← Chapters

အခန်း (၅၇)

Vol. 5 Ch. 57

အခန်း (၅၇)

Vol. 5 Ch. 57

ယွင်ရွှေကောင်တီတွင် ကြီးမားသော ဖြိုခွင်းမှုကြီး ပြုလုပ်အပြီးမှာတော့ နိုင်ငံရေးမြင်ကွင်းမှာ လုံးဝကိုရှင်းလင်းပြီးသွားသည်။

ကောင်တီထဲသို့ အငတ်ဘေးမှ ရှောင်ပြေးရန်လာသောဒုက္ခသည်များမှာ သတင်းများကိုကြားပြီးနောက် ထွက်ပြေးကြတော့သည်။

အလုပ်သွားသည့်လမ်းတွင် အနှောင့်အယှက်ပေးသော ဒုက္ခသည်များလည်း မရှိတော့ပေ။ လင်းယောင် သူမ နားများကြည်လင်သွားသည်ဟု ခံစားရသည်။ သူမအငတ်ဘေးမှ ပြေးလွှားလာကြသူများကို မသနားသည်မဟုတ်ပေ။ သူတို့ထဲမှအများစုမှာ အိမ်ရှိကာမပြန်နိုင်ကြသူများဖြစ်သည်။ သူတို့က ငကြောင်များဖြစ်ကြသည်။ အချို့သူများ၏ မွေးရပ်မြေများမှာ လုံးဝကိုဘေးအန္တရာယ်ကျရောက်မှုမရှိပေ။ သူတို့ကဒုက္ခသည်များနှင့်အတူ ထွက်လာပြီး ခိုးကြောင်ခိုးဝှက်အရာများကို လုပ်ကြလေသည်။

မမျှော်လင့်ထားစွာပင် သူတို့သည် ယွင်ရွှေကောင်တီတွင် ခက်ခဲသော အခြေအနေနှင့် တွေ့ကြုံခဲ့ပြီး ရဲစခန်းတွင်နိဂုံးချုပ်ခဲ့ရသည်။ အချုပ်ထဲသို့ အထည့်ခံရသူများမှာအထည့်ခံရပြီး လယ်ယာများသို့ အပို့ခံရသူများမှာ အပို့ခံခဲ့ရသည်။ သူတို့အားလုံး အဆုံးသတ်သွားလေပြီ။

ယွင်ရွှေကောင်တီတွင် ယခင်ကလို ပြန်လည်ငြိမ်းချမ်းသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် Laba ပွဲတော်မှာ နီးကပ်လာကာ နောက်တစ်ကြိမ် Laba ဆန်ပြုတ်သောက်ရမည့်အချိန်ဖြစ်သည်။

ပွဲတော်အတောအတွင်းတွင် အေးခဲနေလေသည်။သည်နှစ်ပွဲတော်မှာ အေးလွန်းလို့ ဆီးနှင်းများခေါင်မိုးပေါ်သို့ ကျနေလေသည်။ လမ်းပေါ်တွင် လမ်းလျှောက်နေကြသော အလုပ်သမားများမှာ အေးစက်နေသောလေကြောင့် မေးရိုးများပင် ခဲတော့မလိုပင်။

Laba ပွဲတော်အတော်အတွင်းတွင် ချည်မျှင်စက်ရုံသည် အားလပ်ရက် တစ်ရက်ပေးပြီး ဝန်ထမ်းတစ်ယောက်စီကို Laba ဆန်ပြုတ်ကျိုရန် မုန့်အချို ၃ တေးပေးလေသည်။

ကုချွင်မေမှာ ထိုသို့ကောင်းကောင်းဆက်ဆံမှုကို မနာလိုပင်ဖြစ်မိသည်။

ကောင်တီရှိလူကြီးများက စတီးစက်ရုံနှင့်ချည်မျှင်စက်ရုံတို့ကို ရွှေပေးလျှင်တောင် အစားမထိုးနိုင်ဟုပြောကြသည်မှာ အံ့သြစရာမရှိပေ။

ပစ္စည်းတင်သွင်းခြင်းနှင့် ဈေးကွက်ဖြန့်ချိရေးသမဝါယမက မုန့်အချို ၃ တေးတောင်မပေးပေ။

စတီးစက်ရုံ၏ အကျိုးခံစားခွင့်များမှာကောင်းသော်လည်း ၄င်းတွင်အလုပ်သမား ၂ ထောင် ၃ ထောင်ကျော်ရှိလေသည်။ ထိုသို့ပစ္စည်းကောင်းများကို ဘယ်လိုရနိုင်မည်နည်း။ ချည်မျှင်စက်ရုံတွင် အလုပ်သမား ၃ ၄ ရာမျှသာ ရှိသောကြောင့် နှစ်သစ်ကူးနှင့် အားလပ်ရက်အကျိုးခံစားခွင့်များမှာ ယေဘုယျအားဖြင့် ရက်ရက်ရောရောရှိလေသည်။

မနက်စောစောတွင် ကုရှီတုန်း သူ့အစ်ကိုကြီးနှင့် ပြေးရာမှ ပြန်လာလေသည်။ အိမ်ထဲတွင် ပုန်းပြီးအိပ်နေရမည့်အစား သူက မီးဖိုချောင်ထဲတွင် ဆောင့်ကြောင့်ထိုင်ကာ သူ့မရီး Laba ဆန်ပြုတ်ကျိုမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလေသည်။

ယွင်ရွှေကောင်တီတွင် Laba ဆန်ပြုတ်သောက်ခြင်းမှာ ချင်မင်းဆက်ခေတ်တည်းက လက်ဆင့်ကမ်းလာသည့် ရိုးရာဖြစ်သည်။ ဆန်၊ ပဲ၊ မြေပဲ၊ ဆန်မည်း၊ ကြာစွယ်စသည်တို့ကို အိုးထဲတွင် ပူနေအောင် ထည့်ကျိုထားသည်ကို Laba ဆန်ပြုတ်ဟုခေါ်လေသည်။

ယခုအချိန်တွင် အပြင်၌ အထောက်အပံံ့များရှားပါးနေလေသည်။ သာမန်မိသားစုများမှာ Laba ဆန်ပြုတ်မပြောနှင့် ရိုးရိုးဆန်ပြုတ်ကို နေ့တိုင်းသောက်နေရလျှင်ပင် ကျေးဇူးတင်စရာကောင်းနေပြီဖြစ်သည်။

ကုမိသားစုတွင် ကျေးလက်ဒေသမှ ဦးလေးများ ပို့လိုက်သော ပဲများ၊ မုန့်အချိုများရှိလေသည်။

ထိုဆန်ပြုတ်မှာ ဤခေတ်တွင် ငွေကုန်ကြေးကျများသောအစားအသောက်တစ်ခုဟု သတ်မှတ်ကြလေသည်။ဘေးအိမ်မှအဒေါ်တာ့ဖုမှာ ဆန်ပြုတ်အိုးအသေးလေးကိုသာ သကြား၊မုန့်ချိုများထည့်လိုက်ပြီး ဦးလေးတာ့ဖုက တစ်ညလုံးမျှော်လင့်စောင့်စားနေလေသည်။

အရှေ့ခြံမှ ကျန်းတာ့ချန်၏ အိမ်မှာ ဘာသံမှမကြားရပေ။ ကျန်းရွှယ်နှင့် ကျန်းဟောင်တို့မောင်နှမ ၂ ယောက်မှာလည်း ဆန်ပြုတ်ပူပူလေးသောက်ရရန် မျှော်လင့်နေကြလေသည်။

လျို့အာ့ဆွေ့မှာ စောင်ခြုံကာအိပ်နေပြီး မီးဖိုထဲမှအိုးနှင့်မီးဖိုတို့မှာ အေးစက်နေလေသည်။

ကျန်းရွှယ်မောင်နှမတို့မှာ သုန်မှုန်နေသော မျက်နှာများနှင့်မျက်မှောင်များကျုံ့ကာ ပြသနာရှာချင်နေကြလေသည်။

ကျန်းတာ့ချန်မှာ လွန်ခဲ့သော ၂ ရက်အတွင်းစိတ်အခြေအနေ မကောင်းကာ သူ့ဘဝမှာသက်တောင့်သက်သာမရှိပေ။ သူ့နှလုံးသား တည်ငြိမ်နေသေးသည်မှာ ထူးဆန်လေသည်။

ထိုသည်မှာ သမီးနှင့် သားဖြစ်သူတို့အတွက် ပွဲတော်ကြီးတစ်ခုဖြစ်လေရာ ကလေးများ ဆန်ပြုတ်သောက်ချင်သည်မှာ မထူးဆန်းပေ။

ကျန်းတာ့ချန်မှာ ဂျက်ကက်အထူကြီးကိုဝတ်ပြီး သားရေရှူးဖိနပ်များကိုစီးကာ လျို့အာ့ဆွေ့ကိုချန်ရစ်ခဲ့ပြီး ကျန်းရွှယ်တို့ညီအစ်ကိုကို နိုင်ငံတော်ပိုင်စားသောက်ဆိုင်သို့ ခေါ်သွားလေသည်။

အရှေ့ဆောင်တွင် ပျားလပို့မီးဖိုမှာ လောင်ကျွမ်းနေလေသည်။ မီးဖိုပေါ်တွင် ကြေးနီအိုးအသေးလေးရှိလေသည်။ မီးများမှာ အိုးအောက်ခြေကိုလောင်မြိုက်နေသည်။ အခန်းမှာ နွေးနေလေသည်။ အဝတ်အစားများမပါတော့သော လင်းယောင်မှာတော့ စောင်ကိုပတ်ကာ အိပ်နေလေသည်။

ဆောင်းရာသီမတိုင်ခင်တွင် ကုမိသားစုသည် အခန်းတစ်ခန်းစီတွင် ပျားလပို့မီးဖိုများကိုထည့်ထားပြီး မီးခိုးခေါင်းတိုင်များလည်း တပ်ဆင်ထားလေသည်။ မီးခိုးခေါင်းတိုင်မှာ ခေါင်းအသေးနှင့်ခေါင်းအကြီးရှိလေသည်။ သံများကိုနံရံထဲသို့စိုက်ထားပြီး မီးခိုးခေါင်းတိုင်များကို ဝါယာအသေးများနှင့် မြဲအောင်လုပ်ထားလေသည်။ ပျားလပို့မီးဖို မီးတောက်သည်နှင့် အဖြူရောင်မီးခိုးများမှာ အပြင်ဖက်တွင်ပေါ်လာလေတော့သည်။

ကုရှီအန်းမှာ မနက်စောစောထသည်ကို ကျင့်သားရနေပြီဖြစ်သည်။ များသောအားဖြင့် သူအိမ်မှာရှိနေသရွေ့ ရေသယ်၊ ခြံဝန်းကို တံမြက်စည်းလှည်းခြင်းနှင့် လောင်စာတောင့်များကို မီးရှို့ခြင်း အလုပ်များ အားလုံးကို လုပ်လေသည်။ ဆောင်းရာသီတွင် ခြံဝန်းထဲမှ ရေတွင်းမှာ ခဲနေတော့သည်။

ကုရှီအန်းမှာ ရေတွင်းတွင် ရေခဲကိုခွဲရန် ကျွမ်းကျင်စွာသယ်ဆောင်သွားခဲ့ပြီး ရေတိုင်ကီကို ဖြည့်ရန် တစ်ပုံးပြီးတစ်ပုံးသယ်သွားခဲ့ပြီး လှည့်ကာတံစက်မြိတ်အောက်မှလေးထောင့်ဝါးခြင်းတောင်းကိုယူကာ လောင်စာတောင့်များကို အိမ်ထဲသယ်သွားပြီး အဝေးတွင်ထားလိုက်လေသည်။

ယွင်ရွှေကောင်တီတွင် ဆောင်းရာသီ၌မီးရှို့သော လောင်စာတောင့်များ၏ အရည်အသွေးမှာ ခြားနားလေသည်။ သူတို့မှာ အရည်အသွေး ပိုကောင်းပြီး ခပ်ဝိုင်းဝိုင်း လောင်စာတောင့်များက ပို၍မြန်မြန်မီးတောက်ပြီး ကြာရှည်ခံကာ အရည်အသွေးနိမ့်သော လောင်စာတောင့်များမှာတော့ အရွယ်အစား ခြားနားကြလေသည်။

မီးသွေးများမှာတော့ ပို၍ဈေးသက်သာပြီး အတုံးအကြီးများကိုခွဲကာ မီးဖိုထဲထည့်သုံးလေသည်။ သို့သော် သူတို့တွင် ဆိုးကျိုးများရှိသည်။ သူတို့မှာလောင်ကျွမ်းခြင်းကိုသိပ်မခံနိုင်ကာ နေရာတကာတွင် ပြာများလွင့်နေတော့သည်။

ကုမိသားစုတွင်တော့ လင်းယောင်ကဲ့သို့ ချွေးမလေးရှိသောကြောင့် သူတို့က ကောင်းသောလောင်စာတောင့်များကိုသာ ဝယ်လေသည်။

ကုရှီအန်းမီးမွှေးကာ သွားတိုက်ဆေးညှစ်လိုက်ပြီး နွေးနေသောတဘက်ကိုညှစ်ကာ မျက်နှာသစ်သည့်နေရာပေါ်သို့ တင်ထားလိုက်သည်။ ထို့နောက် အိပ်ယာဘေးသို့သွားကာ လင်းယောင်အား အိပ်ယာထရန်ပြောလေသည်။

"ယောင်ယောင်ရေ ၇ နာရီထိုးပြီ။ အိပ်ယာထဖို့ အချိန်ရောက်ပြီ"

မနေ့ညက ထိုကောင်မလေးမှာ မနက်ဖြန်မှာ Laba ပွဲတော်နေ့ဖြစ်ပြီး ဆန်ပြုတ်ကျိုရမည်ဖြစ်သောကြောင့် လက်ထောက်ဒါရိုက်တာကုအား သူမကို ၇ နာရီတွင်နှိုးရန် ထပ်ကာထပ်ကာ ပြောနေခဲ့လေသည်။

ကုရှီအန်းမှာ ကတိအတိုင်းပင် လာခဲ့သော်လည်း လင်းယောင်ကတော့ အိပ်ယာထရန် ငြင်းဆန်နေလေသည်။

အပြင်ဖက်တွင် နှင်းကျကာခဲနေပြီး အလွန်အမင်းအေးနေလေသည်။ ကောက်ရိုးဖျာထူထူများနှင့် မွေ့ယာများကို အိမ်ထဲတွင် ခင်းထားလေသည်။ သူမက ထိုအပေါ်တွင် ညင်သာစွာအ်ိပ်နေပြီး ကောက်ရိုးနံ့လေးရနေလေသည်။ လင်းယောင်မှာ ဇိမ်ကျနေသော အိပ်ယာထဲတွင် မိနစ်ပေါင်းများစွာနေနေပြီး ထရန်ပျော်မနေပေ။

ကုရှီအန်းလက်လှမ်းကာ သူမပါးလေးကို ဖျစ်လိုက်သည်။ "မထရင် အရမ်းနောက်ကျသွားမယ်နော်"

လင်းယောင်က ၂ ကြိမ် တအင်းအင်း လုပ်လိုက်ပြီး လှည့်ကာဆက်အိပ်နေလေသည်။

အဆုံးတွင်တော့ ကုရှီအန်းမှာ နောက်ဆုံးအကွက်ကိုထုတ်သုံးကာ အိပ်ယာပေါ်တက်ပြီး သူ့လက်ကြီးကြီးများနှင့် မချီလိုက်လေသည်။

လင်းယောင်လှည့်လိုက်ကာ အနမ်းခံလိုက်ရလေသည်။ "ရှင်ဘာလုပ်နေတာလဲ?..."

၂ ယောက်သား အကြိမ်ပေါင်းများစွာ ပွတ်သပ်ပြီးနောက်မှာတော့ လင်းယောင် ရုန်းကန်ပြီး ထကာ ကုရှီအန်းကိုဆွဲပြီး ကောင်းကောင်းဆော်လိုက်လေတော့သည်။ ထို့နောက် သူမ အားအင်ပြည့်ဝစွာနှင့်ထလိုက်ကာ မျက်နှာသစ် သွားတိုက်ပြီး မွှေးနေသောခရင်မ်ကိုလိမ်းလေသည်။ တစ်စုံတစ်ယောက်၏ မျက်လုံးများမှာ မှားယွင်းနေကြောင်း သူမ တွေ့ခဲ့ရသည်။

လင်းယောင် အမြန် မီးဖိုချောင်သို့သွားပြီး ဆန်ပြုတ်ကျိုလေတော့သည်။

ဆန်ပြုတ်အတွက်ပဲ အမျိုးမျိုးကို ညတည်းက စိမ်ထားလေသည်။ ချက်ရန်အလွန်အဆင်ပြေသည်။ စိမ်ထားသောဆန်ကို ဆေးကာ အိုးထဲထည့်လိုက်ပြီး ကျိုရန်ယူလာလိုက်သည်။ ထို့နောက် မီးလျှော့ကာ ကျက်သည်အထိထားလေသည်။ တပွက်ပွက်ဆူလာသောအခါ ဇွန်းနှင့်ညင်သာစွာမွှေလိုက်သည်။ ထို့အချိန်တွင် သကြားညိုတစ်ဇွန်းကို ထည့်လိုက်သည်။ သေချာမွှေလိုက်သည်။ အိုးကိုဖုံးလိုက်ပြီး မီးရှိန်ရှိန်နှင့် ထားလိုက်သည်။၁၀ မိနစ်ကြာပြီးနောက် ချိုမြပြီးအရသာရှိသော Laba ဆန်ပြုတ်ကိုရလေသည်။

ကျန်းဆွေ့လန်မှာ ဘာမှမပြောပေ။ ပွဲတော်ဖြစ်သောကြောင့် သူမပိုပြီးကောင်းသော အစားအစာကိုစားလျှင်လည်း ကိစ္စမရှိပေ။ ထို့ပြင် မနေ့က ယောင်ယောင်အိမ်ပြန်လာတော့ ကြက်ဥတစ်ခြင်းဝယ်လာလေသည်။ ထိုဟာများမှာ ကျေးလက်ဒေသမှ ဒေသထွက်များဟုကြားရသည်။ အရွယ်အစားသ်ိပ်မကြီးကာ အနံ့မှာမွှေးပျံ့နေလေသည်။

ကုမိသားစုတစ်စုလုံး အလွန်အရသာရှိစွာ စားသောက်ခဲ့ကြသည်။ ဆန်ပြုတ်မှာ အလွန်မွှေးပျံ့ကာ အရသာမှာ အလွန်ကောင်းမွန်လေသည်။ အရှေ့ခြံမှ ဝမ်ရှန်းဆိုင်တို့အိမ်ကတော့ ထမင်းဇလုံကို ကိုင်ကာ ရေရွတ်နေလေသည်။

"အဖေဘာတွေစားနေတာလဲ။ အရသာကမတူဘူးနော်"

ဝမ်ရှန်းဆိုင်မှာ သူ့ပါးစပ်ထဲက ဆန်ပြုတ်ကိုမျိုချကာပြောလိုက်သည်။ "ဘာစားရဦးမလဲ။ ဆန်ပြုတ်ပဲပေါ့"

ဝမ်မိသားစုမှ အကြီးဆုံးသားမှာ ပုခုံးတွန့်ကာ အနံ့ခံလိုက်လေသည်။ "ကြက်ဥအနံ့လည်း ရတယ်နော်"

လီကောယာမှာ ဇလုံအဖျားကို တူနှင့်ခေါက်ကာ "ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ ကြက်ဥအရသာမဟုတ်ပါဘူး။ ကိုယ့်ထမင်းကိုယ်သာစားစမ်းပါ"

ချည်ထည်စက်ရုံများမှာ ဆန်ပြုတ်များ လုပ်ကြသည်က ထုံးစံဖြစ်လေသည်။

ကုမိသားစုမှချွေးမမှာ ချည်ထည်စက်ရုံ ထောက်ပံ့ပို့ဆောင်ရေးဌာနတွင် အလုပ်လုပ်ပြီး ဝန်းထဲမှလူတိုင်း ဒါကိုသိကြလေသည်။

မစ်စ်ဝမ် ထိုအကြောင်း တွေးလိုက်သောအခါ သူမပါးစပ်ထဲမှဆန်ပြုတ်မှာ အရသာမရှိတော့ပေ။ သူတို့အားလုံး တူညီသောဝန်းထဲတွင်ပင် နေကြလေသည်။ ထိုချွေးမလေးမှာ ချိုသာသော သဘာဝရှိသော်လည်း အလွန်ပင် အရည်အချင်းရှိလေသည်။အထက်တန်း ကျောင်း တက်ခဲ့ပြီး ထိပ်တန်းချည်ထည်စက်ရုံတွင်အလုပ်ဝင်ခွင့်ရကာ ရုံးအလုပ်လုပ်ရလေသည်။

နှိုင်းယှဉ်ကြည့်လိုက်တော့ အလွန်ပင် စိတ်တိုစရာကောင်းလေသည်။

သူ့ချွေးမမှာလည်း ကျေးလက်ဒေသမှလာသူပင်ဖြစ်သည်။ အိမ်က ဒီအသုံးမကျတဲ့ ချွေးမကိုကြည့်ပါဦး။ နောက်ဆုံးမှာ ယာယီအလုပ်သမားအလုပ်ကိုရခဲ့သည်။ ရက်အနည်းငယ် လုပ်ပြီးတဲ့နောက်မှာ သူဌေးကကန်ထုတ်ပစ်လိုက်ခြင်းကို ခံခဲ့ရသည်။ အိမ်တွင်နေ့တိုင်းစားလိုက်သောက်လိုက် လုပ်နေသည်။ ကောင်းတာဆိုလို့ဝမ်မိသားစုအတွက် မြေး ၂ ယောက် မွေးပေးထားတာပဲရှိသည်။

ဒါကတော့ ကုမိသားစုက ချွေးမလေးထက် ပိုသာလေသည်။

မိန်းကလေးတစ်ယောက်က သားသမီး မမွေးဖွားနိုင်လျှင် ဥမဥနိုင်သော ကြက်မတစ်ကောင်လိုပင်။ဘယ်လောက်ပင် အရည်အချင်းရှိ ဉာဏ်ကောင်း အလားအလာရှိပါစေ အသုံးမဝင်ပေ။

နောက်ရက်အနည်းငယ်တွင် လင်းယောင်အလုပ်သွားလျှင် ဝမ်မိသားစုမှ မိန်းမကြီးကို ရံဖန်ရံခါတွေ့လေသည်။ ထိုမိန်းမကြီးမှာ ချည်သားဂျက်ကက်ကိုဝတ်ဆင်ထားဆဲဖြစ်ကာ လမ်းကြားလေး၏ ဝင်ပေါက်တွင် ထုံးစံအတိုင်း နေပူဆာလှုံနေလေသည်။ လင်းယောင်မှာ သူ့မျက်လုံးထဲက အားရနေသည့် အကြည့်များကြောင့် ခေါင်းရှုပ်လာတော့သည်။

ဒီမိန်းမကြီးရဲ့ဦးနှောက်မှာ တစ်ခုခုဖြစ်နေတာပဲဖြစ်ရမယ်။

Laba ပွဲတော်ပြီးသည့်နောက် နှစ်သစ်ကူးချိန်ခါရောက်လာခဲ့လေသည်။ နှစ်သစ်ကူးအတွက် ပြင်ဆင်သင့်သော ၁၂ လမြောက်အချိန်ဖြစ်သော်လည်း ယွင်ရွှေကောင်တီတွင် ဝမ်းနည်းမှုများနှင့်ပြည့်နှက်နေလေသည်။

အခြားမဟုတ်ပေ။ ကောင်တီရှိ ဒေသန္တရကန်တင်းများမှာ ဆက်လက်မရပ်တည်နိုင်တော့သောကြောင့်ဖြစ်သည်။

ကောင်တီဆန်စပါးရုံး၏ ဂိုဒေါင်တွင် အစားအသောက်အနည်းငယ်မျှသာ ကျန်တော့သည်ဟု ဆိုလေသည်။ လူတိုင်းမှာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲရန် ပျော်ရွှင်သောစိတ်အခြေအနေ ရှိမနေကြပေ။ နေ့တိုင်းဆန်ဝယ်ရန်အတွက်လူများမှာ လှည်းများကိုတွန်းကာ ဆန်အိတ်များကိုကိုင်ထားပြီး ဆန်စပါးရုံအဝင်ဝတွင် ကျပ်ညပ်နေကြလေသည်။

ဆန်စပါးရုံမှ အစားအသောက်များမှာ ကောင်တီတွင်နေထိုင်သူများကို တစ်လလျှင် ဆန်နှင့်ခေါက်ဆွဲ ၁၀ ကီလိုဂရမ်သာ ပေးနိုင်လေသည်။ ထိုပမာဏမှာစားသောက်ရန် မလုံလောက်ကာ ယွင်ရွှေကောင်တီရှိလူများမှာ တစ်ခဏမျှ ထိတ်လန့်သွားကြသည်။

ဒေသန္တရအဖွဲ့ဝင် အများအပြားမှာ ခေါင်းဆောင်များထံသွားပြီး ပြဿနာရှာကြကာ ခေါင်းဆောင်များမှာလည်း ရှက်ရွံ့နေကြပုံပင်။ ကောင်တီတွင်တကယ်စားစရာမရှိပေ။ ယွင်ရွှေကောင်တီတွင် သည်ဆောင်းရာသီ၌ ကောက်ပဲသီးနှံများအား ရလောက်အောင်ကို အများအပြားထွက်ရှိခဲ့သော်လည်း မြောက်ပိုင်းမှကပ်ဘေးမှာ ဆိုးရွားလွန်းလေသည်။ မြောက်ပိုင်းမှ လူများငတ်ပြီးသေမှာကို မကြည့်နိုင်ကြသော အထက်လူကြီးများသည် တောင်ပိုင်းမှ အစားအသောက်များကို တစ်ခုပြီးတစ်ခုတင်ပို့ပေးခဲ့လေသည်။

ထိုတွင်အခြေအနေက ပိုကောင်းလာတော့ ယွင်ရွှေကောင်တီတွင် ကပ်ဘေးကျလေတော့သည်။

ဝန်းထဲမှလူများမှာလည်း ဒါရိုက်တာကောထံသို့ သွားကြလေသည်။ ဒါရိုက်တာကော၏ ရုံးခန်းက လူများနှင့်ဝန်းရံနေကာ စိတ်တိုနေသော လူကြီးတစ်ယောက်က ဒါရိုက်တာကောကိုဆွဲကာ အရေးယူချင်လေသည်။

"ကော ကျွန်တော်တို့ကို ကန်တင်းမှာ နေ့တိုင်းဝက်နံရိုးနှပ်နဲ့ ပေါက်စီတွေ စားရပါမယ်လို့ ကတိပေးခဲ့တာလေ။အခုတော့ ဘာတွေဖြစ်နေတာလဲ။ ကန်တင်းကို ချက်ချင်းပိတ်လိုက်ပြီ။ စားစရာတွေလည်း မရှိတော့ဘူး။ အိမ်က အိုးတွေကိုလည်း လှူပစ်လိုက်မိပြီ။အရည်ကျိုဌာနက ကျွန်တော်တို့ကို စားချင်တာ စား သောက်ချင်တာသောက်တဲ့"

"ဟုတ်တယ်။ အစကပြောတော့ဆန်က ၁၀၀၀ ကက်တီကျော်တယ်ဆို။ ဘယ်မလဲ ဆန်။ ဆန်တွေဘယ်ရောက်သွားတာလဲ။ ထုတ်ပေး အကုန်ထုတ်ပေး!"

"ဆရာကော ခင်ဗျားပြောချင်တာပြောလို့ရတယ်"

"ကျွန်တော်တို့ကို ဒီနေ့ရှင်းလင်းချက်တစ်ခုတော့ ပေးရမယ်"

"ဟုတ်တယ် ရှင်းရှင်းလင်းလင်း မသိရမချင်း မပြန်ဘူး"

လူများမှာဒေါသထွက်နေကြကာ ရဲဘော်များမှာ အသားကုန် အော်ဟစ်နေရသည်။ "မလုပ်ကြနဲ့။ စိတ်မလှုပ်ရှားကြပါနဲ့။ အခုလို အခြေအနေကို ဘယ်သူကမှ မတွေ့ချင်ဘူး။ အစိုးရကလည်း အဖြေရှာနေတယ်။ ဒါရိုက်တာကောကလည်း အဖြေရှာနေပါတယ်။ လူတိုင်းပူပန်နေကြတာသိပါတယ်။ ဒါရိုက်တာကောဆို ပိုပြီးတော့တောင်ဆိုးသေးတယ်…"

ထိုသို့ပြောလိုက်တော့ လူများမှာ နောက်ဆုံးတွင်ငြိမ်သက်သွားကြသည်။ တကယ်ပင် ဒါရိုက်တာကော၏ မျက်လုံးများမှာနီရဲနေပြီး ပါးစပ်မှာခြောက်သွေ့ကာ အရည်ကြည်ဖုများ ဟိုတစ်ခုဒီတစ်ခု ရှိနေလေသည်။ သူအချိန်အတော်ကြာ အနားမယူရသေးပုံပင်။

အဓိကထုတ်လုပ်ရေးအဖွဲ့မှာ ဆူညံနေကာ စက်ရုံအများအပြားမှာလည်း ပုံမှန်အတိုင်း မလည်ပတ်နိုင်ပေ။ အဆုံးတွင်တော့ ကောင်တီရှိစက်ရုံများမှာ နှစ်စဉ်အားလပ်ရက်များကို ကြိုပြီးပေးလိုက်ကြတော့သည်။

ဤသည်မှာ ယွင်ရွှေကောင်တီရှိ အခြေအနေပင်ဖြစ်သည်။ ကောင်တီအစိုးရမှာ ပြည်သူများအား မွေးရပ်မြေသို့ နှစ်သစ်ကူးပွဲတော် ဆင်နွှဲစေရန် ပြန်ခေါ်လေသည်။

ကုမိသားစုလည်း တံခါးပိတ် အကြိတ်အနယ်ဆွေးနွေးပြီးနောက် မွေးရပ်မြေသို့ပြန်ပြီး သည်နှစ်ဆောင်းဦးပွဲတော်ကို ဆင်နွှဲရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။

All Chapters