#ကမ္ဘာကြီးကို အုပ်ချုပ်ခြင်း၊ ကမ္ဘာကြီးကို အပေါ်စီးကနေ ကြည့်ရှုခြင်း#
Vol. 76 Ch. 1072
အဆုံးမဲ့ပင်လယ်ဒေသတွင် လှိုင်းများ မငြိမ်မသက်ဖြစ်နေကြသည်။ လှိုင်းများက တစ်ခုပြီးတစ်ခု အဆုံးမဲ့တောင်တန်းများအသွင် တောင်များထိပင် မြင့်တက်နေသည်။
တောင်များကို ထပ်ဆင့်ကာ ကောင်းကင်ကို ဖုံးအုပ်ထားခြင်း!
ဒီစကားလုံးများက ပင်လယ်တစ်စင်းကို ဖော်ပြနိုင်တယ်ဆိုတာက ပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။
ပင်လယ်ပေါ်ရှိ လေပြင်းများက ထိုးတက်ကာ အစွမ်းထက်ရေတိုင်များကိုပါ ၎င်းနှင့်အတူ ယူဆောင်လာပြီး နဂါးကြီးတစ်ကောင်အလား အကန့်အသတ်မဲ့စွမ်းအားနှင့် တိုက်ခတ်နေသည်။
ပင်လယ်ဆူနာမီလှိုင်းများအား ပါရမီရှင်များ လေးနက်သည့်အမူအရာဖြင့် ကြည့်နေကြ၏။ ပင်လယ်ဆူနာမီလှိုင်းများ၏ နောက်တွင် တိမ်မည်းများကြား၌ ဘွားခနဲ့ ပေါ်လာနေသည့် ကြီးမားသည့်ခန္ဓာများကို သူတို့ခပ်ရေးရေးမြင်နိုင်ပေသည်။
၎င်းတို့က ပင်လယ်အထက်တွင် ကြီးမားသည့် လေပွေတစ်ခုပမာ လည်ပတ်ရင်း ချဉ်းကပ်ရဲသော ကျင့်ကြံသူအားလုံးကို ဝါးမြိုနေသည်။
နန်ကောင်းယင်က ဒီအချိန်တွင် အနည်းငယ်လေးနက်နေသည်။ သူလေးနက်သောအသံဖြင့်ပြောသည်။
"ဒီနေရာမှာ အနက်ပိုင်းကို၀င်ချင်တဲ့ ကျင့်ကြံသူတွေကို စမ်းသပ်တဲ့ အထူးသံလိုက်စက်ကွင်းတစ်ခုရှိတယ်၊ အဲဒါအတွက် လိုအပ်ချက်ကတော့ မင်းတို့နဲ့ငါက နတ်ဘုရင်နယ်ပယ်နဲ့ အထက်နယ်ပယ်ကို တစ်ချိန်တည်းမှာ ရောက်နေဖို့လိုတယ်"
"မဟုတ်ဘူးဆိုရင်တော့....."
နန်ကောင်းယင်အတွက် ဘာတစ်ခုမှ ဆက်ပြောစရာမလိုတော့ပါ။
လေပြင်းနှင့် လှိုင်းများထဲတွင် ခုန်ပေါက်နေကြသည့် ကြီးမားသည့်မှော်သားရဲများကိုလည်း လူတိုင်းမြင်နိုင်ပါသည်။
၎င်းတို့၏ခန္ဓာများက တောင်များကဲ့သို့ ကြီးမားပြီး ထုတ်လွှတ်နေသည့်အော်ရာက နှလုံးကိုပင် ခုန်ပေါက်စေသည်။ ၎င်းတို့က အဆုံးမဲ့အသူရာချောက်ထဲက နတ်ဆိုးများအလားထင်ရသည်။ ထူထဲသည့်အကြေးခွံများက ၎င်းတို့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားပြီး ၎င်းတို့၏မာကျောမှုက ပင်လယ်နက်ထဲက အမာဆုံးသံမဏိနှင့်ပင် ယှဉ်၍ရသည်။ သူတို့၏ ခြေသည်းများနှင့် သွားများက ဓားများနှင့်တူပြီး အအေးကုန်လှောင်ရုံတစ်ခုထဲ၏ အေးစက်သည့်အလင်းနှင့်အတူ လင်း၀င်းနေပြီး မြေကြီးကို ဆုတ်ဖြဲပစ်ရန်လုံလောက်ပါသည်။
အကယ်၍ သူတို့သာ မဆင်မခြင် ပြေး၀င်သွားပါက အပိုင်းအစများအဖြစ် ဆုတ်ဖြဲခံရပြီး ဒီပင်လယ်အတွက် အာဟာရများ ဖြစ်လာမယ်ဆိုတာ အားလုံးခိုင်မာစွာ ယုံကြည်ကြသည်။
မုဖူရှန်းကလည်း အာရုံစိုက်လိုက်သည်။
"မြင့်မြတ်အဆောင်ဂိုဏ်းက ကျွမ်းကျင်သူတွေ မ၀င်ရဲတာ အံ့ဩသင့်စရာမရှိတော့ပါဘူး...."
ယင်ယန်အမှောင်ထုဂိုဏ်းက လူများထွက်မသွားခဲ့ပေ။ သဘာ၀ရတနာအများအပြား စုစည်းကုသမှုအောက်တွင် ကျောင်းရှုမင်၏ လက်မောင်းနှင့် လက်ကောက်၀တ်က ပြန်လည်ကြီးထွားလာခဲ့သည်။ သို့စေကမူ သူ့မူလကွေ့နိုင်ဆန့်နိုင်မည့် အခြေအနေအထိ အပြည့်အ၀ ကောင်းမွန်လာရန်အတွက် အချိန်ယူရပေဦးမည်။
ကျောင်းရှုမင် ဘယ်လက်မောင်းကို အနည်းငယ် လှုပ်ခါယမ်းရင်း မေးသည်။
"စီနီယာ ဒီလိုဆိုရင် ကျွန်တော်တို့ အခြေအနေရပ်တွေနဲ့ ကိုက်ညီပြီးနောက်မှာ အန္တရာယ်မရှိတော့ဘူးလား"
သူစကားလုံးများပြောပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်းချက်ချင်းဆွံအသွားကြ၏။
ဒီငတုံးက ဘာလို့အခုထိ အသက်ရှင်နေသေးတာလဲ၊ သူငါတို့နဲ့ ဒီနေရာမှာ တူညီတဲ့အဆင့်မှာ ဘယ်လိုရပ်တည်နေရတာလဲ!
ရှေးဟောင်းစစ်မြေပြင်ထဲကို မထိခိုက်စေဘဲ ၀င်ရန်အတွက် အသက်နှင့် နယ်ပယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာ လိုပါက ကြီးကြပ်ရေးဗိမာန်က ဒီလောက်ထိ ဒုက္ခခံနေစရာလိုမည်လား။ ဒီလိုအရာမျိုးကို လုပ်ရန်အတွက် သူတို့၏ ကြားနေရပ်တည်ချက်ကို ချိုးဖျက်ရန် စွန့်စားမည်လား။
နန်ကောင်းယင်၏ မျက်နှာထက်တွင်လည်း ထူးဆန်းသည့် အကြည့်တစ်ခုရှိနေပြီး ကျောင်းရှုမင်ကို လှမ်းကြည့်သည်။
"သေချာပေါက်ဒီလောက်ထိ မရိုးရှင်းဘူးပေါ့"
"မင်းတို့ ဒီပယ်လယ်ဆူနာမီလှိုင်းတွေကို ဖြတ်ကျော်ပြီး ဒါတွေရဲ့ စုပ်ယူခြင်းကို မခံရဖို့လိုတယ်၊ မင်းတို့အထဲကို စုပ်ယူခံလိုက်ရတာနဲ့ ပင်လယ်မှော်သားရဲတွေက မင်းတို့ကို ဝါးမြိုပြီး အပိုင်းပိုင်းဖြတ်ပစ်လိမ့်မယ်..."
"ငါတောင်မှ မင်းတို့ကိုမကယ်တင်နိုင်ဘူး"
ဒီနေရာတွင် နန်ကောင်းယင် လူတိုင်းကို စိုက်ကြည့်ပြီး လေးနက်စွာပြောသည်။
"ဒီတော့ ဒါက အန္တရာယ်ရှိတာ သေချာတယ်ဆိုပေမယ့် ကြီးမားတဲ့အခွင့်အလမ်းတစ်ခုကလည်း တွဲဖက်ပါနေတယ်၊ မင်းတို့အခုထွက်သွားချင်တယ်ဆိုရင် အရမ်းကြီးမနောက်ကျသေးပါဘူး"
ထိုစကားလုံးများကိုပြောပြီးနောက် နန်ကောင်းယက် လက်ဖက်ရည်တစ်၀က်သောက်သည့်အချိန်အထိ စောင့်နေခဲ့သည်။
သို့စေကာမူ မည်သူမှ မလှုပ်ရှားကြပါ။
သူတို့က ကြယ်နယ်မြေအသီးသီးက ပါရမီရှင်များဖြစ်သည်။ မဟာအခွင့်အလမ်းတစ်ခုကို ရင်ဆိုင်ရာ၌ သူတို့သေခြင်းတရားကို ကြောက်နေမည်ဆိုပါက ဒီအဆင့်တွင် ရပ်တည်နိုင်မည်မဟုတ်။
နတ်သခင်နယ်ပယ် သို့မဟုတ် အထက်အဆင့်က အသက်ငါးဆယ်အောက် ပါရမီရှင်များအားလုံးနီးပါးက လူတစ်သန်းထဲက တစ်ယောက်ဖြစ်ကြသည်။
ကျောင်းရှုမင်တော့မပါပါ။ သူ့ဉာဏ်ရည်ကမူ ဖွံဖြိုးရန်လိုအပ်သေးပုံပင်။
ရုတ်တရက် နန်ကောင်းယင် မနီးမဝေးတစ်နေရာကို ကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူမျက်ခုံးများကို ဖြေလျှော့ကာ ပြုံးသည်။
"ကြည့်ရတာ တစ်ယောက်ယောက်ဒီကို လာလည်နေပုံပဲ"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ပြုံးလိုက်ကြသည်။
သူတို့က ဒီအော်ရာများနှင့် အတော်လေးရင်းနှီးကြပါသည်။
မနီးမဝေးတစ်နေရာ၌ အင်ပါယာဆန္ဒတစ်ထု ရုတ်တရက်တိုး၀င်လာပြီး လူတိုင်း၏ အနည်းငယ်အံ့ဩသင့်နေသည့် အကြည့်အောက်တွင် လှံကိုင်ထားသော ၀တ်စုံနီနှင့် အမျိုးသမီးတစ်ဦး ရောက်လာသည်။
ဒီရဲစွမ်းသတ္တိရှိသည့် အမျိုးသမီးနောက်တွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ဦးရှိသည်။
ဒီလိုနေရာလေးတွင် ယခုလိုအလှပဂေးတစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။
သူတို့ကျိချန်းယောင်ကို စိုက်ကြည့်လိုက်စဉ် ထိုအမျိုးသမီး၏အလှက သူမထက် နိမ့်ကျပုံမပေါ်ပေ။
သို့သော် သူတို့၏စတိုင်ကမူ လုံး၀ကွဲပြားသည်။
ကျိချန်းယောင်က ကြာပန်းတစ်ပွင့်လို အေးစက်သော်လည်း တစ်ချိန်တည်းမှာပင် သူမ၏သိမ်မွေ့မှုကို မဆုံးရှုံးခဲ့ပေ။
အနီ၀တ်အမျိုးသမီးကမူ လေးနက်ကာ အထင်ကြီးစရာကောင်းသည်။ သူမကိုယ်ထဲက အင်ပါယာချီက ပန်းရာချီပြိုင်ပွဲတွက် အနိုင်ရခဲ့သည့် သူတစ်ယောက်အလား ထင်ရပြီး လူတိုင်းကို ဖိနှိပ်သည်။
သို့စေကာမူ သူတို့ကိုပို၍အံ့ဩသင့်စေတာက ဒီအမျိုးသမီးဆီကနေ အင်မတန်အစွမ်းထက်သည့်အော်ရာတစ်ခုကို သူတို့ခံစားနေရခြင်းပင်။
ဒီအော်ရာက သူတို့ထက်အများကြီး ပိုအားကောင်းသည်။
ရောက်လာသောသူက ဟုန်ရင်ပေတည်း။
ဟုန်ရင် ရှေ့က နတ်သခင်နယ်ပယ်က နန်ကောင်းယင်ကို လုံး၀မကြောက်ဘဲ ဆန့်ကျင်ဘက်ပင် အင်ပါယာဆန္ဒက နတ်သခင်အဆင့်ဖိအားကို ခပ်ရေးရေးခုခဲနေဆဲပင်။
ဒီတစ်ချက်တည်းကပင် နန်ကောင်းယင်အား သူမအား အထင်ကြီးမိသွားစေသည်။
"စီနီယာနဲ့ တခြားပါရမီရှင်တွေက ဒီလောက်ကြီးမားတဲ့ လူပမာဏနဲ့ ကျွန်မရဲ့ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ဘာကြောင့် လာရသလဲဆိုတာ သိလို့ရမလား"
လူတိုင်းဒါကိုကြားသော် ထိတ်လန့်သွားကြ၏။
နန်ကောင်းယင်နှင့်တခြားပါရမီရှင်များမှာမူ အနည်းငယ်မျက်ခုံးပင့်လိုက်မိကြ၏။
ကျွန်မရဲ့ အလယ်အလတ်အဆင့်ကြယ်နယ်မြေလား!
ကြယ်နယ်မြေတစ်ခုကို လူတစ်ယောက် ဒါမှမဟုတ် ဂိုဏ်းတစ်ဂိုဏ်းက ဘယ်တုန်းက အုပ်ချုပ်ခဲ့လို့လဲ!
နန်ကောင်းယင်၏ မျက်လုံးက စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွားသည်။
"ငါမင်းကို ဘာမှရှင်းပြစရာမလိုဘူး၊ ဒါပေမယ့် အလယ်အလတ်အဆင့်ကြယ်နယ်မြေက ဘယ်တုန်းက မင်းအပိုင်ဖြစ်လာတာလဲ"
ဟုန်ရင် သူမကိုယ်သူမမိတ်ဆက်သည်။
"တိမ်ဖီးနစ်အင်ပါယာက အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အုပ်ချုပ်ပြီးသားပါ၊ ဒါကို တခြားဂိုဏ်းတွေကလည်း အသိအမှတ်ပြုထားတယ်၊ စီနီယာသဘောတူတူ၊ မတူတူ ဒါက ကျွန်မနဲ့ ဘာမှမဆိုင်ဘူး"
"ဒါပေမယ့် လူတိုင်းက ဝေးလံတဲ့ အဆင့်မြင့်ကြယ်နယ်မြေကနေ လာကြပြီး ဒီလိုဆူပူအုံကြွမှုကြီးကို ဖြစ်စေတာက အားလုံးကို ကြောက်ရွှံစေတယ်၊ ကျွန်မဒါကို လျစ်လျူမရှုထားနိုင်ပါဘူး"
ဒီကြယ်နယ်မြေကို အခုသူအုပ်ချုပ်နေတာလား!
နန်ကောင်းယင် ဟုန်ရင်ကို ထပ်ပြီး အကဲဖြတ်စိစစ်ကြည့်သည်။
သူမ အင်ပါယာဆန္ဒနယ်ပယ်ကို ရောက်နေသည်မှာ အံ့ဩသင့်စရာမရှိတော့။
ကြယ်နယ်မြေတစ်ခုကို အုပ်ချုပ်ရန်ဟူသည် အလွန်အမင်းခက်ခဲသည်။
သို့စေကာမူ ဟုန်ရင်၏ စကားလုံးများက နန်ကောင်းယင်ကို ဒေါသထွက်သွားစေပြီး သူ့မျက်လုံးများက အေးစက်မှုကို ဖော်ပြသည်။
"ကြီးကြပ်ရေးဗိမာန်ရဲ့ကိစ္စရပ်တွေက မင်း၀င်ရောက်စွက်ဖက်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး၊ ဒါ့အပြင် ကြီးကြပ်ရေးဗိမာန်က သေမျိုးနယ်မြေတစ်ခုလုံးကို စောင့်ကြပ်နေတယ်၊ မင်းကြယ်နယ်မြေတစ်ခုကို အုပ်ချုပ်စဉ်က ဘာလို့ ကြီးကြပ်ရေးဗိမာန်ကို မတင်ပြရတာလဲ"
ဟုန်ရင်ထူးမခြားနားစွာပြောသည်။
"ကြီးကြပ်ရေးဗိမာန်အကြောင်းကို ကျွန်မတစ်ခါမှ မကြားဖူးဘူး၊ ဒါပေမယ့် ကြီးကြပ်ရေးဗိမာန်မှာ စောင့်ကြည့်ဖို့ စွမ်းရည်ရှိတယ်ဆိုရင်တောင် ဘာသတိပေးချက်မှ မရှိဘဲ ဒီကြယ်နယ်မြေကို လာတာက တိမ်ဖီးနစ်အင်ပါယာကို အထင်သေးနေတာလား"
ဟုန်ရင်သူမ၏စကားလုံးများကို ဖုံးကွယ်ထားဘဲ အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးအတွင်း ပျံ့သွားစေရန်အတွက် အင်ပါယာဆန္ဒကိုပင် သုံးခဲ့သည်။
ဟုန်ရင်၏ ဧကရီဆန်သောအသံက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို တိမ်ဖီးနစ်အင်ပါယာအား အညံ့ခံပြီး ကျင့်ကြံသူများအား စိတ်လှုပ်ရှားသွားစေသည်။
ဤကဲ့သို့ ဧကရီက အဆင့်မြင့်ကြယ်နယ်မြေက စွမ်းအားရှင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရဲသည်။
ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာရှိဦးမည်လား။
ရှိနေသောပါရမီရှင်များကလည်း ထိတ်လန့်နေသည့် အမူအရာများကို ပြသကြသည်။
"သူရူးနေတာလား"
"သူ့ရဲ့ခွန်အားက မဆိုးဘူးဆိုပေမယ့် သူက နေရာသေးသေးလေးတစ်ခုက ဧကရီလေးပဲလေ၊ ကြီးကြပ်ရေးဗိမာန်လို ဂိုဏ်းတစ်ဂိုဏ်းကို ဆန့်ကျင်နေတာက သူသေချင်နေတာလား"
သို့စေကာမူ သူတို့ဘယ်လိုလုပ်သိမည်နည်း။
ယခုလိုအခြေအနေမျိုးအောက်တွင် ဟုန်ရင်နောက်ဆုတ်၍မရပေ။
သူမ၏ အာဏာနှင့်ရာထူးနှင့်အတူ သူမက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အုပ်ချုပ်သူဖြစ်သည်။ အကယ်၍ သူမထိန်းချုပ်မှုမပါဘဲ မည်သူမဆို အလယ်အလတ်အဆင့်ကြယ်နယ်မြေက ၀င်ထွက်သွားလာနိုင်ပါက သူမကို ဘယ်လိုလုပ် ဧကရီတစ်ပါးဟု ခေါ်နိုင်မည်နည်း။
သူမ၏အခြေအနေရပ်ကြောင့် သူမအင်ပါယာဆန္ဒကို ကျင့်ကြံခဲ့သည်။ အကယ်၍ ကျွမ်းကျင်သူများကို ရင်ဆိုင်ရသောအခါ သူမရှက်ကြောက်နေပါက အင်ပါယာဆန္ဒက ပျောက်ကွယ်သွားပေလိမ့်မည်။
အင်ပါယာများက ကမ္ဘာကြီးကို အုပ်ချုပ်ရန်နှင့် အပေါ်စီးကနေ ကြည့်ရှုရန်အတွက် မွေးဖွားလာကြခြင်းပင်။
အပိုင်း(1073) coming။