← Chapters

#သန္ဓေပြောင်းသားရဲ၊ ခွန်ပန်၊ ရှေးဟောင်းစစ်မြေပြင်#

Vol. 76 Ch. 1077

#သန္ဓေပြောင်းသားရဲ၊ ခွန်ပန်၊ ရှေးဟောင်းစစ်မြေပြင်#

Vol. 76 Ch. 1077

လှိုင်းများက ပြင်းထန်စွာစတင်လိမ့်တက်လာပြီး လေတိုက်ခတ်ကာ မိုးနှင့်မြေကြားက လေဟာနယ်က တုန်ခါနေသည်။ 

တစ်ယောက်က လက်ထဲတွင် လှံရှည်ကို ကိုင်ထားပြီး အတော်လေးလွှမ်းမိုးနေပုံရသည်။ သူရုတ်တရက်ထိုးဖောက်ကာ လက်ထဲကလှံကို ကောင်းကင်အား ထိုးဖောက်ပစ်ချင်နေသည့်အလား လွှဲယမ်းသည်။ 

နောက်တစ်ယောက်က လေးရှည်တစ်လက်ကိုကိုင်ပြီး လေးကြိုးကိုဆွဲထားသည်။ သူ့အကြည့်က လျှပ်စီးနှင့်တူပြီး ပင်လယ်လေဆင်နှာမောင်း၏ ၀င်ပေါက်လေးကို ချိန်ရွယ်ကာ ပါးလွှာထက်ရှသည့်နတ်မြှားကို လေထုအား ဖောက်ခွဲသွားစေသည်။ 

မြှားကိုယ်ထည်က ကြယ်ရောင်နှင့် လင်း၀င်းသွားပြီး လေဟာနယ်ကို လျှပ်စီးအလား ဖြတ်သန်းကာ အပေါက်ကို တိတိကျကျပင် ထိမှန်သည်။ 

သူတို့နှစ်ဦးစလုံး၏တိုက်ခိုက်မှုများက နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်နေခဲ့သည်။ 

ချန်းရုံကျိက လက်ထဲက ဧရာမကျောက်ဓားကို ကိုင်ထားသည်။ ထို့နောက် မိုးနှင့်မြေကို ခွဲပစ်သည့်အလား သူ့၏ပြင်းထန်သည့် တိုက်ခိုက်မှုက ရှေ့ကလေဟာနယ်ကို ချိုင့်၀င်သွားစေသည်။ 

ယဲ့ချိုးပိုင်၏ တိုက်ခိုက်မှုကလည်း အတော်လေးကို မျက်စိကျစရာပင်။ 

ဟုန်ရင်၏ရိုးရှင်းသောလှံက ပစ်၀င်သွားစဉ် ဧကရီဆန္ဒက တိုက်ခတ်လာသည်။ တည်ရှိနေသည့်လူတိုင်းက ဒီဧကရီဆန္ဒက သူတို့ခံနိုင်ရည်ရှိသည်အထိ ယုံကြည်မှုမရှိသလိုပင် ခံစားကြရသည်။ 

(အင်ပါယာဆန္ဒ၊ အင်ပါယာချီကို နောက်ပိုင်း ဟုန်ရင်ရဲ့သရုပ်နဲ့လိုက်အောင် ဧကရီဆန္ဒ၊ ဧကရီချီအဖြစ်သုံးသွားပါမယ်)

ယဲ့ချိုးပိုင်လက်ထဲက ဓားနှင့်ပိုင်းဖြတ်ရင်း ရှေးဦးမူလဓားကျမ်းထဲက ပဉ္စမမြောက်ဓားချက်ဖြစ်သည့် ကောင်းကင်အဆုံးသတ်ဓားချက်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။ 

ရှောင်ဟိုင်က လက်သီးချက်တစ်ချက်ပစ်လွှတ်သလို နင်းချန်ရှင်းက သင်္ကေတစကားလုံးကိုးလုံးကို ရေရွတ်သည်။ မု၀မ်အာ နဂါးကိုးကောင်အသွင်ပြောင်းဖိုကို ထိန်းချုပ်ပြီး ရှီရှန်းက ကြယ်တာယာကောင်းကင်ကို ခွဲပစ်သည်။ 

မုဖူရှန်းကလည်း တုံ့ဆိုင်းမနေဘဲ သူ့တွင်ရှိသင့်သည့် နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အားကို ထုတ်လွှတ်သည်။ 

သို့စေကာမူ စုန့်ရှောင်၏တိုက်ခိုက်မှုနည်းလမ်းက ရှောင်ဟိုင်ကို အံ့ဩသင့်စေသည်။ 

ဒီလူက မူလက ပိတ်လှီအားနည်းသည့် ခန္ဓာရှိသော်လည်း ထိူလိုက်သောအခါ ကြီးမားသည့် ရုပ်ခွန်အားနှင့်အတူ အမှန်တကယ် ပေါက်ကွဲလာခဲ့သည်။ 

သူကအမှန်ပင် ကိုယ်ခန္ဓာကျင့်ကြံသူတစ်ယောက်ဆိုတာ ပုံဖော်ကြည့်ရန်ပင် ခက်ခဲသည်။ 

လူတိုင်း၏ တိုက်ခိုက်မှုများက အက်ကြောင်းပေါ် ကျရောက်လာသောအခါ အက်ကြောင်းချုပ်ရိုးက ချက်ချင်းရပ်သွားသည်။ တကယ်တမ်းတွင် ဒါက အများကြီး တိုးလာခဲ့သည်။ 

မည်သူကမှ သတိမပေးသလို မတုံ့ဆိုင်းနေကြပါ။ သူတို့ဒီအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ၀င်ပေါက်ဆီသို့ အစွမ်းကုန် ပြေးလွှားသွားကြ၏။ 

ပြိုင်ဘက်အရေမတွက်ကို လျှော့ချပစ်ရန်အတွက် တခြားသူများကို တိုက်ခိုက်ချင်သူများမရှိကြပါ။ 

ယခုလိုအခြေအနေမျိုးအောက်တွင် တိုက်ခိုက်ပါက အမြန်နှုန်းက အတိုင်းတာတစ်ခုအထိ သေချာပေါက် လျော့ကျသွားပေလိမ့်မည်။ 

ဒါက မထိုက်တန်ပါ။ 

အကယ်၍ သူတို့သာအလျင်အမြန် ပြေးမသွားပါက သေကြေရပေလိမ့်မည်။ 

ကျင့်ကြံသူများက တစ်ဦးပြီးတစ်ဦး ပြေးသွားကြသည်။ 

သို့စေကာမူ ၀င်ပေါက်က ကျယ်သွားလျှင်ပင် တစ်ကြိမ်တွင် လူသုံးလေးယောက်အတွက်သာ တစ်ပြိုက်တည်းနေရာချထားပေးနိုင်သည်။ 

အသက်ရှူကြိမ်ရေသုံးကြိမ်အတွင်း ၎င်းက လုံး၀ကိုပြန်ချုပ်ပြီးပိတ်သွားခဲ့သည်။ 

မ၀င်ခဲ့ရသောလူဆယ်ယောက်ကျော် ကျန်သေးသလို နောက်ဆုံးအခိုက်အတန့်၌ မပြေး၀င်သွားခဲ့သော လူခုနှစ်ယောက်ကမူ ပင်လယ်လေဆင်နှာမောင်း၏ ဝါးမြိုခြင်းကို ခံရသည်။ 

ဒီထဲတွင် ယဲ့ချိုးပိုင်တို့တော့ မပါ၀င်ပါ။ 

မုဖူရှန်း၏အဆောင်နှင့် မု၀မ်အာ၏ ဆေးလုံးတို့နှင့်အတူ လူတိုင်း၏အမြန်နှုန်းက သိသိသာသာပင် တိုးတက်လာခဲ့သည်။ 

သို့စေကာမူ သူတို့ပျော်ပွဲမဖန်တီးနိုင်သေးခင် ၀င်ပေါက်ကိုဖြတ်ကျော်ခဲ့ကြသော သူများမှာ ရှေ့သို့ အထိတ်တလန့် ကြည့်လိုက်ကြ၏။ 

ပင်လယ်လေဆင်နှာမောင်းနောက်ကွယ်က ဧရာမအနက်ရောင်ပုံရိပ်ကြီးက သူတို့၏ အကြည့်နှင့် လုံး၀ဆုံတွေ့သွားခဲ့သည်။ 

ယဲ့ချိုးပိုင်၏ အမူအရာက လေးနက်သွားသည်။ 

"ဒါဘယ်လို သန္ဓေပြောင်းသားရဲမျိုးလဲ"

ဟုန်ရင်ခေါင်းမော့လိုက်သည်။ ဒါက အမြီးလေးတစ်ခုသာ ဆို၍ရသော်လည်း ကောင်းကင်ကို ဖုံး၀ဖုံးထားသည်။ 

၎င်း၏ဧရာမခန္ဓာကမူ ပင်လယ်ထဲတွင် နစ်မြှုပ်နေသည်။ 

စုန့်ရှောင်၏မျက်နှာက ထိတ်လန့်မှုနှင့် ပြည့်နှက်သွားခဲ့သည်။ 

"ငါဒီအကြောင်းကို ဂိုဏ်းထဲက ရှေးဟောင်းစာအုပ်တွေမှာဖတ်ဖူးတယ်၊ ဒီထူးဆန်းတဲ့သားရဲကို ခွန်ပန်လို့ခေါ်တယ်၊ ဒါပေမယ့် ဒီသားရဲက တကယ်တည်ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ခွန်ပန်!

လုချန်ရှန်းကတော့ အရင်က ဒီနာမည်ကို ကြားဖူးသည်။ 

ဒါကလည်း တောင်ပင်လယ်ဒဏ္ဍာရီစာအုပ်ထဲက ကျော်ကြားသည့်ထူးဆန်းသားရဲများထဲက တစ်ကောင်မဟုတ်ပေလော။ 

"နတ်သခင်အဆင့်သားရဲတစ်ကောင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာ ရှိမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး...."

ဒီအချိန်မှာပင် တစ်ယောက်ယောက်အော်ဟစ်သည်။ 

"အဲဒီအမြီးမှာ တစ်ခုခုရှိနေတယ်"

အမြီးအစွန်းတွင် အလောင်းများနှင့် ရုပ်ကြွင်းများရှိနေသည်။ 

လူတိုင်းလှမ်းကြည့်လိုက်ကြပြီးနောက် တစ်ယောက်က မှန်းဆသည်။ 

"ရှေးဟောင်းစစ်မြေပြင်က ဒီအမြီးပေါ်မှာ ရှိနေတာများလား"

ရုတ်တရက် ခြောက်ကပ်ကျယ်လောင်သည့်အသံတစ်သံက ဒီနေရာအတွင်း ပဲ့တင်ထပ်လာခဲ့သည်။ 

"မင်းတို့ပထမစမ်းသပ်မှုနှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ကြပြီဆိုတော့ ရှေ့ဆက်သွားကြပါ၊ မင်းတို့ ရှေးဟောင်းစစ်မြေပြင်က အကြွင်းအကျန်ဝိဉာဉ်တွေရဲ့ အသိအမှတ်ပြုမှုကို ရနိုင်သရွေ့ ၀င်လို့ရပြီ၊ မင်းတို့မရယူနိုင်ဘူးဆိုရင် အတင်းအကျပ်မလုပ်ကြနဲ့၊ မင်းတို့က ရှင်သန်ဖို့အတွက် ကံကြမ္မာပါတာ၊ မင်းတို့လာခဲ့တဲ့လမ်းအတိုင်း ပြန်သွားကြပါ....."

စကားဆုံးသွားသည်နှင့် လူတိုင်း စိတ်အားထက်သန်စွာမော့ကြည့်ကြပြီးနောက် အမြီးထိပ်သို့ ပျံသန်းသွားကြ၏။ 

ဧရာမအမြီးအထက်တွင် အဆုံးမဲ့စစ်မြေပြင်တစ်ခုရှိသည်။ 

စစ်မြေပြင်က အလောင်းများနှင့် ပြည့်နှက်နေသည်။ မရေမတွက်နိုင်လောက်သည့် မြို့များက ပျက်စီးနေကြပြီး ဓားများက အပျက်အစီးများထဲ စိုက်၀င်နေသည်။ ခြောက်သွေ့နေသည့် သွေးစက်များက လုံး၀အနက်ရောင်ပြောင်းသွားခဲ့သည်။ 

၀မ်းနည်းစရာမြင်ကွင်းပေတည်း။ 

အရိုးစုများက မျက်စိတဆုံး နေရာတိုင်းတွင် ရှိနေသည်။ 

ယခုလို၀မ်းနည်းစရာ ကြီးမားသည့် သေဆုံးမှုကြီးတစ်ခုကို ဖြစ်စေခဲ့သည်အထိ ရှေးခေတ်က အတိအကျဘာဖြစ်ခဲ့လေသနည်း။ 

သို့စေကာမူ လူများကိုပို၍ အရူးအမူးဖြစ်စေတာက ထုတ်ဖော်ထားသည့်အော်ရာက ဒီနေရာက အမွေအနှစ်များက သူတို့ကို စိတ်မပျက်စေဟု ပြသနေခြင်းပင်။ 

သို့သော် သူတို့ရှေ့တွင် ကျောက်ပြားတစ်ချပ်ရှိပြီး ကျောက်ပြားပေါ်၌ စာလုံးကြီးလေးလုံးကို ရေးထွင်းထားသည်။ 

သေမျိုးနယ်မြေ!

ကျောက်ပြားက အင်မတန်အက်ကွဲနေပုံရပြီး အက်ကြောင်းများပင် ရေညှိများပင် တက်နေသော်လည်း ဒီစကားလုံးလေးလုံးကမူ ရှင်းလင်းကာ အစွမ်းထက်နေဆဲပင်။ 

ဒါက ယဲ့ချိုးပိုင်တို့ကို ထိတ်လန့်သွားစေသည်။ 

ဒါက သေမျိုးနယ်မြေ၏ ၀င်ပေါက်များ ဖြစ်နိုင်မည်လား။ 

အရင်က ဒီနေရာက နတ်ဆိုးနယ်မြေကို ရင်ဆိုင်သည့်နေရာတစ်ခုဖြစ်ခဲ့သည်။ 

၀င်ပေါက်က သေမျိုးနယ်မြေ၏ ရှေးရိုးစွဲဓလေ့များ ဂုဏ်ကျက်သရေကြီးမားစွာ ထွန်းတောက်ခဲ့သည့်နေရာပင်။ 

အလားတူပင် ဒီနေရာက ရှေးရိုးစွဲဓလေ့များ ဆွေးမြေ့ယုတ်လျော့လာခဲ့သည့် နေရာလည်းဖြစ်သည်။ 

ကျောက်ပြားပတ်လည်တွင် စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် မမြင်ရသော အော်ရာတစ်ခုရှိသည်။ တစ်ယောက်ယောက် ရှေ့တိုးကာ ထိလိုက်သော်လည်း သူတို့ ဒါကို ဘယ်လိုပဲကြိုးစားကြိုးစား မထိုးဖောက်နိုင်တာကို သဘောပေါက်သွားကြသည်။ 

ခွန်ပန်ပြောခဲ့တာကို သူတို့သတိရသွားကြ၏။ 

ဒါက နောက်ဆုံးစမ်းသပ်မှုဖြစ်လောက်သည်။ 

"မင်းတို့လက်ကို ကျောက်ပြားပေါ်မှာ တင်လိုက်ပါ၊ ကျောက်ပြားက မင်းတို့ကို တုံ့ပြန်နေသရွေ့ မင်းတို့၀င်လို့ရတယ်"

ခွန်ပန်၏စကားလုံးများက ထပ်မံပေါ်ထွက်လာသည်။ 

လူတိုင်းကျောက်ပြားကို ကြည့်လိုက်ကြ၏။ 

ကျောက်ပြားပေါ်၌ လက်ကို ယုံကြည်မှုအပြည့်ဖြင့် တင်ခဲ့သောသူတစ်ဦးလည်းရှိပါသည်။ 

ဒီလူ၏ပေါ်ပေါက်လာခြင်းက အတော်လေးကြီးမားသည့် ဆူပူအုံကြွမှုကို ဖြစ်စေသည်။ သူကအလွန်အမင်းကျော်ကြားသည့် ပါရမီရှင်ဆိုတာ ရှင်းနေသည်။ 

သို့စေကာမူ ကျောက်ပြားဆီက ဘာတုံ့ပြန်မှုမှမရှိခဲ့ပါ။ ဒါက ထိုလူ၏ မျက်နှာကို စိမ်းဖြူရောင်သမ်းသွားစေပြီး နှာခေါင်းရှုံ့ကာ အင်္ကျီလက်ကို ခါယမ်းရင်း ထွက်သွားလေတော့သည်။ 

ထို့နောက် လူများက တစ်ဦးပြီးတစ်ဦး စတင်ကြိုးစားကြသော်လည်း သူတို့ကျောက်ပြားကို တုံ့ပြန်အောင် မလုပ်နိုင်ကြပေ။ 

ဒါက သူတို့ကို ကျောက်ပြားက ကွဲအက်နေသလားဟုပင် တွေးမိစေသည်။ 

သူတို့အားလုံးက အဆင့်မြင့်ကြယ်နယ်မြေက ပါရမီရှင်များဖြစ်ကြသည်။ 

ခွန်ပန်၏ သက်ပြင်းချသံက ထပ်ပြီးထွက်လာသည်။ 

"သေမျိုးနယ်မြေက တကယ်ပဲ ယုတ်လျော့သွားခဲ့ပြီ၊ သူတို့ အကြွင်းအကျန်ဝိဉာဉ်က တုံ့ပြန်မှုတစ်ခုကိုတောင် ရယူနိုင်စွမ်းမရှိကြတော့ဘူး၊ မေ့လိုက်ပါတော့၊ မေ့လိုက်ပါတော့၊ ဒါကကံတရားပါပဲ"

ခွန်ပန်၏စကားလုံးများက လူတိုင်းကို ထပ်မံရှက်ရွှံ့သွားစေသည်။ 

ဒီအချိန်မှာပင် ယဲ့ချိုးပိုင်ပြုံးသည်။ 

"ဘယ်လိုလဲ၊ ဘယ်သူအရင်သွားမလဲ"

ဟုန်ရင်ပြုံးရင်းပြောသည်။ 

"ရှင့်ကအစ်ကိုကြီးပဲ၊ ရှင့်အရင်သွားပါ"

နင်းချန်ရှင်းကလည်ပြုံးသည်။ 

"သေချာပေါက်အစ်ကိုကြီးပဲပေါ့"

ရှောင်ဟိုင်ပခုံးတွန့်သည်။ 

"ကျွန်တော် အစ်ကိုကြီးကို အချိန်တစ်ခဏလောက် ဟိတ်ဟန်ထုတ်ခွင့်ပေးလိုက်ပါမယ်"

တခြားတစ်ဘက်က စုန့်ရှောင် အနည်းငယ် အံ့ဩသင့်နေသည်။ 

"အရင်တစ်ခဏလောက် ဟိတ်ဟန်ထုတ်ခွင့်ပေးတာလား၊ အစ်ကိုယဲ့ ဖြတ်ကျော်နိုင်မယ်ဆိုတာ မင်းတို့သေချာနေတာလား"

သူတို့အဖြေမပေးကြသော်လည်း သူတို့၏မျက်လုံးများက ဒါကိုပြောနေကြသည်။ 

ကျိချန်းယောင်နှင့် ကျင်းဝူကျင်းတို့ပင်လျှင် တွေးလိုက်မိကြသည်။ 

မည်သည့်အတွက်ကြောင့် ထိုပါရမီရှင်တပည့်များက ကျောက်ပြား၏ အသိအမှတ်ပြုမှုကို မရကြလေသနည်း။ 

အပိုင်း(1078) coming။ 

All Chapters