← Chapters

အခန်း (၅၃)

Vol. 5 Ch. 53

အခန်း (၅၃)

Vol. 5 Ch. 53

မကြာသေးခင်က လင်းတာ့ကော်နှင့် သူ၏ဇနီးတို့ ဆပ်ပြာစက်ရုံတွင် စကားများကြပြီး လင်းဟုန်န၏ အမည်မှာ စက်ရုံတစ်ခုလုံး ဟိုးလေးတကျော်ကျော်ပင်။

အချိန်အတန်ကြာသည်အထိ လင်းတာ့ကော် မိသားစုအကြောင်းသည် ဆပ်ပြာစက်ရုံ၏ ထမင်းစားပြီးချိနိတွင်အတင်းတုတ်စရာ အကြောင်းတစ်ခု ဖြစ်သည်။ လင်းမိသားစုနှင့် ပတ်သက်လျှင် ဂုဏ်သတင်းမှာမကောင်းပေ။

လင်းမိသားစုသည် မြို့နှင့် ၂၂ မိုင်လောက်ဝေးသော နယ်ဘက်မှ တောင်တက်လမ်းတွင် နေထိုင်သည်။ စကားပုံအတိုင်း ကောင်းသောအရာများသည် မပေါက်ကြားသော်လည်း မကောင်းသောသတင်းသည် မိုင်ပေါင်းများစွာပျံ့နိုင်သည်။

အချိန်ကြာလာသည့်နှင့်အမျှ မကောင်းသောသတင်းများသည် မြို့ထဲလာသောအဒေါ်ကြီးများဆီသို့ တဆင့်စကားတဆင့်နားဖြင့် ရောက်သွားသည်။ လင်းဟုန်ဝူလည်းမြို့ထဲတွင် ရှိနေခဲ့သည်။ ဟန်မိသားစုမှ သမီးနှင့် တွဲနေသည်ဟု နာမည်ကြီးသည်။ ထို့နောက် လူဆိုးဂိုဏ်းများနှင့်လည်း လောင်းကစားလုပ်တက်သည်။

ဟန်မိသားစုတွင် သမီးတစ်ယောက်သာရှိသည်။

သူမမိဘနှစ်ယောက်စလုံး အလုပ်လုပ်ကြပြီး မြို့ထဲ၌ စီးပွါးရေး ကောင်းသည့်ထဲ ပါသည်။ လင်းဟုန်ဝူသည် မိသားစုမရှိယောင် ဟန်ဆောင်ခဲ့သည်။ ဟန်မိသားစုသည်ချက်ချင်းပင် သူနှင့်အဆက်ဖြတ်စေကာ သမီးအတွက် blind date စီစဉ်ပေးပြီး ထိုကလေးဖြင့်သာလက်ထပ်စေခဲ့သည်။

ဟန်မိသားစု၏ သမီးသည် စစ်သားတစ်ယောက်နှင့်လက်ထပ်ခဲ့သည်။ ဟန်မိသားစု၏ မိတ်ဆွေသားပင်။ ထိုကောင်လေးသည် ဦးဆောင်နိုင်စွမ်း၊ ရုပ်ရည်အသင့်အတင့်ရှိပြီး ယောကျာ်းပီသပေသည်။ စကားချိုချိုများသာ‌ ပြောတက်သော ရုပ်ချောသည့် လင်းဟုန်ဝူထက်တော့သာသည်။

လင်းဟုန်ဝူသည် အကြံအစည်ဖြင့် ဟန်မိသားစုမှ သမီးကို လက်ထပ်ရန်ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုမိန်းကလေးကလည်း ထက်မြတ်သောသူဖြစ်သောကြောင့် ပါးရိုက်ပြီး လှည့်မကြည့်တော့ပေ။

ထိုညတွင် လင်းဟုန်ဝူကို ဟန်မိသားစုတို့က လမ်းထဲတွင်ဝိုင်းရိုက်ကြသည်။ ထို့နောက် လင်းဟုန်ဝူ၏ မီးလုံးစက်ရုံမှယာယီအလုပ် ပြီးဆုံးသွားပြီး ပျောက်ကွယ်သွားလေသည်။

မကြာမီပင် လင်းတာ့ကော်နှင့် လီအိုက်ဖုန်းတို့ ဆပ်ပြာစက်ရုံတွင် ပြဿနာထပ်ဖြစ်ပြီး လင်းဟုန်နသည် ထပ်၍ နာမည်ကြီးသွားလေသည်။

လင်းဟုန်နတွင် မကောင်းသောဂုဏ်သတင်းရှိသော်လည်း သူမ အပြစ်မဟုတ်ပေ။သူမ၏ မိဘ၊ ပျင်းရိသောအစ်ကိုတို့ကြောင့်ပင်။ မြို့ထဲမှ သူတချို့ကလည်းသူမကိုသနားကြပေသည်။

ထိုမိသားစုမှာနေရတာ ဘယ်လောက်တောင် သနားဖို့ကောင်းလိုက်သလဲ။

ထို့ကြောင့် လင်းဟုန်န ဆပ်ပြာစက်ရုံအလုပ်လုပ်ခွင့်ပြန်ရခဲ့သည်။ အလုပ်မပြုတ်သွားသော်လည်း သူမလုပ်ကိုင်ရသော တာဝန်မှာမသေး။ အရင်က စွင်းမိသားစုသည် သူမကို ပစားပေးသည်။ သို့သော်နောက်ပိုင်းတွင် လုပ်ဖော်ကိုင်ဖက်များအပေါ်၌ နိုင်ထက်စီးနင်းလုပ်လာလေသည်။ စက်ရုံအဆောင်တွင်ပင် အခြားမိန်းကလေးများ လေးယောက်တစ်ခန်းနေရစဉ် သူမသည်တစ်ယောက်တည်း နေရလေသည်။ အဖွဲ့ခေါင်းဆောင်သည်လည်း သူမကို ပြူပြူငှါငှါ ဆက်ဆံသည်။

ထိုအချိန်တုန်းက စက်ရုံက မိန်းကလေးအများစုသည် အသက်၂၀ ပတ်ဝန်းကျင်များဖြစ်ပြီး လင်းဟုန်နနှင့်လည်း စက်ရုံဝင်ခဲ့သော ကာလတူတူပင်။ ဘာလို့ သူကတစ်ယောက်တည်း ထူးခြားတာတွေ လုပ်နေရတာလဲ?

အခြားဝန်ထမ်း မိန်းကလေးများကလည်း လင်းဟုန်နကိုမကြည်ကြပေ။ စွင်းကျားလျန်သည် လင်းမိသားစုအကြောင်းကြားသည့်အခါ ရှက်လားမရှက်လား မသဲကွဲ။ ထို့ကြောင့် လတစ်ဝက်လောက် လင်းဟုန်နကို လျစ်လျူရှုထားခဲ့သည်။

လင်းဟုန်န အဝတ်စားများလဲပြီး တံခါးသို့လိုက်ပို့သော်လည်း စွင်းကျားလျန်က အသားတောင်မထိပေ။

လီအိုက်ဖုန်းသည်လည်း လင်းဟုန်နကို အမြန်ဆုံးကိုယ်ဝန်ဆောင်ဖို့ တိုက်တွန်းလေသည်။ ထို့နောက် စွင်းမိသားစုမှ သားဖြစ်သူနှင့်လည်း မင်္ဂလာဆောင်စေချင်သည်။

ယခုကာလအတွင်း လုပ်ဖော်ကိုင်ဖက်များကလည်းလျစ်လျူရှုသောကြောင့် လင်းဟုန်န စိတ်အားငယ်လာခဲ့သည်။ စွင်းကျားလျန်ကို သွားပြောလျှင်လည်း အလကားပင်။

သူမကိုယ်တိုင်က အရှက်ခွဲနေသလိုဖြစ်နေပြီး စိတ်ဓာတ်ကျလာခဲ့ပြီး အဆောင်၌သာငို၍ အိပ်စက်ခြင်းဖြင့် အနားယူလေသည်။

နောက်နေ့နံနက်တွင် သူမ၏ မျက်စိများသည် သစ်ကြားသီးကဲ့သို့ ရောင်ရမ်းနေပြီး ရေအေးဝတ်ကပ်တာတောင်မသက်သာ။ စွင်းကျားလျန်သည် အရင်လိုဖက်လည်းတကင်း မရှိတော့ပဲ အေးတိအေးစက်ဖြင့်နေပြီး လုပ်ဖော်ကိုင်ဖက်များသည်လည်း ထိုနည်းသကဲ့သို့ပင်။

လင်းဟုန်န သည် စိတ်တိုစွာဖြင့် တဘက်ကို ပစ်ချလိုက်ပြီး ဆံပင်ကိုဆွဲကာ ကျစ်ဆံမြီး ကျစ်လိုက်လေသည်။ထို့နောက် ထမင်းဘူးအလွတ် တဘတ်နှင့်ထုပ်ပြီး အလုပ်မြန်မြန်သွားခဲ့သည်။

၁၁ နာရီခွဲသောအခါ မီးသီးစက်ရုံမှ မောင်းမြည်လာခဲ့သည်။

လင်းဟုန်န လူအုပ်များကို တိုးဝှေ့ရင်း အသီးအရွက်ဟင်း ၂ ပွဲ နှင့်ပေါက်စီ ၂ ခုမှာလိုက်သည်။ ထို့နောက် အိတ်ကပ်ထဲထည့်၍အဆောင်တွင် စားရန်ယူလာခဲ့သည်။ ကန်တင်းမှ ထွက်လာပြီးအကြာ အဘွားကြီးတစ်ယောက်ကဲ့သို့ ပြဲနေသော မာဖလာကိုဝတ်ဆင်ထားသော လီအိုက်ဖုန်းကို တွေ့လေသည်။

လီအိုက်ဖုန်းသည် အလွန်ရဲတင်းသည်။ ဧည့်ကြိုအခန်းထဲတွင် အသက်ကြီးသော တံခါးစောင့်နှင့် လက်နက်ဖြင့် စစ်သား ၂ ယောက်ရှိသော်လည်း အေးအေးဆေးဆေး လူမိမှာ မကြောက်ပဲထိုင်နေလေသည်။

လင်းဟုန်န မျက်လုံးပင် လှုပ်သွားပြီး စားသောက်ချိန်ပင်မရပဲ လီအိုက်ဖုန်းကို ဆွဲခေါ်လာလေသည်။

ကံကောင်းစွာဖြင့် လင်းဟုန်နသည် စက်ရုံအဝတ်အစားဝတ်ထားသောကြောင့် လက်နက်ကိုင်ထားသော စစ်သားက တချက်ပဲကြည့်၍ လှည့်ထွက်သွားသည်။

လင်းဟုန်နသည် လီအိုက်ဖုန်းကို လူရှင်းသောထောင့်တစ်နေရာခေါ်လာပြီး “ဘာလို့ ရောက်လာပြန်တာလဲ။ စက်ရုံကိုမလာဖို့ မပြောထားဘူးလား။သည်းကိုမခံနိုင်တော့ဘူး။”

“အသိစိတ်မရှိတဲ့ ကလေးမ၊ အမေကိုပြန်ဆုံးမနေတယ်ပေါ့လေ။ မင်းကို ဘယ်သူ မွေးထားလဲဆိုတာ မမေ့နဲ့ဦး။”

လီအိုက်ဖုန်းသည် ရှေးဟောင်းနှောင်းဖြစ်များပြောနေပြီး လင်းဟုန်န နားများပင်ယားလေသည်။ ချက်ချင်း တိုတိုတုတ်တုတ် ပြောလိုက်သည်။

“ကျွန်မ ဒီနေ့ညနေ အလုပ်လုပ်ရမယ်။”

လီအိုက်ဖုန်းသည် စကားပြောတာရပ်ပ်ြီး ဗိုက်ကိုအနီးကပ် ကြည့်လိုက်သည်။

“ နင့် ဗိုက်က ဘာလို့မထူးခြားတာလဲ။”

လင်းဟုန်နနှင့် စွင်းကျားလျန် တူတူနေတာ ၂ လထက်မနည်းရှိပြီ။ လီအိုက်ဖုန်းကလည်း ဘိုးဘေးစဉ်ဆက် ကိုယ်ဝန်ရစေသော ဆေးပြင်းများကို စွင်းကျားလျန်အားပေးစေသည်။

သမီးဖြစ်သူက စွင်းကျားလျန်နှင့် လအနည်းငယ် အတူတူအိပ်သော်လည်း ကိုယ်ဝန်မရ။ စွင်းကျားလျန် ဘက်ကများ ချို့ယွင်းနေတာလား။?

မဟုတ်လောက်ဘူး။ သူ့သမီးကို တိုးတိုးတိတ်တိတ်မေးဖူးသည်။

ထိုအကြောင်းကို လီအိုက်ဖုန်း မပြောပဲနေလို့ရသော်လည်း လင်းဟုန်နက " ဘာလို့ ဒါပဲမေးနေတာလဲ။ကျွန်မကကော ကိုယ်ဝန်မရချင်ဘူးထင်လို့လား။ ကိုယ်ဝန်မရတာ ကျွန်မက ဘယ်တက်နိုင်မလဲ”

ပြောရင်းဒေါသထွက်လာလေသည်။

လီအိုက်ဖုန်းသည် အရင်လိုမဆဲပဲ ခဏတွေးလိုက်ပြီး ရုတ်တရက် လက်ခုပ်တီးလိုက်ကာ “ သမီး တို့နှစ်ယောက် နေမကောင်းလို့ ကလေးမရတာမှ မဟုတ်တာ။”

ထိုစကားက မိုးကြိုးပစ်ချသလိုပင်။ လင်းဟုန်နပြောစရာပျောက်ရှသွားခဲ့သည်။

လီအိုက်ဖုန်းသည် တွေးမိသမျှအကုန်လုပ်တက်သည်။သူမကို တိုင်းရင်းဆေးဆရာဆီ ခေါ်သွားပြီး ကလေးဝဝလေးမွေးကာ စွင်းမိသားစုမှနဲ့လူနှင့်ပဲ ကိုယ်ဝန်ဆောင်ပြီး လက်ထပ်ရန်ပြောလေသည်။

“စွင်းမိသားစုက လူနဲ့ လက်ထပ်ရင် နင်က ရဲဘော်ရဲ့ဇနီးဖြစ်မယ်။ နင်လိုချင်တာရနိုင်တယ်။ နင်အစားကောင်းတွေလည်းစားရမှာ။ ဘာလို့ဘဝကို ခက်ခက်ခဲခဲ နေမှာလဲ။ နောက်ပြီး နင့်အဖေနဲ့ အကိုကလည်းသူခိုးမို့လို့ ချွေးမတောင် မရနိုင်ဘူး။ နင့်အကိုက အသုံးမကျလို့ အမေက သမီးကိုပဲ အားကိုးနေတာ။ စွင်းမိသားစုဝင်နဲ့သာလက်ထပ်ရင် ဘာမှပူစရာမလိုတော့ဘူး။ နောက်ပြီး စွင်းမိသားစုရဲ့ စည်းစိမ်လည်း နင့်လက်ထဲရောက်လာန်ိုင်တယ်။ အဲ့အချိန်ကျ အပေါ်ထပ် အောက်ထပ် တယ်လီဖုန်းတွေ မီးတွေတပ်ထားလို့ရပြီ။ ငါလေ ရွာထဲကအတင်းတုတ်တဲ့ မိန်းမတွေကို အားကျတာ! သူတို့ဆိုကလေးမမွေးနိုင်လို့ ဆေးပဲသောက်ကြရတာ။”

မက်လုံးများကြောင့် လင်းဟုန်န မျက်လုံးများတောက်ပလာခဲ့သည်။ ဟုတ်တယ်! အခုသူဒုက္ခတွေသာ ခံလိုက်ရင် နောက်နောင်သုခတွေရလာမှာ။

ထို့နောက် လင်းဟုန်နသည် လီအိုက်ဖုန်းကို ရှာပြီး ရမ်းကုကိုဆေးစပ်ခိုင်းဖို့ သွားရှာခိုင်းလိုက်လေသည်။

*

ဆောင်းဦးနှောင်းပိုင်း၌ ယွင်ရွှေကောင်တီလမ်းများသည် အေးမြစိုစွတ်ပြီး မြူများထနေသည်။

နံနက်ခင်းတွင် ကုရှီအန်းသည် လင်းယောင်ကို အလုပ်သို့သွားပို့ရာတွင် လူ မတိုက်မိစေရန်ပင် စက်ဘီးမီးထွန်းထားရလေသည်။

ရာသီဥတုအေးလာသည့်အတွက် လင်းယောင်သည်အသစ်ရက်လုပ်ထားသော ဆွယ်တာ၊ မာဖလာ၊လက်အိတ်၊ ခြေအိတ်တို့ကို ဝတ်ထားသည်။ အိမ်မှာတွင်ပင် အေးနေလေသည်။

ဆောင်းရာသီသည် မနှစ်ကထက်စောနေပြီး မိုးလည်းဆက်တိုက်ရွာသည်။ အပူချိန် ထိုးကျသွားပြီး လုံးဝနွေးမနေချေ။

ကုရှီတုန်းသည်လည်း သူ၏ မရီးပေးသော မာဖလာ၊ ဦးထုပ်ဆောင်းပြီး ကြာပွတ်ကိုင်ကာ မြည်းလှည်းမောင်းလေသည်။

ကလေးများ အေးနေသည်ကိုကြည့်ပြီး ကျန်းဆွေ့လန်သည်ကိုယ်ဘာသာကို အပြစ်တင်နေမိသည်။ ကုမန်ဆန်နှင့် တိုင်ပင်ပြီး ကျောက်မီးသွေးရုံမှ ပျားလပို့‌ လောင်စာများဝယ်လာပြီး မီးဖိုထဲထည့်ကာ အိမ်ကိုအပူပေးလေသည်။

ကုမန်ဆန်သည် သက်ပြင်းသာချလိုက်သည်။

နယ်ဘက်တွင်ထိုသို့ မီးဖိုထဲထည့်ခွင့်မပြု။

ကုမန်ဆန်သည် အလုပ်၌ တစ်နှစ်ပတ်လုံး လုပ်နေခဲ့သောကြောင့် ဒူးမကောင်းတော့ပေ။ မိုးရွာပြီး လေတိုက်သောနေ့များတွင် လမ်းမလျှောက်နိုင်သောကြောင့် အကိုက်ခဲ ပျောက်ဆေးသာသောက်ပြီး အလုပ်သို့သွားရလေသည်။

အသက်ကြီးသော လင်မယားနှစ်ယောက်သည် ကလေးများ ထိန်းကျောင်းရန် မလွယ်ကူခဲ့ပေ။ ထို့ကြောင့် ကုရှီအန်းသည် အလုပ်ပြောင်းပြီး နေရပ်သို့ပြန်လာခြင်းဖြစ်သည်။

ကံကောင်းစွာဖြင့် ဒါရိုက်တာကုသည် မီးသွေး ၂ တောင်းကို နယ်ဘက်မသွားခင် မီးဖိုချောင်ထဲ၌ ထားခဲ့သည်။ ကုမိသားစုတို့ တစ်ခန်းချင်းစီတွင်အပူရရန် ပျားလပို့များကိုလောင်ကျွမ်းစေခဲ့သည်။

ဒီတခါတော့ နယ်ဘက်သို့ စစ်ဝန်းထမ်းများကိုသင်တန်းပေးရန် သွားခြင်းဖြစ်သည်။ ဌာနနှင့် စစ်တပ်မှလူများလည်းပါသည်။

လက်ထောက် ဒါရိုက်တာ တစ်ယောက်အနေဖြင့် ကုရှီအန်းသည် ထိုသူတို့ကို ဦးဆောင်ရသည်။

ရွှီရှန်းချန်လည်း မထူးမခြားနားပင်။

ဒီတခေါက်သည် ပထမဆုံး လင်းယောင်နှင့် ကုရှီအန်းခွဲနေရခြင်းပင်။

လင်းယောင်လည်း ထိုခရီးအတွက် စိတ်ပူနေခဲ့သည်။အစားအသောက်ကောင်းများ၊ အဝတ်အစားများမရှိမှာစိုးနေသည်။ ထို့နောက် အိပ်ရတာ အဆင်မပြေမှာ တွေးပူနေလေသည်။

ကုရှီအန်းသည် လင်းယောင်လုပ်ပေးသော ချည်သားညဝတ်အင်္ကျီကို ဝတ်ဆင်ထားသည်။

လင်းယောင်သည် နောက်ထပ် ၂ စုံချုပ်ပေးထားကာ အခြောက်ခံ၊ ခေါက်ကာ စစ်ယူနီဖောင်းများ၊ ရဲယူနီဖောင်းများ၊ တဘတ်၊ ဆပ်ပြာ၊ သွားပွတ်တံ၊ ခွက်၊အတွင်းခံ စသည့်လိုအပ်မည်တို့ကို ခရီးဆောင်အိတ်ထဲသို့ထည့်ပေးသည်။

ထို့နောက် လင်းယောင် လက်ဆေးလိုက်ပြီး ကျိုးရှောင်ရွှယ် ဆီမှရသော ဝက်ဗိုက်သားများကို ဆေးကာအတုံးတုံးလိုက်ပြီး အသားဆော့စ်အစပ်ဖြင့် စည်သွပ်ဘူးအပြည့် ချက်လိုက်သည်။

ကုရှီအန်းသည် အသားဆော့စ်အစပ်ကို ကြိုက်သည်။ ပိုစပ်လေ ကြိုက်လေပင်။ လင်းယောင်ကတော့အစပ်မကြိုက်ပေ။ အစပ်စားလျှင် မျက်နှာနှင့် လည်ပင်း၌ ဝက်ခြံများ ထွက်လာတက်သည်။

ကျန်းဆွေ့လန်သည် သားအကြီးအတွက် ပန်ကိတ်၊ကြက်ဥပြုတ် ၅ လုံး ၆လုံး၊ ပန်းသီးအိတ်လိုက်ထည့်ပေးလိုက်သည်။

ကုရှီအန်းသည် အိမ်သို့အပေါင်းအပါတပ်သားများဖြင့် ခရီးဆောင်အိတ် လာယူလေသည်။ သူတို့က လင်းယောင်ကို မြင်သောအခါ ခြေထောက်များညီညာစွာအနေအထားရပ်လိုက်ပြီး “မရီး မင်္ဂလာပါ” ဟုနှုတ်ဆက်လေသည်။

လင်းယောင်သည် ခဏကြောင်နေပြီး “ဘုရားရေ နှုတ်ဆက်တာက ဘာလို့ ဒီလိုကြီးဖြစ်နေတာလဲ။”

နည်းနည်းကြောက်ဖို့ကောင်းသည်။

All Chapters