← Chapters

#ဧကရီတက်လှမ်းလာပြီ၊ ကြီးကြပ်ရေးဗိမာန်ဆင်းသက်လာသည်#

Vol. 76 Ch. 1071

#ဧကရီတက်လှမ်းလာပြီ၊ ကြီးကြပ်ရေးဗိမာန်ဆင်းသက်လာသည်#

Vol. 76 Ch. 1071

အလယ်အလတ်အဆင့်ကြယ်နယ်မြေ!

ကောင်းကင်ပိုင်နက်က အလယ်အလတ်အဆင့်ကြယ်မယ်မြေ၏ အကြွင်းမဲ့ဗဟိုဖြစ်သည်။ မြင့်မြတ်အဆောင်ဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းများက သူတို့၏ဂိုဏ်းများကို ဒီနေရာတွင် တည်ဆောက်ထားကြသည်။ 

သို့စေကာမူ လွန်ခဲ့သောရက်အနည်းငယ်က ကောင်းကင်ပိုင်နက်၏ တည်ဆောက်ပုံနှင့် အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ 

သမိုင်းကို အသစ်ပြန်ရေးခဲ့သည်။ 

ဒါကို တိမ်ဖီးနစ်အင်ပါယာဟုခေါ်သည့် ဂိုဏ်းတစ်ဂိုဏ်းက လုံး၀ အသစ်ပြန်ရေးခဲ့ခြင်းပင်။ 

ရှေးခေတ်ကတည်းက မည်သည့်ဂိုဏ်းကမှ ကြယ်နယ်မြေတစ်ခုလုံးကို တစ်ခါမှ မအုပ်ချုပ်ခဲ့ဖူးပါ။ 

လက်ရှိ တိမ်ဖီးနစ်အင်ပါယာက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ဘုရင်တစ်ပါးပမာ မျက်နှာချိုသွေးခြင်း ခံနေရသည်။ 

သို့စေကာမူ ဒါကလည်း ဟုန်ရင်နောက်တွင် ရပ်တည်နေသောလူ၏ ကျေးဇူးကြောင့်ပင်။ 

မြင့်မြတ်အဆောင်ဂိုဏ်းနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကဲ့သို့ ဂိုဏ်းများက တိမ်ဖီးနစ်အင်ပါယာနောက်တွင် ဘယ်သူရှိသလဲဆိုတာကို သိသလို ဘယ်လောက်ထိ အားကောင်းသလဲဆိုတာကိုလည်း သိကြပါသည်။ 

ထို့ကြောင့် တိမ်ဖီးနစ်အင်ပါယာ နောက်ဆုံးလက်ကျန်တစ်နေရာကို အုပ်ချုပ်ရန်အတွက် ကောင်းကင်ပိုင်နက်ကို သွားခဲ့စဉ်က မြင့်မြတ်အဆောင်ဂိုဏ်းနှင့် တခြားထိပ်သီးဂိုဏ်းများက သူတို့ကို လုံး၀တားဆီးခြင်းမရှိဘဲ တိမ်ဖီးနစ်အင်ပါယာကို ၀င်ခွင့်ပေးခဲ့သည်။ 

အလယ်အလတ်အဆင့်ကြယ်နယ်မြေကို လုံးလုံးလျားလျား အုပ်ချုပ်ပြီးနောက် ဟုန်ရင် ကြယ်နယ်မြေ၏ အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။ သူမရင်ဘတ်ရှေ့တွင် သူတော်စင်အလင်းဖြူနှင့် တဖျပ်ဖျပ်လင်းနေသည့် အလုံးတစ်လုံးရှိသည်။ 

ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ကြယ်နယ်မြေနှလုံးသားပေတည်း။ 

ဟုန်ရင်ကိုယ်ကနေ မြင့်မြတ်ထူးကဲသော အင်ပါယာချီ ဆက်တိုက်ထိုးထွက်လာစဉ် အင်ပါယာချီအမျှင်စများက လက်တံများအဖြစ် ပြောင်းလဲပြီး ကြယ်နယ်မြေနှလုံးသားကို ဝိုင်းရံလိုက်သည်။ ကြယ်နယ်မြေနှလုံးသားထဲက အလင်းဖြူက လက်တံများနှင့်အတူ ဒီပြင်းထန်သည့် အမြင့်ဆုံးအင်ပါယာဆန္ဒကို ခံစားမိသည့်အလား ဟုန်ရင်ကိုယ်ထဲတွင် စတင်ပေါင်းစပ်လာသည်။ 

ဒီကြယ်နယ်မြေထဲက နိယာမစွမ်းအားအားလုံးက ဒီတဒင်္ဂ၌ အင်ပါယာချီထဲတွင် ပါ၀င်သွားပုံရပြီး ယင်းနောက် ဝါးမြိုခံရသည်။ 

တိုက်ပွဲရှည်ကြီးတွင် ဟုန်ရင် သူမခွန်အားကို သွေးခဲ့ပြီး သူမ၏ဂုဏ်အဆင့်အတန်းကို တိုးမြှင့်ခဲ့သည်သာမက ပိုအရေးကြီးတာက သူမ၏ အင်ပါယာချီက ဆက်တိုက်မြှင့်တက်လာခြင်းပင်။ 

သူမ၏ အင်ပါယာချီက အင်ပါယာဆန္ဒအဖြစ်ကိုပင် ချိုးဖျက်နေလေပြီ။ ဒါက အုပ်ချုပ်သူတိုင်း ရောက်ရှိရန်အတွက် အိပ်မက်မက်ရသည့် နယ်ပယ်တစ်ခုပေတည်း။ 

သို့စေကာမူ ဒီအင်ပါယာဆန္ဒကို သန့်စင်သောတာအို သို့မဟုတ် သန့်စင်သော နိယာမစွမ်းအားဟု ပြော၍မရပေ။ 

ကျင့်ကြံနေစဉ် ဒါက မည်သည့်စွမ်းအားကို မဆို လက်ခံနိုင်သည့် ပုလင်းတစ်ပုလင်းပမာ။ ထို့နောက် အင်ပါယာဆန္ဒ၏ ဝါးမြိုခြင်းကို ခံရပြီး ဟုန်ရင်ကိုယ်ထဲတွင် ပေါင်းစပ်မည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲပေးသည်။ 

သို့သော် ဒါကိုအသုံးပြုသောအခါတွင်မူ အင်ပါယာဆန္ဒက အင်မတန်လွန်ကဲသည့် အထူးနိယာမစွမ်းအားအသွင်။ 

အင်ပါယာဆန္ဒကဲ့သို့ အထူးနိယာမစွမ်းအားကို နားလည်သဘောပေါက်မှုနှင့် ကြိုးစားခြင်းတို့ကို မှီခိုအားကိုးရုံနှင့် ကျင့်ကြံ၍မရပေ။ 

အဆက်မပြတ်တိုက်ပွဲများ၊ စည်းမျဉ်းများကို မှီခိုအားကိုးရင်း ဂုဏ်ကျက်သရေကို တိုးမြှင့်အောင်လုပ်ရသည်။ ထို့နောက်တွင်သာ အင်ပါယာဆန္ဒကို အလိုအလျောက် တိုးမြှင့်နိုင်ပါသည်။ 

အင်မော်တယ်နယ်မြေက ပြန်လာပြီးနောက် ဆက်တိုက်တိုက်ပွဲများအပြီး နတ်ဗိုလ်ချုပ်နယ်ပယ် နောက်ပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သည့် ဟုန်ရင်၏ ကျင့်ကြံခြင်းအဆင့်က ဆက်လက်မြှင့်တက်နေခဲ့သည်။ 

အာကာသနှလုံးသား၏ သန့်စင်သိပ်သည်းသည့် စွမ်းအားအောက်တွင် နတ်ဘုရင်နယ်ပယ်ကို ချိုးဖျက်ခြင်းက ကိတ်မုန့်စတစ်ခုပမာဖြစ်သည်ဟု ဆို၍ရသည်။ မည်သည့်အချုပ်အနှောင်မှ မရှိပါ။ 

သို့စေကာမူ ဒီလွှမ်းမိုနိုင်သည့် စွမ်းအားက မရပ်တန့်သွားပေ။ 

နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်!

နောက်ဆုံးအဆင့်!

အထွတ်အထိပ်အဆင့်!

၎င်းနောက် သူမနတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကို အမှန်တကယ် ချိုးဖျက်သွားခဲ့သည်။ 

အဆုံးမဲ့အင်မော်တယ်ချီက ကောင်းကင်ပိုင်နက်တစ်ခုလုံးအတွင်း ပြည့်နှက်နေသည်။ 

ကောင်းကင်ပိုင်နက်က ထိပ်သီးကျွမ်းကျင်သူများ ဒီအင်မော်တယ်ချီကို ခံစားနေရသည်။ အချိန်အတော်ကြာ တုန်လှုပ်ခဲ့ခြင်းမရှိသည့် နယ်မြေက ဒီတဒင်္ဂ၌ စတင်ပြေလျော့လာခဲ့သည်။

ထိပ်တန်းကျွမ်းကျင်သူတစ်ချို့မှာ တင်ပလ္လင်ခွေထိုင်ကာ အင်မော်တယ်နယ်မြေကို ၀င်ရောက်သွားကြ၏။ 

သူမ၏ အင်မော်တယ်နယ်ပယ်၏ အချုပ်အနှောင်များကို တစ်ချက်တည်းနှင့် ချိုးဖျက်ပစ်ခဲ့သည်။ 

မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၊ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းချုပ်နှင့် ကျန်သောဂိုဏ်းချုပ်များ သက်ပြင်းချကြသည်။ 

"အင်ပါယာအသစ်တစ်ခု ပေါက်ဖွားလာပြီ၊ ဟုန်ရင် ငါတို့လူသားမျိုးနွယ်ရဲ့ အုပ်ချုပ်သူဖြစ်လာနိုင်တယ်..."

"ဟီးဟီး၊ ကြည့်ရတာ ငါတို့ ဧကရီတစ်ပါး ပေါ်ထွက်လာမှုကို မျက်မြင်ကိုယ်တွေ့ မြင်ရတော့မယ့်ပုံပဲ"

နောက်တစ်နေ့တွင် ကြယ်နယ်မြေနှလုံးသားက ဟုန်ရင်၏ ဒန်တျန်နှင့် အပြည့်အ၀ပေါင်းစပ်သွားခဲ့သည်။ 

ဒီအခိုက်အတန့်မှာပင် အဆင့်ချိုးဖျက်ခြင်းကလည်း အဆုံးသတ်သွားရသည်။ 

ဟုန်ရင် ထပ်မံအဆင့်ချိုးဖျက်ရန် မရွေးချယ်ခဲ့ဘဲ ယင်းအစား သူမ၏နယ်ပယ်ကို စတင်တည်ငြိမ်အောင်လုပ်သည်။ 

အင်ပါယာဆန္ဒ လုံး၀ပေါက်ကွဲသွားသည့် အချိန်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေရှိ တိမ်ဖီးနစ်အင်ပါယာမှ ၀န်ကြီးများနှင့် ဗိုလ်ချုပ်များ ဒူးထောက်ကြပြီး ကောင်းကင်သို့ ‌လေးစားစွာ အော်ဟစ်လိုက်ကြသည်။ 

"ဂုဏ်ယူပါတယ်၊ အရှင်ဧကရီ"

နယ်မြေတိုင်းနီးပါးက ကျိုးနွံရိုသေမှုများနှင့် ပြည့်နှက်နေသည့် ဒီအော်သံကို ကြားနိုင်သည်။ 

ဟုန်ရင်ကလည်း ဒါကိုကြားသွားပုံရပြီး လေပေါ်သို့ အနည်းငယ်ဖိချလိုက်၏။ 

ကမ္ဘာတုန်လှုပ်ဖွယ်အော်သံက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားကာ ဟုန်ရင် လက်မြှောက်လိုက်စဉ် မမြင်ရသည့် အင်ပါယာဆန္ဒက စစ်သားတိုင်းကို ထောက်ကူပြီး ထရပ်စေသည်။ 

ဒီအချိန်တွင် မု၀မ်အာ၊ ရှီရှန်းနှင့် နင်းချန်ရှင်းတို့ကလည်း ဟုန်ရင်ဘေးတွင် ရောက်လာကြသည်။ 

"အစ်မဟုန်ရင်၊ အစ်မရဲ့နယ်ပယ်က အရမ်းကိုမြန်မြန်တိုးတက်လာတာပဲ" မု၀မ်အာ ဟုန်ရင်လက်မောင်းကို ပိုက်ထားသည်။ 

"အချိန်ကျလာတဲ့အခါကျရင် အစ်မရဲ့ စီနီယာဂျုနီယာတွေက အစ်မရဲ့ဖိနှိပ်ခြင်းကို ခံရလိမ့်မယ်"

ရှီရှန်းခေါင်းကုတ်ရင်း ပြုံးသည်။ 

"ကျွန်တော် စီနီယာအစ်မကြီးကို ဖိနှိပ်ထားနိုင်ပြီလို့ ထင်ခဲ့ပေမယ့် မကြာသေးခင်မှာပင် ထပ်ပြီး ဖိနှိပ်ခံလိုက်ရပြန်တယ်"

ကျင့်ကြံခြင်းတွင် ရှီရှန်း၏ တိုးတက်နှုန်းကလည်း အင်မတန် ကြောက်စရာကောင်းသည်။ 

သူက အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ကျင့်ကြံကာစုပ်ယူရန်အတွက် မရေမတွက်နိုင်လောက်သော ကြယ်များကို ရှာဖွေခဲ့ပြီး နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့သည်။ 

နင်းချန်ရှင်းပြုံးရင်း ဘာတစ်ခုမှမပြောပါ။ သို့စေကာမူ သူ့မျက်လုံးများထဲမှ ကောင်းချီး‌က အရာအားလုံးကို ရှင်းပြနေသည်။ 

ဟုန်ရင်ပြုံးသည်။ 

"ဒါကနင်တို့အားလုံးရဲ့ ကျေးဇူးတွေကြောင့်ပါ၊ နင်တို့အကူအညီသာမရှိဘူးဆိုရင် ငါဒီလို အချိန်တိုအတွင်းမှာ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို အုပ်ချုပ်နိုင်မှာမဟုတ်ဘူး"

သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် မု၀မ်အာ တစ်ခုခုပြောရန်ပြင်လိုက်စဉ် သူတို့ရှေ့က ကောင်းကင်ထက်တွင် ကြီးမားသည့် အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။ 

မမြင်နိုင်သည့်ဟင်းလင်းပြင်လက်တစ်ဖက်က အကန့်အသတ်မဲ့အာကာသက လေဟာနယ်တစ်ခုလုံးကို အတင်းနှစ်ပိုင်း ဆုတ်ဖြဲပစ်သည့်အလားပင်။ 

အလွန်အမင်းကြီးမားသည့်အော်ရာတစ်ခုက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးကို ဖိနှိပ်ပစ်ချင်သည့်အသွင်။ 

မြင့်မြတ်အဆောင်ဂိုဏ်း သို့မဟုတ် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတို့ကဲ့သို့ ထိပ်တန်းဂိုဏ်းများပင်လျှင် အလွန်အမင်းကြောက်စရာကောင်းပြီး ခုခံ၍မရနိုင်သည့်ဖိအားတစ်ခုကို ခံစားရသည်။ 

ဟုန်ရင် မျက်မှောင်ကြုတ်လိုက်သည်။ 

ထိုနေရာက အဆုံးမဲ့ပင်လယ်ဒေသရှိရာဘက်ပေတည်း။ 

အက်ကြောင်းများကနေ ပုံရိပ်များက တစ်ခုပြီးတစ်ခုပျံသန်းလာကြပြီး အဆုံးမဲ့ပင်လယ်ဒေသရှိရာဘက်သို့ ပြေးလွှားသွားကြ၏။ 

ဒီမြင်ကွင်းနှင့် ဒီဖိအားက အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးထဲသို့ ပျံ့နှံ့လုနီးပါးပင်။ 

ဒါက ကျင့်ကြံသူအားလုံး၏ အမူအရာများကို လေးနက်သွားစေသည်။ သူတို့၏ မျက်သူငယ်အိမ်များ တုန်ယင်သွားကြပြီး အဆုံးမဲ့ပင်လယ်ဒေသရှိရာဘက်သို့ ကြည့်လိုက်ကြသည်။ 

လူတိုင်း အထိတ်တလန့်ဖြစ်နေသည့် အခြေအနေတွင်ရှိသည်။ 

"တကယ်ပဲဘာဖြစ်ခဲ့တာလဲ" ရှီရှန်းမျက်မှောင်ကြုတ်သည်။ 

"ဘာလို့ ရုတ်တရက် အဆင့်မြင့်ကြယ်နယ်မြေက လူတွေအများကြီး ပေါ်လာရတာလဲ"

ဟုန်ရင် လေးနက်စွာပြောသည်။ 

"ဘာပဲဖြစ်ဖြစ် ငါတစ်ချက်သွားကြည့်ဖို့လိုတယ်"

ဒီအချိန်တွင် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ဧကရီတဖြစ်လဲ ဟုန်ရင်စုံစမ်းစစ်ဆေးရန် လိုအပ်သည်။ 

ဒါ့အပြင် သူမ ဒီကြယ်နယ်မြေ၏ ဧကရီဖြစ်လာပြီဖြစ်လေရာ အပြင်လူများရှိနေပါက သူတို့၏နောက်ခံကို သိရရန် လိုအပ်သည်။ 

ဧကရီဆိုတာက နာမည်တစ်ခုတင်မဟုတ်ဘဲ တာ၀န်ရှိတယ်ဆိုတာထက်ပိုသည်။ 

သူမတခြားသူများကို ညွှန်ကြားရင်း အင်ပါယာကိုလည်း ဘေးကင်းလုံခြုံအောင် လုပ်ရမည်။ 

မဟုတ်ပါက သူမ လူထုကို ဘယ်လိုစည်းရုံးသိမ်းသွင်းနိုင်မည်နည်း။ 

ဟုန်ရင် အဆုံးမဲ့ပင်လယ်ဒေသသို့ ပျံသန်းသွားသောအခါ မု၀မ်အာနှင့် ကျန်နှစ်ယောက်ကလည်း နောက်က လိုက်သွားကြ၏။ 

အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ ထိပ်သီးကျွမ်းကျင်သူများကလည်း တစ်ခဏမျှစဉ်းစားကြပြီးနောက် ဘာဖြစ်ပျက်နေသလဲဆိုတာကို သွားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ 

အဆင့်မြင့်ကြယ်နယ်မြေက ငါတို့ကို အထင်အမြင်သေးနေတာမလား!

ယခုတစ်ချိန်တည်းတွင် အဆင့်နိမ့်နယ်‌မြေသို့ လူအများအပြား ရုတ်တရက် ဆင်းသက်လာရလေသနည်း။ 

ဒီကိစ္စက မရိုးရှင်းလောက်ပါ။ 

တစ်ချိန်တည်းမှာပင် နန်ကောင်းယင် လူငယ်ပါရမီရှင်များကို မုန်တိုင်းပင်လယ်ကို ဖြတ်ကာ ခေါ်သွားပြီး ဆူနာမီတစ်ခုထဲသို့ ၀င်လိုက်ကြသည်။ ပင်လယ်ဆူနာမီလှိုင်းများက ကောင်းကင်ထိပင် ထိုးတက်နေပြီး မြစ်ထဲတွင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့သည်။ 

"ဒါကအဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းပဲ၊ ဒီနေရာက မင်းတို့ရှေးဟောင်းစစ်မြေပြင်ကို ၀င်ဖို့အတွက် ဖြတ်သွားရမယ့် နေရာတစ်ခုလည်းဖြစ်တယ်"

နန်ကောင်းယင် ဒီမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများက ပင်လယ်ဆူနာမီများကို ဖြတ်သွားပုံရပြီး တောက်လောင်နေသည့် အကြည့်တစ်ခုကို ထုတ်လွှတ်သည်။ 

ဒါက လောဘပေတည်း။ 

အပိုင်း(1072) coming။ 

All Chapters