← Chapters

အခန်း (၈၄)

Vol. 8 Ch. 84

အခန်း (၈၄)

Vol. 8 Ch. 84

နေ့ခင်းဘက်တွင် ခြံဝင်းအတွင်းရှိ သစ်ပင်များ၏ အရိပ်များက အထူးသဖြင့် ဆောင်းဦး၏ အပူဒဏ်ကြောင့် ကခုန်နေကြသည်။ လင်းယောင်သည် ဤနေ့များတွင် ဘာမှလုပ်စရာမရှိပေ။ သူမသည် နွေဦးတွင် ကုကျားအောင်မှ ယူလာပြီးစိုက်ထားသော ပူဒီနာအရွက်များကို ခူးပြီး နေပူတွင်အခြောက်ခံသည်။ နေ့တိုင်း ပူဒီနာပျားရည်ဖျော်ရည်အေးကို ဖျော်သည်။ အဆာပြေစားစရာတွေပါ ပေါင်းလိုက်လျှင် သူမရဲ့ဘဝဟာ တကယ်ကို သက်တောင့်သက်သာရှိလှပါသည်။

ကုချွင်မေက စကားစပြောပြီးတာနဲ့ ရေငတ်သလို ခံစားရသည်။ ညီအစ်မနှစ်ယောက်က အသီးအရွက်တွေခူးပြီး ဖက်ထုပ်အစာသွပ်ဖို့ ပြင်ဆင်နေကြသည်။

လင်းယောင်က သူမကို ပူဒီနာပျားရည်ဖျော်ရည်‌အေးနဲ့ ပဲကိတ်တစ်ပန်းကန် ယူလာပေးသည်။ လန်းဆန်းစေတဲ့ ပျားရည်နဲ့ ဖျော်ထားတဲ့အအေးက ပဲကိတ်နဲ့လိုက်ဖက်သည်ပင်။

ကုချွင်မေ ပဲကိတ်ကိုစားပြီး ပူဒီနာဖျော်ရည်ကိုသောက်သည်။ လင်းယောင်ရဲ့ တိုက်တွန်းမှုအောက်မှာ သူမ လည်ချောင်းကိုရှင်းပြီး စပြောပါတော့သည်။

ပြောရလျှင် ယခင်က စွင်းမိသားစုတွင်ဖြစ်ခဲ့သော ပြဿနာအများစုမှာ လင်းတာ့ကော်၏ မိသားစုနှင့် သက်ဆိုင်ခဲ့ပါသည်။

စွင်းမိသားစုမှာ ဒီတစ်ကြိမ်မှာ ဖြစ်ပျက်ခဲ့တာကတော့ လင်းတာ့ကော်ရဲ့ မိသားစုနဲ့ ဘာမှမဆိုင်‌‌ပေ။

လီအိုက်ဖုန်းသည် စွင်းမိသားစုထံမှ တစ်စုံတစ်ခုကို ခိုးယူသွားပြီး ပြန်လည်ထူထောင်ရေးအတွက် လယ်ယာမြေသို့ ပို့ဆောင်ခံရပြီးကတည်းက ဖြစ်သည်။

လင်းတာ့ကော်နှင့် သူ့သားတို့သည် အလွန်ကြောက်လန့်သွားကြပြီး အပြင်တောင်မထွက်ရဲကြပေ။

စွင်းမိသားစုက တကယ်ကို သန့်ရှင်းနေတာ ကြာပါပြီ။

ချန်ထို့မြို့ရှိ မီးသီးစက်ရုံ၏ ဒါရိုက်တာဟောင်းသည် အငြိမ်းစားယူခဲ့ပြီး စွင်းအဖေသည် စက်ရုံ၏ ဒါရိုက်တာနှင့် အတွင်းရေးမှူးအသစ် ဖြစ်လာခဲ့သည်။

အဖွားကြီးက ဆန္ဒပြည့်ခဲ့ပြီး နောက်ဆုံးမှာ စက်ရုံဒါရိုက်တာရဲ့ ဇနီးဖြစ်လာသည်။ သူမသည် အပြင်လူများရှေ့တွင် သူ့ကိုယ်သူ ဟိတ်ကြီးဟန်ကြီးလုပ်ပြီး အိမ်တွင် အစားအသောက်များကိုလည်း အဆင့်မြှင့်တင်ခဲ့သည်။ ငတ်မွတ်ခေါင်းပါးသောနှစ်များတွင် အဖွားကြီး၏အစားအစာများကို ပျမ်းမျှအဖြစ်သာ မှတ်ယူနိုင်သည်။ အဲဒီတုန်းက ကောင်တီမှာ ဘာမှ ကောင်းကောင်းမရှိကာ အဖွားက ပိုက်ဆံကိုင်ပြီး သူ့အဆင့်အတန်းကြောင့် ခိုဈေးကို မသွားနိုင်ပေ။

အခု အငတ်ဘေးပြီးသွားတော့ အဖွားကြီးက အရမ်းစိတ်လှုပ်ရှားနေသည်။ သူမသည် Kesling ကိတ်မုန့်များ၊ ရုရှားဝက်အူချောင်းများ၊ သိုးမွှေးအင်္ကျီများ အစရှိသည့် အပြင်ဘက်တွင် ခေတ်စားနေသည့် အရာများကို ဝယ်ယူခဲ့သည်။

မြို့ကြီးပြကြီးများမှ ရဲဘော်များ၏ ဇနီးတွေဝတ်သလိုဝတ်ပြီး သူတို့သောက်သမျှကို လိုက်သောက်သည်။

ဝေးလံခေါင်သီတဲ့မြို့‌လေးမှာ မဝယ်နိုင်ရင်လည်း ကိစ္စမရှိပေ။ မြို့ထဲမှာ မရလျှင် ကောင်တီမှာသွားဝယ်သည်။ ကောင်တီတွင်မရလျှင် စွင်းကျားလျန်နှင့် စွင်းအဖေတို့ ကောင်တီမြို့တော် သို့မဟုတ် စီးပွားရေးကိစ္စအတွက် မြို့ကြီးတစ်မြို့သို့ သွားရန်စောင့်သည်။ စွင်းအမေက တစ်ခုခုဝယ်ချင်ရင် သားအဖကို စာရင်းရေးပေးလိုက်သည်။ သူတို့သားအဖပင်ပန်းပြီး မစားရရင်တောင် စာရင်းထဲမှဟာများကို ဝယ်လာရသည်။

အဖွားကြီးသည် တစ်သက်လုံး ခင်ပွန်းနှင့်သားရှေ့တွင် လေလုံးထွားကာ သားအဖကို ထိန်းချုပ်ထားခဲ့သည်။

ဤအရာများသည် အစားအသောက်သာဖြစ်သည်။ စားပြီးကုန်သွားတော့ အပြင်လူတွေက သူတို့ကိုဖမ်းဖို့ နည်းလမ်းမရှိပေ။

ထို့အပြင် စွင်းအဖေသည် စွင်းအမေအား သိုးမွှေးအင်္ကျီများနှင့် သားရေဖိနပ်များကို အပြင်ဘက်တွင် မဝတ်ရန်၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ရိုးရှင်းသောဘဝနေထိုင်ရန် အကြိမ်ကြိမ် ပြောခဲ့သည်။

ထုံးစံအတိုင်း အဘွားကြီးက သူ့အဘိုးကြီးပြောတာကို နားထောင်ပေမယ့် ဘယ်လောက်နားထောင်မယ်ဆိုတာတော့ ပြောဖို့ခက်သည်ပင်။

အဖွားက ဆယ်ကျော်သက်အရွယ်မှာတော့ အရမ်းလှခဲ့သည်။ အခုတော့ သူမ ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောလှပတဲ့ မိတ်ကပ်မလိမ်းထားသော ကျစ်ဆံမြီးနှစ်ချောင်းနဲ့ မိန်းကလေးများကို ကြည့်လိုက်သောအခါ အလွန်ပင်လှနေလေသည်။

အထူးသဖြင့် စွင်းအဖေက ပြန်လာသောအခါတွင် ထိုမိန်းမငယ်လေးများအား ရံဖန်ရံခါ ချီးမွမ်းစကား အနည်းငယ် ပြောတတ်သည်။ စက်ရုံရှိ အလုပ်သမား အမျိုးသမီးငယ်များသည် နှုတ်ခမ်းနီနှင့် သွားဖြူဖြူများပေါ်အောင် ပြုံးလျက်နေသည်။ ထိုသည်ကိုကြားရသောအခါ အဘွားကြီးသည် ချဉ်စူးသွားသလိုခံစားရပြီး မခံစားနိုင်တော့ပေ။

အထူးသဖြင့် မီးသီးစက်ရုံတွင် ငယ်ရွယ်ပြီး လှပသော ယဉ်ကျေးမှု အလုပ်သမား များစွာရှိသည်။ အကယ်၍ အဘိုးကြီးစွင်းသည် စက်ရုံရှိ‌ မြေခွေးမငယ်တစ်ယောက်နှင့်တွဲခုတ်ကာ ထွက်သွားပါက စက်ရုံဒါရိုက်တာ၏ ဇနီးအဖြစ် သူမ၏ကောင်းမွန်သောဘဝမှာ ပျောက်ကွယ်သွားပေမည်။

ကိုယ်ထင်ပြဖို့အတွက် အဖွားကြီးက နိုင်ငံပိုင်ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ပုံသွင်း၊မျက်ခုံးမွှေးဆွဲ၊နှုတ်ခမ်းနီဆိုးကာ သားရေဖိနပ်ကိုစီး၍ အဘိုးကြီးကို နေ့လည်စာလာပို့ပေးလေသည်။

တကယ်တော့ သူမသည် တောင်ကိုလှုပ်ခါပြီး ထိုမြေခွေးမများကို သတိပေးရန် နေ့လယ်စာပို့ပေးခြင်းကို အကြောင်းပြနေခြင်းဖြစ်သည်။

သူ့မက လူသိများတဲ့မိန်းမမို့ မြေခွေးမတွေ ဝေးဝေးနေကြ!

မြေခွေးမတွေကို မောင်းထုတ်တဲ့ အဖွားကြီးရဲ့ ရည်ရွယ်ချက်ကို လူတွေမသိကြပေမယ့် တစ်ချို့လူတွေက သူ့ကို အမြီးကနေ ဖမ်းပြီး ယွင်ရွှေကောင်တီမီးသီးစက်ရုံကို စာရေးပြီး ဒါရိုက်တာနဲ့ သူ့မိသားစုဟာ သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး ပြဿနာရှိနေတယ်လို့ အစီရင်ခံတင်ပြလိုက်သည်။

စွင်းအဖေတာဝန်ယူပြီး နောက်ရက်အနည်းငယ်အကြာတွင် စွင်းအမေ၏ သံသယဖြစ်စေမှုကြောင့် ၎င်းအားစုံစမ်းစစ်ဆေးမှုအတွက် တာဝန်ဆိုင်းငံ့ထားခြင်းခံရသည်။

စွင်းမူကို ပိုလို့တောင် ရူးသွပ်စေခဲ့တာကတော့ သူမ လှေကားထစ်တွေ ဆင်းသွားတဲ့အခါ လမ်းကို ရှင်းရှင်းလင်းလင်းမမြင်ရပဲ လှေကားထစ်တွေပေါ်က မတော်တဆပြုတ်ကျပြီး ပေါင်ကျိုးသွားသည်။ သူမ လမ်းမလျှောက်နိုင်ဘဲ ကျောက်ပတ်တီးစည်းရန် ဆေးရုံတက်ခဲ့ရပြီး အသွားအပြန်အားလုံးကို စွင်းကျားလျန်က သယ်ဆောင်သွားခဲ့ရသည်။

ကုချွင်မေ ပြောပြီးသည်နှင့် သူမသည် ရေနွေးအိုးကိုယူကာ သူမအတွက် တစ်ခွက်ငှဲ့ပြီး ပါးစပ်ထဲထည့်ကာ "မချိုတော့ဘူး ယောင်ယောင် သကြားလုံးထပ်ပေးပါဦး!"

လင်းယောင်က စွင်းအဖေဟာ ကံမကောင်းအကြောင်းမလှပဲ စွင်းအမေကြောင့် ဒုက္ခရောက်ရတာဟု ငြီးငြူနေခဲ့သည်။

ကုချွင်မေက သကြားလုံးတောင်းတာကြောင့် လင်းယောင်ထပြီး ဘူးထဲက သကြားလုံးကို ယူပေးလိုက်သည်။

လင်းယောင်သည် စွင်းမိသားစု၏ ဖရဲသီးကိုစားပြီး(အတင်းအဖျင်းကို နားထောင်ပြီး) သည့်နောက်တွင် ညီအစ်မနှစ်ယောက်သည် မိသားစုအရေးအကြောင်းပြန်ပြောကြသည်။

ကုချွင်မေက ရွှီထန်းယွမ် မိသားစုထဲကို တိုးလာတာနဲ့ ရွှီမိသားစုရဲ့ သေးငယ်တဲ့ ခြံဝင်းဟောင်းမှာ အုတ်ကြွပ်မိုးထားတဲ့အိမ်ဟာ မလုံလောက်တော့ဘူးလို့ ဆိုပါသည်။ ရွှီအဖေသည် ဧည့်ခန်းကို ပြန်လည်မွမ်းမံကာ မြေးဖြစ်သူ ကြီးပြင်းလာသောအခါတွင် အိပ်ခန်းအဖြစ် အသုံးပြုရန် စီစဉ်ခဲ့သည်။

ရွှီအမေက သဘောမတူပေ။ မိသားစုထဲမှာ ထန်းယွမ်လို့ခေါ်တဲ့ မျောက်လေးတစ်ကောင်အပြင် ထပ်ရှိလာပေဦးမည်။ နောင်တွင် နောက်ထပ်မျောက်လေး နှစ်ကောင် သို့မဟုတ် သုံးကောင်ကို မိသားစုထဲသို့ ပေါင်းထည့်ပါက အိမ်တစ်အိမ်မှာ မလုံလောက်ပါ။ အခန်းနှစ်ခန်းဆောက်ဖို့ ပန်းရံဆရာတွေကိုခေါ်တာက ပိုကောင်းလိမ့်မည်။ ဧည့်ခန်းကို အိပ်ခန်းအဖြစ် ပြောင်းလဲမည်ဆိုပါက အနာဂတ်တွင် ဧည့်သည်များကို ဘယ်မှာဧည့်ခံမည်နည်း။ ခြံထဲမှာ စားပွဲတစ်ခုထားရုံနဲ့ မရ‌ပေ။

ရွှီအဖေ ခဏလောက်စဉ်းစားပြီး အဓိပ္ပါယ်ရှိတယ်လို့ ခံစားလိုက်ရပြီး ခေါင်းညိတ်လိုက်သည်။

ရွှီရှန်းချန်ကတော့ အခုသူ့မှာ သားတစ်ယောက်ရှိပြီး အရာအားလုံး အဆင်သင့်ဖြစ်နေပြီပင်။ အလုပ်မှ ပြန်လာသောအခါ ထန်းယွမ်၏ အနှီးများကို လျှော်ဖွပ်ပေးရသည် သို့မဟုတ် သူ့သားကို ချီထားရသည်။ သားအဖနှစ်ယောက် အပြန်အလှန် စကားပြောနေကြပြီး သူသည် လက်ထောက်ဒါရိုက်တာကုထက် ပို၍ပင်သိတတ်နေတော့သည်။

ရွှီအဖေသည် ခြံအလယ်ရှိ တဲကိုဖြိုချကာ အရှေ့နှင့်အနောက်ကို တစ်ခုတည်းဖြစ်အောင် အုတ်ဖြင့်ခင်းကာ အနီရောင်အုတ်အိမ် နှစ်လုံးဆောက်ပြီး အနောက်ဘက်တွင် ဟင်းသီးဟင်းရွက်ကွက်လပ်ကို အရှေ့သို့ရွှေ့ကာ လမ်းတစ်လျှောက်တွင် သီးပင်စားပင်များ စိုက်ထားလေသည်။

လင်းယောင်က အကြံပေးသည်။ "အိမ်မှာ အသားပြတ်ရင် ယုန်အသိုက်ဆောက်ပြီး သားပေါက်ဖို့ ယုန်နှစ်ကောင်မွေးလို့ရတယ်"

ကုချွင်မေသည် အရင်က ကုမိသားစု မွေးမြူခဲ့သော ယုန်အသားကို စားခဲ့သည်။ စွပ်ပြုတ် ဒါမှမဟုတ် ယုန်သားအစပ်ဖြစ်ဖြစ် စားရတာအရသာရှိသည်။

ကုချွင်မေ ချက်ချင်း သဘောတူလိုက်သည်။

"ဒါအကြံကောင်းပဲ။ ယောင်ယောင် နင်ကဥာဏ်ကောင်းတယ်။ ဒီယုန်လေးတွေ ကြီးလာရင် ထို့ထို့သယ်လာဖို့ ၂ ကောင်လောက်ချန်‌ထားပေးနော်!"

လင်းယောင်ကပြောသည်။ကိစ္စမရှိပေ။

ဆောင်းဦးရာသီတွင် ယွင်ရွှေကောင်တီ၏ ညနေခင်းတွင် လမ်းပေါ်တွင် အေးမြသောလေနုအေး တိုက်ခတ်နေသည်။ အလုပ်ဆင်းချိန် ရောက်သောအခါ စက်ရုံကြီးများမှ အလုပ်သမားများသည် စက်ဘီးကိုတွန်းကာ ပိတ်စအိတ်များဖြင့် အိမ်သို့ လူနှစ်ယောက် သုံးယောက်စီ အုပ်စုလိုက်လမ်းလျှောက်ကြသည်။

ကောင်တီပြည်သူ့လုံခြုံရေးဌာနက ဒီနေ့ အလုပ်မရှုပ်ပေ။ ၅း၃၀ လောက်မှာ ပြည်သူ့လုံခြုံရေးဌာနက လူငယ်တစ်စုက စက်ဘီးကိုတွန်းပြီး ပြေးထွက်လာကြသည်။

ရွှီရှန်းချန်သည် သူ့ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကို ကိုက်ထားပြီး ကုရှီအန်းနှင့်အတူတူ အိမ်ပြန်ရန်စောင့်ကာ ကားဂိတ်ကို မှီနေလိုက်သည်။ သို့သော်လည်း အချိန်အတော်ကြာအောင် စောင့်တာတောင် မည်သူမှထွက်မလာပေ။

ရှေ့သို့ နှစ်လှမ်းလျှောက်လိုက်ရာ ပြည်သူ့လုံခြုံရေးဌာနသို့ မကြာမီကမှ ရောက်လာသူ မိန်းကလေးငယ်တစ်ဦးကို မမျှော်လင့်ဘဲ တွေ့လိုက်ရသည်။သူမသည် ကုရှီအန်းရှေ့တွင်စကားပြောရန် ရှက်ရွံ့စွာ ရပ်လိုက်ပြီး အိတ်ထဲမှ စာတစ်စောင်ထုတ်နေပုံရသည်။

ဒါ... ရည်းစားစာလား ! !

ရွှီရှန်းချန် မျက်လုံးပြူးသွားသည်။

ဘုရားသခင်! လောင်ကုရေ ငါတို့မှာ မိသားစုနဲ့ အသက်မွေးဝမ်းကြောင်းတစ်ခု ရှိတယ်‌လေ။ ငါတို့ကိုယ့်ကိုယ်ကိုထိန်းရမယ်လေ။

အစ်ကိုကြီးထို့ထို့ အတွေးလွန်နေတာ အသိသာကြီးပင်။ ကလေးမလေးက ကုရှီအန်းကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ လက်ထောက်ဒါရိုက်တာကုသည် ခါတိုင်းကဲ့သို့ တည်ငြိမ်နေပြီး သူ၏ချောမောသော မျက်နှာသည် ယခင်ကကဲ့သို့ အေးစက်စက်နှင့် အမူအယာကင်းမဲ့နေကာ ရွှီရှန်းချန်မှာတော့ အလွန်စိတ်လှုပ်ရှားနေတော့သည်။

ကုရှီအန်းရဲ့အမူအရာက အေးစက်နေပြီး သူဘာပြန်ပြောလဲဆိုတာ မသိရပေ။

ကလေးမလေး၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲသွားပြီး ရှက်ရွံ့သွားကာ ခြေ‌ဆောင့်၍ ကျစ်ဆံမြီးများကိုခါယမ်းကာ မျက်နှာကိုအုပ်၍ ထွက်ပြေးသွားခဲ့သည်။

ရွှီရှန်းချန်က သူ့လျှာကို ခေါက်လိုက်သည်။ သူဒီလိုမိန်းကလေးမျိုးကို သနားစရာလုံးဝမရှိပေ။

တစ်ယောက်ယောက်မှာ ဇနီးနဲ့သားသမီးတွေရှိမှန်း သိပေမယ့် သူ့ဆီချဉ်းကပ်တာက နှစ်မြို့စရာ‌မကောင်းမှန်း ပြောစရာပင်မလိုပေ။

တကယ်တော့ မိန်းကလေးတစ်ယောက်က ယောက်ျားငယ်ငယ်ရွယ်ရွယ်ကို မရှာနိုင်တော့ သူ့အပိုင်မဟုတ်တဲ့ဟာကို လိုက်ရှာတော့သည်။

ဒါ့အပြင် မင်းရဲ့ရုပ်ရည်ရော ပုံစံအရရော လင်းယောင်နဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပေ။

ဒါက ဒုက္ခရှာတာ မဟုတ်ဘူးလား?

တန်ပါတယ်!

*

ညနေငါးနာရီခန့်တွင် ကွေ့ဟွားဟူးထုန်တွင် အလုပ်သမားများသည် အလုပ်ဆင်းကာ တယောက်ပြီးတယောက် အိမ်ပြန်ကြသည်။ တစ်ရက်တာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော လမ်းသွယ်လေးသည် ရုတ်တရက် အသက်ဝင်လာသည်။

ကျန်းဆွေ့လန်နဲ့ သူ့ခင်ပွန်းတို့လည်း တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်ခဲ့ကြသည်။

ဒီညမှာတော့ ကုချွင်မေရဲ့ မိသားစု ၃ ယောက်ဟာ ပြန်လည်ဆုံဆည်းသည့်အနေနှင့် ဖက်ထုပ်စားဖို့ သူ့မိဘအိမ်ဆီ ပြန်လာကြသည်။

ကျန်းဆွေ့လန် ဝင်လာတာနဲ့ သူ့သမီးနဲ့ချွေးမ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေပြီး ကြာဇံ၊ ပုစွန်၊ ကြက်ဥ၊ နှမ်းဆီအနည်းငယ်၊ ဂေါ်ဖီနဲ့ ကြက်သွန်မြိတ်တို့ဖြင့် ဖက်ထုပ်အစာသွပ်ရန်လုပ်နေတာကို တွေ့လိုက်ရသည်။ အဆာပလာများမှာ မွှေးပြီး ဖက်ထုပ်တွေကို ဂျုံနဲ့လုပ်ထားသည်။ ခေါက်ဆွဲကို အာ့ဟယ်ခေါက်ဆွဲဖက်ထုပ်ဟုခေါ်သည်။ ဒီဖက်ထုပ်တွေက မည်းပေမယ့် အရသာရှိလှသည်။

သူမလက်ကိုဆေးပြီး အိမ်ထဲဝင်ကာ ကူညီချင်သည်။

လင်းယောင်က ပြုံးပြီး အပြင်မှာသာနေရန်ပြောလေသည်။

သူ့သမီးနဲ့ ‌ချွေးမတို့က အိမ်မှုကိစ္စအတွက် စိတ်ပူစရာမလိုဘဲ များများအနားယူဖို့ ပြောသည်။

ဒါကိုကြားပြီးနောက် ရဲဘော်ဆွေ့လန်က ချိုပြီး ပူနွေးသောသကြားရေကို သောက်လိုက်သလို ခံစားလိုက်ရသည်။ သူမ ခုံတန်းလျားတစ်ခုကို ရွှေ့လိုက်ပြီး ခြံထဲမှာ သင်ယပ်တောင်ကိုခပ်ရင်း ထိုင်လိုက်သည်။

ကုမန်ဆန်၏ မြေး ၂ ယောက်မှာလည်း ပျော်ရွှင်စွာပြုံးနေပါသည်။

ကောင်စုတ်လေး ကုရှီတုန်းသည် သူ၏ကျောင်းလွယ်အိတ်နှင့် ပြန်လာကာ ခြံထဲတွင် ကလေးဝဝလေးနှစ်ယောက်ကို လှည့်ပတ်ကြည့်နေသည်။

လက်ထောက်ဒါရိုက်တာကုနဲ့ အစ်ကိုကြီးထို့ထို့ပြန်ရောက်ချိန်မှာတော့ မီးဖိုချောင်ထဲမှာ ဖက်ထုပ်အများအပြား ရှိနေပြီဖြစ်သည်။ ခုနစ်ဆယ် ရှစ်ဆယ်လောက်ရှိမယ်လို့ ခန့်မှန်းရသည်။ တစ်ခုချင်းစီမှာ အသားပါးလွှာပြီး အစာသွပ်ထားတာကများသည်။ အစ်ကိုကြီးထို့ထို့က သူ့ယောက္ခမဆီသို့ ဝိုင်ကောင်းကောင်း နှစ်ပုလင်းနဲ့ မုန့်နှစ်ထုပ် ယူသွားပေးခဲ့သည်။ သူ့လက်ကိုဆေးကြောပြီးနောက် မီးဖိုချောင်ထဲဝင်လာပြီး သူ့မိန်းမကို "ချွင်မေ နားလိုက်။ ဒီမီးခိုးငွေ့တွေက အသက်ရှူကျပ်တယ်"

ကုချွင်မေသည် မီးဖိုထဲသို့ ထင်းထည့်ရင်း ဘေးကိုကြည့်လိုက်သည်။

" အိမ်မှာအမေနဲ့ကျွန်မ ဘယ်နေ့မီးမမွှေးတာရှိလို့လဲ။ဖက်ထုပ်တွေလုပ်လို့မပြီးသေးဘူး။ အစ်ကိုကြီးကိုသာသွားကူ"

အစ်ကိုကြီးထို့ထို့က ရေရွတ်သည်။ " ဘယ်ယောက်ျားသားတစ်‌ယောက်က ဖက်ထုပ်လုပ်ဖို့အတွက် မီးဖိုချောင်ကို ဝင်ရလို့လဲ"

ကုချွင်မေ - "ရှင်ဘာပြောလိုက်တာလဲ။ အသံပိုကျယ်ကျယ်ပြော။ ကျွန်မ မကြားရဘူး"

ရွှီရှန်းချန်မှာ မျက်နှာကြီးမဲ့သွားပြီး ခေါင်းငြိမ့်လိုက်ရသည်။ "ဘာမှမဟုတ်ပါဘူး၊ ငါ့မိန်းမက တကယ်ကို အရည်အချင်းရှိတယ်လို့ ပြောတာပါ။ ဖက်ထုပ်တွေကို ကြည့်လိုက်ပါဦး။ ပန်းပွင့်လေးတွေ ကျနေတာပဲ။ အရမ်းလှတယ်"

ကုချွင်မေက စိတ်မပါလက်မပါ ပြောလိုက်သည်။ "ကျွန်မ လုပ်ထားတာမဟုတ်ဘူး။ အဲ့ဒါယောင်ယောင်လုပ်ထားတာ"

အစ်ကိုကြီးထို့ထို့ - "..."

ညနေစောင်းတော့ ဖက်ထုပ်ပူပူတွေ အိုးထဲက ထွက်လာပြီး လောင်ကုတို့ မိသားစုအားလုံး ဖက်ထုပ်တွေ ဇလုံလိုက်ကြီးကို အားရပါးရစားခဲ့ကြသည်။

အစ်ကိုကြီးထို့ထို့မှာ ဗိုက်ပြည့်နေပြီး ဦးလေးကျန်းပေးလိုက်သော ဖရဲသီးနှစ်လုံးကိုသယ်ကာ သုံးယောက်သား လေချဉ်များပင်တက်ပြီး ကွေ့ဟွားဟူးထုန်သို့ ပြန်သွားကြသည်။

မီးဖိုချောင်ထဲတွင် သိတတ်တဲ့ လက်ထောက်ဒါရိုက်တာကုက ပန်းကန်တွေ၊ တူတွေကို ဆေးကြောပြီး သံအိုးကြီးကို ပွတ်တိုက်ထားကာ အိုးရဲ့မျက်နှာပြင်မှာ တောက်ပြောင်နေတော့သည်။

ကုသို့သို့သည် ကောင်းစွာကျွေးမွေးခံထားရပြီး တစ်နေ့တာလုံး ပုခက်ထဲတွင် အိပ်နေခဲ့သည်။ သည်အချိန်တွင် သူခွန်အားပြည့်နေပြီး အနက်ရောင်မျက်လုံးကြီးကြီးများကိုဖွင့်ကာ သူ့လက်သူကိုက်ပြီး ပျော်မြူးနေလေသည်။

လင်းယောင်သည် အိမ်သို့ပြန်လာပြီး ထိုမြင်ကွင်းကိုမြင်သောအခါ သူမစိတ်ထဲတွင် နူးညံ့သွားခဲ့သည်။ သူမသည် ဝဝကစ်ကစ်ကောင်လေးကို ကောက်ချီကာ နမ်းလိုက်သည်။

ကုသို့သို့သည် သူ့မိခင်က နမ်းခဲ့ပြီး သူ၏ဝဝကစ်ကစ်လက်ကလေးများကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာ အော်နေတော့သည်။

ကုရှီအန်းသည် မီးဖိုချောင်မှ ဝင်လာပြီး ဤမြင်ကွင်းကို မြင်လိုက်ရကာ သူ၏မျက်နှာတည်တည်မှာလည်း ကြည်နူးမှုဖြင့် ကွေးညွတ်သွားသည်။

ကောင်ကလေးက အခု အရမ်းတစ်လာလေပြီ။ လင်းယောင်သည် ခဏတာချီထားပြီးနောက် သူ့လက်များ နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ တစ်ယောက်ယောက် လာနေတာကိုမြင်တော့ ကုသို့သို့အားထိန်းဖို့ သူ့အဖေကို ပေးလိုက်သည်။

ကုသို့သို့သည် ကုရှီအန်း၏ လက်ထဲတွင် အလွန်လိမ္မာနေကာ သူ့လက်များကို တိတ်တဆိတ်ကိုက်နေပါသည်။

လင်းယောင်သည် တစ်နေ့ခင်းလုံးအလုပ်များနေပြီး လှုပ်ရှားရန်ပင် ပင်ပန်းနေသည်။ သူမနှင့် သူမ၏သားလေးသည် လက်ထောက်ဒါရိုက်တာကု၏ လက်နှစ်ဖက်ကို ဘယ်ညာအုံးလျက် ငိုက်မျည်းနေကြသည်။

ဒီနေ့ ကုရှီအန်းက ရှပ်အင်္ကျီအဖြူကိုဝတ်ထားသည်။သူသည် ခါတိုင်းလိုပင် စေ့စေ့စပ်စပ်ဖြစ်ပြီး ရှပ်အင်္ကျီအပေါ်ဆုံးက ကြယ်သီးတွေကို စေ့နေအောင်တပ်ထားသည်။

လင်းယောင်သည် မျက်တောင်ခတ်ကာ တစ်စုံတစ်ယောက်၏ ဆွဲဆောင်မှုရှိသော လည်ဇလုတ်ကို စိုက်ကြည့်နေသည်။ ဣန္ဒြေမရသော အတွေးတစ်ခုက ရုတ်တရက် ဝင်လာသည်။ သူမ အဲ့ဒါကိုကိုက်လိုက်ရင် ဘာဖြစ်မှာလဲ?

All Chapters