← Chapters

အခန်း (၈၇)

Vol. 8 Ch. 87

အခန်း (၈၇)

Vol. 8 Ch. 87

စွင်းအမေရဲ့ ခြေထောက်တွေ ကျိုးသွားကတည်းက၊ မိသားစုဝင်တွေရဲ့ အကူအညီမယူပဲ မလှုပ်ရှားနိုင်ခဲ့ပေ။ ဒါကြောင့် စွင်းကျားလျန်က စွင်းအမေကို နောက်ပိုင်းမျိုးဆက်တွေရဲ့ ဘီးတပ်ကုလားထိုင်နဲ့ ဆင်တူတဲ့ ဘီးပါသော ဝါးကုလားထိုင်တစ်ခု ပေးခဲ့သည်။ ဘီးတပ်ကုလားထိုင်လောက်တော့ လက်တွေ့အသုံးမဝင်ပေ။

စွင်းအမေက ဒီနှစ်တွေမှာ ကောင်းကောင်းစားသောက်ခဲ့ပြီးပြီ။ သူမ ငယ်ရွယ်စဉ်က၊ သွယ်လျခဲ့ပြီး ဖြူဖွေးတဲ့ မျက်နှာရှိကာ ကိုယ်အလေးချိန်က အသင့်အတင့်ဖြစ်ခဲ့သည်။ အနည်းဆုံး ပေါင် ၁၀၀ ကျော်လောက်တော့ ရှိပါသည်။ စွင်းကျားလျန်က အားနည်းတဲ့အမျိုးသားတစ်ယောက် ဖြစ်သည်။ စွင်းအမေက သန့်စင်ခန်းကို လွယ်လွယ်ကူကူ သွားချင်ခဲ့တာကြောင့်၊ စွင်းမိသားစုရဲ့ သန့်စင်ခန်း ပြုပြင်ပေးခဲ့သည်။ မြင့်ပြီး ရှေ့မှာ လှေကားထစ်လေးတွေ ရှိကာ ဘီးတပ်ဝါးကုလားထိုင်က အဲ့ပေါ်ကို မတက်နိုင်ခဲ့ပေ။

စွင်းကျားလျန်က သူ့အမေကို ကျောမှာပဲ ပိုးခဲ့ပြီး လင်းဟုန်နကို ဘေးကကူညီစေခဲ့သည်။

အဖွားကြီးက အမြဲတမ်း သန့်ရှင်းနေတာကို ကြိုက်တာကြောင့်၊ သန့်စင်ခန်းက မလွဲဧကန် အနံ့ဆိုးမထွက်ခဲ့ပေ။ ဒါ့အပြင်၊ လင်းဟုန်နနဲ့ သူမရဲ့ယောက္ခမက တစ်ယောက်နဲ့တစ်ယောက် ခပ်တန်းတန်းဖြစ်နေခဲ့ကြသည်။ အဖွားကြီး အညစ်အကြေးစွန့်တာကို သူမ တစ်ကယ်မစောင့်ပေးချင်ပေ။

စွင်းအဖေက အိမ်မှာ ဝေလေလေလုပ်နေကာ သူ့သားနဲ့ ချွေးမကို ကြည့်ပြီး သက်ပြင်းချခဲ့သည်။

သူက သူ့အဖွားကြီးနဲ့ ဆူပူကြိမ်းမောင်းနေခဲ့ပြီး ကွာရှင်းမယ့်အကြောင်းကိုတောင် ကြမ်းကြမ်းတမ်းတမ်းပြောခဲ့သည်။ ဒီစကားလုံးတွေက စကားလုံးတွေပါပဲ။ သူ့ဘဝရဲ့တစ်ဝက်ကို အဖွားနဲ့အချိန်ဖြုန်းပြီးနောက်မှာ၊ ခံစားချက်တွေ ကျန်ရှိနေသေးပြီး စွင်းအဖေက သူ့အသက်အရွယ်မှာ ဆက်ပြီး ရင်မဆိုင်ချင်တော့ပေ။

ဒါပေမယ့်၊ နှလုံးသားထဲမှာတော့ ဝေးကွာမှုတစ်ခုရှိပါသည်။ စွင်းအဖေက လွန်ခဲ့တဲ့လတွေမှာ ဧည့်သည်ခန်းထဲမှာပဲ အိပ်စက်ခဲ့ပြီး စွင်းအမေက အိပ်ခန်းထဲမှာ တစ်ယောက်တည်း ခွဲအိပ်ရသည်။

စွင်းကျားလျန်က ခေါင်းငုံ့လိုက်ပြီး အံကြိတ်ကာ သူ့အမေကို ကျောပိုးလိုက်ပြီး သန့်စင်ခန်းဆီကို လျှောက်သွားခဲ့သည်။

စွင်းအမေက သူမသားရဲ့ကျောပေါ်မှာ လှဲနေခဲ့ပြီး မကျေမနပ်ပြော‌ဖို့တော့ မမေ့ခဲ့ပေ။

" တောက မင်းမိန်းမကို ကြည့်စမ်း။ ဘယ်လို ပုန်းပြီး အနားယူရမလဲဆိုတာ ကောင်းကောင်းသိတာပဲ။ သန့်စင်ခန်းသွားတဲ့အချိန်မှာ သူ့ယောက္ခမကို ကူညီရမယ်ဆိုတာ မသိဘူးလား။ တောကလာပြီး အသိတရားမရှိလိုက်တာ။ "

စွင်းကျားလျန်က အလွန်မောပန်းနေခဲ့ပြီး ဟောဟဲလိုက်နေခဲ့သည်။

" အမေ ထျန်းယိုနိုးနေပြီ၊ သူက အိမ်ထဲမှာ ကလေးကို နို့တိုက်နေတာ။ "

သူမရဲ့အဖိုးတန်မြေးလေးအတွက်ဆိုတော့၊ အဖွားရဲ့ သခွားသီးမျက်နှာက ပိုကောင်းလာခဲ့သည်။ စွင်းထျန်းယိုရဲ့ မျက်နှာသေးသေးလေးကို‌ တွေးမိတော့၊ အဖွားက ထူးထူးဆန်းဆန်းပြောခဲ့သည်။

" ရှေးဆိုရိုးစကားတွေအရ၊ ကလေးက ကောင်းကောင်းမကြီးထွားရင်၊ ဒါက မိခင်ရဲ့အပြစ်ပဲ။ နို့ရည်က မကောင်းပဲ အာဟာရမရှိလို့ဖြစ်တာ။ ကျားလျန် ဝက်ခြေထောက်တွေ သွားဝယ်ပြီး စွပ်ပြုတ်တစ်အိုးချက်လိုက်။ ဆားနဲ့ တစ်ခြားဟင်းခတ်မှုန့်တွေ မထည့်နဲ့။ မင်းမိန်းမကို ဒီအတိုင်း စွပ်ပြုတ်နဲ့ ရေသောက်ခိုင်းလိုက်၊ ဒါဆို နို့ရည်ကောင်းကောင်းထွက်လိမ့်မယ်။ ကလေးရဲ့ မျက်နှာလေးနဲ့ ခန္ဓာကိုယ်ကို ဝဖြိုးလာအောင် ဘုရားသခင်ကောင်းချီးပေးပါစေ "

ဝက်ခြေထောက်တွေ ဝယ်ရမယ်?

စွင်းကျားလျန်ရဲ့ ပင်ပန်းနေတဲ့ခြေထောက်တွေ တုန်ယင်နေခဲ့ပြီး အားမရှိတော့ပေ။ ဝက်ခြေထောက်တွေက ဝယ်ရခက်တယ်ဆိုတာကို သူ့အမေကို မပြောပြချင်ခဲ့ပေ။

မြို့ထဲမှာ ရှာလို့မရနိုင်ပေ၊ ပြီးတော့ အဲ့‌တာတွေကို ဝယ်ဖို့ ကျေးလက်ဒေသဘက်ကို သွားခဲ့ရသည်။

စွင်းအဖေက စုံစမ်းစစ်ဆေးရေးအတွက် ရာထူးကနေ ဆိုင်းငံ့ထားခံရပြီးနောက်၊ မီးသီးစက်ရုံက ခေါင်းဆောင်ရဲဘော်တွေက စောင့်ကြည့်နေခဲ့ကြသည်။

လင်းဟုန်နက အိမ်ထဲမှာ ကလေးနို့တိုက်နေခဲ့ပြီး ပြတင်းပေါက်အပြင်က သူမယောက္ခမရဲ့ တဂျီဂျီပြောနေသံတွေကို ကြားတဲ့အခါ၊ ဒေါသနဲ့ အံကြိတ်ခဲ့သည်။

ဒီစုန်းမအိုကြီးက မသန်မစွမ်းဖြစ်နေတာတောင်မှ စိတ်မသက်မသာဖြစ်စေသေးတာပဲ!

ဝက်ခြေထောက်တွေက အလွန်ညှီပါသည်။ စွပ်ပြုတ်ထဲကို ဆားမထည့်ရင်၊ သောက်နိုင်မှာမဟုတ်ပေ၊ တစ်ငုံသောက်ပြီးရင် ထွေးထုတ်ရပါလိမ့်မည်!

ထျန်းယိုကို နို့တိုက်ဖို့အတွက် သူမကို ဒုက္ခခံခိုင်းသည်။

စွင်းမိသားစုက သူတို့ရဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အခိုင်းအစေ ငှားထားကြတာလား? !

လင်းဟုန်နက အရမ်းစိတ်တိုလာခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဝမ်းနည်းနေခဲ့သည်၊ ပြီးတော့ ဟန်ဆောင်ကောင်းနေတဲ့မိန်းမကြီး စွင်းမူကို သူမ မုန်းခဲ့ပါသည်။ အခု စွင်းမိသားစုထဲက သူမရဲ့နေရာကို ရှင်းရှင်းလင်းလင်း နားလည်သွားပါပြီ။

စွင်းမိသားစုနဲ့ လက်ထပ်လိုက်ရတာ ဘာအတွက်များလဲ?

စကားပြောခွင့်မရှိရင်၊ အထင်သေးခံနေရဦးမှာပါပဲ!

လူတွေက ဓားသမားနဲ့ငါးလိုဖြစ်ပြီး ငါးနဲ့အသားလိုပါပဲ။ လူတစ်ယောက်က ရက်စက်ကြမ်းကြုတ်တာမျိုး မဟုတ်ဘူးဆိုရင်၊ သူတို့ ဝင်ပါမှာ မဟုတ်ပေ။

လင်းဟုန်နက ခေါင်းကိုငုံ့လိုက်ပြီး သူမရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ စွင်းထျန်းယိုကို ကြည့်ခဲ့သည်။ ပြီးတော့ သူမစိတ်ထဲမှာ အစီအစဉ်တစ်ခုဆွဲနေခဲ့သည်။

*

၁၂ လ‌မြောက်မှာ၊ ယွင်ရွှေကောင်တီမှာ နှင်းမုန်တိုင်းနှစ်ခု ကျရောက်ခဲ့သည်။ ဒီနှင်းမုန်တိုင်းတွေက အရမ်းပြင်းထန်လွန်းလို့ မနက်ခင်းအပြင်ထွက်တဲ့အခါ၊ လူတွေကို မြှုပ်နှံလိုက်လို့ရခဲ့သည်။

နိုင်ငံတော်ပိုင်ဝက်ခြံရဲ့ နှစ်စဉ်ပိတ်ရက်ဖြစ်ပြီး သို့သို့ ကို အိမ်မှာ ကျန်းဆွေ့လန်က ကြည့်ရှုစောင့်ရှောက်ပေးရင်း၊ အလုပ်ကြိုးစားတဲ့ကောင်မလေး လင်းယောင်က စိတ်ချမ်းချမ်းသာသာနဲ့ အလုပ်သွားနိုင်ခဲ့သည်။

လက်တလော ကောင်တီမှာ အမှုတစ်ခုရှိခဲ့ပြီး ကုရှီအန်းက အရမ်းအလုပ်ရှုပ်နေခဲ့ကာ ဘယ်သူနဲ့မှ မတွေ့နိုင်ခဲ့ပေ။

လက်ထောက်ဒါရိုက်တာကုရဲ့ သယ်ယူပို့ဆောင်ရေး မရှိပဲ၊ မနက်စောစောမှာ လင်းယောင်က ဒုက္ခရောက်ရုံသာရှိသည်၊ အနက်ရောင် ရာဘာဖိနပ်ကို စီးပြီး အလုပ်သွားဖို့ နှင်းတွေပေါ်မှာ လျှောက်သွားခဲ့သည်။

ဝါဂွမ်းစက်ရုံတွေထဲမှာ မီးဖိုတွေ ပြင်ဆင်ခဲ့ကြပြီး ရုံးတစ်ခုချင်းစီမှာ တစ်ရက်ကို စက္ကူမီးပုံးငါးခု ထောက်ပံ့ပေးခဲ့သည်။ ထောက်ပံ့ပို့ဆောင်ရေးဌာနက သိပ်မကြီးပေ၊ ပြီးတော့ နွေးထွေးစေဖို့အတွက် တစ်ရက်ကို မီးပုံးငါးခု ထွန်းခဲ့ကြသည်။

လင်းယောင်က ရုံးကိုရောက်လာခဲ့ပြီး၊ သူမရဲ့ အနွေးဖိနပ်ကို အမြန်စီးကာ သူမရဲ့လက်တွေကို နွေးထွေးစေဖို့ ရေနွေးဘူးနဲ့ မီးဖိုရှေ့ကို သွားခဲ့သည်။

ကျိုးရှောင်ရွှယ်က မျက်နှာနီမြန်းစွာနဲ့ သူမထက် စောစောလာခဲ့သည်။ သူမက စားပွဲမှာ ဂျုံချောင်းကြော်ကို စားနေခဲ့ပြီး ပဲနို့သောက်နေခဲ့သည်။ သူမ လင်းယောင်ကို မြင်တဲ့အခါ၊ စိတ်လှုပ်ရှားစွာနဲ့ ရောက်လာခဲ့သည်။

" အစ်မလင်းယောင်၊ မနက်ဖြန်ဆို နှစ်စဉ်ပိတ်ရက်ရောက်ပြီ! အရမ်းမြန်တာပဲ။ "

လင်းယောင်က အံ့ဩသွားခဲ့ပြီး ရုတ်တစ်ရက် သဘောပေါက်သွားခဲ့သည်။

ဒီနေ့က ၁၂ လရဲ့ ၂၆ ရက်မြောက်ဖြစ်ပြီး နှစ်သစ်ကူးအကြိုနေ့က ဒီနှစ်အစောပိုင်းဖြစ်သည်။ နှစ်သစ်ကူးအကြိုနေ့ရောက်ဖို့ ရက်အနည်းငယ်သာ လိုတော့သည်။

ကျိုးရှောင်ရွှယ်ရဲ့ အဖေက ဝါဂွမ်းအထည်အလိပ်စက်ရုံရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သည်။ ပိတ်ရက်တွေနဲ့ နှစ်သစ်ကူးလက်ဆောင်ကို ဘာပေးမယ်ဆိုတာကို ကောင်မလေးက သေသေချာချာ သိနေခဲ့တာကြောင့် သူမရဲ့လက်ချောင်းတွေနဲ့ လင်းယောင်ကို ရေတွက်ပြနေခဲ့သည်။

" အဖေကပြောတယ်၊ ဒီနှစ်ရဲ့ဒုတိယနှစ်ဝက်မှာ အမြတ်ဝင်ငွေတွေ အခြေအနေ ကောင်းတယ်တဲ့။ မနှစ်က၊ နှစ်သစ်ကူး အသုံးအဆောင်ပစ္စည်းတွေကို စက်ရုံက မထုတ်လုပ်ခဲ့ဘူး။ ဒီနှစ်မှာတော့၊ ငါး၊ သကြား၊ သစ်သီးချိုချဉ်တစ်ပေါင်၊ ဆေးလိပ်လက်မှတ်နှစ်စောင်၊ အထည်စသုံးပေနဲ့ ဝက်သားတစ်ပေါင်အတွက် လက်မှတ်တွေ ပါတယ်။ အိုး နောက်ဆုံးတော့ ဒီနှစ်မှာ အသားဖက်ထုတ်စားလို့ရပြီ။ "

ကျိုးရှောင်ရွှယ်က တောင့်တတဲ့ အကြည့်နဲ့ သူမမျက်နှာကို လက်နဲ့အုပ်ထားခဲ့သည်။

မနှစ်က၊ ကောင်တီရဲ့ အခြေအနေက မကောင်းခဲ့ပါပေမယ့် ကျိုးမိသားစုရဲ့ အခြေအနေတွေကတော့ ကောင်းခဲ့ပါသည်။ ဆန်၊ ဂျုံ၊ ကောက်ပဲသီးနှံနဲ့ ဆီ ပြတ်လပ်မှုမရှိခဲ့ပေမယ့်၊ အသားကတော့ ဝယ်ရ တစ်ကယ်ခက်ခဲခဲ့ပါသည်။

သူမအမေရဲ့လက်ရာနဲ့တူပြီး သူမက စားရတာကြိုက်တာကြောင့် ကျိုးရှောင်ရွှယ်က ထပ်ပြီး အသားမစားခဲ့တော့ပေ။ ဖက်ထုပ်တွေကို မုန်လာထုပ်ချဉ်၊ ဝက်သားတို့နဲ့ အစာသွပ်ထားခဲ့သည်။

လောင်ကျိုးရဲ့မိသားစုမှာ မုန်လာထုပ်အချဉ်ရှိခဲ့ပေမယ့် အသားမရှိပေ။

မနှစ်က တရုတ်နှစ်သစ်ကူးအတောအ‌တွင်းမှာ၊ ကျိုးရှောင်ရွှယ် က ငိုပြီး သူမရဲ့အစာအိမ်ကို အချဉ်ပေါက်စေတဲ့ မုန်လာထုပ်အချဉ်ဖက်ထုပ်တွေကို တစ်ပန်းကန်လုံးစားခဲ့သည်။

လင်းယောင်က သူမရဲ့ခေါင်းကို မြတ်နိုးစွာ ကိုင်တွယ်ခဲ့သည်။

ကျိုးရှောင်ရွှယ်က ဆက်ပြောခဲ့သည်။ " အမေလုပ်ပေးခဲ့တဲ့ မုန်လာထုပ်ချဉ်နဲ့ဝက်သား ဖက်ထုပ်တွေက အရမ်းမွှေးတယ်။ ကြက်ဥလဲ ထည့်ထားခဲ့ပြီး အသားထဲမှာ ဝက်ဆီလဲ ထပ်ထည့်ပေးခဲ့တာ။ တစ်ကိုက်ကိုက်လိုက်တာနဲ့၊ အနံ့အရသာ အားလုံးပြည့်စုံတယ်။ နောက်ထပ် ဖက်ထုပ်တစ်ပန်းကန်လောက် စားကြရအောင်။ "

ကျိုးရှောင်ရွှယ်က သူမရဲ့တံတွေးကို မြိုချခဲ့သည်။ " မပြောနိုင်ဘူး။ စကားထပ်ပြောရင်၊ သွားရည်တွေကျလာလိမ့်မယ်။ "

ရုံးခန်းထဲက အအစ်မဟယ်က လက်ဖက်ရည်ခွက်ကိုကိုင်ကာ စကားပြောဖို့ ရောက်လာခဲ့သည်။

" မင်းတို့ ကလေးမလေးတွေ၊ မွေးလာတာ အချိန်ကောင်းပဲ။ ငါတို့ငယ်ငယ်က‌ ရှေးရိုးစွဲလူ့ပတ်ဝန်းကျင်မှာ မွေးလာရတာနဲ့ မတူတော့ဘူး။ သမီးအကြီးဆုံးကို မွေးတော့၊ မွေးဖို့ အရမ်းခက်ခဲခဲ့တာ။ သမီးကြီးရဲ့ လက်က အရင်ဆုံးထွက်လာခဲ့တာလေ။ ရှေးလူကြီးတွေကတော့ ဒီကလေးကို မွေးလို့မရဘူး၊ မိသားစုကို အန္တရာယ်ဖြစ်စေလိမ့်မယ်လို့ ပြောခဲ့ပေမယ့် သူမ တားလို့မရခဲ့ဘူးလေ။ အစ်မက လက်သည်ကို မောင်းထုတ်ခဲ့ပေမယ့် ကလေးကိုမွေးကြဖို့ အပြင်မှာ ယောက္ခမနဲ့ ရန်ဖြစ်နေတာ အမေဖြစ်နေခဲ့တာ၊ ဒါကြောင့် သမီးကြီးကို အန္တရာယ်ကင်းကင်းမွေးလာခဲ့တာပဲ။ အဲ့အချိန်တုန်းက အသက်နှစ်ဆယ်ပဲရှိဦးမယ်၊ ရှောင်ရွှယ်နဲ့ရွယ်တူပဲ၊ ယောင်ယောင်ထက်တော့ တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ငယ်မှာပါ။ "

အိမ်အောက်ထပ်ကို ရှင်းလင်းနေတဲ့ အဒေါ်ကြီးဟောင်က မီးလှုံဖို့ ရုံးခန်းထဲကို ဝင်လာခဲ့ပြီး စတင်စကားပြောခဲ့သည်။

" ရှေးလူ့အဖွဲ့အစည်းမှာ၊ လူတွေက စောစောအိမ်ထောင်ပြုကြပြီး အသက် ၁၈/၁၉ လောက်မှာ မိခင်ဖြစ်လာခဲ့ကြတယ်။ အခုခေတ်လူ့အဖွဲ့အစည်းကတော့ တိုးတက်လာပြီး ဘ‌ဝတွေက လုံခြုံမှုရှိနေကြပြီ။ ကလေးဝဝလေးမွေးထားတဲ့ ယောင်ယောင်ကိုပဲ ကြည့်။ ဒီခန္ဓာကိုယ်က သွယ်လျပြီး နူးညံ့နေတာပဲ။ သူမက မိခင်တစ်ယောက်နဲ့မတူပဲ ကြက်သွန်မြိတ်နဲ့တူတယ်။ ဆယ်ကျော်သက်အရွယ် ကောင်မလေးလိုပဲ။ ငါတို့နဲ့တော့ကွာပါ့။ "

လင်းယောင်က သွက်သွက်လက်လက် ပြောခဲ့သည်။ " ဘာလဲ? အဒေါ်ရဲ့ အသားအရည်ကောင်းမွန်နေတာ။ ပြီးတော့အစ်မကြီးရဲ့လက်တွေကို ကြည့်ပါဦး။ မုန်လာဥထက်တောင် ပိုနူးညံ့တာပဲ။ ဘယ်သူ့မှာ ဒီလောက်ကောင်းတဲ့အသားအရည်ရှိလို့လဲ? နောက်ဆို ဒီလိုခေါ်ကြရအောင်။ မစ်စ်ဟယ် ဒါမှမဟုတ် အစ်မဟောင်ဆိုပြီးလေ "

လင်းယောင်ရဲ့ ဟာသဉာဏ်က အစ်မဟယ် နဲ့ အဒေါ်ဟောင်တို့ကို ပါးစပ်တောင် မပိတ်နိုင်တော့တဲ့အထိ ပျော်အောင်လုပ်ပေးခဲ့သည်။

ကျိုးရှောင်ရွှယ်ကလဲ ရယ်မောခဲ့သည်။

နောက်ဆုံးတော့ အစ်မယောင်ယောင်က လူတွေကို ချော့တဲ့နေရာမှာ တစ်ကယ်တော်တယ်ဆိုတာ သူမ သိသွားခဲ့ပါသည်။

သူမက အစ်မယောင်ယောင်ဆီက ပိုပြီးသင်ယူခဲ့သင့်ပါသည်၊ ပြီးတော့ သူမရဲ့အစ်ကိုကြီးကို ကောင်းတဲ့အရာတွေ ပိုပြောလိုက်မည်။

အစ်ကိုကြီးကို သူမအတွက် သားရေအိတ်တစ်လုံးလောက် ဝယ်ခိုင်းရအောင်။

အစ်ကိုကြီး ကျိုးက သူအလုပ်မှာရှိနေတုန်း ရုတ်တစ်ရက် ကျယ်လောင်စွာ နှာချေခဲ့သည် - " . . . "

ညနေခင်းပိုင်းမှာ၊ နှင်းတွေ ထပ်ကျလာခဲ့သည်။ ဝါဂွမ်းအထည်အလိပ်စက်ရုံက အလုပ်ဆင်းတာနဲ့၊ အစ်ကိုကြီးကျိုးက ကျိုးရှောင်ရွှယ်ကို ကြိုဖို့လာခဲ့သည်။

လင်းယောင်က ဂွမ်းအနွေးထည်နဲ့ ဂွမ်းအနွေးဘောင်းဘီတို့ကို ဝတ်ခဲ့ပြီး လည်စည်းပတ်ကာ သူမရဲ့ ဗာဒံစေ့ပုံမျက်လုံးတွေကိုပဲ ဖော်ထားပြီး နှင်းထဲမှာ ခက်ခက်ခဲခဲ လမ်းလျှောက်ခဲ့သည်။

မနက်ခင်းက နှင်းခဲတွေတောင် အရည်မပျော်သေးပေ။ ပြီးတော့ ညနေခင်းမှာ ဆီးနှင်းတွေ ကျလာခဲ့ပြန်သည်။ နှင်းထဲမှာ ခနလောက် လမ်းလျှောက်ပြီးနောက်မှာ၊ လင်းယောင်က ပင်ပန်းနေခဲ့ပြီး အသက်ရှူမဝဖြစ်နေခဲ့သည်။

သူမရဲ့ခန္ဓာကိုယ်ကို နှင်းခိုဖို့နေရာ ရှာနေစဉ်မှာပဲ ရုတ်တရက် သူမခန္ဓာကိုယ်ကို မွေးပွကော်လံပါသော စစ်ကုတ်အင်္ကျီဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ စစ်ကုတ်အင်္ကျီက နွေးထွေးခဲ့ပါသည်။ လင်းယောင်က လှည့်ကြည့်လိုက်ပြီး ကုရှီအန်းရဲ့ မေးရိုးချွန်ချွန်လေးကို ကြည့်ကာ ပြောခဲ့သည်။

လင်းယောင်က ညည်းတွားခဲ့သည်။ "ဘယ်လိုလာခဲ့တာလဲ? "

ကုရှီအန်းက သူမရဲ့ အေးစက်ဖြူဖျော့နေတဲ့ မျက်နှာကို ငုံ့ကြည့်ခဲ့ပြီး မျက်မှောင်ကျုံ့ကာ သူအိမ်က ယူလာခဲ့တဲ့ လက်အိတ်တွေကို ဝတ်ပေးခဲ့သည်။ ပြီးနောက် အနီရောင်သိုးမွှေးတဘတ်ကို ထုတ်လိုက်ပြီး လင်းယောင်ကို အနှီးထုပ်ထဲက ကလေးလေးလို တိုက်ရိုက် ပတ်ထားပေးခဲ့သည်။

လင်းယောင်က ကန့်ကွက်ကာ ညည်းညူခဲ့သည်။ "လက်အိတ်တွေ ဝတ်ထားတယ်လေ။ "

" ဒီလက်အိတ်တွေက အရမ်းပါးတယ်၊ မင်းရဲ့လက်တွေ ခဲသွားလိမ့်မယ်။ "

လက်ထောက်ဒါရိုက်တာကုမှာ ခေါင်းမာတဲ့အပြုအမူရှိသည်။

လင်းယောင်က တည့်တည့်သာလျှောက်နိုင်တော့သည်။ အိမ်နားပတ်ဝန်းကျင်နဲ့ ရှင်းလင်းနေတဲ့ လမ်းပေါ်ကို လျှောက်လိုက်တဲ့အခါ၊ တစ်စုံတစ်ယောက် ပြောတာ မှန်နေခဲ့တာကို သူမ သဘောပေါက်သွားခဲ့သည်။

ဒီနေ့အရမ်းအေးသည်၊ လေအေးတွေက ခေါင်းကိုတောင် ခဲသွားစေနိုင်သည်။

ကံကောင်းစွာနဲ့ ကုရှီအန်းက သူမရှေ့မှာ ရပ်ပြီး လေတိုက်တာကို ကာကွယ်ပေးခဲ့သည်။ လင်းယောင်က မီးဖိုကြီးကို တင်းတင်းကြပ်ကြပ်ကိုင်ထားခဲ့ပြီး ဇနီးမောင်နှံနှစ်ယောက် အိမ်ကိုအမြန်ပြန်လာခဲ့ကြသည်။

သူမ အိမ်ကို ပြန်ရောက်တဲ့အခါ၊ လင်းယောင်က လက်ထောက်ဒါရိုက်တာကုကို လွှတ်ပေးပြီး မီးဖိုနားမှာ သူမရဲ့လက်တွေကို မီးလှုံဖို့ အထဲကို ဝင်သွားခဲ့သည်။

သူတို့မရောက်ခင် ကုရှီတုန်းက ကျောင်းကနေ အိမ်ကို ပြန်လာခဲ့သည်။ သူက ခွေးသားရေဦးထုပ်ကို ဆောင်းထားခဲ့ပြီး အိမ်ထဲမှာ ကန်စွန်းဥမီးဖုတ် စားနေခဲ့သည်။

သူဘာစားနေတာလဲဆိုတာကို ကောင်စုတ်လေးက အာရုံမစိုက်ခဲ့ပေ။ ပြီးတော့ သူစားလိုက်တဲ့အခါ၊ သူ့ပါးစပ်က စေးကပ်နေခဲ့သည်။

ကလေးလေး ကုသို့သို့က ကလေးပုခက်ထဲမှာ ရှိနေခဲ့ပြီး ဖတ်တီးလေးရဲ့ ပါးစပ်ကလဲ စေးကပ်နေခဲ့ပါသည်။

လင်းယောင်က လာကြည့်ခဲ့ပြီး၊ အိုး သူမသားက ကန်စွန်းဥမီးဖုတ်တွေ စားနေခဲ့ပြီး သူ့ရဲ့ပါးစပ်လေးက အိပ်နေတုန်းမှာ အနံ့ထွက်နေခဲ့သည်။

၇/၈ လပဲရှိသေးတဲ့ ဖတ်တီးလေးက ကန်စွန်းဥမီးဖုတ်ကို သေချာစားနိုင်နေသည်။

ပြီးတော့၊ ဒီကလေးသုန်ဇီကလဲ ဒီကိစ္စမှာပါဝင်နေသည်။

မိခင်တစ်ယောက်ဖြစ်တဲ့ လင်းယောင်က ဘာမှမစဉ်းစားနိုင်ခဲ့ပေ။ ကျန်းဆွေ့လန်က ကုသို့သို့ ကို ကြည့်ဖို့ ဝင်လာခဲ့သည်။

ဒီကလေးနှစ်ယောက်ကို သူမမြင်တဲ့အခါ ချက်ချင်း အင်္ကျီလက်တွေကို ခေါက်တင်လိုက်ပြီး တုတ်တစ်ချောင်းကိုယူကာ သူမသားနောက်ကို တစ်ခြံလုံး ပြေးလိုက်ခဲ့သည်။

" ဒီကောင်စုတ်လေးက အသားနာချင်လို့။ သို့သို့က ဘယ်လောက်ရှိသေးလို့လဲ? ဘာလို့ ကန်စွန်းဥမီးဖုတ်တွေ ကျွေးလိုက်ရတာလဲ? "

ကုရှီတုန်းက သူ့တင်ပါးကို ကာပြီး အသားကုန်အော်ကာ ပတ်ပြေးနေခဲ့သည်။

" ‌သို့သို့ က အရသာရှိရှိစားနေခဲ့တာ။ အား! ခေါင်းကို မရိုက်လို့ရမလား? အား၊ ရဲဘော်ဆွေ့လန်ရေ၊ ကျေးဇူးပြုပြီး သနားညှာတာပေးတော်မူပါ!!! "

ကောင်စုတ်လေးကတော့ အပြင်မှာ အရိုက်ခံရသည်။

လင်းယောင်က အိပ်ယာပေါ်မှာ ပျင်းရိစွာ လှဲခဲ့သည်။ ကုရှီအန်းက ခေါင်းခါလိုက်ပြီး ရေထည့်ခဲ့ကာ ကုသို့သို့ ရဲ့ လက်လေးတွေနဲ့ ပါးစပ်ကို သန့်ရှင်းစေဖို့ သုတ်ပေးခဲ့သည်။

၁၂ လရဲ့ ၂၈ ရက်မြောက်မှာ၊ လင်းယောင်က လင်းရိဆီကနေ ငွေပေးပို့ခြင်းဖြတ်ပိုင်းနဲ့ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

ဒီလူကြီးက ရက်ရောတဲ့လူတစ်ယောက်လဲဖြစ်သည်။ သူ့မှာ တူတစ်ယောက်ရှိတယ်ဆိုတာကို ကြားရတဲ့အခါ၊ သူက ချက်ချင်း ယွမ်တစ်ထောင် ပို့ပေးခဲ့ပါသည်။ စာထဲမှာ၊ သို့သို့က ဘယ်သူနဲ့တူလဲဆိုတာကို ဦးလေးဖြစ်သူက အများကြီး ပြောထားခဲ့သည်။ သို့သို့ ရဲ့ ပုံလေးတွေ မရှိဘူးလား၊ လင်းမိသားစုရဲ့ မျက်နှာကျရှိရဲ့လား? ဓာတ်ပုံတွေမရှိရင်၊ အမြန်ရိုက်ပြီး သူ့ရဲ့ "လွမ်းနာကျမှု" ကို သက်သာစေဖို့ သူ့ဆီကို ပို့ပေးပါဆိုတဲ့အကြောင်းတွေ ရေးထားခဲ့သည်။

ပြီးနောက်၊ သူ့ညီမလေးပို့ပေးတဲ့ လက်အိတ်တွေနဲ့ ယောင်ယမ်းခြင်းအတွက် လိမ်းဆေးတွေက တစ်ကယ်ကို အချိန်ကိုက် အကူအညီများစွာရရှိခဲ့ကြောင်း၊ နယ်မြေထဲက စစ်သားတွေအတွက် ဆောင်းရာသီမှာ နွေးထွေးစေခဲ့ကြောင်း သူ့ညီမလေးကို ချီးမွမ်းနေခဲ့သည်။

နောက်ဆုံးမှာ၊ သူ့လက်ထဲမှာ ထောက်ပံ့ကြေးတွေအများကြီးရှိနေခဲ့တယ်ဆိုတာကို ရဲဘော်လင်းရီက သေချာ ရှင်းပြခဲ့သည်။ ပထမဆုံး သူ့ညီမနဲ့ တူလေးဆီကို ယွမ်တစ်ထောင်ပို့ပေးခဲ့တာကြောင့် သူတို့နဲ့ သို့သို့ အတွက် စားချင်တာစား သောက်ချင်တာသောက်လို့ ရခဲ့သည်။ ပိုက်ဆံမလောက်ရင်၊ အစ်ကို့ဆီကို စာရေးလိုက်မည်ဖြစ်သည်။

စာကိုဖတ်ပြီးတဲ့နောက်မှာ၊ လင်းယောင်ရဲ့နှလုံးသားလေး နွေးထွေးသွားခဲ့ပြီး ပြုံးနေခဲ့သည်။ သူမက ဖက်တီးလေးကို နမ်းခဲ့ပြီး ကုရှီအန်းနဲ့ဆွေးနွေးကာ ‌ထောက်ပံ့ရေးပစ္စည်းတစ်ချို့ဝယ်ဖို့ သူမရဲ့ကိုယ်ပိုင်ပိုက်ဆံကိုသုံးစွဲခဲ့ပြီး ရှင်းကျန်း နယ်မြေကို ပို့ပေးခဲ့သည်။

ယောင်ယမ်းခြင်းအတွက် လိမ်းဆေး ၁၀ဘူး၊ အလုပ်သမားသုံးလက်အိတ် တစ်ရာ၊ ဂွမ်းခြေအိတ်အစုံတစ်ရာ၊ သိုးသားအပိုင်းတစ်တုန်း၊ အပ်၊ အပ်ချည်၊ ပင့်ကူအဆီ၊ ဆူးပန်းအဆီ၊ တဘက်နဲ့ ဆပ်ပြာတွေ၊ သကြားညိုနဲ့ တစ်ခြားပစ္စည်းတွေလိုမျိုး ထူးထူးခြားခြားပစ္စည်းတွေကို ပို့ပေးခဲ့သည်။ သူတို့က သေးငယ်တဲ့ပစ္စည်းတွေဖြစ်ကြပြီး အေးတဲ့နေရာရော နွေးတဲ့နေရာမှာပါ သိမ်းထားလို့ရသည်။ လင်းယောင်က အဲ့ဒီပစ္စည်းတစ်ချို့ကို စုဆောင်းပေးခဲ့ပါသည်။

ကောင်တီစာတိုက်ရုံးက လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖွင့်ခဲ့တယ်ဆိုတာကို အသုံးချပြီး ဇနီးမောင်နှံနှစ်ယောက်က အတတ်နိုင်ဆုံး စောစောစီးစီး အထုတ်ကို ပို့ခဲ့ကြသည်။

တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာ၊ ကောင်တီက စက်ရုံကြီးတွေက ပိတ်ရက်တွေရကြပြီး နှစ်သစ်ကူးထုတ်ကုန်တွေ ထုတ်လုပ်ခဲ့ကြသည်။

ဝါဂွမ်းအထည်အလိပ်စက်ရုံက ရေချိုးလက်မှတ်နှစ်စောင်နဲ့ ၃၅ ဆင့်စာ ငွေတောင်းခံလွှာတစ်ခု ထုတ်ဝေခဲ့သည်။

ကောင်တီပြည်သူ့လုံခြုံရေးဌာနနဲ့ စတီးစက်ရုံတို့ကလဲ ရေချိုးလက်မှတ်တွေနဲ့ ဆပ်ပြာလက်မှတ်တွေ ထုတ်ဝေခဲ့ကြသည်။ လောင်ကုရဲ့ မိသားစုက ရေချိုးကြဖို့ ရေချိုးအိတ်တွေနဲ့ ဇလုံလေးတွေကို လမ်းထဲက နိုင်ငံပိုင်ရေချိုးခန်းဆီကို သယ်သွားခဲ့ကြသည်။

ဒီခေတ်မှာ၊ ရေချိုးခန်းတွေကို ယောင်္ကျားလေးနဲ့ မိန်းကလေး ခွဲခြားထားကြသည်။ သူတို့အားလုံးက ရေနွေးကန်အကြီးတွေ ဖြစ်ကြသည်။ ရေချိုးခန်းက ဈေးမကြီးတဲ့ ရေချိုးလက်မှတ်တွေ လိုအပ်ပါသည်။

ကုသို့သို့ က ပထမဆုံးအနေနဲ့ ရေချိုးကန်ကြီးထဲမှာ ရေချိုးခဲ့ပါသည်။ ရေနွေးထဲမှာ သူ့လက်လေးတွေကို စိတ်လှုပ်ရှားစွာ တစ်ဖျပ်ဖျပ်လှုပ်ရင်း အော်နေခဲ့သည်။

လင်းယောင်က သူ့ကို ထပ်ပြီးမချော့နိုင်ခဲ့တာကြောင့်၊ သူမက ရေအမြန်ချိုးခဲ့ပြီး သူမရဲ့ သန့်ရှင်းနေတဲ့သားလေးကိုချီကာ ခန်းမထဲမှာ သူမရဲ့မိသားစုကို စောင့်နေခဲ့သည်။

သူ့ဇနီးရဲ့ရင်ခွင်ထဲမှာ သူ့သားလေးက ခြေထောက်ဖောင်းဖောင်းလေးတွေနဲ့ ခုန်နေတာကိုမြင်တဲ့အခါ၊ ကုရှီအန်းက အမြန်ဆေးကြောခဲ့သည်။ ‌သူက ခြေလှမ်းကျဲကျဲနဲ့လျှောက်လာခဲ့ပြီး ဖက်တီးလေးကို ချီလိုက်သည်။

လင်းယောင်က စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပြီး ခန်းမထဲက ကျောက်တိုင်ကိုမှီကာ အနားယူနေခဲ့သည်။

ကုသို့သို့က ပန်းပွင့်ပုံပါတဲ့ ဂွမ်းအနွေးထည်ကို ဝတ်ထားခဲ့ပြီး သူ့အဖေရဲ့ရင်ခွင်ထဲမှာ ခုန်ပေါက်နေခဲ့သည်။ သူ့ဖင်လေးမှာ စပရင်ပါနေခဲ့သလိုပါပဲ။ သူက မရိုးသားခဲ့ပေ။ ကုရှီအန်းက သူ့ရဲ့ဘယ်လက်နဲ့ ဖက်တီးလေးရဲ့ဖားဗိုက်လေးကို ကိုင်ထားခဲ့ပြီး လင်းယောင်ကို ကူညီပေးဖို့ ညာဘက်လက်ကို ဆန့်ထုတ်ခဲ့သည်။ ပုခုံးပေါ်မှာ ပြန့်ကျဲနေတဲ့ ဆံပင်ရှည်တွေကို နားမှာညှပ်ပေးခဲ့သည်။

လင်းယောင်က ရေချိုးခဲ့ပြီး၊ သူမရဲ့မျက်နှာလေးက မက်မွန်ပွင့် ရနံ့လေး‌နဲ့ ပြည့်နေခဲ့သည်။ လက်ထောက်ဒါရိုက်တာကုရဲ့ လည်ဇလုတ် လှုပ်ခတ်သွားခဲ့သည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘယ်သူမှမရှိတဲ့အခါ၊ သူ့ခေါင်းကိုငုံ့ပြီး အမွှေးနံ့တစ်ချို့ကို ခံစားချင်ခဲ့သည်။ သူ့ခေါင်းကို ငုံ့လိုက်တာနဲ့၊ ဘန်း!

လက်ဖောင်းဖောင်းလေးက ကုရှီအန်းရဲ့ ချောမောတဲ့မျက်နှာကို လာရိုက်ခဲ့သည်။

All Chapters