← Chapters

အခန်း (၅၀)

Vol. 5 Ch. 50

အခန်း (၅၀)

Vol. 5 Ch. 50

ညနေ ၇နာရီမှာ၊ မိုးတွေစတင်ရွာသွန်းလာပြီး ခြံအပြင်ဘက်မှာ လေတွေစတင်တိုက်ခတ်လာခဲ့သည်။ ဆောင်းတွင်းနောက်ပိုင်းမှာ ရွာတဲ့မိုးနဲ့ နွေရာသီမှာ ရွာတဲ့မိုးမှာ မတူ ကွဲပြားကြသည်။ ညဘက်အများစုမှာ၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းများ ကြာမြင့်စွာဖြစ်ပေါ်ခြင်းမရှိတတ်ပါ။

လင်းယောင်က အိမ်မှာ လုပ်စရာ တစိုးတစိမျှမရှိ။ သူမက တံခါးသော့ကို ထည့်လိုက်ပြီး တခဏအတွင်း နေရာကို ရှင်းလိုက်သည်။ ပြီးနောက်၊ စားပွဲပေါ်မှာ တင်ထားတဲ့ ကုရှီအန်းရဲ့ စစ်ဘက်ဆိုင်ရာ စာအုပ်တွေကို လေ့လာနေခဲ့သည်။သူမက တွေ့ကရာစာအုပ်တချို့ကို ဖွင့်ပြီး ဖတ်လိုက်သည်။

" စစ်ပွဲ ", " စစ်ပရိယာယ်" နှင့် " စွင်းကျူ၏ကျမ်း" စသည့် စာအုပ်တစ်အုပ်စီတိုင်းက သူမအတွက် နားလည်ဖို့ ခက်ခဲတာကြောင့် သူမရဲ့မျက်လုံးတွေ ငိုက်မြည်းလာခဲ့သည်။

စာအုပ်တစ်အုပ်ကို ဖတ်နေခြင်း မဟုတ်ပေမယ့်၊ သားချော့တေးတစ်ပုဒ်ကို နားထောင်နေခြင်းဖစ်သည်။

လင်းယောင်က စာဖတ်တာကို ရပ်လိုက်ပြီး၊ ပန်းပွင့်ဂါဝန်လေးကို ဝတ်ဆင်ကာ မိုးရွာထဲကို ပျော်ရွှင်စွာ ပြေးထွက်သွားခဲ့သည်။

ဆောင်းရာသီမှာ၊ ရွှေရောင်သဖန်းသီးတွေကို ကြည့်ရတာ အနုပညာဆန်လွန်းလှသည်။ သဖန်းသီးအရွက်များ အဝါရောင်သို့ ပြောင်းလဲခြင်းမရှိခဲ့ရင် ပို၍တောင် လှပနေပါလိမ့်မည်။

အပြင်ဘက်မှာ မိုးရွာနေခဲ့သည်။ ကုမန်ဆန်သည် သူ့ရဲ့ ဘောင်းဘီအနားစတွေကို မတင်ပြီး ခြေဆေးဖို့ ထွက်လာခဲ့သည်။ သုန်ဇီသည် တစ်ခုခုကို တူးနေကာ " ဒင်-ဒေါင်-ဒေါင် " စသဖြင့် အသံများ ကြားနေရသည်။

ကျန်းဆွေ့လန်က ကောင်စုတ်လေးကို ဆူပြီးတော့ လင်းယောင်ကို တံခါးကနေ လှမ်းသတိပေးခဲ့သည်။ " ယောင်ယောင် အပြင်မှာ အေးတယ်၊ အိပ်ယာစောစောဝင်ပြီးတော့ အအေးပတ်မခံနဲ့နော်။ အိမ်မှာ စောင်‌တွေရော လောက်ရဲ့လား? မဟုတ်ဘူး၊ မလောက်လောက်ဘူး။ အမေ သမီးကို အိပ်ယာအပိုနဲ့ စောင်ထူထူတစ်ထည် လာပေးမယ်။ "

လင်းယောင်က ရိုးရှင်းစွာသဘောတူခဲ့ပြီးနောက် အခန်းထဲက စောင်က အရမ်းနွေးပြီး ထပ်မလိုတော့ဘူးဟု ပြောတာကြောင့် ကျန်းဆွေ့လန် တစ်ယောက် စိတ်အေးချမ်းစွာ အိပ်ပျော်နိုင်ခဲ့ပါသည်။

၉ နာရီခွဲ မတိုင်ခင်ထိ ကုရှီအန်း တစ်ယောက်ကို မတွေ့ရသေးပေ။

လင်း‌ယောင် အဲ့ဒီအကြောင်းကို တစ်ခဏလောက် တွေးခဲ့မိသည်။ ပြည်သူ့လုံခြုံရေးဌာန၌ ကြီးမားသော ကိစ္စတစ်ခုရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး အချိန်ပို အလုပ်လုပ်ပြီးနောက် အိပ်ယာဝင်နောက်ကျခဲ့သည်။

စိုစွတ်အေးမြသည့် မိုးရေနှင့်လေများသည် ဟောခန်းတစ်လျှောက် ဖြတ်သန်းလာသဖြင့် လင်း‌ယောင် တ‌စ်ယောက် ခိုက်ခိုက်မတုန်ဘဲ မနေနိုင်ပေ။ အပြင်တွင် အလွန်ကို အေးနေခဲ့ပြီး ယနေ့နေ့လည်တွင် သူမအအေးမိခဲ့သည်။ သူမနှာချေခဲ့သည်၊ အဝတ်များ လုံခြုံတင်းကြပ်အောင်ဝတ်ပြီးနောက် အိမ်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။ အိပ်ယာပေါ်သို့ တက်ပြီးနောက် သူမကိုယ်ကို ‌‌နွေးထွေးအောင် စောင်ဖြင့်ပတ်လိုက်သည်။

ပြဿနာတွေနှင့် ပြည့်နှက်နေသော ကုရှီအန်း ပြန်လာသည်အထိ စောင့်ဖို့ရာ မလွယ်ကူခဲ့ပေ။

လင်း‌ယောင် တစ်ယောက်ပြေးသွားပြီး ညည်းညူခဲ့သည်။

ကုရှီအန်းသည် သူ၏ အဖြူရောင်ရဲဝတ်စုံကို မလဲမီတွင် သူ၏ကလေးမလေးမှာ ပြေးလာကာ အော်ဟစ်ခဲ့သည်။ သူသည် ပထမဆုံး နူးညံ့စွာ ပြန်လည်ကြည့်ခဲ့သည်။ သို့ပေမယ့်လည်း မိနစ်အနည်းငယ်နားထောင်ပြီးနောက် သူ၏မျက်လုံးမှာ မှောင်မိုက်လာပြီး သူ့အနီးဝန်းကျင်ရှိ လေထုကိုမခံစားရတော့ချေ။ ထိုအရာသည် အနည်းငယ် ကြောက်ဖို့ကောင်းသော်လည်း လင်း‌ယောင် တစ်ယောက်မှာ ကြောက်ရွံ့မနေပေ။ သူမကို စောင်ထဲတွင်ပတ်ထားခဲ့သည်ကို နားလည်သဘောကျမည်လား။

ထို့အပြင် လင်း‌ယောင်သည် လက်ထောက်ဒါရိုက်တာကု ရောက်ရှိလာသောအခါ အထက်စီးဆန်စွာဆက်ဆံခဲ့သည်။ ကုရှီအန်းသည် အမြဲတမ်း သူ့အပေါ်တွင် ကောင်းမွန်စွာဆက်ဆံရန် အလိုရှိနေသူတစ်ဦးဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ကျန်းတာ့ချန်၏ မိသားစုမှာ ကောင်းချီးများအတွက် ပို၍တောင်းခံရမည်ဖြစ်သည်။ အခုချိန်တွင် လက်ထောက်ဒါရိုက်တာကု၏ မျက်နှာမှာ မကောင်းလှချေ။

လင်း‌ယောင်၏ စကားများကို နားထောင်ပြီးနောက် ကုရှီအန်းသည် အေးစက်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။ ပြီးနောက် ဘာမှ မဖြစ်ပျက်ခဲ့သလို ငြိမ်သက်သွားခဲ့သည်။

"အရမ်းအေးနေမှန်း ကိုယ်သိတယ်၊ စောစောအိပ်ယာဝင်ကြရအောင်"

လက်ထောက်ဒါရိုက်တာကု၏ စကားလုံးများနှင့်အတူ လင်း‌ယောင် တစ်ယောက် စိတ်သက်သာရာ ရသွားကာ သမ်းဝေပြီးနောက် အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။

ရက်သတ္တပတ်ကြာပြီးနောက် ကျန်းတာ့ချန်၏ မိသားစုဝင်လေးယောက် ဆေးရုံမှ ဆင်းလာကာ အိမ်သို့ ပြန်လာခဲ့ကြသည်။ လျို့အာ့‌ဆွေ့သည် ကျန်းမာရေးစင်တာတွင်သာ လဲလျောင်းနေခဲ့သည်။

အစားအသောက်တွေအတွက် ကန်တင်းရှိပြီး အကြောဆေးအရည်များကို စီမံခန့်ခွဲဖို့အတွက် သူနာပြုတစ်ယောက် ရှိသည်။ အကြီးဆုံးနဲ့ ဒုတိယအစ်မတို့က သူမကို နှစ်သိမ့်ဖို့ တိုက်ခိုက်ခဲ့ကြသည်။ ကိုယ့်ကိုယ်ကို ကျွေးမွေးပြီး စည်သွတ်ဘူးမုန့်တွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် ဝယ်ပြီး ပို့ပေးနိုင်သည်။ တစ်နေ့လုံး ဘာမှလုပ်စရာမရှိခဲ့ပေ။ ပြီးတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်နေတဲ့အချိန်မှာ ကိုယ့်ကို တစ်စုံတစ်ယောက်က စောင့်နေပေးတာက အလွန်ကောင်းတဲ့ကိစ္စတစ်ခုဖြစ်သည်။

ကောင်တီထဲက ကျွမ်းကျင်အလုပ်သမားတွေရဲ့ ဇနီးတွေအားလုံးမှာ နူးညံ့တဲ့အသား‌အရည်ရှိပြီး ကောင်းကောင်းထိန်းသိမ်းထားနိုင်တယ်ဆိုတာက အံ့ဩစရာမရှိပါ။ အိမ်မှာ နန်နီတွေရှိကြပြီး ရေတောင်ထိစရာမလိုကြပေ။ အဲ့လိုဘဝက ပျော်စရာကောင်းတယ်ဆိုတာ အံ့ဩစရာမရှိပါပေ။

လျို့အာ့ဆွေ့က သူမရဲ့ ဗိုက်က သက်တောင့်သက်သာမရှိဘူး ပြီးတော့ မြေကြီးပေါ်ကိုရောက်တာနဲ့ သူမရဲ့ခြေထောက်တွေ အားလျော့သွားပြီး အလုပ်ကိုမသွားချင်ဘူးလို့ ညည်းညူနေသည်။

ကျန်းတာ့ချန်က ဖျားနာမှုကနေ ပြန်ပြီသက်သာလာတုန်းပဲရှိသေးသည်။ သူမနဲ့ လမ်းခွဲဖို့ သူ့မှာ အင်အားမရှိခဲ့ပေ။ ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်က ကောင်းကောင်းပြန်မကောင်းသေး။ ရက်ပေါင်းများစွာ ဆွဲထားပြီးတဲ့နောက်မှာ သူအားနည်းလာခဲ့သည်။ သူလှမ်းတဲ့ ခြေလှမ်းတိုင်း ယိုင်ထိုးနေခဲ့ပေမယ့် သူ အားတင်းထားတုန်းပဲဖြစ်သည်။

ကန်တင်းကို စစ်ကြည့်လိုက်ပါဦး။

သူ တစ်ကယ်ကို စိတ်ပူနေခဲ့သည်။ ထို့အပြင်၊ သူက ကျွမ်းကျင်စားဖိုမှူး တစ်‌ယောက်ဖြစ်ပြီး သံမဏိစက်ရုံရဲ့ မီးဖိုချောင်မှာ အကူနှစ်ယောက်ရှိသည်။ သူတို့နှစ်ယောက်လုံးက ကျန်းတာ့ချန်ရဲ့လက်အောက်မှာ အချက်အပြုတ်သင်ကြသည်။ သူတို့ထဲက တစ်ယောက်က အလုပ်သမားအဖွဲ့အစည်း ဥက္ကဌရဲ့ တူ ဖြစ်သည်။

သစ်ပင်ကြီးကို ကျောပေးထားရင်း အရိပ်အောက်မှာထိုင်ကာ ကျန်းတာ့ချန်က ကပ်ဘေးကို အပြည့်အဝခံစားနေရသည်။ သူက တုန်ယင်နေပြီးနောက် ကန်တင်းကို သွားခဲ့သည်။

အနောက်ဘက်မီးဖိုချောင်ထဲမှာ ဇွန်းတွေကို ‌အလေးချိန်ချိန်နေတဲ့တစ်ယောက်က အလုပ်သမားအဖွဲ့အစည်းဥက္ကဌရဲ့ တူ မဟုတ်ပါလား။

ကျန်းတာ့ချန်ကို ပိုပြီးတောင် စိတ်ညစ်အောင်လုပ်မယ့်အရာက နောက်ပိုင်းဖြစ်လာမည့်အရာဖြစ်သည်။ ပြန်လည်သက်သာလာပြီး လျို့အာ့ဆွေ့ ကန်တင်းကို ပြန်လာပြီး ပထမဆုံးရက်မှာ ကန်တင်းက ဝန်ထမ်းတွေက သူမ စားသောက်တန်းကနေ ပေါက်စီတွေနဲ့ အသားတွေ ခိုးယူနေတာကို မိသွားခဲ့သည်။

လျို့အာ့ဆွေ့ကလဲ မကျေနပ်တဲ့လူတစ်ယောက်ဖြစ်သည်။ အရင်တုန်းက ကန်တင်းဈေးဝယ်သူတွေက ရွာသားတစ်ဆီကနေ ဝက်သားတုံးတစ်ဝက်လောက် ဝယ်ဖို့ကို အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ဒီနေ့ခေတ်လို ကတ္တရာလမ်းတွေ မရှိတာကြောင့် ဈေးဝယ်သူတွေက စက်ဘီးနဲ့ သွားခဲ့ရသည်။

ကားတွေက ဝက်ခေါင်းတွေကို တင်ကာ တောင်တက်လမ်းတွေကနေ မိုင်ပေါင်းထောင်ချီပြီး သွားလာရသည်။ လမ်းတစ်ဝက်မှာ၊ ချောက်ထဲကို ပြုတ်ကျတော့မလို ဖြစ်သွားခဲ့သည်။ စက်ရုံကို မပြန်ခင်မှာ အရမ်းပင်ပန်းနေခဲ့ပြီး ချွေးတွေအရမ်းထွက်နေခဲ့သည်။

ဝက်သားတစ်ဝက်လောက်က အပြည့်ထည့်လိုက်တဲ့အခါ ငါးဆယ် ကီလိုဂရမ်လောက်သာ အလေးချိန်ရှိသည်။ တစ်ထောင်ထက်ပိုတဲ့ လူတွေက တစ်ယောက်ကို အနည်းငယ်သာ စားနိုင်ဖို့ရည်ရွယ်ထားတဲ့ ဝက်သားအချိန်ပေါင်းများစွာကို စားသောက်ခဲ့ကြသည်။

ဒီလိုနည်းနဲ့၊ ဝံပုလွေနှလုံးသားနဲ့ လျို့အာ့ဆွေ့က အသား ငါးကျပ်သားလောက်ကို လျို့ဝှက်စွာခပ်လိုက်ပြီး အိမ်ကို ယူသွားခဲ့သည်။

သူမ တစ်ယောက်တည်း အသားငါးကီလိုလောက်ကို ခိုးယူသွားခဲ့သည်။

အသား ငါးကီလိုဂရမ်က သူမရဲ့လက်ထဲမှာ ဖောင်းပွပြီး ပေါ်လွင်နေသည်။ မိန်းမတစ်ယောက်ဖြစ်တဲ့ လျို့အာ့ဆွေ့က သတင်းစာအစုတ်နဲ့ အိတ်ကို သာမန်ကာလျှံကာပဲ ပတ်ခဲ့ပြီး ကန်တင်းကနေ လမ်းမကြီးဘက်ကို လမ်းလျှောက်ကာထွက်သွားခဲ့သည်။

ကန်တင်းမှာအလုပ်လုပ်တဲ့ အစ်မဟောင်က တစ်ခုခုမှားနေပြီဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်သည်။ သူမ တစ်ကြိမ်ကို ခြေလှမ်းသုံးလှမ်းနဲ့ လျှပ်စီးလိုလျင်မြန်ကာ သွားခဲ့ပြီး လျို့အာ့ဆွေ့ရဲ့ ဝါးခြင်းတောင်းထဲက သတင်းစာကို ဖြဲလိုက်ပြီး သူမရဲ့ အဝတ်အစားတွေကို မြင်သာအောင်ပြခဲ့သည်။ ဝက်ဗိုက်သားကြီး တစ်တုံးပဲ!

" ဟုတ်ပြီ၊ ငါတို့ရဲ့ စားသောက်တန်းမှာ အသားခိုးတဲ့လူ‌ရှိနေတယ်။ "

" မြန်မြန်လုပ်၊ လုံခြုံရေးဌာနက ရဲဘော်တွေကို သူခိုးဖမ်းဖို့ ခေါ်လိုက်ကြတော့။ လျို့အာ့‌ဆွေ့က အသားတွေကို ခိုးခဲ့တာပဲ။ "

အစ်မဟောင်က လျို့အာ့ဆွေ့ ထွက်ပြေးမှာကို တားဆီးဖို့ လက်တစ်ဖက်နဲ့ ဆွဲထားလိုက်သည်၊ သူမရဲ့ခါးကို နောက်လက်တစ်ဖက်နဲ့ ဆွဲဆိတ်ထားပြီး သူမမျက်လုံးတွေ ကျယ်လာကာ ဒေါသထွက်စွာနဲ့ အပြင်ဘက်မှာ အော်ခဲ့သည်။

လျို့အာ့ဆွေ့က နာကျင်မှုနဲ့ ဒုက္ခရောက်နေခဲ့သည်။ အကြီးတန်းခေါင်းဆောင်တွေ‌နောက်က လိုက်လာပြီး သူမရှေ့ကိုပေါ်လာတဲ့ တည်ကြည်ခန့်ညားသော ကောင်တီဥက္ကဌကို သူမမြင်လိုက်ရသည်။

သူမရဲ့ နဖူးကနေ ချွေးတွေ စီးကျလာခဲ့သည်။

ပြီးသွားပြီ၊ ဒီအချိန်က တကယ်ကိစ္စပြီးပြီပင်!

‌အဲ့ဒီအချိန်မှာ ကျန်းတာ့ချန်က ‌အနောက်ဘက် မီးဖိုချောင်ထဲမှာ အလုပ်လုပ်နေခဲ့သည်။ သူထွက်လာပြီး ဒီဖြစ်ရပ်ကို မြင်လိုက်ရတဲ့အခါ၊ လှုံ့ဆော်မှုကြောင့် သူ့မျက်လုံးတွေ ရဲလာခဲ့သည်။ လျို့အာ့‌‌ဆွေ့က ရူးကြောင်နေပုံပေါ်ပြီး အစ်မဟောင်ကိုကြည့်ရင်း မျက်ရည်တွေ စီးကျနေသည်။ သူ့ရဲ့လက်ကိုမြှောက်ကာ လျို့အာ့ဆွေ့ကို ရိုက်ခဲ့သည်။ သူမ နှစ်လှမ်းလောက် နောက်ဆုတ်သွားပြီး သူမရဲ့ ဆဲဆိုနေတဲ့အသံတွေလဲ ရုတ်တစ်ရက် ရပ်တန့်သွားခဲ့ကာ သူမရဲ့ မျက်နှာတစ်ခြမ်းက ချက်ချင်း ယောင်ကိုင်းလာခဲ့သည်။

ပတ်ဝန်းကျင်စက်ရုံတွေကလာတဲ့ ရဲဘော်တွေက အတော်ကိုစိတ်ဆိုးနေကြပြီ၊ ဒါပေမယ့် ဒီရိုက်ချက်အပြီးမှာ သူတို့ ကြောက်လန့်သွားကြသည်။

ကျန်းတာ့ချန်က တစ်ကယ်ကို စာနာစိတ်လုံးဝမရှိပေ။

လျို့အာ့ဆွေ့က တော်လှန်ရေးအဖွဲ့အစည်းရဲ့ ပစ္စည်းဥစ္စာတွေကို ခိုးခဲ့တယ်ဆိုတဲ့အချက်က မှန်ကန်ပါသည်။ ပြီးတော့ မျက်မြင်သက်သေရော၊ သက်သေတွေပါရှိတာကြောင့် သူမအတွက် အငြင်းပွားစရာအချက် မရှိပေ။

ကျန်းတာ့ချန်က အလွန်အကြံကြီးတာကြောင့် သူမျက်ရည်တွေကျလာပြီး လျို့အာ့ဆွေ့ကို ထပ်ရိုက်လိုက်ပြန်သည်။

သူက မြေပေါ်ကို ဒူးထောက်ပြီး ခါးခါးသီးသီး ငိုခဲ့သည်။ " အာ့ဆွေ့ နင် စိတ်ရှုပ်ထွေးနေပြီ။ ငါ့ရဲ့ ယောက္ခမကြီးက နောက်ဆုံးအဆင့်ဖျားနာနေတယ်ဆိုတာ ငါသိပါတယ်။ ငါ့မှာ အသက်ရှူစရာတစ်ခါပဲကျန်တော့တာပါ၊ ပြီးတော့ မထွက်သွားခင်မှ ဝက်သားပြုတ်ကြော် စားချင်တယ်။ နင်ပိုပြီး စိတ်မရှည်ဖြစ်လာတယ်။ နင့်ယောက္ခမအပေါ် သိတတ်မှုကို ပြဖို့ စားသောက်တန်းက အသားတွေကို ခိုးလို့မရဘူးလေ။ ဒီလိုလုပ်ရင်၊ နင့်ယောက္ခမလဲ အသားစားနေရရင်တောင် စိတ်သက်သာရာရမှာမဟုတ်ဘူး။... "

လျို့အာ့ဆွေ့နဲ့ ကျန်းတာ့ချန်တို့က နှစ်ပေါင်းများစွာ ဇနီးမောင်နှံတွေ ဖြစ်ခဲ့ကြသည်။ ပြီးတော့ နောက်ဆုံးမှာ သူတို့ တစ်ယောက်ကိုတစ်ယောက် နားလည်လာကြသည်။ သူမရဲ့ မျက်လုံးတွေ လက်လာပြီး၊ သူမကိုယ်သူမ နှစ်ချက်လောက် ခပ်ကြမ်းကြမ်း ပါးရိုက်လိုက်ကာ မျက်နှာကိုအုပ်ပြီး စတင်ငိုတော့သည်။

" တာ့ချန် ငါအရမ်းစွဲလမ်းနေတာကို ငါသိပါတယ်၊ ဒါပေမယ့် အမေက အကြာကြီး မစောင့်နိုင်တော့ဘူး။ ဆရာဝန်က သူမ ဒီနေ့ည ရှင်သန်နိုင်မှာ မဟုတ်ဘူးတဲ့။ အမေက အသက်လေးဆယ်အရွယ်မှာ မုဆိုးမတစ်ယောက်ဖြစ်ခဲ့တယ်၊ ပြီးတော့ ကလေးငါးယောက်ကို ပျိုးထောင်ဖို့ ဒုက္ခအခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတာ။ သူမဘဝက ခက်ခဲပါတယ်။ သူမ အခု အသက်ခုနစ်ဆယ်ရှိပြီ။ အမေအိုကြီးက သူမဘဝမှာ ဝက်သားပြုတ်ကြော်တစ်ပန်းကန်တောင် ကောင်းကောင်းမစားဖူးခဲ့ဘူး။ သားသမီးတွေက မသိတတ်ဘူး။ ဘယ်သူပဲ မသိတတ်ပါစေ၊ အတွင်းရေးမှူးနဲ့ ဥက္ကဌ ကျွန်မအမှားတွေပါ။ ကျွန်မအမှားကို ဝန်ခံပါတယ်။ "

လျို့အာ့ဆွေ့က ခေါင်းဆောင် အမျိုးမျိုးရဲ့ရှေ့မှာအပြင်းအထန် " ဘန်း-ဘန်း-ဘန်း " ဆိုပြီးဦးညွှတ်လိုက်သည်။ သူ့ရဲ့ ဒုက္ခရောက်နေတဲ့ မျက်နှာက နေရာမှာရှိနေတဲ့ရဲဘော်တွေကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။

အတွင်းရေးမှူးဟောင်းက အကြင်နာတတ်ဆုံးဖြစ်ပြီး သူ့ရဲ့နဂိုတင်းမာနေတဲ့မျက်နှာက နူးညံ့သွားခဲ့သည်။ သူက သူ့ရဲ့လက်ကိုရမ်းလိုက်ပြီး လျို့အာ့ဆွေ့ကို အရင်ဆုံး ထစေခဲ့သည်။

ကောင်တီဥက္ကဌက မျက်နှာတည်စွာနဲ့ သူ့ကို အမြန်တားလိုက်သည်။ သူက စားပွဲကို "ဘန်း"ကနဲ ရိုက်ကာ၊ " မင်းမိဘတွေရဲ့ သားသမီးဖြစ်ရတာက တော်လှန်ရေးအဖွဲ့အစည်းရဲ့ ပစ္စည်းဥစ္စာတွေကိုခိုးဖို့ အကြောင်းပြချက်မဟုတ်ဘူး။ ဒီမှာ ရပ်နေတဲ့ ရဲဘော်တွေထဲက ဘယ်သူက အသက်မပြည့်သေးတာလဲ။ လူတိုင်းက မင်းလိုပဲဖြစ်ပြီး လူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ကန့်သက်ချက်မရှိဘဲ ခိုးယူနေရင်၊ သံမဏိစက်ရုံကြီးတစ်ခုလုံး ပြဿနာတက်သွားလိမ့်မယ်! မင်းက သံမဏိစက်ရုံရဲ့ ဂုဏ်သိက္ခာတွေကို အပုပ်ချနေတာပဲ။ အခုက လူတွေက ဆရာကြီးတွေဖြစ်နေကြတဲ့ လူမှုပတ်ဝန်းကျင် အသစ်တစ်ခုဖြစ်နေပြီ။ မင်းက ကံကြွေးချစနစ်မှာ ပါဝင်နေတာဆိုတော့ ရိုသေလေးစားရတဲ့ဩဝါဒ‌တွေရဲ့ ယုတ်ညံ့တဲ့သဘာဝအကြောင်းကို သိထားလား။ "

ကောင်တီဥက္ကဌက လျို့အာ့ဆွေ့ကို အရမ်းဆူပူကြိမ်းမောင်းနေခဲ့ပြီး သူက အရမ်းကြောက်လန့်နေကာ မြေကြီးပေါ်မှာ ငုံ့နေပြီး မလှုပ်ရဲလို့ ငြိမ်ငြိမ်လေးနေခဲ့သည်။

ကျန်းတာ့ချန်ကလဲ သူ့နှလုံးသားထဲမှာ "ဒိန်း"ကနဲ ဖြစ်သွားပြီး သူ့ရဲ့ မျက်နှာ ချက်ချင်းပျက်သွားခဲ့သည်။

နောက်ဆုံးမှာ လုံခြုံရေးဌာနက ရဲဘော်တွေက လင်းမယားနှစ်ယောက်ကို ဆွဲခေါ်သွားခဲ့သည်။ ယာယီအလုပ်သမား လျို့အာ့ဆွေ့ကို တိုက်ရိုက် အလုပ်ဖြုတ်လိုက်သည်။ သူက သူ့ကိုယ်သူ စက်ရုံစုပေါင်းအစည်းအဝေးမှာ ပြန်လည်ဆန်းစစ်ကြည့်ခဲ့ပြီး နေ့တိုင်း လမ်းတွေကို တံမြက်စည်းလှဲဖို့ လမ်းတွေပေါ်ကို သွားခဲ့သည်။

လျို့အာ့ဆွေ့ရဲ့ပူး‌ပေါင်းကြံစည်သူအနေနှင့် ကျန်းတာ့ချန်က လျို့အာ့ဆွေ့ကို ကောင်းကောင်းကြီးကြပ်ဖို့ ကျရှုံးခဲ့တဲ့ အမှားတစ်ခုကို လုပ်ခဲ့သည်။ ကန်တင်းရဲ့ ကျွမ်းကျင်စာဖိုမှူးရာထူးကနေ နှုတ်ထွက်ခဲ့ပြီး တတိယမြောက်ကန်တင်းကို ရွှေ့ပြောင်းခံရသည်။

တတိယကန်တင်းက အဖွဲ့ဝင် နှစ်ဆယ်မှ သုံးဆယ်ရှိပြီး ဝယ်သူမရှ်ိတဲ့ စားသောက်တန်းအသေးတစ်ခုဖြစ်သည်။ကျန်းတာ့ချန်က လူတွေအများကြီးရဲ့အလုပ်တွေကို သူ့ဘာသာသူ လုပ်ပြီး သူ့ရဲ့လစာက ပိုက်ဆံတောင်မစုနိုင်တဲ့ ယွမ်သုံးဆယ်လောက်သာ ရရှိသည်။ ဆီနဲ့ ရေက နေ့တိုင်း ခွေးတစ်ကောင်လို ပင်ပန်းနေစေသည်။

ကျန်းမိသားစုလေး‌ယောက်က ဘဝကောင်းမှာ နေထိုင်ခဲ့ရသည်။ နေ့တိုင်း မုန့်သားဖြူ‌ပေါက်စီတွေပေါင်းစားကြပြီး ဝက်သားပြုတ်ကြော်ကို မကြာခဏစားကြသည်။ အခုတော့၊ နေ့တိုင်း ထမင်းစားပွဲပေါ်မှာ ရှိနေတဲ့အရာကတော့ ဆန်ပြုတ်နဲ့ပေါက်စီတွေသာဖြစ်သည်။ မိသားစုလေးယောက်သား အချိန်တိုင်း ဖယောင်းတွေကို ဝါးစားနေရသကဲ့သို့ပင်။

ကျန်းရွှယ်ရဲ့ အစ်ကိုနဲ့ အစ်မက ကျန်းတာ့ချန်နဲ့ ပြဿနာတက်ကြသည်။ အဖေတစ်‌ယောက်အနေနဲ့၊ သူ့ကလေးတွေအတွက် ပိုက်ဆံသုံးနိုင်အောင် စီးပွားရေးအသေးစားတစ်ခုကို သူလုပ်နိုင်ပါသေးသည်။

လျို့အာ့ဆွေ့ကလည်း ကျန်းတာ့ချန်ကို ပြဿနာရှာဖို့ သင်ယူခဲ့သေးသည်။

ကျန်းတာ့ချန်ရဲ့ နဖူးမှာ အကြောတွေထောင်နေခဲ့သည်။ အချက်အနည်းငယ် ရိုက်ပြီးတဲ့နောက်မှာ လျို့အာ့ဆွေ့က နာကျင်စွာနဲ့ အော်ငိုခဲ့သည်။ မဟုတ်ရင် ဒီအရူးမက ဦးနှောက်မရှိဘဲ ကုမိသားစုကို ဆွဲခေါ်သွားနိုင်မှာမဟုတ်ဘူး။ သူတစ်ခုခုခိုးနေတာကို မိသွားနိုင်သည်။ သူ ဒီနေ့ဖြစ်ခဲ့သလိုပေါ့။

ကျန်းတာ့ချန်မှာ ရက်စက်တဲ့မျက်နှာထားရှိပြီးတော့ သူ့လက်ပေါ်က ဖိအားက တိုးလာသည်။ လျို့အာ့‌ဆွေ့က ရုတ်တစ်ရက် နာကျင်သွားပြီး အော်တာကလွဲလို့ ဘာသံမှမထွက်နိုင်ခဲ့ပါပေ။

ဒီအချိန်မှာ ကျန်းမိသားစု ဒုက္ခရောက်နေတဲ့အချိန် အမှောင်ထဲမှာ ထိန်းသိမ်းပေးခဲ့တဲ့ ကျန်းဆွေ့လန်က သက်ပြင်းချခဲ့သည်။ " မင်း ကိုယ့်ဘာသာကိုယ်လုပ်ရင်အသက်ရှင်နိုင်မှာမဟုတ်ဘူး။ "

ကုရှီတုန်းက သူ့ရဲ့ ခေါင်းကိုရမ်းခဲ့သည်။ " မဟုတ်ဘူး၊ အမေ၊ ဒီနေ့ အဖေက စက်ရုံထဲမှာ လုပ်အားခတွေ ပေးမလို့။ ပြီးတော့ မီးဖိုချောင်ထဲမှာ၊ ကြက်ဥတွေနဲ့ ဂျုံမှုန့်တွေ ရှိတယ်။ ဒီည ကြက်သွန်နီပန်ကိတ် လုပ်စားရအောင်။ "

အစားကြီးလွန်းတဲ့ သားကြီးရဲ့ အကြည့်တွေက ကျန်းဆွေ့လန်ကို ရယ်မောစေခဲ့သည်။ " ဒီကောင်စုတ်လေးကတော့၊ မင်းမျက်လုံးထဲမှာ ဘာကိုမှ အလွတ်မပေးပါလား။ "

" ဒါပဲနော် "

ကောင်စုတ်လေးက အတော်လေး ဂုဏ်ယူနေခဲ့သည်။

ဒီနေ့က သံမဏိစက်ရုံမှာပဲ လုပ်အားခတွေပေးမယ့်နေ့မဟုတ်ပေ။ လင်းယောင်လုပ်တဲ့ အထည်စက်ရုံမှာလည်း လုပ်အားခပေးရမည့်နေ့ဖြစ်သည်။

ခြုံပြောရရင်၊ လင်းယောင်အလုပ်လုပ်နေတာ တစ်လလောက်ရှိနေပြီးတော့ အချိန်ပြည့်အလုပ်သမားတော့ မဖြစ်သေးပေ။ သူမက ယွမ်နှစ်ဆယ်နဲ့ ဆန်စပါးလက်မှတ် နှစ်ကီလိုဂရမ်ပဲ ရရှိပါသည်။ သို့သော်လည်း အထည်စက်ရုံက အလွန်အကျိုးအမြတ်ရှိပြီးတော့ တစ်ရက်စာ စားသောက်ခွင့်လက်မှတ်လည်း သူမကို ပေးပါသည်။

လင်းယောင်က သူမ၏လစာကို သားရေအိတ်လေးထဲမှာ ထည့်လိုက်ပြီး ကျိုးရှောင်ရွှယ်နဲ့ တံခါးဆီကို လျှောက်သွားခဲ့သည်။

ကျိုး‌ရှောင်ရွှယ်မှာ အဖော်မရှိသေးပေ။ ပြီးတော့ သူမရဲ့ အစ်ကိုကြီးက နေ့တိုင်း သူမကို ကြိုဖို့ လာခဲ့သည်။ ဘာတွေဖြစ်နေမှန်းတော့ မသိပေမယ့်၊ ကလေးမလေးက သူမရဲ့ အစ်ကိုအကြီးဆုံးကို သဘောမကျပါ။ ပြီးတော့ သူ့အကြောင်းကို အများကြီးပြောပြဖူးပါသည်။

မဟုတ်ဘူး။ ကျိုး‌ရှောင်ရွှယ်က အရပ်ရှည်ပြီး အင်အားရှိတဲ့ ကျိုးမိသားစုရဲ့ အစ်ကိုကြီးကို တံခါးမှာ တွေ့လိုက်ရတာနဲ့ တစ်ပြိုင်နက်၊ သူမ မျက်နှာပျက်သွားပြီး လင်းယောင်ကို လက်ပြလိုက်သည်။

" အစ်မ လင်းယောင်၊ အရင်သွားနှင့်ပြီနော်။ "

ကျိုးရှောင်ရွှယ်က ကျိုးမိသားစုရဲ့ အစ်ကိုအကြီးဆုံးရှိနေတဲ့ ဘက်ခြမ်းကို ‌ဖြည်းဖြည်းချင်းလျှောက်သွားခဲ့သည်။ အစ်ကိုနဲ့ ညီမမှာ ဘာပြောရမှန်းမသိဖြစ်နေခဲ့ပြီး ကျိုးမိသားစုရဲ့ အစ်ကိုအကြီးဆုံးက သူ့ရဲ့လက်ကိုမြှောက်ကာ သူ့ညီမကို ရိုက်ခဲ့သည်။

ကျိုးရှောင်ရွှယ်က အလွန်ဒေါသထွက်သွားကာ သူမရဲ့ခေါင်းကိုကာရင်း ခုန်ခဲ့သည်။

လင်းယောင်က ဒါကိုမြင်ရတာကို အပျော်လွန်နေခဲ့သည်။ ကုရှီအန်းက သူ့ဇနီးကို အလုပ်ဆင်းချိန် သွားကြိုဖို့ ထွက်လာခဲ့သည်။ မလှမ်းမကမ်းကနေ၊ ကလေးမလေးက ပြုံးကာ မျက်စောင်းထိုးပြီးကြည့်နေတာကို သူမြင်နေခဲ့ရသည်။ သူ့ရဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားပြီး အထည်စက်ရုံရဲ့ တံခါးပေါက်မှာ သူရပ်လိုက်သည်။

နိုဝင်ဘာလအ‌စောပိုင်းရဲ့ နေ့လည်ခင်းမှာ၊ လမ်းတွေထဲကို လေအေးလေးတွေ တိုက်နေပြီဖြစ်သည်။

လင်းယောင်က အလုပ်ဝတ်စုံတွေဝတ်ထားပြီးတော့ သူမရဲ့မျက်နှာအေးအေးလေးက သူမဝတ်စုံရဲ့ လည်ပင်းထဲမှာ နစ်မြုပ်နေခဲ့သည်။

ကုရှီအန်းက သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ သူ့ရဲ့ကုတ်အင်္ကျီလေးကို ခြုံပေးလိုက်ပြီး လင်းယောင်ကို အနီရောင် အမွှေးပွလည်စည်းကို ပတ်ပေးလိုက်သည်။

လင်းယောင်က နာခံစွာနဲ့ မတ်တပ်ရပ်နေကာ သူမရဲ့ မျက်နှာကို အမွှေးပွလည်စည်းနဲ့ပတ်ထားပြီး ပိုလို့တောင် ကျက်သရေရှိနေပါသေးသည်။

လင်းယောင် နွေးထွေးသွားပြီး၊ ကုရှီအန်းရဲ့ ခြေထောက်တွေကို ကန်လိုက်ကာ စက်ဘီးနဲ့ လမ်းပေါ်ကို ဖြည်းဖြည်းချင်း စီးသွားခဲ့သည်။

ဇနီးမောင်နှံနှစ်ယောက် တစ်လမ်းလုံး စကားပြောနေခဲ့ကြပြီး ရုတ်တစ်ရက် လျို့အာ့ဆွေ့လုပ်ခဲ့တဲ့ အကျင့်တရားမကောင်းတဲ့အရာတွေ‌အကြောင်းကို ပြောဖြစ်ခဲ့ကြသည်။ လင်းယောင်က ဒေါသတကြီး‌ ပြောခဲ့သည်။ " သူက အရမ်းဆိုးတယ်။ ဟေး၊ ရှင် ဒုက္ခရောက်အောင်လုပ်တဲ့အချိန်ဆို တစ်ကယ် ဂရုဏာတရားမရှိတာပဲ။ အား "

ကျန်းတာ့ချန်ရဲ့ စားသောက်တန်းက ကျွမ်းကျင်စားဖိုမှူးက အလုပ်ပြုတ်သွားခဲ့သည်။

ကုရှီအန်းရဲ့ မျက်လုံးထဲမှာ အပြုံးလေးပေါ်လာခဲ့သည်။ " ယောင်ယောင် ကျန်းတာ့ချန်က ကနခိုမှုန့်အကြောင်း တကယ်မသိဘူးလို့ ထင်နေတာလား။ "

လင်းယောင်က အံ့ဩသွားသည်။ မဟုတ်ဘူးလား။ ကျန်းတာ့ချန်ကလဲ ဒီကိစ္စမှာ ပါဝင်နေခဲ့တာလား။

All Chapters