← Chapters

အခန်း (၅၄)

Vol. 5 Ch. 54

အခန်း (၅၄)

Vol. 5 Ch. 54

ယွင်ရွှေမှ စစ်သားများနယ်ဘက်သို့ သွားနေသောအချိန်၌ နေထိုင်စရာများနှင့် ကန်တင်းများသည် ရှောင်ထို့ အုပ်ချုပ်ရေးနယ်မြေသို့ ပြောင်းရွှေ့ရသည်။

ကောင်တီတိုးတက်ရေးကော်မတီတွင် ကန်တင်း၌ ပြောင်းဆန်အပါအဝင် မုန်လာဉနှင့်ဂေါ်ဖီများလည်းပါသည်။ အပြင်မှာ ကပ်ဘေးဆိုက်ရင်တောင် ကောင်တီအတွက် လုံလောက်သော အစာများရှိသည်။ အခြားဟာထက် အာ့ဟယ်ခေါက်ဆွဲ၊ ပေါက်စီ၊ ဝေါ်ထို့ပန်ကိတ်တို့နှင့်ပင် လုံလောက်သည်။

လူပျိုလူလွတ်များ ကားပေါ်တက်ရာတွင် အိတ်တစ်လုံးသာပါပြီး မိိန်းမရှိသောသူများထံတွင် အိတ်ကြီးနှင့်ပင်ဖြစ်သည်။ ရွှီရှန်းချန် သည်လည်း လည်ပင်းတွင် ကုချွင်မေ ချက်ပေးသော ဂျင်းရည်ထည့်ထားသည့် ရေနွေးအိုးကြီးကို ဆွဲထားလေသည်။ အေး၍စိုစွတ်နေပြီး အခုလိုရာသီဥတုဆိုလျှင် တစ်ခွက်တည်းနှင့် ရင်နွေးစေန်ိုင်သည်။

လက်ထောက်ဒါရိုက်တာကုက ပိုဆိုးသည်။ သူ၏ မိန်းမချက်ပေးထားသော အိတ်လိုက်ထည့်ထားသည့် အသားအစပ်ဆော့စ်၊ ချည်ထိုးထားသောမာဖလာ၊ ဆွယ်တာ၊လက်အိတ်အထူနှင့် အင်္ကျီအပိုများပါသည်။

လူပျိုလေးများက သူ့ကိုကြည့်ပြီး သူတို့မိန်းမယူဖို့ ကြိုးစားသင့်သည်ဟု ထင်ကြလေသည်။

ထို့နောက် လူငယ်တစ်ခုနှင့်အတူ အိတ်များကိုယ်စီဖြင့်ကုရှီအန်း ထွက်သွားသည်ကို လင်းယောင်တွေ့လိုက်သည်။ လက်နက်အပြည့်ဖြင့် ကားများတစ်စီးပြီးတစ်စီးထွက်သွားလေသည်။ အေးခဲနေသောရာသီကြောင့် စိတ်ပူရပြီး သူမကိုယ်တိုင်ပင် ခိုက်ခိုက်တုန်နေလေသည်။

သူမ ဒီနေ့အလုပ်သွားစရာမလိုပေ။ လက်‌ထောက်ဒါရိုက်တာကုက လအတော်ကြာမရှိမှာကြောင့် သူမ၏ လှပသောတစ်ယောက်တည်း ဘဝကို ပြန်လည်ပိုင်ဆိုင်လေပြီ။ လင်းယောင်သည် ပျော်ရွှင်စွာအိမ်သို့ ပြန်အိပ်လေသည်။

အိပ်ရာမှနိုးသောအခါ မှိန်ပြပြ ဆောင်းနံနက်ခင်းအလင်းရောင်သည် ခြံထဲသို့ကျလာခဲ့သည်။ ရက်အတန်ကြာသည့်အထိ အပြင်တွင် အေးပြီးစိုစွတ်မနေခဲ့ပေ။ ထို့နောက် ကောင်းကင်တခုလုံး အေးပြီးထိုင်းမှိုင်းနေခဲ့သည်။

ဒီနေ့ကဆောင်းတွင်း ဖြစ်သော်လည်း သာယာသည့်နေ့တစ်ရက်ပင်။

ပြတင်းပေါက်ဖွင့်လိုက်သည်နှင့် လေအေးများ အိမ်ထဲသို့ဝင်လာသည်။ လင်းယောင် အရမ်းချမ်းသွားသောကြောင့် ပန်းပွင့်အဆင်ဖြင့် ကုတ်အင်္ကျီကို ဝတ်ဆင်လိုက်သည်။ ထို့နောက် ရေနွေးတည်၊ သွားတိုက်၊ မျက်နှာသစ်ခဲ့သည်။

ပုံမှန်ဆို မျက်နှာသစ်ဖို့ ကုရှီအန်းက ရေနွေးတည်ပေးတတ်သည်။ သို့သော် သူဘမရှိသောကြောင့် လင်းယောင် ကိုယ့်ဘာသာကိုယ် အားကိုးရလေသည်။

ကုမိသားစု၏ မီးဖိုချောင်ထဲ၌ သံရေနွေးအ်ိုးရှိပြီး ရေနွေးတည်လိုက်သည်။ မျက်နှာ ၂ ခါသစ်ရန်ပင်လုံလောက်သည်။ ထို့နောက် ရေနွေးအိုးထဲသို့ ရေထပ်ထည့်ပြီးသံမီးညှပ်သုံးပြီး ပျားလပို့များ ပေကျံနေသောမီးဖိုကို သန့်ရှင်းရေး လုပ်လိုက်သည်။ အကြွင်းအကျန်များကိုလည်း တံမြတ်စည်းလည်းလှည်းလိုက်ပြီး အာလုံးပေါင်းကာ ဆောင်းချိုပင်၏ မြေဩဇာအဖြစ် သုံးရန် နံရံတွင်ပုံထားလိုက်သည်။

အိမ်ဘေးမှ ဦးလေးတာ့ဖုသည် သူ၏မွေးရပ်မြေမှ ဆောင်းချိုပင်အပင်များ သယ်လာပြီး ဆောင်းချိုပင်သည် ပွင့်သောအချိန်၌အလွန်လှသည်ဟုလည်းပြောသည်။ နှင်းများဖုံးနေပြီး အနီရောင်အသီးများသီးနေသည်။ ဆောင်းချိုပင် အကိုင်းအချို့ကို ချိုးပြီး ပန်းအိုးအလှဆင်လို့လည်း လှပေသည်။

အဒေါ်တာ့ဖုကတော့ ထိုအဓိပ္ပယ်များကို နားမလည်ပေ။ နားလည်းမလည်ချင်ခဲ့ချေ။

သူမသည် ခြံထဲမှ ဆောင်းချိုပင်အပင်ကို မျက်စိဆံပင်မွေးစူးသည်ဟုသာ မြင်ပြီး ခုတ်ပစ်ကာ ထင်းလုပ်ချင်နေလေသည်။

ဦးလေးကြီးသိသောအခါ မျက်ရည်ပင်ဝဲသွားသည်။အဒေါ်ကြီးကို ဒေါသဖြင့်ကြည့်လိုက်ကာ ထိုအပင်နားမှ ခုံတန်းပေါ်တွင် တနေ့လုံးထိုင်ပြီး ထိုအပင်ကိုစောင့်ရှောက်လေသည်။

မနေ့ကတင် ထိုအဒေါ်ကြီးသည် အိမ်သို့လာခဲ့သည်။ ထိုအချိန်တွင် သူမယောကျာ်းရှိမနေခဲ့ပေ။ ထို့ကြောင့်လောင်ကုအိမ်သို့ ဂေါ်ပြားနှင့်မီးခြစ်ဆံ လာတောင်းရင်း ကျန်းဆွေ့လန်ကို အတင်းတုတ်လေသည်။

“အဲ့ဒီမကောင်းတဲ့ လူအိုကြီးက အရူးလိုပဲ ခြံထဲမှာပဲအမြဲနေနေတာ။ ဘယ်လို ဆောင်းချိုပင်မျိုးကို စိုက်ထားလို့လဲကို မသိဘူး။ ကျွန်မက သူ့ကိုအဒီအပင်ကို ခုတ်ပြီး ထင်းလုပ်ဖို့ပြောတာ ကျွန်မကို နားပေါက်အောင်အော်တယ်လေ။”

ကျန်းဆွေ့လန်က သူမကိုရယ်လိုက်ရင်း “ မနေ့က ရှင့်သမီးအခန်းထဲမှာ အိပ်တာလား"

အဒေါ်ကြီးကကြည့်လိုက်ပြီး “အမြင်စူးရှတာပဲ။ အဲ့လူကပွစိပွစိ လုပ်လွန်းလို့လေ။ အာ့ကြောင့် သူနဲ့ဝေးဝေးအိပ်တာ။ သူ့ဘာသာ ဆောင်းချိုပင်အပင်ဆီသွားချင်သွားမသွားချင်နေဆိုပြီး။”

“ကောင်းတာပဲ။ သူပြန်လာလည်း ထမင်းမကျွေးနဲ့ပေါ့။ အငတ်ထားလိုက်။”

“သူထမင်းဆာနေရင်ရော”

“ အခန်းခွဲအိပ်တာပဲ၊ ဘာဂရုစိုက်စရာရှိလဲ”

“အို စိတ်မကောင်းဘူး ငါ့ရဲ့နှလုံးသားလှလှလေးကို မသနားတတ်အောင်နေရမယ်။”

"ဘာပဲပြောပြောအတူတူနေလာတာက နှစ်ပေါင်းများစွာကြာပြီလေ။ အဲ့လိုဆို ဘယ်တရားပါ့မလဲ"

“သွားလိုက်တော့”

“…”

ထိုအဒေါ်ကြီးသည် လောင်ကုအိမ်တွင် ညဆယ်နာရီအထိနေခဲ့သည်။ ထို့နောက် ချွေးသံတရဲရဲ၊ ခန္ဓာကိုယ်မှ စက်ဆီနံ့များဖြင့် ဦးလေးကြီးရောက်ပြီး အဒေါ်ကြီးချက်ထားသော ခေါက်ဆွဲကို မျှော်နေလေသည်။

“အသက်ကြီးတဲ့ သူတွေကတော့ အရေထူတာပဲ။”

အဒေါ်ကြီးသည် သူ့ကိုယ်သူသန်မာသည်ဟုဆိုသော်လည်း အိမ်ထဲသို့ပြုံး၍ ဝင်သွားခဲ့သည်။

လင်းယောင်ကတော့ အဒေါ်ကြီးပြန်သွားတာကိုကြည့်ပြီး မျက်နှာနီနီတို့ကို ပွတ်ကာအိမ်ထဲသို့ ပြန်ဝင်လာလေသည်။

ယမန်နေ့များတွင် တိမ်ထူနေခဲ့သည်။ ဒီနေ့ ကောင်တီမှ ကလေးများ ကျောင်းပိတ်ရက်ဖြစ်သည်။

ကုရှီတုန်းကတော့ အိမ်တွင်နေဖင်ထိုးသည့်အထိမထသေးပေ။ ကျန်းဆွေ့လန် နာရီကြည့်လိုက်သောအခါ ၁၀ နာရီပင် ခွဲပေတော့မည်။ ကောင်စုတ်လေးက ခုထိမထသေးသောကြောင့် တံမြတ်စည်းဖြင့် ရိုက်နှိုးရန် တံမြတ်စည်းလိုက်ရှာလေသည်။

ခဏအကြာ ခြေဗလာဖြင့် ကောင်စုတ်လေးက်ို သူ့အမေရိုက်လေတော့သည်။

“အမေ။ ထပြီ။ ခုထပြီ။”

“ဘာလဲ။ အိပ်လိုက်စားလိုက်နဲ့ကြီးလာရင် နင်ဘယ်လိုလုပ်မလဲ။”

“ရိုက်မယ်ဆို ခေါင်းကိုမရိုက်နဲ့။ တင်ပါးကိုပဲရိုက်။”

" အေး တင်ပါးကိုရိုက်မယ်။ နင့်ဖင်ကို လှန်လိုက် "

“…”

ဘာကိုဆိုလိုတာလဲ?

ကုမိသားစုသည် တစ်မနက်လုံး အလုပ်ရှုပ်နေပြီး ညရောက်မှသာ နားကြလေသည်။

ဒီနေ့သည် ကောင်တီမှ စပါးဝေပေးမည့်နေ့ဖြစ်သည်။ကုမိသားစု၏ မီးဖိုချောင်ထဲမှ ထမင်းအိုးကြီးလည်းပွက်ပွက်ဆူနေပြီး ဆန်ပြုတ်နှင့် ပေါက်စီများလည်းရှိနေသည်။

လင်းယောင်သည် ပုလင်းထဲမှ အချဉ်ဖောက်ထားသောမျှစ်ကိုယူပြီး လှီးလိုက်ကာ ပန်းကန် ၂ ခုထဲသို့ ခွဲထည့်သည်။ တစ်ဖက်တွင် ငရုတ်ကောင်းမှုန့်အစပ်ထည့်ပြီး နောက်တပန်းကန်ကတော့ အလွတ်ဖြစ်သည်။

ဆန်ပြုတ်ရသောအခါ လင်းယောင်၏ နေ့လည်စာရလေပြီ။

ကျန်းဆွေ့လန်သည် အမြဲပိန်သော လင်းယောင်ကိုသနားသောကြောင့် ကြက်ဥပြုတ်များ ကျွေးလေသည်။

ကုမိသားစုတွင် အခြားမည်သူမှ ထိုအခွင့်အရေးမရ​ပေ။

အိမ်၌မိသားစုဝင် ၄ ယောက်ရှိပြီး လင်းယောင်တစ်ယောက်တည်း မစားချင်ပေ။

ထို့ကြောင့် ၄ ပိုင်း ပိုင်း၍ တယောက်တစ်စိတ်စီ စားကြလေသည်။ ကုရှီတုန်းသည် ထိုမျှအရသာရှိသောကြက်ဥမစားဖူးသေး။

စားပြီးသွားအခါ လင်းယောင်သည် မိသားစုဝင်များကို ချည်ထည်ပြလေသည်။

“အမေ။ ဒီချည်ထည်က ၁၅ ပေရှည်တယ်။ ချည်သားဂျက်ကတ် လုပ်လို့ရတယ်။ အမေနဲ့ အဖေ တစ်ထည်ဆီ ပြီးလို့ကျန်တာ သုန်ဇီအတွက်ပေါ့။ ဆောင်းတွင်းကျ အေးမယ်လို့ကြားလို့ တစ်ယောက်တစ်ထည်စီယူကြတာပေါ့။”

ကျန်းဆွေ့လန်တို့ လင်မယားနှစ်ယောက် ချည်သားဂျက်ကတ် မလုပ်ဖြစ်တာ ၂ နှစ်၊ ၃ နှစ်လောက်ရှိလေပြီ။ထို့နောက် ကုမန်ဆန်တွင် ရှိသောချည်သားဂျက်ကတ် သည်လည်း လျှော်ပါများသည့်အတွက် မူရင်းအရောင်များပင်ကျွတ်သွားသည်။ ထို့နောက် အထဲမှဂွမ်းသားသည်အရင်ကဲ့သို့ မနွေးတော့ပေ။

ချွေးမလေးက သိတက်ပြီး ယောက္ခမ ၂ ယောက်လုံးနှင့် ရင်းနှီးလေသည်။

ကျန်းဆွေ့လန်သည် ချည်အထည်ကိုကိုင်လိုက်ကာ ပြုံးပြလိုက်ပြီး “ဟုတ်ပြီ။ ယောင်ယောင် ပြောသလိုပဲလုပ်တာပေါ့၊ချွေးမလေးရဲ့စေတနာကိုလည်းခံစားရတာပေါ့”

ကုမန်ဆန်သည် ပျားရည်သောက်ထားသကဲ့သို့ မျက်နှာမှာ တောက်ပသွားသည်။

သူ့ထံတွင်ချည်သားဂျက်ကတ် တစ်ခုသာရှိပြီး ဆောင်းတွင်းတစ်ခုလုံး အလုပ်ကိုဝတ်သွားရသည်။

သူ့ထံတွင် ဝတ်စရာမရှိ။

အိမ်ရှေ့ခြံမှ ကျန်းတာ့ချန်ကပင် သူ့ကိုရယ်ပြီး “အသစ်လေးဘာလေးလဲပါဦး” ဟုပြောသည်။

ကုမန်ဆန်သည် ပြုံး၍သာနေပြီး အရေးတယူမပြုခဲ့ပေ။

ကျန်းဆွေ့လန်က မချုပ်ပေးသည် မဟုတ်ပဲ ပိတ်စကပင် ရှားပါးသော ဒုက္ခကြောင့်ပင်။ ချွင်မေလည်းမင်္ဂလာဆောင်သွားပြီး အရပ်ရှည်စဉ်ချည်သားဂျက်ကတ် ဝတ်ရန်ငြင်းဆန်ခဲ့သော ကုရှီတုန်းက မဝတ်ချင်ပေ။ သို့သော် ပိတ်စလက်မှတ်များကို ကလေးတွေအတွက်သာ ဖယ်ထားပြီး လူအိုမိဘ ၂ ယောက်ကတော့အနစ်နာခံကြသည်။

ဒီနှစ်တော့ ယောင်ယောင်လည်း အိမ်သို့ရောက်လာပြီး သမီးကြီးလည်း လက်ထပ်သွားသောကြောင့် အသက် ၅၀ ရှိတော့မည်ဖြစ်သော ကုမန်ဆန်လည်း ဝန်ပေါ့သွားပြီး အစားကောင်းများ တက်နိုင်သလောက် စားပြီး ပျော်အောင်သာနေလေသည်။

ကုရှီတုန်းသည် ထမင်းမဝသေးသဖြင့် ကန်စွန်းဥတစ်ချို့ကိုပြုတ်လိုက်ပြီး အကြီးဆုံးကန်စွန်းဥကို ယူလိုက်သည်။ ထိုကန်စွန်း‌ဥကို ဇောက်ထိုးကိုင်ထားရင်း ဒေါသတကြီး ခြေဆောင့်ကာတံခါးနားတွင် အမေက ဆန်စပါးစာအုပ်ပေးရန် စောင့်နေသည်။ ထိုစာအုပ်ထဲမှ လက်မှတ်များနှင့်ဆို ကန်တင်းတွင် အစားအသောက်များ ယူနိုင်သည်။

လစဉ် ကုမိသားစုသည် စားသောက်တန်းမှ ရိက္ခာများဝယ်လေ့ရှိသည်။ ယူရလွယ်ရန် ကျန်းဆွေ့လန်သည် လက်မှတ်များနှင့် စာအုပ်ကို အံဆွဲများထဲတွင် ထည့်ထားသည်။

လင်းယောင်သည် နွေးထွေးသော ဂွမ်းဖိနပ်ကိုစီးကာ မာဖလာထူထူကို လှပသောမျက်နှာပေါ်ရုံပတ်ထားပြီး မိသားစုနှင့် ရိက္ခာသွားဝယ်လေသည်။

သူမ အစားအသောက်တွေ မဝယ်ရသေးပေ။

မကြာသေးခင် လက်ထောက်ဒါရိုက်တာကု မရှိကတည်းက လင်းယောင်သည် အလုပ်သွားခြင်းဖြင့်သာအချိန်ကုန်ဆုံးနေခဲ့သည်။ ၁၂ လ‌မြောက်ဖြစ်သောကြောင့် အလွန်ပင်အေးနေပြီး နှင်းနံ့များရလေသည်။

ကုချွင်မေလည်း သူမ၏ မိဘအိမ်သို့ပြန်လာခဲ့ပြီး သူမပြောပုံအရ နှင်းကျနိုင်ပြီး နယ်ဘက်သို့ လေ့ကျင့်ရေးဆင်းသော ကောင်တီမှ စစ်သားများ မကြာခင်ပြန်လာတော့မည်ဖြစ်သည်။

တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းတွင် လင်းဟုန်နသည် ကိုယ်ဝန်ရရန် ခါးသက်သောတိုင်းရင်းဆေးများ တစ်ခွက်ပြီး တစ်ခွက်သောက်လေသည်။

တစ်ငုံသောက်ပြီး ထွေးမထုတ်မိစေရန် အားတင်းထားရသည်။

မကြာခင် လင်းဟုန်န ခန္ဓာကိုယ်တစ်ခုလုံး ဆေးနံ့ များနံလာပြီး စက်ရုံသို့ပြန်ကာ ရေချိုးခဲ့သည်။ သူမသည်မှန်ထဲတွင်မြင်ရသော အိစက်သော သူမအသားကို ကိုင်လိုက်ပြီး အလုပ်အပြန် စွင်းမိသားစုဆီဝင်ပြီး စကားပြောရန် ဆုံးဖြတ်လိုက်လေသည်။

All Chapters