#နောက်တံခါး၊ ပြင်းထန်စွာ ပေါက်ကွဲမှု#
Vol. 76 Ch. 1067
မြေအောက်လောအရှင်သခင်ရာထူးအတွက် ဆက်ခံသူအဖြစ် ပြိုင်ပွဲတွင် ပါ၀င်နိုင်သူများက အဆင့်မြင့်ကြယ်နယ်မြေ ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်၏ ထိပ်တန်းလူငယ်များပင်ဖြစ်သည်။
သူတို့ပြိုင်ပွဲတွင် ပါ၀င်နိုင်ရန်အတွင် အရည်အချင်းပြည့်မီရန် သူတို့၏ ကိုယ်ပိုင်အားထုတ်မှုများအပေါ် မှီခိုခဲ့ကြသည်။
ယခုတွင်မူ ရှောင်ဟိုင်က လမ်းခုလတ်ကနေ ပါ၀င်ရန် တခြားအဓိပ္ပာယ်များကို မှီခိုခဲ့လေရာ ဒါက သူတို့၏မကျေမနပ်မှုများကို နှိုးဆွပစ်သည်။
"အရေးမကြီးပါဘူး၊ မင်းအတင်း၀င်ဖို့အတွက် နောက်ခံကို မှီခိုခဲ့တယ်ဆိုရင်တောင် မင်းမှာဘာခွန်အားမှမရှိဘူးဆိုရင် ပထမအကျော့မှာတင် ရက်ရက်စက်စက် ရှုံးနိမ့်သွားရလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းနဲ့မင်းနောက်က လူတွေက မျက်နှာပျက်ရလိမ့်မယ်"
"သူ အဝါရောင်စမ်းစင်မြင့်ပေါ်ကို တက်လာရဲရင် ငါသူ့ကိုပစ်မှတ်ထားမယ်"
သူတို့၏စကားဝိုင်းကို တမင်တကာ ဖုံးကွယ်မထားလေရာ ရှောင်ဟိုင် ထိုစကားလုံးများကို ရှင်းလင်းစွာ ကြားနိုင်သည်။
ဘေးက မြေအောက်ကမ္ဘာစစ်သည်တစ်ဦးပြောသည်။
"အဝါရောင်စမ်းခေါင်းလောင်းမြည်တဲ့အခါ လူတိုင်း အဝါရောင်စမ်းစင်မြင့်ကို တက်ရမယ်၊ တချိန်တည်းမှာပင် စင်မြင့်ပေါ်က နောက်ဆုံးဆယ်ယောက်က နောက်တစ်ဆင့်ကို တက်နိုင်တယ်"
ရှောင်ဟိုင်အနည်းငယ် ခေါင်းညိတ်ပြီး သူ့ပတ်၀န်းကျင်က လှောင်ပြောင်နေသည့် အကြည့်များကို လျစ်လျူရှုကာ လက်ပိုက်ရင်း လက်မောင်းကို လက်ညိုးနှင့် တောက်နေသည်။
ရှင်းပြ၍မရနိုင်သည့် စိတ်လှုပ်ရှားမှုတစ်ခုက သူ့နှလုံးထဲတွင် ဖြည်းဖြည်းချင်းတိုးလာခဲ့သည်။ ဒါက ရန်လိုမှုလား ဒါမှမဟုတ် တိုက်ပွဲဆန္ဒလားဆိုတာ သူမသိပါ။
ဝေးလံသည့်ခန်းမတစ်ခု၌ သက်လတ်ပိုင်းအရွယ်လူတစ်ယောက် စွေ့ဖူဘေးတွင် ရပ်လိုက်သည်။
စွေ့ဖူးပြုံးသည်။
"အဆင့်နိမ့်ကြယ်နယ်မြေက ငရဲကိုးဘုံမြေအောက်ကမ္ဘာနန်းတော်ရဲ့ အတော်လေးတန်ဖိုးထားခြင်းခံရတဲ့ လူတစ်ယောက်က တကယ့်တိုက်ပွဲမှာ ခွန်အားဘယ်လောက် ထုတ်လွှတ်နိုင်မလဲဆိုတာ ငါသိချင်မိတယ်"
သက်လတ်ပိုင်းအရွယ်လူ ထူးမခြားနားစွာပြောသည်။
"သူက အခန့်မသင့်တဲ့အခြေအနေတစ်ခုမှာ ရှိနေပြီ၊ ပြိုင်ပွဲမှာ သူ့ရဲ့ပါ၀င်ယှဉ်ပြိုင်မှုက ၀င်ပြိုင်တဲ့လူတိုင်းကို သူ့ကို မုန်းတီးစေတယ်၊ လူတိုင်း ရှောင်ဟိုင်ကို အရင်ဆုံးပစ်မှတ်ထားပြီး ကန်ထုတ်ပစ်ကြမှာကို ကျုပ်ကြောက်မိတယ်"
သို့စေကာမူ စွေ့ဖူ၌ အထူးတုံ့ပြန်မှုဟူ၍မရှိဘဲ ယင်းအစား သူ့မျက်လုံးများက နက်ရှိုင်းနေပြီး နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွတ်သွား၏။
"ဒါကပိုစိတ်၀င်စားစရာပဲ၊ ဒီလိုဆိုရင် သူ့ကန့်သတ်ချက်နဲ့ စံတွေကို ငါတို့မြင်လို့ရပြီ"
"ဒါဆို ဒါကို တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား" သက်လတ်ပိုင်းအရွယ်လူ အနည်းငယ် ထိတ်လန့်သွားသည်။
နောက်ထပ်မေးခွန်းကို စွေ့ဖူမဖြေပါ။ သူပြတင်းပေါက်အပြင်ဘက်သို့ အပြုံးဖြင့် ကြည့်နေသည်။ သူကြည့်နေသည့်နေရာက ငရဲဘုံစင်မြင့်ရှိရာဘက်ဖြစ်ပုံရသည်။
ကလန်......!
အဝါရောင်စမ်းခေါင်းလောင်း မြည်သောအခါ ရှောင်ဟိုင် အဝါရောင်စမ်းစင်မြင့်ပေါ် ခုန်တက်လိုက်သည်။
လူတိုင်းဒါကိုမြင်သော် သူတို့ဆိုးယုတ်စွာ ရယ်မောကြပြီး အဝါရောင်စမ်းစင်မြင့်ပေါ်သို့ ခုန်တက်လိုက်ကြ၏။
သူတို့ထဲကအများစုက နတ်ဘုရင်နယ်ပယ်များဖြစ်ကြပြီး နှစ်ဦးကမူ နတ်အင်ပါယာနယ်ပယ်အစောပိုင်းအဆင့် ရောက်နေသလို တစ်ယောက်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကိုပင် ရောက်နေသည်။
တစ်ခဏအကြာတွင် အဝါရောင်စမ်းစင်မြင့်၏ အော်ရာက ပြင်းထန်သည့် မုန်တိုင်းတစ်စင်းပမာ ဖြစ်လာသည်။
မိုးကြီးလာသကဲ့သို့ တိုက်ခိုက်မှုတစ်ခု၏ ပစ်မှတ်က ရှောင်ဟိုင်ဖြစ်လာသည်။
ကြောက်စရာကောင်းသည့် ဖိအားတစ်ခုက ရှောင်ဟိုင်ပေါ်ကျရောက်လာသည်။
ရှောင်ဟိုင်မလှုပ်မယှက်ရှိနေတာကို မြင်ရသောအခါ နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့်ကျွမ်းကျင်သူတစ်ဦး ပြုံးသည်။
"ကြည့်ရတာ မင်းမှာ ခွန်အားနည်းနည်းရှိပုံပဲ"
"ဒါဆိုငါထပ်ပြီး ကြိုးစားကြည့်မယ်..." စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နတ်အင်ပါယာနယ်ပယ်တစ်ဝက်အဆင့် ကျွမ်းကျင်သူက ရှောင်ဟိုင်ရှေ့တွင် ပေါ်လာပြီး ရင်ဘတ်ကို ထိုးနှက်သည်။
သို့စေကာမူ ရှောင်ဟိုင်က လှုပ်ပင်မလှုပ်ရှားဘဲ သူ့ကို ရင်ဘတ်အား လက်သီးထိုးခွင့်ပေးလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့်ကျွမ်းကျင်သူ နှာခေါင်းရှုံ့သည်။
"ဒါပေမယ့်....."
သို့သော် သူစကားပြော၍ မပြီးနိုင်သေးခင်မှာပင် ရှောင်ဟိုင်၏ခန္ဓာက လုံး၀မရွေ့သွားတာကို သူသဘောပေါက်သွား၏။
သူက ဖျက်ဆီး၍မရနိုင်သည့် သံနက်တစ်စ သို့မဟုတ် ရွေ့လျား၍မရနိုင်သည့် တောင်တစ်တောင်ကို ထိုးနှက်လိုက်သည့်အလားပင်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ကျန်သောသူများကလည်း ကြက်သေသေနေကြသည်။
နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့် ကျွမ်းကျင်သူတစ်ယောက် ထိုးတာကို ခံရတာတောင် သူလုံး၀အဆင်ပြေနေတာလား!
ဒါဘယ်လိုဖြစ်နိုင်မှာလဲ!
ဒီအခိုက်အတန့်၌ ရှောင်ဟိုင်ပြုံးလိုက်သည်။ နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့် ကျွမ်းကျင်သူမော့ကြည့်သောအခါ ထိတ်လန့်သွားပြီး သူ့တစ်ကိုယ်လုံးက အေးစက်သွား၏။
ဒါဘယ်လိုအကြည့်မျိုးလဲ!
ထိုအကြည့်က ရက်စက်မှု၊ ဖျက်ဆီးမှုနှင့် သွေးဖြင့် ပြည့်နှက်နေသည်။ သူ့၏ မျက်သူငယ်အိမ်များက သွေးပင်လယ်နှင့် အလောင်းတောင်များနှင့် ပြည့်နှက်နေသည့်အသွင်။
"မင်းမှာရှိတာဒါပဲလား" ရှောင်ဟိုင်ပြုံးသည်။
"ဒါပဲဆိုရင်တော့ စောစောဒိုးလိုက်တော့"
ထို့နောက် ထိုလူစကားပြောတာကိုပင် စောင့်မနေတော့ဘဲ ရှောင်ဟိုင် လက်ဖဝါးကို လှန်ပြီး ထိုလူ၏ပါးပြင်ကို လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့် ရိုက်ချလိုက်၏။
ထိုလူမှာ ဖြန်းခနဲ့မြည်သံနှင့်အတူ အဝါရောက်စမ်းစင်မြင့်ကနေ လွင့်စင်သွားလေတော့သည်။
လမ်းတစ်၀က်တွင် တစ်ယောက်ယောက် ဒီလူကို ဖမ်းချင်သော်လည်း သူ့တွင် ဒီလက်ဖဝါးချင်၏ စွမ်းအားကို ခုခံနိုင်စွမ်းမရှိတာကို သဘောပေါက်သွားပြီး ထိုလူနှင့်အတူ အဝါရောင်စမ်းစင်မြင့်ကနေ ပြုတ်ကျသွားကြသည်။
ရှောင်ဟိုင်၏ကိုယ်မျက်နှာပြင်၌ သွေးများပေါ်လာခဲ့သည်။
ဒါက သူ့ကိုယ်ထဲတွင် ပုန်းကွယ်နေသည့် ကြမ်းကြုတ်သည့်အော်ရာက စတင်အမြစ်တွယ်ပြီး အလိုအလျောက်ကြီးထွားလာနေပြီဟု ဆိုလိုနေခြင်းပင်။
ရှောင်ဟိုင်ခေါင်းမောရင်း ရိုင်းစိုင်းစွာ ရယ်မောသည်။
"ဘာလို့လဲ၊ တခြားဘယ်သူမှ မရှိတော့ဘူးလား၊ မင်းတို့ငါ့ကို အထင်သေးပြီး ငါက မလုံလောက်ဘူးလို့ တွေးထင်နေကြတာမလား၊ ဘာလို့အခုသောက်ပေါက်ပိတ်နေကြတာလဲ"
"အရမ်းမမောက်မာနဲ့"
ဒီအချိန်မှာပင် ဓားမြှောင်ကိုင်ထားသည့် လူတစ်ယောက် နောက်ကနေ ထွက်လာသည်။
ဒီလူကိုမြင်သောအခါ လူတိုင်း ကြက်သေသေသွားကြ၏။
"သွေးဓားမြှောင်စုဖန်"
သွေးဓားမြှောင်ဟူသောအမည်က ဓားမြှောင်က သွေးကို သေချာပေါက် ဆွဲယူပစ်နိုင်သည်ကို ညွှန်ပြနေသည်။
တစ်ချိန်တည်းမှာပင် စုဖန်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။
"မင်း....." စုဖန် စကားတစ်လုံးပဲပြောရသေး ရှောင်ဟိုင်ပြေး၀င်လာပြီး ကြားဖြတ်ပစ်သည်။
"သောက်အမှိုက်တွေကိုဖြတ်ပြီး လာတိုက်စမ်း"
ဒါကိုမြင်သော် စုဖန်နှာခေါင်းရှုံ့ရင်း သွေးနီဓားမြှောင်ကို ရှောင်ဟိုင်ထံ ပစ်လွှတ်လိုက်၏။
ရှောင်ဟိုင် ကြမ်းပြင်ကို တက်နင်းပစ်သည်။ သူ့မျက်ခုံးကြားကို ထိုးဖောက်လာနေသည့် သွေးဓားမြှောင်က ရှောင်ဟိုင်အား လုံး၀မတားဆီးနိုင်ပါ။
စုဖန်၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ရှောင်ဟိုင် သွေးဓားမြှောင်ကို ရိုက်ချလိုက်သည်။
သွေးဓားမြှောင်က ရှောင်ဟိုင်လက်ဖဝါးကို ထိုးဖောက်နေသော်လည်း စိုက်မ၀င်သွားပါ။
ယင်းအစား ရှောင်ဟိုင်လက်ဖဝါးရှိ အရိုးများကြားတွင် ပိတ်မိနေခဲ့သည်။
သွေးဓားမြှောင်၏ ဓားသွားငါးခုက အရိုးများနှင့်ဆက်နေသည်။ ရှောင်ဟိုင်ပြေးလာစဉ် သွေးဓားမြှောင်ကလည်း အနည်းငယ် လှုပ်ယမ်းသည်။ သူလှုပ်ရှားသည့် အကြိမ်တိုင်း သွေးဓားမြှောင်က သူ့လက်ထဲက အရိုးများကို ပွတ်တိုက်သည်။
ဒါက ပြင်းထန်သည့်နာကျင်မှုတစ်ခု ဖြစ်သင့်သော်လည်း ရှောင်ဟိုင်၏မျက်နှာထက်တွင် ရူးသွပ်နေသည့်အပြုံးတစ်ပွင့် ရှိနေသည်။
ရှောင်ဟိုင် စုဖန်နှင့် တစ်လှမ်းပိုနီးလာပြီး ရင်ဘတ်ကို တိုက်ခိုက်ရန်အတွက် ဒဏ်ရာရနေသည့် လက်ကိုပင် သုံးခဲ့သည်။
စုဖန် ဒီလိုရူးသွပ်သည့်တိုက်ခိုက်နည်းကို တစ်ခါမှ မမြင်ဖူးပါ။ သူအလျင်အမြန် လှုပ်ရှားရင်း အတင်းပိတ်ဆို့ထားရုံသာ တတ်နိုင်သည်။
သို့စေကာမူ ရှောင်ဟိုင်၏ လက်သီးက မုန်တိုင်းတစ်ခုလို ဆက်တိုက်ပေါ်လာပြီး စုဖန်၏ကိုယ်ကို ဆက်လက်ထိမှန်နေသည်။
လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် ရှောင်ဟိုင်ရှေ့သို့ ဆက်လက်ထိုးနေပြီး နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်က စုဖန်ကမူ နောက်ဆုတ်နေရသည်။
သူဖိနှိပ်ခံနေရသည်။
စုဖန်က အစကတည်းက လုပ်ကြံသူတစ်ယောက်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဒီရှုထောင့်၌ သူအထူးကျွမ်ကျင်သည်။ သူ့အမြန်နှုန်းက အတော်လေးမြန်ဆန်သည်။
သို့စေကာမူ ရှောင်ဟိုင်၏ တိုက်ခိုက်ခြင်းနည်းလမ်းနှင့် အကြိမ်ရေများက သူ့ကို ပိတ်ဆို့ထားသည်။
လူတိုင်းတစ်ဦးကို တစ်ဦးကြည့်လိုက်ကြစဉ် အချင်းချင်းမျက်လုံးများထဲက ထိတ်လန့်မှုကိုပင် မြင်နိုင်ပေသည်။
သူတို့အမြဲလိုလိုအထင်အမြင်သေးပြီး နောက်တံခါးကနေ ၀င်လာသူဟု ထင်ခဲ့သောလူတစ်ယောက်က နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ကို တက်လှမ်းနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် စုဖန်ကို နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့် ကျင့်ကြံခြင်းနှင့် အတင်းဖိနှိပ်ပစ်ခဲ့သည်။
အဆုံးတွင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က ရှောင်ဟိုင်ကို ဖုံးလွှမ်းသွားသောအခါ သူ့အော်ရာက စတင်ထိုးတက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူစုဖန်၏ ရင်ဘတ်ကို ထိုးနှက်ပစ်သည်။
စုဖန် ကြိုးပြတ်သွားသည့် စွန်တစ်စင်းပမာ ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်ရသည်။
သူအမှန်တကယ်ရှုံးသွားလေပြီ။
လူတိုင်းမယုံနိုင်ဖြစ်နေကြသေးသည်။
ရှောင်ဟိုင်ရိုင်းစိုင်းစွာရယ်မောရင်း ထပ်မံအော်ဟစ်ကာ သူတို့ကို လက်တွေ့ဘ၀ထဲသို့ ဆွဲသွင်းပစ်သည်။
"ဒီထက်ပိုအားကောင်းတဲ့လူရှိသေးလား"
ဘယ်သူမှ အဖြေမပေးတာကို မြင်ရသောအခါ ရှောင်ဟိုင်ပြုံးပြီး သူ့၏ သွေးနီရောင်မျက်လုံးများထဲကနေ သွေးအစွန်းအစတစ်ခုထွက်လာသည်။
"ပိုအားကောင်းတဲ့လူမရှိတော့ဘူးဆိုမှတော့ မင်းတို့အားလုံး အတူတူတိုက်ခိုက်လို့ရတယ်"
"မင်းတို့ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်ခဲ့မှတော့ ငါ့ကိုပိုကောင်းအောင် လုပ်ပေးရမယ်"
လက်ရှိရှောင်ဟိုင်က တိုက်ပွဲရူးတစ်ယောက်နှင့်တူသည်။ သူ့မျက်လုံးများက သွေးရောင်ဖြစ်နေပြီး သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြည့်နှက်နေသည်။
သူ့ကို ကြည့်နေသည့်လူတိုင်းမှာ သွေးပင်လယ်တစ်ခုထဲ ကျသွားသည့်အလားပင် ထင်လိုက်ရသည်။
အပိုင်း(1068) coming။