#အပြစ်အနာအဆာမဲ့၊ ကြီးကြပ်ရေးဗိမာန်၏ အကြံအစည်#
Vol. 76 Ch. 1073
ဟုန်ရင် မြင့်မားသည့်နေရာတွင် ရပ်နေပြီး သူမအုပ်ချုပ်နေသည့်ကမ္ဘာကြီးအား ငုံ့ကြည့်နေသည်။
သူမရွှေရောင်အဆင်းများပါသည့် အနီရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်၌ ကျောက်မျက်ရတနာအမျိုးမျိုးပါ၀င်သည့် သရဖူတစ်ခုကို ဆောင်းထားကာ ဧကရီတစ်ပါးနှင့်တူနေသည်။
အဆုံးမဲ့ပိုင်နက်တစ်ခုက သူမ၏ခမ်းနားထည်ဝါသည့် မျက်လုံးများထဲတွင် အမြင်မှတဆင့် ပေါ်လွင်နေသည့်အသွင်။ ကျယ်ပြောလှသည့်တိုက်ကြီးက အဝေးအတိုင်းအတာအထိ ရှည်လျားသည်။ တောင်နှင့်မြစ်များက ဆုံနေကြပြီး ပင်လယ်က ဆူပွက်ကာ ရေကန်က တောက်ပသည့် နတ်အလင်းနှင့် လင်း၀င်းနေသည်။
ဟုန်ရင်၏မျက်လုံးများကို မြင်သောအခါ နန်ကောင်းယင်ပင်လျှင် တစ်ခဏကြာ ကြက်သေသေသွားခဲ့သည်။
ဒီမြင်ကွင်းကိုမြင်သော် မုဇီရှင်းပြုံးသည်။
"ဟုန်ရင်က အများကြီးပိုအားကောင်းလာတာပဲ"
ယဲ့ချိုးပိုင်ပြုံးရင်းခေါင်းညိတ်သည်။
"ကြည့်ရတာ သူအလယ်အလတ်အဆင့် ကြယ်နယ်မြေကို အုပ်ချုပ်နေပြီထင်တယ်"
"ဒုတိယစီနီယာအစ်မရဲ့ခွန်အားက စီနီယာအစ်ကိုမုကလွဲပြီး ကျွန်တော်တို့အားလုံးထက် သာလွန်နေပြီ..." ဖန်ချန်းသက်ပြင်းချသည်။
မုဖူရှန်း ဖန်ချန်းကိုစိုက်ကြည့်သည်။
"မင်းငါ့အကြောင်းပြောနေတာ ရပ်လို့ရမလား၊ တခြားသူတွေမသိမှာကို မင်းကြောက်နေတာလား"
သူတို့စကားပြောနေစဉ် ကျန်းချင်းလန် အင်ပါယာအော်ရာကို ထုတ်လွှတ်သည့် ဒီခမ်းနားထည်ဝါသော အမျိုးသမီးက သူတို့ဂိုဏ်းကဆိုတာ ဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့သည်။
ဒါဘယ်လိုမွန်းစတားတွေလဲ!
ဘယ်ပုန်းကွယ်နေသည့်ကျွမ်းကျင်သူက ဒီလိုမွန်းစတားအများကြီးကို ပျိုးထောင်နိုင်တာလဲ!
ကျန်းချင်းလန်တွေးနေမိသည်။
ကျိချန်းယောင်နှင့် ကျင်းဝူကျင်းတို့ အလိုအလျောက် လျှောက်သွားမိကြသည်။
ကျိချန်းယောင် နှုတ်ခမ်းကွေ့ညွတ်ရင်း ပြုံးသည်။
"ဒီတော့သူကလည်း စီနီယာလုတပည့်ပေါ့၊ သူဒီလောက်အားကောင်းနေတာ အံ့ဩသင့်စရာမရှိတော့ပါဘူး"
ကျင်းဝူကျင်း စိတ်သက်သာရာရစွာ ခေါင်းညိတ်သည်။
"ဒီလိုဝေးလံတဲ့နေရာတစ်ခုမှာ ဘာလို့ မွန်းစတားလိုလူတစ်ယောက် ရှိနေရတာလဲလို့ ငါတွေးနေတာ"
"ဒါဆို သူ့နောက်က လူတွေရောပေါ့"
ပုဆိန်ကိုင်ထားသည့် ရိုးသားသောလူက ထူးခြားသည့်ကြယ်စွမ်းအားကို ထုတ်လွှတ်နေသည်။
သေးသွယ်လှပသည့် မိန်းကလေးတွင် အံ့ဩသင့်ဖွယ်ဆေးလုံးရနံ့တစ်ခုရှိသည်။
နောက်ဘက်တွင် စုတ်ပြဲနေသည့် စာအုပ်ခြင်းတစ်ခုကိုလွယ်ပြီး ရပ်နေသည့် စာသင်သားကမူ မည်သည့်ဝိဉာဉ်ချီ သို့မဟုတ် အင်မော်တယ်ချီမှ မရှိသော်လည်း သူက အတော်လေးထူးခြားနေပုံရသည်။
ယဲ့ချိုးပိုင် တစ်ခဏမျှတွေးလိုက်သည်။ သူတို့ကအခုလုပ်ဖော်ကိုင်ဖက်များဖြစ်လေရာ သူအမှန်အတိုင်း ခေါင်းညိတ်ခဲ့သည်။
ဒါကကျန်းချင်းလန်ကို ပို၍ပင် ဆွံအသွားစေသည်။
ဓားသမား၊ ခန္ဓာကျင့်ကြံသူ၊ အဆောင်သခင်၊ အစီအရင်ဆရာ၊ အင်ပါယာ၊ အဂ္ဂိရတ်ပညာရှင်၊ ကြယ်စွမ်းအားကျင့်ကြံသူနှင့် သူမပင် မြင်နိုင်စွမ်းမရှိသည့် ပညာရှင်တို့က စုစည်းနေကြသည်။
အကယ်၍ ဂိုဏ်းအသီးသီးကဆိုပါက ပုံဖော်ကြည့်ရန် ပို၍လွယ်ကူသည်။
သို့စေကာမူ သူတို့အားလုံးက တူညီသည့်စွမ်းအားတစ်ခုတည်းကပင် လာခြင်းပင်။
နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းတွင်ပင် မတူညီသည့်ဘက်ပေါင်းစုံကနေ တစ်ချိန်တည်းတွင် ပါရမီရှင်များစွာကို ပျိုးထောင်ရန်ဟူသည် မဖြစ်နိုင်ပေ။
ခန္ဓာကျင့်ကြံသူများအတွက် အဓိကထားသည့် ဟောင်တျန်းနတ်ပိုင်နက်နှင့် အလားတူသည်။
နောက်ထပ်ဥပမာတစ်ခုက ခေးအောစ့်အနှစ်သာရဓားဘိုးဘေးဂိုဏ်းဖြစ်သည်။
သူတို့အားလုံးက ဓားသမားများဖြစ်သည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
တစ်ခဏအကြာတွင် ကျန်းချင်းလန် ပါရမီရှင်များစွာကို ပျိုးထောင်နိုင်သော မဟာအင်မော်တယ်အား မြင်ချင်လာသည်။
သူ့အခြေခံအုတ်မြစ်က ဘယ်လောက်ပင် အားကောင်းလေသနည်း။
ဒီအချိန်တွင် နန်ကောင်းယင် မျက်မှောင်ကြုတ်ရင်း သူ့အကြည့်ကို ဟုန်ရင်ထံ ပို့လွှတ်ပိတ်ဆို့ပစ်သည်။
ဟုန်ရင်လုံး၀နောက်မဆုတ်ဘဲ နန်ကောင်းယင်အား အေးအေးဆေးဆေးပင်ကြည့်သည်။
သူမကအတော်လေးတည်ငြိမ်နေပုံရသော်လည်း အမှောင်ထဲတွင် မငြိမ်မသက်ဖြစ်နေသည့် လှိုင်းများရှိသည်။
နန်ကောင်းယင်ကိုယ်ထဲက နတ်သခင်အဆင့်ဖိအားက ဟုန်ရင်အပေါ် အပြည့်အ၀ကျရောက်လာသည်။
သို့စေကာမူ သူ့ကိုအံ့ဩသင့်စေတာက ဟုန်ရင်၏ အမူအရာကလုံး၀ပြောင်းလဲမသွားခြင်းပင်။ သူမထိုနေရာ၌ ကျောကိုင်းသွားခြင်းမရှိသလို ခြေခေါက်သွားခြင်းလည်းမရှိဘဲ ရပ်နေသည်။ သူမ၏ပုံစံက တောင်တစ်လုံးအလားထင်ရသည်။
ကမ္ဘာကြီးကိုပင် ထိုးဖောက်နိုင်သည့် ပြိုင်ဘက်ကင်းနတ်လှံတစ်လက်က ကမ္ဘာကြီးထဲတွင် ရပ်နေသည့်အသွင်။
ဒါက နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့်က ကျင့်ကြံသူတစ်ယောက် လုပ်နိုင်တဲ့အရာလား!
နတ်သခင်နယ်ပယ်တစ်၀က်အဆင့်တစ်ဦးပင်လျှင် ဒီအော်ရာ၏ဖိနှိပ်မှုကို ခုခံရန်အတွက် အစွမ်းကုန် ထုတ်သုံးရပေလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် သူ့မျက်နှာက သွေးဆုတ်ဖြူရော်သွားမည်သာ။
မည်သို့ပင်ဆိုစေကာမူ နတ်သခင်နယ်ပယ်က ပြောင်းလဲသွားသည့်ဖြစ်ရပ်တစ်ခုပင် မဟုတ်ပေလော။
သာမန်လူတစ်ယောက်သာဆိုပါက သူတို့ခုခံနိုင်စွမ်းရှိမည်မဟုတ်။
သို့စေကာမူ ဒီအလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ဟုန်ရင်က ကြယ်နယ်မြေအရှင်သခင်ဖြစ်လာပြီဖြစ်သည်။
အင်ပါယာဆန္ဒနှင့် ကြယ်နယ်မြေနှလုံးသား၏ အကူအညီဖြင့် ဟုန်ရင် နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦး၏ ဖိအားကို ခုခံနိုင်သည်။
လွှမ်းမိုးနေသည့်အင်ပါယာဆန္ဒက ဟုန်ရင်အနီးတွင် အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ဒါက ဖိအားကို ခုခံနိုင်သည်သာမက ထက်ရှသည့်ဓားများအဖြစ် ပြောင်းလဲကာ နန်ကောင်းယင်ဆီသို့ တိုး၀င်ကာ ပိုင်းဖြတ်ပစ်သည်။
ရုတ်တရက် နန်ကောင်းယင်၏ အော်ရာက ဒီရေကဲ့သို့ ဆုတ်သွားပြီး သူ့မျက်နှာ၌ အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။
"ဒီလိုဆိုမှတော့ အရှင်ဧကရီ၊ ငါတို့မင်းရဲ့ နယ်နိမိတ်ကို ကျူးကျော်မိပါတယ်၊ ဒါပေမယ့် ဒါကသေမျိုးကမ္ဘာတစ်ခုလုံးနဲ့ သက်ဆိုင်နေတာမို့ မင်းတို့ရဲ့ရတနာမြေကို ငါတို့ငှားယူချင်ပါတယ်"
"သေချာတာပေါ့ မင်းကလည်းငါတို့နဲ့အတူ ၀င်နိုင်ပါတယ်၊ ဒါက မင်းနဲ့ မင်းရဲ့တိမ်ဖီးနစ်အင်ပါယာဆီကို ကြောက်စရာကောင်းလောက်အောင် ကြီးမားတဲ့ ကံကြမ္မာတစ်ခု ယူဆောင်လာပေးနိုင်တာပဲလေ"
ဒါကိုကြားသော် လူတိုင်းထိတ်လန့်သွားကြသလို ပါရမီရှင်အားလုံးကလည်း ထိတ်လန့် တုန်လှုပ်သွားကြသည်။
ဒါက နတ်သခင်နန်ကောင်းယင် ငြိမ်းချမ်းရေးတောင်းဆိုရန်အတွက် ပမာဏခြေလှမ်းလှမ်းခဲ့သည်ဟု ဆိုလိုနေခြင်းပင် မဟုတ်ပေလော။
သူက သူ့ကိုရင်ဆိုင်နေတဲ့ နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်က ဂျူနီယာတစ်ယောက်ကို ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေတာလား!
သို့စေကာမူ မျက်မှောင်ကြုတ်နေကြသည့် သူများလည်းရှိသည်။
ဒီစကားလုံးများ၏ အဓိကအချက်က ငြိမ်းချမ်းရေးကို ရှာဖွေခြင်းမဟုတ်ဘဲ နောက်ဆုံးစာသားဖြစ်သည်။
ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်သည်။
"ကြည့်ရတာ ကြီးကြပ်ရေးဗိမာန်က အတော်လေးလိုလားတောင့်တနေတာပဲ၊ သူတို့ရှေးဟောင်းစစ်မြေပြင်ကို ၀င်ဖို့အတွက် ဘာပဲဖြစ်လာဖြစ်လာ သူတို့ရဲ့အင်အားကို စုစည်းချင်နေတယ်"
ရှောင်ဟိုင်ကလည်းခေါင်းညိတ်သည်။
"အခြေအနေကို ကျွန်တော် ဒုတိယစီနီယာအစ်မကို အရင်ဆုံးရှင်းပြသင့်လား"
ဒါကိုကြားသော် ဖန်ချန်းဘေးက မုဖူရှန်းကို လက်ညိုးထိုးပြစဉ် ဝိဉာဉ်စွမ်းအားအမျှင်စတစ်စက ဟုန်ရင်ထံသို့ တိတ်တဆိတ် လွင့်မြောသွားတာကို တွေ့လိုက်ရသည်။
"စီနီယာအစ်ကိုမု ဒီအတွက် အလုပ်လုပ်နေပြီ"
မုဖူရှန်းဆိုသည့်အတိုင်းပင် သူကအရာအားလုံးကို အပြစ်အနာအဆာကင်းမဲ့စွာ လုပ်ခဲ့သည်။
ဟုန်ရင် နန်ကောင်းယင်ကို မေးခွန်းတစ်ခု မေးချင်သော်လည်း မုဖူရှန်း၏ အသံပို့လွှတ်မှုကို မြင်သောအခါ တစ်ချက်ကြည့်လိုက်မိသည်။ ထို့နောက် သူမအကြည့်ကို ရုပ်သိန်းပြီး ခေါင်းညိတ်သည်။
"ကြီးကြပ်ရေးဗိမာန်ကို သေမျိုးနယ်မြေအတွက် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒါကဖြောင့်မတ်တာပဲ၊ ဒီလိုဆိုမှတော့ ကျွန်မငြင်းလိုက်မယ်ဆိုရင် ဒါက မယဉ်ကျေးရာကျသွားလိမ့်မယ်"
ဒါကိုကြားသော် နန်ကောင်းယင် နှလုံးသားထဲကနေ နှာခေါင်းရှုံ့လိုက်သော်လည်း အပေါ်ယံ၌ နွေးထွေးသည့်အပြုံးတစ်ခုကို ပြသသည်။
"သေမျိုးနယ်မြေက ငါတို့ဝေမျှရမယ့်အရာတစ်ခုပဲလေ၊ ဖြောင့်မတ်တာတွေဘာတွေ မလိုပါဘူး၊ ဒါက ကြီးကြပ်ရေးဗိမာန်ရဲ့ စစ်ဆေးဖို့ တာ၀န်ပါပဲ"
"ဧကရီအရှင်မက ငါတို့နဲ့အတူပါ၀င်လာပြီဆိုတော့ ငါအခုငါတို့ ဒီပင်လယ်ဆူနာမီကို စပြီးဖြတ်သန်းဖို့ အချိန်ကျပါပြီ"
ထို့နောက်ချက်ချင်းဆိုသလို နန်ကောင်းယင် ဟုန်ရင်ကို ဒီနေရာ၏ ဆန်းကြယ်မှုများအကြောင်း ပြောပြလိုက်သည်။
ဟုန်ရင် မုဖူရှန်း၏အသံပို့လွှတ်မှုကနေ အရာအားလုံးကို သိထားပြီးဖြစ်သော်လည်း သူမခေါင်းညိတ်ဟန်ဆောင်နေတုန်းပင်။
သို့စေကာမူ ဟုန်ရင်နှင့်ကျန်သောသူများ အနက်ပိုင်းက ဆူနာမီလှိုင်းနှင့် ပင်လယ်လေဆင်နှာမောင်းအပြင် ဧရာမပုံရိပ်နှင့် ပင်လယ်နက်မှော်သားရဲအုပ်ကြီးကို မြင်သောအခါ ထိတ်လန့်သွားကြ၏။
ဒီအခိုက်အတန့်မှာပင် နန်ကောင်းယင်ပြောသည်။
"ငါမင်းတို့နဲ့အတူ ၀င်လို့မရဘူး၊ အခုကနေစပြီး မင်းတို့လုပ်ချင်တာမှန်သမျှကို လုပ်လို့ရတယ်၊ မင်းတို့ချောမွေ့စွာအောင်မြင်ပြီး ရှေးဟောင်းစစ်မြေပြင်ထဲကို ၀င်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"
"ဒါပေမယ့် တစ်ခုခုမှားနေတာနဲ့ ချက်ချင်းနောက်ဆုတ်ဖို့သတိရပါ၊ မင်းတို့အသက်ကို ဆုံးရှုံးသွားရင် ဘာမှကျန်တော့မှာမဟုတ်ဘူး"
နန်ကောင်းယင် သူ့မိန့်ခွန်းစကား၌ အားထုတ်မှုအများကြီး ထည့်ထားဆဲပင်။
ဒါက မူလက သံသယတစ်ချို့ရှိနေခဲ့သူများ၏ သံသယများကိုလည်း အနည်းငယ်လျော့ပါးသွားစေသည်။
"ငါတို့ကြီးကြပ်ရေးဗိမာန်က လူတွေက လူတိုင်းအတွက် ရှေ့တန်းမှာရှိနေပေးပါမယ်"
သူတို့က ရှေးပြေးတပ်ဖြစ်လာရန်အတွက် ပဏာမခြေလှမ်းကိုလှမ်းပြီး အမြောက်ဆံများဖြစ်လာမှမဟုတ်ဘူးဆိုတာ နန်ကောင်းယင်သိသည်။
ထို့ကြောင့် သူအကြာကြီးကတည်းက ပြင်ဆင်ထားသည်။
ယင်းနောက်တွင်သာ သူဒါကိုအပြစ်အနာအဆာကင်းမဲ့စွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သတိထားမိကြမည်မဟုတ်။
ကြီးကြပ်ရေးဗိမာန်ဘက်တွင် အေးစက်သည့်အမူအရာနှင့် လူတစ်ယောက်လျှောက်လာသည်။ ထို့နောက် သူနတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်အော်ရာနှင့် ပေါက်ကွဲကာ ဆူနာမီလှိုင်းများရှိသည့် ပင်လယ်လေဆင်နှာမောင်းထဲသို့ တည့်တည့် ပြေး၀င်သွားလေတော့သည်။
အပိုင်း(1074) coming။