ရှုပ်ထွေးလှသည့် နင်းချန်ရှင်း
Vol. 76 Ch. 1074
လှိုင်းများက မြည်ဟီးနေပြီး လေဆင်နှာမောင်းများက လူတိုင်းရှေ့တွင် ကောင်းကင်ပေါ် ထိုးတက်နေကြ၏။ လေဆင်နှာမောင်းပင်လယ်ထဲတွင် မရေမတွက်နိုင်လောက်သော အရိပ်နက်များ မျောလွင့်နေကြသည်။ သွေးနီရောင်နက်ရှိုင်းသည့် မျက်လုံးတစ်စုံက ရံဖန်ရံတစ်ခါ လှမ်းလှမ်းကြည့်နေတတ်သည်။
၎င်း၏အကြည့်နှင့် ဆုံမိသောသူတိုင်း အဆုံးမဲ့သွေးအရာချောက်နက်တစ်ခုထဲသို့ ကျသွားသည့်အလားခံစားရပြီး သူတို့ဘာသာ မလွတ်မြောက်နိုင်သလို ခံစားရသည်။
သူတို့မ၀င်ခင်ကတည်းက အင်မတန်အားကောင်းသည့်ဖိအားကို ခံစားနေရသည်။
ဒါ့အပြင် ဒီနေရာကပါရမီရှင်များက မည်မျှပင် မိုက်မဲတုံးအစေကာမူ သူတို့က အမြောက်ဆံများ ဖြစ်လာရသည်အထိတော့ တုံးအကြမည်မဟုတ်။
နန်ကောင်းယင် ဒီလူအုပ်စု၏ အကျင့်ဆိုးများကို ကောင်းကောင်းသိသဖြင့် ပြင်ဆင်ထားသည်။
ကြီးကြပ်ရေးဗိမာန်ကို စေလွှတ်ခြင်း တစ်နည်းအားဖြင့် ပြပွဲတစ်ခုလုပ်ဆောင်ရန်အတွက် ဘယ်နေရာတွင် စီစဉ်ရမလဲဆိုတာ သိသည့် ပါရမီရှင်အဆင့်ပျိုးထောင်သူတစ်ချို့ကို စေလွှတ်ခြင်းပင်။ ဒါက လူတိုင်း၏ သတိထားမှုကို ဖြေလျှော့ပေးနိုင်ပါသည်။
ကြီးကြပ်ရေးဗိမာန်မှ ဒီရှည်လျားသွယ်လျသည့်လူထွက်လာသောအခါ သူ့အမူအရာက အေးစပ်နေသည်။ သူမဆိုင်းမတွပင် ပင်လယ်လေဆင်နှာမောင်းထဲ ပြေး၀င်သွား၏။
လူတိုင်း၏မျက်လုံးများက ဒီလူအပေါ် ကျရောက်နေပြီး ပင်လယ်လေဆင်နှာခေါင်းထဲက ဆန်းကြယ်မှု သို့မဟုတ် ဟာကွက်တစ်ချို့ကို မြင်လိုကြသည်။
ဒီနည်းနှင့် သူတို့အလှည့်ရောက်သောအခါ ရှင်သန်နိုင်မည့် အခွင့်အလမ်းများက ပိုတိုးလာပေလိမ့်မည်။
ထိုလူ၏အမြန်နှုန်းက အတော်လေးမြန်ဆန်သည်။ ပင်လယ်လေဆင်နှာမောင်းထဲ မ၀င်မီ သူအစွမ်းထက်အော်ရာနှင့်အတူ အပြည့်အ၀ ပေါက်ကွဲခဲ့သည်။
မူလကရပ်တန့်နေသည့် ဆူနာမီလေဆင်နှာမောင်းက ဘယ်ညာစတင်လှုပ်ယမ်းသည်။ ၎င်း၏ရွေ့လျားမှုလမ်းကြောင်းက ပုံစံမကျဘဲ ရပ်သွားလိုက်၊ အရှိန်မြှင့်လိုက်ဖြစ်နေသည်။
ထိုလူမှာ သူ့ကိုယ်ပိုင်လှုပ်ရှားတုံ့ပြန်မှုများကို အားကိုးရုံသာတတ်နိုင်သည်။
သူ့ကို ပင်လယ်လေဆင်နှာမောင်းနှစ်ခု တိုက်ခိုက်တော့မည့်အချိန်တွင် သူဖြတ်သွားသည့်လမ်းကြောင်း၌ ကောင်းကင်ပေါ် ထိုးတက်သွားသည့် ပင်လယ်လေဆင်နှာမောင်းနှစ်ခုက စတင်ဖြတ်သန်းသွား၏။
ထိုလူ၏အရှိန်က စတင်နှေးကွေးလာတာကို လူတိုင်းရှင်းလင်းစွာ မြင်နိုင်သည်။
ဒါက သူတမင်သက်သက် အရှိန်လျှော့ချချင်သောကြောင့်မဟုတ်ပါ။
ရှိနေသောသူတိုင်း၏ ဗဟုသုတများအရ သူ့ကိုယ်ထဲက အော်ရာကို ပို၍ကြီးမားကာ ပေါက်ကွဲဖွယ်ရာအားတစ်ခုနှင့် ထုတ်လွှတ်နေတာကို ရှင်းလင်းစွာမြင်နိုင်သည်။
ဒါက သူ့အမြန်နှုန်းက လျော့ကျသွားရမည့်အလား တိုးလာသင့်သည်ဟု ဆို၍ရသည်။သို့စေကာမူ ၎င်းကနှေးကွေးသွားခဲ့သည်။
ဆိုလိုတာက ပင်လယ်လေဆင်နှာမောင်း၏ ကန့်လန့်ဖြတ်ဖိအားအောက်တွင် ပတ်၀န်းကျင်လေဟာနယ်က ပုံပျက်ကာ အော်ရာဖိနှိပ်မှုက သူ့အရှိန်ကို နှေးကွေးသွားစေခြင်းပင်။
နောက်က မုဖူရှန်း ဒီမြင်ကွင်းကို တည်ငြိမ်စွာကြည့်ရင်း တိတ်တိတ်လေးပြောသည်။
"ပင်လယ်လေဆင်နှာမောင်းက လေဟာနယ်ကို သက်ရောက်ပြီး ပုံပျက်မှုတွေကိုဖြစ်စေတယ်၊ ဒါကိုမမြင်နိုင်ဘူးဆိုရင်တောင် ဒီပုံပျက်နေတဲ့လေဟာနယ်က မညီညာတဲ့ တောင်တက်လမ်းတစ်ခုလိုပဲ၊ ဒီထဲလျှောက်သွားတာနဲ့ နှေးကွေးသွားရလိမ့်မယ်"
ဟုန်ရင်ခေါင်းညိတ်သည်။
"ဒါတင်မဟုတ်လောက်ဘူး...."
ဒီလိုသာဆိုပါက ခက်ခဲမှုက အရမ်းကြီး မမြင့်မားသဖြင့် ကြီးကြပ်ရေးဗိမာန်က ယခုလို ကြီးမားသည့်ဆူပူအုံကြွမှုကြီးကို ဖြစ်စေမည်မဟုတ်။
ဒီအချိန်မှာပင် နင်းချန်ရှင်း ရုတ်တရက် ပြုံးလိုက်လေသည်။
"သတ်ဖြတ်ခြင်းဆန္ဒ"
သတ်ဖြတ်ခြင်းဆန္ဒ!
လူတိုင်းလှမ်းကြည့်လိုက်ကြ၏။
သတ်ဖြတ်ခြင်းဆန္ဒနှင့် အတော်လေးထိတွေ့လွယ်သည့် ရှောင်ဟိုင်ပင်လျှင် အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။
"တတိယစီနီယာအစ်ကို၊ ကျွန်တော်ဘာတစ်ခုမှ မခံစားရဘူး"
နင်းချန်ရှင်းမျက်နှာပေါ်က အပြုံးက ဘယ်တော့မှ ပျောက်ကွယ်မသွားခဲ့ပေ။ သူကအမြဲလိုလိုသိမ်မွေ့ကာ ပြောဆိုဆက်ဆံရလွယ်သူဖြစ်သည်။
"အရာအားလုံးရဲ့အော်ရာကို ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားပါစေ နောက်လိုက်လို့ရတဲ့ ခြေရာတွေဆိုတာ ရှိစမြဲပဲ၊ ဒီလိုအရာတွေကို ပိုပိုပြီး မြင်ကြုံလာရတဲ့အခါ သဘာ၀အလျောက် သိလာမှာပဲ"
နင်းချန်ရှင်း နှစ်များစွာကြာ နယ်မြေအသီးသီးတွင် တရားဟောခဲ့ပြီး အရာများစွာကို မြင်တွေ့ခဲ့ရသည်။
လူသတ်မှုနှင့် မီးရှို့ဖျက်ဆီးမှု!
လောင်ကျွမ်းခြင်း၊ သတ်ဖြတ်ခြင်းနှင့် အဓမ္မလုယက်ခြင်း!
အမျိုးသမီးများအတွက်၊ အရင်းအမြစ်များ၊ စွမ်းအား သို့မဟုတ် ညီအစ်ကိုများအကြား စိတ်၀မ်းကွဲမှု၊ အဖေနှင့်သားက တစ်ဦးကိုတစ်ဦး သတ်ကြခြင်း!
ဖြစ်နေကျပုံမှန်ဂိုဏ်းစစ်ပွဲများအပြင် နင်းချန်ရှင်း ဒီကမ္ဘာကြီး၏ အေးစက်မှုများစွာနှင့် တွေ့ကြုံခံစားခဲ့ရသည်။
ဒါက စိတ်အာရုံအသိမဟုတ်ဘဲ ၀မ်းတွင်းအသိဖြစ်သည်။
နင်းချန်ရှင်း ပင်လယ်လေဆင်နှာမောင်းကို ညွှန်ပြပြီး မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်၏။
"သေချာလေးကြည့်၊ ပင်လယ်လေဆင်နှာမောင်းကြောင့် ဆုတ်ဖြဲခံရတဲ့ လေဟာနယ်က ကျယ်ပြောတဲ့ပိုက်ကွန်တစ်ခုနဲ့တူတယ်၊ လေဆင်နှာမောင်းထဲက ရေစက်တိုင်းက အချိန်မရွေး ထက်ရှတဲ့ ဓားတစ်လက်အဖြစ် ပြောင်းသွားနိုင်သလို သူ့ရဲ့ အစွယ်တွေက အပိုင်းပိုင်းအစစ ကိုက်ဖြတ်ပစ်နိုင်တယ်"
"တကယ်လို့ဒီလူသာ တိုက်စားခြင်းမခံရဘဲ နေရာကူးပြောင်းနိုင်မယ်ဆိုရင် သူဒါကို ရှောင်ရှားနိုင်လောက်တယ်"
ကျိချန်းယောင်၊ ကျင်းဝူကျင်းနှင့် ကျင်းချင်းလန်တို့အားလုံး သူ့ကို အံ့ဩသင့်တကြီး ကြည့်ကြသည်။
သူ့ကိုယ်ထဲတွင် ကျင့်ကြံခြင်းအော်ရာ အရိပ်အယောင်မရှိတာ ရှင်းနေပြီး ထူးခြားနေတာဘာတစ်ခုမှမရှိပါ။
သို့စေကာမူ သူတို့ပင်လျှင် အလွယ်တကူ မမြင်နိုင်တာကို သူဖြတ်သန်းမြင်နိုင်သည်။
သို့သော် သူတို့ဘယ်လိုလုပ် သိနိုင်မည်နည်း။
နင်းချန်ရှင်းနှင့်ပတ်သက်ပြီး ဘာမှမထူးခြားနေသော်လည်း တကယ်တမ်းတွင် ဒါက အထူးခြားဆုံးအရာပေတည်း။
မုဖူရှန်း နင်းချန်ရှင်းကို နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။
တတိယစီနီယာအစ်ကို ပြောခဲ့တာကို သူအာရုံခံစားနိုင်သည့်တိုင် အသေးစိတ်ရှင်းပြနိုင်ရန်အတွက်မူ သူမသေချာပါ။
မူလက ဒုတိယစီနီယာအစ်မ၏ ခွန်အားအရာ၌ တိုးတက်မှုက ကြောက်စရာအကောင်းဆုံးဟု သူထင်ခဲ့သည်။
ယခုကြည့်ရသည်မှာ တတိယစီနီယာအစ်ကိုကလည်း မရိုးရှင်းပေ။
ဒီအကြည့်များကို ရင်ဆိုင်ရသောအခါ နင်းချန်ရှင်း ခပ်ရေးရေးသာပြုံးလိုက်တော့သည်။
"ဆက်ကြည့်ကြရအောင်"
ထို့နောက်သူတိတ်ဆိတ်သွားသည်။
နင်းချန်ရှင်းပြောခဲ့သည့်အတိုင်းပင် ထိုလူ ဒီကန့်လန့်ဖြတ်နေသည့် လေဆင်နှာမောင်းကို ဖြတ်သွားသောအခါ ပုန်းလျှိုနေသည့် ပုံပျက်နေသောလေဟာနယ်က ရုတ်တရက် စတင်လျင်မြန်စွာ ကျုံ့လာသည်။ ၎င်းက ပြန့်ကြဲသွားသည့် ပိုက်ကွန်ကြီးတစ်ခုနှင့် အမှန်ပင်တူနေပြီး ဘက်ပေါင်းစုံကနေ ပတ်ရံပစ်သည်။
ထိုလူဒါကိုမြင်သောအခါ မျက်မှောင်ကြုတ်ရင်း တုတ်ရှည်တစ်ချောင်း သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။ ဝိဉာဉ်ချီဖြည့်သွင်းမှုအောင်တွင် သူ့တိုက်ပွဲဆန္ဒက ရုတ်တရက် တိုးလာခဲ့သည်။
သူရုတ်တရက် ပတ်၀န်းကျင်က ပုံပျက်နေသည့် လေဟာနယ်ကို တိုက်ခိုက်လိုက်သည်။
ဂျုန်း......!
ကျယ်လောင်သည့်အသံနှင့်အတူ တုတ်က ပုံပျက်နေသည့်လေဟာနယ်ကို ရိုက်ခတ်မိသဖြင့် အက်ကြောင်းများကို ဖန်တီးသည်။
သို့စေကာမူ ဒါက ၎င်းပုံပျက်နေသည့် လေဟာနယ်ကို အပြည့်အ၀ ပြိုကွဲသွားအောင် မလုပ်နိုင်သေးပါ။
ကြီးကြပ်ရေးဗိမာန်က စေလွှတ်ခဲ့သည့် ပါရမီရှင်တဖြစ်လဲ ဒီကျရှုံးမှုကြောင့် သူက ဂုဏ်ငယ်နေမည်မဟုတ်။
တုတ်က ပုံပျက်နေသည့်လေဟာနယ်ကို ရိုက်ခတ်သောအခါ ထိုလူလက်ထဲက ခွန်အားကို မရပ်ဘဲ တုတ်ရှည်ကို ပုံပျက်နေသည့် လေဟာနယ်ကို သွားခွင့်ပေးပြီး သူဆက်လက်ဖိနှိပ်သည်။
တုတ်ကိုယ်ထည်က အဆက်မပြတ် စတင်ကွေးသွားသည်။
တုတ်ကိုယ်ထည် အတိုင်းအတာတစ်ခုအထိ ကွေးညွတ်သွားပြီးနောက်တွင် ထိုလူမှာ ရုတ်တရက် လွှတ်ပေးလိုက်၏။
တုန်လှုပ်ဖွယ်ရာစွမ်းအင်အမျှင်စများက သူ့ရှေ့က လေဟာနယ်အား တိုက်ဆောင့်ပစ်သည်။
ဒီကြီးစိုးလွန်းသည့်စွမ်းအားက စုစည်းနေသည့်လေဟာနယ်ကို လုံး၀အပိုင်းပိုင်းအစစ ပြိုကွဲသွားစေသည်။
ပတ်၀န်းကျင်က တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အာကာသဆူပူအုံကြွမှုများ စတင်ထိုးတွက်လာကြ၏။
ထိုလူဒါကိုဂရုမစိုက်ဘဲ ရှေ့သို့ဆက်ပြေးသွားသည်။
သူ့ကိုဆီးကြိုနေတာက မုန်တိုင်းထဲက မက်မန်ပန်းပွင့်များအလား ထင်ရသည့် သိပ်သည်းသော မိုးရေစက်များပင်။
သူ သိပ်သည်းသောမိုးရေစက်ဓားများကို အတတ်နိုင်ဆုံးရှောင်တိမ်းပြီး အမှန်တကယ် ရှောင်တိမ်းနိုင်စွမ်းမရှိပါက တုတ်ရှည်နှင့် ရိုက်နှက်ဖြိုခွဲပစ်သည်။
သို့စေကာမူ တုတ်က မိုးရေစက်များကို ပြိုကွဲစေသောအခါ ထိုလူ၏ ကိုယ်က အနည်းငယ် တုန်ယင်သွားရသည်။
ဒီရေစက်ဓားသွားစွမ်းအားက အနည်းငယ်အစွမ်းထက်သည်မှာ ရှင်းနေသည်။
သူ့ရှေ့က ကန့်လန့်ဖြတ်နေသည့် ပင်လယ်လေဆင်နှာမောင်းက တဖြည်းဖြည်း ထိုလူ၏ ရှေ့ဆက်ရာလမ်းကြောင်းကို ပိတ်ဆို့ပစ်သည်။
သို့သော် အက်ကြောင်းသေးသေးလေးတစ်ခုသာ ကျန်သောအခါ ထိုလူကံခေစွာပင် ထိခိုက်မှုမရှိဘဲ ဖြတ်သန်းသွားနိုင်ခဲ့သည်။
သို့စေကာမူ သူနေရာကူးပြောင်းလိုက်စဉ် နောက်ကလူများ၏ အမူအရာများက အကြီးအကျယ်ပြောင်းလဲသွား၏။
ထိုလူကို ကြိုဆိုနေတာက ပင်လယ်လေဆင်နှာမောင်းကိုးခုနှင့်အတူ မြင့်တက်လာသည့် နံရံတစ်ခုပင်။
ထို့ထဲတွင် အပေါက်လေးများရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အလိုအလျောက် ပိတ်ဆို့သွားသည်။
အကယ်၍ သူတို့သာချက်ချင်းပြေး၀င်ကာ မပါ၀င်လိုက်ပါက အကျိုးဆက်များက စိတ်ကူးယဉ်ကြည့်၍ပင် ရနိုင်မည်မဟုတ်။
ချက်ချင်းဆိုသလို တစ်ယောက်ယောက်အော်ဟစ်သည်။
"ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
အပိုင်း(1075) coming။