အခန်း (၇၆)
Vol. 7 Ch. 76
ကုမိသားစုရဲ့ ပေါက်စလေး အသံထွက်လာရမဲ့အချိန်မှာ မူမမှန်တာကို သိလိုက်ရသည်။
တခြားမိသားစုက ကလေးတွေ အမေ့ဗိုက်ထဲက ထွက်လာတာနဲ့ သူနာပြုက ရေဇလုံထဲ ထည့်ပေးပြီး ရေစွတ်လိုက်သည်။ ခဏအကြာမှာ ငိုကြတယ် မဟုတ်ရင် တင်ပါးကို ရိုက်ပြီးတာနဲ့ စ ငိုကြသည်။
ကု မိသားစုရဲ့ ကလေးကတော့ အနှီးထဲမှာငြိမ်နေသည်။ကလေးရဲ့တင်ပါးကို ဆေးကြောပေးနေရင်း
သူ့ခန္ဓာကိုယ်လေးကို စစ်ကြည့်လိုက်တော့ မျက်မှောင်ကြုတ်ပြီး သူ့မျက်လုံးတွေကို ပိတ်ထားသည်။ သူ့နှုတ်ခမ်းကို စုဝိုင်းထားပြီး သူ့လက်နှစ်ဖက်ကလဲ သူ့လက်မောင်းကို ဆုပ်ကိုင်ထားသည်။ တအားကို တိတ်ဆိတ်နေလေသည်။
သူနာပြုကြီးက အရမ်းကိုအံ့ဩသွားခဲ့သည်။ ကလေးတစ်ခုခုဖြစ်မှာ သူမအရမ်း စိုးရိမ်နေပြီး 'စိုက်စိုက်'ရဲ့ တင်ပါးကို ကမန်းကတန်း အကြိမ်ကြိမ်ရိုက်လိုက်သည်။
ကုအသေးလေးစိုက်စိုက်ရဲ့တင်ပါးက ရိုက်ခံရတဲ့ ဒဏ်ကြောင့်အတော်နာကျင်နေသည်။ သူ့ရဲ့မျက်ခုံးလေးကို တွန့်ထားပြီး ပါစပ်ကိုဟကာ “ဝါး ဝါး” ဟု ဒေါသထွက်စွာ အော်လေသည်။
“ငို၊ငို”
မီးဖွားခန်းထဲက သူနာပြု၂ယောက်ကတော့ စိတ်အေးပြီး သက်ပြင်းချလိုက်သည်။ သူတို့က ကလေးလေးရဲ့ တင်ပါးကို ကျွမ်းကျင်စွာဆေးကြောပေးပြီး ချိန်ခွင်ပေါ်တင်ပေးလိုက်သည်။
“၆ပေါင်၊ ၇အောင်စ!”
“အိုး,ဒီနှစ်အတွက် ဆေးရုံမှာ ပေါင်ချိန်အများဆုံးကလေးပဲ”
လွန်ခဲ့တဲ့ ကပ်ဘေး စိုက်ပြီးကတည်းက ရိက္ခာပျက်လပ်လာခဲ့သည်။ ကိုယ်ဝန်ဆောင်တော်တော်များများက ကောင်းကောင်းမစားရမသောက်ရဖြစ်ပြီး အာဟာရ မပြည့်ဖြစ်လေသည်။ သူတို့မွေးလာတဲ့ ကလေးတွေဟာလဲ ပိန်လှီပြီး ၄ကီလို ၅ကီလိုလောက်ပဲရှိသည်။ ၄ကီလို ၅ကီလိုရှိတဲ့ ကလေးတွေဟာ အာဟာရချို့တဲ့အမျိုးအစားထဲပါပြီး ၈ ကီလို နဲ့ ၉ကီလို ဆိုရင်တော့ အဝလွန်သည်ဟုသတ်မှတ်သည်။ အခုတစ်ခေါက်မှာတော့ ကု မိသားစု ရဲ့ ကလေးဟာ ၆ ကီလိုနဲ့ ၇အောင်စပဲ ရှိပေမဲ့ “ ဖက်တီးလေး “ ဟု သူနာပြုက ခေါ်လေသည်။
သူနာပြုမလေးက ကလေးကိုဆေးကြောကာ အနှီးထဲ ထုတ်ပိုးပြီး သူ့အမေကို ပြဖို့ ခေါ်သွားသည်။
“ဂုဏ်ယူပါတယ်၊ မင်းရဲ့သားလေးက ၆ပေါင် ၇အောင်စရှိတဲ့ ဖက်တီးလေးပဲ၊ ကြည့်ပါအုံး”
လင်းယောင်ဟာ ကလေးမွေးပြီး ပင်ပန်းနေပြီဖြစ်သည်။ပင်ပန်းလွန်းလို့ သူမလက်ချောင်းတွေကိုတောင် မလုပ်ချင်လောက်အောင် ဖြစ်နေသည်။ သူမ စိတ်မပါစွာ မျက်လုံးကိုဖွင့်ကြည့်လိုက်ပြီး မျောက်နီတစ်ကောင်လို ကလေးကို တွေ့လိုက်ရသည်။ သူမစကားနှစ်လုံးကို ပြောပြီး ပင်ပန်းကာ အိပ်ပျော်သွားလေသည်။
“ရုပ်ဆိုးလိုက်တာ”
စိုက်စိုက်လေးကို ပွေ့ချီထားတဲ့ သူနာပြုလေးဟာ မီးဖွားခန်းကနေထွက်လာပြီး ရယ်ရခက် ငိုရခက်ဖြစ်နေခဲ့သည်။
ကု မိသားစုကတော့ အပြင်မှာအကြာကြီးစောင့်နေသည်။ သူနာပြုမလေး စိုက်စိုက်ကို ပွေ့လာပြီး အခန်းအပြင်ထွက်လာတာမြင်တော့ ခပ်မြန်မြန်ပဲ အနားကိုသွားကာဝိုင်းကြည့်လိုက်သည်။
“၆ပေါင်နဲ့ ၇အောင်စပါ၊ ဖက်တီးလေးပေါ့”
“ဟုတ်ကဲ့၊ဟုတ်ကဲ့ သူနာပြုလေး ကျွန်မတို့ယောင်ယောင်လေး အသံ မကြားမပါလား”
“သူအဆင်ပြေပါတယ် အိပ်ပျော်နေတာပါ”
ကလေးမွေးပြီးမှ သေသွားမှာကို ကျန်းဆွေ့လန့် စိုးရိမ်နေသည်။ သူနာပြုလေးက မီးဖွာခန်းထဲမှာကတည်းက အိပ်ပျော်နေတာဟု ပြောလိုက်မှ သက်ပြင်းချနိုင်လိုက်ကာ သူမ ခန္ဓာကိုယ်နဲ့ စိတ်ကို လျှော့လိုက်ပြီး မွေးကင်းစ ကလေးငယ်ကို ကြည့်၍ ပြုံးလိုက်သည်။
ကုမန်ဆန်က ကလေးလေးကို နှုတ်ဆက်တဲ့မျက်လုံးနဲ့ ကြည့်လိုက်သည်။ သူ့ရဲ့လက်ကြီးနှစ်ဖက်ကို ပွတ်နေပြီး ကလေးလေးကို ဖက်ချင်နေလေသည်။
“ မေမေ သားတူလေးကိုပြပါ၊ သားကိုပြပါအုံး”
ကျန်းဆွေ့လန့် ပြုံးလိုက်ပြီး သူမသားကို ကလေးပြဖို့ ကိုယ်ကို နှိမ့်လိုက်သည်။
ကောင်စုတ်လေး သုန်ဇီက ဝကစ်နေတဲ့ စိုက်စိုက် လေးရဲ့ မျက်နှာကို သူ့လက်နဲ့ ရိုက်ပစ်ချင်ပေမဲ့ သူ့အမေက သူ့ကို မညှာမတာ ရိုက်လိုက်သည်။
“ မင်းလက်က ဘာလုပ်တာလဲ?ဒီမှာပဲနေ”
ဆွေ့လန့် သူမသားကို အဝေးမှာထားခဲ့ပြီး သူမသားအကြီးဆုံးကိုရှာကာ စိုက်စိုက် လေးကိုဖက်ခိုင်းဖို့ ထွက်လာခဲ့သည်။ မမျှော်လင့်ပဲ လက်ထောက်ဒါရိုက်တာကု က သူ့မိန်းမနဲ့အတူအိမ်ပြန်သွားသည်။
စိုက်စိုက် လေးရဲ့အဖေကတော့ ဖက်ဖို့ ဂရုမစိုက်ပဲနေသည်။
တခြားတဖက် မှာတော့ ကုမန်ဆန်နဲ့ သူ့သားဟာ ကလေးကို ဖက်ဖို့ကြိုးပမ်းနေပေမဲ့ ဆွေ့လန်ကတော့ သူတို့ကို ပေးမဖက်ပဲ နေလေသည်။
တစ်ယောက်က ကို့ယို့ကားယားနဲ့ တစ်ယောက်ကတော့ ခုန်ဆွခုန်ဆွလုပ်နေတာကြောင့် ဘယ်သူက မှကလေးကိုသူတို့ချီခိုင်းဖို့ စိတ်မချ။
“...”
လင်းယောင် ကလေးမွေးတာက လွယ်ကူခဲ့ပေမဲ့ ပုံမှန်ကလေးအမေတွေလိုပါပဲ သူမ ဆံပင်တွေက ပါးမှာကပ်နေပြီး ပုံမှန်ဆိုဆွဲဆောင်မှုရှိနေတဲ့ သူမ မျက်လုံးတွေက အခုဆို သစ်ကြားသီးကဲ့သို့နီရဲနေပြီး နာကျင်မှုကြောင့် ငိုထားလေသည်။ ရှုပ်ပွပြီး ပင်ပန်းကာ အိပ်ပျော်နေပုံကို ကြည့်ရသည်မှာ စိတ်မကောင်းစရာကောင်းလှသည်။
ကုရှီအန်းက မိန်းကလေးငယ်ကို ငြင်သာစွာ သန့်ရှင်းရေးလုပ်ပေးပြီး ည၌ ပျောက်ဆုံးသွားသောရတနာကို ပြန်ရှာတွေ့သကဲ့သို့ ဂရုတစိုက်စောင့်ကြည့်သည်။
မိုးက တစ်ညလုံးရွာနေပြီး မနက်မိုးလင်းသည်ထိတိုင် မရပ်ပေ။
ကု မိသာစုရဲ့ စိုက်စိုက် လေးကတော့ အိပ်ဖို့ရန် သူနာပြုမှ ထိန်းဖို့ခေါ်သွားလေသည်။ကျန်းဆွေ့လန့်နဲ့ သူ့အမျိုးသားက ညလယ်ခေါင်ရောက်သည့်တိုင် သူတို့ချွေးမလေးနိုးလာသည်နှင့် စကားပြောရန် စောင့်နေသည်။
အသက်ကြီးလာတော့ အကြာကြီးမရပ်နိုင်တော့ပေ။လင်းယောင်က ၁၀နာရီကျော်အောင်တောင် အိပ်နိုင်လေသည်။ ကုရှီအန်းဟာ သူ့မိဘတွေကို ကုရှီတုန်းနဲ့အိမ်ပြန်ဖို့ ဖျောင်းဖြလိုက်သည်။
မိုးရွာပြီးတဲ့မနက်ခင်းမှာ မြေသင်းနံ့ နဲ့ မြက်နံ့တွေမွှေးနေပြီး ရေစိုနေတဲ့သစ်ကိုင်းတွေပေါ်မှာလဲ ငှက်ကလေးတွေ ပျော်ရွှင်စွာ တေးဆိုနေကြသည်။
လင်းယောင်က နှစ်ခြိုက်စွာအိပ်ပျော်နေပြီး သူနာပြုက စိုက်စိုက်လေးကို သူ့အမေဘေးနားမှာ ချီထားသည်။
ကုရှီအန်းက စိုက်စိုက် လေးကို သူ့လက်နဲ့ ငြင်သာစွာပုတ်လိုက်သည်။ ပထမကတော့ စိုက်စိုက် ကသူ့လက်လေးတွေကို ဆုပ်ထားပြီးမျက်လုံးတွေကို ပိတ်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။ နောက်တော့ စိုက်စိုက် ကတိတ်ဆိတ်နေပြီ သူဗိုက်ဆာနေလားလို့ တွေးမိသည်။ သူကျယ်နိုင်သလောက်ကျယ်ပြီး အော်ငိုလိုက်သည်။
သူမရဲ့ကလေးလေးကြောင့် လင်းယောင်က နိုးလာပါတော့သည်။ သူမရဲ့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ လက်ထောက်ဒါရိုက်တာ ကုက ကလေးကိုချော့ရင်းအလုပ်များနေတာကို တွေ့လိုက်ရသည်။
စင်္ကြံက သူနာပြုဆရာမသည် အမြန်ပြေးဝင်လာကာ ငိုနေတဲ့ကလေးကို စစ်ဆေးကြည့်ကာ "သူဗိုက်ဆာနေပြီ စိုက်စိုက်က သူ့အမေနို့ကို စို့ချင်နေတာ" ဟု ပြုံးပြုံးကြီးပြောသည်။
တိုက်မှာလား?
ဘယ်သူ့ကိုဘာမှမပြောပဲ လင်းယောင်က သူနာပြုဆရာမရှေ့မှာတင် ကလေးကို နို့တိုက်ဖို့ပြင်လိုက်သည်။
လက်ထောက်ဒါရိုက်တာကု မှာတော့ နားရွက်များပင် နီ လာလေသည်။
သူနာပြုဆရာမက ငယ်သေးပေမဲ့ ကျန်းမာရေးစင်တာမှာအလုပ်လုပ်နေတာတော့ အတော်ကြာပြီဖြစ်သည်။သူမက “မင်္ဂလာပါ” “ဘာဖြစ်လို့လဲ” ဟုမေးပြီး “မိသားစုဝင်တွေအရင်သွားလိုက်ပါ ရေယူပြီးလာခဲ့ပါမယ်”ဟုပြောလေသည်။
မိခင်သည် ကလေးကို ပထမဆုံးအကြိမ်နို့တိုက်သောအခါတွင် ရေနွေးဇလုံထဲ မျက်နှာသုတ်ပုဝါကို နှစ် ပြီး သူမရင်ဘတ်ပေါ်တင်ပေးကာ ကလေးကို သုတ်ပေးသင့်သည်။ ပထမအချက်က တစ်ကိုယ်ရေသန့်ရှင်းမှုဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ ကလေးနို့စို့ရတာ အဆင်ပြေအောင်ဖြစ်သည်။
လက်ထောက်ဒါရိုက်တာကုသည် ချောင်းဆိုးကာ သူ့ခြေတံရှည်ရှည်တွေနှင့် ခြေလှမ်းအနည်းငယ်လှမ်းကာ ထွက်လာခဲ့သည်။
လင်းယောင်က သူ့ကလေးလေးကို ချီယူလိုက်သည်။ကလေးက နို့နံ့ကို အနံ့ခံလိုက်ပြီး သူမလက်ကို တွန်းထုတ်လိုက်သည်။ သူ့ခြေထောက်လေးတွေက ကန်ကျောက်နေရင်း ငြိမ်ကျသွားပြီး နောက်ဆုံးတော့ သူအစာရသွားလေသည်။
လင်းယောင်အစက သူ့သားငယ်လေးကို ရုပ်ဆိုးသည်ဟု ထင်ခဲ့သော်လည်း ယခုတော့ သူမလက်ထဲက ဝဝကစ်ကစ်ပေါက်စလေးကို ချီထားကာ မချစ်ပဲမနေနိုင်တော့ပေ။
ကိုယ်ဝန်ဆယ်လနဲ့ မွေးတဲ့ ဝတုတ်လေးက ကြည့်ကောင်းသားပဲ။
လင်းယောင်သည် ကျန်းမာရေးကောင်းပြီး ငယ်ရွယ်ဖျတ်လတ်သူဖြစ်သည်။ သားလေးမွေးပြီး နောက်နေ့မှာပဲ ပုံမှန်တိုင်း လမ်းလျှောက်နိုင်ခဲ့သည်။
ကျန်းဆွေ့လန် ဟာ သူ့ချွေးမလေးအတွက် အရသာရှိတဲ့ အစားအစာတွေကို နေ့စဥ္ ပုံစံအမျိုးမျိုး ချက်ပြုတ်သည်။ သူ့ချွေးမ အရသာပေါ့တာကို ကြိုက်တာသူသိတဲ့အတွက် သူယူလာပေးတဲ့ အစားအစာတွေက ပေါ့ပြီး အရသာရှိ သည်။ သူမ လုပ်ထားတဲ့ ဟင်းရည်ကလည်း အာဟာရပြည့်ဝပြီး လန်းဆန်းစေသည်။ ရိုးရိုးဆန်ပြုတ်လဲ မဟုတ်သလို ကောက်နှံဆန်ပြုတ်ကိုကြက်ဥပြုတ်နဲ့ ကျွေးတာလဲမဟုတ်ဘူး။ကြက်ဥတွေနဲ့ ငါးကြင်း စွပ်ပြုတ်တွေက လင်းယောင်ရဲ့ အရေပြားကိုကွဲအက်စေပြီး သူမ မျက်နှာကို ဖောင်းလာကာ ညိုမဲနေစေလိမ့်မည်။
မိခင်က အစာကောင်းကောင်းစားရင် နို့စို့ရတဲ့ကလေးကလဲ အာဟာရပြည့်သည်။
ရက်အနည်းငယ်အတွင်းမှာပဲ မျောက်နီလေးက ကြီးထွားလာပါပြီ။ မို့ဖောင်းကာ ဖြူဖွေးနူးညံ့သည့်မျက်နှာက သူ့အဖေကဲ့သို့ပင် မျက်ခုံးနှင့် မျက်လုံးများရှိပြီး ဝကစ်သည့် ခြေလက်များရှိသည့် သူသည် လက်ထောက်ဒါရိုက်တာ ကု အတိုင်းပင်ဖြစ်သည်။
ရွှီရှန်းချန် နဲ့ သူ့မိသားစုဟာလည်း ဆေးရုံကို လာရောက်လည်ပတ်ခဲ့ပါသည်။
ကုချွင်မေသည် သူမရဲ့ 'ကောက်ညှင်းဖက်ထုပ်လေး’ကို ကိုင်ပြီး ရောက်လာကာ စိုက်စိုက်လေးကို မြင်လိုက်ရသည့်အခါတွင် ချီးမွမ်းခြင်းကို မရပ်တန့်နိုင်ပေ။
"ငါ့တူ အကြီးဆုံးလေး၊ သူ့မျက်လုံးတွေက ဖီးနစ်ငှက်ရဲ့မျက်လုံးလိုပဲ အရမ်းလှတယ်။ အနာဂတ်မှာ မိန်းကလေးတွေ သူ့ကို ဘယ်လောက် စွဲလန်းနေကြမလဲ မသိဘူး။"
ရွှီအမေကလည်း ရီကာ "မဟုတ်ဘူး၊ ငါတို့ရဲ့ စိုက်စိုက်လေးက သူ့မိဘတွေခြေရာနင်းမှာ။ ဟေး၊ သူ့နှာခေါင်းက မန်ဆန့် အတိုင်းပဲ။ ငါတို့နားက လမ်းတိုင်းမှာ သူ့လောက်ချောမောတဲ့ ဝတုတ်လေးလို ကလေးကို တစ်ခါမှ မတွေ့ဖူးဘူး။ မိန်းမ ရဖို့အတွက် ပူစရာကိုမလိုဘူး”
ကျန်းဆွေ့လန့် မျက်နှာမှာ အပြုံးတစ်ခုဖြစ်သွားခဲ့သည်။
ကုမန်ဆန်ကလည်း သူ့ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ကြည့်နေသည်။
ဖေဖေရွှီနဲ့ ကုမန်ဆန် နှစ်ယောက်စလုံးဟာ အညိုရောင်ရှိသည့်မျက်နှာတွေနဲ့ မွေးဖွားလာကြသည်။ ကုမန်ဆန် နှာခေါင်းမှာ အလွန်ကြည့်ကောင်းသောကြောင့် သူ့မြေးက သူနဲ့တူလျှင် ဂုဏ်ယူမည်ပေ။
ညနေခင်းတွင် ကျန်းဆွေ့လန်သည် သူ့ချွေးမလေးအတွက် အိမ်ရှိ ကြက် ဟောင်းခြောက်တစ်ဝက်ကို အပိုင်းပိုင်းလှီးဖြတ်ကာ ကြက်သားဆန်ပြုတ် ပြုတ်သည်။ ကုရှီအန်းဟာ ဆန်ပြုတ်တစ်ဇွန်း ခပ် လိုက်ပြီး မပူအောင်သေချာမှုတ်ပေးပြီးမှ သူမကိုကျွေးလေသည်။
အခုခေတ်ကြက်တွေက တီကောင်တွေကျွေးပြီး မွေးမြူတာကြောင့် ဆန်ပြုတ်ထဲ ထည့်ပြုတ်လိုက်သည့်အခါ အသားမှာနူးညံ့ပြီး မွေ့ပျံ့ကာ ဆန်မှာလဲ အရသာကောင်းမွန်လှသည်။
လင်းယောင်သည် စားကောင်းလွန်းသဖြင့် ပန်းကန်လုံးကြီးတစ်လုံးအပြည့် စားလိုက်သည်။
သုန်ဇီလည်းစားပြီး အနားယူလေသည်။
ကု မိသားစုရဲ့ စိုက်စိုက်လေး မွေးပြီး ၃ ရက်အကြာမှာ လင်းယောင်ဟာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါသည်။
လက်ထောက်ဒါရိုက်တာ ကုက သူ့သားလေးကို နာမည်တစ်ခုပေးလိုက်သည်။ အကြောင်းရင်းက သူလက်သေးသေးလေးတွေနဲ့ ကလေးလေးက နေ့တိုင်းပွေ့ဖက်ပြီး မျက်မှောင်ကြုတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတာကြောင့်ပင်ဖြစ်သည်။
အဘိုးက ဝတုတ်လေးကို ကုသို့သို့ နဲ့ သို့ပေါင်လို့ နာမည်ပြောင်ပေးခဲ့ပါသည်။
အဘိုးကြီးက အလွန်စိတ်လှုပ်ရှားနေပြီး မျက်နှာကြီးနီရဲလာပြီး လည်ပင်းကြောတွေပင် ထောင်လာလေသည်။ အိမ်ပြန်လာပြီး သမိုင်းကြောင်းတွေကိုရှာဖွေဖို့
အဘိဓာန်ကို တစ်ညလုံး ကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့မြေးကိုတော့ နာမည်ကောင်းကောင်း ပေးချင်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်က မိုးအနည်းငယ်ရွာနေတာကြောင့် ဆေးရုံဆင်းရန် ချမ်းအေးသော ညနေခင်းကို တမင်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
အကြောင်းက လင်းယောင်က မီးတွင်းထဲမှာတင် ရှိနေသေးပြီး သက်လုံအား မကောင်းသေးတာကြောင့်၊ကုရှီအန်းဟာ ဂျစ်ကားဖြင့် သူ့မိန်းမနဲ့သားသမီးကို အိမ်ပြန်ပို့ဖို့ ညွှန်ကြားရေးမှူဆီမှာ ခွင့်တောင်းခဲ့သည်။
ဇူလိုင်ရဲ့ ၊ညနေခင်းက နေ့လည်ခင်းလောက်မပူပဲ လေနုအေးလေးကလည်း ခန္ဓာကိုယ်ကို ဖြတ်တိုက်ကာ သက်တောင့်သက်သာဖြစ်စေသည်။
ဂျစ်ကားသည် လမ်းမပေါ်တွင် မောင်းနှင်လာပြီး မိနစ်အနည်းငယ်အကြာ၌ တာ့ဇားယန်အဝင်ပေါက်တွင် ရပ်လိုက်သည်။
ကု မိသားစုရဲ့ အဆောင်ရှေ့မှာ သလဲသီးတွေနဲ့ နှင်းသစ်တော်ပန်းများ အပြည့်ပွင့်နေသည်။ မိုးသည်းပြီးတဲ့နောက် ငှက်ပျောပင်တွေနဲ့ ပန်းပွင့်တွေဟာ မိုးစက်များကြောင့် မြေပြင်ပေါ်သို့ ကြွေကျသွားသည်။
ယွင်ရွှေကောင်တီရှိ အဓိက စက်ရုံများ ပြန်လည်လည်ပတ်လာသည်နှင့်အမျှ အိမ်နီးနားချင်းများလည်း ခိုလှုံရာ ဇာတိမြို့သို့ ပြန်လာခဲ့ကြသည်။
ဝမ်ရှန်းဆိုင် အိမ် ရဲ့ခြံဝင်းတံခါးက ပွင့်နေပေမယ့် ဘယ်သူကိုမှ အိမ်မှာ မတွေ့ဘူး။ သူတို့အပြင်ထွက်သွားတာလား ဒါမှမဟုတ် ဝမ်ရှန်းဆိုင်က အိမ်ကိုစောစောပြန်လာပြီး သန့်ရှင်းရေးလုပ်နေတာလား။
အရှေ့ဘက်အဆောင်ကို သန့်ရှင်းထားပြီး၊အိပ်ယာခင်း နဲ့ ခေါင်းအုံးတွေဟာလည်း လျှော်ဖွတ်ထားကာ ခြောက်သွေ့သန့်ရှင်းနေသည်။ တံခါးနဲ့ပြတင်းပေါက်တွေမှာလည်း သေချာပိတ်ထားလေသည်။
နွေရာသီညက ပူအိုက်ကာ ရင်ပူစေပြီး၊ လင်းယောင်အိမ်ထဲမှာ နေရသည်ကို ပျင်းနေခဲ့သည်။ လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်ကို သူမ အနည်းငယ်ဖွင့်လိုက်သည်။
လင်းယောင်အိမ်ကို ပြန်ရောက်လာတော့ သူမ သက်တောင့်သက်သာ ဖြစ်တယ်လို့ ခံစားရပြီး၊ ဘယ်လိုအိမ်မျိုးကပဲဖြစ်ဖြစ် သူမ ကိုယ်ပိုင်အိမ်လောက်မကောင်းဘူး ဟု ပြောခဲ့သည်။
ဒီစကားလုံးတွေက သူမ နှလုံးသားနဲ့ခံစားပြီးပြောခဲ့တာဖြစ်သည်။ ကျန်းမာရေးဌာနမှာ သူမ လွတ်လပ်မှု မရှိခဲ့ဘူး။ ဆရာဝန်များနှင့် သူနာပြုတွေဟာ သူမကို ခဏလောက်လာရောက်စစ်ဆေးပြီး နောက်ထပ်ကုတင်တစ်ခုကို ထပ်စစ်ဆေးသည်။ သူလိုချင်တာမှန်သမျှ လုပ်လို့ရတဲ့ ကိုယ်ပိုင်အိမ်လေးမှာလို လွတ်လွတ်လပ်လပ် မနေရပေ။
လက်ထောက်ဒါရိုက်တာကုက သို့သို့ လေးကို အခန်းထဲ ခေါ်လာခဲ့သည်။ လင်းယောင်ဟာ မလှုပ်ချင်ပဲ အိပ်ယာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး ကုရှီအန်းသည် ဝတုတ်လေးကို ပုခက်ထဲတွင် သိပ်လိုက်သည်။
ကုမန်ဆန်ဟာ သူ့မြေးလေးအတွက် ပုခက်ကို ကိုယ်တိုင်လုပ်ပေးခဲ့သည်။သူက ယင်းပင်သားဖြင့် သေချာရွေးလုပ်ထားပြီး ဆေးအကြိမ်ကြိမ်သုပ်ထားလေးသည်။ပုခက်လေးက တောက်ပနေပြီး နေရောင်အောက်မှာ လဝက်လောက်ထားထားခြင်းဖြင့် အခြောက်ခံစေသည်။ကလေးအတွက်လုံခြုံမှု ရှိမရှိကိုလည်း သေချာလေး စစ်ဆေးထားလေးသည်။
ကုသို့သို့ လေးဟာ အနီရောင် ချည်သားအင်္ကျီကို ၀တ်ဆင်ထားပြီး သူ့ရဲ့ လက်ကိုလှုပ်ယမ်းကာ ဖခင်၏ လက်နှစ်ဖက်တွင် ဖက်တွယ်ထားသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း မိခင်ဖြစ်သူ
လင်းယောင်သည် နှေးကွေးကာ မလှုပ်ရှားပဲ မီးတွင်းထဲ တွင် အဆင်ပြေနေသည်။ ကုသို့သို့ လေးကိုတော့ သူ့အဖေက ဂရုစိုက်ပြီး၊ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလဲ အဆင်ပြေလာလေသည်။
ကုရှီအန်းက ဝတုတ်လေးကို ပုခက်ထဲကို ငြင်သာစွာ ထည့်တာ သိပ်သည်။ ဖားလေးတစ်ကောင်လို လက်လေးတွေကို မြှောက် ထားလိုက်ပြီး အိပ်ပျော်သွားသည်။
လင်းယောင်ခေါင်းငုံ့ကာ ဝကစ်နေသော သူ့ သားလေးကို ကြည့်လိုက်သည်။ သူ့ကို ပိုကြည့်လေ၊ သူ့ကို ပိုချစ်လာလေဖြစ်သည်။ ကလေးလေးကို နမ်းရုံမှတပါး သူမမတတ်နိုင်တော့ပဲ သမ်းဝေကာ အိပ်ရာဝင်ခဲ့သည်။
မီးတွင်းအတွင်းမှ အမျိုးသမီးတွေသည် ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်သင့်သည်ဟု အမေက ပြောသည်။
လက်ထောက်ဒါရိုက်တာ ကု သည် သူ့သားလေးရဲ့ အနှီးတွေကို ခြံထဲတွင် လျှော်ဖွပ်နေသည်။ ကလေးက စားနိုင်သလောက် ဝမ်းသွားနိုင်သည်။ သူခန္ဓာကိုယ်ကကြီးပြီး တစ်နေ့တည်းနဲ့ အညစ်အကြေးတွေအများကြီးကို ထုတ်နိုင်သည်။
အမေဖြစ်သူ လင်းယောင်ကိုယ်တိုင်တောင် မခံမရပ်နိုင်လောက်အောင် အနံ့အသက်ဆိုးရွားလှသည်။
သုန်ဇီ သူ့ရဲ့ တူဖြစ်သူကို ကြည့်ရန် ရောက်ရှိလာပြီး ကုသို့သို့ ရဲ့ အနံဆိုးများဖြင့် ကြုံတွေ့လိုက်ရသည်။ အနံ့ အရမ်းပြင်းတာကြောင့် ကုရှီတုန်း ပြေးထွက်လာရသည်။
သူပ နှာခေါင်းကို ညှစ်ရင်း ကျန်းဆွေ့လန်ကို "သို့သို့ ဘာတွေစားတာလဲ၊ ဘာလို့ ဒီလောက်တောင် အနံ့ကြီးကဆိုးရတာလဲ"လို့မေးသည်။
ကျန်းဆွေ့လန်က ဒေါသမထွက်ပေမဲ့ သားဖြစ်သူရဲ့ ခေါင်းကို ရိုက်လိုက်ပြီး "ဘာလို့ အနံ့ဆိုးထွက်တာလဲ?မင်းမွေးတုန်းက အနံ့က ဒီ့ထပ်တောင် ပိုဆိုးသေးတယ်၊ ငါခရီးထွက်လိုက်တာတာ ပိုကောင်းသေးတယ်။ မင်းအမေ ငါက လုပ်ပေးရတာပဲ။ ငါ မင်းကို မကြိုက်ပေမယ့် အဲဒါက ကြီးကြီးမားမား အပြောင်းအလဲကြီး ဖြစ်နေတုန်းပဲ"
ကုရှီတုန်းက ရယ်လိုက်ပြီး သူ့အကြီးဆုံး တူကို တွေ့ဖို့ရန် အိမ်ထဲကို ပြန်ပြေးသွားသည်။
ကြောင်လေးသည် အိမ်ကိုရောက်လာတဲ့ ကလေးလေးအကြောင်း သိချင်လှသည်။ သူသည် ရံဖန်ရံခါ အမြီးကိုမြှင့်ကာ ပုခက်နား ပတ်လျှောက်ပြီး ကလေးကို အလွန်ကာကွယ်ပေးတတ်သည်။
ကလေးကို ကြည့်ဖို့လာတဲ့သူက ခပ်လှမ်းလှမ်းက မဟုတ်ပဲ အနားကိုရောက်လာလျှင် မဆိုင်းမတွ ခုန်ပြီး မျက်နှာကို ကုတ်လိမ့်မည်။
ကုမိသားစုတင်မကပဲ အရှေ့ခြံက ဝမ်ရှန်းဆိုင် တို့ မိသားစုပါ ဝင်းထဲကို ပြန်ရောက်နေကြလေသည်။
မတွေ့ရတာ တစ်နှစ်ခွဲကျော်ကြာပြီးတဲ့နောက် ဝမ်ရှန်းဆိုင် ရဲ့ မိသားစုဝင်တွေရဲ့ ပုံစံဟာ သိသိသာသာ ပြောင်းလဲသွားပါသည်။ မစ္စစ်ဝမ်သည် ပိန်ပါးကာ ပါးရိုးမြင့်မြင့်၊ ခန္ဓာကိုယ်တွင် အသားမရှိ၊ သစ်ခေါက်ကဲ့သို့ ပိန်ချည့်နေသည့် လက်တစ်စုံကြောင့် သူမသည် စုန်းမကြီးတစ်ယောက်လို ဖြစ်နေသည်။
ဒါတောင် အိမ်မှာ မစ္စဝမ်သည် ဒေါသအရမ်းထွက်ပြီး အော်နေသေးသည်။ ကုမိသားစုရဲ့ ကလေးမရနိုင်တဲ့ ချွေးမက ဝဝကစ်ကစ်ကလေးလေးကို မွေးထားတယ်လို့သူမ သိရသည်။
မစ္စဝမ်သည် ဟန်ချက်မညီတဲ့ ခြေလှမ်းတွေနဲ့ ကလေးကိုကြည့်ရန် လောင်ကုရဲ့ အိမ်ထဲ ဝင်လာလေသည်။ ဥမဥတဲ့ကြက်မက ရုတ်တရက် ကြီး ဥ ဥတယ်။ ငါ မကြည့်ပဲနေစရာလား?
ကိစ္စတော့မရှိပါဘူး။
မစ္စစ်ဝမ်သည် ပုခက်ထဲမှာ ထွားကြိုင်းလှသော ကုသို့သို့ လေးကို ကြည့်ရင်း သူမ မူမမှန်တော့ပေ။
“ဟင်၊ ဘုရားသခင်က ဘာလို့ ဒီလောက်ဘက်လိုက်ရတာလဲ”
ကု မိသားစုရဲ့ ကလေးလေးက ဝကစ်ဖြူဖွေးပြီး သူမမြေးနှစ်ယောက်သည်တော့ ဒုက္ခသည်များကဲ့သို့ပင် ပိန်လှီနေသည်။ ကု မိသားစုက ကလေးလေးရဲ့ ဘဝဟာ ဘာကြောင့်များတန်ဖိုးကြီးနေသလဲ။
မစ္စ ဝမ် သည် ကျန်းဆွေ့လန့် ရေဖြည့်ရန် မီးဖိုချောင်သို့သွားသည်ကို အခွင့်ကောင်းယူကာ၊
လင်းယောင်သည်လည်း ကလေးကို ပြုစုစောင့်ရှောက်ရင်း မောပန်းကာ အိပ်ပျော်သွားသည်။ သူမ ကို မကောင်းဆိုးဝါးဝင်ပူးသလို ခံစားရပြီး ကု မိသားစုရဲ့ ကလေးလေးကို ခိုးရန် သူမရဲ့ လက်ကို ဆန့်ထုတ်လိုက်သည်။
ကြောင်လေးက ရုတ်တရက် ခုန်ထွက်လာပြီး မစ္စစ်ဝမ်ကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်သည်။
မစ္စစ်ဝမ်က အော်ဟစ်ပြီး သူမလက်ကို အုပ်ကိုင်ကာ ထွက်ပြေးသွားခဲ့သည်။
လင်းယောင်သည် စက္ကန့်ပိုင်းအတွင်း နိုးလာပြီး ပုခက်ထဲတွင် နှုတ်ခမ်းစူကာ ငိုနေသော သူ့သားလေးအား လှည့်ကြည့်လိုက်သည်။ သူမ အိပ်ယာမှ အမြန်ထကာ ကုသို့သို့ ကို ချော့ရန် ပွေ့ဖက်လိုက်သည်။ ကျန်းဆွေ့လန်သည်လည်း တံမြက်စည်းကိုင်ကာ ပြေးထွက်သွားသည်။
"ဘာဖြစ်လို့ ငိုနေတာလဲ"
လင်းယောင်သည် ကုတင်ဘေးတွင် ထိုင်ကာ သူ့လက်သည်းတွေကို ယက်နေသော ကြောင်လေးကို ကြည့်ကာ "အမေ ခုန အခန်းထဲကို လာတာဘယ်သူလဲ။
“ဘယ်သူဖြစ်မလဲ၊ အိမ်ရှေ့က မစ္စဝမ်က အိမ်ထဲဝင်လာပြီး သို့သို့ ကို တွေ့ချင်တယ်လို့ ပြောတယ်၊ သူတို့တွေက ခြံအနောက်ဘက် မှာ နေတဲ့ အိမ်နီးချင်းတွေဆိုတော့ သူမကို တားဖို့မလွယ်ဘူး သူမကို တစ်ခါပဲနှုတ်ဆက်ရသေးတယ် မီးဖိုချောင်မှာ ရေနွေအိုးပွက်လာလို့ သွားဖြည့်နေတာ။ မစ္စ ဝမ် က ဘယ်ရောက်သွားတာလဲ?”
လင်းယောင်က "မေမေ၊ သို့သို့က တစ်လမပြည့်သေးဘူး၊ သူ့ရဲ့ ခံနိုင်ရည်က အားနည်းနေသေးတယ်။ အပြင်လူတွေကို မတွေ့ခိုင်းတာ ပိုကောင်းလိမ့်မယ်။"
ကျန်းဆွေ့လန့်လည်း နောင်တရသွားပြီး"ဟုတ်တာပဲ။ သို့သို့ က အရမ်းငယ်သေးတယ်။ တခြားတစ်ယောက်ဆီက အဖျားကူးရင် ဘယ်လိုလုပ်မလဲ။"
လင်းယောင်သည် သူမယောက္ခမကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးခဲ့ပြီး ကလေးလေးကုသို့သို့ သည်လည်း သူ့အဖွားကိုပြုံးပြကာ ဆွေ့လန့်ကို ချော့လိုက်ပြန်သည်။
ညနေဘက်တွင် ကျန်းဆွေ့လန် အလုပ်သွားလုပ်သောအခါ လင်းယောင်သည် သားလေးအား နို့တိုက်ပြီး၊ကလေးကို ချော့သိပ်ကာ အိပ်ယာပေါ်တွင် လှဲကာ အိပ်လိုက်လေသည်။
သူမသည် ညဝတ်အင်္ကျီကို ၀တ်ဆင်ထားပြီး သူမ၏ သွယ်လျသော အဖြူရောင်လည်ပင်း၊ ကပိုကရို ကျနေသော ဆံပင်အနည်းငယ်ဖြင့် သူမ၏ မျက်နှာသည် ဖြူဖျော့နေဆဲဖြစ်သည်။ သူမ တကိုယ်လုံးသည် မိုးရွာပြီးတဲ့နောက် ပွင့်လာသည့် မက်မွန်ပွင့်ကဲ့သို့ လှပနေသည်။
လက်ထောက်ဒါရိုက်တာကု အလုပ်က ဆင်းပြီးပြန်လာသည်နှင့် ဒီမြင်ကွင်းကို မြင်ပြီး သူ့မိန်းမရဲ့ မျက်နှာဆီမှ တစ်ခုခု ယူချင်နေသည်။
ပုခက်ထဲက ကောင်လေးက တည်ကြည်တဲ့မျက်နှာ၊ဝကစ်တဲ့ခြေထောက်နှစ်ချောင်းကို ရုတ်တရက် တွန်းထုတ်လိုက်ပြီး သူ့အဖေကို အော်ဟစ်ပြလိုက်သည်။
ကျွန်တော်အနံဆိုးတွေထွက်နေတယ်။ညလာရှင်းပေး။
အနံ့ဆိုးဆိုးက အခန်းထဲပျံ့သွားပြီး လင်းယောင်ပါချက်ချင်းနိုးလာလေသည်။