← Chapters

အခန်း (၆၅)

Vol. 6 Ch. 65

အခန်း (၆၅)

Vol. 6 Ch. 65

လင်းယောင် ကိုယ်ဝန်ရပြီဆိုသော သတင်းရသောအခါ ဆွေမျိုးများနှင့် သူငယ်ချင်းများက အိမ်သို့ လက်ဆောင်ပစ္စည်းများဖြင့် လာကြလေသည်။

ငတ်မွတ်ခေါင်းပါးနေသောအချိန်၌ အိမ်ထောင်စုတိုင်းသည် ပိုက်ဆံနည်းပါးလာခဲ့သည်။ ယခင်နှစ်ကကဲ့သို့ စည်သွပ်ဘူးအစာများ မဆုတောင်းလေနှင့်။ အကယ်၍ စည်သွပ်ဘူးအစာများ ရလျှင်တောင် ကုမိသားစုမှ လက်ခံနိုင်မည်မဟုတ်ပေ။

ဦးလေးကျန်း လတ်လတ်ဆက်ဆက်ပစ္စည်းများဖြစ်သည့် မှို၊ တောင်မှို၊ တောင်သစ်အယ်သီး အစရှိသည်များနှင့် အခြောက်အခြမ်းများကိုလည်း ထည့်ပေးလိုက်လေသည်။ အမေရွှီသည် ကုချွင်မေကို မြို့ပေါ်၌ စောင့်ရှောက်နေရသည့်အတွက် မအားလပ်ပေ။ ရွှီရှန်းချန် က နူးညံ့သော ချည်သားအင်္ကျီနှငိ့ ကျားရုပ်ပါကလေးဖိနပ်ကလေး ထည့်ပေးလိုက်လေသည်။

ကျားရုပ် ဖိနပ်လေး၏ အစွပ်မှာ အလွန်ရုပ်လုံးပေါ်ပေသည်။ အပေါ်မှ ချည်တက်တင်းဖြင့်ပြုလုပ်ထားပြီး အပ်ချည်ဖြင့် ချည်ထားသည်။ အနားကွတ်ချည်များမှာ အရောင်အသွေးစုံလင်လှပြီး လက်ထဲ၌ ပန်းချီအနုပညာတစ်ခုသဖွယ်ပင်။

လင်းယောင် လက်ပေါ်သို့တင်ကာ ခဏခဏ ကြည့်နေမိသည်။ ကျန်းဆွေ့လန်လည်း ပြုံးလိုက်ရင်း “ ရွှီအမေ ကအရမ်းလက်ရာမြောက်တယ်။ ကျားရုပ် ဖိနပ်ကအရမ်းလက်ဝင်တာ လုပ်ဖို့မလွယ်ဘူး။ ချည်တစ်ခုချင်းဆီကို ကိုင်ထားပြီး အားစိုက်လုပ်ရတာ။ ဇက်ကြောတွေတက်နေမှာပဲ။ ချွင်မေ ကလေးအတွက်တစ်စုံ အခုတစ်စုံဆိုတော့။ ရှေးစကားအရ ကျားရုပ် ဖိနပ်လေးတွေက မကောင်းတဲ့အရာတွေကို နှင်ထုတ်ပေးပြီး ယောကျာ်းလေးရော မိန်းကလေးရော ဝတ်လို့ရတယ်။”

လင်းယောင်လည်း ခေါင်းသာငြိမ့်လိုက်ပြီး ကျားရုပ်ဖိနပ်လေးကိုသာကိုင်ထားလေသည်။ ထို့နောက် ဖိနပ်ဘူးထဲသို့ ထည့်လိုက်သည်။ အိမ်ထဲ၌ လမ်း ၂ ခေါက်လောက် လျှောက်လိုက်ပြီး မွေ့ရာပေါ်သို့ ထိုင်လိုက်သည်။ ထို့နောက် အိပိငိုက်စ ပြုလာသည်။

ကျန့်ဆွေ့လန်လည်း အလျင်အမြန်ပင် ချွေးမလေးအတွက် အိပ်ရာခင်းပေးလိုက်ပြီး အိပ်စက်အနားယူခိုင်းလိုက်သည်။

လင်းယောင်ကတော့ မိသားစုအတွက် တစ်ခုခု လုပ် ပေးချင်နေသည်။ တံမြတ်စည်းကို ကိုင်လိုက်သည်နှင့် တပြိုင်နက် ကုရှီအန်းက ပြေးလာပြီး မလုပ်ခိုင်းပေ။ ကုရှီအန်းကိုယ်တိုင်ပဲ မီးဖိုချောင်ထဲ၌ ပန်းကန်ဆေးတာကအစလုပ်လေသည်။ ကုမန်ဆန်လည်း ခြံထဲမှ စိုးရိမ်သောအမူအရာဖြင့်ရောက်လာပြီး လင်းယောင်ကို တစ်ခုခုနှင့်ထိခိုက်မည်အား စိတ်ပူနေလေသည်။

လင်းယောင် ဘာမှလုပ်စရာမလိုပေ။ လမ်းသာအနည်းငယ်သာ လျှောက်ပြီး သုန်ဇီက အနောက်ကလိုက်လေသည်။ လမ်းတစ်ဝက်အရောက် ရွာထဲ၌ ကြီးမားသော ခွေးဝါကြီးကို တွေ့လေသည်။

ထိုအခါ ကောင်စုတ်လေးက ပြေးသွား၍ မောင်းထုတ်ခဲ့သည်။ မမယောင်ယောင် လာနေတာကို !

ကုကျားအောင်မှ သက်ကြီးရွယ်အိုများအားလုံးကို သုန်ဇီက ယောင်ယောင် အနားအကပ်မခံပေ။

ထိုအချိန် အသက် ၂၀ ရှိသော ကလေးမလေးက သိချင်စိတ်ဖြင့် လင်းယောင်ဆီသို့ လာကာ တီးတိုးမေးမြန်းခဲ့သည်။

“ မမ ညီမလေးရော ဘယ်တော့လောက် ကလေးရမှာလဲဟင် ”

လင်းယောင်သောက်လက်စ နို့များပင် သီးသွားခဲ့ပြီး ဘာလို့မေးလဲဟူ၍ ပြန်မေးလိုက်သည်။

သို့သော် ပါတီအတွင်းရေးမှုး၏ သမီးဖြစ်သူမှာ ရိုးရိုးသားသားပင်

“ သုန်ဇီ စောနက ငါးမျှားရင်းပြောနေတာ။ အချို့ အန်တီတွေဆိုလက်မထပ်ရင် ကလေးမရဘူးတဲ့။ အန်တီကြီးတွေလိုတော့ မဖြစ်ချင်ဘူး။ ကလေးလိုချင်တာ။ သုန်ဇီကမိုက်တယ်နော် ဒီလောက်အေးနေတာတောင် မြစ်ထဲဆင်းရဲတာ။ အဖေသာဆိုလွှတ်မှာမဟုတ်ဘူး”

“…”

လင်းယောင် စိတ်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်ကာ အိတ််ကပ်ထဲမှ နို့သကြားလုံးကိုပေး၍ ကလေးမကို ပြုံးသာပြလိုက်သည်။ ထို့နောက် ကျန်းဆွေ့လန်ကိုပြန်ပြောပြလိုက်သည်။

ကျန်းဆွေ့လန် ကြားသောအခါ အလွန်ဒေါသထွက်သွားပြီး ကုမန်ဆန်၏ မျက်နှာကြီးလည်း မဲသွားခဲ့သည်။ ကျန်းဆွေ့လန်သည် စည်းကမ်းကြီးသော အမေဖြစ်ပြီး ကုမန်ဆန်က အချစ်ကြီးသည်။ သို့သော် ၂ ယောက်လုံး ယခုအခါတော့ ဒေါသထွက်နေကြသည်။

သုန်ဇီသည်မြစ်ဆီသို့ သွားရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ ကုကျား‌အောင် တောင်ခြေတွင်ရှိသော မြစ်မှာ ၅ ဧက၊ ၆ ဧက လောက်ရှည်ပြီး ပေါင်းပင်များ၊ ရေမှော်ပင်များပေါက်နေခဲ့သည်။ ရေအလွန်ကြည်သောကြောင့် ငါးများပင်မြင်နေရပြီး ရွာထဲမှ ကလေးများက ငါးဖမ်းချင်သော်လည်း ကမ်းစပ်မှသာ သွားရည်များကျနေကြသည်။

အဘယ်ကြောင့်ဆိုသော် ရေမှာအလွန်နက်ပြီး အန္ထရယ်များပြီး အတိမ်ဆုံးကပင် ၂ မီတာ ၃ မီတာလောက်နက်သည်။ ရွာထဲ၌ အသန်မာဆုံးသူပင် ၂ မီတာလောက်အရပ်မရှည်။ ရေထဲဆင်းပြီး ရေမှော်ပင်များထဲရောက်သွားလျှင် မတော်တဆသေဆုံးနိုင်သည်။

ထို့ကြောင့် လူကြီးများက ကလေးများကို ရေထဲဆင်းခွင့်မပြုကြပေ။ အေးသောရာသီတွင်ပို၍ ခွင့်မပြုကြ။ ရေကနွေးသော်လည်း မြောက်လေတ်ိုက်လျှင် အေးစိမ့်နေပေလိမ့်မည်။

ထိုသို့အေးသောရာသီတွင် အရူးကပဲမြစ်ထဲသို့ဘာမျှမပြောပဲသွားမည်မှာအမှန်ပင်။

တခုခုဖြစ်ခဲ့လျှင် ကုမန်ဆန်တို့ ရင်ကျိုးရပေမည်။

ညနေခင်းအရောက် ကုရှီတုန်း အိမ်သို့ခိုးဝင်သည့်အချိန် မိဘဖြစ်သူများနှင့် ထိတ်တိုက်တွေ့လေသည်။ အမေသည် တုတ်ကိုင်ထားကာ ဘေးဘီကိုကြည့်လိုက်သည်။

အမေ၊ ဘာဖြစ်နေတာလဲ?

ကုရှီတုန်းတစ်ခုခု မှားနေပြီးဆိုတာခံစားမိပြီး သူတင်ပါးကို အုပ်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ထွက်ပြေးဖို့အပြင် နောက်လှည့်လိုက်သောအခါ အရပ်ရှည်ရှည်လူတစ်ယောက်နှင့် တိုက်မိသွားသည်။ ထိုလူသည် စစ်အင်္ကျီကို တံတောင်ဆစ်အထိ ခေါက်ထားကာ လက်ထဲ၌ ခြင်းတောင်းအကြီးကြီး ကိုင်ထားသည်။ ရာသီဥတုအေးနေသည်ကို မမှုသည့်ပုံပင်။

သုန်ဇီ ခေါင်းမော့ကြည့်လိုက်သော အခါ နက်မှောင်သောအကြည့်တစ်စုံ။ ထိုလူက စေ့စေ့ကြည့်နေခဲ့သည်။

ကုရှီတုန်း တုန်တက်သွားပြီး သူ၏အစ်ကိုပင် ဖြစ်နေခဲ့သည်။

အချိန်ဆိုးပဲ။

ထွက်ပြေးဖို့လုပ်နေသော ကလေးကို လက်ထောက်ဒါရိုက်တာကုက ဖမ်းလိုက်သည်။

အဖေဖြစ်သူလည်း ကုရှီတုန်းကို ရိုက်လေသည်။

ရိုက်ခံရသောအခါ အဖေ၊ အမေ၊ ယောင်ယောင်တို့ကို အော်ခေါ်ပြီး အားမရှိတော့သည့်အခါ တရှုံ့ရှုံ့ငိုတော့ပေသည်။

လင်းယောင်လည်း စိတ်မကောင်းဖြစ်သွားပြီး ကလေးကိုဆေးလိမ်းပေးရန် ကုရှီအန်းအား ဆေးဘူးပေးလိုက်သည်။

ကောင်စုတ်လေးမှာ မျက်ရည်များသုတ်ပြီး “ အစ်ကို၊ မမယောင်ယောင်က ကြာလာရင်ရော သားကို ချစ်ဦးမှာလား "

ကုရှီအန်း ဖြည်းဖြည်းတင်ပါးကို ရိုက်လိုက်သောအခါ ထပ်ငိုလေသည်။

“ ဘာလို့မေးတာလဲ “

“ ရွာထဲက အန်တီတွေက ရိုသေပြီး လိမ္မာတဲ့ကလေးတွေကိုပဲ ချစ်ကြတာတဲ့။ သားက ဆိုးပြီး မလိမ္မာဘူးလေ …”

ကုရှီအန်းရယ်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ ဒီကလေးက သေချာသိနေတာပဲ။

ထိုညက ကုမန်ဆန် သားအကြီးဖြစ်သူနှင့် စကားပြောခဲ့လေသည်။ ကျန်းဆွေ့လန်သည် အစကတည်းက ဒါရိုက်တာကုကို ညီဖြစ်သူအား ဆုံးမစေချင်လေသည်။

မရိုက်မီ ဘာမှဆုံးမသည့်ပုံမပေါ်။

ကုရှီတုန်းရေထဲသို့ ဆင်းခြင်းသည် ပထမအနေနှင့် ငါးဖမ်းချင်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ သူငယ်ချင်းများကို ဂုဏ်ဖော်ချင်သောကြောင့် ဖြစ်သည်။ ရွာထဲမှကလေးများသည် သန်မာသည့်ပုံများဖြင့် ဗိုလ်လုပ်ချင်သောကြောင့် တစ်ခုခုလုပ်ပြမည်ဆိုပြီး မြစ်ထဲသို့သွားခြင်းပင်။

ဦးစွာ ရွာထဲမှ လူအားလုံးချနိုင်ကာ သတ္တိရှိပြီး ဘယ်သူမှ မလုပ်ရဲသောအရာကို လုပ်ခြင်း ခပ်မိုက်မိုက်ပုံဖမ်းခြင်းဖြစ်သည်။

အရိုက်ခံရပြီးသောအခါ ကုရှီတုန်းအမှန်ကို သိမြင်သွားလေသည်။ သန်မာပြီး ပြိုင်ဆိုင်တတ်ခြင်းက ယောကျာ်းစစ်မဟုတ်ပဲ သတ္တိရှိခြင်းကပင် ယောကျာ်းစစ်တို့လုပ်ရပ်ဖြစ်ကြောင်း သိရှိခဲ့သည်။ မျက်နှာရဖို့ အသက်ရင်းခြင်းက မဖြစ်သင့်ပေ။

ကုရှီတုန်း ခေါင်းကုတ်လိုက်ပြီး အရူးထက်ဆိုးမှန်း ကိုယ့်ကိုယ်ကို သိသွားပြီး ရှက်သွားခဲ့သည်။

ပထမဆုံး နှစ်သစ်ကူးပြီးလ၏ ၂၈ ရက်မြောက်တွင် ကုကျားအောင်တွင် နှင်းထပ်ကျပြီး ဆောင်းရာသီ တစ်ခုတိုင်းမိသားစုတိုင်းက ကျောက်မီးသွေးများမီးရှို့ရလေသည်။

ကုရှီအန်း တစ်ညအိမ်၌နေခဲ့ပြီး ကလေးလေးရှိသည့် လင်းယောင်၏ ဗိုက်ကို ကိုင်ကြည့်လေသည်။

ဒါရိုက်တာကုလည်း မျှော်လင့်ချက်များဖြင့် ကိုယ်ဝန်ရှိနေသော ဇနီးကိုကြည့်ပြီးနောက် သွားကြိတ်လိုက်ကာ အေးစက်နေသော ရာသီဥတုကို အံတုရင်း အပြင်သို့ထွက်ကာ မျက်နှာသစ်လေသည်။

သူပြန်လာသောအချိန်၌ လင်းယောင်အိပ်ပျော်နေပြီဖြစ်သည်။

ကုရှီအန်း မတတ်သာသည့်အဆုံး လင်းယောင်ပါးလေးကိုသာ ညစ်ခဲ့သည်။

“ အသည်းနှလုံးမရှိတဲ့ ကလေးလေး ”

လင်းယောင်က တစ်ဖက်သို့ လှည့်ရင်း “ ဟုတ်တယ်” ဟုဖြေကာ အိပ်သွားလေသည်။

“…”

နှင်းများမကျတော့သည့်အခါ ကုမန်ဆန်သည် မီးသွေးမှုန့်များကို တံမျက်စည်းလှည်းပြီး ခြင်းတောင်းတစ်ခုထဲသို့ထည့်လိုက်သည်။ ထို့နောက် ဂေါ်ပြားဖြင့် ကျောက်စရစ်များကို ၂ ခါယူပြီး ရွှံ့များဖြင့် ရောလိုက်သည်။ ခြံထဲ၌ ထုံးတမ်းအရ မြေဖို့ရန်ပင်။ ရွှံ့အုတ်များပြုလုပ်ပြီး အတုံးများဖြစ်အောင် ဖြတ်ကာ နေပူထဲတွင် မီးရှို့ရန်မာလောက်သည်အထိ အခြောက်ခံထားခဲ့သည်။

နွေဦးအစတွင် ကုကျားအောင်၏ ရာသီဉတုမှာ ပူတလှည့်အေးတလှည့်ပင်။ ရာသီဉတုကောင်းသောနေ့များတွင် တောင်ဘက်မှ နွေဦး လေနွေးတို့ကတိုက်ခတ်ပြီး ရာသီ‌ဥတု ဆိုးသောနေ့တွင် ဆောင်းရာသီထက်ပင် လေအေးများ တိုက်ခတ်သည်။

သို့သော် ဆောင်းရာသီ ကုန်သွားပြီ ဖြစ်သွားသောကြောင့် မေလအလယ် မိုးအနည်းငယ်ရွာပြီးချိန်၌ သီးနှံပင်များ တောင်အနှံ့ပေါက်လာခဲ့သည်။ ရက်ပိုင်းအနည်းငယ်အတွင်း လောင်ကု အိမ်အနောက်မှ ဝါးတောထဲရှိ ဝါးများလည်းကြီးထွားလာကြသည်။

ဆောင်းရာသီတုန်းက အဝတ်အထည်သာမက အစားအသောက်များလည်း များများစားစား မရှိခဲ့ပေ။ ကုကျားအောင်မြေမှာ မြေဩဇာအလွန်ကောင်း၍ ယခင်နှစ်ကလည်း စိုက်ပျိုးရေး ဖြစ်ထွန်းခဲ့သည်။

စပါးအများစုကို မြောက်ဘက်သို့တင်သွင်းရသော်လည်း ကုကျားအောင် ရွာသားများအတွက်တော့ မြို့ပေါ်တွင်မရနိုင်သော စပါးနှံများ အိမ်တိုင်းတွင်ရှိကြသည်။ အစားအသောက်ရှားပါးမှုသည် နယ်ဘက်ဒေသ များကိုမသက်ရောက်ခဲ့ပေ။

မြို့ပေါ်မှလူများသည် စီးပွါးဖြစ်စပါးများသာ စားရပြီး နယ်ဘက်မှလူများသည် အိမ်စိုက်စပါးများကို စားကြသည်။ ထိုကိစ္စသည် ယခင်နှစ်များကတည်းကပင်။ စပါးများခြင်း မများခြင်း ပြဿနာပင်ဖြစ်သည်။

ထို့အပြင် နယ်ဘက်တွင် မြို့ပေါ်ကလို ကြိတ်ထားသည့်ဆန်၊ ဂျုံလောက်သာမဟုတ်ပဲ ဂျုံဖွဲနု၊ ဖွဲကြမ်း၊ ပဲကိတ်မုန့်များ၊ ပြောင်းမုန့်၊ ကန်စွန်းဥများ စသည့်ရိက္ခာ များရှိလေသည်။ အားလုံးက စားစရာများပင်။

ဂျုံဖွဲနု၊ ဖွဲကြမ်းပင်ဖြစ်စေ အသက်ရှင်ရန် အထောက်အပံ့ဖြစ်ဖို့သာ အရေးကြီးသည်။

တောင်အနောက်ဘက်မှ သိုးထိန်းများလည်း စီးပွါးတက်လာကြပြီး ရွာထဲမှ မိန်းမကြီးများသည်လည်း တောင်အနောက်သို့ သစ်ဥသစ်ဖုများတူးရန် သွားကြသည်။

မြို့ပေါ်၌ ဘာမှစားစရာမရှိတော့လျှင် သိက္ခာကိုနောက်ထားပြီး တောင်အနောက်၌ သာသွား၍ သစ်သီးများရှာရသည်။

စစ်တပ်ကွင်းမှ မိသားစုများလည်းပါဝင်ကြသည်။ သိက္ခာထက် ဗိုက်ပြည့်ရန်က အဓိကပင်။

စွင်းကျားလျန် မိသားစုသည် စပါးရုံမှ ဦးလေးဖြစ်သူကို မှီခို၍ ရိက္ခာမပြတ်ပေ။

မြို့မှာကျယ်ဝန်းလှသည်။ ထို့ကြောင့် နယ်ဘက်သို့ သီးနှံများရှာရန်သွားကြသော မိသားစုများသည် လူပြတ်သည့်နေရာသို့ သွားရရုံသာမကပဲ မသွားလျှင်လည်း အပြောအဆိုဝေဖန်လည်း ခံရသည်။

သို့သော် စွင်းအမေသည် တစ်သက်လုံး အိမ်ရှင်မ ဖြစ်လာသောကြောင့် အမှန်တရားကို လက်ခံသည်။ ခြံဝန်းနှင့် အိမ်ထဲတွင် နေရသည့်အလျောက် အစားကောင်းများ အဝတ်ကောင်းများ ဝတ်ရလေသည်။ ယခု မိန်းမကြမ်းတစ်ယောက်လို သစ်သီးများ ရှာခိုင်းခံရလေသည်။

တွေးရုံနှင့်တင် စွင်းအမေ ခေါင်းများကိုက်လာလေသည်။ ထိုအခါ သမီးအကြီးဆုံးက အကြံညဏ်ပေးလိုက်သည်။

မိသားစုတိုင်း သီးနှံများသွားရှာရမည်သာဖြစ်ပြီး မည်သူမည်ဝါသွားသည်က အရေးမကြီးပေ။

စွင်း အမေလည်း တွန့်ဆုတ်စွာ “ ဒါပေမဲ့ သူက ကိုယ်ဝန်နဲ့လေ ”

သမီးအကြီးဆုံးမှာ အမဲရောင်လယ်သာဆိုဖာ ပေါ်တွင်ထိုင်ပြီး “ အမေ ဘာတွေပြောနေတာလဲ။ နယ်ဘက်က ကိုယ်ဝန်သည် တွေအားလုံး လယ်ထဲမှာပဲ ကလေးမွေးကြတာ။ လင်းဟုန်နကို သမီးတို့က အစားအသောက် ကောင်းကောင်းကျွေးခဲ့တာပဲ။ မိသားစုအတွက် လုပ်ခိုင်းတာရတာပဲကို”

စွင်းမိသားစုမှ အကြီးဆုံးသမီးသည် မောက်မာပြီး အကြီးဆုံးဖြစ်သည့်အတွက် ဒုတိယသမီးထက် မိသားစုကအရေးပေးပြီး လက်ထပ်သွားသောအခါတွင်လည်း ယောက္ခမ ဖြစ်သူများမြို့တော်ဝန်ဖြစ်သည့်အတွက် ထောင်လွှားနိုင်သည်။

သူမနှင့်ယှဉ်လျှင် လင်းဟုန်နမှာ တောကြက်ပေါက်တစ်ကောင်ကဲ့သို့ပင်။

ထို့ကြောင့် ကိုယ့်အဆင့်ကိုသိရပေမည်။

စွင်းမိသားစုမှ အကြီးဆုံးသမီးသည် သူ့မောင် မူးနေတုန်းကပြောသော စကားများကို လျှို့ဝှက်ပေးတာနဲ့တင် လင်းဟုန်နအပေါ် ကြင်နာသည်ဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။

နယ်ဘက်က လူတစ်ယောက်ရှိထားတာလည်း မဆိုးလှ။ မောင်ဖြစ်သူလည်း အပြင်မှ ပျော်ရွှင်ရ၊ မိဘများလည်း အသက်ကြီးလာသည့်အတွက် အိမ်သန့်ရှင်းရေးလုပ်မည့်သူ တစ်ဦးလိုအပ်သည်။

လင်းဟုန်နသည် ထိုအလုပ်များမှာ တော်သည်။

ထို့ကြောင့် စွင်းမိသားစုမှ အကြီးဆုံးသမီးထံမှ အဝတ်များရလေသည်

လင်းဟုန်န ဝတ်ထားသော ကာကီရောင် ဆွယ်တာမှာလည်း စွင်း မိသားစုမှ အကြီးဆုံးသမီးပေးထားခြင်းဖြစ်သည်။

စွင်းအမေနှင့် သမီးကြီး ပြောနေသည်များကို လင်းဟုန်န မကြားခဲ့ပေ။ ကြားလျှင် ဘယ်လိုများ ဖြစ်ကြမည်နည်း ?

ထိုမိန်းမ ၂ ယောက်သည် လွယ်လွယ်ကူကူ လူများတော့မဟုတ် ။

လင်းဟုန်ဝူကို စုံစမ်းခိုင်း၍ ထိုအကြီးဆုံးသမီး၏ ခင်ပွန်းဘက်မှ အခြေအနေကို သိရှိပြီးဖြစ်သည်။

ထိုယောကျာ်းမှာ အပေါ်ယံ နူးညံ့သော်လည်း အပြင်ဘက်တွင် မိန်းမလိုက်စားနေခြင်းဖြစ်သည်။ စွင်း မိသားစု စီးပွါးတက်လာသောအခါ စားသောက်ဆိုင်တော်တော်များများ ပိုင်ဆိုင်လာသည်။

စွင်းမိသားစုမှ အကြီးဆုံးသမီးသည် တနေ့တနေ့ အဝတ်အစား တောက်တောင်ပြောင်ပြောင် ဝတ်ပြီး သူ့ခင်ပွန်းဆိုင်သွားလျှင် လိုက်သွားလေ့ရှိပြီး ထိုင်ကြည့်နေခဲ့သည်။ အကြောင်းမှာ ဆိုင်မှမိန်းကလေးများ မြူစွယ်ခံရမည်ကို စိုးရိမ်ခြင်းကြောင့်ပင်။ သို့သော်လုံးဝ မတားနိုင်ခဲ့ပေ။

ထို့အပြင် သူမခင်ပွန်းသည် အပြင်တွင်လည်း ကိုယ်လုပ်တော်သဘောဖြင့် မိန်းကလေးများ ရှိလေသည် ။

တစ်ယောက်ဆိုလျှင် ကိုယ်ဝန်ရသွားပြီး စွင်းအိမ်တော်မှသိသွား‌‌သောအခါ သမီးအကြီးဆုံးက ရိုက်နှက်ကာ ကိုယ်ဝန်အတင်း ဖျက်ချခိုင်းလေသည်။

လင်းဟုန်န ကြမ်းတိုက်ပြီးသောအခါ မြို့ပေါ်သို့ အိတ်တစ်လုံးနှင့် ကုန်ကြမ်းများသွားဝယ်ရန် ခွင့်တောင်းကာထွက်လာလေသည်။ စွင်းအမေနှင့် သမီးကြီး၏ ရယ်သံများကို အပြင်မှကြားလိုက်ရသောအခါ ခပ်ရွဲ့ရွဲ့ အပြုံးတစ်ခုနှင့်အတူ တစ်ဖန်မွေးဖွားလာပြီ ဖြစ်သောကြောင့် လာထိလျှင် သူမအကြောင်းသိအောင်ညလုပ်မည်ဖြစ်ပြီး မျက်ရည်ပေါက်ကြီးငယ် ကျရလိမ့်မည် ဟုစိတ်ထဲ၌ တေးမှတ်ထားလိုက်သည်။

All Chapters