← Chapters

အခန်း (၅၆)

Vol. 5 Ch. 56

အခန်း (၅၆)

Vol. 5 Ch. 56

ဤဝရုန်းသုန်းကားကိစ္စမှာ မြန်မြန်ဆန်ဆန်ရောက်မလာခဲ့ပေ။

အမှန်တော့ ယွင်ရွှေကောင်တီမှာ ဆောင်းဦးအစကတည်းက သိပ်ပြီး မအေးချမ်းလှပေ။

၁၉၅၈ ခုနှစ်က အမှန်ပင် ဗြောင်းဆန်သော နှစ်တစ်နှစ်ဖြစ်သည်။ သဘာဝနှင့် လူလုပ်ဘေးအန္တရာယ်များမှာ တစ်နှစ်ပတ်လုံး ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ပထမဆုံး မြောက်ပိုင်းစီရင်စုအများစုတွင် နွေရာသီ၌ ရေကြီးမှုများဖြစ်ပွားခဲ့ကာ ရလာဒ်အနေနှင့် နွေရာသီတွင် ဆန်စပါးများ မရိတ်သိမ်းနိုင်ခဲ့ပေ။

ဘေးဒုက္ခလျော့ပါးရန်အတွက် တောင်ပိုင်းမှဆန်စပါးများကို မြောက်ပိုင်းသို့ ပို့ဆောင်ပေးရသည်။ နောက်ပိုင်းတွင် တရုတ်နှင့် ဆိုဗီယက်ယူနီယံမှာ ကွဲသွားပြီး ဆိုဗီယက်ယူနီယံက ကျွမ်းကျင်သူများကို ဘေးလွတ်ရာသို့ရွှေ့သွားကာ နိုင်ငံ ၂ ခုမှာ နယ်စပ်တွင်ထိပ်တိုက်တွေ့ကြသည်။ အခုဆိုလျှင် ဒုက္ခသည်ပေါင်းထောင်ကျော်လောက် တောင်ပိုင်းသို့ ပြေးသွားကြလေသည်။

ယွင်ရွှေကောင်တီမှာ မြောက်ပိုင်းနှင့်နီးကာ တောင်ပိုင်းဒေသဟုပင် ထည့်တွက်လို့မရပေ။ လွန်ခဲ့သည့်လဝက်အတွင်းတွင် ဒုက္ခသည်များမှာ နည်းမလာသည့်အပြင် များပါ များလာသေးသည်။

စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဒုက္ခသည်များမှာ လမ်းတစ်လျှောက်တွင် ခွက်များဖြင့် တောင်းနေကြလေသည်။ သူတို့လက်ထဲမှ ကလေးများမှာ အရိုးငေါငေါဖြစ်နေကာ မျက်နှာလေးများမှာ သေးသေးလေးပင်။ ဖြတ်သွားသူများအတွက် အလွန်စိတ်မသက်မသာ ဖြစ်စရာကောင်းလှသည်။

လူတိုင်းမှာရွေးချယ်စရာမရှိပဲ ဆင့်အနည်းငယ်လောက်ကို ကြင်နာစွာထုတ်ကာ သူတို့အားပေးကြသည်။ ပိုက်ဆံပါမလာသူများမှာတော့ တုံ့ဆိုင်းစွာဖြင့်သာ လျှောက်သွားကြရသည်။

သည်ရက်များမှာ လူတိုင်းအတွက် လွယ်ကူမနေပေ။ မိမိနှင့် မိသားစု စားဖို့သောက်ဖို့ရန်ပင် မလွယ်ကူချေ။ဒုက္ခသည်များကို ကူညီရန်စားသောက်စရာ အပိုအလျှံများမရှိပေ။

ကောင်တီခေါင်းဆောင်များမှာလည်း ထိုကိစ္စကိုစိုးရိမ်ကြလေသည်။ ကောင်တီတွင် ပြည်သူ့လုံခြုံရေးဌာန၊လက်နက်ကိုင်အင်အားစုနှင့် ပြည်သူ့စစ်ကုမ္ပဏီတို့ရှိသော်လည်း ဒုက္ခသည်များမှာမတတ်သာပဲ နေအိမ်များကိုစွန့်ခွာကာ အသက်ရှင်ရန် အပြင်ထွက်ကြရသည်။

သူတို့အသက်မရှင်ရင် ဘယ်လိုလုပ်မလဲ။ သူတို့မိခင်မြေကိုစွန့်ခွာပြီး ထူးဆန်းသော ကောင်တီတစ်ခုသို့ ရွှေ့ပြောင်းကြရကာ နှိမ့်ချပြီး သိက္ခာပင်မရှိနိုင်တော့ပဲ အစားအစာရရန်အတွက် တောင်းရမ်းကြရသည်။

ဒုက္ခသည်အိုကြီးတစ်ယောက်အနေနှင့် သူ့တွင် ကျေးလက်ဒေသ၌ အိမ်တစ်လုံးနှင့် လယ်ယာမြေများရှိကာ အလုပ်ကြိုးစားပြီး သူ့မိသားစုကို ထောက်ပံ့နိုင်ခဲ့သည်။ အခုတော့ သူအသက်ငါးဆယ်ကျော် ခြောက်ဆယ်အရွယ်တွင် သူဖုန်းစားတစ်ယောက် ဖြစ်လာခြင်းက သူ့ကိုဝမ်းနည်းကြေကွဲစေသည်။ ထိုနာကျင်မှုကို အပြင်လူများ နားလည်နိုင်မည်မဟုတ်ပေ။

ကောင်တီမြို့သို့ ပထမဒုက္ခသည်အဖွဲ့များ ရောက်လာခဲ့စဉ်က ကောင်တီမှာအစားအစာများ ကျွေးမွေးနိုင်ခဲ့သေးသည်။ ဒုက္ခသည်စခန်းရှေ့တွင် အိုးအကြီးကြီးကိုပြင်ကာ အသီးအရွက်ဆန်ပြုတ်များ ချက်ပြုတ်ခဲ့သည်။ဒုက္ခသည်တိုင်းမှာ တစ်ပန်းကန်စီသောက်နိုင်ခဲ့ကြသည်။ သူတို့အစာအိမ်များ နွေးထွေးပြီး ဒေသန္တရရဲဘော်များ၏ နှလုံးသားများထိရှသွားကြသည်။

သူတို့က ဒုက္ခသည်စခန်းတွင် လော်စပီကာများနှင့်အော်ပြီး ယွင်ရွှေကောင်တီတွင် အစားအစာများမကျန်တော့ဟုပြောလေသည်။ လူများ၏ ဘဝမှာခက်ခဲနေကြသည်။ သူတို့က ဒီကိုအကူအညီတောင်းရန် ရောက်လာကြသည်။ သူတို့အစားအစာမရလျှင် အိမ်ကိုအရင်ဆုံးပြန်ရန်ပြောလေသည်။

အခုဆိုလျှင် ယွင်ရွှေကောင်တီတွင် အစားအစာပြတ်လပ်နေကာ လက်ထဲတွင် အစားအစာမရှိပေ။ဒုက္ခသည်များမှာ ဆာလောင်နေလွန်းလို့ ပြန်ဖို့မပြောနှင့် လမ်းပင်မလျှောက်နိုင်ပေ။

ယခုအခါတွင် ကောင်တီပြည်သူ့လုံခြုံရေးဌာနနှင့် လက်နက်ကိုင်ဌာနတို့က ကင်းလှည့်ခြင်းများလုပ်ဆောင်ကြလေသည်။ ယွင်ရွှေကောင်တီမှာ မြို့သေးသေးလေးမဟုတ်ကာ လမ်းသွယ်လေးများ မရေမတွက်နိုင်အောင်ပင်ရှိလေသည်။ ဤဒေသတွင်ကြီးပြင်းသူများမှာ မရင်းနှီးသောနေရာများကို ဈေးဝယ်ထွက်နိုင်လေသည်။ကလေးများမှာ လမ်းပျောက်နိုင်လေသည်။

ထို့ပြင် ပြည်သူ့လုံခြုံရေးဌာနနှင့် လက်နက်ကိုင်ဌာန ၂ ခုပေါင်းမှာ လူဒါဇင်အနည်းငယ်သာ ရှိလေသည်။ပြည်သူ့စစ်ကုမ္ပဏီကို ထည့်ရေတွက်လျှင် လူတစ်ရာကျော်သာရှိလေသည်။ လူတစ်ရာကျော်မှာ ၃ ဆိုင်းဆင်းကာ အလုပ်လုပ်ကြလေသည်။ ခုခံမှုဘယ်လောက်ပင်တင်းကျပ်ပါစေ မျက်စိလျှမ်းသွားသည်များကတော့ ရှိသေးသည်။

လွန်ခဲ့သောသောကြာနေ့က ကုမိသားစုသည် ထိတ်လန့်စရာအရာတစ်ခုကို ကြုံတွေ့ခဲ့ရလေသည်။

လွန်ခဲ့သောကြာသပတေးနေ့ညက ယွင်ရွှေကောင်တီတွင် ပထမဆုံးနှင်းကျခဲ့လေသည်။ ညလယ်ခေါင်တွင် နှင်းများမှာ အင်တိုက်အားတိုက် ကျဆင်းနေခဲ့သည်။သောကြာနေ့မနက်အထိ နှင်းများက သဲသဲမဲမဲဆက်လက် ကျဆင်းနေဆဲဖြစ်ပြီး ကုချွင်မေမှာ အလုပ်မသွားနိုင်ပေ။ စက်ဘီးစီးလိုက်သည်နှင့် လဲကျလေသည်။

ကုချွင်မေမှာ သားရေအိတ်ကိုသယ်ကာ တင်းတင်းပတ်ထားပြီး ထီးကိုကိုင်၍ အပြင်ထွက်ရန် ရာဘာရှူးဖိနပ်များကိုစီးခဲ့သည်။

ရွှီအဖေနှင့်သားတို့မှာ ပြည်သူ့လုံခြုံရေးဌာနသို့ အစောကြီးတည်းက သွားလေပြီ။ ရွှီအမေမှာ အိမ်တွင်တစ်ယောက်တည်းဖြစ်ကာ သူမကိုသွားခိုင်းရန် စိုးရိမ်နေလေသည်။

"ချွင်မေရေ အပြင်မှာနှင်းတွေ အရမ်းကျနေတာ။ ဒီနေ့ခွင့်ယူလိုက်ပြီးအလုပ်မသွားပါနဲ့လား"

ကုချွင်မေက ပြောသည်။ ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေးသမဝါယမတွင် ဖုန်းနံပါတ်မရှိကာ ခွင့်ယူမည်ဆိုလျှင် ဒါရိုက်တာကို လူကိုယ်တိုင်သွားပြောရလေသည်။ ဒီလိုကရိကထများလှတာ ဘာလို့မသွားပဲနေတော့မလဲ။ နေ့ခင်းကျလျှင်တော့ နေထွက်ပြီး နှင်းများ အရည်ပျော်သွားနိုင်သည်။

ယွင်ရွှေကောင်တီမှလမ်းအများစုမှာ ကျောက်ခင်းလမ်းများ ဖြစ်ကြလေသည်။ နှင်းများအရည်ပျော်သွားလျှင် ကျေးလက်ဒေသနှင့်တူသည်။ အပြင်ထွက်လိုက်လျှင် ရွှံ့များကြားမှဖြတ်သွားရမည်ဖြစ်သည်။

ရွှီအမေက ထိုဟာကိုတွေးလိုက်ပြီး ခေါင်းငြိမ့်လေသည်။

မွန်းလွဲပိုင်းအလုပ်ဆင်းချိန်အထိ နှင်းကျတာက မရပ်ပဲနေလိမ့်မည်ဟု မည်သူကတွေးခဲ့မည်နည်း။ ကုချွင်မေက မုယောမှုန့်နှင့် ရောထားသောနို့ကို အတွင်းဈေးနှင့် သူ့ယောက္ခမ၏ ကျန်းမာရေးပြန်လည်ဖြည့်တင်းရန်အတွက်တစ်ဘူး၊ သူ့မိဘများအတွက် တစ်ဘူး ဝယ်ခဲ့လေသည်။

မုယောနှင့် ရောထားသောနို့မှာ ၁၉၅၀ ပြည့်နှစ်များတွင် ရှားပါးသော အရာတစ်ခုဖြစ်သည်။ ဤခေတ်အခါတွင် လူအများစုမှာ ပိတ်ရက်များတွင်သာ ကြွားလုံးထုတ်ရန်တစ်ဘူးလောက်ဝယ်ကြလေသည်။

ရွှီမိသားစုမှာ အခြေအနေကောင်းလေသည်။ ရွှီအမေမှာ သူမကိုယ်သူမ အိမ်တွင်အလွန်ဂရုစိုက်ကာ မုယောမှုန့်နှင့်ရောထားသောနို့ကို အလွန်သောက်ကာ ယေဘုယျအားဖြင့် တစ်လလျှင်တစ်ဘူးဖြစ်သည်။

ကုချွင်မေမှာ ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေးသမဝါယမ၏ ဝန်ထမ်းတစ်ယောက်ဖြစ်သည်။ ကုန်ပစ္စည်းများကို အတွင်းဈေးနှင့် ဝယ်လို့ရသည်မှာ အပြင်လူများထက် အလွန်ပင် ဈေးနည်းလေသည်။

သူမအိတ်ထဲတွင် မုယောမှုန့်နှင့် ရောထားသောနို့ဘူး ၂ ဘူးမဆံ့သောကြောင့် ပစ္စည်းတစ်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမမှ အစ်မအကြီးဆုံးက သူမကိုဂျုံရိုးခြင်းတောင်းတစ်ခု ကမ်းပေးကာ ထိုဟာကိုအရင်ဆုံးသုံးလိုက်ပြီး မနက်ဖြန်အလုပ်ပြန်လာမှ ပြန်ပေးရန်ပြောလေသည်။

ဂျုံရိုးခြင်းတောင်းမှာ ပြန်ပေးလို့မကောင်းသည့်အရာတစ်ခုဖြစ်သောကြောင့် ကုချွင်မေက ထိုဟာအတွက်တိုက်ရိုက်ပင် ပိုက်ဆံပေးလိုက်လေသည်။

အကြီးဆုံးအစ်မက သူမကို ရက်ရောလှချည်လားဟူ၍ စ,လေသည်။

အလုပ်ဆင်းချိန်ရောက်သောအခါ ကုချွင်မေသည် ဂျုံရိုးခြင်းတောင်းတစ်ခုနှင့် ကျောတွင်အိတ်တစ်ခုဖြင့် ကွေ့ဟွားဟူးထုန်သို့ လမ်းလျှောက်ပြန်လာလေသည်။

ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေးသမဝါယမမှာ မြို့တော်၏ မြောက်ဘက်တွင်ရှိကာ ကွေ့ဟွားဟူးထန်မှာ တောင်ဘက်တွင်ရှိလေသည်။လမ်းလျှောက်ပြန်ရန် နာရီဝက်ကြာကာ နှင်းကျသည့်နေ့များပင် ပိုလို့တောင်ပင်ပန်းလေသည်။

ကုချွင်မေလမ်းလျှောက်ပြီး လမ်းတစ်လျှောက်တွင် ရပ်လိုက်လေသည်။ သူမ ကောင်တီယဉ်ကျေးမှုဌာသို့ရောက်သောအခါ အိမ်ပြန်ရန်ဖြတ်လမ်းကိုရွေးလိုက်သည်။ ကောင်တီယဉ်ကျေးမှုဌာနနောက်တွင် မြည်းလှည်းကလေးတစ်ခုစာသာ သွားနိုင်သည့် လမ်းကျဉ်းလေးတစ်ခုရှိလေသည်။ သူမထိုလမ်းလေးမှ လမ်းလျှောက်သွားလိုက်သည်။ ထိုဟာမှာ လမ်းဟောင်းလေးဖြစ်ကာ ကွေ့ဟွားဟူးထုန်သို့ပြန်ရန် ပိုပြီးအဆင်ပြေလေသည်။

သည်အချိန်မှာ ကောင်တီတွင် အလုပ်ဆင်းချိန်ဖြစ်သည်။ အလုပ်သမားများနှင့် ကျောင်းသားများမှာ လမ်းပေါ်တွင် သွားလာနေကြလေသည်။ ဘတ်စ်ကားရုံးမှဒုက္ခသည်များသည်ပင် အုပ်စုလိုက် လျှောက်သွားနေကြသည်။ ဆောင်းရာသီတွင် သူတို့၌ စားစရာသောက်စရာဘာမှမရှိပေ။ ကောင်တီခေါင်းဆောင်များက လှုံ့ဆော်မှုကြားမှ ဒုက္ခသည်အုပ်စုအများအပြား ပြောင်းရွှေ့သွားကြသည်။ ကျန်သောအုပ်စုမှာ ကောင်တီအစိုးရအပေါ်တွင် အစားအသောက်အတွက် မှီခိုနေသည့်အရှက်မရှိကြသူများဖြစ်သည်။

ကုချွင်မေ ဤဒုက္ခသည်များကို အလုပ်မှပြန်သည့်လမ်းတွင် မကြာခဏတွေ့လေသည်။ တစ်ချို့ဒုက္ခသည်များမှာ တစ်ချက်ကြည့်လိုက်တာနှင့်ပင် ရိုးသားကာ ယုံကြည်ရပုံပေါ်လေသည်။ညအသက်ကြီးသောသူများနှင့် အချောင်ခိုသော လူငယ်များလည်း ရှိလေသည်။အချောင်ခိုသော သူများကိုတော့ ဂရုစိုက်ရလေသည်။

ကုချွင်မေ ဂျုံခြင်းတောင်းထဲမှ နို့ဘူးကို မသိလိုက်မသိဘာသာကွယ်လိုက်ကာ လူအုပ်ကြားထဲသို့ ခပ်သွက်သွက် လျှောက်သွားခဲ့သည်။

သူမ အ်ိမ်ကိုအမြန်လမ်းလျှောက်လာခဲ့သော်လည်း လူများက သူမကို ကြည့်နေကြဆဲပင်။

သူမကိုကြည့်နေကြသူများမှာ ၂၀ စွန်းစွန်းအရွယ် ဒုက္ခသည်များဖြစ်ကြသည်။ တစ်ယောက်မှာ လမ်းလျှောက်လျှင် ခြေထောက်ဆာနေကာ နောက်တစ်ယောက်မှာ ပိန်လှီနေပြီး ဒုက္ခသည်အုပ်စုနှင့်လာလေသည်။

ပိန်ပိန်နှင့်လူမှာ သူ့စက်ခေါင်းမောင်းသည့်ဦးထုပ်ကိုစောင်းလိုက်ကာ သုန်မှုန်နေလေသည်။ သူက ကုချွင်မေအား မျက်လုံးထဲတွင် သားကောင်ကိုဘကြည့်နေသလို လောဘတကြီး ကြည့်နေလေသည်။

ခြေဆာနေသောတစ်ယောက်မှာ တွန့်ဆုတ်နေကာ စက်ခေါင်းမောင်းဦးထုပ်နှင့်လူက သူ့ကိုအချိန်အကြာကြီး ရေရွတ်ပြောဆိုနေသောကြောင့် သူလုယက်သည့်အမှုကို မလုပ်ရဲပေ။

ဒေါသထွက်နေသော စက်ခေါင်းမောင်းဦးထုပ်နှင့်တစ်ယောက်က သူ့ကိုဆူလေသည်။ "ငကြောက်ကောင်"

မင်းမလုပ်ရဲရင် ငါ့ဘာသာလုပ်မယ်!

စက်ခေါင်းမောင်းသည့် ဦးထုပ်နှင့်လူက ကုချွင်မေနောက်ကို တောက်လျှောက်လိုက်သွားပြီး လူရှင်းသည့်နေရာကိုရွေးကာ တိုက်ခိုက်ချင်လေသည်။

ဆောင်းရာသီတွင် မိုးချုပ်သည်မှာ အလွန်စောကာ ကောင်းကင်မှာ ၅ နာရီကျော်သည်နှင့် မှောင်သွားလေပြီ။ ကုချွင်မေက သူမနောက်မှအန္တရာယ်ကို အချိန်အတော်ကြာကတည်းက သတိပြုမိနေပြီး ဝန်းထဲသို့ ခြေလှမ်းစိတ်စိတ်နှင့် ပြန်လေသည်။ စက်ခေါင်းမောင်းဦးထုပ်နှင့်လူက ကျိန်ဆဲကာ နောက်မှလိုက်လာလေသည်။

ကံကောင်းထောက်မစွာနှင့် လင်းယောင်မှာ တို့ဟူးကိုလောဘတက်နေကာ ကုရှီအန်းမှာ အိမ်တွင်မရှိပေ။

သူမက သုန်ဇီကိုခေါ်လိုက်ကာ ၂ ယောက်သားတို့ဟူးဝယ်ရန် ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေးသမဝါယမသို့ ထီး၊ဓါတ်မီးတို့ကိုယူကာသွားလေသည်။သူတို့ဟူးထုန်ခို့လမ်းမှ ထွက်လာလျှင်ထွက်လာချင်းပင် ကုချွင်မေနှင့် ဝင်တိုက်မိကြသည်။

ကုချွင်မေမှာ သူမကိုဘယ်သူဝင်တိုက်လဲဆိုတာကို သေချာမမြင်လိုက်တာကြောင့် အားနာပါတယ်ဟုဆိုကာ ပြေးသွားချင်လေသည်။

လင်းယောင် သူမကို အမြန်ဆွဲလိုက်သည်။ "အစ်မချွင်မေ ဘာလို့ပြေးနေတာလဲ?"

ကုချွင်မေ၏ မျက်နှာမှာ ဖြူလျော်သွားကာ ပူပန်စွာပြောလာလေသည်။ "ယောင်ယောင် ငါ့နောက်ကိုတစ်ယောက်ယောက် လိုက်နေတယ်။ သူငါ့နောက်က တောက်လျှောက်လိုက်လာတာ"

လင်းယောင်၏ အမူအရာပြောင်းလဲသွားလေသည်။

စက်ခေါင်းမောင်းဦးထုပ်နှင့်လူမှာ မဆင်မခြင်လုပ်တတ်သောသူဖြစ်သည်။ သူသည် အလွန်တရာလှပသောလင်းယောင်နှင့် ကြောက်စရာဘာမှမရှိသော ကလေးလေးသုန်ဇီကိုတွေ့သောအခါ မကောင်းဆိုးဝါးအတွေးများ သူ့မျက်လုံးထဲတွင်ပေါ်လာပြီး နှုတ်ခမ်းကိုသပ်ကာ ကုချွင်မေနှင့် သူတို့ ၂ ယောက်ကို ဆွဲရန်လာလေသည်။

လင်းယောင်မှာ ရွံရှာလွန်းကာ သူမလက်ထဲမှဓါတ်မီးနှင့် စက်ခေါင်းမောင်းသည့်သူကိုရွယ်ကာ ခေါင်း၊မျက်နှာတို့ကိုရိုက်လေသည်။

သည်ခေတ်များတွင် ဓါတ်မီးများမှာ ခေတ်ဟောင်းသံစစ်စစ်နှင့် လုပ်ထားသည်။ သူတို့မှာလက်ထဲတွင်လေးနေကာ တစ်ယောက်ယောက်ကိုရိုက်လျှင် အလွန်ပင်နာလေသည်။

ကုရှီတုန်းလည်း လက်တုံ့ပြန်ရန်သူ့အစ်မကို ဆွဲလိုက်လေသည်။ ၂ ယောက်သား စက်ခေါင်းမောင်းဦးထုပ်နှင့်လူက်ို ဆော်လိုက်ကြသည်မှာ ထိုသူအော်ဟစ်နေရပြီး ပြန်မတိုက်ခိုက်နိုင်ပေ။

စတီးစက်ရုံမှ အိမ်နီးချင်းများကလည်း ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြည့်ရန်လာကြလေသည်။ လင်းယောင် ကျယ်လောင်စွာအော်ကာ အရပ်ရှည်ရှည် လူကောင်ထွားထွားနှင့် ဟူထို့၏ဖခင်မှာ ရုတ်တရက်ပင် ဒေါသထွက်သွားတော့သည်။ ထိုလူ၏ဦးထုပ်ကိုယူကာ သူ့မျက်နှာကို ၂ ချက်ချလိုက်ပြီး ရဲစခန်းသို့ပို့လိုက်လေသည်။

ကျန်းဆွေ့လန်နှင့် ခင်ပွန်းဖြစ်သူတို့မှာ ထိုဟာကို သိလိုက်ရတော့ ထိတ်လန့်သွားကြသည်။ ယောင်ယောင်နှင့် သုန်ဇီတို့ သတ္တိရှိလို့သာတော်သေးသည်။ မဟုတ်လျှင် ကလေး ၃ ယောက်ကို ဘာတွေဖြစ်မလဲဆိုတာ ပြောဖို့ပင်ခက်လေသည်။

လောကကြီးက အခုတကယ်ကို မလုံခြုံတော့ပေ။

ထိုနေ့တွင် ထိုလူမှာ လက်များပူလောင်နေကာ စစ်ကြောရေးအခန်းတွင် အပိတ်ခံထားရလေသည်။ ရဲများကစစ်ကြောရေးလုပ်နေတာကိုတောင် သူက အပေအတေလုပ်ကာ သူဖြတ်သွားတာကို နားလည်မှုလွဲခြင်းသာဟူ၍ ပြောလေသည်။ သူသည် ဒုက္ခသည်ဖြစ်သောကြောင့် သူ့ကို အပြစ်ပေးလို့မရနိုင်ပေ။

ရဲအရာရှိငယ်မှာ ဒေါသထွက်ရုံသာမကပဲ ပြုံးကာ သတင်းစကားတစ်ခု ချန်ထားခဲ့လေသည်။ "ရပါတယ်။နောက်မှတော့ တစ်ခြားသူတွေကို အပြစ်မတင်နဲ့နော်"

ထိုသို့ပြောပြီးနောက် သူစစ်ကြောရေးအခန်းမှ ထွက်သွားလေသည်။

ထိုလူမှာစိတ်ထဲတွင်တုန်လှုပ်နေကာ သူတစ်ခုခုအမှားလုပ်မိပြီဟုခံစားနေရပြီး မပြောပြတတ်သော အန္တရယ်တစ်ခုလာနေပြီဟု ခံစားရသည်။

အပြင်တွင်နှင်းများ ကျဆင်းနေကာ ထိုလူမှာရင်ထဲတွင် တုန်လှုပ်နေလေသည်။ ရုတ်တရက် စစ်ကြောရေးအခန်းတံခါးပွင့်လာကာ အရပ်ရှည်ရှည် ခပ်ငယ်ငယ်လူတစ်ယောက် ဝင်လာလေသည်။ အခန်းထဲမှမီးအလင်းရောင်မှာ မှိန်လွန်းသောကြောင့် ထိုသူ၏မျက်နှာကိုရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုသူ၏ရေစိုနေသောဆံပင်နက်နက်များနှင့် ဆီးနှင်းကဲ့သို့ အေးစက်နေသောမျက်လုံးများကိုသာ မြင်လိုက်ရလေသည်။

စက်ခေါင်းမောင်းဦးထုပ်နှင့်လူမှာ ဘာဖြစ်နေမှန်းမသိပဲ အကြောင်းပြချက်မရှိစတင်ပြီး ထိုင်ခုံပေါ်တွင် တုန်ယင်လာလေသည်။

ထိုသူ၏ ကိစ္စပေါ်လာတော့ အမြဲတမ်းသဘောကောင်းသော ရွှီရှန်းချန်မှာ ပေါက်ကွဲသွားကာ သူ့ကို ကိုယ်တိုင်ကိုင်တွယ်လေသည်။

ထိုအချိန်မှစ၍ ကုချွင်မေ ရုံးတက်ချိန်နှင့် ရုံးဆင်းချိန်တိုင်း ရွှီရှန်းချန်မှာ ဘယ်လောက်ပင် အလုပ်ရှုပ်ပါစေ အချိန်ရအောင်လုပ်ကာ သူမကိုအကြိုအပို့လုပ်လေသည်။

ရှက်တတ်ကြောက်တတ်သော လင်းယောင်မှာတော့ လက်ထောက်ဒါရိုက်တာကုက သူမကို အချိန်မီလာမကြိုလျှင် ဒေါသထွက်ကာ ဆူပူတော့သည်။

လက်ထောက်ဒါရိုက်တာကုမှာ အဆူခံရသော်လည်း သူကစိတ်ရှည်ကာ သူမကိုချော့လေသည်။

ကုမိသားစုတစ်ခုလုံးက ထိုအဖြစ်အပျက်မှာ ပြီးပြီဟု ထင်ခဲ့ကြသည်။

မမျှော်လင့်ထားစွာပင် Laba ပွဲတော်မတိုင်မီတွင် ယွင်ရွှေကောင်တီရှိ ဒုက္ခသည်များမှာ ဆာလောင်ပြီးအေးနေကြလေသည်။ လောင်ကျဲပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေး သမဝါယမ၏ တံခါးကို ရိုက်ဖျက်ကာ ကုန်ပစည်းများအားလုံးကိုယူရန် ဒုက္ခသည်အုပ်စုအားလှုံ့ဆော်သော ခေါင်းဆောင်တစ်ဦးရှိလေသည်။ကင်းလှည့်သောပြည်သူ့စစ်များကိုလည်း သူတို့ကအရေအတွက်များသည့် အင်အားကိုသုံးကာ ထိုခိုက်အောင်လုပ်ခဲ့လေသည်။

ပြည်သူ့စစ်အဖွဲ့ဝင်များမှာ လက်ထဲတွင်သေနတ်ရှိသောကြောင့် သူတို့အမြန်လုယက်ဖို့ မလုပ်နိုင်ကြပေ။ ထိုအကြောင်းကို ကောင်တီခေါင်းဆောင်များသိသောအခါ ပို၍ပင် ဒေါသထွက်သွားကြသည်။

ကောင်တီခေါင်းဆောင်များက ဒုက္ခသည်များမှာ မျှော်လင့်ချက်မဲ့နေကြသည်ဟု ခံစားရကာ ပြင်းထန်စွာ မကိုင်တွယ်ခဲ့ပေ။ အခုတော့ ထိုသို့စိတ်ပျော့တာက လူအများကိုသာ ထိခိုက်စေပေမည်။ ထို့ပြင် ဒုက္ခသည်ဟုခေါ်သူများမှာ လုယက် ထိခိုက်ဒဏ်ရာရအောင်လုပ်နေကာ ပြင်းပြင်းထန်ထန် မကိုင်တွယ်လျှင် လူများကို ကျေနပ်စေနိုင်မည်မဟုတ်ချေ!

ထိုအချိန်မှစ၍ ယွင်ရွှေကောင်တီတွင် "အုပ်စုဖွဲ့ခြင်းကိုဆန့်ကျင်သည့်ကမ်ပိန်း" စလေသည်။ ကောင်တီပြည်သူ့လုံခြုံရေးဌာနက လျင်မြန်စွာဆောင်ရွက်ကာ တစ်ညမတိုင်မီမှာပင် ပြစ်မှုတွင်ပါဝင်သည့်သူများကို လမ်းများ၊လမ်းကြားများထဲတွင် ဖမ်းဆီးခဲ့သည်။

ထိုကိစ္စတွင်ပါဝင်သော သူများ အများအပြားမှာ ညတွင်းချင်းပင် ပြေးကြသော်လည်း ပြည်သူ့လုံခြုံရေးဌာနက ပြန်မိလေသည်။ ကုရှီအန်းတစ်ယောက် ညဖက်တွင် တစ်ကိုယ်လုံးကြက်သီးများထကာ ပြန်လာလေသည်။

လင်းယောင်မှာ မျက်လုံးများကိုပင်ပိတ်ပြီး နာခံစွာလှဲနေပြီဖြစ်ကာ သူမဒီညတော့အေးအေးချမ်းချမ်း အိပ်ရပါစေဟု မျှော်လင့်နေလေသည်။

တစ်ယောက်ယောက်မှာ ရက်ပေါင်းများစွာ မအိပ်ရသေးပေ။

မနက်ပိုင်းတွင် လင်းယောင်မှာ လက်ထောက်ဒါရိုက်တာကုနှင့် ကလူကျီစယ်နေပြီး သူ့နားကိုကိုက်ကာ တမင်ပင်အနိုင်ကျင့်နေလေသည်။

ရလာဒ်အနေနှင့် ညပိုင်းတွင် ကုရှီအန်းတစ်ယောက် အိပ်ယာထဲသို့ရောက်ရောက်ချင်းပင် ထိုကောင်မလေးကိုဖမ်းကာ "အနိုင်ကျင့်"သောကြောင့် သူမမှာတစ်ကြိမ်ပြီးတစ်ကြိမ် အသနားခံနေရလေတော့သည်။

All Chapters