← Chapters

အခန်း (၅၈)

Vol. 5 Ch. 58

အခန်း (၅၈)

Vol. 5 Ch. 58

နယ်ဘက်တွင်ရှိသော ကုမိသားစု၏ အိမ်သည် ကောင်းမွန်သော အုတ်များ၊ ကြမ်းပြင်များဖြင့် ဆောက်လုပ်ထားသည်။

တိုက်ပွဲမှ ဒဏ်ရာများဖြင့် ပြန်လာခဲ့သော ကုအဘိုးသည် စစ်တပ်မှ ဆုတံဆိပ်များ ဘူးလိုက်ရလာခဲ့သည်။

တိုက်ပွဲမှသူရဲကောင်းသည် အိမ်သို့ဆုလာဘ်များဖြင့်ပြန်လာခဲ့သည်။ သို့သော် ကုမိသားစု၏ အိမ်မှာ ယခင်က အလွန်ပင် ဟောင်းနွမ်းပျက်စီးနေပြီး နေထိုင်၍ရသော အခန်းတစ်ခန်းသာရှိသည်။ အိမ်၏ ခေါင်မိုးများတွင် ကြီးမားသော အပေါက်များပင် ရှိလေသည်။

အဘွားကုသည်လည်း ပိန်လှီနေခဲ့ကာ အရိုးပြိုင်းပြိုင်း ပင်ဖြစ်ပြီး သူဖုန်းစား ဇနီးမောင်နှံပုံစံပင်ဖြစ်နေခဲ့သည်။ ထိုအကြောင်းကို အခြားသူများသိသွားပါက လှောင်ပြောင် နှိမ်ချခံရမည်ဖြစ်သည်။

ထိုအချိန်တွင် ကုကျားအောင်သည် လွတ်မြောက်နယ်မြေ ဖြစ်ပြီး မြို့ခေါင်းဆောင်များ လှုပ်ရှားတက်ကြွမှူရှိကြသည်။ ဒုတိယတစ်ခေါက် အဘိုးကု အိမ်ပြန်လာသောအချိန်တွင် ကုမိသားစုအိမ်မှာ အသစ်အတိုင်းပင် ပြန်လည်ဆောက်လုပ်ထားခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးများသည် ပိုက်ဆံတစ်ဝက်စိုက်၍ အဘိုးကုက တစ်ဝက်စိုက်ကာ အိမ်ကိုပြန်ပြင်ခဲ့လေသည်။ နွားလှည်းများဖြင့်သယ်လာရသော ကျောက်တုံးအများစုကို တောင် အနောက်ဘက်မှရရှိသည်။ ခြံတံခါးများ၊ မြက်ခင်းများ၊ ကြက်၊ ဘဲထားရန် အသိုက်များ၊ ဝက်၊ သိုးတို့အတွက် နေရာများ ဆောက်လုပ်ပေးခဲ့ကြသည်။

အဘိုးကုသည် ထိုအိမ်အဟောင်း၌ နှစ်ပေါင်းအတော်အကြာနေထိုင်ခဲ့သည်။ မကြာမီ ကြိတ်စက်ရုံဝန်းထဲ၌ အိမ်ခြံတစ်ခုရခဲ့သည်။ ယွင်ရွှေကောင်တီသို့ ပြောင်းရွှေ့အပြီး ကုမိသားစု၏ ဘဝ ပြောင်းလဲသွားခဲ့သည်။

အိမ်အဟောင်းကို ဆယ်နှစ်ကျော်ကျော်ထိ အလွတ်အတိုင်းသာ ထားခဲ့သည်။

မိုးလေတိုက်ခတ်မှုဒဏ်ကို ၁၀ နှစ်ကျော်ကျော် ခံလာရသောကြောင့် ထိုအိမ်အဟောင်းတွင် မည်သူမျှမနေခဲ့ပေ။ ကုမိသားစု အလျင်အမြန် သွားကြည့်သော အချိန်ကပင် လူနေ၍မရတော့သည့် အနေအထားဖြစ်ခဲ့သည်။

၁၂ လရာသီမြောက် ၁၂ ရက်တွင် ကုမန်ဆန်သည် ကုကျားအောင်သို့ ပြန်သွားပြီး တပ်ဖွဲ့ခေါင်းဆီ စီးကရက်ယူသွားပေးကာ ရွာသားများအား ထိုအိမ်ကိုရှင်းလင်းရန် အကူညီတောင်းခဲ့သည်။

အဝါရောင်ရွှံ့မြေဖြင့် ပြုလုပ်ထားကာမီးဖို တစ်ခုဆင်ထားပြီး အခန်းထဲ၌ အိပ်စရာဂွမ်းကပ် ၃ ခုရှိလေသည်။စုစုပေါင်း ပစ္စည်းခမှာ ၂၅ ယွမ်ကုန်ကျလေသည်။

သုန်ဇီသည် မွေးရပ်မြေ၌ ယခုနှစ်၏ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲမည်ဟု သိထားသောကြောင့် အိပ်၍ပင်မပျော်ပေ။

တစ်ညလုံးမအိပ်ပဲ လင်းယောင်ပေးထားသည့် ဝါးဖြင့်လုပ်ထားသော ဖားရုပ်ကိုကိုင်ကာ လျှောက်ပြေးနေခဲ့သည်။ ထိုဖားရုပ်၏ နောက်ဘက်တွင် ခလုတ်တစ်ခုရှိသည်။ နှိပ်လိုက်လျှင် ထိုဖားရုပ်သည် အိမ်အနှံ့ခုန်နိုင်သည်။ ထပ်နှိပ်လျှင်ထပ်ခုန်ပြီး မြေပြင်ပေါ်တွင်ခုန်နေသောဖားကိုကြည့်ပြီးကောင်စုတ်လေးက “ အုံး အွမ် အုံး အွမ်။ ငါကပျော်နေတဲ့ဖားလေးပါ။ မိုးရွာရင် အင်းဆက်တွေကိုဖမ်းပြီး ခုန်ပြီးရင်းခုန်တယ် ”

လင်းယောင်သည် အခန်းထဲ၌ ခြေထောက်ရေစိမ်နေပြီး ထိုအသံကြားသောအခါ ကုရှီအန်းကို ပြုံးပြလိုက်ရင်း " သုန်ဇီ ဆိုနေတာက သံစဉ်ညီသားပဲ “

ကုရှီအန်းလည်း နားထောင်နေပြီး နှုတ်ခမ်းတ်ို့ကော့ညွတ်သွားခဲ့သည်။ ထိုကလေးသည် အားအပြည့်ဖြင့် အိမ်ထဲ၌ ခုန်ပေါက်နေလေသည်။ ယောင်ယောင် ဖားအရုပ်ဝယ်ပေးခဲ့သည်မှာ မှန်သွားခဲ့သည်။

လင်းယောင် ခြေထောက်ဆေးပြီးသောအခါ လက်ထောက် ဒါရိုက်တာကုသည် အိပ်ယာခင်းပြီး၍ စွပ်ပြုတ်သောက်ကာ လင်းယောင်၏ ခြေထောက်နွေးစေရန် စောင်ခြုံပေးလိုက်သည်။

လင်းယောင်သည် ဖြူဖွေးနူးညံ့သောခြေထောက်များဖြင့် အိပ်ရာထဲသို့ဝင်ခဲ့သည်။ အခန်းမှာ နွေးထွေးပြီး သက်တောင့်သက်သာရှိကာ အိပ်ချင်လာလေသည်။

လင်းယောင် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အိပ်ချင်နေသည့်ပုံပင်။ သို့သော် တောင့်ခံထားပြီး ကုရှီအန်းကို မေးလိုက်သည်။

“အစ်မ ချွင်မေက နှစ်သစ်ကူးပွဲတော်ကို လာမှာလား။”

“ချွန်မေလည်း နှစ်သစ်ကူးပွဲတော်ကို ဒီနှစ်လာမှာ။”

“အိုး “

လင်းယောင်ထင်သည်က အစ့မချွင်မေသည် လက်ထပ်သွားသောကြောင့် အစ်ကိုထို့ထို့တို့ မိသားစုနှင့် ဆင်နွှဲမည်ဟုထင်ခဲ့သည်။ လက်ထပ်ထားသောမိန်းကလေးအနေဖြင့် နေရပ်မိဘအိမ်ကိုပြန် ၍ နှစ်သစ်ကူးကိုဆင်နွှဲသည့်အလေ့အထမရှိ။

၂၁ ရာစုတွင် ထိုသို့ထုံးစံမရှိ။

ကုရှီအန်းသည် ခြေထောက်ဆေးပြီးသောအခါဆွယ်တာဝတ်လိုက်ပြီး လင်းယောင်လည်းခြံထဲသို့သွားကာ ခြေထောက်ဆေးလေသည်။

ကုရှီတုန်းသည် သိချင်သည့်အကြည့်ဖြင့် ဘာမှမပြောပဲ ဖားရုပ်နှင့်သာ ဆော့နေခဲ့သည်။

ထိုအချိန်တွင် ကျန်းဆွေ့လန်နှင့် သူ့ဇနီးလည်း မအိပ်ပဲ ကောင်တီထဲ၌ အစားအသောက် ပြတ်နေသည်ကိုပဲ စိတ်ပူနေခဲ့သည်။

သုန်ဇီသည် အပြင်၌ လျှောက်ပြေးနေခဲ့သည်။ ခြင်္သေ့ပေါက်ကဲ့သို့ အော်ဟစ်နေသော သုန်ဇီအသံကို ကြားသောအခါ ကျန်းဆွေ့လန်သည် မျက်လုံးတွန့်သွားခဲ့သည်။

ကုမန်ဆန်သည် သုန်ဇီကို ထိန်းရန်အချိန်မရခဲ့။

ယွင်ရွှေမှလူများကို ပူပန်သောက ရောက်နေရသည်ကို စိတ်မကောင်းဖြစ်နေမိသည်။ မွေးရပ်မြေမှ ဂိုထောင်ထဲတွင်ရိက္ခာများရှိိသော်လည်း ထိုကပ်ဘေးအဆုံးသတ်ချိန်ကိုမည်သူက သိနိုင်မည်နည်း?

၂၀၀၀ ခုနှစ်တုန်းကကဲ့သို့ ငတ်မွတ်ခေါင်းပါးခြင်းက ၃၊ ၄ နှစ်ကြာလျှင် လူတွေဘယ်လိုရှင်သန်ကြမည်နည်း?

ပြန်တွေးကြည့်လိုက်သောအခါ ၂၀၀၀ ခုနှစ်နှင့် ယခုစစ်ဖြစ်သော အခြေအနေချင်း မတူညီတော့။

အစိုးရက အမြဲတာဝန်ယူပေးတက်သည်။ စစ်ဝန်ထမ်းဟောင်း ဖြစ်သည့်အလျောက် ကုမန်ဆန်သည်အစိုးရနှင့် ပါတီများကို ယုံကြည်နေခဲ့သည်။

ကျန်းဆွေ့လန် ခြေထောက်ဆေးအပြီး ချည်ဖိနပ်ကိုစီးကာအိပ်ယာဝင်လေသည်။

“ဘာလုပ်နေတာလဲ အဘိုးကြီး? ၁၀ နာရီတောင်ထိုးတော့မယ်။ မြန်မြန်မီးပိတ်ပြီး အိပ်ကြမယ်လေ။”

ကုမန်ဆန်လည်း မီးပိတ်လိုက်လေသည်။

နောက်နေ့နံနက် ပြတင်းပေါက်အပြင်ဘက်၌ မီးခိရောင်ကဲ့သို့ အုံ့မှိုင်းနေပြီး ဦီးလေးကျန်းက မြည်းလှည်းနှင့်မိသားစုကိုခေါ်ပြီး နယ်ဘက်သို့ သွားလေသည်။

၁၂ လမြောက်ရာသီတွင်ခြံဝန်းတစ်ခုလုံး လေအေးများတိုက်ခတ်နေပြီး အပြင်ဘက်၌ စကားပြောလျှင် အငွေ့များပင် ထွက်လေသည်။

လင်းယောင်သည် ပွပွယယ စစ်ကုတ်အင်္ကျီကို ဝတ်၍ မျက်နှာကို တင်းတင်းကျပ်ကျပ် အုပ်ထားသည်။ အညိုရောင်မျက်လုံးတစ်ခုကိုသာဟထားခဲ့သည်။ ဘယ်ဖက်လက်တွင် လှောင်အိမ်ဖြင့် ယုန်လေးကိုကိုင်ကာ မြည်းလှည်းစီး၍ သွားလေသည်။

ကျန်းဆွေ့လန်လည်း စောင်နှင့်အိပ်ယာခင်းတို့ကို သယ်လာပြီး “ယောင်ယောင်၊ ဖြည်းဖြည်းသွား၊ မောနေဦးမယ်။”

ကုမိသားစုသည် နယ်ဘက်သို့ နှစ်ကူးပွဲတော်ဆင်နွှဲရန်သွားသည်ဟု ဆိုသော်လည်း အစာပြတ်လပ်သောကြောင့် ဒုက္ခသည်များအဖြစ် သွားသည်ဟုဆိုလျှင်လည်း မမှားပေ။ အစားအသောက်များကို အိမ်အဟောင်းရှိဂိုထောင်ထဲတွင် ထားရသောသည့်အကြောင်း အများကိုလည်းအသိပေး၍ မရ။ မြို့ထဲ၌ ရိက္ခာပြတ်နေခြင်းကြောင့်ပင် ဖြစ်သည်။ စက်ရုံတော်တော်များများလည်း ပိတ်ထားရပြီး အလုပ်သမားများ အစာရေစာပြတ်လပ်ကုန်ကြသည်။ ဘာလို့အလုပ်လုပ်နေရဦးမှာလဲ?

ထို့ကြောင့်စက်ရုံ၌ အလုပ်လုပ်မှု လျော့ကြသွားကြသည်။ စက်ရုံပိုင်ရှင်များကလည်း အရူးမဟုတ်သောကြောင့် ထိုအချက်ကို သတိထားမိသည်။

အိမ်ပြန်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

စက်ရုံပိုင်နယ်မြေထဲတွင် အိမ်ထောင်စု ၅ ခုရှိပြီး အိမ်မပြန်ချင်သော စွင်းမိသားစုမှလွဲ၍ အခြားမိသားစုများသည် အသီးသီး ထုပ်ပိုးကာနေရပ်သို့ပြန်ကြလေသည်။

ဘေးအိမ်မှ အဒေါ်တာ့ဖုလည်း ပြန်သွားလေသည်။ ကျန်းတာ့ချန်နှင့် သူ၏ဇနီးကတော့ ရန်ဖြစ်နေခဲ့သည်။ ကျန်းတာ့ချန်သည် လျို့အာ့ဆွေ့ကို နေခဲ့စေချင်သည်။ လျို့အာ့ဆွေ့က မနေချင်သောကြောင့် ကျန်းတာ့ချန်၏ မျက်နှာကို ဆွဲကုတ်လိုက်ပြီး ဒါရိုက်တာကောကို တိုင်ပြောမည်ဟု ခြိမ်းခြောက်ခဲ့သည်။

လျို့အာ့ဆွေ့၏ အတင်းအကျပ် ခြိမ်းခြောက်မှုကြောင့် နောက်ဆုံး ကျန်းတာ့ချန်သည် လျို့အာ့ဆွေ့ နှင့်ကလေး ၂ ယောက်ကို နယ်ဘက်သို့ ခေါ်သွားခဲ့ရသည်။

ယခု ခြံဝန်းထဲ၌ ဝမ်ရှန်းဆိုင်၏ အိမ်မှလွဲ၍ အခြားအိမ်များတိတ်ဆိတ်​နေခဲ့သည်။

ကုမိသားစု နယ်ဘက်သို့သွားသည်မှာ အိမ်ပြောင်းသကဲ့သို့ပင်။ အိမ်အိုကြီးသည် ဟင်းလင်းပြင်သာရှိနေခဲ့သောကြောင့် အဝတ်အစား၊ အိပ်ရာ၊ အိုးများ၊ ဒယ်အိုး၊ အစားအသောက်နှင့် လိုအပ်သည်များကို ယူသွားရသည်။

ကုရှီတုန်းသည် ဘယ်နေရာကမှန်း မသိသော အဝါရောင်ကြောင်လေးကို ခေါ်လာခဲ့သည်။

ကျန်းဆွေ့လန်သည် ခြံထဲ၌ ယုန်လေးကို ပွတ်သပ်ပေးနေခဲ့ပြီး ကြောင်လေးကို မြင်သောအခါ မောင်းထုတ်ခဲ့ပြီး “သွား၊ ဘယ်က ကြောင်ကိုခေါ်လာတာလဲ။ လူတွေတောင် စားစရာမရှိပါဘူးဆို ကြောင်အတွက် စားစရာဘယ်ကရမှာလဲ ”

“ ကျွေးစရာမလိုပါဘူး။ သူ့ဘာသာရှာစားမှာပေါ့”

ကောင်စုတ်လေးက သူ့ဖက်ပါအောင် ပြောဆိုနေခဲ့သည်။

လင်းယောင် ရောက်လာပြီး ကြောင်၏ ဗိုက်ကိုပွတ်သပ်ပေးလိုက်သည်။ လက်ခုပ်တီးပြီး ပြုံးလိုက်ကာ

“ ကြောင်လေးက ဝတုတ်လေးပဲ။ သန်မာမဲ့ ပုံလေးပါ”

ကြောင်ဝါလေးကလည်း နားလည်သည့်ဟန်ဖြင့် “မြောင်” ဟုအော်လိုက်ကာ အသံလေးမှာ ချစ်စရာအတိပင်။

နယ်ဘက်ဖြစ်သောကြောင့် ကြွက်၊ မြွေ၊ တီကောင်များပေါများသဖြင့် အိမ််မှာကြောင်တစ်ကောင်ရှိလျှင် ကြွက်ဖမ်းနိုင်ပြီး ဂိုထောင်ထဲ အစားတွေ လုံခြုံလိမ့်မည်ဟုတွေးကာ ကျန်းဆွေ့လန်လည်း လက်ခံလိုက်သည်။

ကုရှီတုန်းလည်း ပြုံးလိုက်ပြီး ကြောင်ဝါလေးကိုကိုင်ကာ လျှောက်ပြေးနေခဲ့သည်။

တစ်နာရီအကြာတွင် ကုမိသားစု၏ ပစ္စည်းများကားပေါ်သို့ ရောက်သွားခဲ့သည်။

လေးဖက်စားပွဲခုံ၊ ထိုင်ခုံတို့ကို ကြိုးချည်၍ မြည်းလှည်းပေါ်တွင် တင်ထားသည်။ ဦးလေးကျန်းသည် မြည်းလှည်းကိုမောင်းကာ ကုကျားအောင်သို့ အရင်သွားစေရန် ကြေးနီခေါင်းလောင်းကို လှုပ်လိုက်သည်။

ကုမိသားစုသည် အနောက်မှ ဂျစ်ကားဖြင့်လိုက်လေသည်။ ဆောင်းနံနက်ခင်း၏ အလင်းရောင်မှာ မှိန်ပြပြပင်။

နှစ်သစ်ကူးသို့ ရောက်ခါနီးလေ ဌာနမှ လုံခြုံရေးတပ်ဖွဲ့အလုပ်ရှုပ်လေ ဖြစ်သည်။ နံနက်ကတည်းကပင် ကုရှီအန်း အလုပ်ရှုပ်နေခဲ့သည်။ တာ့ဇားယန် မှလုံခြုံရေးတပ်ဖွဲ့ထဲသို့ သွားလိုက်ပြန်လိုက် လုပ်နေရသည်။ အဝတ်စားလဲရန်ပင် အချိန်မရခဲ့ပေ။

ကားထဲသို့ရောက်မှသာ ရဲ ယူနီဖောင်းကို လဲဝတ်ခဲ့သည်။ အပေါ်တွင် အဖြူရောင်ကုတ်အင်္ကျီ ဝတ်ဆင်လိုက်သည်။ အထဲတွင် လင်းယောင် ပေးထားသော အမဲရောင်ဆွယ်တာဝတ်ထားခဲ့သည်။ ရဲ ယူနီဖောင်းမှာအပေါ်ထိ ကြယ်သီးအပိတ်ဖြစ်ကာ ပုခုံးကျယ်ပြီး ခါးကျဉ်းလေသည်။ အဓိကက ယူနီဖောင်းဖြစ်နေခြင်းပင်။

လင်းယောင် တံတွေးမြိုချလိုက်ပြီး ဘာတွေတွေးမိမှန်းမသိ။ မျက်နှာနီလာပြီး တဖက်သို့လှည့်လိုက်သည်။

အချိန်မှာ ၆ နာရီခွဲဖြစ်ပြီး စောသေးသည့်အတွက် အိမ်နီးချင်းအိမ်များလည်း အိပ်နေကြတုန်းပင်။

သားမက်ဖြစ်သူကတော့ ယောက္ခမများနှင့် တွေ့ရန်စောစောထခဲ့သည်။

ကုချွင်မေသည် လင်းယောင်ကို နမူနာယူကာ ချွေးမကဲ့သို့ပင် အထုပ်များ ကူသိမ်းပေးလေသည်။ သူ့အစ်ကိုနှင့် အမေအတွက်တော့ ဆုလာဘ်တစ်ပါးပင်ဖြစ်သည်။

နှစ်သစ်ကူးကြောင့် ဌာနမှလုံခြုံရေးတပ်ဖွဲ့ အလုပ်ရှုပ်နေကြသည်။ ရွှီရှန်းချန်သည်လည်း ခေါက်ဆွဲ ၁၀ ပေါင်နှင့် ဝက်ပေါင်ခြောက် ၁ ပေါင်ကို ရွှီအမေမှ ယောက္ခမများအတွက် ထည့်ပေးလိုက်ကြောင်း ပြောနေခဲ့သည်။

အခြေအနေမှာ မကောင်းသောကြောင့် ရွှီအဖေနှင့် အမေတို့ အိမ်တွင်ရိက္ခာစုဆောင်းနေကြပြီဖြစ်သည်။ ရွှီအဖေ၌ ကောင်တီမှ စားစရာအများအပြားရထားပြီး ကုမိသားစုထက်ပင် ရိက္ခာများရှိနေခဲ့သည်။

ကျန်းဆွေ့လန်သည်လည်း သဘောထားကြီးစွာ လက်ခံလိုက်ပြီး ကားပေါ်မရောက်ခင် ပြေးလာသော ကုရှီတုန်းကို ရွှီရှန်းချန်က မုန့်ဖိုး ဆယ်ဒေါ်လာပေးလိုက်သည်။

“ယောက်ဖလေး၊ အစ်ကိုထို့ထို့က မင်းအတွက်မုန့်ဖိုးပေးတာ။ လိုချင်တာသာဝယ်။ လိုရင်ထပ်ပြော။”

ရွှီရှန်းချန်မှာ ဘာမှပင်မပြောလိုက်ရသေး။ ကောင်စုတ်လေးက အလင်းအလျင်ကဲ့သို့ သွားကြီးဖြဲကာပြေးလေသည်။

ပိုက်ဆံမပေးထားရင် ထားခဲ့လို့ရမည်မဟုတ်ပေ။

စက်ဘီး၏ အလျင်သည် ဂျစ်ကားကိုမမှီခဲ့ပေ။

ရွှီရှန်းချန်လည်း အလွန်မောပန်းနေကာ ကားပေါ်သို့ စိတ်မကြည်စွာဝင်လိုက်သည်။

ဂျစ်ကားသည် တောင်တက်လမ်းမှာ ချိုင့်ပေါင်းများစွာကိုဖြတ်ကျော်ပြီး ဦီးလေး ကျန်း၏ မြည်းလှည်းကိုအမှီလိုက်နိုင်ခဲ့သည်။

သုန်ဇီသည် မြက်ခင်းပေါ်တွင် လှဲနေရင်း အော်လိုက်သည်။

“ ဦးလေး၊ ဘာလို့ ဖြည်းဖြည်းလေး သွားနေတာလဲ။”

ဦီးလေး ကျန်းသည် သားမွေးဦးထုပ်ဝတ်ဆင်ထားပြီး အသံကြားသောအခါ ခေါင်းတစ်ဖက်လှည့်၍ ပြုံးလိုက်ပြီး “ အိုနေတဲ့ မြည်းလှည်းက ဖြည်းဖြည်းပဲသွားတာလေ။ မြည်းက အသက်ကြီးလာတော့ သုန်ဇီလည်းကူမောင်းပေးရင် မကောင်းဘူးလား”

ထိုသို့ပြောသည်ကိုကြားသောအခါ ကုရှီတုန်းစိတ်လှုပ်ရှားသွားပြီး ချက်ချင်းကားပေါ်မှ ဆင်းလေသည်။

လင်းယောင် ထိုကလေးကို မနည်းဆွဲထားရသည်။

ကျန်းဆွေ့လန်သည် သူ့သားကိုဆူလိုက်ပြီး ဦးလေးကျန်းကို မကြည်ကြည့်ဖြင့်ကြည့်လိုက်ကာ “ အစ်ကိုကြီး၊ ဘယ်လိုပြောလိုက်တာလဲ”

ဦးလေး ကျန်းလည်း သူ့ညီမဒေါသထွက်လွယ်သည်ကိုစိတ်ပူသွားခဲ့သည်။ ထိုသို့ဒေါသ ကြီးခြင်းသည် မျိုးရိုးလိုက်သည်ဟုပင် ဆိုနိုင်ပြီး သူ၏တူလည်း ဦးလေးကို မျိုးရိုးလိုက်သည်ဟု ပြောနိုင်သည်။ ထိုယူဆချက်သည် ကျန်းမိသားစုအတွက် မှန်နေခဲ့သည်။

ဦးလေးကျန်းသည်လည်း ငယ်စဉ်ကတည်းက ခပ်ဆိုးဆိုးပင်။ သူ၏အကြောင်းမှာလည်း ဟိုးလေးတကျော်ကျော်ပင်ဖြစ်သည်။ တူဖြစ်သူကလည်း ဦးလေးထက်ပင်ပိုဆိုးနေသည်။ ထို့ကြောင့် ဆွေ့လန်က မိသားစုအတွက်ပူပင်ရသော်လည်း အကြီးဆုံးသားဖြစ်သူကတော့ မျိုးရိုးမလိုက်ပေ။ ထို့ကြောင့် အနည်းငယ်စိတ်သက်သာရသွားခဲ့ရသည်။ နမို့ဆိုလျှင် ကုမိသားစူတွင်ပါ မျိုးရိုးလိုက်နိုင်သည်။

ဦးလေး ကျန်းလည်း ပါးစပ်သာပိတ်၍ လှည်းဆက်မောင်းလိုက်သည်။

လမ်းတစ်လျှောက်တွင် လင်းကျားရွာကို ဖြတ်သွားပြီး ယခု တုန်းဖန်းဟောင် ထုတ်လုပ်ရေး အသင်းနားသို့ရောက်နေပြီဖြစ်သည်။

စကားများသော ဦးလေးကျန်းသာ မနေနိိုင်ပဲ စကားထပ်ပြောလေသည်။

ပါးစပ်ဟလိုက်ပြီး စကားစပြောလေသည်။

“ယောင်ယောင်၊ တစ်ဝမ်းကွဲ ညီမလေးနာမည်က ဘယ်သူလဲ? အဆက်အသွယ်ရသေးလား? အဲ့ကောင်မလေးက အံ့ဩစရာပဲ။ သူကိုယ်ဝန်လွယ်ထားရတာ။”

တစ်ဝမ်းကွဲ ညီမလေး? ဟုန်နလား?

ကိုယ်ဝန်လွယ်ထားရတာ?

ဦးလေးကျန်း၏ စကားကိုကြားလိုက်ခြင်းမှာ ဗုံးပေါက်သွားသကဲ့သို့ပင် ကုမိသားစုတစ်ခုလုံး အံ့အားသင့်သွားလေသည်။

All Chapters