← Chapters

အခန်း (၆၁)

Vol. 6 Ch. 61

အခန်း (၆၁)

Vol. 6 Ch. 61

လင်းဟုန်နရဲ့ လက်ထပ်ပွဲကို ဆုံးဖြတ်ပြီးသွားခဲ့ပြီပင်။ သူမနဲ့ စွင်းကျားလျန်တို့က အခုအချိန်မှာ လက်ထပ်မှတ်ပုံတင်ရမှာ မဟုတ်ပေ။ ကလေးက သားယောကျ်ားလေးမွေးတဲ့အခါမှ၊ သူတို့အတွက် လက်ထပ်မှတ်ပုံတင်ကို ရရှိနိုင်မှာဖြစ်သည်။

ဒါက စွင်းအမေ ပြောခဲ့တဲ့ စကားတွေဖြစ်သည်။ လင်းဟုန်နက မပျော်ခဲ့ပေမယ့် ဘာမှလဲလုပ်လို့မရခဲ့ပေ။

စွင်းအဖေက သိက္ခာရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မမျှတတာ တစ်ခုခုလုပ်ထားတယ်ဆိုတာ သိနေခဲ့ပါသည်။ လင်းမိသားစုကို လက်ဆောင်ပေးမှာမဟုတ်ဘူးလို့ သူအစကတည်းက ပြောထားပြီးပါပြီ၊ ဒါပေမယ့် လင်းဟုန်နရဲ့ ဗိုက်ထဲမှာ သူ့အသွေးအသားရှိနေတာကို စဉ်းစားရင်း၊ စွင်းအဖေက လင်းမိသားစုကို ၈၈ ယွမ်နဲ့ အထည်စနှစ်လိပ်လောက်ကို ပေးနေတုန်းဖြစ်သည်။ သတို့သမီးတင်တောင်းငွေက ‌ပြောင်းဂျုံ ပေါင်ငါးဆယ် ဖြစ်သည်။

ဒါက လီအိုက်ဖုန်းအတွက် မမျှော်လင့်ထားတဲ့အရာတွေ ဖြစ်သည်။ သူ့သမီး အိမ်ထောင်ကျသွားရင် တစ်ပြားတောင် သုံးနိုင်မှာ မဟုတ်တော့ဘူးလို့ သူမ အစက ထင်ထားခဲ့တာဖြစ်သည်။ ဒါပေမယ့် သူမရဲ့ ယောက္ခထီးက အလွန်ဉာဏ်ကောင်းလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။

အိမ်ထောင်ကျပြီးနောက်မှာ၊ သူမရဲ့သမီးက အလုပ်သမားတန်းလျားမှာ နေရလိမ့်မယ်၊ ပြီးတော့ အိမ်မှာ ဘာအလုပ်မှ လုပ်ရမှာမဟုတ်ဘူးလို့ သူမ သိထားခဲ့တာဖြစ်သည်။ အဲ့ဒီအချိန်မှာ ပါးစပ်က နားရွက်ထိ တက်ချိတ်လောက်အောင် သူမ ရယ်မောမိခဲ့သည်။

စားသောက်ပွဲမကျင်းပတာတို့ လက်ထပ်မှတ်ပုံတင်မရတာတို့က ကိစ္စမရှိဘူး။ သူတို့လက်ထဲကို ပိုက်ဆံတွေ ရောက်လာအောင် ဘယ်လိုလုပ်ရမလဲ။ ဒါ့အပြင်၊ ပြောင်းဂျုံ ပေါင်ငါးဆယ်လဲ ရှိသေးသည်။

အခုတော့ ကန်တင်းကို ဖျက်သိမ်းလိုက်ပြီး ရွာထဲက ဘယ်သူကမှ အစားအစာ သယ်ယူခွင့်မရှိတော့ပေ။ ပြီးတော့ မြို့ထဲမှာလဲ အစားအသောက် များများစားစား မရနိုင်တော့ပေ။

စွင်းမိသားစုကြီးမှာ ပြောင်းဂျုံ ပေါင်ငါးဆယ် လက်ငင်းရှိ‌သည်။

ထို့အပြင်၊ အလုပ်သမားတွေကလဲ ကျွမ်းကျင်ပိုင်နိုင်ကြသည်။

လင်းဟုန်နမှာ ကိုယ်ဝန်နှစ်လကျော်ရှိနေတာကြောင့်၊ နှစ်သစ်ကူးပြီးတဲ့အထိ မင်္ဂလာပွဲကို ရွှေ့ဆိုင်းထားမယ်ဆိုရင်၊ သူမရဲ့ ကိုယ်ဝန်နဲ့ ကြည့်ကောင်းနိုင်မှာ မဟုတ်ပေ။

၁၂ လမြောက်ရဲ့ ၂၅ ရက်မှာ၊ လင်းတာ့ကော်က ‌နှစ်ဆပျော်ရွှင်ရတဲ့ပုံ အနည်းငယ်ကို ပြသခဲ့သည်။ သူ့သမီးက သားယောကျ်ားလေး မရရှိ‌သေးပဲ၊ ပြီးတော့ သူ့ရဲ့ စိတ်တွေ လေးလံနေပေမယ့်လဲ၊ မြို့ထဲက အလုပ်သမားအများဆုံးမိသားစုနဲ့ အိမ်ထောင်ကျပြီး လင်းမိသားစုကြီးဆီကို ဂုဏ်ကျက်သရေယူလာပေးတဲ့ အထူးသဖြင့် လင်းဟုန်နကသူ့ရဲ့ သမီးလေး ဖြစ်နေဦးမှာပါပဲ။

အဲ့ဒီအပြင်၊ လီအိုက်ဖုန်းက သူမသေတဲ့အထိ သူမရဲ့သမီးက သူမကို ထောက်ပံ့ပေး‌ဖို့ မျှော်လင့်ထားခဲ့သည်၊ ဒါကြောင့် လင်းဟုန်နအတွက် ကောင်းမွန်များပြားလှတဲ့ ခန်းဝင်ပစ္စည်းတွေကို ပြင်ဆင်ပေးခဲ့သည်။

ချည်သားကောင်း စောင်နှစ်ထည်၊ သစ်သားအဝတ်လျှော်စင်၊ ကြွေရည်သုတ် ရွှံ့ဇလုံ၊ သံရေနွေးကရားအိုးနဲ့ တစ်ခြားပစ္စည်းပစ္စယလေးတွေကို ကြမ်းပြင်ပေါ်မှာ ဟိုတစ်စု ဒီတစ်စု ထားထားသည်။

ရွာထဲက လူအုပ်ကြီးက ပျော်ပွဲရွှင်ပွဲကို ကြည့်ဖို့ လာခဲ့ကြသည်။ ရွာထဲမှာ အလွန်အေးနေပြီး လူတစ်ချို့နဲ့သာ မင်္ဂလာပွဲကျင်းပခဲ့ကြသည်။ လင်းတာ့ကော်ရဲ့ မိသားစုကိုလဲ စိတ်ဝင်စားနေခဲ့ကြသည်။ သူတို့ဝယ်လာခဲ့တဲ့ မင်္ဂလာချိုချဉ်တွေက အကောင်းဆုံးမဟုတ်တဲ့ ဈေးအပေါဆုံး သကြားခဲတွေဖြစ်သည်။

အဲ့ဒါတွေထဲမှာ ပါးစပ်ထဲမှာ ခါးတဲ့အရသာရစေတဲ့ ဆေးသကြားတွေ ပါဝင်ပြီး အထုတ်ကြီးတစ်ထုတ်ကို ပြားငါးဆယ် ကျသင့်ပါသည်။ ကျေးလက်ဒေသက ပိုင်လို့ အမည်ရတဲ့ အဖိုးအိုက ဒါဟာ အဆင်ပြေတယ်လို့ ထင်နေခဲ့သည်၊ ဒါပေမယ့် စွင်းမိသားစုလို မိသားစုကြီးအတွက်တော့ ဒါက မလုံလောက်ခဲ့ပေ။

ကံကောင်းစွာနဲ့၊ အဖွားက သူမရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ထိန်းသိမ်းထားခဲ့ပြီး သတို့သားမိသားစုဘက်က ဆွေမျိုးတွေရော သူငယ်ချင်းတွေရော ကျေးလက်ဒေသဘက်ကို မလာခဲ့ကြပေ။ ထို့အပြင်၊ စက်ဆုပ်ဖွယ်ကောင်းတဲ့ နှုတ်ဆက်ပွဲမြင်ကွင်းကို မြင်လိုက်ရပြီး၊ သူမရဲ့ရင်ဘက်ကိုဖိကာ အော်ဟစ်ပြီး မူးဝေလာခဲ့သည်။

ဒါက နမူနာတစ်ခုသာ ဖြစ်သော်လည်းပဲ၊ ချိုချဉ်တစ်ထုတ်ကို ပြားငါးဆယ်ကျသင့်တဲ့တဲ့ ချိုချဉ်တွေက လီအိုက်ဖုန်းကို စိတ်သောကရောက်စေခဲ့သည်။

သူမရဲ့ခေါင်းမှာပတ်ဖို့ ပုဝါတစ်ထည်ကို မြို့ထဲက ပစ္စည်းတင်သွင်းခြင်းနဲ့ ဈေးကွက်ဖြန့်ချိ‌ ရေးသမဝါယမမှာတောင် သွားဝယ်ထားခဲ့တာ၊ အိုး ဘယ်လောက်တောင် စိတ်မကောင်းဖြစ်လိုက်မလဲ။

ရွာထဲက အမျိုးသမီးတွေက ကွာစေ့တွေကို စားနေကြပြီး ခါးတဲ့ချိုချဉ်တွေကိုဝါးကာ လင်းဟုန်နရဲ့ခန်းဝင်ပစ္စည်းတွေကို ကြည့်ဖို့ ခြံပေါက်ဝမှာ စုဝေးနေကြသည်။ ကျေးလက်မှမိန်းကလေးတွေက ဘယ်လောက်ပဲ ချမ်းသာတယ်ဆိုဆို၊ သူတို့ အရမ်းတော့ မချမ်းသာကြပေ။

လင်းမိသားစုက သူတို့ရဲ့သမီးကို ပိုက်ဆံအတွက်ရောင်းစားခဲ့တယ်ဆိုတာကို မနာလိုဖြစ်ပြီး အထင်အမြင် သေးခဲ့ကြသည်။ ဘယ်မိသားစုက သူတို့ရဲ့သမီးတွေကိုမချစ်လို့လဲ။ မိဘတွေက သူတို့ရဲ့ကလေးတွေကို အပြင်ဘက်မှာ လွှတ်ထားကြပြီး အိမ်ထောင်မပြုရသေးဘဲ ကိုယ်ဝန်ရတဲ့ ကောလဟာလတွေ ဖြစ်စေကြသည်၊ ပြီးတော့ တစ်မိသားစုလုံး ပိုက်ဆံမက်လာကြလိမ့်မည်။

စွင်းမိသားစုက လက်ဆောင်အဖြစ် ၈၈ ယွမ် ပေးခဲ့သည်။ လင်းမိသားစုက သူတို့ရဲ့သမီးကိုပေးတဲ့ မင်္ဂလာချိုချဉ်တွေနဲ့ ကွာစေ့တွေကို ကြည့်ပါဦး။ ကွာစေ့တွေက အိမ်စိုက် ဖရဲစေ့တွေဖြစ်ကြသည်။ ပိုးပေါက်တွေရှိပြီး၊ ရှုံ့တွနေကာ ခါးသက်ကြသည်။ လက်တစ်ဆုပ်ယူပြီး ပါးစပ်ထဲမှာ ဝါးကြည့်လိုက်ပါ။ စကားလုံးတစ်ဝက်လောက်က ပေါက်ကြားလာပြီး သိတဲ့လူတွေက သူတို့နောက်ကွယ်မှာ လင်းတာ့ကော်ကို ကပ်စီးကုပ်လို့ နှိုင်းယှဉ်ပြီး အတင်းပြောနေကြစဉ်မှာ၊ မသိတဲ့လူတွေကတော့ လီအိုက်ဖုန်းက ဘဝကောင်းမှာနေရလိမ့်မယ်လို့ ထင်ခဲ့ကြသည်။

လင်းမိသားစုမှာ ဆွေမျိုးတွေ အများကြီး မရှိကြတော့ပေမယ့် လီအိုက်ဖုန်းရဲ့ မောင်နှမတွေကတော့ သူတို့မိသားစုနဲ့အတူ သူတို့တူမလေးကို တွေ့ဖို့ လာခဲ့ကြသည်။

သူတို့တစ်ယောက်ချင်းစီရဲ့ ဂွမ်းအနွေးဂျက်ကတ်တွေနဲ့ အတွင်းဝတ်တွေမှာ အပေါက်တွေရှိနေခဲ့ကြပြီး၊ သူတို့ရဲ့မျက်နှာတွေကလဲ ကြမ်းတမ်းနေကာ သွားတွေကြားမှာ အမဲစက်တွေရှိနေခဲ့ကြသည်။ သူတို့အားလုံးက လက်ဗလာနဲ့ လာခဲ့ကြပြီး အခန်းထဲကိုဝင်ဝင်ချင်း လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

" ငါ့တူမကြီး၊ တစ်ကယ်ကို အလားအလာကောင်းတာပဲ။ မိသားစုကောင်းကောင်းနဲ့ အိမ်ထောင်ကျထားတာဆိုတော့ အနာဂတ်မှာ ဦးလေးတို့ကို မမေ့ရဘူးနော်။ "

" ငါတို့ရဲ့ နန က အရမ်းကျွမ်းကျင်တယ်။ နင့်လို ရူးနေတဲ့အကိုလတ်ကသာ အိမ်မှာ အချောင်ခိုနေတာ။ ငါဆွေမျိုးတွေက တစ်ကယ် ကျွမ်းကျင်ကြတာပဲ။ နင့်အတွက် အလုပ်အကိုင်အတည်အကျ ရှာပေးနိုင်ကြလား၊ ဟင် ရူးနေတဲ့အစ်ကိုလတ်ရဲ့။ "

" အမေ၊ ရုံးအလုပ်မဟုတ်ရင် ကျွန်တော် ဘာမှလုပ်မှာမဟုတ်ဘူး။ "

" အမေ သိတယ်၊ ဘာလို့ နန ကို ‌မပြောကြည့်တာလဲ။ "

လူတစ်စုက သူမဆီကနေ အကျိုးလိုချင်ပြီး ဂုတ်သွေးစုတ်ချင်ကြတဲ့ ဘာမှမဟုတ်တဲ့ အကြောင်းတွေပြောရင်း ဆူညံနေကြသည်။

သို့သော်လည်း၊ လီအိုက်ဖုန်းက အလွန် ဂုဏ်ယူနေပြီး မျက်နှာရွှင်လန်းစွာနဲ့ သူမရဲ့ဆွေမျိုးတွေနဲ့ တွေ့ဆုံခဲ့ကြသည်။

တံခါးဘောင်ကိုမှီပြီး ဆေးလိပ်သောက်နေတဲ့ လင်းဟုန်ဝူကို လင်းဟုန်နက တစ်ချက်ကြည့်လိုက်သည်။ လင်းဟုန်ဝူက ခပ်မဲ့မဲ့ပြုံးပြီး သူ့အိတ်ကပ်ထဲကနေ ဆေးလိပ်အနည်းငယ်ထုတ်လိုက်ကာ " ဦးလေး၊ ဦးလေး၊ အစ်ကို၊ အစ်ကို " သူတို့ကို လှမ်းပေးနေခဲ့ပြီး ရုတ်တစ်ရက် အတော်လေး ရှင်းလင်းသွားသလို လင်းဟုန်န ခံစားလိုက်ရသည်။

မနက် ၁၁ နာရီမှာ၊ အနီရောင်ဗျောက်အိုး အခုနှစ်ဆယ်လောက်ကို ‌လင်းအိမ်ရှေ့မှာ ဖောက်ခဲ့ကြသည်။ ဒီဗျောက်အိုးတွေက အပြစ်အနာအဆာတွေလဲ ရှိခဲ့ကြပါသည်။

နှစ်ဆယ့်လေးခုထဲက ဆယ့်နှစ်ခုသာ မီးစွဲခဲ့တာဖြစ်ပြီး အလွန်ပြန့်ကျဲသွားတာကြောင့် လူတွေကို စိတ်မချမ်းမသာဖြစ်စေခဲ့သည်။

ဆယ့်တစ်နာရီခွဲမှာ၊ မီးခိုးရောင်နဲ့အပြာရောင်စပ် အပေါ်ဝတ်အင်္ကျီနဲ့ အမည်းရောင်ကိုင်းမျက်မှန် ဝတ်ဆင်ထားတဲ့ စွင်းကျားလျန်က သတို့သမီးကို ကြိုဆိုဖို့ စက်ဘီးစီးသွားခဲ့သည်။ သူက သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားခဲ့ပြီး သူ့မျက်နှာပေါ်မှာ အပြုံးမရှိခဲ့ပါပေ။ အဖိုးအိုတစ်ယောက်က သူ့နောက်က လိုက်လာခဲ့သည်။ ဖြည်းဖြည်းချင်းလာနေတဲ့ နွားလှည်းဟောင်းကြီးက သတို့သားရဲ့အပျော်တွေကို မထိန်းထားနိုင်ခဲ့ပေ။

လင်းကျားရွာထဲက ရွာသားတွေက စကားအများကြီး ပြောနေခဲ့ကြသည်။ သူများတွေက စွင်းမိသားစုကို ရယ်နေကြချိန်မှာ တစ်ချို့က စွင်းကျားလျန်ရဲ့ ကားကို အားကျမှုတွေနဲ့ ကြည့်နေခဲ့ကြသည်။ လင်းမိသားစုရဲ့ ခန်းဝင်ပစ္စည်းတွေကို မြည်းလှည်းအဟောင်းနဲ့ ဆွဲလာခဲ့တာကို သူတို့တွေ့ခဲ့ကြသည်။ သေ‌ချာပေါက်၊ သူတို့က လင်းဟုန်နကို ချွေးမအဖြစ် မသက်မှတ်ခဲ့ကြပါဘူး။ အလေးအနက်လဲ မထားကြပေ။

လင်းဟုန်နက ဘဝနှစ်ခုနဲ့ရှင်သန်နေပြီး ဒုတိယအကြိမ် အိမ်ထောင်ပြုခြင်းဖြစ်သည်။ သူမ ရွေးချယ်ခဲ့တဲ့ အမျိုးသားကို သူမ လက်ထပ်ခဲ့သည်။ သူမအပြင်ကိုထွက်လာတော့ ရှက်နေခဲ့သည်။ လင်းဟုန်ဝူက သူမကို သယ်ထုတ်လာတဲ့အခါ၊ လျို့ဝှက်စွာ ခေါင်းကိုမော့လိုက်ပြီး သူမကို လက်ထပ်ဖို့လာတဲ့ စွင်းကျားလျန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ လင်းဟုန်နရဲ့ နှလုံးသား ရုတ်တစ်ရက် အေးစက်လာခဲ့သည်။

သူမ ဒီနေ့ သတို့သမီးဆံပင်ပုံစံ၊ မျက်ခုံးမွှေးဆွဲတာ၊ မိတ်ကပ်နဲ့ နှုတ်ခမ်းနီ ပြီးတော့ အနီရောင် ဂွမ်းအနွေးဂျက်ကတ်တို့နဲ့ တောက်တောက်ပပ ဆင်မြန်းလာခဲ့သည်။ ရွာသူတွေက ချေးထူပေမယ့်လဲ၊ လင်းဟုန်နကတော့ လှပပြီး ကျက်သရေရှိနေခဲ့သည်။

သူမ ဝတ်စားလာပုံကို မြင်လိုက်ရတဲ့အခါ စွင်းကျားလျန် က သူ့မျက်နှာပေါ်မှာ အပြုံးလေးပေါ်လာခဲ့သည်။

လင်းကျားရွာက မိန်းကလေးတစ်ယောက် ထွက်သွားတဲ့အခါ၊ သူမရဲ့ သားမက်က သူ့ရဲ့ ယောက္ခထီးနဲ့ ယောက္ခမတွေကို သေချာပေါက် ကန်တော့ရပါသည်။

စွင်းကျားလျန်က စိတ်မပါဖြစ်နေခဲ့ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ လင်းတာ့ကော်နဲ့ လီအိုက်ဖုန်းတို့ကို ကန်တော့ခဲ့ရသည်။

စွင်းကျားလျန် ရဲ့ အသိစိတ်က ပွင့်လင်းမှုမရှိဘူးဆိုတာကို လင်းဟုန်ဝူ မြင်ခဲ့ရသည်။ ပြီးတော့ သူ့ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အရိပ်အယောင်တွေ ပေါ်နေခဲ့သည်။ စွင်းကျားလျန် အပြင်ကိုထွက်သွားတဲ့အခါမှာ၊ သူက သူ့ကို မသိမသာတွန်းလိုက်သည်။ စွင်းကျားလျန် ယိုင်သွားပြီး မြေပေါ်ကို လဲကျတော့မလို ဖြစ်သွားခဲ့သည်။

စွင်းကျားလျန်က အံကြိတ်လိုက်ပြီး လင်းဟုန်ဝူကို တေးထားလိုက်သည်။

လူကြီးလူကောင်းတစ်ယောက်အတွက် ဆယ်နှစ်ကြာပြီးတဲ့နောက်မှာ လက်စားခြေဖို့ဆိုတာ ဘယ်တော့မှ နောက်မကျဘူး။ ငါတို့ စောင့်ကြည့်ကြသေးတာပေါ့။

လင်းတာ့ကော်နဲ့ သူ့ဇနီးတို့က လင်းဟုန်နကို ပျော်ရွှင်စွာ ပို့လိုက်ကြပေမယ့် သူတို့ရဲ့ အဖိုးတန်သားလေးနဲ့ အသည်းကျော် သားမက်လေးတို့က တွေ့တွေ့ချင်း ရန်ထောင်နေကြလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြပေ။

လင်းဟုန်န ထွက်သွားခဲ့ပြီး၊ သုံးရက်ကြာပြီးနောက်မှာ စွင်းမိသားစုက အလုပ်ရှုပ်နေပြီး နှစ်ကူးမှာ ပင်ပန်းရမှာမလို့ သူမပြန်မလာနိုင်ဘူးဆိုတဲ့အကြောင်း ပြောဖို့ ပြန်ခေါ်လိုက်သည်။

လင်းတာ့ကော်က ဂရုမစိုက်ခဲ့ပေ။ ပြီးတော့ နေ့တိုင်း အပြင်မှာ လျှောက်သွားနေခဲ့သည်။

လင်းဟုန်ဝူလဲ လိုက်သွားခဲ့သည်။ သူ့ရဲ့အချိန်ပိုင်းအလုပ်က ပြုတ်သွားခဲ့ပြီး လီအိုက်ဖုန်းက သူ့ကို ပိုက်ဆံပေးသုံးခဲ့သည်၊ ပြီးတော့ သူ့ဘဝကို ပျော်ပျော်နေခဲ့သည်။

တရုတ်နှစ်သစ်ကူးအတောအ‌တွင်းမှာ၊ အဖေနဲ့ သားက အိမ်ခြေရာမဲ့ ဖြစ်နေခဲ့သည်။ လီအိုက်ဖုန်းက သူတို့ကို တစ်ခါတစ်ရံ ဆူပူကြိမ်းမောင်းနေပြီး သူမ ဝယ်လာခဲ့တဲ့ ပန်းပွင့်ခေါင်းပတ်ပုဝါလေးနဲ့ အရည်အသွေးနိမ့် ရေမွှေးနဲ့ ဆော့က‌စားနေခဲ့သည်။

ဒီရက်တွေမှာ ပစ္စည်းတင်သွင်းခြင်းနဲ့ ဈေးကွက်ဖြန့်ချိရေးသမဝါယမကလဲ မြို့ကြီးတွေက နာမည်ကြီးကုန်ပစ္စည်းတွေကို ရောင်းချခဲ့ကြပေမယ့် သူတို့က အရမ်းဈေးကြီးလွန်းသည်။ အဲ့ဒါတွေဝယ်မယ်ဆိုရင် သူမလက်ထဲက သစ်ကြားသီး‌သုံးလုံးနဲ့ စွံပလွန်သီးနှစ်လုံးကို လီအိုက်ဖုန်း မဝယ်နိုင်တော့ပေ၊ ဒါကြောင့် မှောင်ခိုဈေးကနေပဲ အရည်အသွေးနိမ့်မိတ်ကပ်တွေကိုသာ ဝယ်နိုင်တော့သည်။

လီအိုက်ဖုန်းက တစ်နေကုန် သူမရဲ့မျက်ခုံးမွှေးကို ဆွဲနေခဲ့သည်၊ သခင်မကြီးတစ်ယောက်လို အရောင်စုံဝတ်စုံတွေကိုဝတ်ပြီး လမ်းလျှောက်တဲ့အခါ သူမရဲ့ဖင်ကို ကော့ပြီး လျှောက်နေခဲ့သည်။ ရွာထဲက အမျိုးသမီးတွေက သူမရဲ့နောက်ကွယ်မှာ တစ်ခုခုတော့ ပြောနေကြပါလိမ့်မည်။

ဆယ့်နှစ်လမြောက်ရဲ့ နှစ်ဆယ့်ကိုးရက်နေ့မှာ၊ လင်းတာ့ကော် မိသားစုက သူတို့အိမ်ပြန်ရတော့မယ်ဆိုတာကို သိနေခဲ့ပါသည်။ သီချင်းငြီးရင်း အိမ်ကို ဒယီးဒယိုင်ပြန်လာခဲ့သည်။ သူ ရွာဝင်ပေါက်ကို ရောက်တာနဲ့၊ ရွာထဲက အဒေါ်ကြီးအုပ်စုက အတင်းပြောနေကြတာကို သူကြားခဲ့သည်။

" ဒီနောက်ပိုင်း လင်းတာ့ကော်ရဲ့မိန်းမဘာဖြစ်နေလဲမသိဘူး။ နေ့တိုင်း နတ်သမီးတစ်ပါးလို ဝတ်ဆင်ထားပြီး လူအိုကြီးတွေရဲ့ အပြုံးကိုတောင် မကြည့်ခဲ့ဘူး။ သူမရဲ့အသက်အရွယ်အရတော့ အရမ်းရှက်ဖို့ကောင်းတယ်။ "

" ငါလဲ ဒါကို ကြားတယ်။ လီအိုက်ဖုန်းက အသက်ငါးဆယ်‌ပြည့်တော့မှာကို တစ်ယောက်ယောက်နဲ့ ပလူးချင်နေတုန်းပဲ။ "

" အမေတူသမီးဆိုတဲ့ စကားပုံပေါ်လာတာ မထူးဆန်းပါဘူးလေ။ လင်းတာ့ကော်အပေါ် ဖောက်ပြန်နေတယ်လို့ ထင်လား။ "

" ဘယ်သူသိမှာလဲ။ "

လင်းတာ့ကော်မှာ မျိုးချစ်စိတ်ရှိသည်။ ဘရားတစ်ဆူပွင့်လာပြီးရင် နောက်ဘုရားတစ်ဆူပွင့်လာမှာပဲ။ သူက ယောကျ်ားတစ်ယောက်။ အပြင်က မုဆိုးမတစ်ယောက်နဲ့ စကားပြောတယ်ဆိုတိုင်း လီအိုက်ဖုန်းက ရွာထဲမှာ သူ့ကို ဖောက်ပြန်တဲ့လူတစ်ယောက်လို ဆက်ဆံလို့မရပေ။

ဒါက ယောကျ်ားတွေရဲ့ ဆိုးတဲ့သဘာဝတရားပါပဲ။‌ နိုင်ငံတော်အရာရှိတွေကိုသာ မီးညှိခွင့်ပေးထားပေမယ့် ပြည်သူတွေကတော့ မီးအိမ်ထွန်းခွင့်တောင် မရှိပါဘူး။

လင်းတာ့ကော် အိမ်ပြန်ရောက်လာတဲ့အခါ၊ တံခါးကို "ဘန်း"ကနဲ ကန်ဖွင့်လိုက်ပြီး သူ့ခြေထောက်ကိုမြှောက်ကာ လီအိုက်ဖုန်းရဲ့ နောက်ကျောကို အကြိမ်ပေါင်းများစွာ ကန်ခဲ့သည်။ လီအိုက်ဖုန်းက ဘာလို့လဲဆိုတာတောင် မသိခဲ့ပေမယ့် သူမအရိုက်ခံရဖို့ စောင့်နေခဲ့တာလို့တော့ ပြောလို့မရပေ၊ ဒါကြောင့် သူမ ချက်ချင်း သူ့ကို ဆွဲထိုးလိုက်သည်။ လင်းတာ့ကော်က ပြန်ကိုက်ခဲ့သည်။

လင်မယားနှစ်ယောက် အချင်းချင်းပြန်ရိုက်နေကြပြီး ရန်ဖြစ်တာကို ရပ်လိုက်ဖို့ လင်းဟုန်ဝူ ပြန်လာခဲ့ပေမယ့် လင်းတာ့ကော်က သူ့ကို ရိုက်လိုက်ပြီး ပြုံးနေခဲ့တာကြောင့် မတော်တဆ ဒဏ်ရာရသွားခဲ့သည်။

အခုကတော့ အဆင်ပြေသွားပါပြီ၊ နှစ်သစ်ကူးဆင်နွှဲဖို့ ပန်းရောင်စုံတွေကို မိသားစုသုံးယောက် ‌သပ်သပ်ရပ်ရပ်ချိတ်ဆွဲထားခဲ့သည်။

" . . . "

*

ကုမိသားစုရဲ့ အရင်‌တုန်းက နေထိုင်ရာ ကုကျားအောင်မှာ၊ ကျေးလက်ဒေသကို ပြောင်းရွှေ့ဖို့ ကုမိသားစုက ပြင်‌ဆင်နေခဲ့တာ ရက်အနည်းငယ် ကြာခဲ့ပြီပင်။ ဒီရက်ပိုင်းတွေမှာ တစ်မိသားစုလုံး အလုပ်ရှုပ်နေခဲ့ကြသည်။

တရုတ်နှစ်သစ်ကူး ရောက်တော့မည်။ လင်းယောင်နဲ့ ကျန်းဆွေ့လန်တို့က အိမ်မှာ ပေါက်စီနဲ့ ပန်ကိတ်တွေ လုပ်နေခဲ့ကြသည်။ ရွာသားတွေဆီက ကုရှီအန်းနဲ့ လင်းယောင်တို့ ဝယ်ခဲ့ကြတဲ့ ဥစားကြက်နှစ်ကောင်လဲ ရှိပါသေးသည်။

ဒီခေတ်မှာ၊ ဥစားကြက်တွေက တန်ဖိုးရှိကြသည်။ အဖိုးကုက တော်လှန်ရေးသမားဟောင်းတစ်ယောက် မဖြစ်ခဲ့ရင်၊ ပြီးတော့ ကုရှီအန်းကသာ စစ်သားဟောင်းတစ်ယောက်မဖြစ်ခဲ့ရင်၊ ဈေးက အလွန်သင့်တော်ပြီး မြို့ထဲက အဖွားအိုကလဲ ရောင်းဖို့မရည်ရွယ်ထားခဲ့ပေ။

အဖွားအိုက ကြက်မတွေ မွေးထားခဲ့ပြီး သူတို့ဥတဲ့ ကြက်ဥတွေက တစ်ခြားဟာတွေထက် ပိုကြီးကြပါသည်။

လင်းယောင်က အရမ်းအားကျမိတာကြောင့် အဖွားဆီက သင်ယူခဲ့သည်။ သူမရဲ့အလှနဲ့ ချိုသာတဲ့အပြုံးလေးကို တွေ့ပြီး၊ အဖွားအိုက ကြက်မတွေကို ကောက်ပဲသီးနှံတွေ၊ ပိုးကောင်လေးတွေနဲ့ တီကောင်တွေပဲ ကျွေးဖို့ သူမကို မှာလိုက်သည်။

သူမ အမျိုးသားဘက်ကမိသားစုရဲ့ အကြီးဆုံးမြေးက သစ်ရွက်ကြွေလေ့ရှိတဲ့ တောထဲကို သွားခဲ့ပြီး ပိုးကောင်လေးတွေနဲ့ မြစ်ထဲ မြောင်းထဲက တီကောင်လေးတွေကို နေ့တိုင်း ရှာယူခဲ့သည်။

လင်းယောင်က အဖွားအိုကို ကျေးဇူးတင်စကားပြောခဲ့ပြီး သူမ အိမ်ပြန်ရောက်တဲ့အခါ မြောင်းထဲက တီကောင်လေးတွေ တူးဖို့ ကုရှီတုန်းနဲ့ လိမ္မော်ရောင်ကြောင်လေးကို စေလွှတ်ခဲ့သည်။

လိမ္မော်ရောင်ကြောင်လေးက အခုဆို ကုမိသားစုရဲ့ လူစွမ်းကောင်းဖြစ်နေပြီပင်။

အရှေ့ဘက်မှာတော့၊ လင်းယောင်က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေခဲ့ပြီး ထောင့်လေး‌ကနေ ကြွက်ခေါင်းလေး ထွက်လာခဲ့သည်။ လင်းယောင်ရဲ့ ခေါင်းထဲမှာ တဝီဝီမြည်သွားပြီး ခြံထဲကို အော်ရင်းထွက်ပြေးသွားခဲ့သည်။

ဒါက ကျန်းဆွေ့လန်နဲ့ သူ့အမျိုးသားက သူတို့ရဲ့ သမီးလေးကို သွားတွေ့ဖို့ သုန်ဇီကို ‌မြို့ထဲကို ပြန်ခေါ်သွားခဲ့တဲ့အချိန်တုန်းက ဖြစ်ခဲ့တာပါ။ ကုရှီအန်းက အိမ်မှာရှိနေခဲ့သည်၊ ပြီးတော့ သူမက ကုရှီအန်း အပေါ်ကို ခုန်တက်ကာ ပြန်ဆင်းဖို့ ငြင်းဆန်နေခဲ့သည်။

ကုရှီအန်းက သူမကို လက်တစ်ဖက်နဲ့ကိုင်ထားရင်း မီးဖိုချောင်ထဲက ကြွက်ကို ဖမ်းချင်ခဲ့သည်။ ဒါပေမယ့် သူလှုပ်လိုက်တိုင်း လင်းယောင်က အော်လိမ့်မည်။

အနောက်ဘက် တောင်တန်းတွေကနေ လိမ္မော်ရောင်ကြောင်လေး ပြန်လာခဲ့သည်။ ဒီရဲရင့်တဲ့ကောင်လေးက အပြေးလာပြီး ကြွက်ကို "ချောက်" ကနဲ ဖမ်းလိုက်သည်။

သခင်မလေး ကြောက်နေတာကို သူသိနေတာကြောင့်၊ ကြွက်ကို ချီသွားပြီး အပြင်မှာပစ်ခဲ့ကာ သူ့ရဲ့ ခြေထောက်တိုတိုလေးတွေနဲ့ ဝင့်ကြွားစွာ လျှောက်လာခဲ့သည်။

လင်းယောင်က ကြွက်အသေကို တွင်းတူးပြီး မြှုပ်ဖို့ ကုရှီအန်းကို တောင်းဆိုခဲ့သည်။

သူမရဲ့ ကျေးဇူးတရားကို လိမ္မော်ရောင်ကြောင်လေးအား ပြသဖို့၊ လင်းယောင်က အထူး‌အနေနဲ့ ငါးခြောက်တစ်ပန်းကန်ချက်ပေးခဲ့သည်။

ကုကျားအောင်တောင်တန်းရဲ့ အနောက်ဘက်မှာ မြစ်လေးတစ်‌စင်းရှိသည်။ မြစ်က ဆောင်းရာသီမှာ ရေခဲနေတတ်သည်။ သုန်ဇီက ငါး အရမ်းစားချင်နေခဲ့သည်။ သူ့အစ်ကိုနဲ့ အတူတူသွားဖို့ခေါ်ခဲ့သည်။ ညီအစ်ကိုနှစ်ယောက်က ရေခဲပြင်ပေါ်မှာ အပေါက်တစ်ပေါက်ဖောက်လိုက်ပြီး ငါးမျှားချိတ်လုပ်ဖို့အတွက် သစ်ကိုင်းကောက်ကောက်လေးကို အသုံးပြုခဲ့သည်။

ပြောစရာမလိုအောင်၊ အဲ့ဒီမှာ နေ့တိုင်း ငါးမျှားခဲ့ကြသည်။ တစ်ရက်ကို ငါး နှစ်ကောင်(သို့)သုံးကောင် ဖမ်းနိုင်ခဲ့ပြီး ငါးအသေးလေးတွေနဲ့ ပုစွန်တွေကို ပြန်လွှတ်ရင်လွှတ်ပေး မဟုတ်ရင် ကြောင်လေးစားဖို့ သိမ်းထားပေးခဲ့သည်။

ကြောင်လေးက ငါးခြောက်ပန်းကန်ကိုကြည့်ကာ အော်နေခဲ့ပြီး၊ ဒါကလဲ လင်းယောင်ကို ၁၈၀ ဒီဂရီ လည်စေခဲ့သည်။ နေ့တိုင်း ရေချိုးပြီးတဲ့နောက်မှာ မီးဖိုပေါ်ကို ခုန်တက်ခဲ့သည်၊ ပြီးတော့ တစ်ခါတစ်လေ လက်ထောက်ဒါရိုက်တာကုနဲ့တောင် ယှဉ်ပြိုင်သေးသည်။

ကုမိသားစုကြီး ကျေးလက်ဒေသကို ပြောင်းသွားခဲ့ကြပြီး ကုရှီအန်းက အလုပ်ကိုသွားဖို့အတွက် ခရီးထွက်ခဲ့ရသည်။ အရင်က အိမ်ကနေ မနက် ၇ နာရီထွက်ခဲ့ပေမယ့် အခုတော့ နေမထွက်ခင် အိမ်ကထွက်ရသည်။

တရုတ်နှစ်သစ်ကူးရက်ရောက်လာချိန်မှာ၊ ပြည်သူ့လုံခြုံရေးဌာနက အားလပ်ရက်တစ်ရက် ပေးခဲ့သည်။

ကုရှီအန်းက အချိန်တစ်ချို့ မျှပေးခဲ့သည်၊ အနောက်ဘက်တောင်တန်းတွေက ကျောက်စရစ်ခဲအပျော့တွန်းလှည်းတွေ တွန်းခဲ့သည်၊ ပြီးတော့ ခြံထဲက ကျောက်စရစ်လမ်းကို ပေါက်ပြားနဲ့ပေါက်ကာ လမ်းထွင်ခဲ့သည်။ တစ်ခြားသူတွေလဲ ခြံထဲကို ဆင်းကာ လမ်းကို ညီအောင် သန့်ရှင်းအောင် ပြုလုပ်ပေးခဲ့ကြသည်။

အနည်းဆုံးတော့ မိုးရွာရွာ၊ နှင်းကျကျ၊ ရွှံ့တွေထဲမှာ လမ်းမလျှောက်ရတော့ပေ။

ကုမိသားစုအိမ်အဟောင်းက အိမ်သာကို လင်းယောင် မသုံးနိုင်ခဲ့။ မြို့ထဲကဟာနဲ့ ကျင့်သားရနေခဲ့ကြတာလို့ ကျန်းဆွေ့လန်က ပြောခဲ့သည်။ မြို့ထဲကိုပြန်သွားတဲ့အခါ၊ မြေကြီးပေါ်မှာ ‌ထိုင်ရတဲ့အတွက် သူမခြေထောက်တွေ ယောင်ရမ်းနေခဲ့သည်။ လှုပ်နေတဲ့ သစ်သားပြားနှစ်ခုကလဲ နင်းလိုက်လို့ ချော်ကျမှာ ကြောက်စရာကောင်းနေခဲ့သည်။

သန်မာတဲ့အလုပ်သမားတွေကိုခေါ်ပြီး သပ်ရပ်တဲ့ကျောက်တုံးတွေနဲ့ အိမ်သာဆောက်ခိုင်းပြီး၊ ရွှံ့ဝါနဲ့ အင်္ဂတေကိုင်ခိုင်းကာ အမိုးမိုးခိုင်းပြီး ရေကန်ထည့်ပေးခဲ့တဲ့ ကုရှီအန်းက အမြော်အမြင်ကြီးလှသည်။ ကြိုးကိုဆွဲလိုက်ရင်၊ ရေကျလာမည်ဖြစ်သည်။

ညဘက်မှာ လင်းယောင်က အသုံးချခဲ့ပါသည်။ ဒါက မြို့ထဲက ထို့ဇီလို့သန့်စင်ခန်းက ပစ္စည်းနဲ့ တစ်ပုံစံတည်းပါပင်။

သူမရဲ့ လက်တွေကို ဆေးပြီးနောက် သူမ အလွန်ပျော်နေခဲ့သည်။ လက်ထောက်ဒါရိုက်တာကုကို ဆုအဖြစ် အနမ်းတစ်ပွင့်ခြွေခဲ့သည်။

နမ်းပြီးတဲ့နောက်မှာ၊ လင်းယောင်က ထွက်ပြေးချင်ခဲ့သည်။ သူမ အဝေးကို ပြေးလာနိုင်တာ ထူးဆန်းနေပါသည်။

ကုရှီအန်းက ပြုံးပြီး သူမရဲ့ခေါင်းကို လက်နဲ့ပွတ်ပေးကာ သူ့ရဲ့ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ သတိလက်လွတ်ပဲ လင်းယောင်က သူမရဲ့ ရင်ဘက်ပေါ်ကို လက်တွေတင်လိုက်မိသည်။ သူတို့ရဲ့ ဝင်သက်ထွက်သက်တွေ ရောယှက်နေတဲ့အလျောက်၊ ခြံပြင်က သစ်သားတံခါးပေါ်မှာ လိမ္မော်ရောင်ကြောင်လေး ထပ်ပေါ်လာပြန်ပါသည်။ ကြောင်လေးက အော်ပြီး တံခါးကို ကုတ်ခြစ်နေခဲ့သည်။

ထိုကောင်လေး အိပ်စက်ဖို့ ထပ်လာခဲ့တာဖြစ်သည်။

လင်းယောင်က ညည်းပြီး ကုရှီအန်းကို တွန်းထုတ်လိုက်သည်။

" မြန်မြန်လုပ်၊ ကြောင်လေးကို အိမ်ထဲသွင်းလိုက်။ အပြင်ဘက်မှာ အအေးမိသွားဦးမယ် "

ကုရှီအန်း - " . . . "

All Chapters