#ထူထပ်သောမြူခိုး၊ စိတ်ရှုပ်ထွေးမှု#
Vol. 76 Ch. 1070
ကြီးကြပ်ရေးဗိမာန်၏ လုပ်ရပ်များအတွက် အတွင်းသတင်းကို မသိသည့် ဂိုဏ်းများနှင့် ကျင့်ကြံသူများက အလွန်အမင်း စိတ်ရှုပ်ထွေးမှုကို ခံစားနေကြရသည်။
မည်သို့ပင်ဆိုစေကာမူ ကြီးကြပ်ရေးဗိမာန်က နှစ်အတော်ကြာ ကြားနေနေခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ပေလော။ ကြယ်နယ်မြေ သို့မဟုတ် ကြယ်ဒေသတစ်ခုခုနှင့် ပြဿာနာမရှိသရွေ့ သူတို့က ဂရုမစိုက်ပေ။ ယခုတွင်မူ သူတို့က အဆင့်မြင့်ကြယ်နယ်မြေက လူငယ်ပါရမီရှင်အားလုံးကို ရုတ်တရက်စုစည်းပြီး ခုခံ၍မရနိုင်သည့် အသွင်အပြင်နှင့်အတူ အမိန့်ပြန်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့သည်။
မည်သူပင်ဖြစ်ပါစေ သူတို့ အလွန်အမင်း ဝေခွဲမရဖြစ်မှုကို ခံစားကြရမည်သာ။
အတွင်းသတင်း အပိုင်းအစတစ်ခုကို သိသည့် ယဲ့ချိုးပိုင်တို့ပင်လျှင် စိတ်ရှုပ်ထွေးနေကြသည်။ မူလက ဗလာကျင်းနေသည့် အာကာသ၌ ရပ်နေသည့် ကြီးကြပ်ရေးဗိမာန်ကို သူတို့မော့ကြည့်သောအခါ မြူခိုးလွှာများက လွှမ်းခြုံထားပုံရသည်။ ဒါက ဆန်းကြယ်ကာ နက်ရှိုင်းပြီး ၎င်း၏ ဗဟိုနေရာကို မြင်နိုင်ရန်ဟူသည် မဖြစ်နိုင်ပေ။
မည်သည့်အတွက်ကြောင့် ကြီးကြပ်ရေးဗိမာန်က သူတို့နေရာကို ချိုးဖျက်ကာ အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ပိုင်းကို ၀င်ရန်အတွက် ကြီးကြပ်ရေးဗိမာန်၏ ဦးတည်ချက်ကို ပြောင်းရန်အတွက် ဆန္ဒရှိတာကို သူတို့နားမလည်ကြပါ။
ရှေးဟောင်းစစ်မြေပြင်တွင် ဘယ်လိုနတ်ပစ္စည်းများရှိလေသနည်း။ သို့မဟုတ် ဘယ်သတင်းကများ သူတို့ကို စိတ်မရှည် ဖြစ်စေရသနည်း။
ဒီအဖြေကို လောလောဆယ်မသိရသေးပေ။ ရှေးဟောင်းစစ်မြေပြင်ကို ဦးတည်သွားပြီးနောက်မှာ ဒါကိုထုတ်ဖော်နိုင်မည်ဖြစ်သည်။
ဒီနေ့မှာပင် အာကာသကိုပင် တုန်ခါစေသည့် အသံတစ်သံက ကြီးကြပ်ရေးဗိမာန်၏ လေဟာနယ်အတွင်း လွင့်မြောနေသည်။
"ကြယ်စင်စုအသီးသီးက လူငယ်ပါရမီရှင်တို့၊ အခုအချိန်ကျပါပြီ၊ မင်းတို့ကြီးကြပ်ရေးဗိမာန်ရဲ့ အဓိက၀င်ပေါက်မှာ စုရုံးနိုင်ပါပြီ"
ပတ်ပတ်လည်က ကျောက်တုံးများပေါ်၌ အက်ကြောင်းများ စတင်ပေါ်လာပြီး အာကာသမငြိမ်းမသက်မှုက တဖြည်းဖြည်း ပြင်းထန်လာကာ မုန်တိုင်းတစ်စင်းဖြစ်စေသဖြင့် မုန်တိုင်းက ဒီနေရာအား တိုက်ခတ်သွားသည်။
မတိုးမကျယ်တဲ့ တည်ငြိမ်ပုံရတဲ့ စကားတစ်ခွန်းက ဒီလိုအာကာသအဓိကရုဏ်းကိုဖြစ်စေနိုင်တာလား!
ဒါဘယ်လိုခွန်အားမျိုးလဲ!
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ကြီးကြပ်ရေးဗိမာန်၏ ၀င်ပေါက်သို့ ရောက်လာကြသည်။
သူတို့မော့ကြည့်သောအခါ သူတို့အထက်တွင် ကြင်နာတတ်ပုံရသည့် အဖိုးအိုတစ်ဦး မြဲမြံစွာရပ်နေတာကိုတွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် အဖိုးအိုနောက်၌ ၀တ်ရုံဖြူစစ်ဆေးသူအများအပြားက ခေါင်းအနည်းငယ်ငုံ့လျက် နာခံစွာ ရပ်နေကြသည်။
တစ်ချို့အဓိကအင်အားစုများက ထွက်မသွားခဲ့ကြပေ။ သူတို့အဖိုးအိုကို မော့ကြည့်သောအခါ အားလုံးထိတ်လန့်သွားကြ၏။
မုဖူရှန်းအနည်းငယ် မျက်မှောင်ကြုတ်ရင်း နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"နတ်သခင်နယ်ပယ်ကျွမ်းကျင်သူ...."
အဆင့်မြင့်ကြယ်နယ်မြေက လူများက ကြီးကြပ်ရေးဗိမာန်က နတ်သခင်အဆင့် စွမ်းအားရှင်များရှိလိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြသော်လည်း လူတိုင်းရှေ့ တကယ်ပေါ်လာသောအခါ သူတို့မယုံကြည်နိုင် ဖြစ်နေကြဆဲပင်။
ကြီးကြပ်ရေးဗိမာန်၏ခွန်အားက အမြဲလိုလို လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်ခဲ့ပြီး အပြင်ပကမ္ဘာကို တစ်ခါမှ မဖော်ထုတ်ပြခဲ့ပါ။
"ငါက နန်ကောင်းယင်ပါ၊ ဒါက မင်းတို့ငါ့ကို ပထမဆုံးအကြိမ်မြင်ဖူးတာလည်း ဖြစ်လောက်တယ်၊ ဒါပေမယ့် ဒီပူပေါင်းမှုအပြီးမှာ မင်းတို့ငါ့ကို နားလည်မယ်ဆိုတာ ငါသေချာပါတယ်"
"မင်းတို့အားလုံးက ကြယ်စင်စုအသီးသီးက ရွေးချယ်ထားကြတဲ့ ပါရမီရှင်တွေပဲ၊ ငါတို့ အဆင့်မြင့်ကြယ်နယ်မြေရဲ့ ထိပ်တန်းတည်ရှိမှုတွေလို့လည်း ပြောလို့ရတယ်" နန်ကောင်းယင်၏ အကြည့်က လူအားလုံးကို ဖြတ်သွားပြီး အလွန်ပင် ဖော်ရွေသည့် အပြုံးတစ်ခုကို ပြသသည်။
"အနာဂတ်မှာ အဆင့်မြင့်ကြယ်နယ်မြေကို မင်းတို့ပဲ ပိုင်ဆိုင်ကြမှာပါ၊ အသက်ကြီးတဲ့ မျိုးဆက်တွေက တစ်နေ့ထွက်သွားရမှာပါ"
ဒါကအမှန်လား၊ အတုအယောင်လားဆိုတာ သူတို့မသိကြသည့်တိုင် လူငယ်မျိုးဆက်များအတွက် နတ်သခင်နယ်ပယ်တန်ခိုးရှင်တစ်ဦးဆီကနေ ယခုလိုစကားလုံးများကို ကြားရခြင်းက အတော်လေး ကျေနပ်စရာပင်။
"ပြီးတော့ ဒီပူပေါင်းဆောင်ရွက်မှုမှာ မင်းတို့ အနည်းဆုံးအခွင့်အလမ်းတစ်ခုကို ရနိုင်မယ်ဆိုရင်တောင် မင်းတို့ရဲ့အနာဂတ်ကျင့်ကြံခြင်းလမ်ကြောင်းက ပိုကျယ်ပြန့်လာလိမ့်မယ်၊ ဒါက မင်းတို့နတ်သခင်နယ်ပယ်ကို တက်လှမ်းဖို့အတွက် အခွင့်အရေးတွေကိုလည်း တိုးမြှင့်စေလိမ့်မယ်" နန်ကောင်းယင်၏ စကားလုံးများက အင်မတန်ဖမ်းစားနေသည်။ သူပထမဆုံး သူတို့ကို အားပေးအားမြောက်ပြူပြီးနောက် ဒီစစ်ဆင်ရေး၏ 'ရည်ရွယ်ချက်'ကို ညွှန်ပြသည်။
ဒီလူငယ်များ၏ မာနက အမြင့်ဆုံးကို ရောက်သောအခါ သူတို့အများဆုံး တန်ဖိုးထားရသည့် 'ကျင့်ကြံခြင်း'ကို နန်ကောင်းာင် ကတိပေးခဲ့သည်။
နတ်သခင်နယ်ပယ်ကို တက်လှမ်းခြင်းက ဒီအဆင့်မြင့်ကြယ်နယ်မြေတွင် အချုပ်အခြာအာဏာကို ရရှိခြင်းကို ဆိုလိုပြီး အသက်ပိုရှည်ပေသည်။
သို့စေကာမူ ဒီအုပ်စုထဲတွင် စိတ်ကြည်လင်သည့် လူအနည်းငယ် ရှိနေဆဲပင်။
လူတစ်ယောက်အပြုံးဖြင့်ပြောသည်။
"စီနီယာ၊ ခင်ဗျားပြောတာတွေက တကယ်ကို ဆွဲဆောင်မှုရှိပေမယ့် ဒီခရီးရဲ့ပန်းတိုင်နဲ့ တစ်ကြိမ် ဘာလို့ကြီးကြပ်ရေးဗိမာန်က ကျွန်တော်တို့ကို ဆင့်ခေါ်ရသလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး"
လူတိုင်း ထိုစကားပြောလိုက်သောသူကို ကြည့်လိုက်ကြသည်။
"ရွှေတောင်ပံဂဠုန်ကလန်က ကျင်းဝူကျင်းလား"
"ငါလည်းခန့်မှန်းမိတယ်၊ ဒီကောင်လေးက ဒီကို နဂါးငွေ့တန်းကြယ်စင်စုကိုယ်စား လာမှာအသေအချာပဲ"
သူ့ဘေးတစ်ဖက်တွင် သူ့မ၏ ရင်သပ်ရှုမောဖွယ်ရာ အသွင်အပြင်ကို မဖုံးထားနိုင်သည့် မျက်နှာကို ဖုံးထားသော အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
"ကြီးကြပ်ရေးဗိမာန်က ဒီလိုလုပ်ရတဲ့အတွက် အကြောင်းပြချက်ရှိရမယ်၊ စီနီယာ ကျွန်မတို့ကို ပြောနိုင်မလားဆိုတာ သိချင်မိတယ်"
သူက အဆင့်မြင့်ကြယ်နယ်မြေ၏ နံပါတ်တစ်အလှမယ်ဟု လူသိများသော ကျိချန်းယောင်ပေတည်း။
ဒီလှပသည့်မြင်ကွင်းက မရေမတွက်နိုင်လောက်သည့် ကျင့်ကြံသူတိုင်းနီးပါးကို ညို့ယူဖမ်းစားသွားခဲ့သည်။
အဆင့်မြင့်ကြယ်နယ်မြေက ကျင့်ကြံသူတစ်ဦးဖြစ်နေသရွေ့ ကျိချန်းယောင်ကို မလိုချင်ဟု အရမ်းနည်းသည်ဟု ဆို၍ရသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ခပ်ပေါ့ပေါ့ပြုံးလိုက်ကြ၏။
အကယ်၍ အဆင့်မြင့်ကြယ်နယ်မြေက ပါရမီရှင်အားလုံးကို စုစည်းပါက သူတို့ဆရာနှင့် ဆက်နွှယ်နေသော အမျိုးသမီးကလည်း သေချာပေါက် ပေါ်ပေါက်လာမယ်ဆိုတာကို သူတို့ခန့်မှန်းထားပါသည်။
နန်ကောင်းယင် ဒေါသမထွက်သွားဘဲ ယင်းအစား သူတို့နှစ်ယောက်ကို ထောက်ခံသည့်အသွင် ကြည့်လိုက်သည်။
နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးရှေ့တွင် နှိမ့်ချ၍ သို့မဟုတ် မောက်မာမှုကင်းကင်းနှင့် သံသယများကို ပြောနိုင်သူဟူ၍ အတော်လေးရှားပါးသည်။
"ကြီးကြပ်ရေးဗိမာန်က ရှေးဟောင်းစစ်မြေပြင်တစ်ခုကို အရင်ကရှာတွေ့ခဲ့တယ်၊ မရေမတွက်နိုင်လောက်တဲ့ ကျွမ်းကျင်သူမှာ အဲမှာ သေဆုံးခဲ့ရတယ်"
"ဒါပေမယ့် ၀င်ခွင့်လက်မှတ်က ကြီးကြပ်ရေးဗိမာန်က မင်းတို့ကို ခေါ်ယူဖို့အတွက် လိုအပ်တဲ့အခြေအနေပဲ"
"အဆင့်မြင့်ကြယ်နယ်မြေက ကျင့်ကြံခြင်းယဉ်ကျေးမှုကို ဖွံ့ဖြိုးစေဖို့အတွက် ငါတို့ကြီးကြပ်ရေးဗိမာန်က ဒီကိစ္စကို မျှဝေဖို့ ဆုံးဖြတ်ခဲ့တယ်"
နန်ကောင်းယင်၏ စကားလုံးများက ကြီးကြပ်ရေးဗိမာန်၏ အနေအထားနှင့် အတော်လေးကိုက်ညီသည်။
တခြားသူများထိတ်လန့်သွားကြသည်။ သူတို့၏မျက်နှာများက နီမြန်းလာကြပြီး အသက်ရှူသံများက လေးလံလာကြသည်။
ရှေးဟောင်းစစ်မြေပြင်!
ရှေးခေတ်က သေမျိုးနယ်မြေက မည်မျှပင် ကြွယ်၀ခဲ့လေသနည်း။
အတိအကျဘာဖြစ်ပျက်ခဲ့သလဲဆိုတာကို သူတို့မသိသော်လည်း သေမျိုးနယ်မြေ၏ အတိတ်က ကြွယ်၀မှုအကြောင်း အနည်းငယ်နားလည်ကြသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်ကြ၏။
ပန်းတိုင်က စစ်မှန်သော်လည်း ရည်ရွယ်ချက်က အတုအယောင်ဖြစ်သဘ်။
ယခုလိုအခြေအနေရပ်မျိုးတွင် အမှန်တရားကို ဖုံးကွယ်သည့်ရည်ရွယ်ချက်က တွေးခေါ်မှုကို နှိုးဆွရန် ဖြစ်ရပေမည်။
ယေဘုယျအားဖြင့် ဆိုပါက ဒီလိုအခြေအနေမျိုး၏ ရည်ရွယ်ချက်က သေချာပေါက် ကောင်းသောအရာတစ်ခုမဟုတ်ပါ။
နန်ကောင်းယင်၏ စကားလုံးများအပြီးတွင် ကြီးကြပ်ရေးဗိမာန်က ဖြောင့်မတ်သည်ဟု အော်ဟစ်ကြသည့် ကျင့်ကြံသူများ ပို၍ပင် များပြားလာကြသည်။
သို့စေကာမူ လူအုပ်စုထဲက ကျင်းဝူကျင်း၊ ကျိချန်းယောင်နှင့် လူအနည်းငယ်က အတွေးနက်နေသည့် အမူအရာများကို ဖော်ပြကြသည်။
သူတို့သာဆိုပါက ဒါတွေအားလုံးကို သူတို့ကိုယ်ကျိုးအတွက် ယူသွားကြမည်မှာ အသေအချာပင်။
ရှေးဟောင်းစစ်မြေပြင်ကို ပထမဆုံးရှာတွေ့ခြင်းက ကောင်းကင်၌ ပျံသန်းရန်အတွက် အခွင့်အရေးတစ်ခုရခဲ့သည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
ဒီကြီးမားသည့်အခွင့်အလမ်းကို ထုတ်ဖော်ပြောကြားသည်အထိ ဘယ်ဂိုဏ်းကမှ ဖြောင့်မတ်ကြမည်မဟုတ်။
ကြီးကြပ်ရေးဗိမာန်က ကြားနေနေခဲ့သည်။
သို့စေကာမူ ဒါက သူတို့ဘယ်အရာအတွက်မှ မတိုက်လိုက်ခဲ့ဘူးဟု ဆိုလိုနေခြင်းမဟုတ်။ သူတို့က သူတော်စင်မဟုတ်ကြပါ။
ဒီပုံမမှန်မှုနှင့် ပတ်သက်ပြီး တစ်ခုခုမှားနေလောက်သည်။ နန်ကောင်းယင်၏ စကားလုံးများက လူတစ်ချို့ကို သတိထားသွားစေသည်။
နန်ကောင်းယင် လူအများစု၏ တုံ့ပြန်မှုကို ကြည့်ပြီးနောက် နှလုံးသားထဲကနေ ပြုံးရင်း ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်ယူလိုက်၏။
ဒါက အလယ်အလတ်အဆင့်ကြယ်နယ်မြေကို ဦးဆောင်ကာ ကြယ်နယ်မြေအတားအဆီးကို ဖြတ်ကျော်နိုင်သည့် ကျောက်စိမ်းတံဆိပ်ပင်။
"အခုစထွက်ခွာကြရအောင်၊ ငါတို့ပန်းတိုင်က အလယ်အလတ်အဆင့်ကြယ်နယ်မြေက အဆုံးမဲ့ပင်လယ်ဒေသပဲ"
လူတိုင်း ဒီခရီးစဉ်ကို ကြားရသောအခါ သူတို့တွင် ထူးဆန်းသည့်အမူအရာများ ရှိနေကြသည်။
ရှေးဟောင်းစစ်မြေပြင်က တကယ်ပဲ ဒီလိုသေးငယ်လှတဲ့ နေရာလေးလား!
အကယ်၍ စစ်မြေပြင်ကို အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ရွေးချယ်ခဲ့ပါက ဒါကထူးခြားသည့်အတွက်ကြောင့် ဖြစ်ရပေမည်။
ဒါကြောင့်လည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့ အလုံးစုံစွမ်းအားက ဒီလောက်ထိ အားနည်းနေတာလား!
အပိုင်း(1071) coming။