← Chapters

အခန်း (၇၈)

Vol. 7 Ch. 78

အခန်း (၇၈)

Vol. 7 Ch. 78

လင်းဟုန်န အနာဂတ်ကိုတွေးရင်း ပျော်နေခဲ့သည်။ ထို့နောက် မျက်နှာသစ်၊ သွားတိုက်ပြီး မှန်ရှေ့ထိုင်ကာ ခေါင်းဖြီးလေသည်။ ဆံပင်မှာ အလွန်ခြောက်သွေ့သောကြောင့် ပုံသွင်းရခက်သည်။ ထို့ကြောင့် မြို့ထဲမှ အခြားကောင်မလေးတွေကဲ့သို့ လှပချင်သည်။ ဆံပင်ရှည်ရန် ပင်လုံးကြိုင်အဆီကို လိမ်းပေးရသည်။

ပင်လုံးကြိုင်အဆီသည် တစ်ဘူးလျှင် ၃၀ ဆင့်ပေးရသည်။ လင်းဟုန်န ဝယ်ချင်သော်လည်း ပိုက်ဆံအားလုံးကို မိဘများက ယူလိုက်သောကြောင့် လိုချင်လျှင် စွင်းအမေဆီမှ တောင်းရမည်ဖြစ်သည်။

စွင်းအဖေသည် လင်းဟုန်န အလုပ်မသွားပဲ ကလေးကိုစောင့်ရှောက်လျှင် စွင်းအမေက တစ်လကို ယွမ် ၂၀ ပေးမည်ဟု သဘောတူထားသော်လည်း ထိုမိန်းမကြီးက ဘာသာတရား ကိုင်းရှိုင်းသည့်ပုံဖြင့် ၁၀ ယွမ်သာပေးပြီး ကျန်တစ်ဝက်ကို ဘုရားမှာလှူလေသည်။

ငရဲပဲသွားလိုက်ပါတော့လား!

ထျန်းယိုသည် ၁ လသာရှိသေးသည့်အတွက် အသက်ကြီးမှသာ အဘွားက ဆံပင်ညှပ်ပေးမည်ဟုစီစဉ်ထားသည်။

လင်းဟုန်နသည် စွင်းမိသားစုဝင် မဟုတ်တုန်းက အလုပ်ကြမ်းများလုပ်ခဲ့ရသဖြင့် အသားမည်းလေသည်။ ထို့ကြောင့် ခရင်မ် တစ်ဘူးပြီးတစ်ဘူး သုံးလျှင်တောင် ဝယ်သုံးရသည့်ပိုက်ဆံသာ သဲထဲရေသွန်ဖြစ်ပြီး ထူးခြားမှုမရှိပေ။

သူမ၏ လုပ်အားခကိုသုံးပြီး နောက်နေ့ ခရင်မ် ၂ ဘူး ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ စွင်းကျားလျန်ကတော့ ရသမျှ ပိုက်ဆံကို သူ့ဘာသာသူတောင် မလောက်ပေ။

လင်းဟုန်န တွေးနေတုန်း ဧည့်ခန်းထဲတွင်အိပ်နေသော စွင်းထျန်းယို ကထငိုလေသည်။ သူ၏အဖွားသည် ပြာပြာသလဲရောက်လာလေသည်။ သူမမြေး၏ မျက်နှာသည် ဖျော့တော့နေပြီး ငိုတာကလည်း အားနည်းကာ လက်သေးသေးလေး ၂ ဖက်က တုန်နေလေသည်။ စွင်းအမေ စိတ်ညစ်သွားသည်။ အကြာကြီးချီ‌ပြီး ချော့မြှူတာတောင် စွင်းထျန်းယိုမှာငိုနေဆဲပင်။

စွင်းအဖေလည်း သတင်းစာဖတ်လိုက်သည်ကိုရပ်လိုက်ပြီး သူ့မြေးနားသို့ ရောက်လာခဲ့သည်။

“ စွင်းအဖေ ထျန်းယိုရဲ့ ဆေးလေး မြန်မြန်သွားယူပေးစမ်းပါ “

“ ကလေးကငယ်သေးတော့ ဘုရားစောင့်ရှောက်ပါစေ“

“ ကျွန်မလည်း သိတယ်။ ငယ်သေးတော့ ဆေးတွေကိုခံနိုင်ရည်ဘယ်ရှိပါ့မလဲ ”

“ အို။ ကလေးမြန်မြန်သက်သာပါစေ ”

စွင်းအဖေလည်း ရေနွေးပြုတ်ကာဆေးစပ်ပြီး စွင်းထျန်းယိုကိုတိုက်လိုက်သည်။ စွင်းထျန်းယို သူ့ပါးစပ်ကလေးနှင့် လျက်လိုက်ပြီး တစ်ဇွန်းလုံးသောက်လိုက်သည်။

ယခုခေတ် ဆေးများမှာ ချိုသည့်အတွက် ကလေးများအတွက်အဆင်ပြေလေသည်။

သို့သော် အခါးဓာတ်တော့ အနည်းငယ်ရှိစမြဲပင်။

စွင်းထျန်းယို လေးသည် အားနည်းသော်လည်း အလွန်လိမ္မာသည်။ မည်သည့်ဆေးတိုက်တိုက် ငိုယို အပူကပ်ခြင်းမရှိ။ ဆေးသောက်ပြီးသောအခါ ကြည်တောက်သော မျက်လုံးများဖြင့် လူကြီးများကို ကြည့်နေလေသည်။

အဘွားဖြစ်သူလည်း ဆေးမျိုကျမှသာ စိတ်အေးသွားခဲ့ရသည်။

အပြင်ဘက်မှ သားဖြစ်သူအော်နေသော်လည်း မိခင်ဖြစ်သူ လင်းဟုန်နသည် တုပ်တုပ်မလှုပ်ပေ။

စွင်းအမေ ထိုအကြောင်းကို တွေးမိပြီး ဒေါသဖြစ်သော်လည်း ကလေးလန့်မည်စိုး၍ စွင်းအဖေကိုသာပြောလိုက်သည်။

“ သူ့အမေကို ကြည့်ဦး။ ကလေး ဒီလောက်ဖြစ်နေတာတောင် တချက် မငိုဘူး။ ကံကြမ္မာက ငါတို့ကို ဆိုးဆိုးရွားရွားနဲ့ ပေးတွေ့တာပဲ။ မြေခွေးလို အမေမျိူး”

စွင်းအဖေလည်း မျက်နှာမကောင်းပဲ မျက်မှန်ကိုပင့်တင်ကာ စိတ်တိုသည့်လေသံဖြင့် “ ပြောမနေနဲ့တော့။ သူ့အမေကပင်ပန်းပြီး စောစောအိပ်သွားတာနေမယ် ”

စွင်းအမေကလည်း မခံပဲ “ မီးတွေကိုကြည့်အုံး။ ဖွင့်ထားတုန်းလေ။ ဘယ်လိုလုပ်အိပ်နေတာဖြစ်နိုင်ပါ့မလဲ။ ဒီမိန်းမအတွက် တင်တောင်းကြေးက ၈၈ ယွမ်နဲ့ စပါး ၅၀ ကီလိုဂရမ်ပေးခဲ့ရတာ။ ”

ထိုကဲ့သို့ လက်ဆောင်ပဏ္ဏာနှင့်ဆိုလျှင် ငတ်မွတ်ခေါင်းပါးသောဒေသမှ မိန်းကလေးထက်စာလျှင် ကောင်းမွန်သော အသိုင်းအဝိုင်းမှ မိန်းကလေးကိုအလွယ်တကူရနိုင်သည်။

လုပ်ပေးခဲ့ရတာပဲ !

စွင်းအမေဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်လိုက်သည်။ စွင်းအဖေလည်း သက်ပြင်းချကာ သတင်းစာကိုင်ပြီး ဆေးလိပ်သောက်ရန်အလုပ် မြေးလေးက ဆေးလိပ်နံ့မခံနိုင်သည်ကို သတိရသွားပြီး စားပွဲပေါ်သို့ ဆေးလိပ်မသောက်ပဲ တင်ထားလိုက်သည်။

လင်းဟုန်န သီချင်းတအေးအေးဖြင့် ခြေထောက်ဆေးနေခဲ့သည်။ ထိုအချိန် ဒေါသဖြင့် စွင်းအမေ၏ လက်ဖဝါးသည် သူမပါးပြင်ပေါ်သို့ ကျလာခဲ့သည်။

“ မကောင်းတဲ့မိန်းမ။ ကံဆိုးပါစေ။ နင်က သီချင်းတောင် ညီးနေနိုင်တာပဲ။ ဘယ်လိုတောင်လဲ။ ငါနင့်ကိုအသေသတ်မယ်။ မျက်လုံးဖြူ မြေခွေးမ “

လင်းဟုန်န၏ မျက်နှာတစ်ဖက်ယောင်သွားရင်း - “…”

*

ဩဂုတ်လ လေမုန်တိုင်းအပြီး လေမုန်တိုင်းတစ်ခုပြီးတစ်ခု ထပ်မံကျလာခဲ့လေသည်။ ခြံထဲရှိ albizia julibrissin ပန်းများလည်းပွင့်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ကုသို့သို့သည် တစ်လပြည့်သွားပြီး နီနီရဲရဲမျောက်ပေါက်လေးမှ ဝဝကစ်ကစ် ဂက်စ်ဘူးလေးဖြစ်လာသည်။

တစ်လလုံး လင်းယောင်ပျင်းနေခဲ့ပြီး မီးဖွားပြီး လေစိမ်းများတိုက်ခြင်းမှ ရှောင်ရှားရန် ပြတင်းပေါက် တစ်ဝက်သာဖွင့်ထားခဲ့သည်။ ပူလာလျှင် ကုရှီအန်းက ယပ်ခပ်ပေးသည်။ ရေချိုးချင်သော်လည်း ကျန်းဆွေ့လန်က နည်းမျိုးစုံဖြင့် တားသောကြောင့် လက်ထောက်ဒါရိုက်တာကုကိုသာ ဘေစင်မှ ရေများသွားယူခိုင်းရသည်။

ကုသို့သို့သည် အဘွားဖြစ်သူက ရေချိုးပေးတိုင်း ရေဇလုံထဲတွင် ပျော်ရွှင်စွာ ကစားလေ့ရှိသည်။

လင်းယောင် အားကျပြီး သူမ လက်ကိုင်ပုဝါကိုသာကိုက်နေခဲ့သည်။

ယခုတော့ အဆင်ပြေသွားလေပြီ။ ကုရှီအန်းကို ရေနွေးတည်ခိုင်းပြီး ရေချိုးတော့မည်ဖြစ်သည်။

ကျန်းဆွေ့လန်သည် ယောင်ယောင် အနေသန့်သည်ကိုသိပြီး ဝဝကစ်ကစ်ကလေးလေးကို အိမ်ထဲသို့ ပြန်ခေါ်သွားသည်။

ဘေးနားမှ နှောင့်ယှက်သောကလေးလေး မရှိသဖြင့် လင်းယောင် အေးအေးဆေးဆေး ရေချိုးပြီး အခန်းထဲ၌ ခေါင်းဖြီးနေခဲ့သည်။ ကုရှီအန်း ရေပုံးသယ်လိုက်ပြီး ရေဇလုံကို သန့်ရှင်းရေးလုပ်ပေးလိုက်သည်။

သေချာစောင့်ရှောက်ခံရသောကြောင့် ကလေးလေးမှာ ကျန်းကျမ်းမာမာပင် ပုခက်ထဲ၌ ပူးဖောင်းလေးများကို ပါးစပ်မှ မှုတ်ထုတ်နေလေသည်။

အဖေ ရောက်သောအခါ ကလေးလေးက ပူ‌ဖောင်းလေးများမှုတ်ကာ နှုတ်ဆက်သည်။

“ အာ အာ”

သုန်ဇီက တော့ဘာသာပြန်ပင်။

“ အကိုကြီးကို နှုတ်ဆက်နေတာ”

ကုရှီအန်း၏ ကျောက်ရုပ်မျက်နှာသည် ချက်ချင်းနူးညံ့သွားကာ စောင်လေးကိုဖယ်ပြီး ကလေးလေး၏ ဗိုက်ပူပူလေးကိုကိုင်ပြီး စကားပြောရန်လုပ်လိုက်သည်။

ကုသို့သို့ သူ့ကိုယ်သူဘာတွေးနေမှန်းမသိ။ ပါးစပ်သေးသေးလေးက ကော့တက်သွားပြီး သူ့အဖေ၏ လက်အကြီးကြီးကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

ကုရှီတုန်းက အော်လိုက်ပြီး “ ဟေး။ သို့သို့ အဲ့ဒါဝက်ခြေထောက်မဟုတ်ဘူးလေ။ စားလို့မရဘူး ”

ကုရှီအန်း - “…”

ကလေးလေးက သူ့အဖေလက်ကို ကိုက်ကြည့်ပြီး အရသာ တစ်မျိူးဖြစ်နေ၍ ပြန်ထုတ်လိုက်သည်။

အတန်ကြာသောအခါ ဝမ်းထပ်သွားပြီး တစ်ခန်းလုံးနံစော်သွားလေသည်။ ကျန်းဆွေ့လန်က ပြုံးပြီး ဒိုက်ပါလဲပေးလိုက်သည်။ ထို့နောက် ဂုဏ်ယူစွာ “ သို့သို့ ရဲ့ အီးအီးက မွှေးနေတာပဲ “

ကုရှီတုန်းကလည်းဘေးနားမှ စနောက်ကာ “ဟုတ်တယ်။ ငါတို့ သို့သို့ က အကောင်းဆုံး”

ကုရှီအန်း မျက်ခုံးပင့်လိုက်ပြီး အိမ်အပြင်ဘက်ကို ကြည့်လိုက်သည်။ အပြင်ဘက်တွင် သားဖြစ်သူ၏ ဒိုက်ပါများကို အင်္ကျီလက်ခေါက်တင်ကာ တစ်ခုပြီး တစ်ခုလျှော်လေသည်။

ဘေးအိမ်မှ ဦးလေးတာ့ဖုသည် မွေးရပ်မြေ ရှန်းရှီမှ အိမ်သို့ပြန်လာခဲ့သည်။ ဘိုးဘွားများက ဗီနီဂါ ရောင်းသောကြောင့် ငတ်မွတ်ခေါင်းပါးနေသော အချိန်၌ ကောင်းမွန်စွာ နေနိုင်ခြင်းဖြစ်သည်။

ယွင်ရွှေထက် သဲဝါပေါသော ဒေသဖြစ်သည့် ရှန်းရှီတွင် ပန်းပွင့်များလည်း ပိုများလှပေသည်။ ရှန်းရှီတွင် လမ်းမလျှောက်ခဲ့သောကြောင့် ဦးလေး တာ့ဖု ယွင်ရွှေရောက်သောအခါ နေ့တိုင်းလမ်းလျှောက်လေသည် ။

အဒေါ်တာ့ဖုကြောင့် ညဉ့်နက်တဲ့ အထိတော့ အပြင်မထွက်ပေ။

ညမှောင်ကျလာပြီး မိုးများလည်းရွာလေပြီ။

ဦးလေးတာ့ဖု အလျင်အမြန် မိုးခိုရန် ခြံထဲသို့အသွား ဒိုက်ပါကိုင်ထားသော အရပ်ရှည်ရှည် လူတစ်ယောက်ကိုတွေ့လေသည်။

သေချာ မျက်မှောက်ကျုံ့ကြည့်လိုက်သောအခါ လက်ထောက်ဒါရိုက်တာကုပင်။

ပြန်ရောက်သောအခါ အဒေါ်တာ့ဖုနှင့် စကားပြောလေသည်။

“ ငါ အပြင်မှာ ကုကိုမမှတ်မိတော့မလို့ ”

အန်တီကြီးကဘီဒိုထဲမှ အင်္ကျီများကို ထုတ်လိုက်ပြီး

“ကုမိသားစုမှာ ကလေးလေးရနေပြီလေ။ ချစ်စရာလေး သူ့ရဲ့ လက်မောင်းလေးတွေ ခြေထောက်လေးတွေက ကြာဆစ်လေးတွေလိုပဲ ”

“ သားတွေက အမေနဲ့တူတာများတော့ ချောမှာ”

“ မြောက်ဘက်ကဒေသတွေမှာ နွေဦးဆို မိုးခေါင်ပြီး တောင်ဘက်တွေကကျ မိုးရာသီဆို ရေကြီးတယ်လို့ကြားတယ်။ ငါတို့ကောင်တီကတော့ စပါးထွက်နှုန်းကောင်းတယ်။ ဒီတခေါက်ကော စပါးတွေရဦးမလားမသိဘူး။ ”

“ သေချာမသိပါဘူး။ ကောင်တီကလူတွေကတော့ ရိက္ခာမပေးပဲနေမှာမဟုတ်ဘူး”

“ အရင်နှစ် ရှန်းရှီကိုသွားတုန်းက တော့အဲ့လိုမဟုတ်ဘူး။ ထပ်မသွားနဲ့တော့ ”

“ ဟုတ်ပါပြီ။ စကားပြောတာရပ်ပြီး စားဦး။ အေးကုန်မယ်။ “

“….”

လောင်ကုအိမ်တွင် လင်းယောင်သည် စာအုပ်လေးဖတ်ပြီး အိပ်ရာပေါ်တွင် သက်တောင့်သက်သာပင်။ အပြင်ဘက်တွင် မိုးရော လေပါ တိုက်ခတ်နေသည့်အတွက် အိမ်ထဲသို့ စံပယ်ပန်းလေးများပါ လွင့်လာခဲ့သည်။

အိမ်ရှေ့ခန်းကို သစ်နံကိုင်းအငွေ့တိုက်ထားသောကြောင့် ခြင်၊ ယင်များမရှိ ။

ကုသို့သို့ သည် အနီရောင်အဝတ်လေးဖြင့် ရေချိုးပြီး နို့စို့၍ အိပ်ပျော်သွားလေသည်။သူ့ဗိုက်လေးမှာဖောင်းနေကာ လက်ကိုကိုက်ပြီးအိပ်နေလေသည်။

ကုရှီအန်း သူ၏ သားကို အိမ်ထဲသို့ပြန်ခေါ်လာခဲ့သည်။

အဘိုးဖြစ်သူမှာ တစ်နေကုန်အလုပ်လုပ်ရပြီး ညနေဘက် သူအလုပ်ပြန်သောအချိန်တွင် ကလေး‌လေးကအိပ်နေတက်သည်။ ကလေးလေးက ချွေးမဖြစ်သူ၏အခန်းထဲတွင်ဖြစ်သောကြောင့် သွားနှောင့်ယှက်လို့မကောင်းပေ။

ထို့ကြောင့်ကလေးလေးကို သိပ်မတွေ့ရပေ။

ကျန်းဆွေ့လန်က သို့သို့သည် နေ့ခင်းဘက် မအိပ်လျှင် ညဘက်နှစ်နှစ်ခြိုက်ခြိုက် အိပ်တက်ကြောင်းပြောခဲ့သည်။ ညဘက်နိုးလာမှာ မဟုတ်သောကြောင့် သူအိမ်မကြီးတွင် အိပ်လို့ရကြောင်းပြောလေသည်။

လူကြီးများက ထိုသို့ပြောကာ ကုရှီအန်းလည်း သဘောတူလေသည်။

လင်းယောင် ကလေးကိုဒိုက်ပါ လဲပေးလိုက်ပြီး ဆော့နေကျ ကျားရုပ်နှင့် အခြားအရုပ်များ ပေးလိုက်သည်။

အရှေ့အခန်းထဲတွင် ကုသို့သို့ အိပ်မောကျသွားသည်။ ထို့နောက် အပြင်ဘက်မှ ကြောင်လေးက တမြောင်မြောင်နှင့် တစ်ယောက်ယောက်ကို ရှာနေဟန် ဝင်လာခဲ့သည်။

လင်းယောင် ကြောင်လေး၏ နားကိုဖွဖွညှစ်လိုက်ပြီး

“ ကလေးလေးက ဟိုဘက်အခန်းမှာ”

ကြောင်လေးက နားလည်ဟန်ဖြင့် မြောင်ဟုပြန်ထူးလိုက်ပြီး သူ၏ သူငယ်ချင်းကို သွားရှာလေသည်။

လက်ထောက် ဒါရိုက်တာကုကတော့ ရေချိုးနေခဲ့သည်။ လင်းယောင်လည်း စာဖတ်ပြီး အိပ်ပျော်သွားခဲ့သည်။ တံခါးပွင့်သွားသည်နှင့် အေးစက်သော လေတစ်ချက်ကို ခံစားလိုက်ရသောကြောင့် နိုးသွားခဲ့သည်။

လင်းယောင် မျက်လုံးပွတ်လိုက်ပြီး တံခါးသေချာမပိတ်သွားကြောင်းရေရွတ်လိုက်သည်။

ရုတ်တရက် ခေါင်းထောင်ကြည့်လိုက်သောအခါ ရေများစိုရွဲ၍ ဝမ်းဗိုက်ကြွက်သား တောင့်တောင့်တင်းတင်းများရှိပြီး လင်းယောင်ချုပ်ပေးထားသည့် ဘောင်းဘီတိုဝတ်ထားသော လက်ထောက်ဒါရိုက်တာကုပင်။

လင်းယောင် မျက်တောင်ခတ်လိုက်ပြီး စုံချည်ဆန်ချည်ကြည့်လိုက်ပြီး တံတွေးမျိုချလိုက်သည််။

အို ။ ဒီလူက အသိတရားမရှိ လူကိုလာမြူဆွယ်နေတာပဲ။

ဟွန့် ။ အရူးလုပ်မခံနိုင်ဘူး!

All Chapters