← Chapters

အခန်း (၈၂)

Vol. 7 Ch. 82

အခန်း (၈၂)

Vol. 7 Ch. 82

လင်းယောင်က စိတ်ရှုပ်သွားခဲ့သည်။ သို့သို့ကို စောင့်ရှောက်ဖို့ ကုရှီအန်းကို အားကိုးရမယ်? ဒါနောက်စရာ မဟုတ်ဘူးလေ။

ကောင်တီပြည်သူ့လုံခြုံရေးဌာနမှာ ကိစ္စတွေ အများကြီး ဖြစ်သွားခဲ့ပြီး လက်ထောက်ဒါရိုက်တာကုက တစ်နေ့လုံး အလုပ်ရှုပ်နေခဲ့သည်။ ဒီကလေးလေးကို စောင့်ရှောက်ဖို့ သူ့မှာ ဘယ်လိုလုပ်ပြီး အချိန်ရှိမှာလဲ? ဒါ့အပြင်၊ ကလေးက သူ့အဖေကို သဘောကျလေ့ မရှိဘူး။ အဖေနဲ့သားက ဘယ်လိုလုပ်ပြီး သဟဇာတဖြစ်နိုင်မှာလဲ?

ဘာလို့လဲဆိုတာ သူမ မေးချင်ခဲ့ပေမယ့်၊ ကျန်းဆွေ့လန်က " အချိန်ကျလာတဲ့အခါ၊ သိလိမ့်မယ်။ " ဆိုတဲ့ မျက်နှာအမူအယာနဲ့ ထူးထူးခြားခြား ပြုံးနေခဲ့သည်။

လင်းယောင်က မမေးနိုင်ခဲ့ပေ။ ဒါကြောင့် သူမ မေးနေတာကို ရပ်လိုက်သည်။ ဘာပဲဖြစ်ဖြစ်၊ အချိန်ကျလာရင်၊ သိလာမှာပဲ။

လင်းယောင်က ဆက်မမေးတော့ပဲ၊ လက်ထောက်ဒါရိုက်တာကုရဲ့ ကလေးထိန်းခြင်းဘဝက စတင်ခဲ့ပြီဖြစ်သည်။

ရက်အတန်ကြာတဲ့အခါ၊ ကုရှီအန်း အိမ်ပြန်ရောက်တာနဲ့၊ အိမ်မှာ ရဲဘော်ဆွေ့လန်က သူမရဲ့သားကြီးကို ကလေးဘယ်လိုချီရလဲ၊ ဒိုက်ပါဘယ်လိုလဲရလဲ၊ ကုသို့သို့ကို ဘယ်လို သန့်ရှင်းပေးရလဲဆိုတာနဲ့ ဘူးထဲက လင်းယောင်ရဲ့ နို့ကိုတိုက်ပေးဖို့ သင်ပြပေးခဲ့သည်။ တစ်ကယ်တော့၊ ဒီအလုပ်တွေက အရမ်းခက်ခဲပါသည်။ အဖေဖြစ်သူက အရမ်းတော်တော့ မသင်ထားပဲနဲ့ သူ ကောင်းကောင်းလုပ်နိုင်သည်။

လင်းယောင်ကို ပျော်အောင်လုပ်ပေးတဲ့ အရာတစ်ခုသာ ရှိခဲ့သည်။

ကျေးလက်ဒေသက အမျိုးသမီးတွေ အများစုသုံးတဲ့ အဝတ်စအိအိလေးလိုမျိုး နူးညံ့တဲ့ချည်သားနဲ့ ကလေးထည့်တဲ့ အိတ်လေးတစ်လုံးကို ကျန်းဆွေ့လန်က ချုပ်ပေးခဲ့သည်။

အများစုကို အနီရောင်နဲ့ အနက်ရောင်အဝတ်ကြမ်းနဲ့ ချုပ်လုပ်ထားခဲ့သည်။ အဝတ်စအစွန်းမှာ အိတ်နှစ်လုံးရှိပါသည်။ လယ်ထဲမှာ အလုပ်တွေရှိခဲ့သည်။ အချိန်ကျလာတဲ့အခါ၊ ကလေးကို ကျောမှာပိုးပြီး လယ်ထဲဆင်းခဲ့ရသည်၊ ဒါကြောင့် တစ်ချိန်တည်းမှာပဲ ကလေးကိုစောင့်ရှောက်နိုင်ပြီး အလုပ်လုပ်နိုင်ခဲ့သည်။

အဝတ်အိတ်တွေမရှိတဲ့ တစ်ချို့အမျိုးသမီးတွေက အိမ်က အခင်းစတစ်ခုကို ယူပြီး သူတို့ရဲ့ကျောပေါ်မှာ ကလေးကို ပတ်ထားခဲ့သည်။ အဲ့လို ငယ်ငယ်ကတည်းက သေချာမစောင့်ရှောက်တာမျိုးက ပြောရတာ တစ်ကယ်ထူးဆန်းပါသည်။ သူတို့ထဲက တစ်ချို့က နွားပေါက်လေးတွေနဲ့ တူပေမယ့် မြို့မှာတိတ်တဆိတ်ပျိုးထောင်ထားတဲ့ ကလေးတွေကတော့ အားနည်းတတ်ကြသည်။

ကုမိသားစုကြီးကတော့ ကလေးတွေကို ပျိုးထောင်တဲ့အခါ အသေးစိတ် အာရုံမစိုက်ကြပေ။ ပြီးတော့ ကုသို့သို့က ဝဖြိုးတဲ့ကလေးလေးတစ်ယောက်ဖြစ်သည်။ သူကြီးလာရင်တော့ မထိခိုက်နိုင်‌လောက်တဲ့ ပမာဏမျှ အရိုက်ခံရပေမည်။ သူ့အပေါ်ထားတဲ့ အမေ့ရဲ့ကြီးမားတဲ့မေတ္တာတွေကြောင့် သူငယ်ငယ်ကတည်းက မြေကြီးပေါ်ကို တွားမသွားခဲ့ဖူးပေ။

အဝတ်အိတ်လေး အဆင်သင့်ဖြစ်တာနဲ့၊ လက်ထောက်ဒါရိုက်တာကုက အလုပ်များလာခဲ့သည်။ အဖေဖြစ်သူက ကျေးလက်ဒေသက မိခင်တွေလို ဖြစ်နေခဲ့သည်။ သူအလုပ်ကနေ အိမ်ကို ပြန်ရောက်ရောက်ချင်း၊ လေးနက်တည်ငြိမ်ပြီး ချောမောနေတဲ့မျက်နှာနဲ့ သူ့ကျောပေါ်မှာ အဝတ်အိတ်တစ်ခု ပိုးထားခဲ့သည်။ အဝတ်အိတ်လေးက မာနကြီးတဲ့ ကုသို့သို့လေး အိပ်ဖို့အတွက်ဖြစ်သည်။

ဒီမြင်ကွင်းက လင်းယောင်အတွက်တော့ ပျော်ရွှင်ကျေနပ်မှုပါပဲ။ မြင်တဲ့အခါတိုင်း၊ လက်ခုပ်တီးပြီး ရယ်နေလေ့ရှိသည်။

ကုရှီတုန်းအနေနဲ့၊ ကောင်စုတ်လေးက ရယ်ချင်နေခဲ့ပေမယ့်၊ သူ့အစ်ကိုကြီးရဲ့ အမူအရာမရှိပဲ အေးစက်နေတဲ့မျက်နှာကို မြင်ရတဲ့အခါ၊ ကြောက်လန့်ကာ တုန်ယင်နေပြီး သူ့ပါးစပ်ကိုပိတ်ကာ အမြန်ပြေးတော့သည်။

သူက ဒီအိမ်ကို လွှမ်းမိုးနိုင်တဲ့ သူ့မရီးမှ မဟုတ်တာ။ မရီးက တံစက်မြိတ်ကို ဖြိုချချင်တယ်ဆိုရင်၊ အစ်ကိုကြီးက သူမအတွက် လှေကားဆောက်ပေးပါလိမ့်မည်။

သူသာ အဲ့လိုလုပ်မယ်ဆိုရင်၊ ရဲဘော်ဆွေ့လန်က သူ့တင်ပါးကို ရိုက်ပါလိမ့်မည်။ မိသားစုထဲမှာ ဒီကောင်စုတ်လေးရဲ့ ရာထူးက ရှင်းပါသည်။

လင်းယောင်က မိခင်တစ်ယောက်အနေနဲ့ တစ်ကယ်အနားယူအပန်းဖြေနိုင်ခဲ့ပြီး ကုသို့သို့ကလဲ ထိန်းရတာ လွယ်ကူပါသည်။

နေ့ဘက်မှာ နေ့ခင်းဘက် အစားအစာကျွေးပြီးတဲ့နောက် ကလေးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါသည်။ နေ့ခင်းပိုင်း အများစုလောက်ပေါ့။

ချိုမြန်တဲ့ရနံ့နဲ့ ပင်လုံးကြိုင်ပန်းတွေက စက်တင်ဘာလမှာ ဖူးပွင့်ကြပြီး ယွင်ရွှေကောင်တီစတီးစက်ရုံရဲ့ မူလတန်းကျောင်း ဖွင့်တော့မည်ဖြစ်သည်။

ကောင်တီမှာ ရှေ့နှစ်ကအငတ်ဘေးဒုက္ခနဲ့ ကြီးမားတဲ့ သတ္ထုအရည်ကြိုမှုကြောင့်၊ ယွင်ရွှေကောင်တီက မူလတန်းနဲ့ အလယ်တန်းကျောင်းတွေ အကုန်လုံး တစ်နှစ်နီးပါး ရပ်နားထားခဲ့ရပြီး သုန်ဇီကလဲ တစ်နှစ်လောက် အိမ်မှာပဲ နေခဲ့ရပါသည်။

ကောင်စုတ်လေး ကျောင်းစတက်ရတော့မယ်ဆိုတာနဲ့၊ သူက ခေါင်းငိုက်စိုက်ကျပြီး မပျော်တော့ပေ။

လင်းယောင်က ဒါကို နားလည်နေခဲ့သည်။ ကလေးတွေကတော့ ဒီလိုပါပဲ။ သူတို့ကျောင်းသွားတဲ့အခါ၊ အိမ်မှာလောက် သက်တောင့်သက်သာမရှိကြပေ။ သူမ ကောလိပ်တက်ခဲ့တဲ့အချိန်ကို မှတ်မိပါသည်၊ နွေရာသီအားလပ်ရက်ရတော့ သူမ အလွန်ပျော်ရွှင်နေခဲ့ပြီး အိမ်မှာပဲ ငါးဆားနယ်လေးလို နှစ်လလောက် နေခဲ့သည်။

ကျောင်းဖွင့်ရက်တွေ နီးကပ်လာခဲ့ပြီး ကျောင်းတက်ဖို့အတွက် အိတ်ကို စိတ်မပါစွာ တွန်းလာခဲ့သည်။

ကောင်စုတ်လေးရဲ့ ထိခိုက်နေတဲ့နှလုံးသားလေးကို နှစ်သိမ့်ပေးဖို့အတွက်၊ လင်းယောင်က ကုရှီအန်းမဝတ်တော့တဲ့ စစ်ဝတ်စုံဟောင်းကို အသေးလေးပြန်ချုပ်ထားတဲ့ အဝတ်အစားကို ယူလာခဲ့သည်။ ပြီး‌နောက် သူမက စစ်အစိမ်းရောင် အထည်စတစ်ချို့ဝယ်ဖို့ ပစ္စည်းတင်သွင်းခြင်းနဲ့ဈေးကွက်ဖြန့်ချိရေးသမဝါယမကို သွားခဲ့ပြီး ချုပ်ရိုးတစ်ချက်ချင်းစီ သေချာချုပ်ပေးခဲ့သည်။

တောက်ပနေတဲ့ ငါးထောင့်ကြယ်နဲ့ ကျောင်းလွယ်အိတ်အသစ်လေးကို အနီရောင်ချည်မျှင်နဲ့ အလှဆင်ထားခဲ့ပါသည်။

ဒါက ကောင်စုတ်လေးကို ပျော်ရွှင်စေခဲ့သည်။ သူက သွားဖြူဖြူလေးတွေ ပေါ်အောင် ရယ်နေခဲ့ပြီး လင်းယောင်ရဲ့လက်ကို ကိုင်ထားရင်း နန့်တန့်တန့်လုပ်နေခဲ့သည်။

" မရီးက ကမ္ဘာပေါ်မှာ တစ်ကယ် အကောင်းဆုံးမရီးပဲ။ "

"တစ်ကယ်လား? "

" အဲ့လိုမဟုတ်‌သေးဘူး။ ကျွန်တော့် အစ်ကိုနဲ့ မရီးက အကောင်းဆုံးပဲ! "

ကုရှီအန်းက ကုသို့သို့ကို ကျောမှာပိုးထားရင်း ခြံထဲမှာ ဒိုက်ပါတွေ လျှော်နေခဲ့သည်။ သူဒါကိုကြားတဲ့အခါ၊ သူ့မျက်ခုံးတွေ မြင့်တက်သွားပြီး စကားမပြောပဲ ပြုံးနေခဲ့သည်။

ကုသို့သို့လေး မပျော်ခဲ့တော့ပေ။ ဖက်တီးလေးက အခု သဝန်တိုနေခဲ့သည်။ ညမှာ ကုရှီအန်းက သူ့ဇနီးကို ရင်ခွင်ထဲမှာထည့်ထားပြီး သူမနဲ့ ဖက်အိပ်ချင်ခဲ့သည်။ ပုခက်ထဲက ကလေးလေးက ဒါကိုမြင်သွားပြီး စိတ်ဆိုးတကြီး အော်ဟစ်တော့သည်။ ပထမတော့၊ အဖေဖြစ်သူက သူ့သားဘာဖြစ်လဲဆိုတာ မသိခဲ့ပေ။ ဝမ်းသွားတာ (သို့) ဆီးသွားတာကြောင့်လို့ ထင်နေခဲ့သည်။ ကြည့်လိုက်တဲ့အခါ၊ ကလေးလေးအောက်က ဒိုက်ပါက မစိုနေခဲ့ပေ။

ဇနီးမောင်နှံနှစ်ယောက် ခဏလောက် လေ့လာနေခဲ့ပြီး၊ ကလေးလေးမြင်အောင် ကုရှီအန်းက သူ့လက်တွေကို လင်းယောင်ရဲ့ခါးပေါ်တင်ပြခဲ့သည်။ ပြီးတော့ ကလေးလေးရဲ့မျက်နှာ ဖောင်းလာခဲ့ပြီး လက်ထောက်ဒါရိုက်တာကုဆီကို တံတွေးတွေနဲ့မှုတ်ထုတ်တော့သည်။

ကုရှီအန်းက သူ့ကိုချီဖို့လာခဲ့သည်။ ကုသို့သို့က ပါးစပ်လေးဟထားပြီး သူ့အဖေရဲ့ ချောမောတဲ့မျက်နှာကို ကိုက်ချင်နေတုန်းပါပင်။ ကံမကောင်းစွာပဲ၊ ကလေးလေးက သွားမပေါက်သေးပေ၊ ပြီးတော့ သူ့မှာ ရန်ဖြစ်ဖို့ မစွမ်းနိုင်သေးပေ။ သူက ကုရှီအန်းရဲ့ မျက်နှာပေါ်ကို တံတွေးတွေနဲ့သာ ပွတ်နေခဲ့သည်။

အဲ့ဒီအချိန်ကစပြီး၊ ဇနီးမောင်နှံနှစ်ယောက် တစ်ခုခုလုပ်မယ်ဆိုရင်၊ ကုသို့သို့ အိပ်ပျော်သွားတဲ့အထိ စောင့်ကြရပါသည်။ မဟုတ်ရင်၊ ကလေးက သူ့ကိုမြင်တဲ့အခါ၊ တစ်မိသားစုလုံး အိပ်လို့မရအောင် အော်ဟစ်ပြီး သူ့ခြေထောက်တွေနဲ့ ကန်နေပါလိမ့်မည်။

ခြံထဲမှာ ဖက်တီးလေးက ငယ်သံပါအောင် အော်နေခဲ့ပြီး ကျန်းဆွေ့လန်က တံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။

" သို့သို့လေး၊ ဘာဖြစ်တာလဲ? "

သူ့ကိုအချစ်ဆုံးဖြစ်တဲ့ သူ့အဖွားကို ကလေးလေးက မြင်လိုက်တာနဲ့၊ ချက်ချင်း လက်ဆန့်ပေးပြီး ချီခိုင်းခဲ့သည်။ ကျန်းဆွေ့လန်က ကလေးလေးကို ချီထားရင်း ပြုံးနေခဲ့သည်။ ပြီးတော့ ကလေးလေးရဲ့ နူးညံ့တဲ့မျက်နှာလေးကို နမ်းရှုံ့နေခဲ့သည်။

" သို့သို့လေးက လိမ္မာပါတယ်၊ အဖွားနာတယ်ဆိုတာ သိတယ်မလား၊ ဟင်? "

ကုသို့သို့က သွားမပေါက်သေးတဲ့ ပါးစပ်လေးနဲ့ ပြုံးစိစိလုပ်နေခဲ့သည်၊ ပြီးတော့ ကျန်းဆွေ့လန်ကို နို့နံ့သင်းနေတဲ့ အနမ်းလေး ပြန်ပေးခဲ့သည်။

ဖက်တီးလေးကို သူ့အဖွားက ချော့မြူဖို့ အိမ်ကို ပြန်ခေါ်သွားခဲ့သည်။ ကုရှီတုန်း စိတ်သက်သာရာရသွားခဲ့ပြီး သူ့မရီးလုပ်ပေးထာတဲ့ ငါးထောင့်ကြယ်ပါတဲ့ ကျောပိုးအိတ်လေးနဲ့ စစ်ဝတ်စုံအသေးလေးကို ကိုင်ရင်း သူ့အိမ်ကိုပြန်သွားခဲ့သည်။

ပူလောင်လွန်းတဲ့ နွေရာသီက တိတ်တဆိတ်ထွက်ခွာသွားခဲ့ပြီး ယွင်ရွှေကောင်တီတစ်ခုလုံးကို ကောင်းမွန်တဲ့ ဆောင်းဦးကာလ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

ဒီနှစ်မှာ၊ တစ်ခြားနယ်မြေတွေက ဘေးဒုက္ခတွေ၊ ရေကြီးတာမျိုးတွေ စတဲ့ဒုက္ခတွေ ကျရောက်နေစဉ်မှာ၊ ယွင်ရွှေကောင်တီက ရာသီဥတုက သာယာနေခဲ့သည်။ ခက်ခက်ခဲခဲရထားတဲ့ဘဝကို သူတို့အားလုံး ပိုလို့တောင် မြတ်နိုးကြပါသည်။

ကျန်းကျားရွာမှာ သဲသောင်ပြင်၌ဖရဲသီးတွေ အများကြီး ရိတ်သိမ်းကြသည်။ ဖရဲသီးဧက တော်တော်များများကို အဝေးကကြည့်ရင် အစိမ်းရောင် ပတ်လည်အကွက်တွေနဲ့ စိမ်းလန်းစိုပြေနေပါသည်။ ဖရဲသီးတစ်ကိုက်လိုက်တာနဲ့ သန့်ရှင်းပြီး ချိုမြိန်လှပါသည်။

လင်းယောင်က ဖရဲသီးစားရတာ ကြိုက်တာကို ဦးလေးကျန်းက သိတာကြောင့် အထူးအနေနဲ့ ဖရဲသီးတစ်ခြင်း ပို့ပေးခဲ့ပါသည်။ ဒီခြင်းထဲမှာ အနည်းဆုံး ဖရဲသီးတစ်ဒါဇင်ကတော့ ရှိခဲ့သည်။ ရွာထဲက ဖရဲသီးတွေကို မြို့က သမဝါယမအသင်းက ဝယ်လေ့ရှိခဲ့သည်။ ဦးလေးကျန်းက သူ့ရဲ့အိမ်ကနေ ထွက်လာခဲ့ကာ ဖရဲသီးတွေကို လောင်ကုရဲ့အိမ်ကို ပို့ပေးခဲ့သည်။

လင်းယောင်က ထပြီး မုန့်နှစ်ထုတ်နဲ့ အထူးဆေးလိပ်တစ်ဘူး ယူလာခဲ့သည်။ သူမက ကုရှီအန်းကိုလဲ ထွက်လာပြီး ယုန်အသိုက်ထဲက ယုန်နှစ်ကောင်ကို ဖမ်းလာခဲ့ကာ ကောက်ရိုးကြိုးနဲ့ချည်ပြီး ဦးလေးကျန်းကို ပေးလိုက်ဖို့ ပြောခဲ့သည်။

ကုသို့သို့ တစ်နှစ်ပြည့်တဲ့အခါ၊ ရှောင်ဆန်းနဲ့ ရှောင်စစ်အား ဓါးတွေကိုသွေးကာ တစ်ကောင်ကို အသားနှပ်ပြီး တစ်ကောင်ကိုပေါင်းခဲ့သည်။

ရှောင်အာ့ကတော့ အထီးဖြစ်တာကြောင့် အသိုက်ထဲမှာ နေလို့ရခဲ့သည်။ သူက ကရုဏာမရှိ၊ ရက်စက်တတ်တဲ့ လင်းယောင်ဆီက ကံကောင်းပြီးလွတ်မြောက်သွားခဲ့သည်။

ဦးလေးကျန်းက ပျော်ရွှင်စွာကြည့်နေခဲ့ပြီး ချီးမွမ်းခဲ့သည်။ " ယောင်ယောင်ရဲ့ ယုန်တွေကို သေချာမွေးထားတာပဲ။ ရှောင်အာ့ရဲ့ အကြည့်တစ်ချက်က သူတို့ဟာ အသိုက်ထဲမှာနေတဲ့ ယုန်ကောင်းလေးတွေပါဆိုတာကို ပြနေတယ်။ "

လင်းယောင်က နည်းနည်း ရှက်သွားခဲ့သည်။ တစ်ကယ်တော့၊ လက်ထောက်ဒါရိုက်တာကုက အညစ်အကြေးသန့်ရှင်းတာ၊ ယုန်အသိုက်ကို ‌သန့်ရှင်းတာနဲ့ ယုန်အမေကြီးအတွက် ကောက်ရိုးတွေ လဲပေးတာ စတာတွေလုပ်ပေးပြီး အိမ်ထဲကယုန်တွေအကုန်လုံးကို စောင့်ရှောက်ပေးတာဖြစ်သည်။ အစာအနေနဲ့၊ သုန်ဇီက ‌အပြင်ထွက်ပြီး မုန်လာထုပ်အရွက်တွေ‌ ကောက်ကာ ကျွေးခဲ့သည်။ ကိုယ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းထဲမှာလဲ စိုက်ပျိုးထားသည်။

အားစိုက်ထုတ်ပြီးတဲ့နောက်မှာ၊ လင်းယောင်က တစ်ကြိမ်၊ နှစ်ကြိမ်လောက် အနောက်ကို လှည့်ကြည့်နေခဲ့သည်။

ကျေးလက်ဒေသမှာ လယ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေခဲ့ကြဆဲဖြစ်သည်၊ ဒါကြောင့် ဦးလေးကျန်းက ကုရှီအန်းပေးတဲ့ ကြွေအိုးကြီးထဲကနေ သကြားခဲတွေအများကြီးနဲ့ ကြိုထားတဲ့ရေကို သောက်ခဲ့သည်။

" ဟုတ်ပြီ၊ မင်း‌တို့တွေ အလုပ်ရှုပ်နေကြတာပဲ၊ ငါမကြာခင် ပြန်လာခဲ့ပါမယ်။ "

" ဦးလေး၊ ဖြည်းဖြည်းသွားပါနော်။ "

" စိတ်မပူပါနဲ့။ "

ဦးလေးကျန်းက ကြာပွတ်ကိုရမ်းကာ၊ မြည်းလှည်းအဟောင်းကြီးလဲ ပြန်လှည့်သွားခဲ့ပြီး ကြေးနီခေါင်းလောင်းလေးကလဲ တစ်ချွင်ချွင်မြည်နေခဲ့သည်။

ဆောင်းဦးအစောပိုင်း၊ နေမွန်းတည့်ချိန်မှာ နေပူနေဆဲ ဖြစ်သည်။ နွေရာသီလောက် မပူတော့ပေမယ့်လည်း၊ နေ့လည်ပိုင်းမှာတော့ နေသာနေဆဲဖြစ်သည်။ အရှေ့ဆောင်က ကုတင်ကြီးမှာ ဖျာခင်းထားတုန်းဖြစ်သည်။ လင်းယောင်က အပူကြောက်တာကြောင့် နေ့လည်ပိုင်းကို ဖျာပေါ်မှာ တစ်ရေးအိပ်သည်။ ညနေခင်းပိုင်း အေးလာတဲ့အခါ၊ ကုရှီအန်းက ဖျာလိပ်လိုက်ပြီး အိပ်ယာခင်းတွေ ခင်းပေးလိမ့်မည်။

လင်းယောင်က တစ်ရေးအိပ်ပြီး ပျင်းစရာကောင်းတဲ့ နေ့လည်ပိုင်းကို ဖြတ်သန်းဖို့ အိမ်ကို ပြန်လာခဲ့သည်။

နေ့လည်ပိုင်းမှာ၊ ကုသို့သို့က နို့စို့ပြီး လက်သီးလေးတွေ ဆုပ်ကာ ပုခတ်ထဲမှာ အိပ်ပျော်နေခဲ့သည်။ ညောင်ပင်ကြီးပေါ်မှာ ပုစဉ်းရင်ကွဲတွေ အော်နေရင်း နေ့လည်ခင်းမှာ ခြံဝင်းကြီးက တိတ်ဆိတ်နေခဲ့သည်။

ကုရှီအန်းက အစိမ်းရောင်အခွံနဲ့ ဖရဲသီးအနည်းငယ်ကို ရွေးလိုက်ပြီး အအေးခံဖို့ ရေတွင်းရေထဲမှာ ချိတ်ဆွဲထားခဲ့သည်။ ဒီနေ့ခေတ် ရေတွင်းဟောင်းတွေက ရေက ရေခဲတမျှအေးပါသည်။ ဖရဲသီးတွေကို တစ်နာရီလောက် ရေထဲမှာ ထားခဲ့လိုက်ပြီးနောက် ခဲထားတဲ့ ဖရဲသီးတွေလို အရသာရှိနေခဲ့ပါသည်။

လင်းယောင်က အခန်းထဲမှာ အိပ်ပျော်နေခဲ့သည်။ ကုရှီအန်းက ဖရဲသီးကြီးကိုယူကာ၊ စဉ့်တီတုန်းပေါ်တင်လိုက်ပြီး ဓားနဲ့လှီးလိုက်သည်။ ဖရဲသီးကြီးနှစ်လုံးကို အပိုင်းသေးသေးလေးတွေ လှီးလိုက်ပြီး အဖြူရောင်ကြွေစားပွဲပေါ်မှာ တင်ထားခဲ့သည်။ အိမ်ထဲကို ပန်းကန်ပြားတစ်ချပ်စာ ယူသွားခဲ့သည်။

လင်းယောင်က မျက်လုံးတွေကို အသာအယာဖွင့်လိုက်သည်။ ကုရှီအန်းက ဇွန်းအသေးနဲ့ တစ်ဇွန်းအပြည့်ယူလိုက်ပြီး သူမပါးစပ်နားကို‌ ခွံ့ပေးခဲ့သည်။

လင်းယောင်က တစ်ကိုက်စားလိုက်ပြီး ကြေးများစွာ ပြောခဲ့သည်။ " အေး‌လွန်းတယ်။ "

ကုရှီအန်းက ဖရဲသီးကို မှုတ်ပေးခဲ့ပြီး နောက်တစ်ဇွန်းမခွံ့‌ကျွေးခင်မှာ ခနလောက် ‌အအေးပြယ်သွားအောင် စောင့်နေခဲ့သည်။

လင်းယောင်က တစ်ဇွန်းခပ်စားခဲ့ပြီး ရေက အေးစက်နေခဲ့သည်။ သူမက စိတ်ကျေနပ်စွာ မျက်လုံးလေးကို မှေးလိုက်ပြီး မျက်ခုံးလေးတွေကို ကျုံ့ထားခဲ့သည်။ " ဒီဖရဲသီးက အရမ်းချိုတာပဲ။ မနက်ဖြန်ကျ အစ်မချွင်မေအတွက် နည်းနည်း ယူသွားပေးရမယ်။ "

ကုရှီအန်းက ခေါင်းညိမ့်ခဲ့ပြီး ငြင်ငြင်သာသာ ပြောခဲ့သည်။ " ဟုတ်ပါပြီ။ "

ဖရဲသီးစားပြီးနောက် လင်းယောင်ရဲ့ပါးစပ်က အနီရောင်သန်းလာခဲ့သည်။ သူမက တစ်စုံတစ်ယောက်ရဲ့ ပူလောင်မှောင်မိုက်တဲ့ မျက်လုံးတွေကို သတိမထားမိခဲ့ပေ။ သူမက ဖရဲသီးတစ်ခြမ်းစားခဲ့ပြီး သူမ ဗိုက်ကိုပွတ်နေခဲ့ကာ ထပ်စားခဲ့သည်။

ကုရှီအန်းက စကားနားထောင်ခဲ့ပြီး ကန်စွန်းဥတွေကို မီးဖိုချောင်ထဲမှာ ထားခဲ့သည်။

လင်းယောင်က သမ်းဝေရင်း ဖျာပေါ်မှာ လှဲလိုက်ပြီး နောက်တစ်ခေါက် အိပ်ငိုက်လာခဲ့သည်။ နေ့လည်ပိုင်းမှာ ကုရှီအန်းက ရေချိုးကန်မှာ အမြန်ရေချိုးခဲ့သည်။ တဘတ်နဲ့ သာမန်ကာလျှံကာ သုတ်လိုက်ပြီး အေးမြမှုနဲ့ အရှေ့ဆောင်ကို ပြန်လာခဲ့သည်။

ဒီလူကြီးရဲ့ခန္ဓာကိုယ်က မီးဖိုကြီးလိုပဲ ပူလောင်နေလေ့ရှိသည်။ ညပိုင်းမှာ လင်းယောင်က သူမကို ဖက်ခွင့်မပေးပေ။

သနားစရာ လက်ထောက်ဒါရိုက်တာကုက သူ့မိန်းမ အိပ်ပျော်သွားတဲ့အထိ စောင့်နေခဲ့ရပြီး လင်းယောင်ကို ဖက်ကာ တိတ်တဆိတ် အိပ်ပျော်သွားခဲ့သည်။

သူက အခုတော့ လန်းဆန်းပြီးရင်း လန်းဆန်းနေသလို ခံစားခဲ့ရပြီး လင်းယောင်ကတော့ ချက်ချင်း ကုရှီအန်းကို ဖက်ထားပြီး မလွှတ်ပေးတော့ပဲ ရေဘဝဲလေးတစ်ကောင်အဖြစ် ပြောင်းသွားခဲ့သည်။

ကုရှီအန်းက ခေါင်းငုံ့ကာ သူမရဲ့ပါးလေးကို နမ်းခဲ့သည်။ သူ့ရဲ့ စကားလုံးတွေက နွေးထွေးမှုတွေနဲ့ ပြည့်နေခဲ့သည်။ လင်းယောင်က သူမရဲ့နားတွေ တရွရွဖြစ်နေသလို ခံစားခဲ့ရသည်။ " အိပ်ချင်နေပြီလား? "

လင်းယောင်က ညည်းတွားပြီး " အိပ်ချင်နေပြီ၊ မနှောင့်ယှက်နဲ့တော့ " လို့ ပြောရန် ပြင်နေခဲ့သည်။

တစ်စုံတစ်ယောက်ရဲ့ ပူလောင်တဲ့ အနမ်းတွေထဲမှာ ဖြည်းဖြည်းချင်း ပျော်ဝင်နေခဲ့ပြီဖြစ်သည်။ လင်းယောင်က တစ်ချက်ညည်းလိုက်ပြီး အသံတွေအကုန်လုံး ပူလောင်တဲ့အနမ်းအောက်မှာ ပျောက်ကွယ်သွားခဲ့သည်။

...

လပြည့်ပြီးနောက်မှာ၊ အိမ်ကြီးထဲမှာ ဓာတ်ပုံဘောင်နဲ့ချိတ်ဖို့ မိသားစုဓာတ်ပုံရိုက်ရန် လမ်းထဲက ဓာတ်ပုံဆိုင်ကို ကုမိသားစုကြီးက သွားဖို့ စီစဉ်ထားခဲ့သည်။

လင်းယောင်က မနက်စောစောထပြီး အလုပ်ရှုပ်နေခဲ့သည်။ သူမက ကုသို့သို့လေးရဲ့ ပထမဆုံးဓာတ်ပုံအတွက် အာရုံအပြည့်စိုက်ထားခဲ့ပါသည်။

ဒီအကြောင်းပြချက်ကြောင့် မိသားစုရဲ့အဝတ်အစားတွေ သန့်ပြန့်နေဖို့ ဘေးအိမ်က အဒေါ်တာ့ဖုရဲ့အိမ်ကို မီးပူငှားဖို့ လင်းယောင်က သွားခဲ့သည်။ ဒါမှသာ သူတို့ ဓာတ်ပုံကောင်းကောင်း ရလိမ့်မည်ဖြစ်သည်။

All Chapters