← Chapters

အခန်း (၅၅)

Vol. 5 Ch. 55

အခန်း (၅၅)

Vol. 5 Ch. 55

မည်သို့ပင်ဆိုစေ လင်းဟုန်နမှာ ပြန်လည်မွေးဖွားလာခဲ့သူဖြစ်သည်။ သူမ၏ ဘဝ ၂ ခုလုံးတွင် သူမမှာ အလွန်ခက်ခဲခဲ့ရသည်။ သူမမှာ ၂၀ ကျော်စအရွယ်သာဖြစ်သော်ငြား အမှန်တော့ သူမနှင့်ရွယ်တူများထက် ပိုပြီး ကြိတ်ကြံတတ်လေသည်။

စွင်းကျားလျန်မှာ သူမကို စိတ်မဝင်စားတော့ကာ နေ့ခင်းကြောင်တောင်တွင် သူ့အားဆွဲဆောင်ရန်မှာ လုံးဝမဖြစ်နိုင်ကြောင်း သူမ သိလေသည်။

စွင်းကျားလျန်မှာ မျက်နှာကို တန်ဖိုးအထားဆုံးဖြစ်ကာ စွင်းမိသားစုမှာ မြို့ထဲတွင် လူသိများလေသည်။ သူမ စွင်းမိသားစုထဲသို့ ဝင်နိုင်မည့်အခွင့်အရေးမှာ အလွန်ပင်နည်းလေသည်။

ကံကောင်းစွာနှင့် စွင်းကျားလျန်မှာ အိမ်ခွဲနေကာ စွင်းမိသားစုနှင့် မနေတော့ပေ။ မကြာသေးမီက သူသည် အဆက်အသွယ်များမှတစ်ဆင့် ကောင်တီမီးသီးစက်ရုံတွင် ယဉ်ကျေးမှုအရာရှိအဖြစ် လုပ်ကိုင်နေလေသည်။သူသည် အလွန်ပင် ရည်မှန်းချက်ကြီးသူဖြစ်ကာ ယွင်ရွှေကောင်တီတွင် သူ၏စွမ်းဆောင်ရည်များကို ပြသရန်အတွက် လက်ဆောင်များပေးပြီး အဆက်အသွယ်များတည်ဆောက်ခဲ့သည်။

မမျှော်လင့်ထားစွာပင် ယွင်ရွှေကောင်တီမှရေမှာ မြို့ထဲမှာထက် အများကြီး ပိုနက်လေသည်။ စွင်းမိသားစုမှာ မြို့ထဲတွင်တော့ အဆက်အသွယ်များ ရှိသော်လည်း ကောင်တီတွင်တော့ သိပ်မရှိပေ။

စွင်းကျားလျန်မှာ ကောင်တီတွင် ရေပွက်ဖြစ်အောင် မလုပ်နိုင်ပေ။ သူသည် စိတ်ပါဝင်စားမှုမရှိပဲ မျှော်လင့်ချက်မဲ့နေခဲ့သည်။ သူသည် ယဉ်ကျေးမှုအရာရှိအဖြစ် အလုပ်ကို သေချာမလုပ်ခဲ့သောကြောင့် နောက်ဆုံးတွင် သူ့မြို့သို့ပင် ပြန်သွားခဲ့သည်။

ဤသည်မှာ စွင်းကျားလျန်၏ အတိတ်ဘဝတွင် ဖြစ်ပျက်ခဲ့ပုံပင်။ စွင်းမိသားစု၏ ကံတရားမှာ ပြန်ပြောင်းလဲသွားပြီး အထက်ရောက်လာခဲ့သည်။ ထိုဟာပြီးသည်နှင့် စွင်းကျားလျန်မှာ မိုးကောင်းကင်သို့ ထိုးတက်သွားတော့သည်။ နှစ်အနည်းငယ်အတွင်းတွင် သူသည် လူမသိသူမသိရဲဘော်လေးဘဝမှ စီးပွားရေးသမား သူဌေးကြီးတစ်ဦး ဖြစ်လာခဲ့သည်။ စံအိမ်ကြီးတွင် နေထိုင်ပြီး ဇိမ်ခံကားကိုစီးသည်မှာ အလွန်ပင် ခံ့ညားထည်ဝါလှသည်။

အိပ်ချင်လျှင် ဘုရားသခင်က ခေါင်းအုံးပေးပေမည်။

စွင်းကျားလျန်မှာ အခုအချိန်တွင် စိတ်ပျက်နေလေသည်။ လင်းဟုန်နမှာ အချိန်ကောင်းတွင် အခွင့်အရေးကိုအမိဖမ်းဆုပ်ပြီး သူ့ကိုနွေးထွေးမှု နားလည်မှုများပေးနိုင်သရွေ့ သူ့နှလုံးသားကို အပ်ိုင်သိမ်းနိုင်မည်ဖြစ်သည်။

စွင်းကျားလျန်၏ နှလုံးသားကို မသိမ်းပိုက်နိုင်လျှင်တောင်မှ သူနှင့်တစ်ခဏတာ ကုတင်ပေါ်မှ ကိစ္စများကိုလုပ်ဆောင်ရသည်မှာ အရှုံးမရှိပေ။ သူမ စွင်းကျားလျန်ကိုဆွဲထားနိုင်သည်နှင့် ဒုတိယအကြိမ် တတိယအကြိမ်များ ထပ်ရှိလာမည်ဖြစ်ကာ အချိန်ကြာလာသည်နှင့်အမျှ ကလေးတစ်ယောက်ကို ကိုယ်ဝန်မဆောင်နိုင်မှာကို ပူစရာမလိုတော့ပေ။

ထိုသို့တွေးတော့ လင်းဟုန်န အနည်းငယ်ရှက်မိသည်။အမှန်တော့ သူမမှာ မိသားစုကောင်းကောင်းမှ သမီးမိန်းကလေးတစ်ယောက်ဖြစ်ကာ စွင်းကျားလျန်နောက်သို့ စလိုက်ခဲ့စဉ်က အပြစ်ကင်းစင်ခဲ့လေသည်။အကယ်၍ စွင်းကျားလျန်သာ ယောက်ျားတစ်ယောက်လိုပြုမူကာ သူမနှင့်အတူအိပ်ပြီး တာဝန်ယူရန်မငြင်းဆန်ခဲ့ပါက သူမသည်လို ညစ်ပတ်သည့်လမ်းကိုသုံးပြီး ကိုယ်ဝန်ရအောင် လုပ်လိမ့်မည်မဟုတ်ပေ။

စွင်းမိသားစုက ရုပ်ရည်ကိုဂရုစိုက်ပြီး လိုက်ဖက်သောချွေးမတစ်ယောက်ကို လိုချင်သည်။ သူတို့က စွင်းကျားလျန်၏ အကျင့်မကောင်းသော အပြုအမူနှင့် မိန်းမနှင့်ယောက်ျားကြားမှ မသင့်တော်သော ဆက်ဆံရေးများကိုလည်း မတွေးကြပေ။

လင်းယောင်မှာ ဘယ်လိုကြောင့် အရမ်းကံကောင်းခဲ့မှန်း သူမ မသိပေ။ သူမ၏ယခင်ဘဝတွင် သူမကစွင်းမိသားစုထဲသို့ လွယ်လွယ်ကူကူပင် လက်ထပ်နိုင်ခဲ့သည်။ ယခုဘဝတွင် ကုရှီအန်းမှာ ပြည်သူ့လုံခြုံရေးဌာန၏ လက်ထောက်ဒါရိုက်တာဖြစ်လာကာ ထိုကောင်မမှာလည်း လက်ထောက်ဒါရိုက်တာ၏ ဇနီးဖြစ်လာခဲ့သည်။

သို့သော် သူမမှာ အကောင်းဆုံး ကြိုးစားခဲ့တာကိုတောင် ဘာမှပြန်မရခဲ့ပေ။

လင်းဟုန်န နှုတ်ခမ်းကိုကိုက်ကာ ပထမဆုံးနှင်းကျသည့်ညနေပိုင်းတွင် ရေချိုးရန် ရေချိုးသည့်နေရာသို့သွားခဲ့သည်။ သူမ ဆပ်ပြာတိုက်ပြီး ခရင်မ်များကို လိမ်းလိုက်သည်။ အေးပြီးနှင်းကျသော နေ့တစ်နေ့တွင် လှပနေစေရန်အတွက် သူမက ပန်းပွင့်များပါသော ပါးလွှာသည့်ဂျက်ကက်အင်္ကျီကိုသာ ဝတ်ထားခဲ့သည်။ ချည်သားဖိနပ်များကိုစီးကာ လည်စည်းပင်မဝတ်ဆင်ပဲ ဆပ်ပြာစက်ရုံမှထွက်ခွာကာ နှင်းကျနေသောညတွင် ရဲဘော်များနေထိုင်ရာအဆောင်သို့ သွားတော့သည်။

စွင်းကျားလျန်မှာ ယခုအချိန်တွင် မြို့မှမီးသီးစက်ရုံ၏ ပြန်ကြားရေးပိုင်း ခေါင်းဆောင်ဖြစ်နေလေသည်။ သူ့လိုလူပျိုလူလွတ်တစ်ယောက်မှာ သဘာဝကျစွာပင် တစ်ယောက်ခန်းမှာ နေရလေသည်။ မြို့ထဲတွင် အဆောက်အဦးရှည်မရှိပေ။ အ‌ဆောက်အဦးရှည်မှာ ခေါင်းဆောင်ပိုင်း ရဲဘော်များအတွက် ဖြစ်လေသည်။

ယွင်ရွှေကောင်တီတွင်ပင် အဆောက်အဦးရှည်မှာ လွန်ခဲ့သောနှစ် ၇၀ အကြာကမှ တည်ဆောက်ခဲ့လေသည်။ မီးသီးစက်ရုံမှ ရဲဘော်များအတွက် အဆောင်မှာ စာတိုက်နှင့် ဆက်သွယ်ရေးရုံး၏ အနောက်ဘက်တွင်ရှိလေသည်။

မီးသီးစက်ရုံကို လွတ်လပ်ရေး မရခင်ကာလက ပြင်သစ်တို့တည်ဆောက်ခဲ့လေသည်။ စက်ရုံရှိအဆောင်အားလုံးကို အုတ်နီနီများဖြင့် တည်ဆောက်ထားသည်။ ဘန်ဂလိုအနိမ့်များကို ထိုနေရာတွင် အတန်းလိုက် စီထားလေသည်။ အရှေ့ဖက်တွင် သံချောင်းများနှင့်တံခါး ၂ ပေါက်ရှိသည်။ ဂိတ်ကို သံနှင်းဆီပုံများဖြင့် ထွင်းထားကာ အနီရောင်အုတ်များနှင့် အစိမ်းရောင်ကြွေပြားများကပ်ထားသော ပြတင်းပေါက်များရှိကာ အရောင်အသွေးစုံလင်ကာ စိတ်ကူးယဉ်ဆန်စရာကောင်းသော အခြေအနေအလားပင်။

ထိုဟာကြောင့်ပင် သံဂိတ်ဝ ၂ ခုကို မြို့ထဲမှလူငယ်များက ရိုက်ချိုးပစ်ကာ ယိုင်နဲ့နဲ့ခြံစည်းရိုးလေးသာ ကျန်ခဲ့လေသည်။ သာမန်အားဖြင့် သန်မာသောလူငယ်များမှာ ထိုအပေါ်သို့ မတက်နိုင်သော်ငြား လင်းဟုန်နကဲ့သို့ ပိန်သွယ်သော မိန်းကလေးတစ်ယောက်မှာမူ အလွယ်တကူပင် ဖြတ်သွားနိုင်လေသည်။

စွင်းကျားလျန်မှာ နံရံနှင့်ကပ်လျက်ဖြစ်သော ၅ ခုမြောက်အဆောင်တွင် နေလေသည်။ လင်းဟုန်နမှာ ထိုအရာနှင့်အလွန်ပင် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။အတိတ်ကာလတုန်းက သူမ ဒီနေရာကို အခေါက်ပေါင်းမရေတွက်နိုင်လောက်အောင်ပင် လာဖူးပြီး ဒီလမ်းကိုမျက်စိမှိတ်ပြီးပင် လျှောက်နိုင်လေသည်။ သူမလက်ထဲမှဓါတ်မီးကို ပိတ်လိုက်ပြီး သူမမှတ်ဉာဏ်ထဲက အတိုင်း စွင်းကျားလျန်၏ အဆောင်သို့ လျှောက်သွားခဲ့သည်။

လင်းဟုန်န လျှောက်သွားကာ တံခါးကို ညင်သာစွာတွန်းလိုက်သည်။ တံခါးကို ဂျက်ဖြင့်တင်းကျပ်စွာ ပိတ်ထားလေသည်။ ပြတင်းပေါက်အပြင်မှ ကြည့်လိုက်တော့ အထဲတွင်မှောင်နေလေသည်။

စွင်းကျားလျန်၏ ယခင်အချိန်ဇယားအရဆိုလျှင် သူအိပ်ပျော်သွားတာ သိပ်မကြာလောက်သေးပေ။

လင်းဟုန်န သူမ၏ဆံပင်ကို ၂ ကြိမ် မတင်လိုက်ကာ နိုင်မှာသေချာနေသောအပြုံးဖြင့် အဆောင်တံခါးကိုကြည့်လိုက်သည်။

အခန်းထဲတွင် စွင်းကျားလျန်မှာ အိပ်ပျော်ကာနီးဆဲဆဲပင်။ သူအပြင်ဖက်မှ ဆူညံသံများကိုကြားတော့ သူ့ကိုညပိုင်းတွင် ဘယ်သူလာနှောင့်ယှက်သလဲဆိုပြီး အိပ်ယာမှ စိတ်မရှည် လက်မရှည်ထကာ တံခါးကိုဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် လင်းဟုန်န၏ ရှက်ပြီး တွန့်ဆုတ်နေသော မျက်နှာကိုတွေ့လိုက်ရသည်။ သူမမှာခေါင်းကိုငုံ့ကာ လည်ပင်းဖြူဖြူသွယ်သွယ်ကို ဖော်ပြနေလေသည်။ နှင်းများကျနေသော နောက်ခံမြင်ကွင်းနှင့်အတူ သူမ၏ ပေါ်နေသော အသားအရေမှာ ကျောက်စိမ်းသဖွယ်ပင်။

“အစ်ကိုကျားလျန်”

လင်းဟုန်နက ထိုသို့ပြောလိုက်တော့ စွင်းကျားလျန်ကိုယ်ထဲတွင် ရှိနေသော မကောင်းဆိုးဝါးမီးတောက်မှာ သူ့တစ်ကိုယ်လုံးကို တောက်လောင်လာလေသည်။

အဆောင်တံခါးကို တင်းကျပ်စွာပိတ်လိုက်ပြီး တံခါးရှေ့တွင်ရှိနေသော လူရိပ် ၂ ခုမှာ ပျောက်ကွယ်သွားလေသည်။ မကြာမီတွင် အသက်ရှူသံမြန်မြန်များနှင့် နမ်းရှိုက်သံများကို အခန်းထဲမှကြားရလေသည်။

“…”

*

နှင်းမှာတစ်ညလုံးနီးပါး ကျဆင်းနေခဲ့ပြီး ခြံဝန်းထဲတွင် နှင်းထူထူများ စုနေလေတော့သည်။ ခြံဝန်းထဲတွင်ရှိသော သစ်ပင်အကိုင်းများကိုလည်း နှင်းများဖြင့် ဖုံးနေလေသည်။ လမ်းကြားထဲမှ ကလေးများမှာ ဂျက်ကက်အထူကြီးများကို ဝတ်ဆင်ထားကြပြီး သူတို့၏ မျက်နှာများမှာ အအေးကြောင့်နီနေကာ နှင်းဘောလုံးပစ်တမ်းဆော့နေကြပြီး နှင်းလူရုပ်များပြုလုပ်ကာ ပျော်ရွှင်နေကြသည်။

ကုရှီတုန်းမှာ သူ့ကိုယ်သူအရွယ်ရောက်သောကောင်လေးတစ်ယောက် ဖြစ်လာပြီဆိုပြီး ဂုဏ်ယူနေလေသည်။ သူအပြင်ဖက်တွင် ကောင်စုတ်လေးများနှင့် ကစားနေရမည့်အစား လက်ထဲတွင် ပျားလပို့လောင်စာတောင့်များနှင့် မီးဖိုကိုမီးမွှေးနေလေသည်။

ကောင်စုတ်လေးမှာ မနေ့ညတုန်းက လောင်စာတောင့်ကိုလဲရန်မေ့ခဲ့ပြီး ညလယ်ခေါင်တွင် မီးဖိုမှာအေးနေလေသည်။ အခန်းထဲတွင် အေးလွန်းလို့ သူ့မှာတုန်လာတော့သည်။

ဤရက်များတွင် ခြံဝန်းကြီးများ၌ ပျားလပို့မီးဖိုများကို အိမ်ထဲတွင် မီးခိုခေါင်းတိုင်များတပ်ဆင်ကာ ထားထားကြသည်။ လေဝင်ရန်လမ်းကြောင်းရှိနေသ၍ ညအိပ်ယာမဝင်ခင် မီးဖိုကိုပိတ်ထားမည်ဆိုလျှင် တစ်ညလုံးနွေးနေစေရန် ပြဿနာမရှိပေ။

လုံခြုံရေးအတွက်တော့ လမ်းကော်မတီခေါင်းဆောင်များက ပုံမှန်စစ်ဆေးမှုများပြုလုပ်ကာ ဝန်းထဲရှိအိမ်တိုင်းကလည်း အလွန်ပင်ဂရုစိုက်ကြလေသည်။ ဂက်စ်အဆိပ်သင့်ခြင်းမှာ ဟာသတစ်ခုမဟုတ်ပေ။

ဝန်းထဲတွင် ညပိုင်း၌လေဝင်လေထွက်ကို ဂရုမစိုက်သောမိသားစုတစ်ခု ရှိလေသည်။ မိသားစုတစ်ခုလုံးမှာ ဂက်စ်အဆိပ်သင့်ကာ ကျန်းမာရေးစင်တာသို့ပို့ပြီး အ်ိပ်ယာပေါ်တွင်လှဲနေရလေသည်။ ကံကောင်းစွာနှင့် သူတို့ကိုစောစောတွေ့သွားကာ ကယ်တင်နိုင်ခဲ့သည်။

ကုအိမ်တွင်သုံးသော ပျားလပို့မီးဖိုမှာ အပြင်တွင်လူကြိုက်အများဆုံး ပန်းအိုးမီးဖိုဖြစ်လေသည်။ နာမည်အတိုင်းပင် ပန်းအိုးကိုဇောက်ထိုးမှောက်ထားသကဲ့သို့ဖြစ်ကာ အလယ်တွင် သံမီးခံများရှိလေသည်။ မီးဖိုပေါ်တွင်ရေနွေးအိုးရှိကာ အောက်တွင်သံမီးခံရှိလေသည်။ကန်စွန်းဥ အာလူး သစ်အယ်သီးစသည်တို့ကို ထိုပေါ်တွင်ဖုတ်နိုင်ကာ ညတွင်လျှော်ထားသော ခြေအိတ် လက်အိတ်များကိုလည်း ခြောက်စေရန် ထိုပေါ်တွင် တင်ထားနိုင်လေသည်။

ကုရှီတုန်းမှာ အိမ်ထဲတွင်မီးမွှေးနေသော်လည်း မီးမှာတောက်မလာကာ အခန်းထဲတွင် မွန်းကျပ်စရာမီးခိုးနံ့ဖြင့်ပြည့်နေတော့သည်။

အရှေ့ဖက်အဆောင်တွင် လင်းယောင်မှာ ကုရှီအန်း၏ လက်မောင်းများကြားတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။ အပြင်ဖက်မှမီးခိုးနံ့ကိုရတော့ မပျော်မရွင်ဖြစ်သွားကာ သူ့ကိုအကြိမ်အနည်းငယ် တွန်းလိုက်သည်။

အပြင်မှာဘာတွေဖြစ်နေတာလဲ။ အသက်ရှူကျပ်လိုက်တာ။

မနေ့တုန်းက ဒီလူမှာနှင်းများကျနေသည့် ညလယ်တွင် အိမ်ထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ သူပြန်လာတော့ ဆေးကြောပြီးရုံပင်ဖြစ်ကာ သူမအားနက်ရှိုင်းသောအကြည့်နှင့် စိုက်ကြည့်နေလေသည်။

လင်းယောင်မှာ တစ်ခုခုကိုမှားနေပြီမှန်း ခံစားလိုက်ရကာ ခါးကိုလှည့်ပြီး ထွက်ပြေးတော့သည်။

အဆုံးတွင်တော့ သူမမှာ ထွက်မပြေးတော့ပဲ တစ်စုံတစ်ယောက်၏ ပွေ့ဖက်ခြင်းကိုခံလိုက်ရကာ နမ်းရှိုက်ခြင်းကိုပါ ခံလိုက်ရလေသည်။

မည်သို့ပင်ဆိုစေ ထိုတစ်ခဏတွင် လင်းယောင်၏ ခြေထောက်များမှာ အားနည်းနေပြီး ခါးနာနေကာ အရမ်းအိပ်ချင်နေပြီး လက်ထောက်ဒါရိုက်တာကုကို ကိုက်ရန်လည်းမမေ့ပေ။ ဘာဖြစ်နေမှန်းသွားကြည့်ရန် သူ့ကို အိပ်ယာထဲမှ မောင်းထုတ်လိုက်သည်။

ကုရှီအန်း သူမကိုနမ်းကာ အိပ်ယာထဲမှထလိုက်ပြီး အိမ်ထဲမှထွက်သွားလိုက်သည်။

အပြင်ဖက်တွင် ကုရှီတုန်းမှာ ကြောင်လေးတစ်ကောင်လိုမျက်နှာထားလုပ်ကာ နှင်းခပ်ရန်ဇလုံကို ကိုင်ထားလေသည်။ သူ့အစ်ကိုကြီးနှင့် တွေ့ပြီးနောက် သူ့အားကူညီရန် အကူအညီတောင်းလေသည်။

"အစ်ကိုကြီး ကျွန်တော့်ကို မြန်မြန်နှင်းတွေခပ်ဖို့ကူညီပြီး မီးဖိုက မီးကိုသတ်ပေးပါဦး။ အိမ်ကိုမီးလောင်တော့မယ်"

ကုရှီအန်း ခေါင်းကိုက်သွားလေသည်။ "မီးသတ်ဖို့ဘာလို့ရေကန်ထဲကရေကို မသုံးတာလဲ"

ကုရှီတုန်း၏ မျက်နှာပေါ်တွင် အမူအရာသေးသေးလေးရှိနေလေသည်။ "အစ်ကိုကြီး ဘာလို့ဒီလောက်တုံးရတာလဲ။ အပြင်မှာနှင်းကျတော့ ရေတွင်းထဲက ရေကခဲနေတာ။ ကျွန်တော် အဲ့ဒါကိုရိုက်မခွဲနိုင်ဘူးလေ"

ကုရှီအန်း ခေါင်းပိုကိုက်သွားကာ ထပ်ပြောလေသည်။ "မီးဖိုချောင်ထဲက ရေကန်မှာ ရေရှိတယ်လေ"

ကုရှီတုန်း ရုတ်တရက် သဘောပေါက်သွားကာ သူ၏ဖြူဖွေးနေသော သွားသေးသေးလေးများကိုပြလာလေသည်။ "အိုး ကျွန်တော်ဘာလို့မေ့သွားရတာလဲ"

ထိုသို့ပြောပြီးနောက် ကောင်စုတ်လေးမှာ ဇလုံကိုယူကာ မီးဖိုချောင်သို့သွားတော့သည်။

ကုရှီအန်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ကောင်စုတ်လေးကိုဆွဲပြီး ဘေးအခန်းသေးသေးလေးထဲသို့ ပို့လိုက်လေသည်။

တစ်ခဏကြာပြီးနောက် ကုရှီအန်းမှာ ဘေးခန်းလေးထဲရှိ ပျားလပို့မီးဖိုကိုမီးမွှေးကာ ပြတင်းပေါက်ကို ဖွင့်လိုက်တော့ အခန်းထဲတွင်မွှန်နေသော အဖြူရောင်မီးခိုးများ နည်းသွားလေတော့သည်။

အိမ်ထဲတွင် နွေးနေလေသည်။ ကျန်းဆွေ့လန်မှာ မနက်ခင်းတွင် ဒေါသထွက်နေတော့သည်။ မိသားစုဝင်များမှာ ကောင်စုတ်လေးကြောင့် မီးလောင်တော့မလိုပင်။ ဒေါသမထွက်လျှင်မှ ထူးဆန်းပေလိမ့်မည်။

သည်တစ်ကြိမ်တွင်တော့ မိဘများမှာသတိမထားမိကာ ကောင်စုတ်လေးမှာ ၁၀ နှစ်ရှိပြီဖြစ်သောကြောင့် ကြီးနေပြီပဲဟုတွေးကြသည်။ ကျေးလက်ဒေသတွင် ၁၀ နှစ်အရွယ်ကောင်လေး အများအပြားမှာ အလုပ်အမှတ်များရရန် လယ်ယာများတွင် အလုပ်လုပ်ကြသည်။

မြို့ကြီးပြကြီးတွင်တော့ အလုပ်အမှတ်များရှာရန် လယ်ယာများတွင် အလုပ်လုပ်ရန်မလိုပေ။ ကိုယ့်ဘာသာ အိမ်ထဲတွင် နေလို့ရပေသည်။

ကောင်စုတ်လေးရယ် လူတွေကိုစိတ်ပူအောင်မလုပ်စမ်းပါနဲ့။

သားအကြီးဆုံးမှာ ၁၀ နှစ်အရွယ်တုန်းက တည်ငြိမ်သည့် လူကြီးလေးတစ်ယောက်ဖြစ်နေလေပြီ။ သားငယ်၏ စရိုက်မှာတော့ သူ့ကိုညဖက်တစ်ယောက်တည်း အိပ်ခိုင်းရတာကိုတောင် စိတ်မသက်မသာဖြစ်စေသည်။

ကုမန်ဆန် သက်ပြင်းချကာ ကုရှီအန်းနှင့် သွားလေသည်။ အဖေနှင့်သားတို့မှာ အသက်ကြီးကြီးစုံတွဲအိပ်သည့်အခန်းတွင် ကုတင်အသေးလေးတစ်ခုပြင်လိုက်လေသည်။ ကျန်းဆွေ့လန်မှာ အံဆွဲထဲမှ အပ်ချုပ်သည့်ခြင်းတောင်းကို ယူလိုက်ကာ အပ်ချည်ထိုး၍ သားငယ်အတွက် အိပ်ယာခင်းအသစ် ချုပ်ပေးလေသည်။

လင်းယောင်မှာ ဆေးကြောသန့်စင်ပြီးသွားကာ ဂျက်ကက်အထူကြီးကိုဝတ်ပြီး လက်ကိုင်မီးဖိုလေးကို ကိုင်ထားလေသည်။ ကော်ရစ်တာတံစက်မြိတ်အောက်တွင် ရေခဲများ တွဲလဲကျနေလေသည်။ ထိုအချိန်တွင် နှင်းများထပ်ကျလာပြန်သည်။

ခြံထဲရှိနှင်းများကို လှဲပြီးသွားပြီဖြစ်ကာ ကောင်စုတ်လေးမှာ တံမြက်စည်းကြီးကို ကိုင်ထားပြီး အသစ်ကျလာပြန်သော နှင်းများကို လှည်းနေလေသည်။

လင်းယောင်မှာ အိပ်ယာထတာ နောက်ကျသော်ငြား မနက်တုန်းက အိမ်တွင် ဘာဖြစ်ခဲ့သလဲဆိုတာကို ရှင်းရှင်းလင်းလင်း ကြားနိုင်လေသည်။

ဘေးအိမ်မှ ဦးလေးတာ့ဖုပင်လျှင် ကြားလေသည်။မည်သို့ပင်ဆိုစေ ခြံဝန်းမှာ အလွန်ကြီးသည်ပင်။

မနက်ပိုင်းတွင် ကျန်းဆွေ့လန်၏ ဟိန်းဟောက်သံကြီးကို ကောင်းကင်မှပင် ကြားနိုင်လေသည်။

ဦးလေးတာ့ဖု အပြင်ထွက်လာတော့ သူကောင်စုတ်လေးကို စရန် မမေ့ပေ။ "သုန်ဇီ မီးဖိုမီးမတောက်ရင် ဦးလေးကိုသာခေါ်လိုက်။ ဦးမင်းကို ကူညီမယ်နော်"

ကုရှီတုန်းမှာ ဘာမှမပြောပေ။

ဦးလေးတာ့ဖုမှာ ၂ ကြိမ်ရယ်ပြီး သတင်းကြားပြီးနောက် အဒေါ်တာ့ဖုအား လက်တို့လေသည်။

"ရှင်က အရွယ်ရောက်ပြီးသား လူအိုကြီးဖြစ်နေတာတောင် ကလေးကိုသွားစသေးတယ်။ ရှင်ကရောဘယ်လောက်များ တတ်နေလို့လဲ"

ဦးလေးတာ့ဖုမှာ ကြောက်လွန်းလို့ ဇက်ပင်ပုသွားကာ လည်စည်းကို မြန်မြန်ပတ်လိုက်ပြီး ထမင်းဘူးကိုယူကာ အဝေးကို ပြေးသွားလေသည်။

အပြင်တွင်နှင်းများ သည်းထန်စွာကျနေလေသည်။လင်းယောင်မနက်စောစော အလုပ်သို့သွားလေသည်။စက်ဘီးစီးရန်မှာ မဖြစ်နိုင်ပေ။ စုံတွဲလေးမှာ နာရီဝက်စောထွက်ခဲ့ကြသည်။ ကုရှီအန်းမှာ စက်ဘီးကိုတွန်းကာ စုံတွဲလေးမှာ အလုပ်သို့လမ်းလျှောက်လာကြသည်။လမ်းတစ်ဝက်တွင် နှင်းများဖယ်ရှားသည့် အသင်းက လမ်းကိုရှင်းနေလေသည်။

ကုရှီအန်းမှာ လင်းယောင်ကိုတင်ကာ အထည်စက်ရုံသို့ ခေါ်ဆောင်သွားလေသည်။

စက်ရုံအဝတွင် စစ်ဝန်ထမ်းများမှာ လေ့ကျင့်ရေးလုပ်နေကြလေသည်။ လင်းယောင် စက်ဘီးပေါ်မှ ဆင်းလိုက်သည်။ ကုရှီအန်း သူမအားဘာပြောလိုက်သည်မသိပေ။လင်းယောင်မှာ သူ့ကို မကြည်ကြည့်နှင့်ကြည့်ကာ ကျောတွင် အိတ်အသေးလေးနှင့် ဝင်ပေါက်မှရုံးသို့သွားလေသည်။

ကုရှီအန်း၏ မျက်လုံးများမှာ နူးညံ့နေကာ မိန်းမငယ်လေး၏ နောက်ကျော ပျောက်ကွယ်သည်အထိကြည့်ပြီးမှ လှည့်ကာ အဝေးသို့ စက်ဘီးကို နင်းသွားခဲ့တော့သည်။

၁၉၅၈ ခုနှစ်တွင် Laba ပွဲတော်နီးကပ်လာသည်နှင့် ယွင်ရွှေကောင်တီတွင် ဝရုန်းသုန်းကား ဖြစ်သွားခဲ့လေသည်။

All Chapters