← Chapters

#ဆက်ခံသူ၊ မြေအောက်လောကအရှင်ရာထူးကို သိမ်းပိုက်ခြင်း#

Vol. 76 Ch. 1068

#ဆက်ခံသူ၊ မြေအောက်လောကအရှင်ရာထူးကို သိမ်းပိုက်ခြင်း#

Vol. 76 Ch. 1068

သူကမောက်မာပြီး မဆင်မခြင်တတ်သူဖြစ်သကို လူတိုင်းကို အထင်အမြင်သေးနေသည့်အလား အရာတိုင်းကိုငုံ့ကြည့်နေသည်။ 

ရှောင်ဟိုင် လူတိုင်း၏အလယ်ဗဟိုတွင် ရပ်နေပြီး ဒီနတ်ဘုရင်နယ်ပယ်နှင့် နတ်အင်ပါယာနယ်ပယ်ကျွမ်းကျင်သူများ၏ ၀န်းရံခြင်းကို ခံထားရသည်။ သို့စေကာမူ သူဘာကြောက်စိတ်ကိုမှ မပြသဘဲ ယင်းအစား မျက်လုံးများက တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် ပြည့်နှက်နေခဲ့သည်။ 

လက်ရှိအခြေအနေတွင် လူတိုင်း ရှောင်ဟိုင်ကို ကြည့်လိုက်ကြ၏။ တစ်ချိန်တည်းမှာပင် ယခုလေးတင်ဒဏ်ရာရခဲ့သည့်လက်က ပကတိမျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းတစ်ခုနှင့် ပြန်လည်သက်သာလာနေသည်။ များမကြာမီ ထိုးဖောက်ခံထားရသည့် ဒဏ်ရာအရိပ်အယောင်ဟူ၍ ဘာမှ မကျန်ရှိတော့ပါ။ 

ယခုလိုကြောက်မက်ဖွယ်ရာရုပ်ခွန်အား၊ လွှမ်းမိုးနိုင်စွမ်းရှိသည့်အော်ရာနှင့် စိတ်ကူးကြည့်၍ပင် မရနိုင်သည့် သွေးကြောစွမ်းရည်က သူတို့အားလုံးကို ထိတ်လန့်မှုကို ခံစားရစေသည်။ စိတ်အခြေအနေ မတည်ငြိမ်သည့် လူတစ်ချို့ကမူ အနည်းငယ် တုန်ယင်သွားကြ၏။ 

ဒါကိုမြင်သော် ရှောင်ဟိုင်အနည်းငယ် မျက်မှောင်ကြုတ်သည်။ 

"ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ကျင့်ကြံသူတွေအားလုံးက သူရဲဘောကြောင်သူတွေများလား၊ မင်းတို့မှာ တိုက်ခိုက်ဖို့ သတ္တိတောင် မရှိကြဘူးလား"

ကြမ်းကြုတ်သည့်အော်ရာ၏ ပေါက်ကွဲမှုအောက်တွင် ရှောင်ဟိုင်၏ ကိုယ်ပိုင်အသိစိတ်က တဖြည်းဖြည်းပျံ့နေပြီး သူ့နှလုံးသားထဲက ဖျက်ဆီးလိုသည့်စိတ်အခြေအနေက အဆက်မပြတ် တိုးပွားနေသည်။ 

ရှောင်ဟိုင်၏စကားလုံးများအပြီးတွင် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်က ကျင့်ကြံသူများ တစ်ဦးကိုတစ်ဦး ကြည့်ရင်း အံကြိတ်လိုက်ကြ၏။ 

သူတို့ဘယ်လိုလုပ် သူစိမ်းတစ်ယောက်၏ အထင်အမြင်သေးခြင်းကို ခံနိုင်မည်နည်း။ 

ဒါ့အပြင် သူတို့ကအခု လူအများကြီးရှိပြီး တစ်ဘက်က တစ်ယောက်တည်းသာဖြစ်သည်။ သူတို့သူ့ကို မကိုင်တွယ်နိုင်တာ ဖြစ်နိုင်မည်လား။ 

လူတိုင်းနီးပါး ဒါကို တစ်ချိန်တည်းတွင် တွေးလိုက်ကြသည်။ 

သူတို့နှုတ်အားဖြင့် ဆက်သွယ်နေစရာပင် မလိုဘဲ တစ်ဦးကိုတစ်ဦး ခပ်ပေါ့ပေါ့ ကြည့်လိုက်ကြ၏။ သူတို့၏အော်ရာများ ထိုးတက်လာစဉ် ရှိနေသောသူတိုင်း သူတို့ဘာလုပ်ချင်သလဲဆိုတာကို နားလည်သွားကြသည်။ 

နောက်အခိုက်အတန့်၌ ငရဲကမ္ဘာစွမ်းအင်စီးကြောင်းများက ကျင့်ကြံသူတိုင်း၏ ကိုယ်ကနေ ပေါက်ကွဲထွက်လာကြသည်။ 

အဝါရောင်စမ်းစင်မြင့်က အဝါရောင်စမ်းချီနှင့် လုံး၀ပြည့်နှက်သွားပြီး အဝါရင့်ရောင်သမ်းသွားစေသည်။ 

တစ်ခုတည်းသော တခြားအရောင်က ရှောင်ဟိုင်ကိုယ်ကနေ ထုတ်လွှတ်နေသည့် သွေးနက်အော်ရာပင်။ 

ရုတ်တရက် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူတစ်ဦး ဦးဆောင်ပြီး ရှောင်ဟိုင်ထံ ပစ်၀င်သွား၏။ 

တစ်ယောက်ဦးဆောင်သောအခါ ပတ်၀န်းကျင်က လူများကလည်း ရှောင်ဟိုင်အား ဆင့်ကဲဖိနှိပ်လိုက်ကြသည်။ 

ဒါကိုမြင်သော် ရှောင်ဟိုင်၏အမူအရာက လေးနက်သွားခြင်းမရှိသလို သူပြုံးရင်း ကျယ်လောင်စွာရယ်မောသည်။ 

"ဒီလိုဖြစ်သင့်တာ"

ကြမ်းကြုတ်သည့်အော်ရာက သူ့ရိုးတွင်းခြင်ဆီကနေ အရူးအမူးစိမ့်ထွက်လာပြီး ရှောင်ဟိုင်၏ ခြေလက်အင်္ဂါများ၊ အရိုးများနှင့် အသိစိတ်နှင့် တိုက်မိသည်။ 

ရှောင်ဟိုင်နောက်တွင် သွေးနီရောင် နတ်ဆိုးဘုရင်ပုံရိပ်က လျင်မြန်စွာ သိပ်သည်းလာသည်။ 

ကျယ်လောင်သည့်အော်သံနှင့်အတူ သူ့မျက်လုံးများက သွေးများနှင့် လုံး၀ဖုံးလွှမ်းသွားပြီး သူ့မျက်စိအရှည်က ဒီသွေးရောင်ထဲတွင် ပျောက်ကွယ်သွား၏။ 

သူရှေ့တစ်လှမ်းတိုးပြီး ပြေး၀င်လာနေသည့် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူကို ရုတ်တရက် ထိုးနှက်သည်။ 

လက်သီးခွန်အားက ထက်ရှသည့်ဓားတစ်လက်ပမာ လမ်းတစ်လျှောက်က လေဟာနယ်ကို ဆုတ်ဖြဲပစ်သည်။ 

သန့်စင်သောခန္ဓာကျင့်ကြံသူတစ်ယောက် ဒါကို တကယ်လုပ်နိုင်တာက စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။ 

နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူက ဂရုမစိုက်ဘဲမနေရဲပါ။ 

တစ်ဘက်လူက သွေးဓားမြှောင်စုဖန်ကိုပင် အလွယ်တကူ အနိုင်ယူခဲ့သည့် မွန်းစတားတစ်ကောင်ဖြစ်သလို ဒီလက်သီးအားကလည်း အရင်ကထက် ပိုအားကောင်းပုံရသည်။ 

ဒီလူရင်ဘတ်ရှေ့တွင် လက်အစုံအား ခေါက်ထားစဉ် အဝါရောင်စမ်းချီက အဝါရင့်ရောင်ခေါင်းတစ်လုံးကို ဖန်တီးသည်။ ၎င်းက ဗလာကျင်းနေသည့်ပါးစပ်ကို ဟပြီး ရှောင်ဟိုင်၏လက်သီးကို မျိုချပစ်သည်။ 

"အဝါရောင်စမ်းကိုက်ဖြတ်ခြင်း" လက်သီး ပါးစပ်အား ထိုးနှက်လိုက်သည့်အခိုက်အတန့်၌ ထိုလူညင်သာစွာ အော်ဟစ်လိုက်စဉ် အဝါရောင်ခေါင်းကြီးက ပါးစပ်ကို ပိတ်လိုက်၏။ 

အစွမ်းထက်ကိုက်အားက ရှောင်ဟိုင်၏ လက်ကို ကိုက်ဖြတ်ပစ်ချင်ပုံရသည်။ 

သို့စေကာမူ ရှောင်ဟိုင်၏ လက်ပေါ်တွင် ထက်မြက်သည့် သွားတန်းနှစ်ခု ကျလာသောအခါ မကိုက်နိုင်ဘဲ ယင်းအစား သွေးစွန်းနေသည့် အမှတ်အသားကိုသာ ချန်ထားနိုင်ခဲ့သည်။ 

ရှောင်ဟိုင်၏ လက်သီးက ဒီအတွက်ကြောင့် ရပ်မသွားဘဲ ရှေ့သို့ ဆက်လက် တိုး၀င်သွား၏။ 

အဝါရောင်ခေါင်းက ချက်ချင်းဆိုသလို ပြိုကွဲသွားရသည်။ 

တစ်ချိန်တည်းမှာပင် နတ်အင်ပါယာနယ်ပယ် အစောပိုင်းအဆင့်ကျွမ်းကျင်သူ၏ ရင်ဘတ်က ကိုင်းသွားပြီး ကြိုးပျက်သွားသည့် စွန်တစ်ကောင်ပမာ လွင့်စင်သွားရတော့သည်။ 

အနားယူရန်အတွက် အချိန်မရှိပါ။ ဒီလူလွင့်စင်သွားပြီးနောက်တွင် နောက်ထပ်ဆယ်ယောက်က ရှောင်ဟိုင်ကို အရူးအမူးတိုက်ခိုက်သည်။

ရှောင်ဟိုင်ဒီတိုက်ခိုက်မှုများကို လုံး၀ခုခံကာကွယ်ထားခြင်းမရှိ။ သူအရူးအမူးသာ တိုက်ခိုက်နေပြီး တစ်ဘက်လူများ၏ တိုက်ချက်များကို သူ့အပေါ်ကျရောက်စေသည်။ 

အဝါရောင်စမ်းစင်မြင့်အနီးတွင် မြေအောက်ကမ္ဘာနန်းတော်စစ်သားများစွာနှင့် ဒိုင်လူကြီးအဖြစ် အကြီးအကဲတစ်ဦးရှိသည်။ 

လက်ရှိမြင်ကွင်းက သူတို့ကို ခါးသီးစွာ ပြုံးစေသည်။ 

အဝါရောင်စမ်းစင်မြင့်ပေါ်တွင် မိနစ်တိုင်း၊ စက္ကန့်တိုင်း၌ ပုံရိပ်တစ်ခုနှစ်ခုစီ လွင့်စင်သွားနေပြီး မည်သူကမှ ရှောင်ဟိုင်ဆီက လက်သီးချက်ကို ခံနိုင်ရည်မရှိပါ။ 

အမွေးတိုင်တစ်တိုင်စာခန့် အချိန်ကုန်ဆုံးသွားခဲ့သည်။ 

အဝါရောင်စမ်းစင်မြင့်တစ်ခုလုံး၌ သွေးများနှင့် ဖုံးလွှမ်းနေသည့် ရှောင်ဟိုင်တစ်ဦးတည်းသာလျှင် စင်မြင့်ပေါ်တွင် မြဲမြံစွာ ရပ်နေသည်။ 

သူ့တစ်ကိုယ်လုံး၌ ကြောက်စရာကောင်းသည့် ဒဏ်ရာများရှိနေသော်လည်း သူအတော်လေးမြန်ဆန်စွာပင် သက်သာကောင်းမွန်လာနေသည်။ 

အဝါရောင်စမ်းစင်မြင့်အောက်ခြေတစ်ဝိုက်က လူများနှင့် ပြည့်နှက်နေလေပြီ။ 

သို့စေကာမူ တိုက်ပွဲကြီးတစ်ခုကို တွေ့ကြုံခဲ့ရသည့် အသက်ပြင်းပြင်းရှုနေသော ရှောင်ဟိုင်၏ အသိစိတ်က ကြမ်းကြုတ်သည့် ရန်လိုမှုကြောင့် လုံး၀ပျံ့သွားရသည်။ ယခုသူက ဘယ်လိုအနားယူရမလဲဆိုတာကို မသိသော လူသတ်စက်တစ်လုံးအလားပင်။ သူဒိုင်လူကြီးအဖြစ် ဆောင်ရွက်သော အကြီးအကဲကို မြင်သောအခါ ဒေါသတကြီးဟိန်းရင်း ပြေး၀င်သွား၏။ 

မြေအောက်ကမ္ဘာနန်းတော်စစ်သားများ ထိတ်လန့်သွားကြသည်။ ဂျူနီယာတစ်ယောက်က အကြီးအကဲတစ်ဦးကို တိုက်ခိုက်ရဲလိမ့်မည်ဟု သူတို့တစ်ခါမှ မျှော်လင့်မထားခဲ့ကြပါ။ 

အကြီးအကဲ အနည်းငယ်မျက်မှောင်ကြုတ်ရင်း တိုက်ခိုက်တော့မည့်အချိန်တွင် စွေ့ဖူ ရုတ်တရက် ရှောင်ဟိုင်ရှေ့တွင် ပေါ်လာသည်။ လက်ချောင်းတစ်ချောင်း လှုပ်ရှားလိုက်သည်နှင့် ဆန်းကြယ်သည့်အော်ရာက ရှောင်ဟိုင်နဖူးကြားသို့ စီး၀င်သွားခဲ့သည်။ 

ရုတ်ချည်းဆိုသလို ရှောင်ဟိုင်၏ မျက်လုံးများမှ သွေးနီရောင်အဆင်းများက ပျောက်ကွယ်သွားပြီး မျက်သူငယ်အိမ်များကို လိမ့်ရင်း သူသတိလစ်သွားသည်။ 

စွေ့ဖူ သူ့ကိုမကိုင်ပြီး အကြီးအကဲအား ကြည့်လိုက်၏။ 

"အနာဂတ်မှာ ယှဥ်ပြိုင်နေစရာမလိုဘူး၊ သူက ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ရဲ့ အရှင်သခင်လောင်းပဲ"

ထို့နောက် သူရှောင်ဟိုင်နှင့်အတူ ပျောက်ကွယ်သွားသည်။ 

အကြီးအကဲ စွေ့ဖူထွက်သွားသည့် နေရာဘက်သို့ လေးစားစွာ လက်နှစ်ဖက်ဆုပ်လိုက်၏။ 

ရလဒ်များကို သရုပ်ဖော်ကြေညာပြီးနောက် သူ မြေအောက်ကမ္ဘာနန်းတော်က စစ်သားများကို ကျရှုံးသွားသော ကျင့်ကြံသူများအား ပြန်လည်အားဖြည့်ရန်အတွက် ပို့လွှတ်ခိုင်းလိုက်သည်။ 

.....

ရှောင်ဟိုင်နိုးလာသောအခါ အသိပြန်ရနေပြီဖြစ်သဖြင့် နာကျင်နေသည့်နဖူးကို ထိရင်း မျက်လုံးမှိတ်ကာ လှုပ်ယမ်းကြည့်သည်။ ထို့နောက် သူ့ဘေးက စွေ့ဖူနှင့် သက်လတ်ပိုင်းအရွယ်လူကို ကြည့်လိုက်၏။ 

"ကျုပ်ထပ်ပြီးစိတ္တဇလိုဖြစ်သွားတာလား" ရှောင်ဟိုင်မေးလိုက်သည်။ 

ဒီရက်များအတွင်း သူကျင့်ကြံသောအခါ ယခုလိုအခြေအနေရပ်မျိုးက ဖြစ်ပျက်လာတတ်သည်။ 

စွေ့ဖူအနည်းငယ်ခေါင်းညိတ်သည်။ 

"ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ မင်းရဲ့အသိစိတ်ပင်လယ်ထဲမှာ ငါငရဲ‌ဘုံဝိဉာဉ်ပုလဲကို ထည့်သွင်းထားတယ်၊ မင်းရဲ့ကြမ်းကြုတ်တဲ့အော်ရာ(မကောင်းဆိုးဝါးအော်ရာ) ပေါက်ကွဲသွားတာနဲ့ အများစုကို ပုလဲက စုပ်ယူပစ်လိမ့်မယ်"

"အခုမင်းလုပ်ဖို့လိုတာက ဒီရန်လိုမှုကို မင်းရဲ့ကိုယ်ပိုင်အသုံးပြုမှုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲဖို့ပဲ၊ အဲဒီအချိန်ကျရင် မင်းခွန်အားကလည်း နောက်တစ်ဆင့်ကို တိုးတက်သွားလိမ့်မယ်"

ရှောင်ဟိုင် လက်နှစ်ဖက်ဆုပ်သည်။ 

"ကျေးဇူးပါစီနီယာ"

စွေ့ဖူလက်ဝှေ့ယမ်းသည်။ 

"မင်းငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး၊ ဒါက မင်းအတွက် ငါလုပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ၊ အနာဂတ်မှာ ငါမင်းရဲ့အကူအညီကို လိုအပ်တယ်"

ရှောင်ဟိုင်ဝေခွဲမရဖြစ်သွားသည်။ 

"အခုမင်းက ငါတို့အဆင့်မြင့်ကြယ်နယ်မြေက ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ရဲ့ ဆက်ခံသူဖြစ်လာပြီ၊ မင်းလုပ်ဖို့လိုတာက တခြားဆက်ခံသူနှစ်ယောက်ကို အနိုင်ယူ ဒါမှမဟုတ် သတ်ပစ်ပြီး သေမျိုးကမ္ဘာရဲ့ မြေအောက်လောကအရှင်သခင်ဖြစ်လာဖို့ပဲ"

"သေချာတာပေါ့၊ မင်းခွန်အားက တခြားအမွေဆက်ခံသူနှစ်ယောက်ထက် အများကြီးအားနည်းနေတုန်းပဲ၊ ဒီတော့ ငါမင်းကို ဟီမင်ကို ကူညီခွင့်ပေးမယ်"

....

ဒီနေရာတွင် ရှောင်ဟိုင်ရပ်လိုက်သည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ရှောင်ဟိုင်က ပြန်လည်မွေးဖွားခြင်းအတွက် တာ၀န်ရှိသည့် ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၏ ဆက်ခံသူဖြစ်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။ 

"ဒါပေမယ့် အစ်ကိုကြီး ဘာလို့ဒီမှာ ရှိနေရတာလဲ"

အပိုင်း(1069) coming။ 

All Chapters