← Chapters

#ဆန်းကြယ်သောလူ၊ မြေအောက်ကမ္ဘာနန်းတော်ကိစ္စ#

Vol. 76 Ch. 1066

#ဆန်းကြယ်သောလူ၊ မြေအောက်ကမ္ဘာနန်းတော်ကိစ္စ#

Vol. 76 Ch. 1066

နောက်ကနေ အော်ဟစ်သံတစ်သံ ထွက်လာသည်။ 

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ ကြက်သေသေသွားကြပြီးနောက် လှည့်ကြည့်လိုက်ကြ၏။ 

သတ်ဖြတ်လိုသည့်အမူအရာနှင့် အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသော လူတစ်ယောက်ကို သူတို့တွေ့လိုက်ရသည်။ 

ယဲ့ချိုးပိုင်လျှောက်သွားပြီး ထိုလူ၏ပခုံးကို ပုတ်ရင်း ပြုံးသည်။ 

"မင်းဘယ်တုန်းက ရောက်လာတာလဲ၊ ဘာလို့ငါတို့ကို အရင်အသိမပေးရတာလဲ"

မုဖူရှန်းကလည်းပြုံးသည်။ 

"ဒီရက်တွေမှာ ဘာတွေဖြစ်ပျက်ခဲ့တာလဲ၊ စီနီယာအစ်ကိုရှောင်ဟိုင်က အရင်ကထက် အများကြီးပိုအားကောင်းလာတယ်လို့ ကျွန်တော်ခံစားရတယ်"

ဖန်ချန်းကလည်းခေါင်းညိတ်သည်။ 

ထိုလူကရှောင်ဟိုင်ပေတည်း။ 

ရှောင်ဟိုင်၏ရုပ်ခွန်အားက အမှန်တကယ်ပင် နတ်အင်ပါယာနယ်ပယ် တစ်၀က်အဆင့်သို့ ရောက်သွားခဲ့သည်။ 

လွန်ခဲ့သည့်ရက်အနည်းငယ်က သူဒီလောက်မြန်မြန် ချိုးဖျက်နိုင်စေရန်အတွက် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ သူတို့မသိကြပါ။ 

ရှောင်ဟိုင် သူ့ဆရာတူညီအစ်ကိုများအား ကြည့်လိုက်သောအခါ သူ့၏သတ်ဖြတ်လိုသည့် အမူအရာက ချက်ချင်းပျောက်ကွယ်သွားပြီး ခေါင်းကုတ်ရင်းပြောသည်။ 

"နောက်မှ ကျွန်တော်အသေးစိတ်ကို ပြောပြပါမယ်"

မုဇီရှင်းကလည်း သူ့ကို နှုတ်ဆက်ရန်အတွက် ရှေ့တိုးလာသည်။ 

ရှောင်ဟိုင်ပြုံးသည်။ 

"မရီး"

ဒီအခိုက်အတန့်၌ ယင်ယန်ဆန်းကြယ်မြေအောက်ဂိုဏ်း၏ အဆင့်မြင့်မဟာအကြီးအကဲက ဂျူနီယာလေးတစ်ယောက်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသလို လုံး၀လျစ်လျူရှုခံထားရသည်။ 

သူကနတ်သခင်နယ်ပယ်တစ်၀က်အဆင့်ဖြစ်သည်။ 

ဂျူနီယာများအနက် ဘယ်သူကသူ့ကို မလေးမစားလုပ်ရဲသနည်း။ 

ယခုလို အနိုင်ကျင့်ခံရသည်မှာ ဘယ်လောက်ပင် ကြာမြင့်သွားလေပြီနည်း။ 

အဆင့်မြင့်မဟာအကြီးအကဲ တစ်ခြားဘာတစ်ခုမှ မဆိုဘဲ ယင်းအစား မည်းမှောင်သည့် အမူအရာနှင့်အတူ နတ်သခင်တစ်၀က်အဆင့်အော်ရာက ယဲ့ချိုးပိုင်တို့အပေါ် အစွမ်းကုန်ဖိနှိပ်ကျဆင်းလာသည်။ 

သူတို့ကို မြေပေါ်သို့ သူဖိနှိပ်ပစ်ကာ တွားတွားသွားရသည်အထိ လုပ်ပစ်ရပေမည်။ 

သို့စေကာမူ နောက်အခိုက်အတန့်မှာပင် အဝါရောင်၀တ်ရုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရှောင်ဟိုင်နှင့် ကျန်သောသူများရှေ့တွင် ပေါ်လာသည်။ 

နတ်သခင်တစ်၀က်အဆင့်မှ ကြောက်စရာကောင်းသည့်အော်ရာက ဒီတဒင်္ဂမှာပင် ရုတ်တရက် ပျောက်ကွယ်သွား၏။ 

အဆင့်မြင့်မဟာအကြီးအကဲ ထိတ်လန့်သွားသည်။ သူအာရုံခံကြည့်သော်လည်း တစ်ဘက်လူ၏ကိုယ်က ဘာအော်ရာကိုမှ မခံစားရပါ။ တစ်ဘက်လူ၏ခန္ဓာက ပြင်းထန်သည့် ဝိဉာဉ်စွမ်းအားရှိသည့် အခွံတစ်ခုအလားထင်ရသည်။ 

သူတစ်ဘက်လူ၏အော်ရာကို မခံစားနိုင်သဖြင့် တစ်ဘက်လူ၏ခွန်အားကို မသိပေ။ 

သို့စေကာမူ ဒီလူက သူ့အော်ရာခြိမ်းခြောက်မှုကိုပင် အလွယ်တကူဖြေရှင်းနိုင်သည်။ ဒါက ကြောက်စရာအကောင်းဆုံးအရာပေတည်း။ 

အဆင့်မြင့်မဟာအကြီးအကဲ လျစ်လျုမရှုရဲသဖြင့် မျက်မှောင်ကြုတ်ကာ လက်နှစ်ဆုပ်သည်။ 

"ခင်ဗျားနာမည်ကို သိလို့ရလား"

သက်လတ်ပိုင်းအရွယ်လူက ထိုအဆင့်မြင့်မဟာအကြီးအကဲဆိုသူကို လျစ်လျုရှုထားပြီး ယင်းအစား နောက်က ရှောင်ဟိုင်ကို ကြည့်ရင်းမေးသည်။ 

"သူ့ကိုဘယ်လိုကိုင်တွယ်ရမလဲ"

ရှောင်ဟိုင်တစ်ခဏမျှတွေးလိုက်သည်။ 

"ဒါဆိုဟိုတစ်ယောက်လိုမျိုး သူ့လက်မောင်းတစ်ဖက်နဲ့ လက်တစ်ဖက်ကို ဖြတ်လိုက်" ဒီနေရာတွင် သူကျောင်းရှုမင်ကို လက်ညိုးထိုးပြသည်။ 

သက်လတ်ပိုင်းအရွယ်လူ အေးဆေးတည်ငြိမ်သည့် အမူအရာနှင့်အတူ ခေါင်းညိတ်သည်။ 

သို့စေကာမူ အဆင့်မြင့်မဟာအကြီးအကဲ၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး အော်ဟစ်သည်။ 

"ငါတို့ယင်ယန်ဆန်းကြယ်မြေအောက်ဂိုဏ်းကို ဘယ်သူထောက်ခံပေးထားသလဲဆိုတာ မင်းသိလား"

တစ်ဘက်လူက သူ့ကိုထပ်ပြီးစူးစိုက်ကြည့်လာသောအခါ သူ့နှလုံးက ရေခဲအိမ်တစ်လုံးထဲ ကျသွားသည့်ပမာ ခံစားလိုက်ရသည်။ သူ့ခြေလက်အင်္ဂါများ၊ အရိုးများနှင့် အတွင်းအင်္ဂါများက အေးခဲသွားကြ၏။ 

ဒါက အရိုးခိုက်တမျှအေးစိမ့်မှုမဟုတ်ဘဲ ယင်းအစား သူ့ဝိဉာဉ်ထဲသို့ ထိုးဖောက်ပြီး ဝိဉာဉ်ကိုပင် တုန်ယင်စေသည့် အေးစက်မှုပေတည်း။ 

အကြည့်တစ်ချက်တည်းက သူ့ကို ဒီလိုခံစားရလေရာ တစ်ဘက်လူက သူ့ထက်ပိုအားကောင်းသည်မှာ သံသယမရှိတော့။ 

ထို့ကြောင့်လည်း အဆင့်မြင့်မဟာအကြီးအကဲမှာ နောက်သို့ရွေ့ရန်အတွက် ဒီလိုရှက်စရာကောင်းသည့် ခြိမ်းခြောက်မှုတစ်ခုကို ပြောနေရခြင်းပင်။ 

မျှော်လင့်မထားစွာပင် သက်လတ်ပိုင်းအရွယ်လူက မလှုပ်မယှက်ရှိနေသည်။ 

သူကဒါကိုမကြားသည့်အလား၊ ဒါ့အပြင် ယင်ယန်ဂိုဏ်းနှင့် သူတို့အားလုံးကိုပင် မကြောက်သည့်အသွင်။ 

နောက်ဆုံးအချက်က ပိုပြီးဖြစ်နိုင်ချေရှိတယ်ဆိုတာ အဆင့်မြင့်မဟာအကြီးအကဲ ယုံကြည်သည်။ 

ဒါက ပတ်၀န်းကျင်ကလူများအား ရှောင်ဟိုင်နှင့် ကျန်သောသူများအပေါ် စတင်အကဲဖြတ်စေသည်။ 

သူတို့ယင်ယန်ဂိုဏ်းကိုပင် မကြောက်ပါက ဒါကအနည်းဆုံး သူတို့ကို နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်း ထောက်ခံပေးထားသည်ဟု ဆိုလိုနေသည်။ 

ဒါမှမဟုတ် သူတို့က နတ်သခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းကလား!

အဆင့်မြင့်မဟာအကြီးအကဲ သနားညှာတာပေးရန်အတွက် တောင်းဆိုချင်သော်လည်း သူဘာမှမပြောနိုင်ခင်မှာပင် အဝါရောင်အလင်းတစ်ချက် သူ့ကိုယ်ခန္ဓာကို တိုက်ရိုက်ထိုးဖောက်သွားပြီး ဘယ်လက်မောင်းနှင့် ညာဘက်လက်ကောက်၀တ်က တိတ်တဆိတ် ပြုတ်ကျသွားသည်။ 

အဆင့်မြင့်မဟာအကြီးအကဲ နာကျင်မှုကို မခံစားနိုင်ခင်မှာပင် သူ့ဘယ်လက်နှင့် ညာလက်ကောက်၀တ် သွေးစွန်းကာ ချောမွတ်နေသည့် မျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားတာကို အကူအညီမဲ့စွာ ကြည့်နေရသည်။ 

သက်လတ်ပိုင်းအရွယ်လူ ပြန်ပေါ်လာသောအခါ ယဲ့ချိုးပိုင်နောက်တွင် ရပ်နေလေပြီ။ 

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"တကယ်လို့တခြားဘာမှမရှိဘူးဆိုရင် ထပ်ပြီးပေါ်လာစရာမလိုဘူး၊ မဟုတ်ဘူးဆိုရင် ကျုပ်တို့ရဲ့လေ့ကျင့်မှုကို အလွယ်တကူ နှောင့်နှေးစေလိမ့်မယ်"

သို့စေကာမူ သက်လတ်ပိုင်းအရွယ်လူ မျက်မှောင်ကြုတ်သည်။ 

"မင်းရဲ့လက်ရှိကိုယ်ပိုင်လက္ခဏာက ထူးခြားတယ်၊ အရှင်မင်းကြီးက မင်းကို ကိုယ်တိုင်ကိုယ်ကျ ကာကွယ်ပေးဖို့အတွက် ငါ့ကိုပြောထားတယ်၊ ဘာပဲဆိုဆို မြေအောက်လောကအရှင်သခင်နေရာအတွက် ပြိုင်ဆိုင်မှုက အပေါ်ယံလေးမဟုတ်ဘူး၊ လျှိုဝှက်စွာလုပ်ကြံခြင်းနဲ့ အကာအကွယ်တွေကလည်း အကဲဖြတ်မှုမှာ ကြီးမားတဲ့ အတားအဆီးတစ်ခုပဲ"

တစ်နည်းအားဖြင့် မြေအောက်လောကအရှင်သခင်၏ တခြားဆက်ခံသူများက သူ့ကို အမှောင်ထဲကနေ လုပ်ကြံနိုင်သည်။ 

ရှောင်ဟိုင်အားကိုးရာမဲ့နေသည်။ သို့စေကာမူ သူလုပ်နိုင်တာဘာမှမရှိပါ။ 

ယင်ယန်ဆန်းကြယ်မြေအောက်ဂိုဏ်းထွက်သွားပြီးနောက် ယဲ့ချိုးပိုင်တို့လည်း ထွက်သွားကြသည်။ 

ပတ်၀န်းကျင်က လူအုပ်ကလည်း တဖြည်းဖြည်းစတင်ပြန့်ကြဲသွားကြ၏။ သို့သော် မတူညီသည့်နေရာများ၌ ရပ်နေကြသည့် လူအနည်းငယ်ရှိပြီး သူတို့ တစ်နေရာတည်းတွင် ရပ်နေကြဆဲပင်။ 

"စိတ်၀င်စားစရာပဲ....."

သူတို့ကလမ်းသွားလမ်းလာများနှင့် တူပြီး မည်သူမှ သူတို့ကို သတိမထားမိကြပေ။ 

"ဒါပေမယ့် သူတို့လူတွေ စေလွှတ်လိမ့်မယ်လို့ တကယ်မမျှော်လင့်ထားခဲ့ဘူး၊ ဒါစိတ်၀င်စားစရာပဲ"

.....

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်တို့ နေရန်အတွက် နေရာတစ်ခုရှာတွေ့ခဲ့ကြသည်။ 

အခန်းထဲသို့ ၀င်လာပြီးနောက် မုဖူရှန်း ထုံးစံအတိုင်းပင် အဆောင်ပိတ်ဆို့နည်းများကို လုပ်ဆောင်သည်။ 

ထို့နောက်ယဲ့ချိုးပိုင်မေးသည်။ 

"ငါ့ကိုပြောဦး၊ အဲနောက်ပိုင်း ဘာဖြစ်ခဲ့တာလဲ"

ရှောင်ဟိုင်ပြုံးသည်။ 

"ဒါဆို အစကနေစကြတာပေါ့"

.....

မြေအောက်လောကအရှင်သခင်လောင်းများအတွက် ပထမအကျော့ကို စတင်ရန် တစ်ရက်သာ လိုတော့သည်။ 

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရှောင်ဟိုင် စွေ့ဖူသူ့အတွက် စီစဉ်ပေးသည့် အိမ်တွင် ကျင့်ကြံနေခဲ့သည်။ 

ဒီနေရာ၌ သေခြင်းမြစ်၏ အကိုင်းအခက်လေးတစ်ခု ဖြတ်သန်းသွား၏။ 

ဒါက သေးငယ်သည့်အကိုင်းလေးတစ်ခုသာ ဖြစ်သော်လည်း မရေအတွက်နိုင်လောက်သည့် ဝိဉာဉ်များရုန်းကန်နေကြသည်။ သူတို့၏လက်များက မရပ်မနား တုန်ခါနေကြပြီး သူတို့၏မျက်လုံးများ၌ မျက်သူငယ်အိမ်များမရှိပါ။ သူတို့၏ပါးစပ်က ပြူးကျယ်စွာဟနေပြီး တိတ်တဆိတ် အော်ဟစ်နေကြသည်။ 

ရှောင်ဟိုင်၏ လက်ရှိကျင့်ကြံခြင်းနည်းလမ်းက ဒီသစ်ကိုင်းလေးထဲကို တိုက်ရိုက်၀င်ရန်ပင်။ မရေမတွက်နိုင်လောက်သည့်ဝိဉာဉ်များ ရုန်းကန်၍ မရတော့သောအခါ ရှောင်ဟိုင်၏ခန္ဓာကို အဆက်မပြတ် စတင်စားသောက်ကြသည်။ 

ငတ်မွတ်နေသည့် တစ္ဆေများပမာ ၎င်းတို့က ရှောင်ဟိုင်၏ အသားများကို အရူးအမူး ဆုတ်ဖြဲပစ်သည်။ 

ရှောင်ဟိုင် နှလုံးဝါးမြိုခံရသည့်နာကျင်မှုကို သည်းခံခဲ့သည်။ သူ့သွေးကြောစွမ်းအား၏ ကုသနှုန်းက မမှီနိုင်သောအခါ သူသေခြင်းမြစ်ကနေ ထွက်လာရန်သာ ရွေးချယ်နိုင်ပြီး ပြန်၀င်သည်။ 

ဒါက ရှောင်ဟိုင်၏ရုပ်ခန္ဓာနယ်ပယ် ဒီလောက်မြန်မြန် တိုးတက်လာသည့် ပုံစံပေတည်း။ 

တုံ........!

ကျယ်လောင်သည့် ခေါင်းလောင်းသံက နောက်တစ်နေ့ဆိုက်ရောက်လာတာကို ဆိုလိုနေသည်။ 

ငရဲကိုးဘုံမြေအောက်နန်းတော်တွင် နေနှင့်လက အလှည့်ကျမရှိပါ။ ခြေထောက်မရှိသည့် မြေအောက်နန်းတော်စစ်သည်တစ်ဦးက လေထဲတွင်လွင့်မြောကာ ရှောင်ဟိုင်နေအိမ်သို့ ရောက်လာခဲ့သည်။ 

"ပထမအဆင့်က စတင်ပါတော့မယ်၊ ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ"

ရှောင်ဟိုင် မြေအောက်နန်းတော်စစ်သည်၏ ထိတ်လန့်နေသည့်အကြည့်များအောက်တွင် သေခြင်းမြစ်အကိုင်းအခက်လေးထဲကနေ ထွက်လာသည်။ 

သူ့ကိုယ်ပေါ်၌ အကောင်းပကတိကျန်နေသည့် အစိတ်အပိုင်းဟူ၍ တစ်ခုမှမရှိဘဲ အရိုးဖြူများကို နေရာတိုင်းတွင် မြင်နိုင်သည်။ 

သို့စေကာမူ အသားများက အနှီမျက်စိနှင့် မြင်နိုင်သည့်အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာနေသည်။ 

တစ်ယောက်ယောက် တကယ်ပဲ သေခြင်းမြစ်ထဲကို ၀င်ရဲတာလား!

ရှောင်ဟိုင် မြေအောက်နန်းတော်စစ်သည်ရှေ့ကို ရောက်လာပြီး သိချင်စိတ်ဖြင့် မေးသည်။ 

"မင်းဘာကိုစောင့်နေတာလဲ၊ ငါ့ကို မြန်မြန် အဲကိုခေါ်သွားပေး"

သူ့ကိုယ်ထဲက ရက်စက်မှုက ရှောင်ဟိုင် ဒီတဒင်္ဂ၌ ပိုပို၍ပင် မထိန်းချုပ်နိုင်တော့ပုံရသည်။ 

ထို့ကြောင့် လက်ရှိရှောင်ဟိုင်က တိုက်ပွဲကို အင်မတန်ဆာလောင်နေသည်။ ဒီကြမ်းကြုတ်သည့်အော်ရာကို ထုတ်လွှတ်ရန်အတွင် သူဆက်တိုက်တိုက်ပွဲများကို အားကိုးချင်သည်။ 

မဟုတ်ပါက သူအသိလွတ်သွားပြီး သူ့ဝိဉာဉ်က ဒီကြမ်းကြုတ်သည့်အော်ရာ၏ သိမ်းပိုက်ခြင်းကို ခံရပါက ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိပေ။ 

ရှောင်ဟိုင် အဝါရောင်စမ်းစင်မြင့်ပေါ်သို့ တက်လိုက်သောအခါ မြေအောက်လောကနန်းတော်က လူများစွာလည်းရှိနေပြီး သူတို့အားလုံး ရှောင်ဟိုင်ကို လှည့်ကြည့်ကြသည်။ 

"သူလမ်းခုလတ်ကနေ ၀င်လာတာလား"

"သူတကယ်လုပ်နိုင်စွမ်းရှိတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလားဆိုတာ ငါလည်းမသိဘူး"

နာမည်စာရင်းကို အတည်ပြုပြီးနောက်မှ ရှောင်ဟိုင် လမ်းခုလတ်ကနေ ၀င်လာခဲ့သည်။ ဒါက သူ့တွင် ထောက်ခံသူတစ်ယောက်ရှိသည်ဟု ဆိုလို‌နေခြင်းပင်။ တစ်နည်းအားဖြင့် သူ့တွက် အဆက်အသွယ်များရှိပြီး နောက်တံခါးကနေ ၀င်လာခဲ့ခြင်းဖြစ်သည်။ 

အပိုင်း(1067) coming။ 

All Chapters