အခန်း (၇၉)
Vol. 7 Ch. 79
လင်းယောင်က သန်းချင်ယောင်ဆောင်ခဲ့သည်။ " အိုး၊ တစ်နေကုန် ပင်ပန်းနေခဲ့တာပဲ။ အရမ်း အိပ်ချင်နေပြီ။ မြန်မြန်လုပ်၊ မီးအိမ်ကို ဖွင့်လိုက်တော့"
အဲ့လိုပြောပြီးနောက်မှာ၊ သူမက တဘတ်တစ်ထည်နဲ့ပတ်လိုက်ပြီး ခေါင်းဖော်ကာ စောင်ကိုခြုံအိပ်ခဲ့သည်။ ဒါတောင်မှ နှင်းလိုဖြူနေသော လည်ပင်းကိုတော့ မဖုံးထားခဲ့ပေ။
လက်ထောက်ဒါရိုက်တာကုက မတ်တပ်ရပ်နေဆဲဖြစ်ပြီး ညွှန်ကြားတဲ့အတိုင်း မီးအိမ်ကို မှုတ်ငြိမ်းခဲ့သည်။ ပြီးနောက် သူ မျက်လုံးမှိတ်ကာ လှဲခဲ့တော့သည်။
အခန်းက မှောင်လာပြီး ပြတင်းပေါက်အပြင်က ဝါးပင်အရိပ်တွေ ယိမ်းနွဲ့နေခဲ့ကြသည်။ လင်းယောင်က တိတ်တိတ်လေး အကြောဆန့်လိုက်ပြီး ခဏလောက် ကြည့်နေခဲ့သည်။ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်နေခဲ့သည်။ သူမ အတွေးလွန်နေပုံ ပေါ်ခဲ့ပါသည်။
လက်ထောက်ဒါရိုက်တာကုလဲ ပင်ပန်းနေခဲ့ပါသည်။ ပြည်သူ့လုံခြုံရေးဌာနမှာ အလုပ်ရှုပ်တဲ့တစ်နေ့တာ ကုန်ဆုံးခဲ့ပြီးနောက်၊ သူအိမ်ပြန်ရောက်လာတဲ့အခါ၊ ကလေးလေးရဲ့ ဒိုက်ပါတွေ လျှော်ရသည်။ မပင်ပန်းဘူးလား။
လင်းယောင်က စိတ်သက်သာရာ ရသွားခဲ့ပြီး၊ လက်ထောက်ဒါရိုက်တာကုရဲ့ ရေသူမကောက်ကြောင်းနဲ့ အတွင်းပိုင်းကြွက်သားတွေကို ပြန်စဉ်းစားမိကာ၊ သူမရဲ့ လက်တွေ ယားလာသလို ခံစားခဲ့ရသည်။
လက်ထောက်ဒါရိုက်တာကုရဲ့ ကြွက်သားတွေက သက်တောင့်သက်သာဖြစ်သလို ခံစားရသည်။
သူမ မထိတွေ့ရတာ လချီနေခဲ့ပြီဖြစ်သည်။
လင်းယောင်ရဲ့ လက်သည်းတွေ ရွှေ့လျားလာပြီး တိုးတိုးလေး ခေါ်ခဲ့သည်။ " ကုရှီအန်း? "
**တစ်စုံတစ်ယောက်ကတော့ အသက်ရှူသံတွေကလွဲလို့ တိတ်ဆိတ်ပြီး မလှုပ်တော့ပေ။ လင်းယောင်က စိတ်ပူလာပြီး နောက်တစ်ခေါက် ခေါ်ခဲ့သည်။
" လက်ထောက်ဒါရိုက်တာကု? "
" သို့သို့ဖေဖေ? "
" အပြင်မှာ မီးလောင်နေလားမသိဘူး? "
လင်းယောင်က အကြိမ်ပေါင်းများစွာ အော်နေခဲ့ပေမယ့် အဝတ်မပါတဲ့လူကြီးကတော့ သူ့မျက်လုံးတွေကို ပိတ်ထားဆဲဖြစ်ပြီး တုန့်ပြန်မှုမရှိခဲ့ပေ။
လင်းယောင်က အခုမှ တစ်ကယ် စိတ်သက်သာရာရသွားခဲ့ပါသည်။ စောင်ခြုံထဲက ပျော်မြူးစွာ ထွက်ခဲ့ပြီး သူမဘာသာ ယပ်တောင်အသေးနဲ့ ခတ်နေခဲ့သည်။ သူမအခု စောင်တွေ တဘတ်တွေထဲမှာ ထိုင်းမှိုင်းနေခဲ့ပါသည်။ ဒါက ပူလောင်တဲ့ နွေရာသီညတစ်ည ဖြစ်တာကြောင့် ပူအိုက်လို့နေပါသည်။ ဒီလူကြီးဆီက ပုန်းနေဖို့မဟုတ်ပဲ၊ သူမကိုယ်သူမအထင်လွဲနေလို့ လှုပ်လိုက်တိုင်း ချွေးတွေထွက်လာခဲ့သည်။
လင်းယောင်ရဲ့ ဖြူဖွေးနူးညံ့တဲ့ လက်လေးတွေထွက်လာပြီး ကုရှီအန်းရဲ့ ကြွက်သားတွေကို ထိတွေ့ခဲ့သည်။ ထပ်ကာထပ်ကာ ခပ်မြန်မြန်ထိတွေ့နေခဲ့ပြီး ပျော်နေခဲ့သည်။
လင်းယောင်က မအိပ်ခင် နောက်ထပ်နည်းနည်းလောက် ထပ်ထိတွေ့ဦးမယ်လို့ စဉ်းစားရင်း ပျော်ရွှင်စွာ ယပ်တောင်ခတ်နေခဲ့ပါသည်။
မမျှော်လင့်စွာပဲ၊ နှစ်ခြိုက်စွာအိပ်ပျော်နေခဲ့တဲ့ တစ်စုံတစ်ယောက်က အခုတော့ သူ့ရဲ့မျက်ဝန်းနက်နက်တွေကို ဖွင့်လိုက်ပြီး သန်မာတောင့်တင်းတဲ့ လက်မောင်းတွေကို အကြောဆန့်ကာ လွယ်လွယ်ကူကူပဲ လင်းယောင်ကို ရင်ခွင်ထဲမှာ ထည့်ထားခဲ့သည်။
" ထိတွေ့ရတာ ကျေနပ်ရဲ့လား ယောင်ယောင်? "
လူကြီးရဲ့ ဆွဲငင်နေတဲ့အသံဩဩက သူမရဲ့နားထဲမှာ ကြားလိုက်ရတဲ့အခါ၊ လင်းယောင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
" ရှင်မအိပ်သေးဘူးလား? "
" အင်း၊ အိပ်ပါတယ်၊ ယုန်လေးတစ်ကောင်ကြောင့် နိုးလာခဲ့တာပါ။ "
လင်းယောင် - " . . . . . . "
ဟူး၊ ရှင်က အဲ့ယုန်လေးပဲ!
လင်းယောင်က ခနလောက် ရုန်းနေခဲ့ပေမယ့် သူမရဲ့ခါးလေးကို လူကြီးက တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့သည်။ သူမ လှုပ်လို့မရခဲ့ပေ၊ ဒါကြောင့် ရိုးရှင်းစွာပဲ မလှုပ်ပဲနေခဲ့ပါသည်။ သူမက တဘက်ကို ဆွဲလိုက်ပြီး အိပ်ဖို့ ပြောခဲ့သည်။
ကုရှီအန်းက နူးနူးညံ့ညံ့ရယ်ခဲ့ပြီး "ဟုတ်ပြီ" လို့ပြောခဲ့ကာ စောင်ထဲကို တိုးကာအိပ်ခဲ့သည်။
" . . . "
လင်းယောင်က စကားပြောဖို့လုပ်လိုက်တာနဲ့၊ သူမကို တစ်ယောက်ယောက်က ဆွဲဆောင်မှုရှိတဲ့ နှတ်ခမ်းပါးတွေနဲ့ နမ်းရှိုက်ခဲ့သည်။
တစ်ညလုံး သည်းထန်စွာရွာခဲ့တဲ့ မိုးက မြေပြင်ပေါ်ကို ပန်းကြွေတွေ ပြန့်ကျဲစွာ ကြွေကျစေခဲ့သည်။
မိုးရွာပြီး နောက်တစ်နေ့မနက်မှာ၊ နေသာနေခဲ့ပြီး ပြတင်းပေါက်အပြင်မှာ၊ သလဲသီးအရွက်စိမ်းစိမ်းလေးတွေပေါ်မှာ မြူမှုန်လေးတွေ တင်နေခဲ့သည်။ လင်းယောင်က ၇ နာရီ လောက်အထိ အိပ်နေခဲ့ပြီး ကလေးလေး ကုသို့သို့က သူ့အမေကို နှိုးဖို့ အခန်းထဲမှာ ငယ်သံပါအောင် အော်ငိုနေခဲ့သည်။
ကျန်းဆွေ့လန်က ချွေးတွေပြန်ကာ ဖက်တီးလေးကို ချီထားပေးခဲ့သည်။ သူမက ဝင်လာချင်ခဲ့ပြီး သူမရဲ့ချွေးမလေးကို နှိုးချင်ခဲ့ပေမယ့် သူမက ယောင်ယောင်မနိုးမှာ ကြောက်နေခဲ့ပါသည်၊ ဒါကြောင့် သို့သို့ ဗိုက်ဆာနေမှာစိုးတာကြောင့်၊ သူမ မဝင်သွားခဲ့တော့ပေ။
လင်းယောင်က အပြင်မှာ သူမရဲ့သားလေး အော်ငိုနေတာကို ကြားတဲ့အခါ၊ သူမ ထနိုင်သလောက် မြန်မြန် အိပ်ယာက ထခဲ့ပါသည်။ သူမ ခေါင်းမဖြီးပဲ၊ ဖိနပ်ကိုစီးကာ ပြေးထွက်လာခဲ့သည်။
သူမ မြေပေါ်ကို ခြေချလိုက်တဲ့အချိန်မှာ၊ သူမရဲ့ နောက်ကျော ယောင်နေခဲ့ပြီး သူမရဲ့ ခြေထောက်တွေ အားနည်းနေခဲ့သည်။ လင်းယောင်က ဒါကို ဂရုမစိုက်နိုင်ခဲ့ပေ။ ပထမဆုံးသူမက သူမရဲ့သားလေးကို နို့တိုက်ဖို့ ချီထားလိုက်ပြီး သူမခါးကိုကိုင်ကာ တစ်စုံတစ်ယောက်ကို စိတ်ထဲကနေ ဆူနေခဲ့သည်။
ကျန်းဆွေ့လန်က စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချခဲ့ပြီးတော့ လင်းယောင် အိပ်ငိုက်နေခဲ့ပြီး ကောင်းကောင်းမအိပ်ရသေးတာကို သူမမြင်တဲ့အခါ သူမ စိတ်သောကရောက်ခဲ့ရပါသည်။
" ယောင်ယောင်၊ မနေ့ညက ဘယ်အချိန်အိပ်ယာဝင်ခဲ့တာလဲ? ဒီညတော့ ကောင်းကောင်းနားလိုက်ပါဦး၊ ပြီးတော့ ညနက်တဲ့အထိ မနေနဲ့နော်။ "
လင်းယောင် ရှက်သွေးဖြာနေခဲ့သည်။ ကံကောင်းစွာနဲ့၊ သူမရင်ခွင်ထဲက ပေါက်စီလုံးလေးက ကျန်းဆွေ့လန်ရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နိုင်အောင် ညည်းနေခဲ့ပြီး နို့စို့နေခဲ့သည်။ မဟုတ်ရင်၊ သူမ ဘာပြောရမယ်မှန်း မသိခဲ့ပေ။
လင်းယောင်က ကုသို့သို့ကို နို့တိုက်ခဲ့ပြီး ကျန်းဆွေ့လန်က သူမဆီက လွှဲပြောင်းချီပေးခဲ့ပြီး ထိန်းပေးခဲ့သည်။
ဇနီးမောင်နှံနှစ်ယောက် မနက်စာစားခဲ့ကြပြီး ပြန်အိပ်ဖို့ အိမ်ကို ပြန်သွားခဲ့ကြသည်။ လင်းယောင် နိုးလာတဲ့အခါ၊ ကုသို့သို့ က ပုခတ်ထဲမှာ အိပ်ပျော်နေဆဲဖြစ်သည်။ သူမ ဗီရိုပေါ်က နာရီကို လှမ်းကြည့်လိုက်သည်။ ၁၀ နာရီခွဲတောင် ရှိနေခဲ့ပြီဖြစ်သည်။
လင်းယောင် ပြန်လည်လန်းဆန်းလာခဲ့ပေမယ့် မနေ့ညက လေ့ကျင့်ခန်း အများကြီး လုပ်ခဲ့တာကြောင့် မလှုပ်ချင်လောက်အောင် ပျင်းနေခဲ့သည်။
ထို့အပြင်၊ နေမွန်းတည့်တော့မည်၊ ဒါကြောင့် ပြန်အိပ်ရမှာလဲ သူမ ရှက်ကိုးရှက်ကန်းဖြစ်နေခဲ့သည်၊ မဟုတ်ရင်၊ သူမ ပြန်အိပ်လို့ ရနိုင်ပါသေးသည်။
မီးဖိုချောင်ထဲမှာ၊ ကျန်းဆွေ့လန်က နေ့လည်စာပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သည်။
လင်းယောင်မှာ ဘာမှလုပ်စရာ မရှိခဲ့ပေ၊ ပြီးတော့ ကူညီပေးဖို့ ဝင်သွားချင်ပေမယ့်၊ သူမရဲ့ယောက္ခမက နှင်ထုတ်ခဲ့သည်။
" သမီးက အခုမှ ကလေးမွေးထားတာ၊ ခန္ဓာကိုယ်က အားနည်းနေသေးတယ်။ ရက်အနည်းငယ်လောက် ကိုယ့်ကိုယ်ကို သေချာ ဂရုစိုက်လိုက်ဦး။ မီးဖွားစဉ်အတောအတွင်းမှာ အမျိုးသမီးတစ်ယောက်က ကောင်းကောင်းမထိုင်နိုင်ရင်၊ အနာဂတ်မှာ ခံစားရလိမ့်မယ်။ "
လင်းယောင်က အိမ်ကိုသာ ပြန်သွားနိုင်ခဲ့သည်။
ကျန်းဆွေ့လန်က သီးစုံထမင်း၊ ခရမ်းချဉ်သီးကြက်ဥကြော်၊ သခွားသီးသုပ်တစ်ပန်းကန် ချက်ပြုတ်ထားခဲ့ပြီး နေ့လည်စာက အဆင်သင့်ဖြစ်နေခဲ့ပြီဖြစ်သည်။
လင်းယောင်က အိမ်ကိုပြန်သွားပြီး ကုသို့သို့ကို ကြည့်နေခဲ့သည်။ ဖက်တီးလေးက လက်သီးလေးဆုပ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်၊ ဒါကြောင့် အသိုက်ထဲက ယုန်မကြီးကို ကြည့်ဖို့ သူမ ခြံထဲကို ဆင်းသွားခဲ့သည်။
လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက၊ ကုရှီအန်းက ယုန်ကို အစာကျွေးဖို့ သွားခဲ့ပေမယ့် ယုန်မကြီးက ကိုက်တော့မလို ဖြစ်သွားခဲ့သည်။ အနီးကပ်ကြည့်လိုက်တဲ့အခါ၊ ယုန်မကြီးက နောက်ထပ်ကလေးရှိနေတာကို သူတွေ့ခဲ့ရသည်။
ကုရှီတုန်းကတော့၊ မရောင်းရတဲ့ မုန်လာထုပ်အရွက်တွေကို ကောက်ပြီး ယုန်တွေကို အစာကျွေးဖို့ နေ့တိုင်း ဟင်းရွက်ဈေးကို ခြင်းတောင်းလေးထမ်းကာ သွားခဲ့သည်။ အခုတော့၊ ဒီကောင်စုတ်လေးက ဂေါ်ပြားအသေးလေးကိုင်ပြီး ယုန်တွေအတွက် မြေတူးပေးဖို့ လုပ်နေခဲ့သည်။
ကြောင်လေးက တံတိုင်းအနိမ့်လေးပေါ်မှာ ထိုင်နေခဲ့ပြီး သူ့လက်ဖဝါးတွေကို ယက်နေခဲ့သည်။ လင်းယောင် အိမ်ထဲက ထွက်လာတာကို မြင်တာနဲ့၊ တံတိုင်းပေါ်က ခုန်ဆင်းလာခဲ့ပြီး ခြေထောက်တိုတိုလေးတွေနဲ့ ပြေးသွားကာ အော်ရင်း အမြီးလေးနှံ့နေခဲ့သည်။
ကြောင်လေးက တစ်ရက်တစ်ကြိမ် ရေချိုးပြီး သူ့ခန္ဓာကိုယ်က မွှေးပျံ့သည်။ လင်းယောင်က ကြောင်လေးကို ဖက်ကာ ခနလောက် ပွတ်သပ်ပေးနေခဲ့သည်၊ ပြီးတော့ အပြုံးလေးနဲ့ ပြောခဲ့သည်။ " ငါတို့ရဲ့ ကြောင်လေး ဝလာပြန်ပြီပဲ။ ဒီအမွှေးထူမျက်နှာလေးက အရမ်းဖောင်းနေတာပဲ။ တစ်ကယ် ပျော်စရာကောင်းတယ်။ "
ပျော်စရာကတော့ ပျော်စရာပဲပေါ့။
သူ့မရီးအိမ်ထဲမှာ ကြောင်လေးကို ပြောနေတာကို ကုရှီတုန်း မြင်ခဲ့ရပြီး ထွက်ပြေးချင်ခဲ့သည်။ သူမတတ်နိုင်ပဲ ပြောခဲ့ရသည်။ " မရီး၊ လပြည့်နေ့ ရောက်တော့မယ်။ ကျွန်တော့်ရဲ့ အကြီးဆုံးအဒေါ်နဲ့ ဒုတိယအဒေါ်တို့ မနက်ဖြန် အိမ်ကို လာကြလိမ့်မယ်။ ကျွန်တော်တို့ ဘာချက်သင့်လဲ? "
လင်းယောင် ဒါကို မေ့နေခဲ့သည် မဟုတ်ပါလား။ ဖက်တီးလေး မန်ယွဲ့ရဲ့ အိမ်မှာ လပြည့်နေ့ဝိုင်ပွဲတော်ကို ကျင်းပလိမ့်မည်၊ ပြီးတော့ မြို့က ဦးလေးတွေ၊ အဒေါ်တွေ အိမ်ကို လာတဲ့အခါ၊ သူတို့ ကောင်းကောင်းပြင်ဆင်ပေးထားရမည်။
ကောင်းတာတစ်ခုခုများ ရှိမလားဆိုတာကြည့်ဖို့ မီးဖိုချောင်ထဲကို လင်းယောင် ဝင်လာခဲ့ပေမယ့် ကြောင်လေးက အမြန် ထွက်ပြေးသွားခဲ့သည်။
လင်းယောင်က လက်တွေကို နောက်ပစ်ပြီး အဖွားအိုလေးတစ်ယောက်လို မီးဖိုချောင်ထဲမှာ လှည့်ပတ်ကြည့်နေခဲ့သည်။ သူမက ကြိုးတန်းပေါ်မှာ ချိတ်ထားတဲ့ ခြင်းတောင်းကိုလဲ ကြည့်ဖို့ ဖြုတ်လိုက်ပြီး လက်ခုပ်တီးလိုက်ကာ ပြောခဲ့သည်။ " ဒါလေး မဆိုးဘူး။ "
အိမ်ရှေ့မှာ ကြက်သားခြောက်တစ်ကောင်လုံး ရှိသေးသည်၊ ပြီးတော့ ယုန်သားတွေကို စားလိုက်ပြီးပြီ၊ ဒါပေမယ့် ကိစ္စမရှိပေ၊ အိမ်မှာ နောက်ထပ်ယုန်တစ်သိုက် ပေါက်ဦးမှာပါပဲ။
အခု လောင်ကုရဲ့ မိသားစုမှာ ယုန်ကြီး နှစ်ကောင်နဲ့ ယုန်အသေးလေး လေးကောင် စုစုပေါင်း ယုန်ခြောက်ကောင်ရှိသည်။ ယုန်မတွေကို အထူးသီးသန့်ခွဲကာ မွေးထားသည်။
လင်းယောင်က ရောက်လာပြီး ဝဝတုတ်တုတ်မီးခိုးရောင်ယုန်နှစ်ကောင်ကို ရွေးခဲ့သည်။
ကုရှီတုန်းက သိချင်စိတ်နဲ့ ရောက်လာခဲ့သည်။
" မရီး၊ ဘာလို့ ယုန်မလေးတွေကို ဖမ်းနေတာလဲ။ "
ဒီစိတ်ထားကောင်းတဲ့ ကလေးက ယုန်တွေကို နာမည်တောင် ပေးထားခဲ့သည်။
လင်းယောင်က သူမလည်ပင်းမှာ သေစေနိုင်တဲ့အမူအရာ လုပ်ပြခဲ့သည်။ " မနက်ဖြန် ဦးလေးနဲ့ အဒေါ် လာလိမ့်မယ်။ တစ်ကောင်ကို ပေါင်းပြီး တစ်ကောင်ကို ချက်မယ်! "
ကုရှီတုန်း - " . . . . . . "
ငါးစက္ကန့်လောက် စိတ်မသက်မသာဖြစ်ပြီးနောက်မှာ၊ ကောင်စုတ်လေးက တက်ကြွစွာ ပြောခဲ့သည်။ " မရီး၊ အားလူးနဲ့ ချက်ရင် ပိုစားကောင်းတယ်။ ရှောင်စစ်ကို သတ်ပြီး ချက်ရင် အာလူးတွေ ထည့်ချက်ဖို့ မမေ့နဲ့နော်။ ရှောင်ဆန်းနဲ့ ရှောင်စစ်ရဲ့ အရေခွံတွေကိုတော့ ကျွန်တော် သိမ်းထားလိုက်မယ်၊ ဆောင်းတွင်းမှာ နွေးအောင် ဦးထုပ်လုပ်ဝတ်လို့ ရတယ်လေ။ "
လင်းယောင် - " . . . . . . "
ဟုတ်ပြီလေ။
*
နောက်တစ်နေ့ မနက်စောစောမှာ၊ လင်းယောင်က ကလေးလေးကို ရေချိုးပေးပြီး ရေမွှေးစွတ်ပေးကာ ကျန်းဆွေ့လန်ရဲ့ အနီရောင် ခါးစည်းလေးဝတ်ပေးပြီး သူ့ခြေထောက်လေးတွေမှာ ခြေအိတ်လေးတွေ ဝတ်ပေးခဲ့ကာ ခေါင်းလေးပေါ်မှာ ကျားလက်သည်းဦးထုပ်လေး ဆောင်းထားပေးခဲ့သည်။ ကျားခေါင်းစွပ်လေးကို ဝတ်ထားတော့၊ ဒီကလေးလေးက ချက်ချင်းပဲ ပန်းချီကားထဲက ဖွေးစွတ်နူးညံ့ပြီး ဝဝပြည့်ပြည့်ကောင်လေး ဖြစ်လာခဲ့သည်။ သူဘယ်လောက်ချစ်ဖို့ကောင်းနေလဲဆိုတာ ပြောစရာတောင် မလိုခဲ့ပေ။
လင်းယောင်က သူ့သားလေးကို ဖက်ပြီး နမ်းခဲ့သည်။
" မေမေ့ရဲ့ သို့သို့လေးက ချစ်ဖို့ကောင်းလိုက်တာ။ "
ကုသို့သို့က စိတ်လှုပ်ရှားစွာနဲ့ သူ့ခြေထောက်ဖောင်းဖောင်းလေးတွေနဲ့တောင် ကန်နေခဲ့ပြီး သူ့အမေကို နို့နံ့သင်းနေတဲ့ အနမ်းလေးတစ်ပွင့် ပေးခဲ့ပါသည်။
ကလေးလေး တစ်လပြည့်တဲ့အခါ၊ ကျေးလက်ဒေသဘက်ကရွှီမိသားစုရဲ့ အဖွားက ရုတ်တစ်ရက် ဖျားနာခဲ့သည်။ အစ်ကိုကြီး ထို့ထို့နဲ့ သူ့မိသားစုအားလုံး အဖွားကို စောင့်ရှောက်ဖို့ သူတို့မွေးရပ်မြေကို ပြန်သွားခဲ့ကြသည်။
မပြန်ခင်မှာ၊ ကုချွင်မေက သူမရဲ့တူလေးအတွက် သစ်သီးဘူးတွေ သယ်လာခဲ့ပြီး ဘာစကားမှမပြောနိုင်ပဲ အလောတကြီး ပြန်သွားခဲ့သည်။ ကုရှီအန်းကလဲ အိမ်မှာ ရှိခဲပါသည်။ သူက တံတောင်ဆစ်အထိ အင်္ကျီလက်တွေကို ခေါက်တင်ထားပြီး အဖြူရောင်ရှပ်အင်္ကျီနဲ့ စစ်စိမ်းရောင်ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားခဲ့သည်။
ကလေးကို ချီဖို့ သူ့မိန်းမ အခက်အခဲဖြစ်နေတာကို တွေ့ရတဲ့အခါ၊ ကုသို့သို့ ကို ချီပြီး ခေါ်သွားပေးခဲ့သည်။
ဒုတိယအဒေါ်က သူမကို မြင်ပြီး ပြုံးကာ ပြောခဲ့သည်။ " အိုး၊ အခုတော့ မင်းမိန်းမကို ဘယ်လောက်ချစ်လဲ သိပြီပေါ့။ ယောင်ယောင် ပြန်မွေးဖွားလာတဲ့အခါ၊ ဒီအိမ်က ရှင်သန်နေကြဦးမှာပါ။"
ယောင်ယောင်က ကိုးရိုးကားယား ရယ်နေခဲ့သည်။
လူကြီးတွေအားလုံး တူတူပါပဲ။ အကြီးဆုံးကလေး မွေးလာပြီးတာနဲ့၊ ဒုတိယကလေးယူကြဖို့ တိုက်တွန်းကြသည်။
ဦးလေးကျန်းနဲ့ ဦးလေးကျန်းတို့ ဦးလေးနှစ်ယောက်က ဒီကလေးလေးကို အလွန်သဘောကျနေခဲ့ကြပြီး တစ်မနက်လုံးကို ကုသို့သို့နားမှာပဲ နေရင်း ကုန်ဆုံးခဲ့ကြသည်။
ဒီကလေးလေးက လူစိမ်းတွေကို မကြောက်ပေ။ သူ့ကိုဖက်ဖို့လာကြတဲ့ ဘယ်သူ့ကိုမဆို ပျော်ရွှင်စွာနဲ့ သူ့ရဲ့လက်လေးတွေကို လှမ်းပေးနေခဲ့ပါသည်။
ဦးလေးနှစ်ယောက်က အရိမေတ္တေယျမြတ်စွာဘုရားကို ကြည့်နေရသလို အလွန်ပျော်ရွှင်နေခဲ့ကြသည်။
ပထမဦးလေးက သူ့ကိုဖက်ခဲ့ပြီးနောက်၊ ဒုတိယဦးလေးက ဖက်ခဲ့သည်၊ ပြီးတော့ ဒုတိယဦးလေးက ကောင်စုတ်လေးကို ဖက်ခဲ့ပြီး သူ့အဖိုးလက်ထဲကို ထပ်ထည့်ပေးလိုက်သည်။
ကုမန်ဆန်က သူ့ရဲ့မြေးကြီးကို ဖက်ခဲ့ပြီးတာနဲ့၊ ကုသို့သို့ က စတင်ညည်းနေခဲ့သည်။ ဦးလေးကျန်းက ပြောခဲ့သည်။ " ဘာဖြစ်လို့လဲ? ဗိုက်ဆာလို့လား? "
" မဟုတ်ဘူး၊ ခုနကမှ နို့သောက်ထားတာ၊ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ဗိုက်ဆာမှာလဲ? "
" ရှူးပေါက်ချထားတာလား? "
လူကြီးသုံးယောက်က ခပ်မြန်မြန်ပဲ ကလေးအတွက် ဒိုက်ပါကို ဖွင့်ကြည့်ခဲ့ကြသည်။ ဒိုက်ပါက သန့်ရှင်းနေခဲ့ပါသည်။ ကုသို့သို့ က သူ့ရဲ့ပါးစပ်ကို မဲ့ကာ ငိုတော့မည်။
ကုရှီအန်းက အခြေအနေကို ကြားခဲ့ပြီး တိတ်တဆိတ် ရောက်လာခဲ့ပါသည်။ ကလေးက အိပ်ချင်နေတာလို့ သူပြောခဲ့သည်။ သူ့သားကို ကျွမ်းကျင်စွာချီလိုက်ပြီး ချော့မြှူနေခဲ့သည်။
သေချာပါတယ်၊ မိနစ်အနည်းငယ်အတွင်းမှာ၊ ကုသို့သို့ က သူ့အဖေလက်ထဲမှာ မျက်လုံးလေးတွေ မှိတ်ပြီး အိပ်ပျော်သွားခဲ့ပါသည်။
" အိုး၊ ချွေးတောင်ပြန်တယ်။ "
ဦးလေးကျန်းက သူ့ခေါင်းကချွေးတွေကို သုတ်လိုက်ပြီး အကျင့်အဖြစ် တစ်ရှိုက်လောက်သောက်ဖို့ ဆေးရွက်ကြီးဆေးလိပ်ကို ထုတ်လိုက်သည်။
အကြီးဆုံးအဒေါ်က ဟင်းရွက်စိုက်ခင်းထဲမှာ ကြက်သွန်မြိတ်တွေ ခူးနေခဲ့ပါသည်။ ဒီအဖိုးကြီးရဲ့ ကြင်နာမှုကြီးကို မြင်လိုက်ရချိန်မှာ၊ ချက်ချင်း ရောက်လာခဲ့ပြီး စိုက်ကြည့်နေခဲ့သည်။ " ဘာလုပ်နေတာလဲ၊ အဖိုးကြီး။ သို့သို့ လို အရွယ်ကလေးတစ်ယောက်ရှိနေတာကို ဆေးလိပ်သောက်ဦးမလို့လား? "
ဦးလေးကျန်းက ခပ်ရေးရေးပြုံးခဲ့သည်။ " ဒါက ကျွန်တော်လုပ်နေကျ အရာ မဟုတ်ဘူး။ "
ကုမန်ဆန်က သူ့ရဲ့ဦးလေးကြီးကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့စဉ်မှာ၊ ဦးလေးကျန်းက သူ့ရဲ့ ကံမကောင်းမှုကို စိတ်ပျက်နေခဲ့သည်။
ဦးလေးကျန်းက ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အလွန်ရှက်နေခဲ့ပြီး ထပ်ပြီး ချွေးပြန်လာခဲ့သည်။
*
ကုသို့သို့ လေး တစ်လပြည့်ခဲ့ပါပြီ။ ဒီနှစ်မှာ၊ ကောင်တီက ကောက်ပဲသီးနှံတွေ များပြားစွာ ရိတ်သိမ်းနိုင်ခဲ့ပြီး အစားအသောက်ထောက်ပံ့မှုလဲ ပြေလည်ခဲ့သည်။ ပြီးတော့ ကုမိသားစုကြီးကလဲ ရက်ရောကြသည်။
စားပွဲပေါ်မှာ မာဖိုတို့ဟူးတစ်ပန်းကန်၊ ကြက်သွန်မြိတ်ကြက်ဥဟင်းရည်၊ ယုန်အာလူးစွပ်ပြုတ်၊ ခေါက်ဆွဲနဲ့ မုန့်ပေါင်းခြင်းကြီး တစ်ခြင်း ရှိနေခဲ့သည်။
ကုမန်ဆန်က သူသိမ်းထားတဲ့ ဝိုင်ပုလင်းအကောင်းကို ထုတ်လာခဲ့ပြီး မိသားစုထဲက လူကြီးလူကောင်းတစ်ယောက်ချင်းစီတိုင်းကို သူ့ရဲ့မြေးလေး တစ်လပြည့်အတွက် ပျော်ရွှင်စွာဆင်နွှဲကြဖို့ တစ်ခွက်စီ ငှဲ့ပေးခဲ့ပါသည်။
ဝိုင်အနည်းငယ်သောက်ပြီးတဲ့နောက်မှာ၊ ဦးလေးကျန်းက စကားကျယ်ကျယ် စပြောလာခဲ့ပါသည်။
ဦးလေးကျန်းက အရက်စွဲနေတဲ့လူ မဟုတ်ခဲ့ပေ၊ ပြီးတော့ တစ်ခါသောက်ပြီးရင် ထပ်မသောက်တော့ပေ။ ကုမန်ဆန်က ဒီနှစ်ရဲ့အခြေအနေတွေကို မေးမြန်းနေခဲ့သည်။
ဦးလေးကျန်းက တစ်ခစ်ခစ်ရယ်နေခဲ့သည်။ " ကုန်လှောင်ရုံပြည့်နေရင် စိတ်မပူနဲ့၊ ငါတို့ ယွင်ရွှေကောင်တီက ဒီနှစ်မှာ သေချာပေါက် အစားအသောက်ပြတ်လက်မှာ မဟုတ်ဘူး” ကုမန်ဆန်က စဉ်းစားရခက်နေခဲ့သည်။
ဦးလေးကျန်းက သူ့ကို ရှင်းပြခဲ့သည်။ " မနှစ်တုန်းက၊ သူဌေးတွေ ပါဝင်ခဲ့ကြတယ်။ ဂုဏ်သတင်းတွေကို ကယ်တင်ဖို့၊ ထုတ်လုပ်ရေးအသင်းကြီးတိုင်းက စပါးအထွက်နှုန်းဟာ ထောင်ချီတဲ့ အလေးချိန်ထက် ပိုတယ်လို့ပြောကြရင်း တစ်ခြားတစ်ခုထက် ကြွားဝါချင်ကြတယ်၊ ဒါပေမယ့် တစ်ကယ်က လယ်ထဲကသီးနှံတွေက ဒါတွေပါပဲ။ ကောင်းပြီ၊ မြေတစ်ဧကမှာ ကီလိုဂရမ်ထောင်ချီတဲ့ သီးနှံတွေ ဘယ်မှာရနိုင်မလဲ? အခုတော့၊ များများကြွားဝါရင်၊ အကြီးအကဲတွေက သီးနှံတွေအားလုံးကို သိမ်းယူသွားကြလိမ့်မယ်၊ ကျွန်တော်တို့တော့ ဆာလောင်ပြီး ကျန်ခဲ့ရတော့မှာပေါ့။ ဒီနှစ်ရဲ့ သီးနှံထွက်နှုန်းက ကောင်းတယ်၊ ဒါပေမယ့် မြောက်ပိုင်းမှာ ဘေးဒုက္ခတွေ ရှိနေကြသေးတယ်။ အကြီးအကဲတွေက သီးနှံထွက်နှုန်းကို တင်ပြဖို့ ပြောခဲ့တယ်။ ကျွန်တော်တို့ ကောင်တီက ခေါင်းဆောင်အုပ်စုက ခေတ်မီလာပြီး စပါးကျီထဲက လက်ကျန် ၃၀% ကိုချန်ထားကာ အရင်နှစ်က ထွက်နှုန်းရဲ့ ၇၀% ကို တင်ပြလိုက်တယ်။ ဒီမှာ၊ ကျွန်တော်ကတော့ မနှစ်ကလိုမျိုး ငတ်မွတ်ခေါင်းပါးမှုကို ကြုံရမှာ ကြောက်မိတယ်။ "
ကုမန်ဆန်က ပျော်ရွှင်စွာနဲ့ လက်ခုပ်တီးခဲ့သည်။ " ဒါကောင်းတယ်။ ငါတို့လို တူညီတဲ့လူတွေကပဲ တစ်နှစ်စာအစားအသောက်အတွက် မှီခိုနိုင်ကြတာ။ အစားအစာမရှိရင်၊ အားလုံးက စကားသက်သက်ပဲ။ "
" အိပ်လို့လဲ မရဘူး။ "
အရင်ဆောင်းရာသီတုန်းက၊ အစားအသောက်မရှိပဲ အိမ်မှာ စိုက်ထားတဲ့ ကန်စွန်းဥတွေပဲ စားခဲ့ရတဲ့ ရွာသားတွေ အများကြီးပဲ ရှိကြသည်။ သူတို့အသားတွေ ဝါလာကြပြီး ပိန်လှီလာခဲ့ကြသည်။ သူတို့ တစ်ကယ်ကို ဗိုက်ဆာနေခဲ့ကြပါသည်။ ဒါက နောက်ဆုံး နေရာတစ်ခုဖြစ်ခဲ့သည်။
မိသားစုထဲက လူကြီးသုံးယောက်က သူတို့ထလိုက်တာနဲ့ အလွန်မူးနေခဲ့ကြပါသည်။ ခနကြာပြီးတဲ့နောက်မှာ၊ သူတို့က စားပွဲပေါ်မှာ မှောက်နေပြီး ဟောက်နေခဲ့ကြသည်။ ဦးလေးကျန်းကသာ အင်အားတွေကျန်နေသေးပြီး နောက်ထပ်သောက်ဖို့ အော်နေနိုင်သေးတဲ့ တစ်ယောက်တည်းသောလူ ဖြစ်ခဲ့သည်။
ကျန်းဆွေ့လန်နဲ့ သူမရဲ့ယောင်းမနှစ်ယောက်က တစ်ချက်ကြည့်ဖို့ ရောက်လာခဲ့ကြပေမယ့် စိတ်ဆိုးဖို့တောင် အသုံးမဝင်ပေ။ သူတို့က လူကြီးတွေရဲ့မျက်နှာပေါ်ကို ရေတွေလောင်းကာ သုတ်ပေးခဲ့ကြသည်။ သူတို့က ကုရှီအန်းကို လာဖို့ခေါ်ခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် အိပ်ယာထဲကို ပို့လိုက်ကြသည်။
ကုရှီအန်းက သောက်နိုင်ပါသည်။ ဝိုင်အနည်းငယ်သောက်ပြီးနောက်မှာ၊ သူ့ရဲ့ ချောမောတဲ့မျက်နှာက ပုံမှန်အတိုင်းပဲရှိနေခဲ့ပြီး သူသောက်ထားခဲ့တယ်လို့ မပြောနိုင်ပေ။
လင်းယောင်က စိတ်မအေးဖြစ်နေခဲ့ပြီး သွားကြည့်ခဲ့ပါသည်။ ကောင်းပြီ၊ သူ မမှောက်သွားရင် အဆင်ပြေပါတယ်။ သူမရောက်သွားတာနဲ့၊ တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ အရက်နံ့တွေ ရနေခဲ့ပါသည်။
လင်းယောင်က နှာခေါင်းလေးကို ရှုံ့မဲ့မဲ့လုပ်ပြီး သူမနှာခေါင်းကိုအုပ်ဖို့ လက်ကိုင်ပုဝါတစ်ထည်ကို ယူခဲ့ပါသည်၊ ရေတစ်ဇလုံဖြည့်ခဲ့ပြီး တဘက်ကို ရေဇလုံထဲထည့်ကာ ရေညှစ်ပြီး ကုရှီအန်းကို မျက်နှာသစ်ဖို့နဲ့ ခန္ဓာကိုယ်ပေါ်က အရက်နံ့တွေ ပျောက်အောင်လုပ်ဖို့ ပြောခဲ့သည်။
ကုရှီအန်းက စိတ်အခြေအနေကောင်းနေခဲ့ပြီး သူ့မိန်းမဘာပြောပြော မှန်တယ်လို့ပြောရင်း ပြုံးနေခဲ့သည်။ သူ့မျက်နှာကို ရေနဲ့ဆေးချလိုက်ပြီး ကျဉ်းမြောင်းစူးရှတဲ့ အနက်ရောင်မျက်ဝန်းတစ်စုံကို ပေါ်လွင်စေခဲ့သည်။
သူမျက်နှာသစ်နေစဉ်မှာ၊ တစ်ခုခုကို ရုတ်တစ်ရက် သတိရသွားခဲ့သည်။ မပြောခင် ခနလောက် စဉ်းစားနေခဲ့သည်။ " ယောင်ယောင်၊ မင်းအစ်ကိုနဲ့ ပတ်သက်ပြီး သတင်းတစ်ခု ရခဲ့တယ်။ "
လင်းယောင်က အိုးထဲက ကြက်ဥနွေးနွေးလေးကို စားနေခဲ့သည်။
သူမ ဒါကို ကြားတဲ့အခါ၊ အလောတကြီး မျက်လုံးတွေကို ဖွင့်လိုက်ပြီး လက်ထဲက ကြက်ဥကို သုံးလေးငါးကိုက်လောက်နဲ့ စားကာ သတင်းကိုကြားရဖို့အတွက် အမောတကော ပြေးသွားခဲ့သည်။
" အစ်ကို၊ ဒီလူကြီး လင်းရီ ဘယ်မှာတဲ့လဲဟင်? "
လွန်ခဲ့တဲ့ ခြောက်လမှာ၊ လင်းယောင်က ရှင်းကျန်း ကို မရေမတွက်နိုင်တဲ့စာစောင်တွေ ပို့နေခဲ့သည်။ အစအဆုံး သတ္တိရှိဖို့အပြည့်အဝ မျှော်လင့်ရင်း၊ သူမ စာဘယ်နစောင်ရေးခဲ့လဲဆိုတာတောင် မပြောနိုင်ခဲ့တော့ပေ။ ဒီစာတွေကို ပို့ခဲ့ပေမယ့် ပြန်စာမရှိပဲ ပင်လယ်ထဲကိုသာ မြောသွားခဲ့သည်။
တစ်ခါတစ်လေ၊ လင်းရီက တမင်တကာများ နောက်ပြောင်ပြီး လိပ်စာအမှားကြီး ပေးခဲ့သလားလို့တောင် လင်းယောင်ထင်မိပါသည်၊ မဟုတ်ရင် ဒီစာတွေက ဘာသတင်းမှမကြားရပဲ နှင်းမှုန်လေးတွေလို ပျံထွက်သွားမှာမဟုတ်ဘူးလေ။
လင်းရီက အသက် ၁၇ နှစ်မှာ စစ်ထဲကိုဝင်ခဲ့ပါသည်။ နိုင်ငံက မြောက်ကနေ တောင်အထိ ကျယ်ပြောလှသည်၊ ဒါကြောင့် စစ်သားတစ်ယောက်အနေနဲ့ ထမ်းဆောင်ဖို့ အခြေအနေတွေက အခက်ခဲဆုံးဖြစ်တဲ့ ရှင်းကျန်းကို သွားခဲ့ရပါသည်။
ဒီအချိန်မှာ ရှင်းကျန်းက အနာဂတ်မျိုးဆက်သစ်တွေအတွက် ခရီးသွားလည်ပတ်ရေးနေရာမဟုတ်ဘူးဆိုတာကို သိကိုသိနေရမည်ဖြစ်သည်။
၁၉၅၀ နဲ့ ၁၉၆၀ ပြည့်နှစ်တွေက ရှင်းကျန်းက အကြည့်တစ်ချက်မှာတင်၊ မဆုံးနိုင်တဲ့အဝါရောင်သဲပြင်ကြီး၊ လူနေထိုင်မှုမရှိ၊ အိုအေစစ်မရှိ၊ နဲ့ တိရိစ္ဆာန်အုပ်တွေမရှိတဲ့ ပျက်စီးနေသော ဂိုဘီသဲကန္တာရကြီး ဖြစ်ခဲ့သည်။ သိုးတွေက နေရာတိုင်းမှာရှိကြသည်၊ ထောင်ပေါင်းများစွာသော စစ်သားတွေနဲ့ ပြည်သူတွေကို ရှင်းကျန်းမှာ အခြေချဖို့ ခေါ်လာပေးတဲ့အတွက် စစ်ပြန်ဗိုလ်ချုပ်ကြီး ဝမ်ကျန်းကို ကျေးဇူးတင်ရမည်ဖြစ်သည်။
လင်းရီက ရှင်းကျန်းမှာ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ဖို့ သွားတော့မည်။
လင်းဝေကော်နဲ့ ဇနီးက သူတို့ရဲ့သားကို နားမလည်နိုင်ခဲ့ကြပေ၊ ဒါပေမယ့်လဲ သူတို့သားရဲ့ ဆုံးဖြတ်ချက်ကို ပံ့ပိုးပေးခဲ့ကြပါသည်။ အဖိုးလင်းက အနီရောင်တပ်ဖွဲ့က တော်လှန်ရေးသမားဟောင်းတစ်ယောက်ဖြစ်သည်။ သူက အနီရောင်တပ်ဖွဲ့ကို မြက်ခင်းဖွေးဖွေးနဲ့တောင်တန်းတွေကိုဖြတ်၊ နှင်းတွေထဲမှာ တက်လှမ်းခဲ့ပြီး ရှည်လျားတဲ့ချီတက်မှုကို လိုက်နာခဲ့သည်။
အနီရောင်တပ်ဖွဲ့ရဲ့စစ်သားတွေက ဘာလို့ နယ်စပ်မှာ အခြေချပြီး အမိမြေကို မတည်ဆောက်နိုင်ကြတာလဲ?
လင်းရီက သူ့မိဘတွေကို ဘယ်တော့မှပြန်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့ကြသည်။
ယွင်ရွှေကောင်တီက ရှင်းကျန်းနဲ့ အလွန်ဝေးသည်၊ ပြီးတော့ လင်းယောင်ရဲ့ သူမအစ်ကိုကို ရှာဖို့ စိတ်ဆန္ဒက ကောက်ရိုးပုံထဲမှာ အပ်ရှာနေရသလိုပါပဲ။ ကံကောင်းစွာနဲ့၊ ကုရှီအန်းမှာ ရှင်းကျန်းတပ်ခွဲမှာရှိတဲ့ ရဲဘော်မိတ်ဆွေဟောင်းတစ်ဦး ရှိခဲ့သည်။
မနှစ်က ခက်ခဲနေစဉ်အတောအတွင်းမှာ၊ ကုရှီအန်းက သူ့ရဲဘော်တွေအတွက် ဆန်ခေါက်ဆွဲတွေ၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ တစ်ခြားနေ့စဉ်သုံးပစ္စည်းတွေနဲ့ သူ့ယောက်ဖလင်းရီကို ကူရှာပေးဖို့ သူ့ရဲဘော်တွေကို တောင်းဆိုတဲ့စာတစ်စောင်လဲ ပါတဲ့ အထုတ်တစ်ခု ပို့ပေးခဲ့သည်။
အဲ့ဒီရဲဘော်တွေကလဲ သစ္စာရှိခဲ့ကြသည်။ တစ်နှစ်ခွဲကျော်ကြာတဲ့အထိ သူ့အတွက် အကောင်းဆုံး ကြိုးစားရှာဖွေပေးနေခဲ့ကြပြီး နောက်ဆုံးမှာ လင်းရီရဲ့ သတင်းကို ရလာခဲ့သည်။