← Chapters

အခန်း (၆၆)

Vol. 6 Ch. 66

အခန်း (၆၆)

Vol. 6 Ch. 66

ရက်ပိုင်းအနည်းငယ်လောက်တည်းက အေးစက်သောနွေဦးရာသီ ဖြစ်နေခဲ့ပြီး မြို့တစ်ခုလုံး အေးကာ စိုစွတ်နေခဲ့သည်။

လင်းဟုန်နသည် အသီးအနှံများထည့်သည့်ခြင်းကိုယူလာပြီး စွင်းအိမ်မှထွက်လာ၍ လမ်းထဲ၌ ဘေးဘီဝဲရာကို အကဲခတ်လိုက်ပြီး ဘယ်သူမှမလိုက်လာခြင်းမတွေ့သောအခါ စက်ရုံဝန်းမှ စပါးရုံရှိမိသားစုထံသို့ သွားလေသည်။

စပါးရုံမှအိမ်ရာများသည် ပစ္စည်းတင်သွင်းခြင်းနှင့်ဈေးကွက်ဖြန့်ချိရေးသမဝါယမ၏ ဘယ်ဘက်တွင်ဖြစ်ပြီး အသီးအနှံစျေးမှာ ညာဘက်တွင်ဖြစ်သည်။ အရပ်မျက်နှာပေါင်းစုံမှ လူများနှင့် ဆက်သွယ်မှုပြုလုပ်ရန် အကောင်းဆုံး နေရာတစ်ခုပ စပါးရုံမှ အိမ်ရာများမှာ တောင်ဘက်သို့ မျက်နှာမူထားပြီး သေးငယ်သော ဘန်ဂလိုအိမ်လေးများ အတန်းလိုက်ဖြစ်ပြီး အားလုံးသည် ယခင်မြို့ပိုင်များဖြစ်သည်။ ခြံများမှဖြိုထားသည့် အုတ်များကို လမ်းခင်းရန်အတွက် သုံးထားသည်။

အိမ်များ၏ လျှောက်လမ်းမှာ အလွန်ကျဉ်းလေသည်။ လျှောက်လမ်းတစ်လျှောက် အိမ်အပြင်ဘက်တွင် မီးသွေးမီးဖိုရှိပြီး ပျားလဘို့များကိုတော့ အခိုးမခံရစေရန် အိမ်ထဲ၌ ထားကြလေသည်။ နံရံများပေါ် ဒယ်အိုး၊ အိုးများ၊ တူများ ထည့်ရန် သစ်သားဘီဒိုများရှိလေသည်။ သိုသော် အိမ်တိုင်းတွင်တော့မရှိကြ။ မီးဖိုချောင်တွင် နံရံများသည် မီးခိုးများရိုက်ထားသောကြောင့် အမဲရောင်သမ်းနေကာ အုတ်များပဲ့ကျနေလေသည်။

လင်းဟုန်နသည် စွင်းမိသားစုဝင်ဖြစ်ပြီး ၂ လ သာရှိသေးသော်လည်း ကျယ်ဝန်းလှပသော အိမ်ရာတွင်နေရာသည်ကို အသားကျနေပြီးဖြစ်သည်။ သို့သော် စွင်းမိသားစုအတွက်တော့ သူမသည် အလုပ်သမား တစ်ယောက်ထက်မပိုပေ။

လျှောက်လမ်းတွင် ရှိသော မီးသွေးခြင်းများမှာ အနီးအနားမိသားစုမှကလေးများ၏ ဆီးနံ့များရှိနေကြသည်။

မြို့မှာကြီးမားပေသည်။ လင်းဟုန်နသည် ယခင်က ပြဿနာပေါင်းများစွာလုပ်ခဲ့သည့်အတွက် အိမ်တိုင်း အိမ်တိုင်းက သူမအကြောင်းဆို သိနေကြသည်။

မိန်းမကြီးများက အဝတ်လျှော်နေကြပြီး ရေသွားခပ်ကြရသည်။ လင်းဟုန်နမြင်သောအခါ မျက်စောင်းထိုး၍ သာလှည့်ထွက်လာခဲ့သည်။

သူတို့ကို လင်းဟုန်န ဂရုမစိုက်တော့ပေ။

သူမနိမ့်ပါးချိန်တုန်းက အားလုံးက နှိမ်သည့်အကြည့်များဖြင့်ကြည့်ခဲ့ကြသည်။

သူမ စွင်းကျားလျန်နှင့် လက်ထပ်လိုက်သောအခါ ဆန္ဒ တစ်ဝက်ဖြစ်မြောက်သွားသော်လည်း ကျန်တစ်ဝက်ကျန်နေသေးသည်။

လင်းဟုန်န အနည်းငယ် လမ်းထပ်လျှောက် လိုက်ပြီး အတွင်းဘက်အကျဆုံး အိမ်သို့သွားကာ တံခါးခေါက်လိုက်သည်။ လာဖွင့်သောသူမှာ ပါးစပ်တွင် စီးကရက်ဖြင့် လင်းဟုန်ဝူပင်။

လင်းဟုန်ဝူ ငှါးနေသောအိမ်မှာ အုတ်များနှင့် အပြင်ဘက်တွင် အခင်းများရှိသည်။ အထဲတွင် နံရံနှင့် ကြမ်းမှာ အဝါရောင်ရွှံ့အုတ်များဖြစ်သည်။ ကြမ်းမှာ မညီမညာဖြစ်နေပြီး စားပွဲမှာလည်းရှုပ်ပွနေကာ ထိုင်ရန်ပင် သစ်သားကိုခံထားရသည်။ တစ်လ ၂ ယွမ်သာပေးရလေသည်။ ကြီးမားသော အမဲရောင်ဂွမ်းကပ်ပေါ်တွင် လင်းဟုန်ဝူသည် ခြေကို ချိတ်ကာလှဲနေသည်။

“ အစ်ကို အခြေအနေဘယ်လိုလဲ “

လင်းဟုန်ဝူ သည် အမဲရောင်ဆေးလိပ်မီးကိုရှိုက်ထုတ်လိုက်ပြီး “ အဲ့ သားမက်ဆိုတဲ့ လူက အပြင်ပန်းသာ လူကြီးလူကောင်း တကယ်တမ်းကျ တိတ်တိတ်ပုန်းတွေရှိနေတယ် “

လင်းဟုန်န အပျော်လွန််သွားပြီး လင်းဟုန်ဝူကိုအသေးစိတ် ပြောခိုင်းလေသည်။

လင်းဟုန်ဝူလည်း မတ်တပ်ရပ်ရင်း ဆေးလိပ်ဖွာာ “ကတိပေးထားတဲ့ဟာကကော?”

လင်းဟုန်န ရှုံ့မဲ့စွာ အိပ်ကပ်ထဲမှ ယွမ် ၂၀ ကိုထုတ်ပေးလိုက်သည်။

သူမ ကိုယ်ပိုင်ပိုက်ဆံများပင်။

လင်းဟုန်ဝူလည်း အသေးစိတ်များ မပြောမီ ဆေးလိပ်ကိုဖွာလိုက်ကာ ပိုက်ဆံများကို ထပ်ခါထပ်ခါ ရေလိုက်သည်။

ယခုရက်ပိုင်း စွင်း မိသားစု၏ အကြီးဆုံးသားမက်ကို စောင့်ကြည့်နေခဲ့ရာ ထိုလူသည် သေးငယ်သောမြို့စီမံခန့်ခွဲရေးဌာန၌ အလုပ်လုပ်ပြီး တစ်လလျှင် ၃၇ ယွမ်ရရှိကာ အပြင်လောကတွင် အလွန်ပင်ကျော်ကြားသည်။

သူသည် စွင်း မိသားစု၏ အကြီးဆုံးသမီးဖြင့် လက်ထပ်ထားပြီး ကံဆိုးသည်က ဇနီးမှာရုပ်မလှပေ။ ထို့ကြောင့် မြို့ဘက် တို့ဖူးစက်ရုံ မှ “ ရန်” ဟူသော မိန်းကလေးနှင့် ပတ်သတ်လေသည်။ ထိုမိန်းကလေးမှာ ခါးသေးသေး၊ မက်မွန်သီးရောင် မျက်လုံးများ၊ ခန္ဓာကိုယ် မှာ ပုံ့ပုံ့လေးဖြစ်သောကြောင့် လူအများက “ တို့ဟူးလေးဟုခေါ်ကြသည်။

သူမ ကံမကောင်းသည်က ယောကျာ်းဖြစ်သူကလည်း စောစောစီးစီးထားခဲ့ပြီး ယောက္ခမကလည်း နှင်လွှတ်သောကြောင့် မိဘအိမ်မှာနေရသည်။

အမေဘက်မှ အစ်ကိုများကလည်း လက်ထပ်ပြီးသောကြောင့် သူတို့ကိစ္စများနှင့် အလုပ်ရှုပ်နေကြပြီး ချွေးမများနှင့် ယောင်းမများက နှိမ်ကြလေသည်။

ရှေးရိုးဆန်သော အသိုင်းအဝိုင်းသည် ငယ်ရွယ်လှပသော မုဆိုးမတစ်ယောက်အတွက်တော့ အဆင်မပြေလှပပေ။ ရန်သည်လည်း အားကိုးစရာလူတစ်ယောက်လိုချင်နေခဲ့သည်။

ဒုတိယမြောက် ယောကျာ်းကကော သူမကိုအလေးထားပါ့မလား?

ဂုဏ်ရှိသည့် ယောကျာ်းတစ်ယောက်ကို ရှာရမည်။

မုဆိုးမလေးရန်သည် နောက်ဆုံးတော့ စွင်းမိသားစု၏ သားမက်ကို မျက်စိကျသွားခဲ့သည်။

နောက်ခံအသိုင်းအဝိုင်းမှာ အလွန်ကောင်းပြီး မြို့တော်ဝန်၏ သားဖြစ်သည့်အတွက် မည်သူကမျှ မထိရဲ။ ထိုလူနှင့် သမီးရည်းစားဖြစ်ခဲ့ကြလေသည်။

တစ်ဦးနှင့် တစ်ဦးအလွန်ပင် စွဲလန်းနေကြပြီး တစ်ပတ် ၃ ခါ ၊ ၄ ခါ လောက် တွေ့ဖြစ်ကြသည်။

လင်းဟုန်ဝူ လမ်းအနည်းငယ် လျှောက်လိုက်ပြီး လင်းဟုန်နကိုအကြည့်မပျက်။ စွင်းမိသားစု၏ သားမက်မှာ အခြားမိန်းမတစ်ယောက်နှင့် ဖြစ်နေလိမ့်မည်ဟု ထင်ကြမည်မဟုတ်ပေ။

လင်းဟုန်န စုံစမ်းခိုင်းလိုက်သည်မှာ မှန်သွားခဲ့သည်။

အတန်ကြာထိ အိမ်ထဲ၌ ၂ ယောက်သား ပူးပေါင်းကြံစည်ပြီးနောက် ပျော်ရွှင်စွာခြင်းတောင်းဆွဲ၍ လင်းဟုန်နပြန်ထွက်လာခဲ့သည်။

စျေးသွားမည်ဟု အကြောင်းပြခဲ့သောကြောင့် စျေးမှ ဂေါ်ဖီထုပ်နှင့် အရွက်အချို့ဝယ်ကာ စွင်းအိမ်တော်သို့ပြန်လေသည်။

အိမ်ထဲ၌ စွင်း မိသားစု၏ အကြီးဆုံးသမီးသည် လက်ဖက်ရည်သောက်နေဆဲပင်။ လင်းဟုန်န ဝင်လာသည်ကိုမြင်သောအခါ ပြောလက်စများရပ်လိုက်ပြီး “ ဟဲ့၊ ပြန်လာရကောင်းမှန်းတော့သိသားပဲ။ စျေးက ကောင်တီနား ရောက်သွားတော့ ပင်ပန်းနေမှာပေါ့ ”

အကြီးဆုံးသမီးက ထူးထူးဆန်းဆန်း ပြောခဲ့သ

စွင်း အမေလည်း ဒေါသထွက်နေသည့်ပုံပင်။

လင်းဟုန်နသည် စွင်း မိသားစု၏ ထမင်း ၃ နပ်စာပြင်ဆင်ပေးရပြီး သူမ မရှိလျှင် စွင်း သားအမိတို့မှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြလေသည်။ မွေးထားသောဝက်မများကဲ့သို့ ပျင်းရိနေကြသည်။

လင်းဟုန်န မျက်လွှာသာချပြီး ဒေါသကိုမပြပဲ အသံကိုနှိမ့်လိုက်ကာ “ ရာသီဥတုကဒီရက်ပိုင်း ဆ်ိုးနေတာ။ စျေးမှာ သီးနှံတွေသိပ်မရှိလို့ စောင့်နေရတာ “

ထိုစကားကြမှသာ စွင်းအမေက နည်းနည်းမျက်နှာပြေလျော့သွားခဲ့သည်။

သူမလမ်းလျှောက်တုန်းကလည်း မိန်းမတစ်ယောက်က ရာသီဥတုကြောင့် သီးနှံများဝယ်ရခက်သည်ဟု ပြောနေခဲ့သည်။

စွင်း မိသားစု၏ အကြီးဆုံးသမီးကတော့ စူးစူးဝါးဝါးကြည့်နေခဲ့သည်။

လင်းဟုန်နသည် အကွက်ကြီးကြီး လှုပ်ရှားစီစဉ်နိုင်ခဲ့သည့်အတွက် သူမကိုယ်သူမ ဆုချလေသည်။

စွင်း မိသားစုတွင် ကြက်ဥများရှိပြီး အများစုမှာ နယ်ဘက်မှဖြစ်သည်။ အရွယ်အစားမကြီးသော်လည်း အရသာရှိသည်။

ထိုကြက်ဥ ၄၊၅ လုံးကို ခေါက်လိုက်ပြီး ကြက်သွန်မြိတ် နှင့် ကြက်ဥကြက်သွန်မြိတ်ကြော်နှင့် ပူပူနွေးနွေး ဂေါ်ဖီကြော်ထားလေသည်။ စွင်း အဖေသည် မြို့ပေါ်ရှိစားသောက်ဆိုင်မှ အသားကြော်မှာထားသည်။

ယနေ့ဟင်းမှာ ဖွယ်ဖွယ်ရာရာပင်။ တရုတ်နှစ်သစ်ကူးကဲ့သို့ ဖြစ်နေသည်။

စွင်း မိသားစု၏ အကြီးဆုံးသမီးသည် စိတ်ကူးပြောင်းသွားပြီး အိမ်၌သာ ထမင်းစားရန် ဆုံးဖြတ်လိုက်သည်။

လင်းဟုန်န ကတော့ ဟင်းပွဲများကို တူတစ်စုံစီနှင့် ချပေးကာ စားပွဲခုံကိုရှင်းလေသည်။

စွင်းကျားလျန် အိမ်ပြန်မလာသော်လည်း စွင်းအဖေ ပြန်ရောက်လာခဲ့သည်။ လင်းဟုန်န ရိုရိုကျိုးကျိုးဖြစ်သည်ကိုမြင်ပြီး စွင်းအဖေသည် အများနှင့် မတူစွာ ကြင်ကြင်နာနာဆက်ဆံပြီး အလုပ်နားကာ ထမင်းတူတူ စားရန်ခေါ်လေသည်။

စွင်း မိသားစု၏အကြီးဆုံးသမီး - “!!!”

လင်းဟုန်နစိတ်ထဲ၌ ပျော်နေသော်လည်း တကယ်တမ်းကျရုပ်ကို တည်ငြိမ်စွာနေလေသည်။ ထို့နောက် ခေါင်းငြိမ့်ပြီး အလုပ်နားကာ ထိုင်လိုက်သည်။

ညနေဘက်တွင် လင်းဟုန်နသည် သူ့ယောက္ခမ၏ ခြေဖဝါးဆေးကြောရန် ရေယူလာခဲ့သည်။ စွင်းအမေ အိပ်ယာဝင်ပြီးနောက် ခြေထောက်ဆေးရေများယူကာ ပြန် ထွက်သွားသည်။

သတင်းစာဖတ်နေသော စွင်း အဖေသည် ဆီလူးနေသော စွင်းအမေကို “ ချွေးမအပေါ်ကောင်းကောင်းဆက်ဆံပေးလိုက်ပါ။ မျက်နှာတည်တည်ကြီးနေမနေနဲ့။ ခေတ်တွေလည်းပြောင်းလာပြီလေ “

စွင်းအမေ အလွန်ဒေါသထွက်သွားသည်။ “ဘာဖြစ်ချင်နေတာလဲ။ ရှင်းရှင်းပြော “

သူမကို ယောက္ခမဆိုးက ချွေးမအပေါ် အနိုင်ကျင့်သည့်ပုံပြောမိသွားသောကြောင့် စွင်းအဖေက အလျင်အမြန် ချော့ပြောလေသည်။

“ ပြောချင်တာမဟုတ်ရပါဘူးကွာ။ ချွေးမကောင်းကောင်းရတော့ ငါတို့အဆင်ပြေပြေနေရတာပဲလေ။”

“သွားပါ။ အသက်ကြီးပြီး အမြင်မှန်ကိုမရသေးဘူး ”

စွင်းအဖေပြောစကားကြောင့် စွင်းအမေမှာ လင်းဟုန်န အပေါ်ပို၍ အရွဲ့တိုက်လာသည်။

အကြီးဆုံးသမီးမှာတော့ ဒေါသထွက်၍ အိမ်ပြန်မလာတော့ပေ။

နှစ်သစ်ကူးအစဖြစ်သည့်အတွက် လမ်းများ၌ လူဦးရေစစ်တမ်းများ ကောက်နေလေပြီ။

သန်းခေါင်စာရင်းတွင် ပြသနာမရှိသော်လည်း သူပုန် များနှင့် အိမ်ပြန်ကြသောရဲဘော်များကိုတော့ ခွဲခြားရန်လိုအပ်သည်။

ဆိုးတာက စွင်း မိသားစု၏ အကြီးဆုံးသမက်နှင့်တို့ဟူး‌လေးတို့ ရှိနေချိန်တွင် သန်းခေါင်စာရင်းလာကောက်ရန် တံခါးလာခေါက်ခြင်းပင်။

ထိုအကြောင်းကို စွင်းမိသားစု၏ အကြီးဆုံးသမီးသိသွားသောအခါ သူမယောကျာ်းကို ပါးရိုက်ပြီး ငိုယိုကာ မိဘများဆီသို့သွားလေသည်။ ထို့နောက် တို့ဟူးလေးပေါ်သို့ ဒေါသဖြင့်တက်ဖိလေသည်။

စွင်း အမေမှာ မုဆိုးမဖြစ်သော ရန်ကို တစစီဖြစ်အောင်လုပ်နေသော ကလေးကို ထိန်းနေရသော ခြင်္သေ့အမေကြီးကဲ့သို့ပင်။ လင်းဟုန်နကတော့ လူအုပ်ထဲတွင်ပုန်းနေခဲ့ပြီး မျက်နှာတွင်လည်း ထေ့ငေါ့သော အပြုံးတစ်ခု။ ဒီမိန်းမက သိက္ခာတွေဘာတွေကို မကြည့်တော့ဘူးလား။

“ နင် … နင် …”

စွင်းအဖေ သည် မျကိစိရှေ့မှ အဖြစ်အပျက်များကို မယုံနိုင်စွာကြည့်ပြီး သတိလစ်သွားခဲ့သည် ။

“ အဖေ!”

“ဦးလေး စွင်း! ”

စွင်းမိသားစုဝင်များ ထိတ်လန့်သွားကြပြီး ထိုကိစ္စသည် အိမ်ထောင်ရေးပွေလီသည့် ပြသနာများ၌ ထိပ်တန်းဖြစ်သွားခဲ့သည်။

“…”

အင်းဆက်ကောင်များ၏ အော်သံများဖြင့် ကုကျားအောင်၏ စမ်းချောင်းသည် အစိမ်းရောင်တောင်ကုန်းလေးများဖြင့် ဝန်းရံထားသည်။

တောင်အနောက်ဘက်မှ သီးနှံများသည် တစ်ခုပြီးတစ်ခုပေါက်ရောက်နေပြီး နှစ်သစ်အစတွင် ငတ်မွတ်နေသော သူများအတွက် မျှော်လင့်ချက်တစ်ခုပင်။

ချန်းထို့မြို့တွင်လည်း စတီးစက်ရုံ၌ဆောက်လုပ်ရေးများထပ်လုပ်ကြမည်ဟု သတင်းရသည်။

နယ်ဘက်တွင် လအတော်အကြာ နေနေသော မိသားစုလေးတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်ရှိနေကြသည်။ နယ်ဘက်တွင် အလွန်အေးချမ်းလှသည်။ လင်းယောင်လည်းလှဲလျက်ပင် နေ့စဉ်နေ့တိုင်း ကလေးကို ဂရုစိုက်နေရသည်။

ယခင်က နေ့တိုင်းအလုပ်သွားရသောကြောင့် ပင်ပန်းသည်ဟု ငြီးငြူခဲ့သော်လည်း ယခု မသွားရသောအခါတွင်လည်း ပင်ပန်းနေသည်မှာ ဘာကြောင့်များလဲ?

လင်းယောင်၏က လေးမှာ ၃ လသားလေးဖြစ်နေလေပြီ။ ယွင်ရွှေ ကောင်တီ၌ ကလေး ၃ လအထက်ကိုယ်ဝန်ဆောင်များကို အခြေအနေ တည်ငြိမ်သွားပြီဟုဆိုကြသည်။

အိမ်တွင်မွေးထားသော ယုန်အသိုက်မှ ယုန်လေးများသည်လည်း ညဘက်ရောက်မှ အပြင်သို့ထွက်လာကြသည်။ အိမ်တွင်‌မွေးထား‌သော ယုန်များမှာ ရောင်းရန်တော့မဟုတ်ပေ။

ကုချွင်မေသည်လည်း ကိုယ်ဝန်ရှိနေဆဲဖြစ်ပြီး ဆီဓာတ် နှင့် ရေဓာတ် ချို့တဲ့နေသောကြောင့် ယုန် ၂ ကောင်ပို့ပေးရန်စဉ်းစားထားပြီး ကျန်သောယုန်များကိုတုန်းဖန်းဟောင်ထုတ်လုပ်ရေးအဖွဲ့ရှိ အဘွားကျန်းကို ပွဲတော်များတွင်စားသုံးနိုင်ရန် ပေးမည်ဟု ကျန်းဆွေ့လန်စဉ်းစားထားသည်။

လင်းယောင်လည်း သူမယောက္ခမ၏ အကြံများကိုကြားလိုက်သောအခါ အလုပ်ဖြစ်မည်ဟု တွေးလိုက်သည်။

လွန်ခဲ့သော ၆ လ က ဦးလေး ၂ယောက်ပို့ပေးသော ရစ်ငှက်များကို စားသောက်ခဲ့ရသောကြောင့် ပြန်လည်လက်ဆောင်ပေးလိုခြင်းဖြစ်သည်။

ယုန်မကြီးသည် အစားကြီးသော ယုန်လေး ၁၀ ကောင်ထပ်မွေးထားသည်။ နွေဦးရောက်သောအခါ ထိုယုန်လေးများက တွင်းများတူးကာ အိမ်ဟောင်းထဲမှ သီးနှံခင်းသို့ သွားကြသည်။ ထိုနေရာကို ပစ်ထားသည်မှာ နှစ်ကြာပြီဖြစ်သောကြောင့် ကျောက်တုံးများ၊ သစ်ရွက်ဟောင်းများ၊ အမြစ်များရှိလေသည်။

ကောင်တီမှ ကုရှီအန်းပြန်လာသောအခါ ရက်အတော်အကြာ ၃ ဆ လောက်ရှိသော သီးနှံခင်းရအောင် ပြန်လုပ်ခဲ့လေသည်။ သုန်ဇီသည် ဝါးခြင်းတစ်လုံးနှင့် တောင်ပေါ်သို့နေ့တိုင်း သီးနှံသွားခူးလေသည်။ ယုန်လေးများသည် မြက်၊ ဒုဓလီပန်း၊ ကြူပင်များ စားရသည်ကိုနှစ်သက်သည်။ ညီအကို ၂ ယောက် အိမ်အတွက် ခြင်း ၂ တောင်းပြည့်ကောက်ရိုးများ သယ်လာကြသည်။ ကုမန်ဆန်သည် သီးနှံများကို မြေဩဇာဖြည့်ပေးနေသည်။ ဘေးက ဖြတ်သွားလျှင်တော့ အနံ့ဆိုးများကို ခံရမည်ဖြစ်သည်။

လင်းယောင်လည်း ယခင်က ထိုအနံ့များရလျှင် အဆင်ပြေသော်လည်း ယခုပျို့အန်မိလေသည်။

အကြီးဆုံးသား မရှိသောကြောင့် ကျန်းဆွေ့လန်အသည်းအသန် တိုင်းရင်းဆေးဆရာကို သွားခေါ်ရန်ပြောလိုက်သည်။ ကုမန်ဆန်လည်း အလျန်အမြန်သွားလေသည်။

ဖြစ်ချင်တော့ ထိုတိုင်းရင်းဆေးဆရာမှာ တောင်ပေါ်သို့ဆေးသွားရှာနေပြီး ကုမန်ဆန်အိမ်သို့သာ မြန်မြန်ပြန်လာခဲ့သည်။ နွေဦးဖြစ်သော်လည်း ချွေးတဒီးဒီးနှင့်ပင်။

ကုမန်ဆန် အိမ်သို့ပြေးလာခဲ့သည်။ လင်းယောင်မှာ ပင်ပန်းနေသည့်ပုံဖြစ်နေပြီး သကြားရည် သောက်ပြီးသာအိပ်ရာပေါ်တွင် လှဲနေခဲ့သည်။

ကုရှီတုန်းလည်း ခြင်းတောင်း ၁ လုံးနှင့် လမ်းတွင်အဖေဖြစ်သူနှင့် တွေ့ပြီး တူတူပြန်လာခဲ့ခြင်းဖြစ်သည်။

အိမ်ထဲသို့ပင်် မရောက်သေးပေ။ ကုရှီတုန်း သံကုန်ဟစ်ကာ “ အမေရေ၊ မမယောင်ယောင်ကော? အန်နေတုန်းလား? အန်နေတုန်းဆို ကျန်းမာရေးစင်တာသွားရအောင်”

ကျန်းဆွေ့လန် ပွစိပွစိရေရွတ်ကာ အိမ်ပြင်သို့ ထွက်လာပြိီး တိုးတိုးပြောရန်မှာလိုက်သည်။

“ ဘယ်လိုဖြစ်နေတာတုန်း ဒီကလေးကတော့၊ မင်းအစ်မက တော်တော်အန်ပြီး ခုပြန်အိပ်နေတယ် ”

သူမသားကိုဆူအပြီး ကုမန်ဆန်ကိုလည်း ငေါက်လိုက်သည်။

“ အဲဒါ ရှင့်ကြောင့်။ သီးပင်တွေကို မြေဩဇာထည့်တာက ယောင်ယောင်လောက်အရေးမကြီးဘူး။ အခုအန်ပြီး မျက်နှာလေးတောင် ဖျော့တော့တော့ဖြစ်နေပြီ။ ယောင်ယောင်နဲ့ ကလေးတစ်ခုခု ဖြစ်သွားရင်ဒုက္ခ။ ရှင့်ကိုတော့ ဆုံးမမှရတော့မယ်”

ကုမန်ဆန် လန့်သွားပြီး မစင်များကို အလျင်အမြန် မြေကြီးထဲသို့ ဖို့ပေးလိုက်သည်။

လင်းယောင် အခန်းထဲ၌ နိုးတစ်ဝက်ဖြစ်နေပြီး မျက်ခွံကိုပင် ဖွင့်မရပေ။ မထနိုင်ခြင်းထက် မျက်လုံးပင် ဖွင့်မရသည်ကို ပိုစိုးရိမ်နေခဲ့သည်။

ချွေးမဖြစ်သူ အိပ်နေချိန်တွင် ကျန်းဆွေ့လန်သည် ခင်ပွန်းနှင့် သားကိုမောင်းထုတ်လိုက်သည်။ စိတ်မကောင်းဖြစ်မိပြီးနောက် ခြံထဲသို့သွားကာ ဂေါ်ဖီများလှီးရန်ပြင်လိုက်သည်။ ဆောင်းတွင်းကတည်းက ဂေါ်ဖီများဖြစ်ပြီး နေပြပြီးမလှန်းလျှင် ကောင်းတော့မည်မဟုတ်ပေ။

ကျန်းဆွေ့လန် ဂေါ်ဖီများလှီးပြီးသောအခါ လက်ဆေးပြီး ချွေးမလေးကို ပြတင်းပေါက်မှ တိတ်တခိုးကြည့်လိုက်သည်။

ယောင်ယောင်၏ သေးငယ်သောမျက်နှာလေးမှာ ဖြူဖတ်ဖြူရော်နှင့် ပိန်လှီနေကာ အိပ်နေတာတောင် ပါးရေများတွန့်နေလေသည်။ အကြီးဆုံးသားနှင့် ကိုယ်ဝန်ရကတည်းက ရက်အတော်ကြာ အော့အန်လေသည်။

ယောင်ယောင်သည် များသောအားဖြင့် အချဉ်စားရသည်ကိုနှစ်သက်ပြီး တခါတလေ အစပ်များလည်းစားသည်။ သို့သော် ကျန်းဆွေ့လန်သည် မြေးမရမည်ကိုစိတ်မပူခဲ့ပေ။ သူမဘဝတွင် သားသမီး ၃ ယောက်မွေးခဲ့ပြီး သား ၂ ယောက် သမီး ၁ ယောက်ဖြစ်လေသည်။

မြေးရလျှင်လည်း သီးချိန်တန်သိီး ပွင့်ချိန်တန်ပွင့်ကာ အဆင်ပြေလေသည်။

ယောင်ယောင်၏ ကလေးလေးမှာကတော့ ချစ်စရာကောင်းမည်မှာအမှန်ပင်။

ကျန်းဆွေ့လန် တွေးနေလိုက်ပြီး မာဖလာပတ်ကာ လက်သွားဆေးခဲ့သည်။ ထို့နောက် မျှစ်တူးရန် ဝါးတောထဲသို့သွားလေသည်။ ရလာသောမျှစ်များကို ရေဆေးကာ လက်တစ်ဆစ်စာစီလှီး၍ ဇလုံထဲ၌ ထားပြီး ယုန်သားများကိုလည်းလှီးလိုက်ပြီး ဆီထည့်ထားသောအိုးထဲတွင် ဂေါ်ဖီချဉ်ထည့်ကာ ရောကြော်လေသည်။ ငရုတ်သီးခြောက်၂ တောင့်ထည့်အပြီး မွှေးကြိုင်သောချဉ်ငံစပ်ဟင်းအနံ့သည် ခြံထဲသို့ပျံ့သွားလေသည် ။

ဘုရားရေ! အနံ့လေးက ဘာလို့အဲ့လောက် ကောင်းရတာလဲ။

လင်းယောင်အိမ်မောကျပြီး ပြန်အန်ိုး ဟင်းများကိုမြင်၍ အလွန်ပင် ခံတွင်းတွေ့ကာ စားချင်သွားသည်။ ထို့နောက် ခေါက်ဆွဲတစ်ပန်းကန်နှင့် ပေါက်စီတစ်ခုစားပြီး နောက်ထပ်ခေါက်ဆွဲတစ်ပန်းကန်လည်း ယူစားလေသည်။

စားချင်စိတ်က သူမကိုယ်တိုင်ပင် အံ့ဩသွားရသည်။

ကျန်းဆွေ့လန် ပြုံးပြလိုက်ပြီး စားချင်တာကိုက ကံကောင်းကြောင်းပြောလိုက်သည်။

စားသောက်ပြီး လင်းယောင်ပြန်လန်းလာကာ ဘာမှလုပ်စရာမရှိသောကြောင့် ကုရှီအန်း၏ စာအုပ်စင်ကိုလျှောက်ကြည့်နေသည်။

ဒီလူက အတော်စာဖတ်သည့်လူပင်။ စစ်တပ်စာအုပ်များအပြင် လင်းယောင်စိတ်မဝင်စားသော စိတ်ပညာစာအုပ်၊ သတ္တလောကစာအုပ်၊ ကွန်ဖြူးရှပ် စာအုပ်များရှိပြီး လှန်ကောကြည့်ရင်း ဆိုဗီယက် စာအုပ်တစ်ခုကိုမျက်စိကျသွားခဲ့သည်။

ထိုဝတ္တုထဲတွင် သူရဲကောင်း၏ နေ့စဉ်ဘဝတွင် စားသောက်နေထိုင်မှုများ၊ အချစ်ရေးကို ရေးထားသည်။

လင်းယောင် စိတ်ပါလက်ပါ စာအုပ်ကိုယူပြီး ခြံထဲသို့ထွက်လာခဲ့သည်။ ခြံထဲတွင်တော့ ကြောင်က‌လေးသည် ကြွက်တစ်ကောင်မိသွားလေပြီ။

ကျန်းဆွေ့လန်လည်း ကြောင်လေးကို ဆုချသည့်အနေဖြင့် ရေမိုးချိုးပေးကာ မီးဖိုရှေ့တွင် အမွေးများကိုအခြောက်ခံပေးသည်။

ထို့နောက် လင်းယောင် ပျင်းနေမှာဆိုး၍ ကြောင်ကလေးကိုအနားခေါ်သွားရာ မြောင်ဟုအော်ရင်း ရန်ပြုလေသည်။

လင်းယောင်က လည်ပင်းကို ပွတ်ပေးလိုက်သောအခါမှ ငြိမ်သွားလေသည်။

မကြာမီ အခန်းထဲ၌ ကြောင်လေးအိပ်ပျော်သွားလေသည်။

၈ နာရီကျော်သွားသည်အထိ လင်းယောင်တက်ကြွနေဆဲပင်။ ကုရှီအန်း စာအုပ်စင်မှ စာအုပ်မှာလည်း အလွန်စိတ်ဝင်စားဖို့ ကောင်းလေသည်။

အတန်ကြာထိ ဖတ်ကြည့်သောအခါ သူမနားမလည်သောအသုံးအနှုန်းများလည်း တွေ့လာရသည်။

ထို့နောက် လင်းယောင်သည် ဘောပင်ကိုယူလိုက်ပြီး စာအုပ်ခေါင်းစဉ်ကို ပြောင်းလိုက်လေသည်။ ခဏအကြာ အိပ်ချင်လာသောကြောင့် ကုတင်ဘေးတွင် စာအုပ်ကိုတင်လိုက်ပြီး အိပ်ပျော်သွားလေသည်။ မိန်းကလေး တစ်ယောက်နှင့် ကြောင်တစ်ကောင် အိပ်စက်နေပြီး အရာအားလုံးကလည်း ပနံကျလိုက်ဖက်နေသည်။

ညဘက်နောက်ကျမှ ပြန်လာသော ကုရှီအန်းသည် ထိုမြင်ကွင်းကို မြင်သောအခါ ပြုံးသွားခဲ့ပြီး ခြံထဲဆင်းကာ သန့်စင်ဆေးကြောပြီးနောက် သူ၏ဇနီးကို ဖက်လိုက်သည်။ တစ်ဖက်သို့ ကြည့်လိုက်သောအခါ လင်းယောင်တင်ထားသောစာအုပ်ပင်။

မူလအဖုံးပေါ်တွင်ရှိနေသော “ဝက်မများ၏ မီးဖွားပြီးချိန်တွင် ဂရုစိုက်နည်း” ကို ဝက်မ နေရာတွင်ခြစ်ထားကာ “ကုတစ်စုံတစ်ယောက်၏ မီးဖွားပြီးချိန်တွင် ဂရုစိုက်နည်း” ဟုပြောင်းရေးထားခဲ့သည်။

“…”

All Chapters