#မုဖူရှန်း၊ ကျွန်တော့်ပါရမီက အားနည်းတယ်လေ၊ ဒီတော့ ဘာမှားလို့လဲ#
Vol. 76 Ch. 1076
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများရှေ့တွင် ကောင်းကင်ပေါ် ထိုးတက်နေသည့် လေဆင်နှာမောင်းကိုးခုက ဆက်လက်ကန့်လန့်ဖြတ်စုဆုံနေသည်။
တစ်ကြိမ်ပြီးတစ်ကြိမ် လူတစ်ယောက်တည်း ဖြတ်သန်း၀င်ရန်အတွက်သာ ကြီးမားသည့် အက်ကြောင်းလေးက မျက်စိတစ်မှိတ်အတွင်း ပင်လယ်လေဆင်နှာမောင်း၏ ဖုံးအုပ်ခြင်းကို ခံရသည်။
ဒီ၀င်ပေါက်လေး၏တည်နေရာကို ကြိုတင်ခန့်မှန်းနိုင်ပါက ဒါကိုကျော်ဖြတ်ရန်ဟူသည် အရမ်းကြီး မခက်ခဲလောက်ပေ။
သို့စေကာမူ ၀င်ပေါက်၏တည်နေရာက ခန့်မှန်း၍မရနိုင်ပေ။ ပင်လယ်လေဆင်နှာမောင်း၏ ဦးတည်ချက်နှင့် ပုံစံက ပုံမှန်မဟုတ်ပါ။
သူတို့အမြန်ဆုံးတုံ့ပြန်ကာ ချိုးဖျက်၀င်ရောက်ရန် လိုအပ်သည်။ ဒါက ကောင်းကင်ဘုံသို့ တက်ရောက်ရသည့်ပမာ ခက်ခဲလှသည်။
ဘေးက စုန့်ရှောင်ရယ်မောသည်။
"ဘယ်လိုလဲ၊ မင်းတို့တစ်ခုခု ရှာတွေ့ပြီလား"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ဒီလူကို သတိထားနေဆဲဖြစ်ကာ လောလောဆယ်တော့ ပူးပေါင်းဆောင်ရွက်ရန်မဖြစ်နိုင်ပါ။
များသောအားဖြင့် တစ်ဘက်လူကို ကောင်းစွာမသိသောလူများက ပူးပေါင်းရန်အတွက် ပမာဏခြေလှမ်းလှမ်းပါက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရည်ရွယ်ချက်တစ်ခုရှိသည်။
ဒီလိုအချိန်မျိုးတွင် နှလုံးသားထဲကအတိုင်း ဘယ်လိုလုပ် ပြောနိုင်မည်နည်း။
ထို့နောက် စုန့်ရှောင်ပြုံးသည်။
"ဒီလိုအခြေအနေမျိုးမှာ ဘာပဲဆိုဆို ပုံစံကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
ဟုန်ရင်တစ်ချိန်တည်းတွင်ပြောသည်။
"ငါတို့အားနဲ့ အတင်းချိုးဖျက်မှရတော့မယ်"
သူတို့၏အတွေးများက တစ်ထပ်တည်းကျနေတာ ရှင်းနေပါသည်။
စုန့်ရှောင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ သတိကို ဖယ်ရှားပစ်ချင်သည့်အလား သူဆက်ပြောကာ သူ့အတွေးများကို ပြောပြသည်။
"ငါတို့ပုံစံကို ရှာမတွေ့နိုင်တဲ့ဒီလိုအခြေအနေမျိုးမှာ ငါတို့တုံ့ပြန်မှုက ဘယ်လောက်ပဲမြန်နေပါစေ ရှာတွေ့ပြီးနောက် ငါတို့၀င်ပေါက်ကို ဖြတ်ကျော််နိုင်မှာမဟုတ်ဘူး"
"ဒါပေမယ့် ငါတို့တိုက်ခိုက်မှုတွေကို ကြိုတင်ပြင်ဆင်ထားပြီး ၀င်ပေါက်ပေါ်လာတဲ့အချိန်မှာ အစွမ်းကုန် တိုက်ခိုက်လို့ရတာပဲလေ၊ ဒါသာထိရောက်မှုရှိရင် အနည်းဆုံးတော့ ငါတို့၀င်ပေါက်ကို အချိန်ကာလတစ်ခုအထိ ထိန်းသိမ်းထားလို့ရတာပဲ"
စုန့်ရှောင်ပြုံးရင်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ကြည့်သည်။
"ဒီနေရာမှာ မင်းတို့မှာ လူအများဆုံးပဲ၊ ပြီးတော့ မင်းတို့က အတော်လေးသန်မာပုံပေါ်တော့ ငါမင်းတို့ကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် လာရှာရတာပဲ"
စုန့်ရှောင်၏ စကားလုံးက အရမ်းယုံစရာကောင်းသည်ဟု ဆို၍ရသည်။
ပထမဆုံး သူစဉ်းစားမိသည့်နည်းလမ်းကို ပြောခဲ့သည်။ ထို့နောက် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် အကြောင်းရင်းကို ရှင်းပြသည်။
ဒါက စုန့်ရှောင်အပေါ် လူတိုင်း၏ သတိထားမှုကို လျော့ပါးသွားစေသည်။
ဟုန်ရင်နှင့်ကျန်သောသူများ ခေါင်းညိတ်ကြသည်။
တကယ်တမ်းတွင် ဒါက အခုဖြစ်နိုင်ချေအရှိဆုံး တစ်ခုတည်းသော နည်းလမ်းပေတည်း။
သို့သော် နောက်ထပ်နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ကြသောသူများလည်းရှိသည်။
ထိုနည်းလမ်းက လမ်းကြောင်းကို အတင်းထိုးဖောက်ရန်ပင်။
သူတို့ထဲတွင် နတ်ဘုရင်နယ်ပယ်အထွတ်အထိပ်အဆင့်က ပါရမီရှင်တစ်ဦးရှိသည်။ ဒီလူက အဆင့်မြင့်ကြယ်နယ်မြေ၌ အတော်လေးကျော်ကြားသည်။
သူ့နာမည်က ကျန်းဝူဖြစ်ပြီး ပထမတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် လေတိမ်ခံတပ်ကနေ လာခြင်းပင်။
အက်ကြောင်းတစ်ခု ပေါ်လာသောအခါ ကျန်းဝူ၏ အမူအရာက ရက်စက်သွားသည်။ သူချက်ချင်းဆိုသလို ခွန်အားအပြည့် ထုတ်လွှတ်ပြီး ညာခြေနှင့် ဟင်းလင်းပြင်ကို တက်ဆောင့်ပစ်သည်။
သူ့ခြေဖဝါးအောက်က လေဟာနယ်က ချက်ချင်းဆိုသလို ပြိုကွဲသွားရသည်။ သူ့ခန္ဓာကလည်း ၀င်ပေါက်ဆီသို့ အမြောက်ဆံတစ်ခုပမာ ပြေး၀င်သွား၏။
ကျန်းဝူ သူ့ခေါင်းကိုဖုံးထားပြီး ရှေ့သို့ ဆက်မပြေးတော့ဘဲ ၀င်ပေါက်ဆီသို့ လက်သီးတစ်ချင် ရုတ်တရက် ပစ်လွှတ်လိုက်သည်။
တစ်ချက်တည်းနှင့် တောင်ကို ခွဲလိုက်သည့်အလား လေဟာနယ်က မြည်ဟီးကာ မူလအတက်အကျဖြစ်နေသည့် နေရာတွင် လေစုပ်ဝဲတစ်ခုပေါ်လာခဲ့သည်။
ဒီလက်သီးချက်၏ စွမ်းအားကို ဒီကနေတဆင့် မြင်နိုင်ပေသည်။
လက်သီး အက်ကြောင်းပေါ်ကျသွားသောအခါ လူတိုင်း၏ အမြင်ရှေ့တွင် ရပ်သွားပုံရသည်။
ကျန်းဝူကလည်း အတော်လေးအံ့ဩသင့်သွားသည်။ သူနှေးမသွားဘဲ တိုက်ရိုက်ပင် ဖြတ်သန်းချင်နေသည်။
သို့စေကာမူ ကျန်းဝူ၏ ခေါင်းက အက်ကြောင်းထဲသို့ တိုး၀င်သွားစဉ် လူတိုင်း၏ လေးနက်သည့်အကြည့်များအောက်တွင် အက်ကြောင်းက ချက်ချင်းဆိုသလို ပင်လယ်လေဆင်နှာမောင်း၏ ဖုံးအုပ်ခြင်းကို ခံရသည်။
ပင်လယ်လေဆင်နှာမောင်းက ခေါင်းဖြတ်စက်တစ်ခုအသွင်။ ကျန်းဝူ၏ ခေါင်းက မျက်စိတစ်မှိတ်အတွင်းမှာပင် မျိုချခံရပြီး သူ့ခန္ဓာက ပင်လယ်ထဲသို့ တိတ်တဆိတ် ကျဆင်းသွားကာ ကြောက်စရာကောင်းသည့် လှိုင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
တစ်ခါတစ်ရံ မျိုးဆက်တစ်ခု၏ အံ့ဖွယ်ပါရမီရှင်များကျဆုံးမှုက အရိုးရိုးစင်းပြီး တိတ်ဆိတ်သည်။
သူတို့ကမီးရှူးမီးပန်းများပမာ။ သူတို့ပွင့်လန်းလာသောအခါ တောက်ပခဲ့သော်လည်း အဆုံးသတ်သွားသောအခါ အေးစက်သွားရသည်က ၀မ်းနည်းစရာပင်။
မည်သူကမှ သေသွားသည့်ပါရမီရှင်ကို ဂရုစိုက်မည်မဟုတ်သလို သူ့အတွက် ၀မ်းနည်းသည်ဟုပင် ခံစားရမည်မဟုတ်။
ကျန်းဝူ၏ သေခြင်းတရားက သူတို့အတွက် ဘာသတင်းအချက်ကို ယူလာပေးနိုင်မလဲကိုသာ သူတို့အာရုံစိုက်ကြပေလိမ့်မည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဒီမြင်ကွင်းကို မြင်သောအခါ သူတို့မျက်နှာ၌ ပီတိဖြာမှုများပေါ်လာခဲ့သည်။
ကျန်းဝူ၏ တိုက်ခိုက်မှုက ထိရောက်ခဲ့သည်။ အနည်းဆုံးတော့ ဒါက ၀င်ပေါက်ကို မျက်စိတစ်မှိတ်တာကာလအထိ ရပ်နိုင်ခဲ့သည်။
ကျန်းဝူ၏ တိုက်ခိုက်မှုက အက်ကြောင်းကို အချိန်အတော်ကြာ ရပ်တန့်ရန်အတွက် မလုံလောက်ခဲ့ခြင်းသာဖြစ်သည်။
ယဲ့ချိုးပိုင်တို့ တွေ့ရှိခဲ့ကြသလို ကျန်သောသူများကလည်း ဒါကိုတွေ့ရှိခဲ့ကြသည်။
ဒီနေရာတွင်ရပ်နိုင်သောသူများအနက် ရိုးစင်းသောသူဟူ၍မရှိပါ။
ကျောင်းရှုမင်ကဲ့သို့ ၀က်တစ်ကောင်ပင်လျှင် ဖြစ်ပျက်ခဲ့တာကို ပြောနိုင်ပါသည်။
ထို့ကြောင့် တစ်ယောက်ယောက် စတင်အကြံပေးလာသည်။
"အားလုံးဒါကို နားလည်သဘောပေါက်ကြမှာပါ၊ ငါတို့အင်အားတွေပူးပေါင်းပြီး အတူတကွတိုက်ခိုက်ကြမယ်ဆိုရင်ရော"
ချက်ချင်းဆိုသလို ဒီအဆိုပြုချက်ကို ကျောင်းရှုမင် နှာခေါင်းရှုံ့သည်။
"ချန်းရုံကျိ၊ မင်းလူတိုင်းကို ငတုံးလို့ထင်နေတာလား၊ ငါတို့အတူတူ တိုက်ခိုက်မယ်ဆိုရင်တောင် တိုက်ခိုက်မှုတွေက ရပ်သွားမှာမဟုတ်ဘူး၊ ဒါကြောင့် အုပ်စုတစ်စုကတော့ သေချာပေါက် အပြင်မှာပိတ်မိနေမှာပဲ"
ဘီလူးဓားတောင်တန်းက ဒုတိယတန်းစားအင်အားစုတစ်ခုသာဖြစ်သော်လည်း ချန်းရုံကျိ၏ ပါရမီက ကြောက်စရာကောင်းသည်။ သူအသက်ငါးဆယ်အောက်မှာတင် နတ်ဘုရင်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်ရှိခဲ့သည်။
ဘီလူးဿားတောင်တန်းက ချန်းရုံကျိကို နောက်ထပ်ဂိုဏ်းချုပ် ဆက်ခံသူအဖြစ်ပင် စာရင်းသွင်းခဲ့သည်။
သို့စေကာမူ ချန်းရုံကျိ ကျောင်းရှုမင်ကို ထူးမခြားနားစွာ ကြည့်သည်။
"သေချာတာပေါ့၊ ဒါကမင်းရဲ့တုံ့ပြန်မှုနဲ့ အမြန်နှုန်းပေါ် မူတည်တယ်လေ၊ ဒီစွမ်းရည်မရှိဘူးဆိုရင် မင်းဒါကိုမတားဆီးနိုင်ဘူး"
လူတိုင်းခေါင်းညိတ်ကြသည်။
ဒါက ယုတ္တိတန်ပါသည်။
လူတိုင်း ၀င်ပေါက်ကိုအစွမ်းကုန် တိုက်ခိုက်ကြမည်။ ဒီ၀င်ပေါက်ကို ရယူလိုပါက သူတို့၏ကိုယ်ပိုင်စွမ်းရည်များကို အားကိုးရမည်သာ။
"တကယ်လို့ တစ်ယောက်ယောက်က ခိုး၀င်ပြီး တမင်သက်သက် အစွမ်းကုန် မတိုက်ခိုက်ဘူးဆိုရင်တော့ " ချန်းရုံကျိ အေးစက်သည့် အမူအရာဖြင့်ပြောသည်။
"တခြားသူတွေလည်း သဘောတူမှာမဟုတ်တာ ငါသေချာတယ်၊ အဲဒီအချိန်ကျရင် ငါတို့ရဲ့ အားအပြည့်တိုက်ခိုက်မှုက ပစ်မှတ်ပြောင်းသွားလိမ့်မယ်၊ လူတိုင်းသဘောတူကြမယ်ဆိုတာ ငါသေချာတယ်"
ဒီနေရာတွင် ချန်းရုံကျိ ကျောင်းရှုမင်ကိုပင် စိုက်ကြည့်လိုက်၏။
ကျောင်းရှုမင်အံကြိတ်လိုက်သည်။
ဘီလူးဓားတောင်တန်းက ယင်ယန်အမှောင်ထုဂိုဏ်းလောက် အားမကောင်းသော်လည်း ချန်းရုံကျိ၏ပါရမီက ကျောင်းရှုမင်နှင့် အရမ်းကြီးမခြားနားပါ။ တကယ်တမ်းတွင် သူ့၏တိုက်ခိုက်ရေးစွမ်းအားက ပိုမြင့်သေးသည်။
ထို့ကြောင့် ကျောင်းရှုမင်ကို မျက်နှာသာပေးရန်အတွက် အကြောင်းရင်းမရှိပါ။
လူတိုင်း ချန်းရုံကျိ၏ အစီအစဉ်ကို သဘောတူကြသည်။
ပိုအရေးကြီးတာက သူတို့သာအခု သဘောမတူပါက အားလုံး၏ ဝေဖန်မှုထဲက ပစ်မှတ်တစ်ခုဖြစ်လာပေလိမ့်မည်။
ချန်းရုံကျိ ကျယ်ပြန့်ရှည်လျားသည့် ဧရာမဓားတစ်လက်ကို ထုတ်ယူလိုက်စဉ် အင်မော်တယ်ဓား ဓားဆန္ဒက ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
ဒီပါရမီရှင်အုပ်စုထဲတွင် ချန်းရုံကျိ၏ ဂုဏ်သတင်းကို မြင့်မားသည်ဟု ယူဆနိုင်သည်မှာ အံ့ဩသင့်စရာမရှိတော့။
ဒီအဆင့်ကပင် ဂုဏ်ယူရန်အတွက် လုံလောက်ပါသည်။
"လူတိုင်းပဲ၊ စကြရအောင်"
တစ်ခဏအကြာတွင် ဒီနေရာတွင် ရပ်နေကြသောသူများ သူတို့၏အော်ရာနှင့်အတူ ပေါက်ကွဲသွားကြ၏။ ပင်လယ်ရေမျက်နှာပြင်၌ မုန်တိုင်းတစ်စင်း တိုက်ခတ်လာသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း အနည်းငယ်ခေါင်းညိတ်ကာ သူတို့၏အော်ရာများကို ပေါက်ကွဲစေသည်။
ယဲ့ချိုးပိုင် ဓားနတ်ဘုရားဆန္ဒကို ပေါက်ကွဲစေသောအခါ လူတိုင်းထိတ်လန့်သွားကြ၏။
ချန်းရုံကျိ၏ အမူအရာပင်လျှင် အနည်းငယ် ပြောင်းလဲသွားပြီးနောက် ယဲ့ချိုးပိုင်ရှိရာဘက်သို့ ကြည့်ပြီး ကျယ်လောင်စွာရယ်မောသည်။
"ဒီတစ်ချိန်လုံး ငါကလူငယ်မျိုးဆက်ရဲ့ ဓားသမားတစ်ယောက်ဖြစ်သလို ဘုရင်တစ်ပါးလို့လည်း ငါအမြဲယုံကြည်နေခဲ့တာ၊ အခုကြည့်ရတာ မြင့်မားတဲ့တောင်တစ်တောင်ရဲ့ နောက်ကွယ်မှာ ပိုမြင့်တဲ့တောင်ဆိုတာ ရှိနေတာပဲ၊ ဒီကိစ္စပြီးသွားတဲ့အခါကျရင် တယအိုမိတ်ဆွေလေး ငါနဲ့အတူ ယှဉ်ပြိုင်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
မုဖူရှန်းကမူ သူ့ခွန်အားကို ဖုံးကွယ်ထားပြီး သူ့နယ်ပယ်အဖြစ် နတ်ဘုရင်နယ်ပယ်ကိုသာ ဖော်ပြသည်။
ရှောင်ဟိုင်၊ ဖန်ချန်းနှင့် ကျန်သောသူများ မုဖူရှန်း၏ လုပ်ဆောင်ချက်များအပေါ် သူတို့၏ အားကိုးရာမဲ့မှုနှင့် သေးသိမ်မှုကို ဖော်ပြကြသည်။
တခြားတစ်ဘက်တွင် မုဖူရှန်းက အတော်လေးအရေထူသူတစ်ယောက်ဖြစ်သည်။ သူပခုံးတွန့်သည်။
"ကျွန်တော့ပါရမီက အားနည်းတယ်လေ၊ ဘာမှားလို့လဲ"
ကျန်းချင်းလန် "......"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ဒါကို ကျင့်သားရနေပြီဖြစ်လေရာ ချက်ချင်း လျစ်လျုရှုလိုက်ကြသည်။
အက်ကြောင်းပေါ်လာသည့်အခိုက်အတန့်၌ လူတိုင်း ချန်းရုံကျိ၏ သတိပေးချက်ကိုပင် စောင့်မနေကြတော့ဘဲ သူတို့၏ရောင်စုံ တိုက်ခိုက်မှုများကို တစ်ချိန်တည်းတွင် ထုတ်လွှတ်လိုက်ကြ၏။
အပိုင်း(1077) coming။