အခန်း (၆၂)
Vol. 6 Ch. 62
ကုရှီအန်းသည် ချောမောတည်တံ့သော မျက်နှာဖြင့် တံခါးဖွင့်လိုက်သည်။
အပြင်ဘက်မှ ကြောင်ဝါလေးက “မြောင် မြောင် မြောင်” ဖြင့်သာအော်နေလေသည်။
အထဲမှ လူထွက်မလာမချင်း ထိုကြောင်လေးက တံခါးကိုကုတ်ခြစ်ခဲ့သည်။ လူနဲ့ကစားရန် မျှော်နေခြင်းပင်။
တံခါးပွင့်သွားသောအခါ ကြောင်ကလေးက ဆော့ကစားရန် လက်သည်းဖြင့် တွယ်တက်ရန်ကြိုးစားလေသည်။ ကုရှီအန်း အမြန်ပုန်းလိုက်သောအခါ နောက်မှပြေးလိုက်လေသည်။
အိပ်ခန်းမှာ ဂွမ်းကပ်အိပ်ရာများဖြင့် အလွန်နေချင်စရာကောင်းလှသည်။ စားပွဲပေါ်၌ လှော်ထားသော သစ်အယ်သီးများ၊ အိမ်တွင်ဖုတ်ထားသော ဖရုံသီးပန်ကိတ်ကို ပန်းကန်ဖြင့်ထည့်ထားသည်။
ထို့နောက် ဦးလေးကျန်း ပေးထားသော ပျားရည်ဖြင့်ပြုလုပ်ထားသော လက်ဖက်ရည် ရှိလေသည်။ တောင်ပေါ်ရောက်စဉ်က ဦးလေးကျန်း တောထဲတွင် ပျားဖွပ်နေသော ဝက်ဝံရိုင်းကို တွေ့ရှိခဲ့ပြီး ပျားတုတ်၍ဝက်ဝံထွက်ပြေးသော်အခါ ထိုပျားလဘို့က အောက်သို့ ကျလာခြင်းပင်။
ထိုကြောင့် သစ်ပင်အနောက်တွင် ပုန်းနေသော ဦးလေးကျန်း အတွက်အခွင့်အရေးရခဲ့သည်။
ဦးလေးကျန်း အိမ်ပြန်ရောက်သောအခါ ပျားလဘို့ကိုခွဲလိုက်၍ ပျားရည်တစ်ပုလင်းစာရလေသည်။ တဝက်ကို အဘွားကျန်း အတွက်ချန်ထားပြီး နောက်တဝက်ကို ညီမဖြစ်သူအတွက်ချန်ထားသည်။
ပျားရည်မှာ ရွာသားများရောင်းသောပျားရည်ထက်ပင် ပိုစစ်ပေသည်။ အဘွားကျန်းသည် ထိုပျားရည်များကိုတစ်နေ့တစ်ခွက်သောက်ကာ ချိုလွန်းသဖြင့် သွားမရှိသောပါးစပ်ပင်လျှင် ရှုံ့နေခဲ့ရသည်။
ကျန်းဆွေ့လန်သည် ရတနာပစ္စည်းရသကဲ့သို့ပင်။
ကုမိသားစု၌ ကျန်းဆွေ့လန်နှင့် လင်းယောင်တို့က ကြုံလျှင်ကြုံသလို သောက်ကြသည်။
သုန်ဇီကတော့ လောဘကြီးလေသည်။
ထို့ကြောင့် လင်းယောင်က မိသားစုတစ်ခုလုံးသောက်ရန်အတွက် ပျားရည်လက်ဖက်ရည်ကိုကြွေအိုးထဲသို့ ထည့်ပေးထားသည်။ အားလုံးကလည်း အချိုတည်းသည့်အခါ သောက်ကြလေသည်
အေးစက်သောလေညှင်းများက အပြင်ဘက်တွင်တိုက်ခတ်နေလေသည်။ ကုမိသားစု၏ အိမ်ထဲ၌ လုံခြုံနွေးထွေးလျက်ပင်။ လင်းယောင်က လိမ္မော်ရောင်ကြောင်လေးကို ရေချိုးပေးထားသောကြောင့် အမွေးများက မွှေးကာ ပွပွလေးဖြစ်နေခဲ့သည်။
လင်းယောင်သည် ထိုကြောင်လေးကို ဖက်လိုက်ကာ လက်ဖြင့်ပွေ့ပိုက်သည်။ ကြောင်လေးသည် ငါးခြောက်များစားထားသည့်အတွက် ဗိုက်ဆာမနေခဲ့ပေ။ မီးဖိုချောင်တွင် ချိတ်ထားသော ငါးခြောက်ကို ခိုးစားခဲ့ခြင်းဖြစ်သည်။
လက်ထောက်ဒါရိုက်တာကုသည် အိပ်ခန်းထဲရှိ ဂွမ်းကပ်များကို ခဏဖယ်ကာ တံမြက်စည်းလှည်းပြီး အိပ်ရာခင်းလေသည်။ လင်းယောင်ကတော့ အဖြူရောင် အိပ်ရာဝင်ချည်အင်္ကျီလေးနှင့် ဆံပင် ကိုလျော့တိလျော့ရဲသာ စည်းထားသည်။ ဖယောင်းတိုင်မီးအောက်တွင်သူမ၏ အသားအရောင်မှာဖွေးဥနေလေသည်။ ထို့နောက်သမ်းဝေလိုက်ပြီးအိပ်ရာခင်းပြီးသည်နှင့်တပြိုင်နက် သေးငယ်သော ပိုးဂွမ်းကပ်ဖြင့်လှိမ့်လေသည်။
“ ပင်ပန်းနေပြီ။ မီးပိတ်ပေးပါဦး ”
လင်းယောင် အနည်းငယ်ပြုံး၍ ပြောလိုက်သည်။
ကုရှီအန်းကြည့်လိုက်သောအခါ ပန်းလေးကဲ့သို့ လှပသောလင်းယောင်၏ အလှကို မျက်စိမခွါနိုင်ပဲ ပါးစပ်ကိုလှုပ်၍သာ “ ကောင်းပါပြီ ” ဟုပြောလိုက်သည်။
လင်းယောင် - “…”
ကုရှီအန်း ရေနံဆီ မီးအိမ်ကို ငြိမ်းလိုက်သည်။
လင်းယောင်ကတော့ စောင်ထဲတွင် ကွေးနေခဲ့သည်။ခဏအကြာ အဝတ်ချွတ်နေသည့် အသံကိုကြားလိုက်သောကြောင့် လှုပ်ရှားမှုမပြုပဲ ခိုးကြည့်လိုက်လေသည်။
ရုတ်တရက် အိပ်ရာမှအထ နက်မှောင်၍ဆွဲဆောင်မှုရှိသောမျက်လုံးတစ်စုံနှင့် တွေ့လေသည်။ ကုရှီအန်းပင်
သူမကို စောင့်နေသည့်ပုံပင် !
လင်းယောင်ဒေါသထွက်ပြီး ပြေးရန်အပြင် ကုရှိီအန်းက လင်းယောင်ကို သိမ်းကြုံးဖက်လိုက်ကာ အနမ်းများပေးလေသည်။
လင်းယောင်ရုန်းထွက်၍မရပဲ ကုရှီအန်း၏ လည်ပင်းတွင် အနီရောက်အကွက်များပေါ်အောင် ကိုက်လိုက်သည်။.ဒီလူက အရှက်ရှိသည့်ပုံမပေါ်၊ ဒီတစ်ခါကော ဘာလုပ်ဖို့ကြံနေလဲမသိပေ!
နံနက်သို့ရောက်သော်အခါ ကုရှီအန်းသည် ညတုန်းကလိုကြမ်းကြမ်းတမ်းတမ်းမဟုတ်တော့ပဲ တည်တည်ငြိမ်ငြိမ်ပင် အင်္ကျီကြယ်သီးပြန်တပ်လိုက်လေသည်။
“…”
၂၉ ကြိမ်မြောက် နှစ်သစ်ကူးတွင် လောင်ကုမိသားစုသည် မီးဖိုများရှင်းလင်းပြီး ပွဲတော်အတွက် ပြင်ဆင်ကြသည်။
နောက်ဆုံး ကျန်းဆွေ့လန်နှင့် ကုမန်ဆန်တို့ သမီးဖြစ်သူအိမ်ပြန်လာသည့်အချိန်ကိုမြင်တွေ့ရလေပြီ။
ယခုကာလ ယွင်ရွှေတွင် အခြေအနေများ မကောင်းပဲ ဆောင်းရာသီဖြစ်သည့်အတွက် ကောင်တီတစ်ခုလုံး အသက်ရှင်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ကြရသည်။ ရိက္ခာများလည်းနည်းပါး၍ နွေဦးရောက်ရန်သာ ဆုတောင်းနေကြရသည်။
မြို့ထဲသို့ရောက်မှသာ စပါးများဝယ်ကြရသည်။
ရွှီရှန်းချန်သည် စပါးဆိုင်သို့ သွားကာ စပါးဝယ်လေသည်။ ယခင်က မြို့နေအိမ်ထောင်စုများသည် တစ်လလျှင် စပါး ၃၀ ကီလိုသာရကြပြီး ယခု ၅၀ ကီလိုရကြသည်။ သိုးမွေးပိတ်စကိုတော့ လူအများက မဝယ်နိုင်ကြပေ။
လူအားလုံးတို့သည် မြို့ထဲသို့ အလုပ်လုပ်ရန်သွားကြရသည်။
မိသားစုတစ်ခုတွင် လူ ၅ ယောက်၊ ၆ ယောက် တစ်ပြိုင်နက်တည်း အလုပ်ရှိခြင်းက ပုံမှန်ဖြစ်သည်။ အလုပ်ပြိုင်လုပ်လေ စီးပွါးရေးပြေလည်လေ ဖြစ်သည်။ မြို့ထဲမှ စီးပွါးရေးအခြေအနေကို အခွင်းကောင်းယူ၍ ထိုင်ဝမ်မှဘလူတစ်စုက အမြတ်ထုတ်ချင်နေကြသည့်ပုံပင်။ ခြောက်လအတွင်း တောင်တရုတ်ပင်လယ်ကို အပိုင်သိမ်းမည်ဟု ကြွေးကြော်ကြသည်။ သို့သော်အလုပ်ထက် အပြောသာရှိကြပေသည်။
သုန်ဇီသည် အိမ်ထဲ၌ ခုန်ပေါက်နေရင်း “ အဲ့လူတွေက အပြောပဲရှိတာ။ သူတို့ကိုစောင့်ခိုင်းထားလိုက်။ ကြီးလာရင်ပညာပေးပစ်မယ် ”
မကြာမီ အမေဖြစ်သူ ရိုက်တာသာ ခံရလေသည်။
ကုချွင်မေသည်လည်း ကိုယ်ဝန်စလွယ်ခါစဖြစ်ပြီး သန္ဓေသား အခြေမကျသေးသည့်အချိန်ဖြစ်သည့်အတွက် အာဟာရ လိုအပ်သည်။ အခြားအရာများထက် ကြက်ဉအချို တစ်နေ့တစ်လုံးသည် ကိုယ်ဝန်ဆောင်မိခင်အတွက် အလိုအပ်ဆုံးဖြစ်သည်။
ရွှီမိသားစုတွက်ကား ဆန်၊ ဆီ၊ ဂျုံတို့ရှိသော်လည်း ကြက်ဥမရှိပေ။ ထို့ကြောင့် လင်းယောင်သည် ကုချွင်မေကို ကြက်ဥခြင်းလိုက် လက်ဆောင်ပေးခဲ့သည်။ ကျိုးရှောင်ရွှယ်ဝယ်ပေးသည့် အကြောင်းလဲ ပြောပြလေသည်။
ထိုအခါရွှီအမေသည် ဘာမျှပြောစရာမရှိအောင်ပင်ကျေးဇူးတင်နေခဲ့သည်။ ချွေးမဖြစ်သူ၏ ပထမဦးဆုံး ကိုယ်ဝန်ဖြစ်သည့်အတွက် အခြေတကျ အာဟာရဖြစ်စေချင်သည့။ သူမတုန်းက အခြေတကျ မရှိခဲ့ခြင်းကြောင့် သားတစ်ယောက် ဆုံးရှုံခဲ့ရပေသည်။
ကုချွင်မေသည် လင်းယောင်ကိုညမတွေ့ရတာကြာလေပြီ။ ထို့ကြောင့် ညီမ ၂ ယောက် တရင်းတနှီးဖြင့် အိမ်ထဲသို့တူတူဝင်ထိုင်ကြသည်။ လင်းယောင်သည် မြေပဲနှင့်သကြားလုံးများကို လက်အပြည့်ယူလာလေသည်။
ကုချွင်မေ၏ ဗိုက်ထဲမှ ကလေးကို လင်းယောင် အလွန်ပင် စိတ်ဝင်စားနေခဲ့သည်။ ထို့နောက် ဗိုက်နားသို့ ခေါင်းလေးတိုး၍ နားထောင်ကြည့်လေသည်။ သို့သော်မည်သည့်အသံမှမကြားပေ။
ကုချွင်မေလည်း ပြုံးလိုက်ကာ “ ၂ လပဲရှိသေးတာလေ ယောင်ယောင်ရဲ့ ။ဘယ်လိုလုပ်အသံကြားရမှာလဲ။ကိုယ်တိုင် ကလေးရရင်သိလိမ့်မယ် ။”
လင်းယောင်လည်း သူ့အလိုလိုဖြစ်လာလိမ့်မည်ဟုသာပြန်ပြောခဲ့သည်။
ရွှီရှန်းချန်က အခန်းထဲသို့ လာထိုင်ရန် ကြိုးစားသောအခါ ရွှီအမေက ပင်မအခန်းထဲ၌ သန့်ရှင်းရေးလုပ်ရင်း မောင်းထုတ်လိုက်သည်။
ကုချွင်မေ၏ အခန်းအသစ်မှာ အရှေ့ဘက်တွင်ဖြစ်သည်။ ပရိဘောက အသစ်များရှိပြီး သစ်သားကြမ်းခင်းထားလေသည်။ ပြတင်းပေါက်ဘေးတွင် မှန်ပါသောကြီးမားသည့် ဘီဒိုတခုရှိပြီး အိပ်ရာ၏ ဘေးတွင်ကား ကော်ဖီတင်သည့်စားပွဲတစ်ခုရှိပြီး ဘေးတစ်ဖက်စီတွင် ပန်းပွင့်ပုံ ကူရှင်တင်ထားသည့် ထိုင်ခုံ ၂ ခုရှိသည်။ စားပွဲပေါ်၌ လက်ဖက်ရည်ဗန်း၊ ရေနွေးအိုး၊ခွက်အချို့တင်ထားလေသည်။
ဆိုဖာအသေးလေးသည်လည်းအလွန်သက်တောင့်သက်သာရှိသောကြောင့် လင်းယောင်ပြန်တောင်မထချင်တော့ပေ။ ထို့နောက် အကိုထို့ထို့ က လက်ဖက်ရည်ယူလာပြီး အမေရွှီကတော့ ချန်ပိုင်ကိတ်မုန့်တစ်ပန်းကန်ယူလာခဲ့သည်။ လင်းယောင်ချိုသာစွာ ကျေးဇူးစကားဆိုလိုက်ပေသည်။
“ ကျေးဇူးပါ အန်တီရွှီ “
“ ရပါတယ် ယောင်ယောင် ရယ်၊ အားရင်လာလည်ဦးလေ။ ချွင်မေကော ဒီအဘွားအိုကြီး တစ်ယောက်လုံးရှိတာပဲ။ ကြာကြာနေနှင့်ပြီး ညီမ ၂ ယောက်စကားပြောကြပေါ့ ။”
ရွှီအမေသည်နူးညံ့သိမ်မွေ့သော ယောင်ယောင်ကိုမြင်သည်နှင့် ပျော်ရွှင်နေခဲ့သည်။ နေ့လည်ခင်း၌ ထမင်းစားခဲ့လေသည်။
ညနေခင်းသို့ရောက်သောအခါ ကုရှီအန်းသည်ယောင်ယောင်ကို ပြန်လာခေါ်လေသည်။ ချွင်မေကတော့ မသွားစေချင်သေးပေ။
မနက်ဖြန်သည် နှစ်သစ်ကူးအကြိုနေ့ဖြစ်ပြီး ရွာထဲမှလူတိုင်းသည် ဘိုးဘေးအုတ်ဂူများသို့ သွားရောက် ဂါရဝပြုကာ စာရွက်များမီးရှို့ကြမည်ဖြစ်ပေသည်။
လင်း မိဘ ၂ ပါး၏ အုတ်ဂူမှာ လင်းကျားရွာအနောက်ဘက်မှ တောင်ကုန်းတွင်ဖြစ်သည်။ ကျန်းဆွေ့လန်လည်း ယောင်ယောင်ကို မိဘ ၂ ပါးအား ဂါရဝပြုမည်ကိုခွင့်ပြုလိုက်ပြီး ကုရှီအန်းလည်း လိုက်သွားခဲ့သည်။
နှစ်တစ်ဝက်လောက် မရောက်ဖြစ်သဖြင့် အုတ်ဂူပေါ်၌ သစ်ကိုင်းခြောက်များ၊ မြက်ပင်အခြောက်များ ဖုံးနေခဲ့သည်။ သံယောဇဉ်ကြောင့် အုတ်ဂူများမြင်သောအခါ လင်းယောင်မနေနိုင်ပဲ မျက်ရည်ဝဲလေသည်။
ကုရှီအန်းလည်း ယောင်ယောင်ခေါင်းလေးကိုပုတ်ပေးပြီး ညင်သာစွာ “ ယောင်ယောင် မငိုနဲ့တော့၊ မိဘတွေကြည့်နေတယ်လေ”
လင်းယောင်လည်း နှာခေါင်းရှုံ့ပြီး ခေါင်းငြိမ့်ပြလိုက်ပြီး ၂ ယောက်သား အုတ်ဂူများကို သန့်ရှင်းရေးလုပ်ကြလေသည်။ ကျန်းဆွေ့လန်လည်း မျက်ရည်များသုတ်ပေးလိုက်ပြီး ပါလာသော မြေပဲကြော်ပန်းကန်၊ ထမင်းဖြူ၊ အသီးအနှံများ၊ ဝက်ပေါင်ကင်၊ ပေါက်စီ စသည်တို့ကို စားပွဲပေါ်တွင် တူအသီးသီးဖြင့် တင်လိုက်ကာ အုတ်ဂူ ၂ ခုပေါ်တွက် ဝိုင်ခွက် ၁ ခုစီဖြင့် နေရာချပေးသည်။
ထို့နောက် စက္ကူငွေသားများစွာကို မီးရှို့လိုက်ပြီး အဖေလင်း နှင့် အမေလင်းတို့အကြောင်း ပြောဖြစ်ခဲ့သည်။ ၆ လအတွင်း ဖြစ်ခဲ့သမျှများကို အုတ်ဂူရှေ့တွင်ပြောခဲ့လေသည်။ ယောင်ယောင်မှာ လိမ္မာရေးခြားရှိသောကလေးဖြစ်ပြီး လင်း မိဘ ၂ ပါးလုံးက စောင့်ရှောက်ပေးရန် မှာထားခဲ့သည်။ လင်း မိသားစုသည် ချမ်းသာခြင်းနှင့် လာဘ်လာဘများထက် အေးချမ်းမှုကိုလိုလားခဲ့သည်။ သားမက်ဖြစ်သူနှင့် ယောင်ယောင်သည် အုတ်ဂူရှေ့၌ ၃ ကြိမ် ဂါရဝပြုလိုက်လေသည်။
လင်းယောင် ဂါရဝပြုနေသောအချိန်၌ မိဘ ၂ ပါးထံသို့ ရှင်းကျန်းတွင် စစ်သားအဖြစ် တာဝန်ထမ်းဆောင်နေသော အစ်ကိုဖြစ်သူအား စောင့်ရှောက်ပေးရန် တီးတိုးဆုတောင်းခဲ့သည်။ ရှင်းကျန်းတပ်ဖွဲ့ထံသို့ စာများရေးသော်လည်း စာမလာသတင်းမကြားရပေ။
လင်းမိသားစုမှာ သားအကြီးဆုံး၏ အခြေအနေကိုမည်သူမျှမသိကြ။
သို့သော် လင်းယောင် စိတ်ပူနေလည်း အလကားပင်။
နှစ်သစ်ကူးအကြိုနေ့တွင် ကုမိသားစုအိမ်မှာ သန့်ရှင်းတောက်ပြောင်နေခဲ့သည်။ နံရံများမှ ပင့်ကူအိမ်များလည်းမရှိတော့ပေ။ စားပွဲ၊ ခုံ၊ မီးဖိုများသည်လည်းတောက်ပြောင်နေခဲ့သည်။
လင်းယောင်သည် ပြတင်းပေါက်ဇကာကွက်များကို သန့်ရှင်းရေးလုပ်နေခဲ့ပြီး ကုရှီတုန်းကတော့ ပြေးလွှားကာ ပြတင်းပေါက်၊ တံခါး၊ မီးဖိုများတွင် ကပ်ခွါများလိုက်ကပ်လေသည်။ ကုမန်ဆန်တို့ သားအဖ သည်လည်းတစ်ညနေလုံး ထင်းသယ်ခြင်းဖြင့်သာအလုပ်ရှုပ်နေခဲ့သည်။
ထင်းရှာရာတွင် လူအများစုသည် တောင်ပေါ်၌ သစ်ကိုင်းများကိုစုကာ ထင်းစည်း၍ အိမ်သို့သယ်ကြလေ့ရှိသည်။ သစ်ကိုင်းများမရှိလျှင် သစ်ပင်ကြီးများကိုခုတ်ကာ ထင်းစုရလေသည်။
ကုရှီတုန်းသည် ခြင်းတောင်းအသေးလေးကို ထမ်း၍ မီးရှို့ရန် သစ်ရွက်ခြောက်များ သိမ်းဆည်းလေသည်။
ကျန်းဆွေ့လန်နှင့် လင်းယောင်တို့သည် မိသားစုကြီးသည့်အတွက် အသားနှင့် အစာများသွပ်ထားသော ဖက်ထုပ်အကြီး ငါးခု၊ ဆန်ခေါက်ဆွဲတို့ကို လုပ်နေလေသည်။ နှစ်သစ်ကူးအကြိုနေတွင် ဖက်ထုပ်အစားများသောကြောင့် လောက်ပင်မလောက်။
တရုတ်နှစ်သစ်ကူးနေ့များတွင် တိုင်းပြည််မှာ ဘယ်လောက် ဆင်းရဲဆင်းရဲ ပေးကမ်းလှူဒါန်းကြသည်။
ကုရှီအန်းသည် ကြက်သားနှင့်တကွ ပြောင်းဆန် ၂ ကီလိုကို ယူလာခဲ့သည်။ ကြက်သားကိုင်ရင် လင်းယောင်ကလှမ်းပြောလိုက်ပြီး အသင့်ပြင်ထားသော ကြာဇံ၊ မှိုတ်ို့နှင့်အတူ ကြက်သားကိုပေါင်းလိုက်သည်။ အရသာကောင်းမည်မှာအမှန်ပင်။
သုန်ဇီ ခြံထဲတွင် ပြေးနေပြီး တာ့ကျွီက နောက်က လိုက်သည်။ ၂ ယောက်သား ခေါင်းလည်းမမူးကြပေ။
နှစ်သစ်ကူးအကြိုနေ့တွင် ညမှောင်လာသည့်နှင့် ကုကျားအောင်မှ မည်သည့်အိမ်ကစ၍ မီးရှူးမီးပန်းဖောက်ကြမည်မသ်ိ။
ကုမိသားစုလည်း မီးပန်းဖောက်ခဲ့လေသည်။
နှစ်သစ်ကူးအကြိုနေ့တွင် ကုမိသားစုသည် ကောင်းစွာစားသောက်ပြီး ဂေါ်ဖီဝက်သား ဖက်ထုပ်တစ်ဝက်သာကျန်လေသည်။ လင်းယောင်ပင် ဝဝလင်လင်မစားခဲ့ရ။ သူမ ကံမကောင်းခဲ့ပေ။
TwT
စားသောက်အပြီးတွင် အခြားအိမ်များသို့ လည်ကာနှစ်သစ်အကြို နှုတ်ဆက်ကြလေသည်။
ကုကျားအောင်မှ လူများက ရိုးရှင်းသည်။ အိမ်ထောင်စုအနည်းငယ်သာ ရှိသည့်အတွက် ကုမိသားစုသည် အိမ်အချို့ကိုသာ လည်ပတ်ခဲ့သည်။
၃ ရက်မြောက်် နှစ်သစ်ကူးနေ့တွင် လင်းယောင်သည်ဖက်ထုပ်များကို အရသာတစ်မျိုး ပြောင်း၍ လုပ်လေသည်။
၃ ရက်မြောက်် နှစ်သစ်ကူးနေ့တွင် အိမ်လုပ် အသားဆော့စ်နှင့်တကွ ခေါက်ဆွဲများလုပ်ပြီး သုန်ဇီကပင် တစ်ပန်းကန်လုံး စားကုန်သွားခဲ့သည်။
အိုးအသေးလေးများဖြင့် ခေါက်ဆွဲ များထည့်ထားပြီး ဆန်ပြုတ်များကို အိုးအကြီးဖြင့် ထည့်ထားသည်။ အသားဆော့စ်ခေါက်ဆွဲမှာ အလွန်စားကောင်းသော်လည်း အကြာကြီးထား၍ အဆင်မပြေ။
ကျန်းဆွေ့လန်သည် ဘေးတွင် ဗလုံးဗထွေးစကားပြောနေသော သုန်ဇီကို တူနှင့်တို့လိုက်ပြီး “ ဘာတွေပြောနေတာလဲ။ စားပြီးရင် မီးဖိုချောင်ထဲသွားပြီး ပန်းကန်သွားဆေး။ နှစ်သစ်ကူးဆိုတော့ အိမ်အလုပ်တွေလုပ်တတ်အောင်လုပ်။ ”
ကုရှီတုန်းလည်း “ ဟုတ်” ဟုသာပြန်ဖြေပြီး ယောင်ယောင်ကို မျက်စိမှိတ်ပြလိုက်ကာ “မမယောင်ယောင်၊ ဒီညငါးစတူးလုပ်မှာလား ”
လင်းယောင် အနည်းငယ် တွေးလိုက်ပြီး လက်ဖြင့် အိုကေ ဟုလုပ်ပြလိုက်သည်။
တစ်ဖက်တွင် စွင်းမိသားစု၌ လင်းဟုန်နသည် သူမဆန္ဒအတိုင်း စွင်းကျားလျန်နှင့် လက်ထပ်လိုက်ရပြီး စွင်းမိသားစု၏ သီးခြားအိမ်တွင်နေထိုင်ရသည်။
ဧည့်ခန်းထဲ၌ အနီရောင်ဘီဒို၊ ကော်ဖီတင်သည့်စားပွဲ ရှိသည်။ လင်းဟုန်နတစ်ယောက် စက်ဘီးထွက်စီးလိုက်၊ ပြန်လာလျှင် နို့သောက်ပြီး ဟွမ်မေအော်ပရာကိုရေဒီယိုမှနားထောင်လိုက်၊ သပ်ရပ်သောကြမ်းပြင်နှင့် အင်္ဂတေကပ်ထားသောအိမ်သာ အစရှိသည့်အကောင်းဆုံးအရာတွေကြောင့် သူမ၏ နံနက်တိုင်းမှာ အပြုံးဖြင့်နိုးထနိုင်ခဲ့သည်။
မထင်မှတ်ထားစွာဖြင့် သူမ ပျော်ရွှင်၍မဆုံးခင် စွင်းမူဆိုသော အမျိုးသမီးက သူမကို ဆော်လေတော့သည်။