← Chapters

#အကြွင်းအကျန်ဝိဉာဉ်၏ အသိအမှတ်ပြုမှု၊ မင်းရဲတင်းလှချည်လား#

Vol. 76 Ch. 1078

#အကြွင်းအကျန်ဝိဉာဉ်၏ အသိအမှတ်ပြုမှု၊ မင်းရဲတင်းလှချည်လား#

Vol. 76 Ch. 1078

ဒီနေရာတွင်ရှိနေသောသူတိုင်းက အဆင့်မြင့်ကြယ်နယ်မြေ၏ ဂုဏ်ထူးဆောင်များဖြစ်ကြသည်။ 

ကြယ်ဒေသများနှင့် ဂိုဏ်းတိုင်းတွင် ကြောက်စရာအကောင်းဆုံးပုံရိပ်များရှိသည်။ 

ယခုသူတို့ဒီနေရာ၌ စုစည်းပြီး လူဆယ်ယောက်ကျော်က ကျောက်ပြားပေါ်၌ စမ်းသပ်ခဲ့သည့်တိုင် မည်သူမှ ရှေးဟောင်းစစ်မြေပြင်က အကြွင်းအကျန်ဝိဉာဉ်များ၏ အသိအမှတ်ပြုမှုကို မရရှိနိုင်ကြပါ။ ကျောက်ပြားက လုံး၀တုံ့ပြန်ခြင်းမရှိချေ။ 

မောက်မာသောလူများကမူ သူတို့၏ပါရမီကို အရင်ဆုံးသံသယမဖြစ်ကြ။ သူတို့တွေးမိသည့် ပထမဆုံးသောအရာက ဒီကျောက်ပြားက ပျက်စီးနေသလားဆိုတာကိုပင်။ နှစ်သိန်းပေါင်းများစွာ ကြာပြီးနောက် အထဲက အကြွင်းအကျန်ဝိဉာဉ်များက အချိန်၏တိုက်စားခြင်းကို ခံရပြီး လုံး၀ပျောက်ကွယ်သွားခဲ့သည်လား။ 

ချန်းရုံကျိ မူလကရှေ့တိုးကာ ကြိုးစားကြည့်ချင်သည်။ သို့သော် ယဲ့ချိုးပိုင် ကျောက်ပြားရှေ့ကို ရောက်နေတာကို မြင်သောအခါ သူကျောက်ဓားကို လက်နှစ်ဖက်နှင့်သာ ပွေ့ပိုက်ရင်း ဒီမြင်ကွင်းကို စိတ်၀င်တစား ကြည့်နေသည်။ 

လူတိုင်း ယဲ့ချိုးပိုင်ကို အနည်းငယ် လေးနက်နေသည့် အမူအရာများဖြင့် ကြည့်နေကြ၏။ 

ဒုတိယအဆင့်က ဒီလူငယ်ဓားသမားလေး ပြသခဲ့သည့် ကြောက်စရာကောင်းသော ပါရမီကို သူတို့မှတ်မိနေကြပါသေးသည်။ 

ဒီကမ္ဘာကြီးထဲတွင် နတ်ဘုရင်နယ်ပယ်ဖြင့် ဓားနတ်ဘုရားနယ်ပယ်ကို ရောက်နိုင်သောသူဟူ၍ မည်သူမှမရှိပါ။ 

အရင်က ခေးအောစ့်အနှစ်သာရဓားသခင်ပင်လျှင် မလုပ်နိုင်ခဲ့။ 

ယဲ့ချိုးပိုင်၏ အမူအရာက တည်ငြိမ်နေသည်။ သူကျောက်ပြားရှေ့တွင် ရပ်နေသော်လည်း သူ့အော်ရာကို ချက်ချင်းမထုတ်လွှတ်ခဲ့ပေ။ ယင်းအစား သူမျက်လုံးမှိတ်ပြီး သူ့စိတ်ကို လုံး၀ဗလာကျင်းစေသည်။ 

သို့စေကာမူ ယဲ့ချိုးပိုင် အသိစိတ်ကို ဗလာကျင်းပစ်သောအခါ သူ့ကိုယ်ထဲက အင်မော်တယ်ချီက စတင်ဖြည်းဖြည်းချင်း သိပ်သည်းလာ၏။ သူ့ဝိဉာဉ်စွမ်းအားက ပုံစံတစ်ခုအဖြစ် သိပ်သည်းလာပြီး သူ့အသိကလည်း မကြုံစဖူး မြှင့်တက်လာခဲ့သည်။ 

သူ့အဆီအနှစ်၊ ချီနှင့် ဝိဉာဉ်တို့က အမြင့်ဆုံးအဆင့်ကို ချဉ်းကပ်နေကြ၏။ 

လူတစ်ယောက်၏ အဆီအနှစ်၊ ချီနှင့် ဝိဉာဉ်တို့က အမြင့်ဆုံးအဆင့်ကို ရောက်လာသောအခါ သူတို့၏အခြေအနေက အကောင်းဆုံးဖြစ်ပြီး ခွန်အားကလည်း အားအကောင်းဆုံးဟု ဆို၍ရသည်။ 

ဓားနတ်ဘုရားဆန္ဒက အလိုအလျောက် စတင်စိမ့်ထွက်လာသော်လည်း ယဲ့ချိုးပိုင်အား လည်ပတ်မနေဘဲ ယင်းအစား သူ့လက်ဖဝါးထဲတွင် စုစည်းလာခဲ့သည်။ 

ကောင်းကင်ဘုံနယ်မြေ!

လူတိုင်းအနည်းငယ် ထိတ်လန့်သွားကြ၏။ 

ဒါက..... ကောင်းကင်ဘုံနယ်မြေက အရမ်းမရိုးစင်းလွန်းဘူးလား၊ ယဲ့ချိုးပိုင်က ယခုလိုဆန်းကြယ်သည့်နယ်မြေကို အချိန်မရွေး ၀င်ရောက်သွားနိုင်သည့်အလားပင်။ 

ဒါက အမည်မသိအချိန်ကာလတစ်ခုအထိ ကြာမြင့်သွားခဲ့သည်။ 

အချိန်နှင့် လေဟာနယ်က အေးခဲနေပုံရပြီး လူတိုင်း အသက်ရှူသံများကို ထိန်းချုပ်ထားကြရင်း အချိန်စီးကြောင်းကိုပင် မေ့လျော့သွားခဲ့ကြသည်။ 

သူတို့က ယဲ့ချိုးပိုင်နှင့် ယဲ့ချိုးပိုင်ကိုယ်ထဲမှ လှုပ်ရှားမှုအသေးစားတိုင်းကို မျက်တောင်မခတ် စိုက်ကြည့်နေကြ၏။ 

ဒီအခြေအနေတွင် ဒီကြောက်စရာကောင်းသောဓားသမားက ကျောက်ပြားကို လင်း၀င်းစေပြီး အကြွင်းအကျန်ဝိဉာဉ်၏ အသိအမှတ်ပြုမှုကို ရအောင် လုပ်နိုင်မလားဆိုတာ သူတို့သိချင်ကြသည်။ 

နောက်ဆုံးတွင် အမျိုးအမည်မသိ အချိန်ကာလတစ်ခုကို ကျော်လွန်သွားပြီးနောက် ရက်အနည်းငယ်ကြာသွားသလို ထင်ရသလို မျက်တောင်တစ်မှိတ်ကာလဟုပင် ထင်ရသော အချိန်တစ်ခုတွင် ယဲ့ချိုးပိုင် ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ 

သူ့မျက်လုံးများထဲမှ တောက်ပအေးစက်သော အလင်းတန်းများက ဓားများအဖြစ် ပြောင်းလဲပြီး ပိုင်းဖြတ်ပစ်သည့်အလားပင်။ 

သူ့ကိုယ်ထဲက ဓားအလင်းက လည်ပတ်ကာ နောက်ဆုံးတွင် သူ့ညာလက်ပေါ်၌ စုစည်းလာသည်။ 

လူတိုင်း၏ အကြည့်အောက်တွင် ယဲ့ချိုးပိုင် သက်ပြင်းတစ်ချက်ရှူသွင်းပြီး ပြန်ထုတ်လိုက်ပြီးနောက် ညာလက်ကိုမြှောက်ရင်း ကျောက်ပြားပေါ်၌ ညင်သာစွာ ဖိချလိုက်၏။ 

အသက်ရှုကြိမ်ရေတစ်ကြိမ်၊ နှစ်ကြိမ်!

မြင်ကွင်းက ယှဉ်၍မရနိုင်လောက်အောင် တိတ်ဆိတ်နေခဲ့သည်။ နှလုံးခုန်သံနှင့် အသက်ရှုသံများကသာ လျှို့ဝှက်ဗလာကျင်းနေသည့် အခန်းတစ်ခန်းထဲက ပဲ့တင်သံအလား ပတ်၀န်းကျင်၌ ပဲ့တင်ထပ်နေခဲ့သည်။ 

အကယ်၍ ယဲ့ချိုးပိုင်သာ မအောင်မြင်ပါက သူတို့စိတ်သက်သာရာရမည်ဖြစ်ပြီး သူတို့အတွေးက မှားယွင်းမနေဘူးဟု နောက်တစ်ကြိမ် သက်သေပြနိုင်မည်။ 

အကယ်၍ ယဲ့ချိုးပိုင်သာ အောင်မြင်သွားပါက ဒါကသူတို့မျက်နှာများကို ဖြတ်ရိုက်ပစ်လိုက်ခြင်းပေတည်း။ 

ဒါက သူတို့ကလုံလောက်အောင် အားမကောင်းဘူးဆိုတာကို ပြနေသည့် သက်သေတစ်ခုမဟုတ်ပေလော။ ဒါက သူတို့၏ ပါရမီက မလုံလောက်ဟု ပြသနေခြင်းပင်။ သူတို့က ဆင်ခြေဘယ်လိုရှာရမလဲဆိုတာကို သိသည့် သာမန်ရွက်ကြမ်းရေကျိုလူများဟု ပြောဆိုနေသည့်အသွင် ဖြစ်နေပေလိမ့်မည်။ 

တစ်ခါတစ်ရံ လူတစ်ယောက်က မလုပ်နိုင်ပါက တခြားသူများကိုလည်း အောင်မြင်စွာ မလုပ်စေချင်ပါ။ 

ဒါကလူသားသဘာ၀ဖြစ်ပြီး မည်သူမှ မရှောင်တိမ်းနိုင်ပေ။ 

သို့စေကာမူ အရာများက မျှော်လင့်ချက်များနှင့် အမြဲလိုလိုဆန့်ကျင်နေသည်သာ။ 

ကျောက်ပြားပေါ်၌ လူတိုင်း၏ ထိတ်လန့်နေသည့် အကြည့်များအောက်တွင် အေးစက်သည့် အလင်းအမျှင်စများက စတင်လင်း၀င်းလာသည်။ 

အေးစက်သည့်အလင်းအမျှင်စများက အတော်လေးထက်ရှပြီး လေဟာနယ်နှင့် အာကာသကိုပင် ဖြတ်တောက်နိုင်သည့်အသွင်။ 

ဒီကြောက်စရာကောင်းသည့် ဓားဆန္ဒတွင် အဆင့်မရှိသော်လည်း ၎င်း၏သန့်စင်မှုနှင့် ထက်ရှမှုက ယဲ့ချိုးပိုင်၏ ဓားနတ်ဘုရားနယ်ပယ်ထက် အများကြီးသာလွန်နေသည်။ 

ကျောက်ပြားတစ်ခုလုံးက ဓားဆန္ဒနှင့်အတူ ပေါက်ကွဲသွား၏။ 

အကြွင်းအကျန်ဝိဉာဉ်က သူ့ကို အသိအမှတ်ပြုခဲ့သည်။ 

ယဲ့ချိုးပိုင်ရှေ့တွင် လေးလံသည့်ကျောက်ပြားက စတင်‌လှုပ်ရှားလာပြီး မြေပေါ်၌ ပွတ်တိုက်သည့်အသံများကို ထုတ်လွှတ်သည်။ 

ကျောက်ပြားရွေ့လျားသွားသောအခါ အတားအဆီးထဲတွင် ၀င်ပေါက်တစ်ပေါက်ပေါ်လာပြီး ယဲ့ချိုးပိုင် ၀င်နိုင်ရန်အတွက် လုံလောက်ပါသည်။ 

ဒီအချိန်မှာပင် တုံကင်တစ်ခု ယဲ့ချိုးပိုင်လက်ထဲတွင် ကျရောက်လာခဲ့သည်။ 

တုံကင်ပေါ်၌ မည်သည့်စကားလုံးများမှ ရေးထွင်းထားခြင်းမရှိဘဲ ယင်းအစား ဓားပုံစံကွက်တစ်ခုသာရှိသည်။ 

ဒါက ယဲ့ချိုးပိုင်ကို အသိအမှတ်ပြုခဲ့သည့် အကြွင်းအကျန်ဝိဉာဉ်အမွေအနှစ် အပျက်အစီးဖြစ်နိုင်သည်။ 

လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ သူတို့၏ အမူအရာများက ရှုပ်ထွေးသွားကြ၏။ 

ကျောက်ပြားက ကြေမွပျက်စီးနေခြင်းမဟုတ်ဘဲ သူတို့က မတတ်စွမ်းနိုင်ခြင်းသာဖြစ်သည်။ 

ဒီအချိန်မှာပင် ယဲ့ချိုးပိုင် ဟုန်ရင်နှင့် ကျန်သောသူများကို လှည့်ကြည့်ပြီး ပြုံးသည်။ 

"မင်းတို့ကို ငါဟိုးဘက်မှာစောင့်နေမယ်"

ဟုန်ရင်နှင့်ကျန်သောသူများ တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ကြသည်။ 

လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ သူတို့အားလုံး ထိတ်လန့်သွားကြ၏။ 

တခြားတစ်ဘက်မှာ စောင့်နေမယ်!

သူတို့အားလုံး ဖြတ်ကျော်နိုင်မယ်လို့ သူအရမ်းယုံကြည်ချက်ရှိနေတာလား!

ယဲ့ချိုးပိုင်၀င်တော့မည့်အချိန်တွင် ခွန်လွန်အမြီးထက်က ရှေးဟောင်းစစ်မြေပြင်အထက်တွင် ပုံရိပ်နှစ်ခု တစ်ချိန်တည်းတွင် ပေါ်လာခဲ့သည်။ 

သူတို့ထဲကတစ်ယောက်က ကြီးကြပ်ရေးဗိမာန်၏ နတ်သခင်အဆင့်ကျွမ်းကျင်သူ နန်ကောင်းယင်ပေတည်း။ 

သူ့နောက်တွင် နောက်တစ်ယောက်ရှိသေးသည်။ သူတို့ဒီလူ၏ ကိုယ်ပိုင်အထောက်အထားကို မသိကြသော်လည်း သူ့၀န်းကျင်က ပုံပျက်နေသည့်လေဟာနယ်အရ သူ့ကျင့်ကြံခြင်းအဆင့်က နန်ကောင်းယင်နှင့် အတူတူဖြစ်သည်။ 

ဒါပေမယ့်သူတို့ဘာကြောင့် ဒီမှာရှိနေရတာလဲ!

ဒီနေရာကို ကျင့်ကြံခြင်းအဆင့်နဲ့ အသက်အရ ကန့်သတ်ထားတာမလား!

နန်ကောင်းယင် ယဲ့ချိုးပိုင်ကိုပြုံးပြသည်။ 

"လူငယ်လေး၊ ငါတို့အတွက် ရှေးဟောင်းစစ်မြေပြင်ရဲ့ တံခါးကို ဖွင့်ပေးတဲ့အတွက် ငါမင်းကို ကျေးဇူးတင်ရမယ်"

ထို့နောက် နန်ကောင်းယင် သူ့ဘေးကလူကို ကြည့်လိုက်သည်။ 

"အဖိုးကြီးဟဲ၊ စကြရအောင်"

ဟဲရှန်ကောအနည်းငယ် ခေါင်းညိတ်သည်။ 

သူတို့လက်ထဲတွင် စာလိပ်တစ်ခုပေါ်လာသည်။ 

စာလိပ်ပေါ်မှ ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းအော်ရာအမျှင်စများ စိမ့်ထွက်နေသည်။ 

ဖန်ချန်း ဒီအော်ရာကို အာရုံခံမိသောအခါ သူ့အမူအရာက ပြောင်းလဲသွားပြီး သူ့ခန္ဓာက အနည်းငယ် တုန်ယင်သွား၏။ 

ဖန်ချန်း၏ ရုပ်ခန္ဓာနှင့် ကျင့်ကြံခြင်းနည်းစနစ်က သူ့ကို အစီအရင်နှင့် ပတ်သက်သည့် အထူးအသိတစ်ခုကို ပေးဆောင်သည်။ 

ပုံမှန်မဟုတ်တာကို သတိထားမိသဖြင့် ရှောင်ဟိုင်လျှောက်သွားပြီး ဖန်ချန်းပခုံးကို ပုတ်ရင်း စိုးရိမ်ပူပန်စွာမေးသည်။ 

"ဂျူနီယာညီလေးဖန်၊ ဘာမှားနေလို့လဲ"

ဖန်ချန်း အသက်ပြင်းပြင်းတစ်ချက်ရှုပြီး နန်ကောင်းယင်နှင့် ဟဲရှန်ကောလက်ထဲက အစီအရင်စာလိပ်ကို လှမ်းကြည့်ရင်း ရှင်းပြသည်။ 

"စာလိပ်ထဲက အစီအရင်က သတ်ဖြတ်ခြင်းအစီအရင်ပဲ၊ ဒါက နတ်သခင်နယ်ပယ် အလယ်အလတ်အဆင့် ဒါမှမဟုတ် နောက်ပိုင်းအဆင့်ကိုတောင် ဖျက်ဆီးဖို့ လုံလောက်တယ်...."

သူဒီစကားလုံးများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဟုန်ရင်နှင့် ကျန်သောသူများ၏ အမူအရာများကလည်း လေးနက်သွားကြ၏။ 

ကြီးကြပ်ရေးဗိမာန်မှာ တကယ်ပဲ ဒီလိုအစွမ်းထက်လက်နက်မျိုးရှိတာလား!

ဒီလိုဆိုရင် သူတို့ဘာလို့အဆင့်အတန်း နိမ့်ချပြီး နေနေရတာလဲ!

သူတို့က နတ်သခင်အဆင့်ကျွမ်းကျင်သူများကို ဖွက်ထားသည်သာမက နတ်သခင်အဆင့်ကျွမ်းကျင်သူများကိုပင် သတ်နိုင်သည့် အစီအရင်ကိုလည်း လျှို့ဝှက်ထားသေးသည်။ 

နန်ကောင်းယင် ယဲ့ချိုးပိုင်ကိုကြည့်ပြီး ရယ်မောသည်။ 

"ငါသာမင်းဆိုရင် ဒီတစ်ကြိမ် ရှေးဟောင်းစစ်မြေပြင်ကို ၀င်မှာမဟုတ်ဘူး"

"ဒါပေမယ့် မစိုးရိမ်ပါနဲ့" နန်ကောင်းယင် လူတိုင်းကို လှည့်ကြည့်သည်။ 

"ဒါကတကယ်ပဲ မင်းတို့ကိုယ်ကျိုးအတွက်ပါ၊ ဒီအစီအရင်နှစ်ခုက ဒီနေရာက အတားအဆီးကို လုံး၀ချိုးဖျက်ပစ်လိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းတို့အားလုံး ရှေးဟောင်းစစ်မြေပြင်ကို ၀င်နိုင်တယ်"

သို့စေကာမူ သူထိုသို့ပြောပြီးသည်နှင့် ရေအောက်ကနေ ကျယ်လောင်သည့် အသံတစ်သံထွက်လာခဲ့သည်။ 

လေဟာနယ်တစ်ခုလုံး တုန်လှုပ်သွား၏။ 

"မင်း ငါတို့ဘိုးဘေးတွေရဲ့စည်းမျဉ်းကို ချိုးဖျက်ချင်တာလား၊ ရဲတင်းလှချည်လား"

ထို့နောက်ချက်ချင်းဆိုသလို မျက်စိတဆုံးဆန့်ထွက်နေသည့် ပူဖောင်းတစ်လုံး ပင်လယ်ထဲတွင် ပေါ်လာပြီး အနက်ရောင်အရိပ်တစ်ခုက ပင်လယ်ပြာကို တိုက်စားပစ်သည်။ 

ဂျုန်း......!

လူတိုင်း ပင်လယ်ထဲကနေ ကျယ်လောင်သည့်အသံတစ်သံနှင့်အတူ ထိုးထွက်လာသည့် ဧရာမပုံရိပ်ကို စိုက်ကြည့်နေကြ၏။ 

အပိုင်း(1079) coming။ 

All Chapters