← Chapters

အခန်း (၇၇)

Vol. 7 Ch. 77

အခန်း (၇၇)

Vol. 7 Ch. 77

ဝဝကစ်ကစ်လေးနှင့် ကလေးလေးက အပူကပ်ညီးညူနေသောကြောင့် လက်ထောက်ဒါရိုက်တာကုသည် မတက်သာသည့်အဆုံး လင်းယောင်ကိုလွှတ်ပေးလိုက်ရသည်။

ကုသို့သို့ ကတော့ အနည်းငယ် ရင့်ကျက်သည်ဟု ဆိုနိုင်သည်။ အခြားကလေးများက ဆီးသွားပြီးသည်နှင့် ဒိုင်ပါလဲပေးရန် ခြေထောက်များကို ကန်လေသည်။

ကုသို့သို့သည် ဝမ်းသွားလျှင်လူကြီးများကို အော်ဟစ်ကာခေါ်လေသည်။ ထိုအခါ ဘေစင်မှရေနွေးနွေးလေးဖြင့် တင်ပါးကိုသုတ်ပေးရပြီး ဒိုင်ပါ အသစ်လဲပေးရသည် ။ ထိုမှသာ အနှောက့်အယှက်ကင်းကင်း တစ်ညတာ အိပ်ဆက်နိုင်မည်ဖြစ်သည်။

သားဖြစ်သူ၏ ဆီးအနံ့ကြောင့် လင်းယောင်အိပ်ချင်မူးတူးဖြင့် နိုးလာခဲ့သည်။ ကလေးကတော့ လက်မောင်းထဲမှာပင်။ ကုသို့သို့ကို သန့်ရှင်းပေးပြီးသောအခါ နို့ဆာသော​ကြောင့် အော်လေသည်။

ထို့ကြောင့်လင်းယောင်သည် အင်္ကျီကိုမလိုက်ပြီး နို့တိုက်ခဲ့သည်။ ကလေးလေး ကုသို့သို့သည် အမေ ရင်ဘတ်ဆီသို့ အလင်းအလျင်နှုန်းဖြင့် သွားပြီး ညလယ်စာဖြစ်သော နို့ကို ဝက်ပေါက်လေးကဲ့သို့ ပျော်ရွှင်စွာသောက်လေသည်။

ကုသို့သို့၏ ဒိုင်ပါကိုတော့ ကုရှီအန်းက ရှင်းလင်းရလေသည်။ လက်မောင်းထဲမှ ကလေးလေးသည် ပုံ့ပုံ့လေးဖြစ်နေသည်။ ပါးလေးကို အသာအယာ ထိုးကြည့်သောအခါ အိစက်နေလေသည်။ ရှေးစကားအတိုင်း ရင်သွေးရမှသာ မိဘ နေရာကိုခံစားတက်သည် ဟုဆိုသည့်အတိုင်းပင်။

ထိုစကားမှာ မှန်ကန်လှသည်။ ယခင်က ကလေးဆွဲထုတ်ရာသည်မှာခက်ခဲလှကြောင်း ကျန်းဆွေ့လန်ပြော နေကြဖြစ်သည်။ နောက်တစ်ခုကတော့ တွေ့ကြုံဖူးမှ သိမည်ဟုပင်။

ကုသို့သို့ ကိုမွေးပြီးကတည်းက လင်းယောင် ကောင်းကောင်းမွန်မွန် မအိပ်ရတာကြာလေပြီ။ ကလေးလေးမှာ စားသောက်ရသောကြောင့် နေ့ခင်းဘက်ဆိုလျှင် လင်းယောင်တစ်ယောက် ၂ နာရီခြား တခါ ၃ နာရီတခြား နို့တိုက်ရလေသည်။ တစ်ခါတစ်လေ ညဘက်နို့တိုက်ရင်းနှင့်ပင် လင်းယောင်အိပ်ပျော်သွားတက်သည်။

ကုသို့သို့ကတော့ တင်ပါးလေးထောင်ကာ ပျော်ရွှင်စွာ အိပ်လိုက်စားလိုက်နှင့်ပင်။

ကုရှီအန်း သူ့သား၏ဒိုင်ပါ များကိုလျှော်ဖွတ်ပြီး ခြံထဲရှိအဝတ်တန်းတွင် လှမ်းထားလိုက်သည်။ ထို့နောက် ကြွေဘေစင်၌ လက်ကို သေချာဆေးကြောလေသည်။ အိမ်ထဲတွင် ဘေစင်မှာ မျက်နှာသစ်ရန် ၁ ခု၊ ကလေးပစ္စည်းများဆေးကြောရန် ၁ ခု၊ ခြေထောက်ဆေးရန် ၁ ခု သီးခြားထားလေသည်။

အများအမြင်တော့ ဖြုန်းတီးပြီး မလိုလားအပ်သည်ဟု တွေးကြပေလိမ့်မည်။ ကုရှီအန်းအမြင်တော့ လင်းယောင် အဆင်ပြေနေသ၍ အဆင်ပြေလေသည်။

အရှေ့ဘက်က အခန်းထဲတွင်တော့ လင်းယောင် ဖြည်းညင်းစွာ အိပ်ရာမှ ထပြီး ကုသို့သို့ ကိုပုခက်ထဲထည့်လိုက်သည်။ အသံကြားလျှင် ချက်ချင်းနိုးလာတက်သောကလေးပင်။

“ ယောင်ယောင်၊ ကိုယ်လာပြီ။”

ဆွဲဆောင်မှုရှိသောအသံတစ်ခုသည် တံခါးနားမှ ထွက်ပေါ်လာခဲ့သည်။

လင်းယောင်ကြည့်လိုက်သောအခါ ဒိုင်ပါလျှော်ပြီးပြန်လာသော ကုရှီအန်းပင်။

ကုရှီအန်း အိပ်မောကျနေသော ကလေးကိုငြင်သာစွာ ပုခက်ထဲသို့ ထည့်လိုက်လေသည်။ ညဘက်တွင် ခြင်ပေါသောကြောင့် လင်းယောင်အရှေ့အခန်းထဲမှ အသုံးမလိုသော အစများကို သုံးပြီး ခြင်ထောင်ချုပ်ပေးထားသည်။ သုန်ဇီဆိုလျှင် အအိပ်ကြမ်း၍ ခြေထောက်နှင့် ကန်မိသောကြောင့် ခြင်ထောင်တွင် အပေါက်နှင့်ပင်။

လင်းယောင်မြင်သောအခါ ခြင်ထောင်လဲပေးလိုက်ပြီး ကလေးလေးအတွက် ခေါင်းအုံးလေးပါ လုပ်ပေးထားလေသည်။

ကုရှီအန်းချီလိုက်ပြီး နွေးထွေးမှုကို ခံစားရသောအခါ ကလေး၏ မျက်ခုံးအနည်းငယ်တွန့်သွားခဲ့သည်။ထို့နောက် ကလေးကို ပုတ်သိပ်လိုက်ရင်း လက်မောင်းပေါ်တွင် အိပ်စေသည်။ ကုသို့သို့၏ လက်ကလေးများက စုပ်ထားပြီး ကောင်းစွာ အိပ်စက်နေလေသည်။

ဆူဆူညံညံ ကလေးလေး ၁ ယောက်တော့ အိပ်ပျော်သွားလေပြီ။ မိဘ ၂ ပါးလည်း အိပ်စက်လိုက်ပြီး နံနက်ဖြန် အလုပ်သွားရန် အနားယူကြလေသည်။

ကုရှီအန်း ဖယောင်းတိုင်ကို မှုတ်လိုက်သည်။ ညတာသည် တိတ်ဆိတ်၍ ပြတင်းပေါက်အပြင်မှ ဝါးပင်များ ယိမ်းယိုင်နေကြသည်။

လင်းယောင် ထုံးစံအတိုင်း ကုရှီအန်းရင်ခွင်ထဲသို့ ဝင်ကာ သမ်းနေခဲ့သည်။ ကုရှီအန်း သူမ၏ ဆံပင်များကိုပွတ်သပ်ပေးနေပြီး နူးညံ့စွာ မေးလိုက်သည်။ “ အိပ်ချင်ပြီလား?”

လင်းယောင်ရင်ဘက်ထဲသို့ မျက်နှာအပ်ပြီး ခေါင်းငြိမ့်ကာ “ အင်း” ဟုပြန်ဖြေလိုက်သည်။

သူကကောမအိပ်ချင်ဘူးလား။ ကလေးလေးကနေ့ခင်းပိုင်း ၇ နာရီ ၈ နာရီလောက် အိပ်သည်။ သူက ညဘက်ရောက်မှ ပိုတက်ကြွနေသည့်ပုံပင်။ မိသားစုနှင့်ဝူးဝူးဝါးဝါးစကားပြောရင်ပြော အော်ပြီးကနေတက်သည်။ အားအင်အပြည့်အပင်။

ဇနီးမှောင်နှံ ၂ ယောက် တင်းကျပ်စွာဖက်ပြီး အိပ်ပျော်သွားကြသည်။ အတန်ကြာလာသောအခါ ရင်ခွင်ထဲ၌ ပူလာ၍ လင်းယောင်တစ်ဖက်သို့ သွားအိပ်လေသည်။

ကုရှီအန်းကို မထိထားရလျှင်လည်း မနေတက်သောကြောင့် ရေဘဝဲကဲ့သို့ လက်မောင်းကို တွယ်ထားပြီး မျက်နှာပွတ်လိုက်ကာ မကျေမနပ်ပြောလိုက်သည်။

“ ဆိုင်ရှင် အသားကညကိုက်လို့လည်းမရဘူး။‌ နောက်တစ်ပန်းကန်လုပ်ပေးပါ”

ပုခက်ထဲမှ ကုသို့သို့ကလည်း ဟင်းခနဲအသံပြုလေသည်။ ကုရှီအန်း တစ်ချက်ရယ်လိုက်ရင်း မျက်လုံးမှိတ်လိုက်သည်။

သန်းခေါင်းယံတွင် လေအေးများတိုက်ခတ်ကာ မိုးခြိမ်းပြီး မိုးများရွာချလာခဲ့သည်။ ခြံထဲ၌ပင်ရေဝပ်လာခဲ့သည်။

အပြင်ဘက်မှ အသံများကြောင့် မစ်စ်ဝမ်တစ်ယောက်မအိပ်နိုင်ပဲ ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် တွေးပူနေသည်။

အလွန်ပင်ပန်းနေသော လင်းယောင်သည် အပြင်ဘက်မှ အသံများကိုပင်မကြားပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေခဲ့သည်။

နောက်နေ့နံနက် ပြတင်းပေါက်တွင် မိုးပေါက်လေးများတွဲခိုနေပြီး ခြံထဲမှ ငှက်ပျောပင်များက စိမ်းစိမ်းလန်းလန်းရှိနေလေသည်။

လင်းယောင်ကောင်းကောင်းမအိပ်ရတာကြာပြီဖြစ်သောကြောင့် အိပ်ရာပေါ်တွင်ညလူးလှိမ်းပြီးနောက် လိုက်ကာများဖွင့်ကာ မျက်နှာထသစ်လေသည်။

မီးဖိုချောင်ထဲတွင်တော့ ကျန်းဆွေ့လန် တစ်ယောက် မနက်စာလုပ်နေပြီး ကုမန်ဆန်က ကူညီပေးလေသည်။

ထုံးစံအတိုင်း ဒါရိုက်တာကုက ပြည်သူ့လုံခြုံရေး ဌာန သို့စောစောသွားခဲ့သည်။ မသွားခင် ရေအိုးဖြည့်ခဲ့ပြီး ထင်းများကိုလည်း သေသပ်စွာ ပုံထားခဲ့သည်။ ခြံထဲ၌ စိုစွတ်စွတ်ဖြစ်နေသည်။ နွေ အပူကြောင့် အနည်းငယ်ခြောက်သွားခဲ့သည်။ သုန်ဇီက ကလေးပုခက်ကို အိမ်အကြီးထဲသို့ ကုရှီအန်းကိုရွှေ့ခိုင်းပြီး ကလေးလေးနှင့် ကစားလေသည်။

ကစားစရာမှာ နွားသားရေဖြင့်လုပ်ထားပြီး ၂ ဖက်လုံးတွင် ရောင်စုံ အရုပ်လေးများ ရှိလေသည်။ ထိုအရုပ်သည် ကုသို့သို့ ကို မြူနေလေသည်။

ကျန်းဆွေ့လန်က ပြုံးလိုက်ရင်း “ ကောင်ဆိုးလေး ”

လင်းယောင် ဝဝကစ်ကစ် ကလေးလေးမျက်နှာကိုကြည့်လိုက်ပြီး ထောက်ခံလိုက်သည်။

“ အဘွားပြောတာကြားတယ်မလား။ စကားနားမထောင်ရင် ရိုက်မှာ”

ကုသို့သို့ ပါးစပ်ထဲသို့လက်ထည့်ပြီး မျက်လုံးပြူးပြီးကြည့်နေသည်။ ခြေထောက်ကန်လိုက်ပြီး “ အာ” ဟုအော်သောအခါ အားလုံးရယ်မောကြလေသည်။

ကုမိသားစုပျော်နေချိန် စွင်းမိသားစုမှာတော့ ဒုက္ခရောက်နေလေသည်။ ပြီးခဲ့သော ၆ လအတွင်း ဒုက္ခတစ်မျိုး ပြီးတစ်မျိုးပင်။

လင်းဟုန်န မွေးသောကလေးမှာ ကံမကောင်းပေ။ သို့သော် စွင်းမိသားစုအတွက်တော့ ရတနာတစ်ပါးပင်။

စွင်းထျန်းရိုသည် မွေးကတည်းကပင် အားနည်းကာ အခြားကလေးများလောက် မထွားပေ။ ငိုလျှင်တောင် ကြောင်ပေါက်လေးကဲ့သို့ အားနည်းသောကြောင့် တော်ရုံတန်ရုံ မကြားရ။

လင်းဟုန်နလည်း မီးဖွားစဉ်က သေချာမထိုင်ခဲ့သောကြောင့် နာကျင်ခဲ့ရပြီး ကျန်းမာရေးစင်တာက ဆရာဝန်များက နောက်ထပ်နှစ်အနည်းငယ်အထိ ကလေးယူလို့မရနိုင်ကြောင်းပြောခဲ့သည်။

သူမကတော့ စွင်းမိသားစု၌ အခြေခိုင်စေရန် ငယ်ရွယ်စဉ်ကလေး ထပ်မွေးချင်လေသည်။

သို့သော် ထိုအိမ်မက်မှာ ပျက်စီးသွားခဲ့လေသည် လင်းဟုန်န ဝါကျဉ့်ကျဉ့်အရောင်မျက်နှာဖြင့် စွင်းထျန်းရို ကို မိခင်စိတ်မရှိပဲ ဖက်ထားသည်။ ဒီကလေးက ဘယ်လိုလုပ် သူမကလေးဖြစ်လာရတာလဲ။

သူမလိုချင်သောကလေးမှာ ဝဝကစ်ကစ်၊ ကျန်းမာပြီး လူတိုင်းချစ်မည့် ကလေးမျိုးပင်။ လင်းယောင်၏ သားလေးကတော့ လူတိုင်းက ကောင်းကင်ဘုံမှ ဆုလာဘ်ဖြစ်ပြီး နဂါး၊ ဖီးနှစ်ငှက်တို့နှင့် ခိုင်းနှိုင်းခံရသည်။

လင်းယောင်သည်သူမဘဝတစ်ခုလုံးကို လှလှပပ နှင့် စည်းစိမ်များကိုခံစားပြီး သားကောင်းသားမြတ်ကိုလည်းပိုင်ဆိုင်ထားသည်။

ဘာလို့လင်းယောင်၏ ကလေးက အလွန်တော်၍ထက်မြတ်ပြီး သူမကလေးက ထိုကဲ့သို့မဖြစ်ရသနည်း။

လင်းဟုန်န သူမကလေးအပေါ် ချစ်မြတ်နိုးခြင်းမရှိသည့်အပြင် အနည်းငယ် စိတ်ပျက်ရွံရှာလာခဲ့သည်။

စွင်းအမေကသာ သူ၏မြေးကိုထိန်းကျောင်းသည်။ သို့သော် သွေးသည်ရေထက်ပျစ်သည်ဟုဆိုသည့်အတိုင်း လင်းဟုန်န အလုပ်မသွားမှီ စွင်းထျန်းရိုကို ဖက်ပြီး အလုပ်ပြန်လာလျှင် အချိန်ပေးသည်။

စွင်းထျန်းရိုသည် အခြားမိသားစုဝင်များလက်ပေါ်တွင်ဆိုလျှင် ကြောင်လေးကဲ့သို့ အော်နေသော်လည်း သူ၏အမေလက်ထဲတွင် ဆိုလျှင် ငြိမ်ငြိမ်လေး နို့သောက်ကာအိပ်လေသည်။

အဘွား၏ အသံမှာပျားရည်လောင်းထားသကဲ့သို့ပင်

“ အို ၊ အဖိုးတန်တဲ့ မြေးလေးရယ်။ အဘွားက မင်းကိုချစ်တယ်ဆိုတာ သိတယ်မလား။ အဘွား မွှေး‌မွှေးပေးမယ် ”

စွင်းအမေသည် စွင်းထျန်းရို ကိုပွေ့ချီထားသည်။ နို့တိုက်ပြီးသောအခါ လင်းဟုန်နက ပြုံးလိုက်ပြီး “ အဖေ၊ အမေ သမီးအိပ်လိုက်ဦးမယ်။ စောစောအိပ်ကြဦးနော် “

စွင်းအမေက လင်းဟုန်နကို စကားမပြောချင်‌ပေ။ တစ်ဖက်တွင် သတင်းစာဖတ်နေသော စွင်းအဖေက မျက်စိမှိတ်ပြပြီး ချောင်းဟန့်လိုက်လေသည်။

လင်းဟုန်န သက်ပြင်းချပြီး စွင်းကျားလျန်၏ အခန်းအသစ်သို့ပြန်ခဲ့သည်။

ထိုအိပ်ခန်းတွက် စွင်းအိမ်တစ်ခုလုံး၏ အကောင်းဆုံး ပရိဘောဂများရှိသည်။ နီညိုရောင်ကြမ်းခင်း၊ နံရံကပ်မီးအိမ်များနှင့် အိပ်ရာတစ်ဖက်တွင် မီးအိမ်ရှိပြီး စားပွဲများလည်းသပ်သပ်ရပ်ရပ်။ သန့်ရှင်းတောက်ပြောင်ပြီး ကျက်သရေရှိလှသည်။

လင်းဟုန်န စွင်းကျားလျန်နှင့် လက်ထပ်စဉ်က ကောင်းပေ့ဆိုသည့် အိမ်တွင်နေရသည့်အတွက် အတော်ကြာ အိပ်မပျော်ပဲ သူမ အိမ်မက်ထဲက ဘဝကိုပိုင်ဆိုင်ခဲ့ပြီဟူ၍ ကလေးဆန်စွာတွေးမိခဲ့သည်။

ထို့ကြောင့် ထင်ထားသည့်အတိုင်း မဖြစ်လာသည့်အခါ အရှိုက်ထိခဲ့သည်။

စွင်းမိသားစုကို ယခုအချိန်ထိ စွင်းအမေက ချုပ်ကိုင်ထားဆဲပင်။ နယ်ဘက်မှလာသော သူမကိုနှိမ်ခဲ့ပြီး သူမမိသားစုကိုလည်း ထိုနည်းလည်းကောင်းပင်။ ပိုဆိုးသည်က လီအိုက်ဖုန်း၏ ခိုးဝှက်မှုကြောင့် တရားရုံးသို့ရောက်ရသည်။

လင်းတာ့ကော်တို့ သားအဖကတော့ နယ်ဘက်တွင် ငါးဖမ်းပြီး အလုပ်ကိုသေချာမလုပ်။ လိုအပ်တာရှိလျှင် လင်းဟုန်နကိုသာ အပူကပ်လေသည်။

ရက်အနည်းငယ်အကြာက လင်းဟုန်နသည် လင်းကျား ရွာသို့သွားပြီး ပိုက်ဆံဖြင့် လင်းတာ့ကော် တို့အား နှင်ထုတ်ခဲ့သည်။ ရွာထဲမှ မိန်းမကြီးများ ပြောစကားအရ လင်းယောင် လက်ထပ်ခဲ့သော သူမှာယခု ကောင်တီ ကျန်းမာရေးစင်တာတွင်တာဝန်ကျခဲ့ပြီး ယခုပြည်သူ့လုံခြုံရေးဘက်၌ ဒါရိုက်တာဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ယွင်ရွှေ ကောင်တီ၌ ချမ်းသာသည့် အသိုင်းအဝိုင်းဖြစ်ကြောင်း သိခဲ့ရသည်။

“ နင်တို့မသိလို့ လင်းမိသားစုက ယောင်ယောင်ရဲ့ဘဝကအရမ်းကောင်းတာ။ ငါ့ချွေးမ ကလေးမွေးတဲ့နေ့မှာပဲ ယောင်ယောင်လည်းမွေးတာ။ ချွေးမကတော့ လိုချင်တဲ့ သားလေးမရခဲ့ပေမဲ့ လင်းယောင် ကလေးလေးကတော့ သားလေး။ ဝဝကစ်ကစ်လေး ဘယ်နှပေါင်လောက်ရှိလဲတော့မသိဘူး “

“ ဘယ်လောက်ဖြစ်ရမှာလဲ။ ဘယ်လောက်ကောင်းပြီး အာဟာရဖြစ်တာပဲစားစား ၅ ပေါင် ၆ ပေါင်လောက်ပဲဖြစ်မှာလေ “

“ မဟုတ်ဘူး။ တူမရဲ့ကလေးဆို ၅ ပေါင်အထက်ရှိတယ်”

“ အို ၅ ပေါင်ကျော်ရင်တော့ ဝတယ်ပြောရမယ်”

“ နင်တို့ကတော့ ဦးနှောက်ကိုမရှိဘူး။ လင်းယောင်ကလေးက ၆ ပေါင် ၇ အောင်စတောင်ရှိတာ”

“ ဟယ်။ ၆ ပေါင် ၇ အောင်စဆိုတော့ ၇ ပေါင်နီးပါးပဲ “

“ မြို့ထဲက အစားအသောက်တွေက အဲလောက်ဖြစ်စေလို့လား ”

“ ဘယ်သူသိမှာလဲ။ သူယောကျာ်းက ရာထူးကြီးပြီး ငွေရှိတော့ လိုချင်တာဖြည့်ဆည်းပေးမှာပဲ”

“ ဖြစ်နိုင်တာပေါ့။ လင်းမိသားစုရဲ့ သမီး ၂ ယောက်လုံးအိမ်ထောင်ကျသွားတာ”

“ လင်းဟုန်နလည်း အဆင်ပြေတယ်လို့ ထင်ရပေမဲ့ သူ့ဘဝ ကသိပ်ပြီး သက်တောင့်သက်သာမရှိဘူး။ လင်းတာ့ကော် ကလည်းမြို့ထဲမှာ ပြဿနာတွေသွားရှာတယ်”

“ လင်းဟုန်န လည်းကလေးမွေးထားတယ်မလား”

“ သူကစောမွေးတာ။ ယောကျာ်းလေးပဲမွေးတာ”

“ အဲ့ဒါမကောင်းဘူးလား။ မိန်းကလေးထက်စာရင် ကောင်းတာပဲ “

“ သူ့ကလေးက ချူချာပြီး သုံးစားရမှာလည်းမဟုတ်ဘူး။ သူဘယ်လောက်တောင် ဆေးတွေတိုက်လိုက်ရမလဲမသိဘူး။ အလုပ်မဖြစ်တော့ သူလည်းစိတ်ပျက်နေတဲ့ပုံပဲ”

“ အာလုံးက သူ့ကံ နဲ့သူပဲ ဆိုတာ မှန်လိုက်တာ “

“ လင်းဟုန်နက မျက်ကန်းဝက်ဝံလိုပဲ ဖရဲသီးကိုမရပဲ ဖရဲစေ့ကိုပဲ ရသလိုပဲ”

“ ဘယ်သူက မဟုတ်ဘူးပြောလဲ “

ရွာထဲမှ မိန်းမကြီးများက ပျော်ရွှင်စွာပြောနေကြသည်။

လင်းဟုန်နကြားသောအခါ ဒေါသထွက်သွားခဲ့သည်။ လင်းယောင်ရဲ့ ယောကျာ်းကိုမရပဲ ဘာလို့ စွင်းမိသားစုကလူကိုယူမိတာလဲ။ ကောင်းကောင်းမနေရတဲ့အပြင် ဒုက္ခတွေပါ ရောက်နေခဲ့သည်။

အသုံးမကျသည့် ကလေးကိုရဖို့သူမ ကျန်းမာရေးစင်တာတွင် ရက် ၂၀ လောက်နေခဲ့ရသည်။ ရွာထဲမှ ထင်ကြေးပေးပြောနေကြသော စကားများကြားသိခဲ့ရသည်။

လင်းယောင် ဒီအချိန်ဘာလုပ်နေလောက်မလဲ?

၆ ပေါင်ရှိတဲ့ ကလေးကိုပွေ့ပိုက်ပြီး လူတွေချီးကျူးတာခံနေရမှာလား?

ကုရှီအန်းသည်လည်း လက်ထောက်ဒါရိုက်တာဖြစ်သည့်အတွက် အလေးပေးခံရမည်မှာအမှန်ပင်။

လင်းဟုန်န သူမသာ ကုရှီအန်းဇနီးဖြစ်လျှင်ဟု တွေးနေခဲ့သည်။

လင်းဟုန်န စဉ်းစားရင်း တစ်ခုထပ်တွေးမိသည်။

သူမရှေ့မှ စည်းစိမ်များ၏ လှည့်စားခြင်းကိုမခံနိုင်။ ကောင်မစုတ်​လေး လင်းယောင်က ချမ်းချမ်းသာသာ နဲ့ နောက်ဆို ဟောင်ကောင်လိုမျိုးမှာ ကလေးထိန်းများ၊ ကားဒရိုက်ဘာများနှင့် အဆင်ပြေနေနိုင်မည်။

ယခုကောင်တီအသေးလေးတွင် ကုရှီအန်းက မိသားစုတစ်ခုလုံးကို ထောက်ပံ့ရသည်။ အသက်ကြီးပြီဖြစ်သော ကျန်းဆွေ့လန်နှင့် ကုမန်ဆန်တို့သည် ဝင်ငွေမရှိပေ။

ကောင်စုတ်လေး ကုရှီတုန်းသည် အရင်က မလိမ္မာခဲ့ချေ။ ခိုစျေးတွင် လျှို့ဝက်စွာ သူ့ထက်ကြီးသောလူများဖြင့် အလုပ်ခိုးလုပ်သည်။ ၁၄ နှစ်တွင် ဖမ်းခံထိပြီး လူငယ်ထိန်းသိမ်းရေးတွင် ဆင်းရဲစွာနေပြီးနောက် သိသိသာသာ လိမ္မာသွားခဲ့သည်။

ကုချွင်မေသည် ရွှီရှန်းချန်ကို လက်ထပ်ပြီး မစ်ရှင်တစ်ခုတွင် ပျောက်သွားပြီး အစရှာမရသော ယောကျာ်းဖြစ်သူကြောင့် အရူးတစ်ပိုင်းဖြစ်ကာ ထုတ်လုပ်ရေးအလုပ်ကိုလည်း ဆုံးရှုံးခဲ့ရသည်။

တစ်ဝမ်းကွဲညီမဖြစ်သော လင်းယောင်ကတော့ အနာဂတ်တွင် ဘယ်လိုဖြစ်မလဲမသိပေ။

လင်းယောင်သည် ကုမိသားစုအတွက်ကြိုးစား အလုပ်လုပ်ပေးနေရမှာကို တွေးပြီး လင်းဟုန်န ပျော်နေခဲ့သည်။

ဘုရားသာ ပြန်လည်မွေးဖွားခွင့်ပေးလျှင် သူမကိုကောင်းကောင်းမွန်မွန်ဘဝ ရအောင်လုပ်ပေးပြီး လင်းယောင်ကတော့ ကုမိသားစုနွံထဲနစ်ပါစေ ဟုဆုတောင်းလိုက်သည် !

All Chapters