကြားအဝင်ဝတွင် လမ်းနှစ်ဖက်၌ ယပ်တောင်ရွက်ပင် မြင့်မြင့်များရှိ၏။ ယပ်တောင်ရွက်ပင်များမှာ လေထက် ဝဲလွင့်ကာ မြေပြင်ပေါ်၌ အရွက်လွှာတို့ မြေခလျက် ရှိပေသည်။

လင်းယောင်လည် အရွက်လှလှလေး အနည်းငယ်ကို ကောက်ယူပြီး ကုရှီအန်း၏ စစ်မှတ်တမ်းစာအုပ်ကြား၌ စာအုပ်မှတ်ကတ်ပြားအဖြစ် ညှပ်လိုက်သည်။

မနက်ခင်းပိုင်း၌ မိုးသည်းထန်စွာ ရွာနေပြီး လင်းယောင်မှာ မိုးသံကို နားထောင်ရင်း ကုတင်ပေါ်မှာ လှဲနေလေ၏။

မိုးအေးသဖြင့် စောင်ခြုံရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး မထချင်ဖြစ်သည်။ ယနေ့ခေတ်ကန်တင်းမှ အစားအသောက်များမှာ ရိုးရှင်းပြီး အရသာလည်း မရှိပေ။

လောင်ကု မိသားစုဝင်လေးဦးမှာ အလုပ်လုပ်ပြီး တစ်ယောက်က ကျောင်းတက်သည်။ အစာအလုံအလောက်မရှိလျှင် သူတို့တွင် အလုပ်လုပ်ဖို့ စွမ်းအင်ရှိမည် မဟုတ်ချေ။

ကျန်းဆွေ့လန်က ထိုအကြောင်းကို တွေးပြီး မနက်စာကို အိမ်မှာ သူ့ဘာသာသူ ချက်လေသည်။ နေ့လည်စာအတွက် စက်ရုံကန်တင်း၌ စားပြီး ညနေစာကိုလည်း စက်ရုံကန်တင်း၌ပင် စားလေသည်။သူမသည် တစ်နေ့ကို ထမင်းသုံးနပ်စားလေ၏။

ထိုကိစ္စနှင့် ပတ်သက်၍ မိသားစုထဲတွင် မကျေမနပ်ဖြစ်နေကြသူများလည်း ရှိပေသေးသည်။

မနေ့ညက ကန်တင်း၌ ပဲပြားအိုး၊ အာလူးပြုတ်၊ ခေါက်ဆွဲနှင့် ဟင်းသီးဟင်းရွက်ပေါက်စီတို့ ချက်သည်။ ဟင်းသီးဟင်းရွက်ပေါက်စီ ခေါ်သော်လည်း မုန်လာဥပြုတ်နှင့် အာလူးခေါက်ဆွဲ၊ ပဲအနှစ်နှင့် ပေါင်မုန့်တို့ ရောချက်ထားသော အရာဖြစ်သည်။ ယင်းတို့မှာ မာလှပြီး တစ်ကိုက်ကိုက်ဖို့ပင် ခက်လှပေသည်။

ကောင်စုတ်လေးမှာ တစ်ကိုက်ကိုက်ပြီး ဆက်မစားနိုင်တော့ပေ။

ထိုအခါ ကျန်းဆွေ့လန်သည် စူးစူးဝါးဝါးကြည့်ကာ သူမ၏ လက်ကို မြှောက်လိုက်ရာ ကောင်စုတ်ကလေးမှာ ခါးသီးခြင်းနှင့် နာကြည်းခြင်းတို့ကို ခံစားလိုက်ရသည်။

ထို့အပြင် သုန်ဇီမှာ အရသာများကို မကြိုက်သည့်အပြင် ပဲပြားများကလည်း ညစ်ပတ်နေပေသည်။

ဟင်းသီးဟင်းရွက်ပေါက်စီများကလည်း မျိုချဖို့ပင် ခက်ပေ၏။

လက်ထဲတွင် ကိုင်ထားမိလျှင် စားရပေတော့မည်။ အခြားနည်းလမ်း မရှိတော့ချေ။

သဘာဝဘေးအန္တရာယ် ပြင်းထန်သော မြောက်ပိုင်းပြည်နယ်များတွင်မှ သူများမှာ အသီးအရွက်တွေကို ပြုတ်ပြီး အာလူးရွက်ပြုတ်များကိုပင် စားလေ၏။ အစည်းအဝေးလုပ်နေတဲ့ ဒါရိုက်တာကောမှာ အခြေအနေ မကောင်းလျှင် တခြားပြည်နယ်မှ ဒုက္ခသည်များလည်း ထွက်ပြေးလာတော့မည်ဖြစ်ပြီး ငတ်မွတ်ခေါင်းပါးခြင်းမှ လွတ်မြောက်လာသူမှာ အနည်းဆုံး တစ်ထောင်မှာ ဆယ်ယောက်ဖြစ်ပြီး အများဆုံးမှာ တစ်ထောင်မှ တစ်ရာမျှသာ ဖြစ်သည်။ တံခါးကိုဖွင့်လိုက်သည်နှင့်ငတ်မွတ်ခေါင်းပါးခြင်းမှ လွတ်မြောက်ပြီး နောက်ဘာဆက်ဖြစ်မည်ကို ပြောရခက်ပေသည်။

အကယ်၍ ဘေးဒုက္ခသည်များ အမှန်တကယ် အငတ်ဘေးမှ လွတ်မြောက်ရန် ယွင်‌ရွှေကောင်တီသို့ လာမည်ဆိုလျှင်၊

ကောင်တီပြည်သူ့လုံခြုံရေးဌာနနှင့် လက်နက်ကိုင်တပ်ဖွဲ့များ အများဆုံး ရူးသွပ်ရဖွယ်ရှိသည်။

ထိုသတင်းကြားသောအခါ‌ ဒေသန္တရအဖွဲ့ဝင်များ အံ့သြသွားကြလေသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီး နှစ်အနည်းငယ်ကြာတွင် လူအများ ငတ်မွတ်ကြရပြန်သည်။ ပညာတတ်စာတတ်မြောက်သူများ ဆိုဗီယက်ပြည်ထောင်စုမှ နောက်ကွယ်မှ ကြိုးကွယ်လျက် ရှိပေသည်။ "ငါတို့ ဆိုဗီယက်ပြည်ထောင်စုရဲ့ လမ်းဟောင်းကြီးကို မလိုက်နိုင်ဘူး။"

'အကြံကောင်းတွေများ ရှိသေးလား။"

ထိုသွေးထိုးစာရေးဆရာများမှာ စကားအလွန်များကြပြီး နားထောင်ရသူများမှာ စိတ်ရှုပ်လာကာ ဆက်နားမထောင်လိုကြတော့ချေ။ ကိုယ့်ဘဝကိုယ်သာ နေချင်ကြတော့သည်။ ထိုမျှထိ အဘယ်ကြောင့် လုပ်ရမည်နည်း။

ထို့အပြင် လုပ်ဆောင်ချက်များသည်လည်း ထိုအထိ မရောက်သေးပေ။

ကုမိသားစု၏ မွေးရပ်မြေရှိ မြေအောက်ခန်းတွင် အစားအသောက်များ အပြည့်ရှိသည်။ ရှေးဆိုရိုးများအတိုင်း စားစရာရှိလျှင် တွေးပူနေစရာမလိုပေ။

ကျန်းဆွေ့လန်သည် မနက်ခင်းတွင် ဂျုံယာဂုအိုးတစ်လုံးကို ချက်ပြုတ်ပြီးကြက်ဥကို နှစ်ခြမ်းခွဲထည့်လိုက်သည်။

ပန်းကန်လုံးထဲသို့ ကြက်ဥများထည့်ကာ ကြက်သွန်မြိတ်နှင့် ကြက်ဥတစ်ပန်းကန် ကြော်လိုက်လေ၏။ ကြက်သွန်မြိတ်မှာ အိမ်စိုက်အပင်ဖြစ်ပြီး အုံလိုက်ထွက်လာသည့်အတိုင်း စားလိုက်ရသည်။

ကုမိသားစုသည် ကြက်ဥ အပြတ်မခံပေ။ ယခုကဲ့သို့ အချိန်မျိုးတွင် ကြက်ဥဝယ်ရ မလွယ်ပေ။

သူမက ကျိုးရှောင်ရွှယ်အား ချန်နန် ပစ္စည်းတင်သွင်းခြင်းနှင့်‌ ဈေးကွက်ဖြန့်ချိ‌ရေး သမဝါယမမှ လစဉ် ကြက်ဥ တစ်တောင်းဝယ်ရန် တောင်းဆိုခဲ့လေသည်။ တောင်းထဲတွင် ကြက်ဥ ဆယ့်ငါးလုံး ဆယ့်ခြောက်လုံးသာ ရှိသည်။ မိသားစုထဲတွင် လူအများကြီးရှိပြီး တစ်နေ့ကို ကြက်ဥတစ်လုံးနှုန်းမှာ အလွန်နည်းပေ၏။

အိမ်၌ နေ့စဉ် မနက်တိုင်း ကြက်ဥမွှေပြီးသည်နှင့် တံခါးများ ပြတင်းပေါက်များကို လုံအောင်ပိတ်ကာ အာဟာရရှိသည်များကို အမြန်စားလေသည်။

ကုရှီအန်း၏ ရင်ခွင်ထဲတွင် လဲလျောင်းလျက် အိပ်မောကျနေသော လင်းယောင်းသည် ငေါက်ခနဲ ထလိုက်ရာ ကုရှီအန်းက မထရန် တားလိုက်သည်။ ကုရှီအန်းက လင်းယောင်အား ပွေ့ချီလိုက်ပြီး အခန်းဝန်းကျင်၌ အကြိမ်များစွာ လှည့်နေလေသည်။

လင်းယောင်မှာ အိပ်ငိုက်နေဆဲ ဖြစ်သဖြင့် ယောက်ျားဖြစ်သူအား သူ့ကို ပွေ့ဖက်ခွင့်ပေးလိုက်လေသည်။ ကုရှီအန်း၏ လက်နှစ်ဖက်မှာ သန်မာလှပြီး အခန်းဝန်းကျင်၌ လှည့်ပတ်လျှောက်နေလေသည်။ ထိုအစဉ် ပြတင်းပေါက်အပြင်က လေအေးလေးက မျက်နှာအပေါ် ယှက်ပြေးတိုက်ခတ်လိုက်ရာ လင်းယောင် နိုးသွားလေ၏။

"ဘာလို့ မနက်​အ​စောကြီး လှည့်​​နေတာလဲ။ အမေက တံခါးဖွင့်ပြီး ဝင်လာရင် ဘယ်လိုလုပ်မလဲ။"

လင်းယောင်က တုံ့ပြန်လိုက်ပြီး သူမ၏ ဖြူဖွေးသော ခြေတံသွယ်သွယ်နှစ်ချောင်းကို အောက်ချလိုက်လေ၏။

ထိုအခါ ကုရှီအန်းက ပြုံးပြီး ခေါင်းငုံ့ကာ ကောင်မလေးကို နမ်းလိုက်သည်။

"ယောင်ယောင် အိပ်ပျော်နေတာ မဟုတ်ဘူးလား။"

ရှင်ထောင်ချောက်မိသွားပြီ ငတုံးကြီး

လင်းယောင်သည် ကုတင်ပေါ်သို့ အမြန်ပြန်တက်ကာ စောင်ခြုံထဲက ပိုးကောင်လေးနှယ်လှဲချလိုက်သည်။

ကုရှီအန်း သူမကိုကျောပိုးပြီး ခြံဝင်းထဲ ရူးရူးနှမ်းနှမ်း ပြေးနေမည်ကို စိုးရွံ့မိသည်။ ထိုသို့ဖြစ်ခဲ့လျှင် သူ ဘဝတစ်လျှောက်လုံး အိမ်ထဲက အိမ်ပြင် ထွက်ဝံ့တော့မည် မဟုတ်ချေ။

သူမသည် ကုရှီအန်းကို ထွက်ခိုင်းကာ အိမ်တစ်ဝိုက်တွင် လမ်းလျှောက်ပြီးနောက် အလုပ်ယူနီဖောင်း လဲလိုက်သည်။ အဝတ်အစားလဲပြီးနောက် မျက်နှာသစ် သွားတိုက်၍ ခရင်မ်လိမ်းပြီး မနက်စာစားရန် အပြင်သို့ ထွက်ခဲ့သည်။

မိသားစု မနက်စာစားပြီးနောက် တစ်နေ့တာလုံး မိုးတဖွဲဖွဲကျနေဆဲဖြစ်သည်။ သူတို့ထွက်သွားချိန်၌ မိုးက သည်းထန်စွာပင် ရွာသွန်းလာလေ၏။

လင်းယောင်သည် ထီးတစ်ချောင်းကို ကိုင်ဆောင်ကာ မိုးကာဖိနပ်များ ဝတ်ဆင်၍ သေးငယ်သော အိတ်တစ်လုံးကို လွယ်ထားသည်။ ကုရှီအန်းမှာ စက်ဘီးထုတ်ပြီး လင်းယောင်အား အလုပ်ပို့ရန် စောင့်နေပေသည်။

ခြံအဝင်ဝတွင် မိုးရေအိုင် ဖြစ်နေပြီ ဖြစ်သည်။ မိုးရွာထဲ သွားရသည်ကို လင်းယောင် သဘောမတွေ့သဖြင့် လက်ထောက်ဒါရိုက်တာကုအား သူ့ကို လာခေါ်စေချင်သည်။

လျို့အာ့ဆွေ့သည် ထွေးကန်သွန်ရန် အပြင်သို့ ထွက်လာသည်။ ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ မြေကြီးပေါ်သို့ တံတွေးထွေးချလိုက်သည်။ လင်းယောင်သည် မြေခွေးမတစ်ကောင်ဖြစ်သည်။ သူမသည် အရာအားလုံးအပေါ် ဆွဲဆောင်မှုရှိသည်။ ယောက်ျားများကို မည်သို့ သွေးဆောင်ရမည်ကို သူမ ကောင်းကောင်း သိပေ၏။ ဘုရားသခင်သည် သူမအား ပြစ်ဒဏ်မပေး။ အဲ့ကနခိုအမှုန့်က ကုမိသားစုရဲ့ရေကန်ထဲကို ဘယ်လိုဖြစ်လို့မရောက်သွားရတာလဲ။

ထိုသို့မဟုတ်လျှင် မြေခွေးမမှာ တစ်ပတ်တာလုံး ဝမ်းလျှောနေပေလိမ့်မည်။

လျို့အာ့ဆွေ့ အလုပ်ပြုတ်ပြီးကတည်းက ကျန်း‌တာ့ချန်သည် အိမ်မှသုံးရက်ထွက်သွားခဲ့သည်။ သူတစ်ခါပြန်လာတိုင်း ကိစ္စတစ်ခုကြုံရပြီး ကြိမ်းမောင်းအရိုက်ခံရပေသည်။ ကလေးနှစ်ယောက်သည်လည်း အိမ်မှာနေရသည်ထက် ကျောင်းတက်ရသည်ကို ပိုသဘောကျလေသည်။

လျို့အာ့ဆွေ့မှာ ရှောင်ပုန်းချင်သည်။ သူမသည် အစ်မအကြီးဆုံးနှင့် ရက်အနည်းငယ် အတူနေချင်သည်။ အစ်မအကြီးဆုံးမှာမူ အိမ်တွင် ကိစ္စတစ်ခုရှိနေသည့်အတွက် ကသိကအောက် ဖြစ်နေရပေသည်။ ထိုအခါ အစ်မဖြစ်သူက လက်ကိုဝှေ့ယမ်းပြီး မေးဖို့ လက်ကိုဆန့်လိုက်ပြီး သူမအတွက် တည်းခိုခကို တောင်းလေသည်။

လျို့အာ့ဆွေ့သည် ဒေါသအရမ်းထွက်သဖြင့် အစ်မလျိုအား ကျေးဇူးကန်းမဟု ကြိမ်းမောင်းခဲ့သည်။ ထိုသို့ပြောလျှင်ပင် အစ်မငယ်လျိုမှာ တရားမျှနေဆဲဖြစ်သည်။

"ညီမ….ဒီလိုပြောတော့ ငါစိတ်မကောင်းဘူး။ ငါက နင့်လို ယောက်ျားကောင်းကောင်းနဲ့ လက်ထပ်ခဲ့တာ မဟုတ်ဘူးလေ။ ငါ့ယောကျာ်းက နင့်ယောက်ျားလို အရည်အချင်းရှိတဲ့သူ မဟုတ်ဘူး။သံမဏိစက်ရုံပိုင်ရှင်ဖြစ်တာ ဘယ်လောက် ဂုဏ်ရှိလိုက်လဲ။ နင့်မိသားစုက ကျော်ကြားပြီး လူသိများရင်တော့ ငါမပြောလိုပါဘူး။ ငါတို့အိမ်က စတုရန်းဆယ်မီတာပဲရှိပြီး အိပ်စရာ နေရာတောင် မရှိဘူး။ အထဲမှာ နှစ်ထပ်ကုတင်တွေ ဆောက်ထားရတာ။ ယောက္ခမနဲ့ ယောင်းမက အောက်ထပ်မှာ အိပ်ပြီး ငါနဲ့ အမျိုးသားကအပေါ်ထပ်မှာ အိပ်တယ်။ နေရာက ကျဉ်းတယ်။ လှည့်ဖို့တောင် ခက်တယ်။ ငါအိမ် လာအိပ်မယ့်အစား သစ်တုံးနှစ်တုံးနဲ့ ဆောက်နေကြည့်ပါလား။ နေစရိတ် စားစရိတ်တွေက အလကား ရမလား။ ငါ့လက်ထဲလည်း တစ်ပြားမှ မရှိဘူး။ ငါ့ကို ပေးစရာပိုက်ဆံမရှိရင် အနောက်မြောက်ပိုင်းက လေကိုသာ သောက်နေလိုက်တော့။"

လျို့အာ့ဆွေ့သည် သူ့အစ်မအတွက် ဆွံ့အမိသွားသည်။

သူမသည် ယခင်ကကဲ့သို့ပင် ငွေကို ပေါ့ပေါ့တန်တန် ထုတ်ကာ ပေးလိုက်ချင်သည်။

သူမ၏ အိတ်ကပ်တွင် ဆယ်ဆင့်မျှသာ ရှိသော်ငြားလည်း ၎င်းမှာ ငွေဖြစ်နေဆဲပင်ဖြစ်၏။

ယခုမူ သူ့ပိုက်ဆံအိတ်မှာ သူ့မျက်နှာထက်ပင် ပို၍ ပြောင်သလင်း ခါနေပေ၏။ ကျန်းတာ့ချန်သည် သူ့မိသားစုငွေကို ဝှက်ထားပြီး လျို့အာ့ဆွေ့၏ ကိုယ်ပိုင်ငွေကို အချိန်အတော်ကြာ သုံးစွဲခဲ့သည်။

လျို့အာ့ဆွေ့သည် အိမ်သို့ပြန်ကာ ကျန်းတာ့ချန်၏ အနံ့အသက်ဆိုးထွက်နေသော ခြေအိတ်များနှင့်အတွင်းခံ အဝတ်အစားတို့ကိုသာ လျှော်ဖွတ်ခဲ့ရလေ၏။ သူမသည် တစ်နေ့တာ ဆီးစွန့်ရန် ညနောက်ကျမှသာ အိပ်လေ့ရှိသည်။ ထိုကဲ့သို့သော ဘဝမျိုး မည်သည့်အခါမှ အဆုံးသတ်မည်နည်း။

၁၉၅၈ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံ၏ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့သည်။

ဆိုဗီယက်ယူနီယံသည် အမိမြေနှင့် ရုတ်တရတ် ပြိုကွဲသွားသည့်အပြင် တရုတ်နိုင်ငံကို အကူအညီပေးနေသည့် သိပ္ပံပညာရှင်များပါ နှုတ်ထွက်သွားကာ လျှို့ဝှက်စာရွက်စာတမ်းများကိုလည်း ယူသွားကြလေ၏။

တရုတ်နယ်စပ်မှာ ထောင်နဲ့ချီသည့် စစ်သားများက စောင့်နေကြပေသည်။ သတိနှင့်မနေပါက မကြုံစဖူး စစ်ပွဲကြီး ဖြစ်ပွားပေလိမ့်မည်။

လက်ရှိ ရှုပ်ထွေးနေသည့် နိုင်ငံတကာ အခြေအနေများကို ရင်ဆိုင်နိုင်ဖို့ တိုက်ပွဲဝင်ရန်အတွက် အမေရိကန်နယ်ချဲ့ဝါဒနှင့် ဆိုဗီယက်ယူနီယံနှင့် ပါတီဗဟိုကော်မတီက “လူအားလုံးသည် စစ်သည်” ဟူသော ဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့သည်။ ဤသို့ဖြင့် တိုင်းပြည်က လက်နက်ကိုင် တပ်ဖွဲ့များ အားကောင်းလာလေ၏။

နိုင်ငံတစ်ဝှမ်းရှိ စက်ရုံကြီးများမှလည်း တုံ့ပြန်ခေါ်ဆိုမှုများနှင့် ဖွဲ့စည်းခဲ့သည်။ ပြည်သူ့စစ်တပ်ခွဲများတွင် သေနတ်များသာမက ကောင်တီပါတီ ကော်မတီ ပေါင်းစုများတွင် လေယာဉ်ပစ်သေနတ်များ ပါရှိသည်။ အချို့သော စက်ရုံကြီးများတွင် ဆေးရုံများ၊ အချို့သော အရေးကြီးသော ယူနစ်များနှင့် ဂိုဒေါင်များနှင့် မော်တာများ ရှိပေသည်။

ကောင်တီမူလတန်းကျောင်းတောင်မှ ကလေးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းထားသည်။ သုန်ဇီမှာ နေ့စဉ် မိုးထဲလေထဲတွင် ချယ်ရီပင်အနီကို သယ်ရလေ၏။ သူ့ကြည့်ရသည်မှာ စစ်ပွဲတစ်ခုတွင် စစ်တိုက်နေသည့် စစ်သားလေးတစ်ယောက်ကဲ့သို့ ဖြစ်လေသည်။

လင်းယောင်သည် ဤအကြောင်းကို ပထမဆုံးသိလိုက်ရသောအခါ အမှန်ပင် အံ့သြသွားမိသည်။

ရှေးယခင် မျိုးဆက်များ၏ သမိုင်းကြောင်းအရ ၁၉၆၀ တွင် ဆိုဗီယက်ယူနီယံ တရားဝင်ကျဆုံးခဲ့သည်။ ၁၉၆၄ မေလတွင် မဟာဗျူဟာမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် “စစ်ပွဲအတွက် ပြင်ဆင်ခြင်း၊ အငတ်ဘေးအတွက်ပြင်ဆင်ခြင်းနှင့် ပြည်သူကို အလုပ်အကျွေးပြုခြင်း” ဟု ပါတီဗဟိုကော်မတီက အဆိုပြုသည်။

တပါတီလုံးက စစ်တပ်ကို အာရုံစိုက်ကြလေ၏။ ပြည်သူအားလုံး၏ တောင်းဆိုချက်များကို အကောင်အထည်ဖော်ကာ စစ်သည်များ ဖြစ်လာကြသည်။

ယခုမူ အရာအားလုံးက အရင်ဘဝကထက် ငါးနှစ် ခြောက်နှစ်လောက် စောနေပေ၏။ အနည်းဆုံး ဤမျှခရီးအထိ လမ်းဖောက်ခဲ့သည့် ရှေးက အားထုတ်မှုများ ရှိပေသည်။

လင်းယောင် အံ့အားသင့်သွားပြီးနောက် သူမသည် အမြန်စဉ်းစားလိုက်သည်။

သူမ စာအုပ်များကို အလွတ်ရနေလျှင် မည်သို့ ဖြစ်မည်နည်း။

နေ့လည် ကျောင်းဆင်းချိန်၌ ကုရှီတုန်းသည် အိမ်ထဲသို့ ပြေးဝင်လာကာ သူ့အဖိုးတန်သစ်သားအတွက် အဖုံးလုပ်ဖို့ သေတ္တာငယ်လေးကို ရှာခဲ့လေသည်။

ကုချွင်မေသည် လုပ်စရာအထူးတလည်မရှိ၍ သူ့မိဘအိမ်သို့ အလည်လာခဲ့သည်။ သူ့မောင်က ထိုသို့ ပြောသည့်အခါ သူမက ရယ်ပြီး မညှာမတာပြောလေ၏။ "လာစမ်းပါ….နင်က ဘာချုပ်တတ်မှာလဲ။ အစ်မ နင့်ကို ချုပ်ပေးပါမယ်။ “

ကုရှီတုန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ ရယ်မောလျက်ပြောလေသည်။ "အစ်မ ဘယ်လိုလမ်းပေါက်ပြီး ဒီကို လှည့်လာတာလဲ။"

ကုချွင်မေသည် ခြင်းတောင်းထဲရှိ ချည်မျှင်စုတ်စုတ်များကို ထုတ်ယူပြီး အိတ်ပေါ်တွင် တင်လိုက်သည်။ထို့နောက် သူမဘေးက ကုလားထိုင်ပေါ်ထိုင်လိုက်လေ၏။ "ခြင်းထောင်းထဲမှာ အဝတ်နီမရှိတော့ဘူး။" အမေ့ကို တစ်ခုလောက် တောင်းလိုက်။"

"ဟုတ်​"

ကျန်းဆွေ့လန် လက်ရာ အဝတ်စုတ်များမှာ ရတနာတစ်ပါးကဲ့သို့ ဖြစ်သည်။ ထိုအရာများနှင့် မည်သို့ ဆော့ကစားဝံ့မည်နည်း။

ထို့နောက် လင်းယောင်သည် အိတ်ထဲမှ အနီရောင် အထည်တစ်ထည်ကို ဆွဲထုတ်လိုက်ရာ သုန်ဇီ အလွန်ဝမ်းသာမိသွားသည်။

ကုချွင်မေက ပြတင်းပေါက်မှာ အပ်ချုပ်နေပြီး လင်းယောင်က ဘေးမှ ထိုင်ခုံတွင် ထိုင်ကြည့်နေသည်။

ထို့နောက် ကုချွင်မေ အိမ်ပြန်မလာသည်မှာ ကြာပြီဖြစ်၍ ညီအစ်မနှစ်ယောက် စကားစမြည်ပြောဖြစ်ကြသည်။

ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေး သမဝါယမတွင် ယနေ့ ဘာမျှအကြောင်းမထူးသောကြောင့် သူ့မိဘအိမ်ပြန်ဖို့ အချိန်ယူခဲ့လေသည်။

လင်းယောင်သည် အလုပ်ဆင်းရာလမ်းတွင် သကြားပြားဝယ်သည်။ ယွမ်ရွှေကောင်တီမှ သကြားသည် အခြားနေရာများနှင့် မတူပေ။ ယင်းသကြားများမှာ လက်သီးလောက်ကြီးပြီး သကြားနှင်းခဲများနှယ် ဖွံ့ထွားလှသည်။ ၎င်းတွင် ပျားရည်၊ကျောက်သကြား မြေပဲနှင့် နှမ်းဖြူတို့ကို ထည့်ထားသည်။ ၎င်းတို့သည် အဝါရောင်ရှိပြီး ကြည်လင်လှပေ၏။ ယင်းသကြားအား တစ်ပတ်လှည့်ပြီး မြည်းစမ်းလိုက်ရုံဖြင့် အလွန်ချိုမြိန်အရသာရှိလှပေသည်။

ကုချွင်မေမှာ တစ်ခုပြီးတစ်ပြီး ဆက်တိုက်စားနေမိပြီး သူမပါးစပ်တစ်ဝိုက် အချိုများ ပေကျံနေလေသည်။

"ယောင်ယောင် နင်က ပိုက်ဆံသုံးချင်တုန်းပဲ၊ သကြားတစ်ပေါင်က ၈၀ဆင့် ရှိတယ်။ ဒါပေမယ့် ငါဆို ပိုက်ဆံသုံးဖို့ ဝန်လေးနေခဲ့တာလေ။"

လင်းယောင်က သကြားလုံးကို ကိုက်လိုက်သည်။ "ပိုက်ဆံဆိုတာ သုံးဖို့ပဲ မဟုတ်လား။ ဘာလို့ သိမ်းထားနေမှာလဲ။ အစ်မရဲ့ လစဉ်လစာအပြင် အစ်ကိုကြီးရဲ့ ဝင်ငွေကလည်း များသေးတယ်။ သူဆို ခြိုးခြံချွေတာပြီး အသက်ရှင်နေတာလေ။ နောက်မှ တူလေးကိုပျိုးထောင်ဖို့နေမှာပေါ့။"

ထိုအခါ ကုချွင်မေ၏ နားရွက်များ နီရဲသွားလေသည်။

လင်းယောင် မှန်းထားသည်မှာ မှန်ပေ၏။ ကုချွင်မေနှင့် အစ်ကိုကြီးထို့ထို့တို့သည် မျိုးဆက်သစ်လေးအတွက် ကြိုးစားနေကြခြင်းဖြစ်သည်။ အခန်းတွင်းရှိ သစ်သားကုတင်သည် နေ့တိုင်း ညသန်းခေါင်၌ လှုပ်ခါယမ်းနေပေ၏။ သူတို့စုံတွဲသည် အရွယ်လည်း မငယ်လှတော့ပေ။ အိမ်ဘေးက ဟူထို့၏ အမေသည် ဟူထို့အား အသက်နှစ်ဆယ်မှာ မွေးလေသည်။ ယခု သူမသည် အသက်သုံးဆယ်အရွယ်သာရှိသေးပြီး ကလေးသုံးယောက် မိခင်ဖြစ်နေပြီ ဖြစ်၏။

ကုချွင်မေသည် အိမ်ထောင်ကျပြီး သူမ၏ အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များက သူမကို ဘယ်အချိန်ကလေးယူမည်လဲဟု မေးကြလေသည်။

ရွှီအဖေနှင့် ရွှီအမေတို့သည်လည်း မြေးလေးချီရန် မျှော်လင့်နေကြသည်။ ထို့ကြောင့် ကုချွင်မေသည် မလွှဲမရှောင်သာ ဖိစီးနေလေသည်။

လင်းယောင်က ကုချွင်မေအား ပြောသည်။“ဘာဖိအားတွေ များနေတာလဲ။ ကလေးမွေးတာက ကံကြမ္မာပေါ်မှာ မူတည်တယ်။ အိမ်ထောင်သက် တစ်လပဲရှိသေးတာမို့ စိတ်မပူပါနဲ့"

ထိုအခါ ကုချွင်မေက လင်းယောင်ကို တံတောင်ဆစ်နဲ့ထိပြီး အစ်မေးလေသည်။ "ဟဲ့…နင်နဲ့ငါ့အစ်ကိုရော အလျင်လိုနေကြပြီလား။"

လင်းယောင်သည် သူမ၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သောအကြည့်ဖြင့် ပြန်ဖြေသည်။ "ဟင့်အင်း…"

ထိုအခါ ကုချွင်မေသည် စဉ်းစားရင်း ပြောသည်။ “မှန်ပါတယ်။ ငါ့အစ်ကိုက အရွယ်ရောက်နေပြီဆိုတော့ စိုးရိမ်စရာ အကြောင်းမရှိပါဘူး။"

လက်ထောက်ဒါရိုက်တာကု - "..."

လင်းယောင်သည် ကလေးယူရန် အလျင်စလိုမဟုတ်သော်လည်း လင်းဟုန်နမှာ ကလေးရရန် အရူးအမူး ကြိုးစားနေပေ၏။

All Chapters