အခန်း (၅၉)
Vol. 5 Ch. 59
ကြည့်ရတာ လင်းဟုန်န လက်မထပ်ရသေးသည့်ပုံပင်။
ဒါဆို ဘယ်လို ကိုယ်ဝန်ရရတာလဲ?
ကျန်းဆွေ့လန်သည် သူ၏အစ်ကို မဟုတ်တာပြောသည်လား သို့မဟုတ် သူမနားကြားမှားသည်ဟု ထင်လိုက်သည်။ ဘေးဘီကြည့်လိုက်သောအခါ ကုမန်ဆန် နှင့် အနီးဆုံးဖြစ်သောကြောင့် လက်ဆန့်ထုတ်လိုက်ကာ ကုမန်ဆန်၏ လက်မောင်းကို ဆွဲဆိတ်လိုက်လေသည်။ ကုမန်ဆန်လည်း နာကျင်၍ အော်လိုက်လေသည်။
“ဆွေ့လန် ဘာလို့ဆွဲဆိတ်တာလဲ?”
“ အိုး၊ ကြည့်ရတာ ငါ့နားတွေအကောင်းတိုင်းရှိသေးတာပဲ ”
ကျန်းဆွေ့လန် ရုတ်တရက် အသိဝင်ပြီး မိမိပေါင်ကိုရိုက်မိလိုက်သည်။ ထို့နောက် စိတ်ဝင်စားနေခြင်း မပျက်စီးသွားစေရန် အသံကိုမြှင့်လိုက်ပြီး ဦးလေးကျန်းကိုဖြစ်ကြောင်းကုန်စင်ကို အလျင်အမြန် ပြောခိုင်းကာ လက်ထောက်ဒါရိုက်တာကုကိုလည်း ဂျစ်ကားအရှိန်လျှော့ခိုင်းလေသည်။
ကုရှီအန်း စကားပြောရန် တွန့်ဆုတ်နေခဲ့ပြီး သူ၏အဖေဆွဲဆိတ်ခံရသည်ကို ရယ်ကာ ပါးနပ်စွာဖြင့်သာ ဘာမျှမပြောဘဲ ကားကိုသာအရှိန်လျှော့မောင်း ခဲ့သည်။
ကုရှီတုန်းကတော့ နားစွင့်ကာ ခိုးနားထောင်နေခဲ့သည်။
လင်းယောင် အနည်းငယ် တွေဝေသွားခဲ့သည်။
ကြည့်ရတာ လင်းဟုန်နသည် စွင်းကျားလျန်တို့မိသားစုကို လက်လွှတ်ရန်တွန့်ဆုတ်နေပြီး နောက်ဆုံးအနိုင်ရရှိသွားဟန်ပင်။ လက်မထပ်ခင် ကိုယ်ဝန်ရှိနေခြင်းသည် ကောင်းသောအရာ မဟုတ်ခဲ့ပေ။
လွန်ခဲ့သော ရာစုနှစ်များကတည်းကပင် ထိုအခြင်းအရာကိုကန့်ကွက်ခဲ့ကြသည်။ တောင်အနောက်ဘက်ဒေသများတွင် ထိုသို့ကိုယ်ဝန်ရပါက အများကဝိုင်းလှောင်၍ သရော်ကြကာ အရှက်ရနိုင်သည်။
သို့သော် ယခုထိုသတင်းဆိုးက လင်းဟုန်နကို မတုန်လှုပ်စေနိုင်ပေ။ လင်းဟုန်နနှင့် စွင်းကျားလျန်သည် ပြဿနာများတက်ခဲ့လေသည်။
မြို့ထဲ၊ မြို့ပြင်မှ လူတော်တော်များများလည်း ထိုအကြောင်းကို ပြောဆိုနေကြသည်။
နှစ်ဖက်လုံးအကြောင်း ပြောကြခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ တုန်းကလို မဟုတ်ပဲ မိန်းကလေးတစ်ယောက်၏ ဆံပင်ကို ထိမိလျှင်ပင် ရဲစခန်းသို့ ရောက်နိုင်ခြင်းကြောင့်ဖြစ်သည်။
လင်းဟုန်နသည် စွန့်စားမှုတစ်ခုလုပ်လိုက်ခြင်းဖြစ်သည်။ ယခုသူမတွင် ဆုံးရှုံးစရာပင်မရှိတော့။
သူမတွင် ဆပ်ပြာစက်ရုံမှ ယာယီအလုပ်သာ ရှိလေသည်။ စွင်းမိသားစုမှ သားဖြစ်သူကို လက်ထပ်ရန် မိဘများနှင့် အစ်ကိုများကလည်း သူမ၏ဂုဏ်သတင်းကိုစတေးစေချင်ကြသည်။
ကြံရာမရဖြစ်နေခဲ့ပြီး စွင်းမိသားစုကို အကျပ်ကိုင်ပါက မည်သို့ တုံ့ပြန်မည်ကို သေချာမသိခဲ့ပေ။
ထိုအချိန် ကုရှီတုန်းက အတင်းအဖျင်းကို နားထောင်ရန် ဂျီကျနေသဖြင့် ကျန်းဆွေ့လန်သည် လင်းယောင်ကိုမျက်စပစ် ပြလိုက်သည်။
လင်းယောင် ချက်ချင်းနားလည်သွားကာ အိတ်ကပ်ထဲမှ ဂွမ်းလုံး ၂ ခုကို သုန်ဇီ၏ နားသေးသေးလေးထဲသို့ထည့်လိုက်လေသည်။
ကုရှီတုန်း - “ အမေ အစ်မယောင်ယောင်က အဲဒီဂွမ်းလုံးတွေဘယ်ကရတာလဲ ”
ဦးလေး မန်ဆန်ဒေါသထွက်သွားပြီး ဆွေ့လန်ကိုရိုက်လိုက်ပြီး “ဘာလုပ်နေတာလဲ။ ဆွဲကုတ်ချင်လို့လား ”
ဦးလေးကျန်းလည်း အကြံပေးခဲ့သည်။ “ ဒီနေရာမှာ ငါတို့ယောကျာ်းတွေက ကုန်းပြီး အကျောဆန့်ထားရမယ်။ ကြည့် မင်းယောက်မ ကုတ်ထားတာ။ နေသားကျသွားမှာပါ ”
ကုမန်ဆန် - “ ….”
ကျန်းဆွေ့လန် ကျေနပ်စွာဖြင့်ခေါင်းညိမ့်လိုက်ပြီး ဦးလေးကျန်း ဘက်ကိုမေးဆက်ပြလိုက်သည်။ “ အစ်ကို၊ လျှောက်ပြောနေတာမလား။ လင်းဟုန်န ဘာတွေဖြစ်နေတာလဲ။ “
ဦးလေးကျန်းရယ်လိုက်ပြီး လက်ထဲမှ သားရေကြာပွတ်ကိုလှုပ်ရမ်းလိုက်ကာ တချွင်ချွင်မြည်နေသော ခေါင်းလောင်းသံကြားတွင် သူကြားခဲ့သော သတင်းကိုပြောလေသည်။
လင်းဟုန်နနှင့် စွင်းကျားလျန်ကြားက ပတ်သတ်မှုသည် စွင်းမိသားစုကို လိမ်လည်ပြီး စွင်းကျားလျန်နှင့်လက်ထပ်ခဲ့ခြင်းထက်မပိုပေ။
အရင်တခေါက်ကအတ်ိုင်းပင်။
နှင်းကျနေသောညတစ်ည၌ လင်းဟုန်နသည် စွင်းကျားလျန်၏ အိမ်တံခါးကိုခေါက်ကာ ဆွဲဆောင်ခဲ့ခြင်းဖြစ်သည်။
စွင်းကျားလျန်သည် ဆပ်ပြာစက်ရုံ၏ အဆောင်သို့ ၂ ရက် တစ်ခါသွားလေ့ရှိပြီး လူအများသံသယဝင်ခြင်းမှကင်းစေရန် ညဘက်တော်တော်နောက်ကျမှသာ အပြင်ထွက်တက်သည်။
သို့သော် မြစ်ချောင်းနားဖြတ်ပြီး ဘယ်မှဖိနပ်ရေမစိုပဲနေအံ့နည်း။ စွင်းကျားလျန်သည် ထိုမိန်းကလေးဆောင်သို့ အခေါက်ပေါင်းများစွာ သွားသည့်အတွက် ဆပ်ပြာစက်ရုံမှ မိန်းကလေးများက သူကိုသတိထားမိကြလေသည်။ ကြာလာသောအခါ ထိုမိန်းကလေးများကြားတွင် ယာယီအလုပ်သမ လင်းဟုန်နနှင့် စွင်းကျားလျန်တို့တစ်ခန်းထဲနေကြသည့် သတင်းပျံ့လာခဲ့သည်။
စွင်းကျားလျန်သည် လင်းဟုန်နမှလွဲ၍ မည်သူ့ကိုလာတွေ့ရမည်နည်း။
လင်းဟုန်နနှင့် စွင်းကျားလျန်တို့ ချစ်ကြိုက်နေသည်ဟူသော သတင်းမှာ မြို့ထဲ၌ ဟိုးလေးတကျော်ကျော် ပင်။
စွင်းမိသားစုသည်လည်း ငြိမ်၍မနေတော့ပဲ လင်းဟုန်နနှင့် အဆက်အသွယ်ဖြတ်ရန် ပြောလေသည်။
လင်းဟုန်နသည် ပူနေသောအိုးထဲမှ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ပင်။ သူမ၏ ဗိုက်မှာကြီးထွားလာပြီး နံနက်ခင်းတွင် ပျို့အန်ခြင်းများဖြစ်လာခဲ့သည်။
ထိုသို့ဖြစ်လာသောအခါ လင်းတာ့ကော်တို့ မိသားစု လေးယောက် အလွန်ဝမ်းသာသွားခဲ့သည်။
အပြင်တွင် အကြွေးရှောင်နေသော လင်းဟုန်ဝူလည်း အိမ်သို့ပြန်ရောက်လာသည်။ ထို့နောက် လင်းဟုန်ဝူနှင့်မိသားစုတစ်ခုလုံးက စွင်းကျားလျန်ကို အပိုင်သိမ်းရန်အကြံပေးကြသည်။
လင်းတာ့ကော် မိသားစုတွင် လီအိုက်ဖုန်းသည် ဦးနှောက်မဲ့ကာ ကပျက်ကချော်နှင့် အခွင့်ရေး ယူတက်သောသူမျိုးဖြစ်ပြီး လင်းဟုန်ဝူသည် ရုပ်ပိုင်းဆိုင်ရာတွင် ကြောက်ဖို့ကောင်း၍ လူရှိန်သော်လည်း တကယ့်အမှန်စင်စစ်မှာ ပျော့ညံ့လေသည်။ ထိုဇနီးမောင်နှံတွင် ကလေးတစ်ယောက်ရှိလေသည်။
လင်းဟုန်ဝူသည် အလွန်ပင်ကောက်ကျစ်တတ်ပြီး လီအိုက်ဖုန်းသည်လည်း ထိုနည်းလည်းကောင်းပင်။ မိဘများက စိတ်မချရသောကြောင့် ၂ ယောက်သား တ်ိုးတိုးတိတ်တိတ် စွင်းကျားလျန်ကို ချောက်ချရန် စီစဉ်လေသည်။
လင်းဟုန်ဝူသည် လူမိုက်များဖြင့် ပေါင်းသောကြောင့် မကောင်းသော အတက်မျိုးစုံ ကျွမ်းကျင်ပေသည်။
ရှေးစကားဖြစ်သော “ ဇနီးသည် သည်ကိုယ်လုပ်တော်ထက်ပိုဆိုးပြီး ကိုယ်လုပ်တော်သည် သူခိုးထက်ပိုဆိုးသည် ” ဟုဆိုသည့်အတိုင်းပင်။
ယောကျာ်းတိုင်းသည် ခ်ိုးယူ၍ရသောမိန်းမကို အောင်သွယ်၍ရသော မိန်းမထက် ပို ခုန်မင်နှစ်သက်ကြသည် !
မိန်းမကလေးအဆောင်ကို သွား၍ လိင်ဆက်ဆံတက်သော စွင်းကျားလျန်ကို ထောက်ချောက်ဆင်မည့်သူမှာ လင်းဟုန်ဝူပင်ဖြစ်သည်။
စွင်းကျားလျန်သည်လည်း လင်းဟုန်န နှင့် အနည်းငယ်အချစ်ကစားပြီး ပျင်းသွားခဲ့လျှင် အချိုသပ်ပြီး အပြီးသတ်လမ်းခွဲရန် စီစဉ်ထားလေသည်။
လင်းမိသားစုသည် အာဏာမရှိသည့်အတွက် စွင်းမိသားစုကို ဘယ်လိုနည်းနှင့်မှ အကျပ်ကိုင်နိုင်မည်မဟုတ်ပေ။
နှစ်ဦးနှစ်ဖက်လုံး လျှို့ဝှက်စွာ လှုပ်ရှားနေခဲ့ကြသည်။ စွင်းကျားလျန်တစ်ဦးတည်းနှင့် လင်းမောင်နှမ အင်အားချင်းမညီပေ။
လွန်ခဲ့သော ၃ ရက်က စွင်းကျားလျန်သည် ဆပ်ပြာစက်ရုံမှ အဆောင်မှ လင်းဟုန်နဆီိသို့ တိတ်တဆိတ်သွားရောက်ခဲ့လေသည်။
စိတ်ကျေနပ်မှုများရပြီးသွားသောအခါ စွင်းကျားလျန်သည် ဘောင်းဘီကိုပြန်ဝတ်ကာ အိမ်ပြန်ရန်ပြင်ဆင်လေသည်။ အဆောင်တံခါးဆီသို့ မရောက်မီ အပြင်ဘက်၌ စောင့်ကြောင့်ထိုင်နေသော လင်းဟုန်ဝူသည် ဓာတ်မီးဖြင့် အခန်းထဲသို့ဝင်ကာ မဒိန်းကောင်ကို ဖမ်းရန် လုပ်လေသည်။
စွင်းကျားလျန် အလွန်ပင် ထိတ်လန့်သွားခဲ့သည်။
သူသည် လင်းဟုန်နကို အပျော်သဘောသာ ပတ်သတ်ချင်၍ အတည်တကျ ဆက်ဆံရေးမျိုးကို မလိုလားပေ။ သို့သော် လင်းမိသားစုနှင့် ပတ်သက်မိလျှင် လွတ်လမ်းမရှိနိုင်။
ထွက်ပြေးရန်လုပ်သည့်အချိန်မှာပင် လင်းဟုန်ဝူ၏ လက်သီးချက်က ရောက်ရှိလာသည်။
စွင်းကျားလျန်မရှောင်နိုင်ပဲ ကြမ်းပြင်ပေါ်သို့ ပစ်ကျသွားလေသည်။
လင်းဟုန်ဝူသည် အပီအပြင် စီစဉ်ထားသည့်အတ်ိုင်း စွင်းကျားလျန်တင်မက လင်းဟုန်နကိုလည်း ရိုက်လေသည်။
လက်သီးဖြင့်လည်းထိုး ခြေထောက်ဖြင့်လည်း ကန်သောအခါ ငိုယိုနေသော လင်းဟုန်နကြောင့် စက်ရုံတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။
ပြသနာက တဖြည်းဖြည်းကြီး မားလာသောအခါ စွင်းကျားလျန် မတက်သာသည့်အဆုံး အားလုံးကို လင်းဟုန်န နှင့်တွဲနေကြောင်း ဝန်ခံခဲ့သည်။ မကြာမီ စေ့စပ်လိုက်ပြီး လက်ထပ်ရန်ပြင်ဆင်ရလေပြီ။ သူ၏ တဏှာကို အတော မသတ်နိုင်ခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။
လင်းဟုန်ဝူသည် နိုင်ငံခြားမှ ပြန်လာသည်ဟု ဖောရှလုကိုပြောထားခဲ့ပြီ ညီမဖြစ်သူဆီမှ ဒေါ်လာအချို့ချေးကာအိမ်ပြန်ခဲ့လေသည်။ ထို့နောက် စွင်းကျားလျန်နှင့်တွေ့လေသည်။ အစက နိုင်ငံခြားတွင် ပုန်းနေသည့်အတွက်ဘာမှမသိခဲ့ပေ။ ယခု လူမိုက်တစ်ယောက်ကဲ့သို့ စိတ်မရှည်တော့ပဲ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့လေသည်။
အားလုံးက အခြေအနေကို နားလည်ကြသော်လည်း သူတစ်ပါး မိသားစုရေး ဖြစ်နေသည့်အတွက် ဝင်မစွက်ဖက်ကြပေ။
လင်းမောင်နှမ၏ လှည့်ကွက်ကြားတွင် စွင်းကျားလျန်အငိုက်မိသွားလေသည်။
သတင်းကြားသိသွားသောအခါ စွင်းမိသားစု ရောက်ချလာပြီး လင်းတာ့ကော်နှင့် လီအိုက်ဖုန်းလည်း နယ်ဘက်မှရောက်လာလေသည်။ လီအိုက်ဖုန်းကတော့ မျက်ရည်ပေါက် ကြီးငယ်ကျပြကာ လူမြင်ကောင်းအောင်ဟန်ဆောင်လေသည်။
စွင်းအမေကြီးမှာလည်း အလွန်ပင်ရှက်၍ မျက်နှာပင်မပြရဲပေ။ ကောင်တီမှ အမျိုးသမီးတစ်ယောက်အနေနှင့် ထိုသို့အရှက်မဲ့သော အခြေအနေမျိုး မကြုံဖူးပေ။ အလွန်ဒေါသထွက်နေသည့် အထဲ လီအိုက်ဖုန်းကြောင့် ခေါင်းပင် ကိုက်သွားခဲ့သည်။
စွင်းအဖေကြီးမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့လေသည်။ သူ၏သားကို ထိုကဲ့သို့ ယုတ်ညံ့ပြီး အရှက်မဲ့စွာကောက်ကျစ်တက်သော မိသားစုနှင့် ပတ်သက်လိမ့်မည်ဟုမထင်ထားပေ။ ပတ်သက်သည့်နေရာမှာမှ အိပ်ရာထဲ၌ပင် မဒိန်းကောင်ဟု စွပ်စွဲခံရသည်။
စွင်းကျားလျန်၏ ကိစ္စမှာ ကြီးသည်ဟုလည်းမဆိုနိုင်၊ သေးသည်ဟုလည်းမဆိုနိုင်ချေ။ သို့သော်လျှော့တွက်၍တော့ မရချေ။
သားဖြစ်သူ နောင်ရေးအတွက် စွင်းမိသားစုသည် မတက်သာသည့်အဆုံး လင်းဟုန်နနှင့် လက်ထပ်ပေးပြီး ချွေးမအဖြစ် လက်ခံရတော့မည်။
လင်းဟုန်နသည် အရှက်သည်းစွာ နံနက်ခင်း၌ ပျို့အန်သည်ကို ထုတ်ကြွားလေသည်။
အခုတော့ စွင်းအမေနှင့်အတူ အဖေဖြစ်သူလည်း သွေးတက်ကာ မူးလဲမတက်ဖြစ်လေပြီ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဖြစ်သမျှအကြောင်း အကောင်းဟုသာဆိုရတော့မည် ဖြစ်သည်။
နောက်ဆုံးတော့ စွင်း မိသားစုသည် မင်္ဂလာပွဲကိုစီစဉ်ပေးလိုက်ရတော့သည်။ လီအိုက်ဖုန်းသာ လျှောက်မပြောလျှင်တစ်ရွာလုံး သိမည်မဟုတ်ပေ။
လီအိုက်ဖုန်းသည် ကလိမ်ကကျစ်ဖြင့် တစ်ရွာလုံးသာမက အခြားရွာမှလူများကို မကြာမီ သူမ၏သမီး ကံကောင်းတော့မည်ဖြစ်ကြောင်း၊ မြေးတစ်ယောက်လည်းရတော့မည်ဖြစ်ကြောင်း ပြောလေသည်။ ထို့ကြောင်းအားလုံးကပင် ကောင်းချီးစကားပြောပေးကြသည်။
ထိုစကားကိုပြန်ကြားရသောအခါ လင်းတာ့ကော် ထိုမိန်းမကို ဖြတ်ရိုက်ချင်နေမိသည်။
ရွာသူရွာသားများလည်း စွင်းမိသားစုက လင်းဟုန်နကိုလက်ခံရခြင်းမှာ ဗိုက်ထဲမှ ကိုယ်ဝန်ကြောင့်မှန်းသိသွားလေသည်။
စွင်းမိသားစုကို အကွက်ချစီစဉ်ခဲ့သည့် အကြောင့်များကို လင်းဟုန်ဝူက ဝိုင်သွားသောက်သည့်အချိန် မူးမူးနှင့်အကုန်ပြောပြလေသည်။
တစ်ယောက်စကား တစ်ယောက်နားသို့ ရောက်ကာ မကြာမီပင် အားလုံးသိသွားကြလေသည်။
ဖြစ်ကြောင်းကုန်စင်ပြောပြပြီး ဦးလေးကျန်း အာပင်ခြောက်နေလေပြီ။
ကုမိသားစုလည်း လင်းတာ့ကော် မိသားစုတွင်ဖြစ်ပျက်နေသည်များကိုကြားရပြီး အလွန်ပင်အံ့အားသင့်ကုန်ကြသည်။
ဦးလေး ကျန်းကတော့ ထိုဖြစ်ရပ်ဆန်းကိုတွေးပြီး ခေါင်းသာခါနိုင်တော့သည်။ ပို၍ထူးဆန်းသည့်ဖြစ်ရပ် မရှိနိုင်တော့ပေ။
ယွင်ရွှေမှ လူနေမှုပုံစံသည် ရိုးရှင်းပေသည်။ မြို့ထဲ၌ ထူးချွန်သူများရှိနေပြိီး ယဉ်ကျေးမှု၊ တရားမျှတမှု၊ ရိုးသားမှု တို့သည် နယ်ဘက်ဒေသထက်ပို၍ ထွန်းကားလေသည်။ ဦးလေးကျန်းသည် ဘဝ တစ်ဝက်စာထိုနေရာတွင်နေထိုင်ခဲ့ပြီး များစွာကြုံတွေ့ခဲ့ရသည်။ ညီမဖြစ်သူက ရှေးဆန်မှန်းသိသောကြောင့် ပါးစပ်ပိတ်နေလိုက်သည်။
လောင်ကုမိသားစု အတန်ကြာသည်အထိ စကားမပြောဖြစ်ပေ။
ထို့နောက် ကျန်းဆွေ့လန် ပျော်ရွှင်နေသည့်ဟန်ဖြင့် ရင်ဘတ်ကိုပုတ်ကာ “ ကုမိသားစုကို ဘိုးဘေးတွေကစောင့်ရှောက်ပေးလိုက်တာပဲ။ ဘိုးဘေးတွေက စောင့်ရှောက်ပေးလိုက်တာပဲ”
နားထဲတွင်ဂွမ်းလုံး ၂ ခုဖြင့် ကောင်စုတ်လေးကတော့ ဦးလေးဖြစ်သူ ပါးစပ်ပိတ်လိုက်၊ ဟလိုက်၊ ခေါင်းကုတ်လိုက်၊ နားရွက်ကုတ်လိုက်ဖြင့် ဘာတွေပြောနေလဲဆိုတာ သိချင်နေခဲ့သည်။
လင်းယောင် ဂွမ်းလုံး ၂ ခု ကို ထုတ်ပေးလိုက်သောအခါ “ မမယောင်ယောင်၊ ဦးလေး ဘာတွေပြောနေတာလဲ”
လင်းယောင် ရေနွေးအိုးကိုယူ၍ ပျားရည်ဖြင့်နှပ်ထားသော ချိုမြိန်သည့် ရေနွေးကို သောက်လိုက်ကာ ခန္ဓာကိုယ် တစ်ခုလုံးနွေးသွားခဲ့သည်။ နောက်ထပ်တစ်ငုံကိုသောက်၍ သုန်ဇီကိုကြည့်လိုက်သည်။ ထိုကလေးက စကားမပြောမီ ထခုန်မတက်ပင်။
“ဦးလေးက …”
“ ဟင်?”
ဘာပြောခဲ့တာလဲ?
ကုရှီတုန်း စိတ်ဝင်တစား စောင့်မျှော်နေလေသည်။
“ စာသေချာမလုပ်ရင် နယ်ပြန်ပြီး နွားချေးကျုံးရမယ်တဲ့။ ချေးကျုံးဖို့တောင်းလည်း အဆင်သင့်ပဲတဲ့”
ကုရှီတုန်း - “ …”
ကလေးစုတ်လေးက ဆူပုတ်ပုတ်ဖြင့် ကြောင်အဝါလေးကိုသာ ဘာမှပြန်မပြောတော့ပဲ ဖက်ထားလေသည်။
ကုရှီအန်း မျက်လုံးများက ပြုံးရောင်သန်းနေခဲ့သည်။ ကားကိုအရှိန်တင်လိုက်ပြီး မောင်းလိုက်လေသည်။ ဦးလေးကျန်းကို ကားကိုမှီရန် မြည်းလှည်း မြန်မြန်မောင်းလိုက်သည်။
တောင်လမ်းမှာ အလွန်ပင် ကြမ်းတမ်းလှသည်။ ၂၀ မိနစ်အကြာ မောင်းနှင်အပြီး ဂျစ်ကားသည် ကုကျားအောင် ရွာအဝင်ဝသို့ ရောက်လေပြီ။
ကုကျားအောင်ရွာမှာ အလွန်သေးငယ်၍ တစ်ရွာလုံးမှာ စုစုပေါင်းဒါဇင် အနည်းငယ်သာ နေထိုင်ကြသည်။
ကုမိသားစု၏အိမ်သည် ဝါးတောအရှေ့တွင်ဖြစ်သည်။ဆောင်းနံနက်ခင်း ဖြစ်သောကြောင့် လမ်းတစ်လျှောက် ညှိုးနေသောမြက်များ၊ မြူနှင်းဖြူများဖြင့် အုံ့အုံ့ဆိုင်းဆိုင်းပင်။ လမ်း၏ တစ်ဖက်စီတွင် ဝါးပင်များရှိပြီး ဖြောင့်ဖြူးသည့်အတွက် လမ်းလျှောက်ရ အဆင်ပြေသည်။
မကြာခင်က ပြုပြင်ထားသော ဝါးတောနားမှ ကုမိသားစု၏ အိမ်မှာ ထူးခြားနေခဲ့သည်။
လင်းယောင် ကားပေါ်မှဆင်း၍ အိမ်အိုကြီးကို ကြည့်လိုက်သည်။ ကြီးမားနွေးထွေးသော လက်တစ်စုံက သူမ၏ လက်ကို ကိုင်ပေးထားလေသည်။