← Chapters

#ယင်ယန်အမှောင်ထုဂိုဏ်း၊ လက်မောင်းနဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်ခြင်း#

Vol. 76 Ch. 1065

#ယင်ယန်အမှောင်ထုဂိုဏ်း၊ လက်မောင်းနဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်ခြင်း#

Vol. 76 Ch. 1065

မုဇီရှင်းနှင့် ကျန်းချင်းလန်တို့ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကြ၏။ 

ကျန်းချင်းလန်ရှေ့တစ်လှမ်းတိုးပြီး မုဇီရှင်းကို သူမနောက်တွင် ကာထားလိုက်သည်။ 

"ယင်ယန်အမှောင်ထုဂိုဏ်းက ကျောင်းရှူမင်လား"

ယင်ယန်အမှောင်ထုဂိုဏ်းက မြောက်၀င်ရိုးစွန်းကြယ်ဒေသတွင် အရမ်းကြီးမဝေးသလို ကျန်းချင်းလန် အရင်က သူတို့အနည်းငယ်နှင့် တွေ့ဆုံဖူးသည်။ 

ယင်ယန်အမှောင်ထုဂိုဏ်းနှင့် ယင်ယန်ဂိုဏ်းတို့က ခွဲခြား၍ မရနိုင်လောက်အောင် ဆက်နွှယ်နေသည်ဟု ကောလဟလရှိသည်။ 

ယင်ယန်အမှောင်ထုဂိုဏ်းက ယင်ယန်ဂိုဏ်း၏ ဂုဏ်သတင်းကို အခွင့်ကောင်းယူပြီး သူတို့၏အင်အားကို အလျင်အမြန် ဖွံ့ဖြိုးအောင် လုပ်တတ်သည်။ 

သို့စေကာမူ ယင်ယန်အမှောင်ထုဂိုဏ်းက အမျိုးသမီးများ၏ အပျိုစင်အဆီအနှစ်ကို ရယူရာတွင်သာ အာရုံစိုက်ထားကြသည့် ထိုမိစ္ဆာဂိုဏ်းများနှင့် မတူပါ။ 

သူတို့၏နှစ်ကိုယ်တူကျင့်ကြံခြင်းက တစ်ဦးကိုတစ်ဦး ပြီးပြည့်စုံစေပြီး နယ်ပယ်ကို အတူတကွ တိုးလာစေနိုင်သည်။ 

ကျောင်းရှုမင်၏ တောက်လောင်နေသည့် အကြည့်များက မုဇီရှင်းနှင့် ကျန်းချင်းလန်တို့၏ ကိုယ်ခန္ဓာများပေါ်သို့ ဖြတ်သန်းသွား၏။ သူ သူတို့ကို နှစ်သက်နေပုံရပြီး သူ့နှစ်သက်မှုထဲတွင် လောဘအရိပ်အယောင်တစ်ခုကိုလည်း ဖုံးထားသည်။ 

"ဇီးသစ်ခွပန်းနဲ့ ဆောင်းဦးရဲ့ ဂန္ဓမာပန်းတို့တစ်ပွင့်ချင်းစီမှာ ကောင်းကျိုးကိုယ်စီရှိကြတယ်" ကျောင်းရှုမင် သဘောထားကြီးစွာ ချီးမွမ်းလိုက်သည်။ 

"သူတော်စင်မိန်းမပျိုနဲ့ နတ်သမီးချင်းလန်တို့က အရင်ကလိုတောက်ပနေတုန်းပဲ"

"ကြီးကြပ်ရေးဗိမာန်က အမိန့်ပြန်တမ်းမထုတ်သေးခင် အချိန်နည်းနည်းကျန်သေးတယ်၊ ငါတို့သွားသောက်ကြမလား"

ကျောင်းရှုမင်သာမက သူ့နောက်က ပါရမီရှင်တပည့်များကလည်း ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ကို လုံး၀လျစ်လျူရှုထားသည်။ 

သူတို့ဒါကို အလိုအလျောက်ပြုလုပ်မိခြင်းမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အသိစိတ်နှင့် လုပ်ဆောင်ခဲ့ခြင်းပင်။ 

ဒါကလည်း ယင်ယန်အမှောင်ထုဂိုဏ်း၏ မောက်မာမှုက သူတို့အရိုးများထဲထိ အမြစ်တွယ်နေပြီဟု ဆိုလိုနေခြင်းဖြစ်သည်။ 

ဒီအခိုက်အတန့်တွင် ယဲ့ချိုးပိုင်ရှေ့တိုးပြီး မုဇီရှင်းလက်ကလေးကို လှမ်းကိုင်ကာ တည်ငြိမ်စွာပြောသည်။ 

"ဇီရှင်းစိတ်၀င်စားမယ်လို့ ငါမထင်ဘူး"

ကျန်းချင်းလန် ရုတ်တရက်လှည့်ကာ မျက်လုံးပြူးလိုက်မိသည်။ 

ဘာ၊ ဒါက ငါကစိတ်၀င်စားတယ်လို့ ဆိုလိုနေတာလား၊ ရှင့်စကားကို ဒီထက်ပိုကောင်းအောင် ပြောလို့မရဘူးလား!

ထို့နောက်တွင်သာ ကျောင်းရှုမင် ယဲ့ချိုးပိုင်၏ တည်ရှိမှုကို သတိထားမိပြီး ပြုံးကာ လက်အစုံကို ဖြန့်လိုက်၏။ 

"ငှက်တစ်ကောင်က အိပ်တန်း၀င်ဖို့အတွက် သစ်ပင်ကောင်းကို ရွေးချယ်တယ်၊ ငါနဲ့နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်ဖလှယ်ပြီးမှသာ သူတော်စင်မိန်းမပျို ရွေးချယ်မှုကောင်းကို လုပ်တယ်ဆိုတာ သိမယ်လို့ ငါယုံတယ်"

မုဇီရှင်း၏မျက်နှာက ချက်ချင်းဆိုသလို နီမြန်းသွားသည်။ ဒါက သူမရှက်သွားသည့်အတွက်ကြောင့်မဟုတ်ဘဲ ဒေါသထွက်သွားသည့်အတွက်ကြောင့်ပင်။ 

အမျိုးသမီးများရှေ့တွင် ယင်ယန်အမှောင်ထုဂိုဏ်း၏ စကားလုံးများက အနည်းငယ်များလွန်းသည်ဟု ဆို၍ရသည်။ 

ရုတ်တရက် ကျောင်းရှူမင်အနည်းငယ် မျက်မှောင်ကြုတ်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ 

သူ့မူလနေရာ၌ အေးစက်သည့်အလင်းတစ်ချက်က သူ့လည်ပင်းကို ဖြတ်သွားပြီး အနည်းငယ် အေးစိမ့်သွားရသည်။ 

အကယ်၍ သူသာအချိန်မီ နောက်မဆုတ်ပါက ကျောင်းရှုမင် လည်ဖြတ်ခံလိုက်ရပေလိမ့်မည်။ 

ကျောင်းရှုမင် ငွေနဂါးကိုကိုင်ထားသည့် ယဲ့ချိုးပိုင်ကို  မည်းမှောင်သည့် အမူအရာဖြင့်  အေးစက်စွာကြည့်သည်။ ထို့နောက် သူရုတ်တရက် ပြုံးလိုက်၏။ 

"ကြည့်ရတာ မင်းမှာ ခွန်အားတစ်ချို့ရှိပုံပဲ"

"ဒီလိုဆိုရင် ငါတို့လောင်းကြေးထပ်ကြမယ်ဆိုရင်ရော ဘယ်လိုလဲ"

ယဲ့ချိုးပိုင်တည်ငြိမ်စွာပြုံးသည်။ 

"မင်းငါ့ကို ဇီရှင်းအပေါ် လောင်းကြေးထပ်စေချင်တာလား"

သူ ကျောင်းရှုမင် ခေါင်းညိတ်တာကိုပင် စောင့်မ‌နေတော့ဘဲ တည့်တည့်ပြောသည်။ 

"သူကလောင်းကြေးထပ်ရမယ့် ကိရိယာတစ်ခုမဟုတ်ဘူး၊ ဒါ့အပြင် မင်းငါ့ကို မနိုင်ပါဘူး"

ကျောင်းရှုမင် ဒါကိုကြားသော် မျက်နှာကို ဖုံးရင်း အေးစက်စွာရယ်မောလေတော့သည်။ 

"နတ်ဘုရင်နယ်ပယ်လေးတစ်ယောက်က ဒီလိုအရှက်မဲ့တဲ့စကားလုံးတွေကို အမူအရာမပျက်ပြောနိုင်တယ်ဆိုတော့ ငါမင်းကို ထူးခြားစွာ ဆက်ဆံရတော့မှာပဲ"

ထို့နောက် ကျောင်းရှူမင်၏ နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ခွန်အားက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ 

ဒါကိုမြင်သော် ယဲ့ချိုးပိုင်ရယ်မောသည်။ 

"ရေခဲနတ်ဘုရားဗိမာန်က ဟိုကောင်ထက်တောင် နိမ့်ကျတာပဲ"

သူတို့၏နယ်ပယ်က တူညီသော်လည်း ကျောင်းရှုမင်တွင် ချန်ယုနင်ကဲ့သို့ အစွမ်းထက်သွေးကြောမျိုးမရှိပါ။ 

ဒါက သူတို့နှစ်ယောက်အကြား အတော်လေးကြီးမားသည့် ကွာခြားချက်တစ်ခုဖြစ်သည်။ 

"ဘာလဲ"

ယဲ့ချိုးပိုင် ကျောင်းရှုမင်၏အမေးကို မဖြေဘဲ ဓားကိုထုတ်ပြီး ကျောင်းရှုမင်အား ပိုင်းဖြတ်လိုက်၏။ 

ကျောင်းရှုမင်ကလည်း ဒီအတိုင်းနေရန် ဆန္ဒမရှိပေ။ မည်သည့်အတွက်ကြောင့် နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့် ဓားသမားတစ်ယောက်က သူ့ကို တိုက်ခိုက်ရန်အတွက် ကနဦးခြေလှမ်းလှမ်းရန် သတ္တိရှိနေတာကို သူနားမလည်ပေ။ သူအံကြိတ်ကာ ယဲ့ချိုးပိုင်အား ရင်ဆိုင်လိုက်၏။ 

တစ်ခဏအကြာတွင် ခန်းမအပြင်ဘက်က အော်ရာက ပေါက်ကွဲသွားခဲ့သည်။ 

ပတ်၀န်းကျင်က ဂိုဏ်းများမှ ပါရမီရှင်များကလည်း ဆွဲဆောင်ခံလိုက်ရသဖြင့် လှမ်းကြည့်လိုက်ကြသည်။ 

ကျောင်းရှုမင်ရှိသည့် ယင်ယန်အမှောင်ထုဂိုဏ်းတွင် ယင်ယန်ဂိုဏ်းနှင့် မရေမတွက်နိုင်လောက်သည့် ဆက်နွှယ်မှုများရှိပြီး အတော်လေးနာမည်ကြီးသည်။ 

"အမ်၊ ကျောင်းရှုမင် ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ၊ ငါသူ့ကိုတစ်ခါမှ မကြားဖူးပါဘူး"

"ဒါပေမယ့် အဲဒီဓားသမားက နတ်ဘုရင်နယ်ပယ်မှာပဲ ရှိပုံပဲ၊ သူကအတော်လေး ရဲတင်းသားပဲ"

"ဟီးဟီး၊ ကျောင်းရှုမင် ဟိုအမျိုးသမီးကို ထပ်ပြီးသဘောကျသွားတာ ဖြစ်ရမယ်၊ တိုက်ဆိုင်စွာပဲ အဲဒီဓားသမားက မိန်းကလေးရဲ့ တာအိုလက်တွဲဖော်ဖြစ်နေတော့ သူ့မှာရွေးချယ်စရာမရှိဘဲ မျိုသိပ်ပြီး တိုက်ခိုက်လိုက်ရပုံပဲ"

"ဒါဆို ‌ထိတ်လန့်စရာကောင်းလိမ့်မယ်၊ ကျောင်းရှုမင်က ထိန်းချုပ်ထားရတာကို ကြိုက်တဲ့လူတစ်ယောက်မဟုတ်ဘူး၊ ဒီလိုလူတစ်ယောက်ကိုဆို ပြောနေစရာ မလိုတော့ဘူး"

ကျောင်းရှုမင်၏ ပါးစပ်ထောင့်စွန်းက အေးစက်သည့်အပြုံးနှင့်အတူ အနည်းငယ် ကွေးညွတ်သွားခဲ့သည်။ သူဝှေ့ယမ်းလိုက်သည့် လက်ဖဝါးပေါ်၌ ငရဲလောက၏ အအေးချီအမျှင်စတစ်စက မြွေလျှာတစ်ခုပမာ တရှူးရှူးတရှဲရှဲမြည်ဟီးလာသည်။ 

သူကိုယ်ခန္ဓာကို အနည်းငယ် တိမ်းစောင်းလိုက်၏။ မူလက ငွေနဂါးဓားတိုက်ခိုက်သည့်နေရာက သူ့ရင်ဘတ်က သေစေလောက်သည့်နေရာတစ်ခု ဖြစ်သော်လည်း ယခုတွင်မူ ဒီနေရာအား ပခုံးက အစားထိုး၀င်သွားသည်။ ဒါက ထိခိုက်မှုအများအပြားကို လုပ်ဆောင်နိုင်မည်မဟုတ်။ 

အကယ်၍ ယဲ့ချိုးပိုင်သာ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ရန် ရွေးချယ်ပါက ကျောင်းရှုမင် အသင့်အတယ်ဒဏ်ရာများကိုသာ ခံစားရမည်ဖြစ်သည်။ 

ဒီအချိန်တွင် ယဲ့ချိုးပိုင်၏ ဒန်တျန်ကလည်း တိုက်ရိုက်ထိမှန်ခံရမည်ဖြစ်ပြီး ကြေမွသွားပေလိမ့်မည်။ 

ကျောင်းရှုမင်က တကယ့်တိုက်ပွဲတွင် အတော်လေးအတွေ့အကြုံရှိသည့် ကျွမ်းကျင်သူတစ်ယောက်ဟု ဆို၍ရသည်။ 

သူက ပြိုင်ဘက်ကို အသုံးပြုရန်အတွက် အသေးငယ်ဆုံးတန်ဖိုးကို အသုံးချမည်သာ။ 

သို့စေကာမူ ယဲ့ချိုးပိုင်နောက်က ကျန်းချင်းလန်နှင့် ကျန်သောသူများ လုံး၀စိုးရိမ်ခြင်းမရှိဘဲ ယင်းအစား သူတို့အတော်လေး အေးဆေးနေကြပုံရသည်။ 

ယဲ့ချိုးပိုင်က ချန်ယုနင်ကဲ့သို့ ပြိုင်ဘက်တစ်ယောက်ကိုပင် အနိုင်ယူနိုင်လေရာ ကျောင်းရှုမင်ကို ကြောက်စရာပင်မလို။ 

ဒါကိုမြင်သော် ယဲ့ချိုးပိုင်၏ အမူအရာက ပြောင်းလဲမသွားဘဲ ဓားဆန္ဒက ဒီတဒင်္ဂ၌ ရုတ်တရက် ထိုးတက်သွားခဲ့သည်။ 

လူတိုင်း၏ ထိတ်လန့်နေသည့် မျက်လုံးများရှေ့တွင် ဓားနတ်ဘုရားဓားပိုင်နက်က ကောင်းကင်ပေါ် ထိုးတက်သွားပြီး ကျောင်းရှုမင် ထုတ်လွှတ်လိုက်သည့် လက်ဖဝါးချက်ရှေ့က ယဲ့ချိုးပိုင်၏ ဒန်တျန်၌ ဓားနတ်ဘုရားဆန္ဒရှိနေခဲ့သည်။ 

ကျောင်းရှုမင်၏ မျက်လုံးများ ပြူးကျယ်သွားစဉ် ဓားနတ်ဘုရားဆန္ဒကနေ သိပ်သည်းထားသည့် ဓားရှည်တစ်လက် ရုတ်တရက်ပေါ်လာခဲ့သည်။ 

ရွှီး......ရွှီး......!

သို့နှင့် ကျောင်းရှုမင်၏ ပခုံးတင်မဟုတ်ဘဲ သူ့လက်ဖဝါးပင်လျှင် ထိုးစိုက်ခံလိုက်ရသည်။ 

ယဲ့ချိုးပိုင် ခပ်တိုးတိုးအော်ဟစ်လိုက်၏။

"စတုတ္ထဓားချက်၊ နတ်ဆိုးချိုးဖျက်ခြင်း"

သူပြောပြီးသည်နှင့်တစ်ပြိုင်နက် လက်ထဲက ငွေနဂါးဓားနှင့် ဓားဆန္ဒက သိပ်သည်းထားသည့် ဓားက တစ်ချိန်တည်းမှာပင် ရစ်ပတ်သွားကြပြီး ထက်ရှသည့်ဓားဆန္ဒက ဓားထဲကနေ ပေါက်ကွဲထွက်လာသည်။ 

ကျောင်းရှုမင်အော်ဟစ်လိုက်သည်။ သူဘယ်ဘက်လက်မောင်းတစ်ခုလုံးနှင့် ညာဘက်လက်ကောက်၀တ်က ယဲ့ချိုးပိုင်၏ ဖြတ်တောက်ခြင်းကိုခံရသည်။ 

ဒဏ်ရာမျက်နှာပြင်က မှန်တစ်ချပ်အလား ချောမွတ်နေသည်။ 

ယဲ့ချိုးပိုင်၏ လက်ဖဝါးက အနည်းငယ် တုန်ခါသွားပြီး ငွေနဂါးဓား‌ပေါ်က ဖြည်းဖြည်းချင်း စီးဆင်းနေသည့် သွေးများကို ခါယမ်းပစ်သည်။ ထို့နောက် မည်းမှောင်ကာ မယုံနိုင်မှုများနှင့် ပြည့်နှက်နေသည့် ကျောင်းရှုမင်၏ မျက်နှာကို ကြည့်ပြီး ထူးမခြားနားစွာပြောသည်။ 

"မင်းလက်တစ်ဖက်နဲ့ လက်မောင်းကို ဖြတ်ပစ်တာက မင်းအတွက် သင်ခန်းစာတစ်ခုပဲ"

ကျောင်းရှုမင်၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေသည်။ 

သူ့လက်မောင်းနှင့်လက်ကို ပြန်လည်ကြီးထွားလာစေရန်အတွက် နည်းလမ်းတစ်ခုရှိသ်ောလည်း ဒါက သူမျက်နှာကို ဆုံးရှုံးစေသည်။ 

လူတိုင်း တဖြည်းဖြည်း ထိတ်လန့်နေရာကနေ နလန်ထူနိုင်လာကြ၏။ 

"ဓားနတ်ဘုရားနယ်ပယ်.... အသက်ငါးဆယ်အောက် ဓားနတ်ဘုရားနယ်ပယ်လား"

"သူ့မှာ ကျောင်းရှုမင်ကို စိန်ခေါ်ရဲတဲ့ သတ္တိရှိနေတာ အံ့ဩစရာမရှိတော့ပါဘူး၊ သူက အကြောက်တရားကင်းမဲ့တာကိုး"

"ဒါပေမယ့် ဒီလူကဘယ်သူလဲ၊ ဒီလိုငယ်ရွယ်တဲ့ အရွယ်မှာ‌တင် သူဓားနတ်ဘုရားနယ်ပယ်ကို တက်လှမ်းခဲ့ပြီး ခေးအောစ့်အနှစ်သာရဓားသခင်ရဲ့ စံချိန်ကိုတောင် ချိုးဖျက်လိုက်ပြီမလား၊ သူ ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းကလား"

သို့စေကာမူ သူတို့နောက်ထပ် ခန့်မှန်းချက်များ မလုပ်နိုင်ခင်မှာပင် အဖိုးအိုတစ်ဦး ခန်းမထဲက ထွက်လာပြီး ကျောင်းရှုမင်ရှေ့ကို ရောက်လာသည်။ ကျောင်းရှုမင်၏ ဒဏ်ရာများကို စစ်ဆေးပြီးနောက် သူယဲ့ချိုးပိုင်အား မည်းမှောင်နေသည့် အမူအရာဖြင့် ကြည့်သည်။ 

"ငါတို့ရဲ့ယင်ယန်အမှောင်ထုဂိုဏ်းက ဘယ်တုန်းက အပြင်လူတစ်ယောက် သင်ခန်းစာပေးတာကို လိုသွားတာလဲ"

အဖိုးအို၏ နတ်သခင်နယ်ပယ် တစ်၀က်အဆင့်အော်ရာက ပေါက်ကွဲသွားပြီး ယဲ့ချိုးပိုင်အား တိုက်ရိုက်ဖိနှိပ်ပစ်သည်။ 

သူတို့က ယင်ယန်အမှောင်ထုဂိုဏ်းခေါ် ယင်ယန်ဆန်းကြယ်မြေအောက်ဂိုဏ်းမှ ပါရမီရှင်များဖြစ်သဖြင့် ယင်ယန်ဆန်းကြယ်မြေအောက်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲက သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ပေးသည်။ 

မုဖူရှန်းအနည်းငယ်မျက်မှောင်ကြုတ်သည်။ သူခွန်အားကိုဖော်ထုတ်ကာ တိုက်ခိုက်တော့မည့်အချိန်တွင် နောက်ကနေ ရင်းနှီးနေသည့် အသံတစ်သံထွက်လာခဲ့သည်။ 

"ဘယ်တုန်းက အစ်ကိုကြီးက ခင်ဗျားသူ့ကို အပြစ်ပေးတာကို လိုလားသွားတာလဲ"

အပိုင်း(1066) coming။ 

All Chapters