#စစ်တုရင်ကြီးတစ်ခု၊ နတ်သခင်ပူပေါင်းဆောင်ရွက်မှု#
Vol. 76 Ch. 1069
မုဖူရှန်း၏စကားလုံးများကို ကြားသောအခါ ရှောင်ဟိုင်ချက်ချင်းမျက်မှောင်ကြုတ်သည်။
"စီနီယာစွေ့ကလည်း ဒီတစ်ကြိမ် ကြီးကြပ်ရေးဗိမာန်ရဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူးလို့ ငါ့ကိုပြောတယ်"
ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ကို ဦးဆောင်သည့် အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးတဖြစ်လဲ စွေ့ဖူ၏ပုံရိပ်က ထူးခြားသည်။ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ကို သိသူအတော်လေးနည်းပြီး နတ်သခင်အဆင့်ဂိုဏ်းများပင်လျှင် ၎င်း၏တည်ရှိမှုကို မသိလောက်ပါ။
သို့စေကာမူ စွေ့ဖူက လက်နောက်ကွယ်က အရာတစ်ချို့ကိုသိနေဆဲပင်။ အမှောင်ပိုင်နက်ပင်လျှင် မသိလောက်သည့် အရာတစ်ချို့ရှိသော်လည်း စွေ့ဖူသိသည်။
ဒါကိုကြားသော် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မျက်မှောင်ကြုတ်လိုက်ကြ၏။
ကျန်းချင်းလန် ဒီမြင်ကွင်းကိုမြင်သောအခါ ရှက်ရွံ့စွာပြောသည်။
"ကျွန်မအရင်အပြင်ထွက်သွားမယ်ဆိုရင်ရော၊ ရှင်တို့စကားပြောပြီးမှ ဆက်ပြောကြတာပေါ့"
ကျန်းချင်းလန်က အတော်လေးသိမြင်နားလည်တတ်သူတစ်ယောက်ဟု ဆို၍ရသည်။
မည်သို့ပင်ဆိုစေကာမူ သူမတွင် ဒီအုပ်စုနှင့် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခုမရှိပါ။
မျှော်လင့်မထားစွာပင် မုဖူရှန်း ပြတ်သားစွာ ခေါင်းညိတ်ရင်းပြုံးသည်။
"ခင်ဗျားဒီလိုတွေးတာ တကယ်ကောင်းပါတယ်"
သူတို့နှင့် ကျန်းချင်းလန်၏ ဆက်ဆံရေးက နက်ရှိုင်းခြင်းမရှိပေ။ ဒီထဲတွင် လျှို့ဝှက်ချက်များပါ၀င်လာလေရာ သိသူနည်းလေ၊ ပိုကောင်းလေလေပင်။
ကျန်းချင်းလန်မှာ ဒေါသထွက်လွန်းသဖြင့် နှာခေါင်းပင် ကွေးလုနီးပါးဖြစ်နေသည်။ သူမဒေါသတကြီးနှာခေါင်းရှုံ့ရင်း ထွက်သွားသည်။
မုဖူရှန်း အကူအညီမဲ့နေပုံရသည်။
"ဒါကို သူကိုယ်တိုင်ပြောလာပြီး သူပဲ ဒေါသထွက်သွားတာလား၊ ဟူး၊ အမျိုးသမီးတွေ...."
မုဇီရှင်းရယ်မောလိုက်မိသည်။
ကျန်းချင်းလန်ထွက်သွားပြီးနောက် ရှောင်ဟိုင်ဆက်ပြောသည်။
"အဆုံးမဲ့ပင်လယ်ဒေသကို မှတ်မိကြသေးလား"
အဆုံးမဲ့ပင်လယ်ဒေသ!
ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့ ခေါင်းညိတ်လိုက်ကြသော်လည်း ဖန်ချန်းက စိတ်ရှုပ်ထွေးနေပုံရသည်။
"အဲဒီအချိန်က ကျွန်တော်တို့ ရဂ်နာရော့ခ်ဆိုတဲ့ စာလုံးတွေပါ၀င်တဲ့ သတင်းအချက်အလက်တစ်ခုကို တျန်ကျင်းကုန်သည်များအသင်းကနေ ရခဲ့ကြတယ်မလား"
"အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းကို ဘယ်သူမှ မစူးစမ်းနိုင်ကြဘူး၊ ရဂ်နာရောခ့်ဆိုတာ အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းကို ရည်ညွှန်းနေတာပဲ"
"ဒါက ရှေးခေတ်က စစ်မြေပြင်ပဲ၊ သေမျိုးနယ်မြေ လက်ရှိအခြေအနေကို ကျဆင်းသွားတဲ့ အဲဒီတိုက်ပွဲဖြစ်ရာနေရာလို့လည်း ပြောလို့ရတယ်"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ကြက်သေသေသွားကြ၏။
ရှေးဟောင်းစစ်မြေပြင်!
"ဒီရှေးဟောင်းစစ်မြေပြင်မှာ ကျွန်တော်လိုချင်နေတာ တစ်ခုခုရှိတယ်လို့ စီနီယာစွေ့ ကျွန်တော့်ကို ပြောခဲ့တယ်၊ ခွန်းလွန်အပျက်အစီးတွေက အထဲမှာ ရှိတယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
"ကြည့်ရတာ ငါတို့မှာသွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိပုံပဲ"
မုဖူရှန်း ကြီးကြပ်ရေးဗိမာန်အကြောင်း ပို၍စိတ်ပူလေရာ မေးလိုက်သည်။
"အစ်ကိုပြောချင်တာက ကြီးကြပ်ရေးဗိမာန်က အဆုံးမဲ့ပင်လယ်ဒေသအနက်ပိုင်းမှာ လှုပ်ရှားကြပြီး ဒီအမိန့်ပြန်တမ်းက တကယ်ပဲ ရှေးဟောင်းစစ်မြေပြင်ကို သွားဖို့အတွက်ပေါ့"
ကြီးကြပ်ရေးဗိမာန်က သူတို့ကို အမြောက်ဆံများအဖြစ် ဆက်ဆံနေတာလား!
ရှောင်ဟိုင်အနည်းငယ်ခေါင်းညိတ်သည်။
"နှစ်များစွာကြာအောင် ကြီးကြပ်ရေးဗိမာန်က အဆုံးမဲ့ပင်လယ်ဒေသရဲ့ အနက်ပိုင်းကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်၊ ပြီးတော့ ဒီနှစ်တွေထဲမှာ သူတို့ အထဲကို ပါရမီရှင်တွေပို့ခဲ့ကြသေးတယ်"
"ဒါပေမယ့် ခြွင်းချက်မရှိ သူတို့ထဲကတစ်ယောက်မှ ဒီစမ်းသပ်မှုတွေကို မအောင်မြင်ခဲ့ကြဘူး"
ရှေးဟောင်းစစ်မြေပြင်က သေမျိုးနယ်မြေ၏ အတောက်ပဆုံးကာလပင်။
ဒါက သေမျိုးကမ္ဘာကို ပြောင်းလဲစေသည့် အကြောင်းရင်းလည်းဖြစ်သည်။
ရဂ်နာရောခ့်!
ပြောစရာပင်မလို အထဲတွင် ပုံဖော်ကြည့်၍ပင် မရနိုင်သည့် အမွေအနှစ်ရတနာတစ်ခုရှိလောက်ပေသည်။
ဒါ့အပြင် မည်သူမှ မသိကြသည့် ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ချို့လည်း ရှိမည်သာ။
ရှောင်ဟိုင်ဆက်သည်။
"အမိန့်ပြန်တမ်းကို ထုတ်တဲ့အခါ လိုအပ်ချက်က နတ်ဘုရင်နယ်ပယ်အောက်က လူတွေပဲလာနိုင်မယ်၊ ဒါက အဆုံးမဲ့ပင်လယ်ဒေသအနက်ပိုင်းက ရှေးဟောင်းစစ်မြေပြင်ရဲ့ ၀င်ခွင့်လက်မှတ်လည်းဖြစ်တယ်"
"ကြီးကြပ်ရေးဗိမာန်က ပြုစုပျိုးထောင်ခဲ့သည့် ပါရမီရှင်တွေက မဖြတ်ကျော်နိုင်ခဲ့ကြဘူး၊ အခုကြည့်ရတာ ကိစ္စတစ်ချို့ကြောင့် သူတို့ဒါကို နှောင့်နှေးအောင် လုပ်လို့မရတော့ပုံပဲ၊ ဒါကြောင့် သူတို့ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးက လူတွေကို စပြီးစုစည်းနေကြတာပဲ"
"ပန်းတိုင်ကတော့ ရှေးဟောင်းစစ်မြေပြင်ထဲက နတ်ပစ္စည်းတစ်ခုခုဖြစ်ပုံရတယ်၊ ဒါပေမယ့် သူတို့ရဲ့ပန်းတိုင်က ဘာလဲဆိုတာ စီနီယာစွေ့မပြောခဲ့ဘူး"
ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်သည်။
"ဒီလိုဆိုရင် ဒီစစ်ဆင်ရေးက ငြိမ်းချမ်းမှာ မဟုတ်လောက်ဘူး"
ကြီးကြပ်ရေးဗိမာန်က နတ်ပစ္စည်းတစ်ခုခုကို ရယူချင်ပြီး သူတို့လက်အောက်က မည်သူ့တွင်မှ ရယူနိုင်စွမ်းမရှိပါ။
ဒီလိုဆိုပါက အကယ်၍ တစ်ယောက်ယောက်သာ ကြီးကြပ်ရေးဗိမာန်က လိုလားတောင့်တနေသည့် ပစ္စည်းကို ရသွားပါက သူတို့ရယူရန်အတွက် အရာအားလုံးကို သေချာပေါက် လုပ်ကြပေလိမ့်မည်။
ဒီအချိန်တွင် မုဇီရှင်းတစ်ခဏမျှတွေးသည်။
"ကြီးကြပ်ရေးဗိမာန်က အမြဲလိုလိုကြားနေနေခဲ့ပြီး ဘယ်အင်အားစုကိစ္စရပ်တွေမှာမှ မပါ၀င်ခဲ့ဘူး၊ ဒါပေမယ့် အခုသူတို့ ပြဿာနာဖြစ်စေဖို့အတွက် ပဏာမခြေလှမ်းတောင် လှမ်းလိုက်တယ်...."
ဖုံးကွယ်ထားသည့် လျှို့ဝှက်ကြံစည်မှုက ထင်ရှားပေသည်။
မုဖူရှန်းရုတ်တရက်မေးသည်။
"ကြီးကြပ်ရေးဗိမာန်က တကယ်ပဲ ဘယ်လောက်ထိ အားကောင်းတာလဲ"
"ဒါကထိတ်လန့်စရာအကောင်းဆုံးအပိုင်းပဲ" ရှောင်ဟိုင်၏ အမူအရာက လေးနက်သွား၏။
"ကြီးကြပ်ရေးဗိမာန်က နတ်သခင်လေးယောက် စောင့်ကြပ်နေကြတယ်၊ တချိန်တည်းမှာပဲ သူတို့ထဲကတစ်ယောက်က နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ"
ဒီစကားလုံးများကို ပြောပြီးသည်နှင့်တစ်ပြိုက်နက် လူတိုင်းထိတ်လန့်သွားကြ၏။
ကြားနေနေတတ်သည့် ကြီးကြပ်ရေးဗိမာန်က ဒီလောက်ထိအစွမ်းထက်လိမ့်မည်ဟု သူတို့မျှော်လင့်မထားခဲ့ကြပေ။
ယခုလိုကြောက်မက်ဖွယ်ရာခွန်အားရှိသည့်တိုင် သူတို့ကကြားနေနေရန် လိုအပ်သည်။
ကြီးမားသည့် စစ်တုရင်ဂိမ်းတစ်ခုတွင် ပါ၀င်နေရခြင်းဖြစ်ရပေမည်။
ယဲ့ချိုးပိုင်တို့ကမူ စစ်တုရင်ဘုတ်ပြား၏ စစ်တုရင်အရုပ်များသာ။
သို့သော် ရှောင်ဟိုင်က ဘယ်သူမှ မသိသည့် သတင်းအချက်အလက်ကို ရခဲ့သဖြင့် သူက စစ်သားတစ်ဦးအဖြစ်ကနေ ရထားအဖြစ်ကို ပြောင်းလဲသွားခဲ့သည်။
"တစ်ကြိမ်မှာ တစ်ဆင့်စီလုပ်ကြရအောင်၊ ငါတို့ခွန်အားနဲ့ ငါတို့ ဒီစစ်တုရင်ဘုတ်ပြားကို လှန်နိုင်မှာမဟုတ်ဘူး" ယဲ့ချိုးပိုင် ခိုင်မာစွာပြောသည်။
"ဒါ့အပြင် ဒီစစ်တုရင်ဘုတ်ပြားရဲ့ တကယ့်အရောင်အစစ်အမှန်ကို ငါတို့မသိရသေးဘူး"
မုဖူရှန်းပခုံးတွန့်ရင်း တံခါးကနေ ထွက်သွားသည်။
"ဟေး၊ စီနီယာအစ်ကိုမု၊ ဘယ်ကို သွားနေတာလဲ" ဖန်ချန်းလှမ်းမေးလိုက်၏။
မုဖူရှန်းမျက်လုံးလိမ့်လိုက်သည်။
"ငါပြင်ဆင်ဖို့သွားတာပေါ့"
ယခုသူက ဒီလိုမြင့်မားသည့်အဆင့်တစ်ဆင့်ကို ခုန်လိုက်ပြီဖြစ်လေရာ ဝှက်ဖဲတစ်ချို့ထပ်ပြီး ပြင်ဆင်ရပေတော့မည်။
အချိန်ကျရောက်လာသောအခါ ဒါက မလုံလောက်မှာကို သူကြောက်နေမိသည်။
.....
လက်ရှိ လူသူကင်းမဲ့သည့် နေရာတစ်ခုတွင် အဆင့်မြင့်ကြယ်နယ်မြေ နတ်သခင်အဆင့်ဂိုဏ်းများမှ နတ်သခင်ခုနှစ်ဦး၏ ကိုယ်ပွားများက စုစည်းနေကြ၏။
"ဒီနှစ်တွေမှာ ကြီးကြပ်ရေးဗိမာန်က ပုန်းကွယ်နေခဲ့ပြီး ကမ္ဘာကြီးရဲ့အရေးကိစ္စတွေကို အာရုံမစိုက်ခဲ့ဘူး၊ သူတို့အခုဘာလုပ်ဖို့ ကြံစည်နေတာလဲ" နတ်သခင်ဟောင်တျန်း စိတ်ရှုပ်ထွေးနေပုံရသည်။
"ငါလည်းမသိဘူး၊ ဒါပေမယ့် ဒါက သေချာပေါက် မဖြစ်စလောက်ကိစ္စလေးတစ်ခုမဟုတ်ဘူး၊ မဟုတ်ဘူးဆိုရင် သူတို့အတွက် ငါတို့နတ်သခင်အဆင့်ဂိုဏ်းတွေကို မဖိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး" ခေးအောစ့်အနှစ်သာရဓားသခင် ထူးမခြားနားစွာပြောသည်။
ယင်ယန်ဂိုဏ်းချုပ် နှာခေါင်းရှုံ့သည်။
"သူတို့မဖိတ်ခေါ်ခဲ့ဘူးဆိုရင်တောင် နင်တို့က လူတစ်ယောက်မှ မစေလွှတ်ခဲ့တဲ့ ပုံစံမျိုးပြောနေကြပါလား"
နတ်သခင်ဟောင်တျန်း သူမကို စိုက်ကြည့်သည်။
"စုန်းမအိုကြီး၊ မင်းလည်းအတူတူပဲမလား"
ယင်ယန်နတ်သခင်၏ အမူအရာက ချက်ချင်းအေးစက်သွားသည်။
"ငါအရင်ကပြောပြီးပြီ၊ ငါ့ကို စုန်းမအိုကြီးလို့မခေါ်နဲ့၊ နင်စစ်ပွဲတစ်ခုစချင်နေတာလား"
"တိုက်ခိုက်မှာလား၊ ရတယ်လေ၊ ဒါဆို အရင်ဆုံး ယှဉ်ပြိုင်ကြရအောင်" နတ်သခင်ဟောင်တျန်း ပွင့်ပွင့်လင်းလင်းပင် ချေပသည်။
"မင်းငါ့ကို အနိုင်ယူနေသရွေ့ ငါဒူးထောက်ပြီး မင်းကိုတောင်းပန်တယ်၊ ဘယ်လိုလဲ"
သို့စေကာမူ ယင်ယန်နတ်သခင် အံကြိတ်ထားရုံသာ တတ်နိုင်သည်။ ဒါနှင့်ပတ်သက်ပြီး သူမဘာတစ်ခုမှ မလုပ်နိုင်ပါ။
နတ်သခင်ဟောင်တျန်းက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုပင် ချိုးဖျက်သွားပြီ မဟုတ်ပေလော။
သူမက ဒီစိတ္တဇ၏ ပြိုင်ဘက်မဟုတ်ပါ။
"တော်ပြီ၊ မင်းတို့ဘာတွေငြင်းခုံနေကြတာလဲ" ခေးအောစ့်အနှစ်သာရဓားသခင် အေးစက်စွာအော်ဟစ်သည်။
"ငါတို့အခုစုံစမ်းစစ်ဆေးသင့်တာက ကြီးကြပ်ရေးဗိမာန်ရဲ့ ရည်ရွယ်ချက်ပဲ"
"သူတို့နှစ်များစွာကြာ တိတ်တိတ်ပုန်းနေခဲ့တယ်၊ အခုသူတို့ ထိတ်လန့်စရာခြေလှမ်းကို လှမ်းလိုက်ပြီဆိုတော့ အရာတွေက မရိုးရှင်းတော့ဘူး၊ ငါတို့ရဲ့ကိုယ်ပိုင် အကျိုးအမြတ်အတွက် ငါတို့ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်"
"ဒီကိစ္စမပြီးသေးခင်အထိ ငါတို့ဂိုဏ်းခှနှစ်ဂိုဏ်းက ကြီးကြပ်ရေးဗိမာန်နဲ့ပတ်သက်ပြီး အပြန်အလှန်ဆက်သွယ်နေကြဖို့ အကြံပြုချင်တယ်၊ ဘယ်လိုသဘောရလဲ"
ဒီနတ်သခင်ဂိုဏ်းခှနှစ်ဂိုဏ်းက အချင်းချင်းအဆင်မပြေကြသော်လည်း သူတို့၏ အကျိုးစီးပွားများနှင့် ပတ်သက်လာသောအခါတွင်မူ သူတို့အတိတ်ကို လျစ်လျုရှုပြီး ပူးပေါင်းဆောင်ရွက်ကြမည်သာ။
အကျိုးအမြတ်များဟူသည် ရန်သူများကိုပင် ညတွင်းချင်းညီအစ်ကိုများ ဖြစ်သွားစေနိုင်သည့် ချောဆီဖြစ်သည်။
ဒါကပူးပေါင်းဆောင်ရွက်မှုကို မောင်းနှင်ရန်အတွက် အကောင်းဆုံးနည်းလမ်းပင်။
သူတို့ အတိတ်က ကြီးကြပ်ရေးဗိမာန်၏ ကြားနေမှုကို မျက်စိမှိတ်လျက်နေနိုင်သည်။
ယခုတွင်မူ ၎င်းက လုပ်ပိုင်ခွင့်ကို ကျော်သွားခဲ့လေပြီ။
အပိုင်း(1070) coming။