← Chapters

အခန်း (၆၈)

Vol. 6 Ch. 68

အခန်း (၆၈)

Vol. 6 Ch. 68

စွင်းမိသားစုရဲ့ ‌အမေနဲ့ သမီးက ခေါက်ဆွဲစားခဲ့ကြပြီး မီးဖိုကို ရှုပ်ပွအောင် လုပ်ထားခဲ့ကြသည်။ ပန်းကန်တွေနဲ့ တူတွေကို ဘေစင်ထဲမှာ စုပုံထားခဲ့ကြသည်။ မီးဖိုချောင်ကြမ်းပြင်မှာ ဟိုဟိုဒီဒီ ဆီစွန်းကွက်တွေ ရှိနေခဲ့ကြသည်။ လက်တွေနဲ့ထိလိုက်ရင်၊ ကပ်စီးစီးဖြစ်စေတဲ့ အညစ်အကြေးတွေ မီးဖိုပေါ်မှာ ရှိနေခဲ့သည်။

စွင်းအဖေက နာမကျန်းဖြစ်နေပေမယ့်လဲ၊ သူက ကျန်းမာရေး ကောင်းနေလေ့ရှိပြီး အရမ်းဖျားနာတာမျိုး ဖြစ်လေ့မရှိခဲ့ပေ။ ဒီတစ်ခါမှာ၊ စိတ်ဓာတ်တက်ကြွနေခဲ့ပြီး သူ့ရဲ့ အင်အားနဲ့ သွေးတိုးမှုကြောင့် ကျန်းမာရေးစင်တာကို သွားခဲ့သည်။ ဆေးရုံမှာ ဆေးချိတ်ပြီး နှစ်ရက်လောက် နေခဲ့ရပြီး သူ့ခန္ဓာကိုယ် ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ သူဆေးရုံကနေ ဆင်းလာခဲ့ပြီး အိမ်ကိုပြန်လာခဲ့သည်။

သူ့ကို စောင့်ရှောက်ဖို့ အိမ်မှာ ဘယ်သူမှမရှိတာကြောင့် သူတစ်ကယ် စိုးရိမ်နေခဲ့ပါသည်။

စွင်းအမေက ကောင်းတဲ့ဘဝမှာ နေနိုင်ပြီး သူမတစ်ဘဝလုံး သူများတွေ လေးစားခဲ့ကြတယ်ဆိုတာကို စွင်းအဖေက သူ့နှလုံးသားထဲကနေ ကောင်းကောင်းကြီး သိနေခဲ့ပါသည်။ မိသားစုထဲမှာ အဝေးရောက်ဆွေမျိုးတွေလဲ ရှိခဲ့ကြသည်။ အပြင်လောကကြီးရဲ့ ဆွေမျိုးတွေဖြစ်ကြသည်။ တစ်ကယ်တော့၊ သူတို့က အလုပ်နဲ့ပဲ ကူညီကြတာပင်။

လင်းဟုန်န ဝင်လာလိုက်တာနဲ့ အဝေးက ဆွေမျိုးတွေက လူကြီးတွေကို စောင့်ရှောက်ဖို့ အိမ်ကိုပြန်သွားခဲ့ကြသည်။ သူ့ရဲ့ သမီးနှစ်ယောက်နဲ့ သားတစ်ယောက်က အသုံးမကျခဲ့ပေ။ တစ်မိသားစုလုံးက သူတို့ကို ထောက်ပံ့ဖို့ သူ့အပေါ်မှီခိုနေကြသည်။ သူ တစ်ခုခုဆိုးတာလုပ်ခဲ့ရင်၊ ကောင်းကင်ကြီးတစ်ဝက်က ပြိုကျသွားပါလိမ့်မည်။

ဒီအချက်တွေက စွင်းအဖေ မျှော်လင့်ထားတာတွေပါပင်။ စွင်းကျားလျန်က ထွက်သွားဖို့ လုပ်ထုံးလုပ်နည်းတွေ ကျော်ဖြတ်ပြီး လင်းဟုန်နက အဝတ်ထုတ်ကိုသယ်ကာ ဇနီးမောင်နှံနှစ်ဦးက စွင်းအဖေကို တစ်ဖက်က အားပေးရင်း အိမ်ကို လမ်းလျှောက်ပြန်ခဲ့ကြသည်။

အဖေစွင်းက သူ့မျက်နှာကို ချစ်သည်။ အရင်တစ်ခေါက် အဖြစ်အပျက်တုန်း နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ရတဲ့ မျက်နှာလေးကို ဖျက်ဆီးမိတော့မလို ဖြစ်သွားခဲ့သည်။ ဒီရောဂါက သူ့ကို အိုသွားအောင် လုပ်ခဲ့ပါသည်။ အသက် ၅၀ ကျော်မှာ၊ သူ့ရဲ့ ဆံပင်တွေ အတော်လေး ဖြူလာခဲ့ပြီဖြစ်သည်။ နှစ်ရက်လောက် အစားမစားရတဲ့နောက်မှာ၊ သူလမ်းလျှောက်ဖို့ ခက်ခဲနေခဲ့သည်။ တစ်ကြိမ်မှာ တစ်လှမ်းချင်းဆီပဲ သူလျှောက်နိုင်ခဲ့သည်။

ဒီကိစ္စက စွင်းမိသားစုရဲ့ အမှားမဟုတ်ခဲ့ပေ။ ကျန်းမာရေးစင်တာက ဆရာဝန်တွေနဲ့ သူနာပြုတွေက စွင်းအဖေရဲ့ ညှိုးနွမ်းနေတဲ့ မျက်နှာကို ကြည့်ပြီး သက်ပြင်းချခဲ့ကြသည်။

စွင်းအဖေက အကုန်လုံးရဲ့ မျက်လုံးတွေကိုကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေလက်သွားပြီး ခြေလှမ်းအနည်းငယ်ကို ဒယီးဒယိုင်လျှောက်ခဲ့သည်။

စွင်းမိသားစုဝင် သုံးယောက် အိမ်ကို တိတ်တဆိတ်ပြန်လာခဲ့ကြသည်။ စွင်းအဖေ အိမ်ထဲကို ဝင်လိုက်တာနဲ့၊ ခြံထဲက အမှိုက်ပုံးမှာ အမှိုက်တွေပုံနေတာကို သူမြင်ခဲ့ရတဲ့အခါ၊ သူ မျက်မှောင်ကြုတ်ခဲ့သည်။ နဂိုက သပ်သပ်ရပ်‌ရပ်နေထိုင်တဲ့ အခန်းကလဲ ကော်ဖီစားပွဲပေါ်မှာ အစားအသောက်အကျန်တွေ၊ ပန်းကန်ခွက်ယောက်တွေနဲ့ ဖရိုဖရဲ‌ဖြစ်နေခဲ့သည်။

အဖွားကြီးက အလုပ်ကြမ်းတွေ အကုန်လုပ်ပြီး ပင်ပန်းနေခဲ့ကာ ရှုပ်ပွနေတဲ့ဆံပင်နဲ့ အခန်းထဲမှာ အိပ်ပျော်နေခဲ့သည်။ စွင်းမိသားစုရဲ့ သမီးအကြီးနဲ့ ဒုတိယသမီးတို့ကလဲ သူတို့ကိုယ်ပိုင်အခန်းတွေထဲမှာ အိပ်ပျော်နေခဲ့ကြသည်။ အမေနဲ့ သမီးက တစ်အိမ်လုံးကို ဝက်ခြံနဲ့တူအောင် လုပ်ထားကြသည်။

အဖိုးစွင်း မြိုသိပ်ထားတဲ့ဒေါသတွေ ဆူပွက်လာခဲ့ပြီး ချက်ချင်း တည်ငြိမ်မှုတွေ ပျောက်သွားကာ၊ အမေနဲ့ သမီးများကို ဆူခဲ့သည်။ ပြီးတော့ အဖွားကြီးရဲ့ အိမ်ထိန်းသိမ်းရန် အခွင့်အရေးကို ချက်ချင်းသိမ်းကာ လင်းဟုန်နကို လွှဲပေးခဲ့သည်။

စွင်းအမေက သူမတစ်ဘဝလုံး အိမ်ကိုထိန်းသိမ်းလာခဲ့ပြီး သူမ ဂုဏ်အယူရဆုံးက သူမရဲ့ယောကျ်ားက သူမ‌အပေါ် ညှာတာတတ်တယ်ဆိုတာပင်။ မမျှော်လင့်စွာနဲ့၊ သူမ အသက်ငါးဆယ်ကျော်လာတဲ့အခါ၊ သူမ‌ ယောက်ျားက သူမကိုဆန့်ကျင်ပြီး အိမ်ကို ထိန်းသိမ်းစီစဉ်တဲ့ အာဏာကို ချွေးမကို ပေးချင်ခဲ့သည်။ သူမ လောကကြီးကို မမြင်နိုင်ခဲ့ဘူး။ သွေးမတော်တဲ့ ချွေးမတစ်ယောက်ကို? ဒါက သူမမျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား။

စွင်းအမေရဲ့မျက်နှာက ဒေါသကြောင့် နီရဲလာခဲ့ပြီး စွင်းအဖေကို အသိတရားမရှိဘူး၊ ဇနီးကို သဘောမကျတော့ဘူး၊ စသည်ဖြင့် သူမက အဆက်မပြတ် ဆဲဆိုနေခဲ့သည်။

တစ်ကယ်တော့ စွင်းရဲ့‌အဖေက လင်းဟုန်နကို မိသားစုရဲ့အကြီးအကဲ ဖြစ်စေချင်တာ မဟုတ်ပေ။ သူ့ဇနီးကို ပညာပေးချင်ရုံသာဖြစ်ပါသည်။ သူမကို ဒီလိုမြင်လိုက်ရတော့၊ သူ စိတ်ပျက်နေခဲ့ပေမယ့် သူ့ချွေးမကို မိသားစုအကြီးအကဲဖြစ်စေဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။

သမီးဖြစ်သူ၏ မျက်လုံးတွေမှာ မျက်ရည်တွေနဲ့ ပြည့်လာခဲ့သည်။ စွင်းမိသားစုရဲ့ သမီးကြီးက သူ့အမေအတွက် ရပ်တည်ပေးချင်ခဲ့သည်။ သူမ အဖေက အော်ခဲ့သည်။ " ဒါက စွင်းမိသားစုအရေးပဲ။ သားသမီးက ဘာအရည်အချင်းရှိလို့လဲ။ သူ့အမေရဲ့ မိသားစုကိစ္စတွေကို ဝင်ရောက်စွက်ဖက်နေမှာလား။ ကျားယွီ၊ နင်ထပ်ပြီး ပြဿနာရှာရင်၊ အဖေနဲ့သမီးကြားက ဆက်ဆံရေးကို ငါမစဉ်းစားဘူးလို့ အပြစ်မတင်နဲ့။ "

စွင်းအဖေရဲ့ စကားလုံးတွေနောက်က အဓိပ္ပာယ်က အလွန်သိသာပေါ်လွင်ပါသည်။ သူ့သမီး ထပ်ပြီး ပြဿနာရှာရင်၊ သူက သူ့သမီးဆိုပြီး ထပ်ပြီး အသိအမှတ်ပြုမှာ မဟုတ်တော့ပေ။

စွင်းကျားယွီ ရဲ့ မျက်နှာက ချက်ချင်း ဖြူဖျော့သွားခဲ့ပြီး သူမရဲ့အမေက ဒေါသထွက်စွာနဲ့ လဲကျသွားခဲ့သည်။ " ရူးချင်စရာပဲ။ ယောက္ခမကြီးက အသက်ရှင်နေသေးတယ်၊ ဒါပေမယ့် ငါ့ချွေးမက သူမရဲ့ အာဏာတွေကို လုယူသွားတယ်။ အမလေး ဘုရားရေ၊ အရင်ဘဝမှာဘယ်လို မကောင်းမှုတွေလုပ်ခဲ့လို့ပါလိမ့်။ ဒါက အဲ့လို..."

စွင်းအမေ စကားဆုံးအောင် မပြောရသေးခင်မှာ၊ စွင်းအဖေရဲ့ မျက်လုံးတွေ ရဲလာခဲ့သည်။ သူ့လည်ချောင်းထဲက နာကျင်မှုကို သည်းခံပြီး စိတ်ဆိုးစွာ ပြောခဲ့သည်။ " စကားများနေတာတွေ တော်တော့။ ဒီလိုနေရတာက အဓိပ္ပာယ်ကို မရှိဘူး။ မပေးလိုက်ချင်ရင် ငါတို့ မနက်ဖြန် အဲ့ဒီကိုသွားမယ်။ ကွာရှင်းစာချုပ်ထုတ်ပေးတဲ့ နေရာကို။ "

ဒီစကားတွေထွက်လာတာနဲ့၊ အဖွားကြီးက လည်လိမ်ခံရတဲ့ကြက်မကြီးလို ဘာစကားမှ မပြောနိုင်ခဲ့တော့ပေ။

အဖိုးကြီး ဘာတွေလုပ်နေတာလဲ။ သူမက ဇီဇာကြောင်လိုက်ရုံပါ၊ ဘာလို့ ကွာရှင်းတဲ့ကိစ္စပါလာရတာလဲ။

" အဖေ၊ စိတ်မဆိုးပါနဲ့။ အမေက အဲ့လိုပြောချင်တာ မဟုတ်ပါဘူး။ အရင်ဆုံး ထိုင်ပြီး နားလိုက်ပါဦး။ "

လင်းဟုန်နက စိတ်ထဲမှာ ပြုံးနေခဲ့ပေမယ့် သူမမျက်နှာပေါ်မှာတော့ သူမရဲ့အမေကို သံယောစဉ်ဖြတ်ဖို့ သူမရဲ့အဖေကို အားပေးနေခဲ့သည်။

စွင်းအဖေက ဝမ်းသာပီတိဖြစ်မိပြီး စွင်းကျားလျန် ကလဲ သူ့ကို ဖြောင်းဖျဖို့ကြိုးစားနေခဲ့သည်။ " ဟုတ်တယ်၊ အဖေ။ အရင်ဆုံး ထိုင်လိုက်ပါဦး။ အခုမှ ဆေးရုံကဆင်းလာတာ၊ အဖေ့ခန္ဓာကိုယ်က ပြန်မကောင်းသေးဘူးလေ။"

စွင်းကျားလျန်က သူ့အမေကို ဆင်ခြေပေးချင်ခဲ့သည်။ နောက်ဆုံးမှာတော့၊ သူက သူ့အမေနဲ့ အစ်မဘက်ကပင်။

ဒီတစ်ခါမှာ မီးစာထပ်ထည့်ဖို့လောက်ထိ လင်းဟုန်န မရူးသေးပေ။ မီးစာထပ်ထည့်တာက သူမကို လောင်ကျွမ်းတာနဲ့ပဲ အဆုံးသတ်သွားလိမ့်မည်။ အရင်တုန်းကသင်ခန်းစာတွေကနေ သူမ သင်ယူခဲ့ပြီး အနည်းငယ် တွေးခေါ်တတ်လာခဲ့သည်။

စွင်းကျားလျန်က သူ့ရဲ့ အဖေကို ကူညီခဲ့ပြီးတော့ သူ့အမေကို ကူညီခဲ့သည်။

စွင်းအမေက သူမရဲ့သားရှေ့မှာ စကားများမှာ မဟုတ်ပေမယ့် စွင်းကျားယွီက လင်းဟုန်နကို အရမ်းစိုက်ကြည့်နေခဲ့သည်။ သူမကို အရူးလို့ မထင်ပါနဲ့။ လင်းဟုန်နက စွင်းမိသားစုနဲ့ လက်ထပ်ပြီးကတည်းက၊ စွင်းမိသားစုရဲ့ဘဝက ပိုဆိုးတဲ့ဘက်ကို ရောက်လာခဲ့သည်။ လင်းဟုန်နက ဒုက္ခရောက်စေခဲ့တာပဲ။

ဘယ်မိသားစုနဲ့ပဲ လက်ထပ်ပါစေ၊ မင်းက ဒုက္ခတွေကို ယူလာပေးမှာ၊ မင်းကို နိမိတ်မကောင်းတဲ့ အငြိုးကြီးတိရိစ္ဆာန်တွေက မွေးထားတာလေ။

တို့ဟူးလေးကို သွားရှာရာကနေ သူမယောကျ်ားကို ရပ်တန့်စေတဲ့လူက လင်းဟုန်န ဖြစ်နိုင်ခဲ့သည်။ စွင်းကျားယွီ ယက လင်းဟုန်နကို ဝါးစားချင်တဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့သည်။

စွင်းမိသားစုရဲ့ ဒုတိယသမီး စွင်းကျားရုန်က ကျောချမ်းစရာကောင်းအောင် ကြည့်နေခဲ့ပြီး တိတ်တဆိတ် သူမအစ်မရဲ့ အဝတ်အစားတွေကို ဆွဲကိုင်လိုက်သည်။

အိမ်မှာ စွင်းရဲ့‌အဖေက တာဝန်ရှိသူဖြစ်ပြီး၊ စွင်းကျားယွီက အထက်စီးဆန်လို့မရပေ။ စွင်းအမေကလဲ ဒီတစ်ကြိမ်မှာ သူမရဲ့အာရုံနဲ့ ရောက်လာခဲ့ပြီး သူမလဲ အသက်အရွယ်ရလာခဲ့ပြီး သူမရဲ့ချွေးမကို အာဏာပေးဖို့ သင့်တော်ပါတယ်ဆိုတာကိုပြောရင်း စွင်းအဖေကို နူးညံ့စွာ မူဝါဒချမှတ်စေခဲ့သည်။

အခု သူမရဲ့ချွေးမဆိုရင်တောင်မှ၊ သူက အရမ်းငယ်သေးသည်ဖြစ်ပြီး လူငယ်တွေက အမြဲတမ်း ရက်ရောကြပြီး ငွေကိုလဲ ဖောဖောသီသီ သုံးတတ်ကြသည်။ ဒါက သူမအတွက် အိမ်ရဲ့တာဝန်ကိုယူပြီး သူမချွေးမကို သူမဆီက သင်ယူခိုင်းရတာ ပိုကောင်းပါလိမ့်မည်။ ခြောက်လ၊ တစ်နှစ်ကြာတဲ့နောက်မှာ၊ လင်းဟုန်နက အိမ်ရဲ့တာဝန်ကို ယူနိုင်ခဲ့သည်။

စွင်းမူရဲ့ စကားလုံးတွေက ဘယ်မှာဖြစ်ဖြစ် ပြောနိုင်ပါသည်။

အဖေစွင်းက ခေါင်းညိမ့်ခဲ့သည်။

လင်းဟုန်နက အဖွားကြီးရဲ့စိတ်သဘောထားကို လျို့ဝှက်စွာ သိနေတာ ကြာပြီဖြစ်တာကြောင့် အဖွားကြီးက သူမရဲ့သဘောထားကို လိုက်နာဖို့လိုသည်။ ထို့အပြင် စွင်းအဖေက လင်းဟုန်နရဲ့ အမြင်ကိုမေးရင် မိသားစုထဲမှာ ပြဿနာတက်သွားနိုင်သည်။ သူမက စိတ်ထဲမှာ ဆဲလိုက်ပြီး သူမမျက်နှာမှာ အပြုံးလေးနဲ့ သဘောတူခဲ့ရသည်။

အဖွားကြီးက ရုတ်တရက် ရယ်လိုက်ပြီး လင်းဟုန်နကို ချီးကျူးခဲ့သည်။

ညဘက် သူ့အခန်းကိုပြန်လာတဲ့အခါ၊ စွင်းကျားလျန် က သူမကို ကြင်ကြင်နာနာနဲ့ ကြည့်နေတတ်တာကို လင်းဟုန်နက နားလည်ပေးခဲ့ပါသည်။

မတ်လကုန်မှာ၊ မြို့ကြီးက ညဘက်မှာ တိတ်ဆိတ်နေခဲ့သည်၊ ပြတင်းပေါက်အပြင်ဘက်က လရောင်က ဖြူစင်နေပြီး သီးနှံသိုလှောင်ရုံရဲ့ ခြံဝင်းက ဘာမီးအလင်းရောင်မျှ မရှိဘဲ မှောင်နေခဲ့သည်။ ညနက်နေခဲ့ပြီး လူတွေအားလုံး အိပ်ပျော်နေခဲ့သည်။

ကုမိသားစုကို လင်းဟုန်ဝူ နောက်ယောင်ခံလိုက်တဲ့ ကိစ္စအကြောင်းမေးဖို့ လင်းဟုန်န ရောက်လာခဲ့သည်။

လင်းဟုန်ဝူက မီးဖိုဘေးမှာ သူ့ခြေထောက်တွေကို ‌ထပ်ထားရင်း လှဲနေခဲ့ပြီး ပထမဆုံး ပြောလိုက်သည်။ " ကုမိသားစုကြီးက ဘယ်လိုတောင် နားလည်ရလွယ်တာလဲဟ။ ကုရှီအန်းက ကင်းထောက်တစ်ယောက်အဖြစ် မွေးလာတယ်၊ ပြီးတော့ အပြင်ဘက်က အနှောင့်အယှက်တွေကို အာရုံခံနိုင်တယ်။ သူ့မိသားစုက ကြောင်တောင် မွေးထားသေးတယ်။ အဲ့ဒီလိမ္မော်ရောင်ကြောင်ကြီးက ငါခြံအပြင်မှာထိုင်နေတုန်း ခုန်ထွက်လာတာ၊ အရမ်းခက်ထန်တာပဲ။ ပြီးတော့ ငါလန့်လို့သေတော့မယ်။ "

ငယ်ငယ်တုန်းက၊ လင်းဟုန်ဝူကို လိမ္မော်ရောင်ကြောင်တစ်ကောင်က ကုတ်ခြစ်ခဲ့သည်၊ ပြီးတော့ လင်းဟုန်နလဲ သူမ ဘာမှမတတ်နိုင်ဘူးဆိုတာ သိခဲ့သည်။ ဒါက လိမ္မော်ရောင်ကြောင်တစ်ကောင်ပါပဲ။ ဒါပေမယ့်၊ အရပ် ၈ ပေရှည်တဲ့ လူကြီးတစ်ယောက်က ကြောင်ကိုကြောက်နေတာလား။

သူမ တစ်ကယ်ကို လင်းဟုန်ဝူရဲ့ အသုံးမကျတဲ့ပုံစံကို သဘောမကျပေ။ လင်းမိသားစုထဲက ယောကျ်ားသားတွေ ဘာဖြစ်ကုန်ကြတာလဲ။ တစ်ယောက်ချင်းစီက တစ်ခြားတစ်ယောက်ထက် ပိုစိတ်ပျက်စရာကောင်းသည်။

" တောရွာမှာ ရက်ပေါင်းများစွာနေခဲ့ပြီးတော့ ကုအိမ်ကို ဝင်တောင် မဝင်နိုင်ခဲ့ဘူးလား။ "

လင်းဟုန်နရဲ့မျက်နှာ မဲကျသွားပြီး သူမရဲ့အသံက ဒေါသတွေနဲ့ ပြည့်လာခဲ့သည်။

လင်းဟုန်ဝူက မသိလိုက်မသိဘာသာ ပြောခဲ့သည်။ " မဝင်ခဲ့ဘူးလေ၊ နင်ပဲ ငါ့ကို စောင့်ကြည့်ထားဖို့ပဲ ပြောခဲ့တာမလား။ ငါ မစောင့်ကြည့်နိုင်တော့ရင်၊ ငါပြန်လာခဲ့မှာပဲ။ ကုကျားအောင်က မဖြစ်ထွန်းတဲ့ လျှိုမြောင်က ညဘက်မှာ အရမ်းအေးတယ်၊ ပြီးတော့ မြူလဲ စောက်ရမ်းကျလို့ ငါခဲပြီး သေတော့မယ်။ "

ကောင်မစုတ်လင်းယောင်ရဲ့လက်ထဲကနေ ပိုက်ဆံမရခဲ့တာကြောင့် လင်းဟုန်န အရမ်းစိတ်တိုနေခဲ့သည်။

သူမကို ဘယ်သူမှ ‌မစောင့်ရှောက်ကြဘူး။

ဘာပဲဖြစ်ဖြစ်၊ ဘယ်အရာကိုမှ သူစောင့်ကြည့်နေမှာ မဟုတ်ဘူးလို့ လင်းဟုန်ဝူက ပြောခဲ့သည်။ လင်းဟုန်နက ဘာမှမတတ်နိုင်ခဲ့ပဲ နောက်တစ်နည်းရှာခဲ့ရသည်။

*

မျက်တောင်တစ်ခတ်မှာ၊ ဦးလေးကျန်းမိသားစုရဲ့ အကြီးဆုံးမြေးက တစ်လပြည့်စားသောက်ပွဲကျင်းပတဲ့ ရက်ကို ရောက်လာခဲ့ပြီဖြစ်သည်။

ငတ်မွတ်ခေါင်းပါးနေတဲ့အချိန်မှာ၊ သာမန်လူတန်းစားတွေက သူတို့ရဲ့ဗိုက်ကို ဖြည့်ဖို့ စိုးရိမ်ရသည်။ ပြီးတော့ သူတို့က မိသားစုထဲမှာ ကလေးတစ်ယောက် ရလာတာကို မပျော်ကြပေ။ လူတစ်ယောက်တိုးလာတာက ပါးစပ်ပေါက်တစ်ပေါက်တိုးလာတာပင်။

မိန်းကလေးမွေးလာရင်၊ ပိုလို့တောင် မကြိုဆိုကြပေ။ မွေးပြီးပြီးချင်း လျှိုမြောင်ထဲကို ပစ်ချခံရတဲ့ သမီးလေးတွေ အများကြီးရှိသည်။

နောက်ဆုံးမှာ၊ ဒါက ကျန်းမိသားစုရဲ့ ပထမဆုံးမြေးဦးဖြစ်ပါသည်။ ကျေးလက်ဒေသတွေက၊ မျိုးနွယ်စုတွေမှာ အမွေဆက်ခံသူနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့အယူအဆ ရှိကြသည်။ သားအကြီးဆုံးနဲ့ မြေးဦးမွေးတဲ့အခါ၊ ဘာကိစ္စပဲရှိရှိ သူတို့ ရင်ဆိုင်ရပါသည်။

ဒါ့အပြင်၊ ကျန်းမိသားစုရဲ့ အခြေအနေက အရမ်းမဆိုးခဲ့ပေ။ ဦးလေးကျန်းရဲ့ အကြီးဆုံးသား ကန်းရွှင်က မြို့ထဲမှာ အလုပ်လုပ်ပြီး ဒုတိယသား ကျန်းဖင်က အထက်တန်းပထမနှစ် တက်နေခဲ့သည်။ ဦးလေးကျန်းက ရွာသူကြီးဖြစ်ပြီးတော့ သူ့မိသားစုက ပျမ်းမျှမြို့သူမြို့သားတွေထက်တော့ ပိုကောင်းပါသည်။

သူတို့ ဘယ်လောက်ပဲ သန်မာပါစေ၊ အစားအသောက် ရှားပါးနေတုန်းပါပဲ။ ကျန်းဆွေ့လန်က ဦးလေးကျန်းအတွက် ဂျုံနက် ငါးကီလိုဂရမ်နဲ့ ပြောင်းဂျုံ နှစ်ကီလိုဂမ်ကို ပြင်ဆင်ပေးခဲ့သည်။ အုတ်ခဲလိုပဲ လေးထောင့်ကျနေတဲ့ သကြားညိုအိတ်ကို လင်းယောင် ယူလာပေးခဲ့သည်။

" အမေ၊ ဦးလေးတို့ မိသားစုက အသားပြတ်လပ်နေတာ မဟုတ်ဘူး။ သကြားညိုက သွေးခဲတာကို ပြန်လည်ပြုပြင်ပေးတယ်။ တောရွာဘက်မှာ သကြားညိုဝယ်ဖို့လက်မှတ်ရဖို့ ခက်ခဲပါတယ်။ မိသားစုက အဆက်အသွယ်တွေ ရှိလို့ တော်သေးတယ်။ စားချင်ရင်၊ ဝယ်နိုင်တယ်လေ။ သမီးမှာ သကြားညိုတစ်ခဲလောက် ရှိတယ်။ ဒီလိုအချိန်မှာ သမီးမသုံးပါဘူး။ ဦးလေးကို ပေးလိုက်မယ် "

ကျန်းဆွေ့လန်က ပြုံးကာ ပြောခဲ့သည်။ " ဒီလောက်ကြီးတဲ့ အိတ်နဲ့ဆို၊ မင်းတို့ဦးလေး မိသားစုက မျောက်နှစ်အကုန်လောက်ထိ သုံးလို့ရလောက်တယ်။ "

လင်းယောင်က အရှက်မရှိစွာပဲ ရိုးရိုးရှင်းရှင်း ပြောခဲ့သည်။ " ဒါက အဲ့လောက်မဟုတ်ပါဘူး။ သကြားညို တစ်ခဲလေးပါပဲ။ ဒီနေ့ တစ်ခွက်သောက်၊ မနက်ဖြန် တစ်အိုးကြိုပြီး လအနည်းငယ်အတွင်းမှာတင် သောက်လို့ကုန်သွားမှာပါ။ "

ကျန်းဆွေ့လန်က သူမရဲ့ နဖူးကို ခေါက်လိုက်သည်။ " မိခင်တစ်ယောက်ပဲ ဖြစ်တော့မယ်၊ စကားကို အရမ်း လွတ်လွတ်လပ်လပ် ပြောနေတုန်းပဲနော်။ "

လင်းယောင်က ပြုံးကာ ကျန်းဆွေ့လန်ရဲ့ ရင်ခွင်ထဲကို ချိုချဉ်လေးလို ဝင်နေခဲ့သည်။ " သမီးကို ချစ်ဖို့ ဘယ်သူက ရဲဘော်ဆွေ့လန်ကို တောင်းဆိုခဲ့တာလဲဟင်။ "

ကျန်းဆွေ့လန်က လင်းယောင်ကို ဖက်ထားပြီး နှစ်ယောက်သား ခဏလောက် သီးသန့်စကားပြောနေခဲ့ကြသည်။

ဒီနေ့က အလုပ်ပိတ်ရက်ဖြစ်သည်။ ကုရှီအန်းက အိမ်ကိုပြန်လာခဲ့ပြီး သူ့မိသားစုကို တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းဆီ ခေါ်သွားဖို့ မြည်းလှည်းအဟောင်းကို ငှားလာခဲ့သည်။

မတ်လကုန် ဧပြီလအစမှာ၊ တောင်ပေါ်က နေရောင်ခြည်က ဖြည်းဖြည်းချင်း နွေးထွေးလာခဲ့သည်။ ပြီးတော့ မြစ်ကမ်းဘေးက အစိမ်းရောင်တောင်ကုန်းတွေကလဲ စိမ်းစိုနေကြသည်။ လမ်းပေါ်မျာ ဂျစ်ကားတစ်စီး မောင်းလာခဲ့ပြီး၊ စမ်းချောင်းရေကြည်‌ထဲမှာ အစိမ်းရောင်မိုးမခပင်ရဲ့ ပုံရိပ်တွေ ရောင်ပြန်ဟပ်နေခဲ့သည်။

တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းက rapeseed ပန်းပင်စိုက်ခင်းတွေ ဒါဇင်နဲ့ချီပြီး စိုက်ပျိုးထားခဲ့သည်။ အဝါရောင်တောက်တောက်ရှိတဲ့ ပန်းပွင့်တွေက တောင်ကုန်းပေါ်မှာ တစ်ပြင်လုံး ဖူးပွင့်နေခဲ့ကြသည်။ လင်းယောင်နဲ့ ကုရှီတုန်းတို့ ပတ်သွားခဲ့ကြပြီး ကားအစွန်းပေါ်မှာ လှဲနေကြကာ စကားပြောရင်း ရှုခင်း ကြည့်နေခဲ့ကြသည်။ တစ်ခါတစ်ရံ၊ ပိန်ညှင်းငှက်တွေက rapeseed ပန်းခင်းထဲက ဖြတ်ပျံသွားကြသည်၊ ပြီးတော့ သူတို့နှစ်ဦး အချိန်အကြာကြီး အံ့အားသင့်ခဲ့ကြရသည်။

ဦးလေးကျန်းရဲ့ အိမ်ကို သူတို့ရောက်တဲ့အခါ၊ ကုရှီတုန်းက အရင်ဆုံး ကားထဲက ခုန်ထွက်လာခဲ့ပြီး ဒုတိယဦးလေးအိမ်က ရွှမ်ဇီက ပြေးလာခဲ့သည်။ ဒီကောင်စုတ်လေးနှစ်ယောက် အတူတူ အော်ဟစ်ပြေးလွှားနေခဲ့ကြသည်။

ဒုတိယအဒေါ်ကလဲ ရင်ခွင်ထဲမှာ နျိုနျိုလေးကို ပိုက်ပြီး လာခဲ့သည်။ လပေါင်းများစွာကြာအောင် မတွေ့ရသေးတဲ့နောက်မှာ နျိုနျိုက ချစ်စရာမျက်နှာလေးနဲ့ ပန်းသီးလေးလို ပြုံးပြနေဆဲဖြစ်သည်။

" အဒေါ် "

" ဟေး၊ ယောင်ယောင်ရဲ့ ဗိုက်လေးထွက်လာပြီပဲ။ လာလာ၊ ဝင်ခဲ့။ "

အခန်းထဲမှာ၊ ကျန်းဆွေ့လန်က သူ့ယောင်းမ တိုက်တဲ့ ရေနွေးကို သောက်လိုက်ပြီး သူမပါးစပ်ထောင့်လေးတွေကို သုတ်ကာ ပြောင်းဂျုံ၊ ဂျုံနက်နဲ့ သကြားညိုတွေကို တစ်ခုပြီးတစ်ခု ထုတ်ပေးခဲ့သည်။ ပြီးတော့ နောက်ဆုံးမှာ အထည်တစ်စကိုလဲ ထုတ်ပေးခဲ့သည်။

" ယောင်းမ ဒီပစ္စည်းတွေကို ယူထားပါ။ "

" အစ်မ၊ ဘာတွေလုပ်နေတာလဲ။ မတ်လမှာ အစားအစာတွေက ဈေးကြီးတယ်၊ ဒါပေမယ့် ဒါတွေက အစားအသောက် ကောင်းတွေပါ။ အိမ်မှာ အစား‌အသောက် ပြတ်လတ်တာမျိုး မရှိဘူး။ မြန်မြန်ပြန်ယူလိုက်။ "

" ဟုတ်ပါပြီ၊ ယောင်းမရဲ့၊ မတွန်းပါနဲ့တော့။ အိမ်မှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်မ မသိဘူး။ ကြည့်ပါဦး၊ ရွှင်ဇီမိန်းမရဲ့ အင်္ကျီလက်တွေ အရမ်းတိုနေပြီ။ ဒါက ကောင်းတဲ့ ပစ္စည်းမဟုတ်ဘူး။ ပစ္စည်းတင်သွင်းခြင်းနဲ့ဈေးကွက်ဖြန့်ချိရေးသမဝါယမက ပယ်ထားတဲ့ မကောင်းတဲ့ ထုတ်ကုန်တွေပဲ။ ဘာမှတော့အနာအဆာမရှိနေပါဘူး။ အရောင်သေချာမဆိုးတာပါပဲ၊ ပြီးတော့ အပြင်မှာ ရောင်းရင် ပိုက်ဆံသိပ်မရနိုင်ဘူး။ ချွင်မေ အိမ်ကို ယူလာတာ။ နွေဦးရောက်ပြီလေ။ ရွှင်ဇီရဲ့ ဇနီးအတွက် အင်္ကျီတစ်ထည်နဲ့ ကောင်စုတ်လေးအတွက် ခါးစည်းတစ်ထည် ချုပ်ပေးမယ်။ ဘယ်မှာ ဝယ်လို့ရနိုင်လဲ။ တူလေးရဲ့မိန်းမက ကလေးမွေးဖွားထားတာဆိုတော့ ခါးစည်း မဝတ်ချင်လောက်ဘူး။ "

ကျန်းမိသားစုရဲ့ အကြီးဆုံးအဒေါ်က သူမနှလုံးသားထဲမှာ နွေးထွေးသွားခဲ့သည်။ " ဟုတ်ပါပြီ၊ ကောင်းကောင်းသတိရနေပြီး သတိတရရှိနေပါ့မယ်။ "

ကျန်းဆွေ့လန်က ပြုံးခဲ့ပြီး သူမရဲ့ပစ္စည်းတွေကို ထုတ်ပိုးနေခဲ့သည်။ " ကောင်းပေးတဲ့အတွက် ညီမကို သတိမရနေပါနဲ့၊ ယောင်ယောင်က ပေးတာပါ။ ကုချွင်မေက ပြန်ယူလာပေးတာ။ ကလေးတွေကိုပဲ ကောင်းကောင်းမှတ်မိနေပေးပါ။ "

ဒုတိယအဒေါ်လဲ ဟာသတွေလုပ်ဖို့ ဝင်လာခဲ့သည်။

ကျန်းဆွေ့လန် - " ဒုတိယယောင်းမ ဟိုက်ယန်မင်္ဂလာဆောင်ပြီး ကလေးမွေးဖွားတဲ့အခါ၊ သူမရဲ့ ဝေစုက ရှိနေဦးမှာပါ။ "

ဒုတိယအဒေါ်ရဲ့ မိသားစုက အကြီးဆုံးသမီး ဟိုက်ယန်ကလဲ အသက်နှစ်ဆယ်ပြည့်ပြီ။ သူမ တစ်ခြားသူတွေနဲ့ စကားပြောနိုင်တဲ့အရွယ်မှာ၊ ဟိုက်ယန်မှာ အကြံဉာဏ်ကောင်းရှိခဲ့သည်။ မြို့ထဲက အောင်သွယ်တော်တွေရဲ့ မိတ်ဆက်ပေးတာတွေ အားလုံးကို သူမ ငြင်းခဲ့ပြီး မြို့ထဲကပဲ အဖော်တစ်ယောက် တွေ့သွားခဲ့သည်။

ကောင်လေးက ဆေးဝါးစက်ရုံမှာ အလုပ်လုပ်သည်။ ကောင်လေးက သဘောကောင်းပြီး ချောမောပါသည်။ မိသားစုထဲက သူ့အစ်မတွေထဲက တစ်ယောက်က အိမ်ထောင်ကျပြီးပြီ။ သူ့မိဘတွေက အရမ်းစကားမများကြဘူး၊ ဒါပေမယ့် သူနေတဲ့နေရာကတော့ သေးသည်။

ကံကောင်းစွာနဲ့၊ သူတို့စုံတွဲနှစ်ယောက်လုံး ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ကြသည်။ သူတို့ လက်ထပ်ကြတဲ့အခါ၊ စက်ရုံက သူတို့ကို အိမ်တစ်လုံး ပေးလိမ့်မည်။ ပြီးတော့ သူတို့ရဲ့လစာလဲ အသီးသီး တိုးလာလိမ့်မည်။

ဟိုက်ယန်ရဲ့ အမျိုးသားရဲ့ မိသားစုက အကုန်လုံး မြို့ထဲမှာ အခြေအနေကောင်းကြတဲ့ အလုပ်သမားတွေဖြစ်သည်။

ဒါကို ပြောရရင်၊ ဒုတိယအဒေါ်က ပန်းလေးတစ်ပွင့်လို ပြုံးနေပြီး လက်ခုပ်တီးခဲ့သည်။ " ဟုတ်ပါပြီ၊ ကျွန်မ စောင့်နေပါ့မယ်။ "

စွင်းမိသားစုက တစ်လပြည့် စားသောက်ပွဲ ကျင်းပခဲ့ကြသည်။ ဝိုင်အရက်ရော၊ သကြားရော ဘာမှမရှိပေ။ ဒီတိုင်း မိသားစုတွေ အတူတူထိုင်ပြီး စားသောက်ကြတာပါပဲ။

မုန်လာထုပ်ကြော်၊ ယုန်သားအာလူးစွပ်ပြုတ်၊ သီးရွက်စုံခေါက်ဆွဲနဲ့ ဟင်းသီးဟင်းရွက် ဆန်ပြုတ် စတာတွေပါဝင်ပြီး အစားအသောက်တွေ ပေါများသည်။ ဒါပေမယ့် သာမန်လူတန်းစားတွေထက်တော့ ပိုကောင်းပါသည်။

ဦးလေးကျန်းနဲ့ ဒုတိယဦးလေးတို့က ခြံထဲမှာ နွားစာစင်းနေကြစဉ်၊ အဒေါ်ကျန်းနဲ့ တစ်ခြားသူတွေက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေကြသည်။ ရွာထဲမှာ မွေးထားတဲ့ မြည်းတွေနွားတွေက အစာအဖြစ် နွားစာစဉ်းစက်နဲ့ အပိုင်းပိုင်းဖြတ်ထားပြီး ကျောက်စားကျင်းထဲကို တစ်ပုံးပြီးတစ်ပုံး ထည့်ထားပေးတဲ့ ပြောင်းနှံကောက်ရိုး၊ ပဲပိစပ်၊ မြေပဲစေ့ စတာတွေကို စားကြသည်။

ကျန်းရွှင်ညီအစ်ကိုတွေကလဲ အိမ်မှာ ကူညီပေးကြသည်။ ကုရှီအန်း ရောက်လာတာနဲ့၊ ညီအစ်ကိုသုံးယောက် ကောက်ရိုးတွေ အတူတူဖြတ်ကြသည်။ တစ်ယောက်က ပြောင်းနှံကောက်ရိုးတွေကို ရွှေ့ပြီး တစ်ယောက်က ဖြတ်သည်၊ ပြီးတော့ တစ်ယောက်က နွားစာတွေကို ရွာထဲကို လိုက်ပို့ပေးသည်။ သူတို့ ပြည့်စုံစွာ လိုက်ဖက်နေကြပါသည်။

ဦးလေးကျန်းနဲ့ သူတို့ ညီအစ်ကို နှစ်ယောက်က ဘာမှလုပ်စရာမရှိခဲ့ကြပေ။

ဦးလေးကျန်းက စီးကရက် တစ်ထုတ်လုံးသောက်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ " ဒုတိယအစ်ကို၊ အနောက်ခြံထဲကို သွားပြီး စစ်တုရင်ဆော့ကြမလား။ "

" မင်း မကြောက်ဘူးလား။ "

" လောင်းကြေးက ရှစ်ဆင့်တန် ‌ဆေးလိပ်တစ်ထုတ်ကြေး ဆိုရင်ရော။ "

" ရှစ်ဆင့်တန်ဆေးလိပ်တွေရဲ့ အရည်အသွေးက နိမ့်လွန်းတယ်။ ပါချင်ရင်၊ ဆယ့်နှစ်ဆင့်တန် တစ်ထုတ်ယူခဲ့။ "

" ဟုတ်ပြီ၊ ငါအခု ချမ်းသာနေပါပြီ။ ငါ့အိတ်ကပ်ထဲမှာ ပိုက်ဆံလေးများ ရှိနေမလား။ "

" ဘယ်လိုတောင်။ ရှေ့က ဟိုက်ယန်‌ရေ ဒီလူကြီးကို ဆေးလိပ်တစ်လိပ်လောက် ပေးစမ်းကွာ။ "

ဦးလေးကျန်းက သူ့ရဲ့မာနကို ပြလိုက်သည်။

သူ ရှူးကနဲ ဒေါသထွက်သွားသည်။

" မိန်းကလေးမွေးထားတာကမှ ပိုကောင်းဦးမယ်။ ငါ့အိမ်မှာ ကောင်စုတ်တွေ တော်တော်များတာပဲ။ အိုး၊ မင်းတို့ကောင်စုတ်တွေ ဘာလာကြည့်နေကြတာလဲ။ မင်းတို့ ဘာလို့အလုပ်ကိုသွားပြီး ကံမကောင်းတဲ့ကောင်တွေအားလုံးကို သွားမကြည့်ကြတာလဲ။ သွားကြစမ်း။ "

ကျန်းရွှင်နဲ့ကျန်းဖင်တို့ ညီအစ်ကိုနှစ်ယောက် - " . . . "

ကျန်းရွှင်ရဲ့ ဇနီးက အိမ်ထဲမှာ ကလေးကို ပြုစုနေခဲ့သည်။ ပြီးတော့ သူတို့နှစ်ယောက်လုံး အတူတူ အိပ်ပျော်နေခဲ့ကြသည်။ ကျန်းရွှင်ရဲ့ဇနီးက သူ့ရင်ခွင်ထဲမှာ အိပ်ချင်နေတဲ့ ကလေးလေးနဲ့ ထွက်လာခဲ့တာ နေမွန်းတည့်ချိန်တောင် မဟုတ်သေးပေ။

ကျန်းမိသားစုရဲ့ ကလေးဝဝလေးက သုံးလသာရှိသေးသည်။ မိသားစုက သူ့ကို နာမည်ကောင်းကောင်းလေး ပေးချင်ခဲ့ပေမယ့် သူတို့အခုထိ မဆုံးဖြတ်ရသေးပေ။ သူ့မိခင်က အရှေ့မြောက်ပိုင်းကလာတဲ့ ပဲကောက်ညှင်းမုန့်ပေါင်းတွေစားရတာ ကြိုက်တာကြောင့်၊ သူ့ကို ရိုးရိုးရှင်းရှင်းပဲ ပဲပေါက်စီလေးလို့ ခေါ်ခဲ့ကြသည်။

ကလေးလေး ကျန်းတို့ပေါင်က အသားဖြူပြီး ဝဝတုတ်တုတ်လေးဖြစ်ကာ ဗလုံး‌ဗထွေးပြောနေခဲ့ပြီး သူ့ရဲ့ဝဖြိုးတဲ့ လက်သီးလေးကို ယမ်းပြနေပြီး သူ့လက်တွေကို ဝါးနေခဲ့သည်။ မိခင်ဖြစ်တော့မယ့် လင်းယောင်က မိခင်မေတ္တာတွေ ပြည့်လျှံနေခဲ့ပြီး ‌ကလေးလေးကိုသူမ ဖက်ချင်နေခဲ့သည်။

ဇနီးက ပြုံးပြီး ‌ကလေးကို သူမဆီ ပေးကာ၊ " ဘယ်ဘက်လက်ကို ခေါင်းမှာကိုင်ထားပြီး ညာဘက်လက်ကို သူ့ရဲ့တင်ပါးမှာ ကိုင်ထားလိုက်ပါ။ "

လင်းယောင်ရဲ့ ခန္ဓာကိုယ်က မွှေးပျံ့ပြီး နူးညံ့နေခဲ့ပြီး ကလေးလေး ကျန်းတို့ပေါင်က သူမကို အလွန်သဘောကျနေခဲ့သည်။ လင်းယောင်လက်ထဲကို ရောက်သွားတာနဲ့၊ သူမရင်ခွင်ထဲကို မှီထားလိုက်တော့သည်။

ကျန်းရွှင်ရဲ့ ဇနီးက သူ့ကို ချီဖို့လာခဲ့ပြီး ဖက်တီးလေးက သူ့ရဲ့လက်လေးတွေကိုတောင် ရမ်းပြီး သူ့အမေကို တွန်းနေခဲ့သည်။

ကျန်းရွှင်ရဲ့ ဇနီးက ရယ်ရမလား၊ ငိုရမလားတောင် မသိခဲ့တော့ပါ။ သူမက သူမသားရဲ့ ဖင်တုန်းလေးကို ပုတ်ကာ ပြောလိုက်သည်။ " ကောင်စုတ်လေး၊ အမေကိုတောင် သဘောမကျတော့ဘူးပေါ့။ "

ကလေး‌လေး ကျန်းတို့ပေါင်က ထောက်ခံတဲ့အနေနဲ့ အသံတွေထွက်နေခဲ့ပြီး ခြံထဲကလူတွေ အကုန်လုံး ရယ်ပွဲကျကုန်တော့သည်။

ညနေခင်းမှာ၊ ကုမိသားစုက အိမ်ကို ပြန်လာခဲ့ပြီး အဒေါ်ကျန်းက ရက်စ်ဘယ်ရီနဲ့ loquats အသီး တစ်ခြင်းပေးခဲ့သည်။ ရက်စ်ဘယ်ရီတွေကို ယွင်ရွှေကောင်တီမှာ စန်းစန်းဖောင်ဟု ခေါ်ကြသည်။ သူတို့က အနောက်ဘက်တောင်တန်းတွေမှာ ပေါက်ကြပြီး စတော်ဘယ်ရီနဲ့ ဆင်တူသည်။ သူတို့ ဒီလိုအချိန်မှာ မှည့်ကြသည်။

ဒီရာသီမှာ၊ သူ့အရသာက ချဉ်ပြီး ချိုသည်။ ရွာထဲက ကလေးတွေက သူတို့အားတိုင်း တောင်ပေါ်နဲ့ လယ်ထဲကိုသွားပြီး အသီးတွေကောက်ကြသည်။ Loquats တွေကိုတော့ " မြေသီး " လို့ ခေါ်ကြသည်။ ပြီးတော့ သူတို့က ကောင်းတဲ့အသီးကို ရှာဖို့ လယ်တွေထဲမှာ ဆင်းရှာကြရသည်။

လင်းယောင်က ချိုချဉ်အရသာရှိတဲ့ အစားအစာတွေစားရတာ ကြိုက်နှစ်သက်သည်။ သူမ အိမ်ပြန်ရောက်ပြီး သူမကိုယ်သူမ ဆေးကြောပြီး‌တာနဲ့၊ ပန်းကန်တစ်ဝက်စာလောက် သူမစားခဲ့သည်။ သူမရဲ့ မျက်နှာလှလှလေးက သတိတောင်မထားမိပဲ အသီးရည်တွေ ပေနေခဲ့သည်။

ကုရှီအန်းက ရေချိုးရာက ပြန်လာခဲ့ပြီး သူ့ဆံပင်တွေကို တဘတ်နဲ့သုတ်နေခဲ့သည်။ ပြီးတော့ သူမမျက်နှာကို သုတ်ပေးဖို့ လာခဲ့သည်။ " အရသာရှိရဲ့လား။ "

" အင်း၊ အရသာရှိတယ်။ တစ်ခုလောက် စားမလား။ "

လင်းယောင်ယူလာခဲ့ပြီး ကုရှီအန်းရဲ့ ပါးစပ်ထဲကို တစ်ကိုက်စာသာ ထည့်ပေးခဲ့သည်။ ပြီးတော့ ကုရှီအန်းက တစ်ကိုက်တည်းနဲ့ အကုန်လုံးနီးပါး စားပစ်ခဲ့သည်။

စိတ်ဆိုးနေတဲ့ လင်းယောင်က သူ့ကို ဆွဲကာ ရိုက်တော့သည်။

ကုရှီအန်းက သူမရဲ့ ခွန်အားသေးသေးကို မကြောက်ခဲ့ပေ။ ဒါကြောင့် သူမကို ဖက်ကာ အနမ်းတစ်ပွင့်ပေးခဲ့သည်။

" ကလေးလေးက နေရခက်အောင် လုပ်သေးလား။ "

လင်းယောင်က နှာမှုတ်ခဲ့သည်။ " ကလေးလေးက အရမ်းကောင်းတယ်၊ ဒါပေမယ့် ရှင်က မရိုးသားတဲ့ တစ်ယောက်တည်းသောသူပဲ။ "

ဒီအချိန်မှာ၊ ကုရှီအန်းက ညအိပ်ဝတ်စုံ အပျော့လေးသာ ဝတ်ထားခဲ့သည်။ လင်းယောင်က သူ့ကို အိမ်မှာ အဝတ်‌အကောင်းတွေ ဝတ်စေသည်။ လင်းယောင်က သူ့ရဲ့ အတွင်းကြွက်သားတွေကို တိတ်တခိုး ပွတ်သပ်ပြီး တံတွေးမြိုချခဲ့ရသည်။

ဘုရားရေ၊ ‌ဒီလူကြီးက အဖေတစ်ယောက်ပဲ ဖြစ်တော့မယ်၊ ဘာလို့ သူ့ပုံစံက ဒီလောက်တောင် ဆွဲဆောင်မှု ရှိနေရသေးတာလဲ။

All Chapters