← Chapters

အခန်း (၆၉)

Vol. 6 Ch. 69

အခန်း (၆၉)

Vol. 6 Ch. 69

ယခုလင်းယောင် ကြည့်ပဲကြည့်နေရသည်က နှမြောစရာပင်။ တစ်ညလုံး ကုရှီအန်းကိုသာ အားရုံစိုက်မိနေသည်။

သူမအချီခံရသော အချိန်တွင် ကုရှီအန်းသည် တဖက်၌ ရေသောက်ကာ ဌာန မှစာရွက်ရာတမ်းများကို ဖတ်နေခဲ့လေသည်။ အချိန်ကြာသောအခါ သူမသည် လက်ထောက် ဒါရိုက်တာကု၏ ကျစ်လျစ်သော လက်မောင်းကြွက်သားများကို ကိုင်ကြည့်လိုက်သည်။ ကိုင်၍ အလွန်ကောင်း၍ ထပ်ခါထပ်ခါ ကိုင်ချင်နေခဲ့သည်။

ကုရှီအန်းသည် အနာဂတ် မိခင်လောင်းလေးကို လက်တစ်ဖက်နှင့်ထိန်းထားပြီး ကျန်တစ်ဖက်ကစာရွက်စာတမ်းများ လုပ်နေခဲ့သည်။

ကိုင်လို့ဝသွားသောအခါ လင်းယောင်လည်း လက်ထဲမှထွက်လိုက်ပြီး ကုတင်ပေါ်သို့ လှိမ့်သွား၍ ခေါင်းအုံးဖက်ကာ အိပ်လေသည်။

လင်းယောင်သည် ခြေဆန့်လက်ဆန့်ဖြင့်အလွန်အိပ်မောကျနေသည့်အတွက် ကုရှီအန်းတွင် အိပ်ဖို့နေရာပင်မရှိတော့ပေ။

အတန်ကြာ ဖက်အိပ်ပြီး ခြံထံသို့ရေဆင်းချိုးရန်ဆုံးဖြတ်လိုက်သည်။

ညလယ်ခေါင်တွင် ရေလည်းဆာသောကြောင့် ကုရှီတုန်းသည် ရေနွေးအိုးထဲမှ ရေများကို သောက်လိုက်အပြီး အိပ်ရာထဲဝင်ရန်အလုပ် ပြတင်းပေါက်အပြင်ဘက် သာနေသောလရောင်နှင့် နဂါးငွေ့တန်းများ၏ အလင်းရောင်ဖြင့်ခြံထဲ၌ မှုန်ဝါးဝါး အရိပ်တစ်ခု တွေ့လိုက်လေသည်။

ဘုရားရေ! အိမ်ထဲကို သူခိုးဝင်နေတာပဲ။

ကုရှီတုန်း စက္ကန့်ပိုင်းအတွင်း ဖိနပ်စီးချိန်တောင် မရလိုက်ပဲ ခြေဗလာဖြင့် အိပ်ရာထဲမှ သစ်သားသေနပ်ကိုကိုင်ကာ ခြံထဲသို့ သူခိုးဖမ်းရန်သွားခဲ့သည်။

သို့သော် အနည်းငယ် စူးစမ်းကြည့်လိုက်သောအခါ ခြံထဲမှလူသည် သူခိုးမဟုတ်ပဲ သူ့အကိုသာဖြစ်သည်။

ညလယ်ခေါင်ကြီး ဘာလို့အကိုကြီးက မအိပ်ပဲလျှောက်သွားနေရတာလဲ? မရီး နိုးသွားရင် ဘယ်လိုလုပ်မလဲ?

ကောင်စုတ်လေးက ခြေဖွဖွ နင်းကာ ဘာဖြစ်နေသလဲဆိုတာကို တံခါးအနည်းငယ်ဟပြီး ကြည့်လိုက်သောအခါ အထဲ၌ မဲနက်၍ အေးစက်သော မျက်လုံးတစ်စုံကိုတွေ့လိုက်ရသည်။

ည ၃ နာရီအချိန်၊ အခန်းလည်း အမှောင်သည့်အချိန်၌ သူ၏ညီမှာ အခန်းထဲသို့ ကြောက်ကြောက်လန့်လန့်နှင့် လာကြည့်သည်။ ထို့နောက် ဘာမျှမပြောပဲ ခြေထောက်သုတ်ကာ စောင်ခေါင်းမြီးခြုံပြီး အိပ်ရာထဲသို့ဝင်၍ အိပ်ချင်ယောင်ဆောင်လေသည်။

အိပ်မောကျသွား၍ ပြန်နိုးလာချိန်တွင် နေပင်အတော်မြင့်နေလေပြီ။

လတ်ပတ်နာရီ မရှိသော်လည်း နောက်ကျနေပြီဆိုတာကိုသိလိုက်သည်။ ပြတင်းပေါက်မှ အပြင်ကိုလှမ်းကြည့်လိုက်သောအခါ ရေလောင်း၊ ယုန်သိုက်များ ရှင်းလင်းနေပြီး ဂိုထောင်ထဲမှ မုန်လာဥအဖြူများကို အပြင်ထုတ်လှန်းနေခဲ့သည်။

ကျန်းဆွေ့လန်သည်လည်း မြို့ထဲတွင် အလုပ်မလုပ်ရသော်လည်း အလုပ်ရှုပ်နေခဲ့သည်။ စားစရာ သောက်စရာများအတွက်သာ ပူပန်နေလေသည်။ ထို့ကြောင့် လင်းယောင်ကပင် သက်ပြင်းချ၍ အသက်ရှင်ရခြင်းက မလွယ်ကူလှမှန်း တွေးမိလေသည်။

ဆိုးရွားသော အရင်းရှင်ဝါဒက လူတွေကိုဒုက္ခပေးနေခြင်းပင်။

တချိန်တည်းမှာပင် ယူအက်စ် နိုင်ငံများနှင့် အာရှ၊ အာဖရိက၊ လက်တင်အမေရိက စသည့်နိုင်ငံများမှ ဘဝများသည် ယခုလိုမဟုတ်ပေ။

သို့သော် အရင်းရှင်စနစ်ကို တော်လှန်နေကြသောသူများသည် အခက်အခဲ ကြမ်းတမ်းမှုများကို မမှုပဲ အရှေ့ဆက်လျှောက်ပြီး အမိနိုင်ငံကို သာကောင်းမွန်အောင်တည်ထောင်ရန် စိတ်ကူးရှိကြသည်။ နောက်ထပ်ဆယ်နှစ်အကြာ အိပ်စက်နေသော လူ့အဖွဲ့အစည်းသည် ကမ္ဘာကို တစ်ဖန်လှုပ်ခတ် နိုင်ပေလိမ့်မည်။

လင်းယောင် မိမိ၏ ဗိုက်ကိုသာပွတ်ပြီး အနားဂတ်အကြောင်းတွေးနေမိသ ခိုက်ချွင်တောင်ပေါ်၌ မက်မွန်ပွင့်များလည်း ဝေဝေဆာဆာပင်။

ကုရှီအန်း အလုပ်မသွားခင် ပန်းများကိုခူး၍ ပန်းအိုးထဲသို့ ထည့်သွားခဲ့လေသည်။ မီးဖိုချောင်ထဲရှိ ကျန်းဆွေ့လန်သည် ဟင်းသီးဟင်းရွက်များ၊ ကြက်ဥခေါက်ထားသည်များဖြင့် လုပ်ထား​သော သီးနှံပေါက်စီနှင့် ပြောင်းဆန်ပြုတ်တို့ကို နံနက်စာအဖြစ် ပြင်ဆင်နေလေသည်။ ကြီးမားသောအိုးကြီးထဲ၌ အငွေ့တထောင်းထောင်းနှင့်ပင်။

ထိုနောက် အသံကျယ်ကျယ်ဖြင့် ကုမန်ဆန်ကို လက်ဆေးပြီး လာကူရန်ပြောလိုက်သည်။

“ ယောင်ယောင်က အပြင်မှာလေတိုက်နေတော့ မထွက်နဲ့။ ဟိုကောင်လေးသုန်ဇီက အခန်းထဲမှာနေမနေပဲ အပြင်ထွက် တံမြတ်စည်းလှည်း”

ဆွေ့လန်ကတော့ အိမ်ထဲ၌အာဏာရှိသူပီပီ စီမံခန့်ခွဲလျက်။

ကုမန်ဆန်လည်း ချက်ချင်းပင် လက်ဆေးကာ ကူညီရန်ရောက်လာပြီး သုန်ဇီလည်း အမေကိုကြောက်သောကြောင့် တံမြတ်စည်းလှည်းလေသည်။

ထို့နောက် နံနက်စာ တူတူစားကြလေသည်။ ငတ်မွတ်ခေါင်းပါးနေသော ကာလဖြစ်သောကြောင့် တောင်ပေါ်မှလူများသည် တစ်နေ့လျှင် ၂ နပ်သာ စားသည်။ နေ့လည်ဘက် ဗိုက်ဆာလျှင် ရေသာသောက်ကြသည်။ ဤနည်းအားဖြင့် တနေ့တာကုန်ဆုံးကြလေသည်။

သိုလှောင်ခန်းထဲ၌ စားစရာများရှိသော်လည်း ကုမိသားစုသည် ဝဝလင်လင်မစားပေ။

တစ်လလောက် အမဲရောင်ဂျုံသာစားပြီး လင်းယောင်အတွက် စပါးများချန်ထားလေသည်။

ညစာစားဝိုင်းတွင် ကျန်းဆွေ့လန် ပြောနေသော စပါးအိတ်မှာ အဘယ်ကြောင့် မလျော့သွားသနည်းဆိုသည်ကို ကုမန်ဆန်နှင့် ညီအကို ၂ ဦး စဉ်းစား၍မရပေ။ အိမ်၌ အစားချွေတာခြင်းကြောင့်သာ ဖြစ်နိုင်မည်ဟုတွေးခဲ့ကြသည်။

လင်းယောင်သည် ပြုံးလျက် ပေါက်စီကို ပါးစပ်ထဲထည့်လိုက်လေသည်။ ခေါက်ဆွဲနှင့်တကွ အသီးအရွက်များပါသောပေါက်စီမှာ ခပ်ကြွပ်ကြွပ်ဖြစ်နေပြီး အနံ့အရသာပြည့်စုံပေသည်။ တစ်လုပ်စားလျှင်ပင် စားကောင်းသည် !

1959 ပထမနှစ်ဝက်သည်လည်း ပြည့်စုံမနေခဲ့ပေ။

လူတိုင်းက ရာသီဥတုကောင်းရန်သာ ဆုတောင်းနေကြသည်။ ထိုမှသာ စပါး၊ ဂျုံ၊ ပြောင်းတို့ကိုမြန်မြန်ရိတ်သိမ်းနိုင်မည်ဖြစ်သည်။

စတီးအရည် ကျိုရတော့မည်အချိန်လည်း ရောက်တော့မည်။ ယခင်က အလုပ်များသော ယွင်ရွှေမှ လယ်ကွင်းများက တိတ်တိတ်ဆိတ်ဆိတ်ပင်။ လူအများစုက စတီးအရည်ကျိုသည့် လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။

မေလမှာအလွန်ပူနေလေပြီ။ ထုတ်လုပ်ရေးအဖွဲ့များသည် မြင့်မားသော မီးသွေးမီးဖိုများစတင်တည်ဆောက်နေသည်။ မီးဖိုထဲတွင်တော့ မီးတဟုန်းဟုန်းပင်။ ရွာထဲမှလူများသည် လက်ထဲ၌ ခြင်းတောင်းကိုယ်စီနှင့် စု‌ဆောင်းရထားသော ကြေးနီနှင့်သံများကို မီးဖိုထဲသို့ လောင်းထည့်ကြသည်။ အနီရောင်မာဖလာနှင့် လူကြီးကတော့ မမောမပန်းပဲ သံရည်များကို သစ်သားတုတ်ရှည်ဖြင့် မွှေပေးနေသည်။

မီးဖိုထဲသို့ရောက်သွားသော ကြေးနီနှင့်သံများသည် သံရည်အဖြစ် ပြောင်းသွားလေသည်။

ယွင်ရွှေမှ စက်ရုံအများစုသည် မေလတွင်စတင်ရန်ပြင်ဆင်ထားကြသည်။ ယခု စရမည့်ရက်ထက်စောစော စတင်နေကြပြီးဖြစ်သည်။

ပြည်သူလုံခြုံရေးဌာန၌ စာရွက်စာတမ်းစစ်သော မိန်းကလေးတစ်ယောက်သာ ကျန်နေခဲ့ပြီး အခြားသူများက ဆင်ခြေဖုံးနေရာများတွင် စစ်တပ်နှင့် စစ်ကုမ္မဏီလက်အောက်တွင် သံရည်သွားကျိုကြလေသည်။

နေ့လယ်တချိန်လုံး အိုးမီးဖုတ်၍ရလာသည့် သစ်သားခြောက်အနံ့၊ သံအရည်နံ့နှင့် ဓာတ်ဆီနံ့များဖြင့် ပြည့်နေခဲ့သည်။ လျင်မြန်ဖျတ်လတ်သော ရဲဘော်လေးများက အဖြူရောင်စွပ်ကျယ်၊ ခေါက်တင်ထားသော ဘောင်းဘီရှည်များဝတ်ကာ အခြားနယ်ဘက်မှ လူများကဲ့သို့ ကြိုးစားလုပ်ကိုင်နေကြသည်။ မြစ်ထဲမှ ရေပုံးများ၊ တွင်းများတူးပြီး အပင် များစိုက်ကြသည်။

သံအမြောက်အများ အရည်ကျိုရန် ထင်းများလည်း လိုအပ်သည်။

အနီရောင် သတိပေးချက်ဆိုင်းဘုဒ်ပေါ်တွင်ကား သစ်ပင်များခုတ်ပြီးလျှင် ပင်ပျိုလေးများ ပြန်စိုက်ပေးရန်ဖြစ်သည်။

ရွှီရှန်းချန်သည် ကုရှီအန်းအား မကျေမနပ် ပြောပြနေခဲ့သည်။

ကုရှီအန်းလည်း ပုခုံးကိုသာ ပုတ်လိုက်သည်။ ပြည်သူ့လုံခြုံရေးဌာနကို အဖွဲ့ ၂ ဖွဲ့ ခွဲထားသည်။ တစ်ဖွဲ့ကို ကုရှီအန်းဦးဆောင်ပြီး တောင်ကုန်းအနောက်ဘက်တွင် တာဝန်ကျပြီး ကျန်တစ်ဖွဲ့ကို အခြားဒါရိုက်တာကဦးဆောင်သည်။ နီညိုရောင်ရှိသော စတီးများကို ထုတ်လုပ်နေလေသည်။

ဒါရိုက်တာကြီးက ကောက်ရိုးဦးထုပ်ဆောင်းပြီး “ ဒီဟာလေးတွေက ဘာလုပ်လို့ရမှာမို့လဲ ”

အဖေရွှီက တံဘတ်ဖြင့် မျက်နှာသုတ်လိုက်ပြီး “ဆရာကြီးတွေက ဘာလုပ်နေတာလဲ? ဒါက အဓိပ္ပါယ်မရှိဘူး။”

အဖေရွှီသည် ဒါရိုက်တာကြီးထက် ပိုပြီးတည်ငြိမ်လေသည်။ စိတ်ထဲ၌ ဒေါသဖြစ်သောလည်း ထိန်းထားနိုင်ကာ “စိတ်မတိုပါနဲ့ ။ အခြေအနေက အတင်းအကျပ်လည်းဖြစ်နေတယ်။ အခုပြောနေသမျှကလည်း အကျိုးထူးမှာမဟုတ်ဘူး။ စိတ်ငြိမ်ငြိမ် ထားပြီးတော့ပဲ စောင့်ကြည့်တာပေါ့။ တိုင်းပြည်က အမြဲတမ်းတော့ ဒီလိုမဟုတ်လောက်ပါဘူး”

ဒါရိုက်တာကြီးက အဘယ်ကြောင့် သိုသိုသိပ်သိပ် နေနေရသလဲဆိုသည်ကို နားမလည်ခဲ့ပေ။ သူ၏ သူငယ်ချင်းအချို့သည်လည်း အမှန်တရားပြောမိသောကြောင့် အလုပ်မှထုတ်ခံရလေသည်။

ဒါရိုက်တာကြီးသည် သက်ပြင်းသာချပြီး “တော်ပြီ ! တော်ပြီ ! နောက်ကျနေပြီ။ အလုပ်နားပြီး အစားစားကြရအောင် ”

တောင်၏ အနောက်ဘက်တွင် လူငယ်များက သစ်ပင်များကို ခုတ်နေသည်။ သို့သော် အခြားလူငယ်များကဲ့သို့ စတီးမကျိူရသည်ကပဲ ကံကောင်းပေသည်။

အချိန်ကုန်တာပဲရှိသည်။

ပျိုးပင်များပြန်စိုက်ရန် အပင်ကျင်းကိုတူးခြင်း၊ ရေတစ်ခါလောင်း၍ မြေကြီးများဖြင့် ပြန်ဖို့ခြင်းများ လုပ်ကြရသည်။ ကုရှီအန်း သေချာစစ်ဆေးလိုက်ပြီး အသင့်စောင့်နေသော လူငယ်ရဲဘော်များကို ခေါင်းငြိမ့်ပြရင်း

“စလုပ်ကြမယ်”

“ အိုကေ”

“ စားကြရအောင်!”

“ ဘာနဲစားမှာလဲ ”

“ ဘာမှမဟုတ်ပါဘူးကွာ။ ဆန်ပြုတ်ပဲ ”

“မယုံဘူး။ ပြ”

အရိပ်ကောင်းသော သစ်ပင်အောက်မှ အတူတူပျော်ရွှင်စွာပြောဆိုနေကြသော ရဲဘော်လေးများ၏ မြင်ကွင်းမှာ အသက်ဝင်လျက်ပင်။

တစ်ယောက်တည်းနေတက်သော ကုရှီအန်းက ကောက်ရိုးပုံများကို ရှင်းလင်းပြီးနောက် ထိုင်နေခဲ့သည်။ နေ့လည်စာ ထမင်းဘူး ထုတ်လိုက်သည့်အချိန်တွင် ရွှီရှန်းချန်က အပြုံးတစ်ခုဖြင့် အနားသို့ရောက်လာလေသည်။

“ ဟေး ။ လောင်ကုက ဒီရောက်နေတာပဲ။ ယောင်ယောင်က အရသာရှိတာတွေ ချက်ပေးလိုက်တယ်မလား။ နည်းနည်းလောက်ကျွေးပါဦး”

မြို့ထဲ၌ အစာရှာပါးနေသည့်အတွက် ပြည်သူ့လုံခြုံရေးဌာနမှ ကန်တင်းကိုလည်း ပိတ်ထားရသည်။

နယ်ဘက်တွင် သွားအလုပ်လုပ်ရသောအခါ အိမ်မှ အသီးအနှံများ၊ အချဉ်သနပ်များနှင့် ကြက်ဥများယူသွားရလေ့ရှိသည်။

ရွှီမိသားစုထံတွင် အစားအသောက်များရှိပြီး ရွှီအမေသည် ချွေးမဖြစ်သူကိုသာ ဂရုစိုက်နေသည်။ ထို့ထို့ နှင့် ယောကျာ်းဖြစ်သူကို ကြည့်မရပေ။ သူမသည် ပေါင်းအိုးနှင့်ပေါက်စီ ပေါင်းလိုက်ပြီး ဂေါ်ဖီအစပ်အချို့ကိုလှီးလိုက်လေသည်။ ထို့နောက် ထမင်းဘူးထဲ၌ ထည့်ပေးလိုက်သည်။

ရွှီအဖေမှာ ထမင်းဘူးထဲမှ ဟင်းများကို အလွန်နှစ်သက်နေပြီး သူ၏ သူငယ်ချင်းကတောင် ယူစားရလေသည်။

အကိုကြီးထို့ထို့ ကတော့ ပြသနာတက်နေလေပြီ။ နယ်ဘက်၌ ကုမိသားစုနေထိုင်ပြီး နွေဦးရောက်လျှင် ရစ်ငှက်များက အစာရှာထွက်ကြသည်။

အနားရောက်တာနှင့် ပြန်ပြေးတက်သည့်အတွက် တော်ရုံလူများက မဖမ်းနိုင်ပေ။

သုန်ဇီသည် တောင်တစ်ဝိုက် ပျံသန်းနေသော ရစ်ငှက်များကိုတွေ့သောအခါ ဦးလေးကျန်းအိမ်မှ အမဲလိုက်ခွေးကိုခေါ်ပြီး တောင်အနောက်ဘက်သို့ အားကြိုးမာန်တက် သွားလေသည်။

နောက်ဆုံး ရစ်ငှက် များ၏ အသိုက်ကိုတွေ့ရှိခဲ့လေပြီ ။

ပါလာသော ရစ်ငှက် ၇ ကောင်၊ ၈ ကောင်လောက်ကို ကုမန်ဆန် သတ်လိုက်သည်။ လင်းယောင်သည် ယခင်နေ့များက ကြက်စပ်ဟင်း၊ ကြက်သားပင်စိမ်းများ ချက်ပြုတ်၍ တစ်မိသားစုလုံး ထမင်းမြိန်ခဲ့လေသည်။

ထို့ကြောင့် ယခုအခါ ကုမန်ဆန်က လက်စွမ်းပြမည်ဖြစ်သည်။ သုန်ဇီက ကြက်သားမှိုစတူးကိုစားချင်နေသည့်အတွက် နောက်ဆုံးကျန်သည့်ရစ်ငှက်ကို မှိူဖြင့် ပေါင်းထားရန် ကျန့်ဆွေ့လန်က မှာလိုက်သည်။ ထို့နောက် မီးဖိုချောင် တံခါးများ ပိတ်ကာ မိသားစု စုံစုံလင်လင် စားသောက်ကြလေသည်။

ကျန်းဆွေ့လန်သည် စတူးအနည်းငယ်ကို ဖန်ဘူးဖြင့် ကုချွင်မေနှင့် ရွှီရှန်းချန် စားရန်ထည့်ပေးလိုက်သည်။ ထိုအခါ ဝမ်းသာလွန်ပြီး ရွှီရှန်းချန် အော်ဟစ်နေလေသည်။

ကုရှီအန်း မျက်မှောင်ကျုံ့လိုက်ပြီး ဘူးအသေးလေးထဲ မှ ရေနာနာပြုတ်ထားသောကြက်ဥကို ခွါလိုက်သည်။

ရွှီရှန်းချန်လည်း အလွန်ကျေနပ်နေပြီး သူငယ်ချင်း ညီအကို ၂ ယောက်ထိုင်၍ ထမင်းစားကြလေသည်။

နယ်ဘက်၌ စတီးကျိုချက်ခြင်းများကို အားသွန်ခွန်စိုကလုပ်နေကြလေပြီ။

လင်းဟုန်န ကိုယ်ဝန်သည် ၇ လ ရှိပြီဖြစ်သောကြောင့် စွင်းအမေသည် တိုင်းရင်းဆေးဆရာကိုပင့်ကာ စမ်းသပ်ခိုင်းလေသည်။

ထို့နောက် ဆရာဝန် ကယောကျာ်းလေး ဟု အတည်ပြုလိုက်သောအခါ စွင်းအမေ အလွန် ပျော်ရွှင်သွားခဲ့သည်။ အဘွားတစ်ယောက်အနေနှင့်လည်း မြေးယောကျာ်းလေး လိုချင်နေခဲ့သည်။

ထို့အပြင် စွင်းကျားလျန်သည် မျိုးဆက် ၃ ခုတစ်လျှောက် တစ်ဦးတည်းသော သားယောကျာ်းလေးဖြစ်သည်။ ထို့ကြောင့် စွင်းအမေက လင်းဟုန်နကို နောက်ထပ် ကလေး ၃၊ ၄ ယောက် ထပ်မွေးစေချင်နေသည်။

စွင်းမိသားစု၏ စီးပွါးရေးကို ကူညီထောက်ပံ့ရန် ယောကျာ်းလေး ၂ ယောက် ၃ ယောက်ရှိမှသာ အဆင်ပြေနိုင်မည်။

လင်းဟုန်န အပေါ်ယံတော့ ကတိ‌‌ပေးလိုက်သော်လည်း စွင်းအမေ ထွက်သွားသောအခါ စိတ်မရှည် သော အမူအရာတို့က မျက်နှာပေါ်တွင် အတိုင်းသားပင်။

ကလေး ၃၊ ၄ ယောက်မွေးရမယ် ?

ဒီမိန်းမကြီးကသူ့ကို နွားမ၊ ဝက်မတွေလို ကလေး ၁ ယောက်ပြီး တစ်ယောက်မွေးခိုင်းသည်။

လင်းဟုန်နသည် သူမဗိုက်ထဲမှ ကလေးကိုအကြောင်းပြ၍ စွင်းမိသားစု၏ ပိုင်ဆိုင်မှုများကို ရရန်ကြိုးစားနေလေသည်။ ကိုယ်ဝန်ရှိနေသည့်အတွက် စွင်းအမေက သန့်ရှင်းရေးမလုပ်ခိုင်းပေ။

တစ်နေ့တစ်နေ့ သူမကိုယ်တိုင် အိမ်အလုပ်များ လုပ်ရသောကြောင့် လက်မောင်းများလည်း ရောင်ရမ်းကာ ခါးနာလာလေသည်။

မြေးအကြီးဆုံးကို ထိန်းကျောင်းရန် ရည်ရွယ်ချက် ဖြင့် လီအိုက်ဖုန်းကို အိမ်သို့လာခိုင်းလေသည်။

ထိုသတင်းသည် နတ်ပြည်မှရသော သတင်းကောင်းကဲ့သို့ပင်။

လီအိုက်ဖုန်းသည် သူမဘဝတစ်လျှောက် မြို့အကြီးအကဲတစ်ဦး၏ အိမ်သို့ လာရောက်ရမည်ဟုမတွေးထားပေ။

စွင်းအဖေ နေကောင်းသွားသောအခါ မီးသီးစက်ရုံ၌ ဒါရိုက်တာဟောင်းနေရာတွင် ဒါရိုက်တာအသစ်အဖြစ်အလုပ်ဝင်ခဲ့သည်။

လီအိုက်ဖုန်း၏ စိတ်ထဲတွင် သူ၏ ခမည်းခမက်များကိုအစောတည်းကပင် ဒါရိုက်တာအနေဖြင့် မြင်ထားလေသည်။

လင်းဟုန်နသည် နှစ်တစ်ဝက်လောက် မိဘများနှင့် ခွဲနေရသဖြင့် မတွေ့ချင်ဘူးလို့ပြောပါက လိမ်ရာကျပေလိမ့်မည်။

လီအိုက်ဖုန်းသည် သူမအတွက် အကောင်းဆုံးပင်။ သားအမိ ၂ ယောက်မှာ နွေးထွေးသော အမှတ်တရများလည်း တူတူရှိခဲ့ကြသည်။

ရွာထဲ၌ စတီးလုပ်ငန်းဖြင့် အလုပ်ရှုပ်နေကြသည်။ လင်းဟုန်န ရွာသူကြီးကိုရှာကာ အမျိုးများဆီသို့ လည်ပတ်နိုင်ခွင့်ထောက်ခံစာ သွားတောင်းလေသည်။

လီအိုက်ဖုန်းကို မေးလျှင်တော့ မျိုးရိုးကောင်းနှင့်လက်ထပ်သွားသော မိမိသမီးနှင့် ခမည်းခမက်တို့က ညစာစားရန် ဖိတ်သည်ဟုပင် ဖြေလိမ့်မည်။

လီအိုက်ဖုန်း ခွင့်ပြုစာကို အိတ်ထဲထည့်လိုက်ပြီး နွားလှည်းဖြင့် မြို့ထဲသို့သွားလေသည်။

စွင်းမိသားစု၏ လူနေမှုအဆင့်အတန်းမှာ ကွာခြားလွန်းလှသည်။ ချောမွတ်နေသော သစ်သားကြမ်းခင်း၊ ပရိဘောဂအစုံအလင်၊ အမဲရောင်လယ်သာဆိုဖာ၊ ပန်းပွင့်ပိတ်စမျိုူးစုံနှင့် အံဆွဲများ၊ သောက်စရာခွက်များကပင် ပုံဖော်ထားလေသည်။

လီအိုက်ဖုန်းသည် သူမတွင်ရှိသော အကောင်းဆုံးဝတ်ဆုံကို ဝတ်ထားလိုက်ပြီး စွင်း အိမ်တော်ထဲသို့ဝင်လာပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလေသည်။

ဘုရားရေ! ခမည်းခမက်က ဆိုဖာပေါ်မှာ ထိုင်ခိုင်းတာပဲ။

လီအိုက်ဖုန်းသည် စွင်းအမေပေးသော အညိုရောင်သကြားရည်ကို သောက်လိုက်သည်။

“ အစ်မ ခရီးပန်းလာရောပေါ့ ”

“ မမောပါဘူး။ ကျွန်မ နယ်ဘက်ကမို့ အဲ့လောက်ကတော့ မမောပါဘူး “

စွင်းမူတွေ့သောအခါ လီအိုက်ဖုန်း သင့်တင့်လျောကိပတ်စွာတရင်းတနှီး ပြောနေခဲ့သည်။

စွင်းအမေသည် မျက်နှာပေါ်၌ အပြုံးတစ်ခုဖြင့် သူမ နှင့် တစ်မိသားစုလုံးမည်မျှ အလုပ်ရှုပ်ကြောင်းပြောကာ အိမ်၌ လင်းဟုန်နကို စောင့်ရှောက်ပေးရန် ပြောလေသည်။

လီအိုက်ဖုန်းလည်း စွင်းအိမ်တော်တွင် ရက်အကြာနေချင်သည့်အတွက် ရင်ဘက်ကိုပုတ်လိုက်ကာ ကတိပေးခဲ့သည်။

“ ဟုန်န စိတ်မပူနဲ့။ အိမ်အလုပ်တွေ အမေကူညီပေးမယ် ”

စွင်းအမေလည်း ကျေနပ်စွာပြုံးပြီး အလုပ်ခွင်သို့မဝင်နိုင်တော့သည့် လီအိုက်ဖုန်းကို တစ်လလျှင် ဆပ်ပြာ ၁ ခု နှင့် ၂ ယွမ်စီပေးရန် စီစဉ်ပေးသည်။

မွှေးကြိုင်လှသော ဆပ်ပြာကို လက်မလွှတ်နိုင်ပဲ လီအိုက်ဖုန်းသည် “ ဟယ်။ ဆပ်ပြာလေးက မွှေးနေတာပါပဲ။ ကျွန်မတို့က မိသားစုပဲဟာ။ ကျေးဇူးတင်စရာမလိုပါဘူး။ အခုလည်း ဘာမှ လုပ်စရာမရှိတော့ သန့်ရှင်းရေးလုပ်လိုက်ပါ့မယ် “

ထို့နောက် စွင်းမူ မဆေးရသေးသော တူများနှင့် ပန်းကန်များကို လီအိုက်ဖုန်း အင်္ကျီလက်ခေါက်ကာ အားရပါးရဆေးကြောပြီးနောက် တံမြတ်စည်းလှည်း၊ ပန်းပင်ရေလောင်း၊ ခြံရှင်းခြင်းတို့ကို လုပ်ကိုင်လေသည်။

စွင်း အမေက ပြုံးရင်း ထိုနယ်ဘက်မှအမျိုးသမီးသည် ဆံပင်သာရှည်ပြီး အသိညဏ်တိုတောင်းသည် ဟုတွေးမိသည်။ တစ်လ ၂ ယွမ်ပေးသည်ကိုပင် ပျော်နေသည့်ပုံပင်။

တစ်လလျှင် စွင်းလူကြီး ရသော ၇၅ ယွမ်နှင့် တကွ လုပ်ဖော်ကိုင်ဖက်များစီမှ လက်ဆောင်ပဏာများအားလုံးသည် စွင်းအမေ၏ လက်ထဲတွင်ရှိသည်။

စွင်းအမေသည် ပါးနပ်သော မိန်းမတစ်ယောက်

ပင်။ စွင်း အဖေရသော လစာများကို စားစရိတ်သောက်စရိတ်အတွက် သုံးပြီး ဘေးဘက်ရသော ပိုက်ဆံများကို စုလေသည်။

စွင်းအဘိုးသည်လည်း ချမ်းသာသောကြောင့် ကွယ်လွန်သွားသောအချိန်၌ ပတ္တမြား နဂါးဖီးနစ်လက်ကောက် ဆိတ်အဆီ ကျောက်စိမ်းလည်ဆွဲတို့ကို ပေးခဲ့သည်။ စွင်းအမေသည် ထိုရတနာများကို သေချာဖွက်ထားပြီး သားသမီး ၃ ယောက်လုံးကိုလည်း မပြောပြပေ။

လင်းဟုန်နသည် အပြင်လူတစ်ယောက်အနေနှင့်

စွင်းအမေကို သူမ မအိပ်မချင်း မည်သူကမျှ ထိ၍မရကြောင်းသိရှိခဲ့သည်။

စွင်းအမေ၏ အကြည့်များထဲမှ မောက်မာမှုများကို လင်းဟုန်နမကြိုက်ပေ။

သူမအမေကိုလည်း အထက်စီးဖြင့် ဆက်ဆံသည် !

လီအိုက်ဖုန်း အလုပ်များပြီးသွားသောအခါ သူမသမီးအခန်းထဲလာပြီး စကားပြောလေသည်။

လင်းဟုန်န ဒေါသဖြင့် အကျိုးအကြောင်းပြောပြသောအခါ လီအိုက်ဖုန်းက “ အိမ်ထိန်းကတော့ အိမ်ထိန်းပဲပေါ့ သမီးရယ်။ သူက အမေ့ကို နှိမ်တယ်။ အမေကလည်း သူ့ကိုနှိမ်တယ်။ သမီး ဒီညစောင့်ကြည့်လိုက်။ အမေသူ့ကို ကနခိုမှုန့်တိုက်ပြီး အဲ့မိန်းမကြီး တမြေ့မြေ့ သေခါနီးလိုဖြစ်အောင် လုပ်လိုက်မယ်။”

All Chapters