အခန်း (၈၈)
Vol. 8 Ch. 88
" အားး။ "
ကုသို့သို့ က သူ့ရဲ့လက်ဖောင်းဖောင်းလေးတွေကို ဝှေ့ယမ်းပြီး သူ့အဖေကို အော်နေခဲ့သည်။
ကုရှီအန်းရဲ့မျက်နှာက အေးစက်နေခဲ့သည်၊ လင်းယောင်ရဲ့မျက်ခုံးတွေက အပြုံးလေးနဲ့တွန့်နေခဲ့ပြီး သူမရဲ့မျက်ဝန်းအိမ်ထဲကနေ မျက်ရည်ကြည်လေးတွေ စီးကျလာခဲ့ကာ မျက်ရည်တွေနဲ့ပြည့်နေတဲ့ ဗာဒံစေ့မျက်ဝန်းလေးက အလွန်ဆွဲဆောင်မှုရှိနေခဲ့သည်။
လက်ထောက်ဒါရိုက်တာကုက တည်ငြိမ်စွာနဲ့ ရှေ့ကိုလမ်းအနည်းငယ် လျှောက်လိုက်ပြီး လင်းယောင်ကို ရေချိုးခန်းမရဲ့ ထောင့်ဆီ တွန်းပို့လိုက်သည်။ တစ်ယောက်ယောက်က သူမကို မီးတောက်နေတဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့သည်။ သူမက သူ့ကိုကြည့်လိုက်တဲ့အခါ၊ လင်းယောင်ရဲ့မျက်နှာလေး နီရဲပြီး ပူလောင်လာခဲ့သည်။ ပြီးတော့ သူမက သူ့ကို ဆွဲဆိတ်ခဲ့သည်။
" ဘာလုပ်နေတာလဲ? လူမြင်ကွင်းကြီးမှာနော်။ "
ကုရှီအန်းရဲ့ အသားအရေက ကြမ်းတမ်းပြီး အသားထူသည်။ သူ့ဇနီးက လက်ကလေးတွေနဲ့ သူ့ကိုဆွဲဆိတ်တဲ့အခါ၊ လုံးဝမနာခဲ့ပေ။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကတော့ ထုံသွားခဲ့သည်။ သူက လင်းယောင်ရဲ့ နှုတ်ခမ်းရဲရဲလေးတွေကို စိုက်ကြည့်နေခဲ့ပြီး တံတွေးမြိုချလိုက်ကာ စကားပြောဖို့လုပ်ခဲ့သည်။
ရေချိုးပြီးတဲ့နောက်မှာ၊ ကုရှီတုန်းက အမျိုးသားရေချိုးခန်းထဲက ပြေးထွက်လာခဲ့သည်။
" အစ်ကိုကြီး၊ မရီး၊ ဘာလို့အဲ့လောက်ကြီး နီးနီးကပ်ကပ်ရှိနေကြတာလဲ? "
လင်းယောင်က သူ့ကို ပုတ်လိုက်ပြီး ပြောခဲ့သည်။
" သုန်ဇီ ခေါ်နေတယ်၊ သို့သို့ကို ပေးခဲ့ပြီး ရှင်တို့နှစ်ယောက် စကားပြောကြဦး။ "
ပြောပြီးတဲ့နောက်မှာ၊ လင်းယောင်က ဘူးမှုတ်နေတဲ့ကလေးလေး ကုသို့သို့ ကို ချီပြီး ထွက်ပြေးသွားခဲ့သည်။
ကုရှီတုန်းက ခေါင်းကုတ်ရင်းကျန်ခဲ့ပြီး သူ့အစ်ကိုကြီးကို ရိုးအစွာ ပြုံးပြခဲ့သည်။
ကုရှီအန်း - " . . . . . . "
၁၂ လမြောက်ရဲ့ ၂၉ ရက်မြောက်နေ့ မနက်ခင်းမှာ၊ ကောင်စုတ်လေး သုန်ဇီက လက်ထောက်ဒါရိုက်တာကုကို စောင်အောက်ထဲက ထွက်ခဲ့ဖို့ ပြောခဲ့သည်။ သူက အပြေးလေ့ကျင့်ခန်း၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းနဲ့ အမြင့်ခုန်လေ့ကျင့်ခန်းတွေ လုပ်ခဲ့သည်။ အရမ်းပင်ပန်းလွန်းလို့ အော်ဟစ်နေခဲ့သည်။
၁၂ လမြောက်ရဲ့ ၂၈ ရက်မြောက်နေ့မှာ၊ လောင်ကုတို့မိသားစု သန့်ရှင်းသပ်ရပ်နေကြသည်။ ၂၉ ရက်မြောက်နေ့မှာတော့၊ ခြံဝင်းတိုင်းက အိမ်ခြေတိုင်းမှာ ထမင်းရနံ့က စတင်မွှေးပျံ့လာခဲ့ကြသည်။ ကျန်းဆွေ့လန်က တရုတ်နှစ်သစ်ကူးအတွက် သူမရဲ့ချွေးမကို အိမ်မှာ ပေါက်စီတွေနဲ့ ပန်းမုန့်လိပ်တွေ ပေါင်းဖို့ခွင့်ပြုခဲ့သည်။
မနှစ်က၊ မိသားစုက ကျေးလက်မှာ တရုတ်နှစ်သစ်ကူးကို ကျင်းပခဲ့ကြသည်။ တောင်တန်းထူထပ်တဲ့ဒေသမှာတည်ရှိပြီး ကောင်တီမြို့မှာလောက် မစည်ကားပေမယ့်လည်း၊ တရုတ်နှစ်သစ်ကူးရဲ့ အငွေ့အသက်တွေ ရှိနေသေးပြီး လိုအပ်တဲ့ပစ္စည်းတွေအားလုံးလဲ ရှိခဲ့ပါသည်။
ဆန့်ကျင်ဘက်အနေနဲ့၊ ဒီနှစ်မှာတော့ နှစ်သစ်ကူးကို ကျင်းပဖို့ မြို့ကို ပြန်လာခဲ့ကြပါသည်။ မိသားစုလေးခု၊ ငါးခုလောက် ခြံဝင်းကျယ်ကြီးထဲမှာ နေထိုင်ခဲ့ကြသည်။ နှစ်သစ်ကူးအတွက် အစားအသောက်တွေကိုတော့ ပုံမှန်အတိုင်း အလွယ်တကူ ပြင်ဆင်လို့ မရနိုင်ခဲ့ပေ။
၁၂ လမြောက်ရဲ့ ၂၉ ရက်မြောက် နေ့လည်ခင်းမှာ၊ စတီးစက်ရုံမှာ နှစ်သစ်ကူး အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချခဲ့သည်။ ဆရာ ကုမန်ဆန်က အလွန်ရက်ရောစွာနဲ့ နှစ်သစ်ကူးလက်ဆောင်တွေ ပေးခဲ့သည်။ စတီးစက်ရုံက ကောင်တီမှာ တစ်ကယ်ကို ဦးဆောင်နေတဲ့စက်ရုံကြီးတစ်ခု ဖြစ်ပြီး တစ်ခြားနိုင်ငံပိုင်စက်ရုံတွေက မီးခြစ်ဆံလက်မှတ်တွေ၊ ဆားလက်မှတ်တွေနဲ့ ငံပြာရည်လက်မှတ်တွေ စတဲ့ လက်ဆောင်တွေကိုသာ ပေးခဲ့ကြသည်။
စတီးစက်ရုံက စတင်လည်ပတ်တာနဲ့၊ သကြားညိုတစ်ပေါင်၊ အဝတ်တံဆိပ်ခေါင်းသုံးပေ၊ ဝက်ဗိုက်သားတစ်ပေါင်နဲ့ ဂျုံဖြူတစ်ပေါင်တို့ကို ဖြန့်ဖြူးရောင်းချခဲ့သည်။ အဲ့တာတွေက ပထမတန်းစားဖြစ်ပြီး တတ်နိုင်သောပမာဏဖြစ်ပေသည်။
ကုမန်ဆန်က နှစ်သစ်ကူး အသုံးအဆောင်တွေကို သယ်ပြီး အိမ်ကို ပျော်ရွှင်စွာ ပြန်လာခဲ့သည်။
ခြံဝင်းထဲမှာ၊ ကုရှီအန်းက သူ့ရဲ့အင်္ကျီလက်တွေကို ခေါက်တင်လိုက်ပြီး ရေတွင်းဘောင်ဘေးက ဝက်သားတုန်းကြီးကို ကောက်ယူခဲ့သည်။
ကုမန်ဆန်က ပျော်ရွှင်စွာနဲ့ ပြုံးစိစိလုပ်နေခဲ့ပြီး အဖွားကြီးကို အလုပ်ပေးခဲ့သည်။ နိုင်ငံရဲ့အာဟာရပြည့်ဝတဲ့ ဝက်ခြံကလဲ နှစ်သစ်ကူးအသုံးအဆောင်တွေကို ပေးဝေခဲ့သည်။
နိုင်ငံပိုင်ဝက်ခြံက အလုပ်သမားတွေကို ဝက်သားတွေ ရောင်းချပေးသည်။ တန်းတူညီမျှမှုနဲ့ တရားမျှတမှုကို အာရုံစိုက်ကြဖို့အတွက်၊ သူတို့အားလုံးက အသားတွေရောင်းချပေးဖို့ ပါဝင်ကြသည်။
ဝက်ကြီးဆီက ကောင်းတဲ့အသားတွေကို ဝက်သား၊ ဝက်နှလုံး၊ အဆုတ်၊ အသည်း စတဲ့ တန်ဖိုးနည်းတဲ့အစိတ်အပိုင်းတွေကိုချန်ပြီး ကုန်စုံဆိုင်တွေမှာ ရောင်းချလေ့ရှိကြသည်။ လူကြိုက်အများဆုံးကတော့ ဝက်သားဖြစ်သည်။
ကျန်းဆွေ့လန်က အရင်နှစ်တွေမှာ ကံမကောင်းခဲ့ပေမယ့် ဒီနှစ်မှာတော့ သူမ ကံကောင်းခဲ့ပါသည်။ သူမက ဝက်ခေါင်းကြီးကို ရုတ်တစ်ရက် ရရှိခဲ့ပြီး မိသားစုတစ်ခုလုံး အလွန်ပျော်ရွှင်ခဲ့ကြသည်။
သေချာတာကတော့၊ ဘေးအိမ်က သူဌေးကြီးက ကုမန်ဆန်ကို မြင်တဲ့အခါ၊ သူက သွားရောက်ပြီး စကားပြောခဲ့ပါသည်။
"မန်ဆန်၊ ဒီနှစ်မှာ ကောင်းကောင်းကျွေးမွေးခဲ့တာပဲ။ ဒါက ဝက်ခေါင်းနဲ့ ဝက်ဗိုက်သားတွေ။ အချိန်ယူပါ၊ အဖိုးကြီးရ။ နှစ်သစ်ကူးအကြိုနေ့မှာ ပါးစပ်တစ်ခုလုံး အဆီတွေပြည့်နေအောင် မစားနဲ့ဦး။ အရမ်းစားကောင်းလို့ ငါ့မှာအိပ်လို့တောင်မပျော်ဘူး"
ကုမန်ဆန်က ရိုးရိုးသားသား ပြုံးပြခဲ့သည်။
" တာ့ဖု မင်းတို့မိသားစုလဲ ဝက်ဗိုက်သားနှစ်ကီလိုရထားတယ်မဟုတ်ဘူးလား? အစ်မ ကျားရှင်းကလဲ ဝက်ဆားနယ်ခြောက်တွေ ပို့ပေးထားသေးတယ်။ "
ဒီစကားတွေ ထွက်လာတာနဲ့၊ သူဌေးကြီးက သူ့ခေါင်းကိုမော့ပြီး အသံကျယ်ကျယ်နဲ့ ပြောခဲ့သည်။
" မဟုတ်ဘူး၊ အပြင်ဘက်က အဖိုးကြီးတွေက သမီးတစ်ယောက်ကို ပျိုးထောင်တာ အသုံးမဝင်ဘူးဆိုတာကို တစ်နေ့လုံး ပြောနေကြတာ။ ငါ့ရဲ့မိသားစုက ရှင်းကျားယွီကတော့ တကယ်သိတတ်လိမ္မာတာ။ သူမက တစ်နှစ်ပတ်လုံး ဒီအဝတ်အစားတွေကိုပဲ ဝတ်ပြီး နှစ်သစ်မှာလဲ အသားတွေနဲ့ မုန့်တွေကို ပေးသေးတယ်။ အမေကြီးနဲ့ငါ အသက်ကြီးလာတဲ့အနေနဲ့၊ ငါတို့သမီးတွေမွေးထားတဲ့ ကောင်းကျိုးတွေကိုလဲ ငါတို့ခံစားရမှာပါ။ "
ကုမန်ဆန်က ခေါင်းညိမ့်ခဲ့ပြီး ပြုံးနေခဲ့သည်။
တာ့ဖုတို့ ဇနီးမောင်နှံက သူတို့ရဲ့ဘဝမှာ သမီးနှစ်ယောက်ပဲ ရှိသည်။ ဒီနေ့ခေတ်မှာ၊ ကျေးလက်ဒေသမှာတင်မဟုတ်ပဲ၊ မြို့ပေါ်မှာတောင် သားယောကျ်ားလေး မရှိတာက ချို့တဲ့ခြင်းတစ်ခုပါပဲ။ သမီးတွေ အိမ်ထောင်ကျသွားတာက သဲထဲရေသွန်တာပဲ ဖြစ်သည်။
ကံကောင်းစွာနဲ့၊ ဦးလေးတာ့ဖုက စတီးစက်ရုံရဲ့ အလုပ်ရုံဒါရိုက်တာ ဖြစ်သည်။ သူက ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး သူ့လက်ထဲမှာ အာဏာရှိသည်။ အနည်းဆုံးတော့၊ တစ်ခြားလူတွေ သူ့ရှေ့မှာ အတင်းမပြောရဲတော့ပေ။
သို့သော်လည်း၊ ဒါက သူ့ရဲ့ အကြီးမားဆုံးပြဿနာတစ်ခု ဖြစ်သည်။ အခု သမီးနှစ်ယောက်က ကောင်းကောင်းမွန်မွန် နေထိုင်နေကြပြီဖြစ်သည်။
သူတို့က မိဘအိမ်ကို ပစ္စည်းကောင်းတွေ အမြဲတမ်း ပို့ပေးကြသည်။ သူဌေးကြီးက သူ့ကိုယ်သူ ဂုဏ်မယူခဲ့ပေ၊ ပြီးတော့ သူ့ရဲ့အိမ်နီးချင်းတွေရှေ့မှာ ကြွားဖို့ အခွင့်အရေးကိုလဲ လက်လွှတ်လိုက်သည်။
ကုမန်ဆန်က ကြင်နာတတ်ပြီး ကူညီတတ်သည်။
သူဌေးကြီးက ပြုံးခဲ့ပြီး သူ့လက်ကို နောက်ပစ်ကာ သီချင်းညည်းရင်း အိမ်ကိုပြန်သွားခဲ့သည်။
ကုမန်ဆန်က လက်ဆေးပြီး ရေနွေးတစ်ဇလုံနဲ့ မီးဖိုချောင်ထဲကို ဝင်သွားခဲ့သည်။ အထဲမှာ ကျန်းဆွေ့လန်က ပန်းမုန့်လိပ်တွေ ပေါင်းရင်း အလုပ်ရှုပ်နေခဲ့သည်။ အဖိုးကြီးနဲ့ ဦးလေးတာ့ဖုတို့ အကြာကြီး စကားပြောနေတာကို သူမတွေ့တဲ့အခါ၊ သူမက ပြောခဲ့သည်။ " အခု တာ့ဖုနဲ့ ဘာတွေပြောနေခဲ့ကြတာလဲ? "
တာ့ဖုရဲ့ မာနကြီးတဲ့ရုပ်ကို ကြည့်လိုက်ပါ၊ သူမရဲ့ယောကျ်ားက ရန်ဖြစ်တာမှာ နိုင်လာတဲ့ပုံပဲ။ " ဘာမှမဟုတ်ပါဘူး။ ကျားယွီနဲ့ ကျားရှင်းတို့ညီအစ်မက သူတို့အိမ်ကို ဝက်ဆားနယ်ခြောက်တွေ ပို့လိုက်ပြန်ပြီလေ။ "
" မနက်စောစောမှာ လမ်းကြားထဲကို တာ့ဖု ငါးကြိမ်၊ ခြောက်ကြိမ်လောက် လှည့်ပတ်သွားနေတာ မထူးဆန်းတော့ပါဘူး "
လင်မယားနှစ်ယောက်က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေကြသည်။
အရှေ့ဆောင်မှာ၊ ကုသို့သို့က ခူကောင်ဝဝလေးလိုပဲ ပန်းပွင့်ပုံပါတဲ့ ဂွမ်းအနွေးထည်နဲ့ အစိမ်းရောင်ဘောင်းဘီတို့ကို ဝတ်ဆင်ထားခဲ့သည်။ လက်သီးလေးတွေကို ဆုပ်ထားပြီး မှောက်ရက်ကလေးနဲ့ ခေါင်းကိုထောင်ကာ သူ့လက်လေးတွေကို ဝါးနေခဲ့သည်။
ဖက်တီးလေး အော်ဟစ်နေတာကို လင်းယောင် ကြားလိုက်ရသည်။ သူမက လက်ခုပ်တီးပြီး တစ်ချက်ကြည့်ဖို့ အိမ်ထဲကို ပြန်ဝင်သွားခဲ့သည်။
ဖက်တီးလေးက ဝမ်းရော၊ ဆီးရော မသွားထားပေ။ သူက အခုလေးတင် ပုစွန်ကြက်ဥပေါင်းတစ်ပန်းကန် စားထားခဲ့သည်။ သူ ဗိုက်ပြည့်နေခဲ့ပြီး သူ့အမေကို ခေါ်ဖို့ လုပ်ခဲ့တာဖြစ်သည်။
လင်းယောင်က ကလေးကို ချီလိုက်ပြီး သူ့နှာခေါင်းလေးကို တို့ကာ ပညာသင်ပေးခဲ့သည်။
" ကလေး ကုသို့သို့၊ မင်းက ဒီလိုငယ်ငယ်လေးနဲ့ ကမ္ဘာပေါ်က အရူးလေးဖြစ်ပြီး ပျော်မြူးနေတာပဲ။ မင်းအသက်ကြီးလာတဲ့အခါ၊ မိန်းမ မယူမိအောင် ဂရုစိုက်နော်။ "
ဖက်တီးလေးက သူ့အမေပြောတာကို နားမလည်ဘူးဆိုတဲ့ပုံစံနဲ့ မျက်တောင်ခတ်ပြခဲ့ပြီး အပြင်ကို သွားဆော့ဖို့ သူ့လက်ကို ယမ်းပြခဲ့ပါသည်။
ဆောင်းရာသီရဲ့နေရောင်ခြည်က အိမ်ထဲကို ပြတင်းပေါက်တွေကတစ်ဆင့် ဖြာကျနေခဲ့သည်။ နေမွန်းတည့်တော့မည်ဖြစ်ပြီး နေမင်းက အပြင်ဘက်မှာ ထွန်းလင်းနေတုန်း ဖြစ်သည်။
လင်းယောင်က သူမသားကို လည်စည်းအသေးလေး ပတ်ပေးခဲ့ပြီး ဦးထုပ်အသေးလေးနဲ့ ဂွမ်းလက်အိတ်တွေကို ဝတ်ပေးခဲ့သည်။ သို့သို့ ဆောင်းထားတဲ့ ဦးထုပ်လေးက အတွင်းဘက်မှာ ဂွမ်းအလွှာနဲ့ ဦးထုပ်ရဲ့တစ်ဘက်စီမှာ ယုန်အမွှေးလုံးလေးတွေ ထည့်ထားပြီး အသစ်ချုပ်ပေးထားခဲ့တာဖြစ်ပါသည်။ သူ့ကိုချီပြီး လမ်းလျှောက်ကာ ရှုခင်းကြည့်ဖို့ ခြံဝင်းထဲကို သွားခဲ့ကြသည်။
ကုရှီအန်းက ခြံထဲမှာ ဝက်ခေါင်းကို ယူလာခဲ့ပြီး ဝက်ခေါင်းကို ရေနွေးလောင်းကာ မီးဖိုပေါ်မှာ အပူပေးခဲ့သည်။ ဝက်ရဲ့ နားနဲ့ နှာခေါင်းပေါ်က ဝက်မွှေးတွေကို မီးမြှိုက်ခဲ့သည်။
ဒီမြင်ကွင်းက အရမ်းမလှပခဲ့ပေ။ ဝက်ခေါင်းကြီးက ဖက်တီးလေးလန့်သွားမှာကို လင်းယောင်က စိတ်ပူနေခဲ့တာကြောင့် ဖြတ်သွားတဲ့အခါ ကလေးရဲ့ မျက်လုံးကို အုပ်ထားပေးခဲ့သည်။
သို့သော်လဲ၊ ကုသို့သို့က သတ္တိရှိတဲ့ကောင်လေးဖြစ်သည်။ သူ့ရဲ့ ချစ်ဖေဖေကို တွေ့တဲ့အခါ၊ အော်ဟစ်ခဲ့သည်။ ပါးဖောင်းလေးက လက်ကလေးနဲ့ သူ့အမေကို ဆွဲပြီး လှည့်ကာ သူ့အဖေနဲ့ ဝက်ခေါင်းကြီးဆီကို သွားကြည့်ဖို့ လှည့်ကြည့်ခဲ့သည်။
ကျန်းဆွေ့လန်က မီးဖိုချောင်ထဲကနေ ခေါင်းထွက်ကြည့်ခဲ့သည်။
" ဒီမှာ ဆီငွေ့တွေ အများကြီးပဲ။ ယောင်ယောင်၊ သို့သို့ ကို ချီပြီး ဝေးဝေးမှာသွားနေဦး။ "
ကလေးလေးရဲ့အာရုံကိုဖမ်းစားဖို့ သူ့တူလေးအတွက် သူ့အစ်ကိုကြီးလုပ်ပေးထားတဲ့ သစ်သားလူရုပ်လေးကိုလဲ ကုရှီတုန်းက ယူလာခဲ့သည်။
"သို့သို့၊ သစ်သားလူက လမ်းလျှောက်နေတယ်။ "
သစ်သားအရုပ်လေးက အရောင်တောက်တောက် ခြယ်သထားပြီး သူ့ရဲ့လက်ထဲမှာ ကိုင်ထားတဲ့အခါ၊ အသက်ဝင်နေသလိုပါပဲ။ ကုသို့သို့က ချက်ချင်းစိတ်ဝင်စားလာခဲ့ပြီး၊ သူ့ရဲ့လက်ဖောင်းဖောင်းလေးနဲ့ ကိုင်ထားခဲ့ပြီး သစ်သားအရုပ်လေးကို သူ့ပါးစပ်ထဲကို ထိုးထည့်ခဲ့သည်။
လင်းယောင်က အမြန်ဆွဲထုတ်လိုက်သည်။
သို့သို့က မကျေမနပ်နဲ့ သူ့အမေကို ဘူးမှုတ်ပြခဲ့ပြီး သူ့ရဲ့ပါးစပ်ရဲရဲလေးကို ဟထားခဲ့သည်။ ကလေးလေး သွားပေါက်ပြီလားဆိုတာကိုကြည့်ဖို့ လင်းယောင် အခွင့်အရေးရခဲ့သည်။ သေချာပေါက်၊ ဖက်တီးလေးမှာ အခုမှပေါက်လာတဲ့ ရှေ့သွားလေးနှစ်ချောင်းရှိတယ်ဆိုတာ သူမ မြင်ခဲ့သည်။
လင်းယောင်က ပျော်ရွှင်စွာနဲ့ ကျန်းဆွေ့လန်ကို သတင်းကောင်းပြောပြခဲ့သည်။
" အမေ၊ သို့သို့ ရှေ့သွားလေးတွေ ပေါက်နေပြီ။ "
" တစ်ကယ်လား? ၈ လတောင် ဖြတ်သန်းလာခဲ့ရတာပဲ၊ ရှေ့သွားတွေပေါက်ဖို့ အချိန်တန်ပြီပေါ့။ "
ယောက္ခမနဲ့ ချွေးမကတော့ ဒီကိစ္စကို အလွန်ပျော်ရွှင်နေခဲ့ကြသည်။
ဒါပေမယ့်၊ ကလေးလေး ကုသို့သို့က သစ်သားရုပ်ကိုမရခဲ့လို့ မကျေမနပ်ဖြစ်နေခဲ့သည်။ သူက သူ့အဖေရဲ့ရင်ခွင်ထဲမှာ ဖင်တုန်းလေးကို ပစ်ထည့်ကာ တိုးဝှေ့နေခဲ့ပြီး ဘယ်သူ့ကိုမှ လှည့်မကြည့်ခဲ့ပေ။
၁၂ လမြောက်ရဲ့ ၂၉ရက်မြောက် ညမှာ၊ လောင်ကုတို့မိသားစုက ရှီမောမောဂျုံဖြူတစ်အိုးကြီးနဲ့ ဂျူဂျူဘဲလိပ်တစ်အိုး ပေါင်းခဲ့သည်။ ရှီမောမောက ဂျုံဖြူစစ်စစ်နဲ့လုပ်ထားတာ မဟုတ်ခဲ့ပေ။ မိသားစုက ဖုချန်မှုန့် ငါးကီလိုဂရမ်၊ ပြောင်းဂျုံမုန့်ပေါင်း အခုနှစ်ဆယ်၊ သုံးဆယ်လောက် ပေါင်းခဲ့သည်၊ ဂျူဂျူဘဲလိပ်အချို့နဲ့ မိသားစုရဲ့ နှစ်သစ်ကူးအသုံးအဆောင်တွေကို ပေးဝေခဲ့သည်။ ဒီပထမလမှာတော့ အစားအသောက်အတွက် ပူစရာမလိုခဲ့ပေ။
ပြောရမယ်ဆိုရင်၊ ကုမိသားစုကြီးက ချမ်းသာပါသည်၊ ပြီးတော့ ခြံဝင်းထဲက ဘယ်သူကမှ အရမ်းကြီး မချမ်းသာခဲ့ကြပေ။ သူတို့က တစ်ပြိုင်နက်တည်း ဂျုံဖြူပေါက်စီတွေ အများကြီး ပေါင်းနိုင်ကြသည်။
ကောင်တီက သာမာန်ပြည်သူတွေက တန်ဖိုးထားခြင်းအမှတ်အသားအတွက် ပေါက်စီအနည်းငယ်ပဲ ပေါင်းကြလိမ့်မည်၊ ပြီးတော့ အိမ်မှာ သူတို့ရဲ့ ဘိုးဘေးတွေနဲ့ မီးဖိုချောင်နတ်ဘုရားကို ပူဇော်ပသကြသည်။
နှစ်သစ်ကူးအကြိုနေ့ရဲ့ နေ့လည်ခင်းမှာ၊ အိမ်ခြေတိုင်းက ဖက်ထုပ်အစာသွပ်ဖို့ အိမ်မှာ လှီးချွတ်နေကြသည်။
ဒီနှစ်မှာ၊ ကောင်တီပြည်သူ့လုံခြုံရေးဌာနက တစ်ကယ်ပစ္စည်းကောင်းတွေဖြစ်ကြတဲ့ ဆိတ်သားအနည်းငယ်နဲ့ ရေခဲရိုက်ငါးနှစ်ကောင် ဖြန့်ဖြူးရောင်းချခဲ့သည်။
လင်းယောင်က အစီအစဉ်တွေ ဆွဲထားပြီးပြီ ဖြစ်သည်။ သူမက သိုးသားအတုံးတွေကနေ သွေးကြောအလွှာကို ဖြတ်ယူပြီး ဖက်ထုပ်အစာထဲကို ထည့်ခဲ့သည်၊ ရေခဲရိုက်ထားတဲ့ ငါးတစ်ကောင်ကို ပေါင်းပြီး ငါးချိုချဉ်ချက်ခဲ့သည်။ ဒါက နှစ်တိုင်း လိုတာထက်ပိုတဲ့ ကောင်းတဲ့သင်္ကေတဖြစ်ခဲ့ပါသည်။
ကုရှီအန်းက အလွန်သန်မာတာကြောင့်၊ လင်းယောင်က သူ့ကို ဖက်ထုပ်အစာတွေ လှီးဖြတ်ဖို့ ညွှန်ကြားချက်တွေ ပေးခဲ့သည်။ ဒီရက်ပိုင်း၊ ကုသို့သို့ နဲ့ သူ့အဖေတို့က အရမ်းရင်းနှီးလာကြသည်။ ပြီးတော့ လူတိုင်းက တရုတ်နှစ်သစ်ကူးမှာ အလုပ်ရှုပ်နေခဲ့ကြသည်။
ကျန်းဆွေ့လန်က သူမရဲ့သားကြီးကို ကလေးထိန်းဖို့ စီစဉ်ပေးခဲ့သည်။
ကလေးလေးက မပျော်ခဲ့ပေ၊ ပြီးတော့ သူ့ကိုယ်သူ သူ့ရဲ့ခြေထောက်ဖောင်းဖောင်းလေးနဲ့ ကုရှီအန်းရဲ့ရင်ခွင်ထဲကို တိုးဝင်သွားခဲ့သည်။ လက်ထောက်ဒါရိုက်တာကုရဲ့နှလုံးသားက ရေအိုင်ငယ်လေးလို နူးညံ့ပျော်ဝင်သွားခဲ့သည်။ သူက ဖက်တီးလေးရဲ့ ခေါင်းကို နမ်းခဲ့ပြီး သူ့ကျောမှာ ကုသို့သို့ကို သိုင်းကြိုးနဲ့ချည်ထားကာ တဒုန်းဒုန်းနှင့် ဖက်ထုပ်အစာတွေကို စတင်ခုတ်ဖြတ်ခဲ့သည်။
လင်းယောင်က စိတ်ပူခဲ့ပြီး ဘေးကနေ တိတ်တဆိတ် ကြည့်နေခဲ့သည်။
ကုသို့သို့ က သူ့အဖေရဲ့ကျောပြင်ကျယ်ကြီးပေါ်မှာ နေရတာ မကြောက်ခဲ့ပဲ ပျော်ရွှင်စွာနဲ့ ကတောင်ကနေခဲ့ပါသည်။
ဆောင်းရာသီဖြစ်ခဲ့ပြီး လက်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေ မရှိခဲ့ပေ။
လင်းယောင်က ဆိတ်သားနဲ့ မုန်လာဥအစာသွပ်တစ်အိုး၊ ဝက်သားနဲ့မုန်လာထုပ် အစာသွပ်တစ်အိုး စတဲ့ ဖက်ထုပ်အစာသွပ်နှစ်အိုး ပြင်ဆင်ထားခဲ့သည်။ ကုမန်ဆန် က ဖက်ထုပ်ဖက်တွေကို အမြန် လှိမ့်ခဲ့ပြီး စက္ကန့်တိုင်း တစ်ခုပြီးတစ်ခု ပျံသန်းလာခဲ့သည်။ လက်ထောက်ဒါရိုက်တာကုကလဲ အလျော့ပေးဖို့ အစီအစဉ်မရှိခဲ့ပေ။ သူက ဖက်ထုပ်တွေကို အမြန်ထုပ်ခဲ့ပြီး လှပတဲ့ အတွန့်လေးတွေကို ပြုလုပ်ခဲ့သည်။
ဒီလို အရည်အချင်းတွေ၊ ဆွဲဆောင်မှုရှိတဲ့ပုံစံတွေနဲ့ လက်ထောက်ဒါရိုက်တာကုကို လင်းယောင် မမြင်ဖူးခဲ့ပေ။
" ကျွန်မတို့ လက်ထောက်ဒါရိုက်တာကုက တစ်ကယ်ကို ဘက်စုံတော်တဲ့ အမျိုးသားပဲ။ မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ သေနတ်ကိုင်နိုင်ပြီး မီးဖိုချောင်ထဲမှာလည်း ဖက်ထုပ်တွေ လုပ်နိုင်တယ်။ ဘာလို့ အရမ်းတော်နေရတာလဲ? "
ကုရှီအန်းမှာ ချောမောလှပပြီး တည်ကြည်တဲ့မျက်နှာ ရှိပြီး သူ့စကားလုံးတွေက သူ့ဇနီးအပေါ်မှာ ချိုသာပါသည်၊ ပြီးတော့ သူ့မျက်လုံးတွေက အပြုံးတွေနဲ့ ပြည့်နေခဲ့သည်။
ကုရှီတုန်းက ရောက်လာပြီး ရှင်းပြခဲ့သည်။ " မရီး၊ ဒါကို ကျွန်တော်သိတယ်။ အစ်ကိုကြီးက အဖွားနဲ့ ကြီးပြင်းလာတာ။ အဖွားက ဖက်ထုပ်တွေကို အရမ်းလှလှပပလုပ်ပေးတယ်။ အစ်ကိုကြီးက အဖွားဆီက သင်ထားခဲ့တာ။ "
လင်းယောင်က ရုတ်တစ်ရက် သဘောပေါက်သွားခဲ့သည်၊ ရဲဘော်ဆွေ့လန်လုပ်တဲ့ ဖက်ထုပ်တွေက အရမ်းမလှနေတာ မထူးဆန်းတော့ပေ။
ကျန်းဆွေ့လန်က သူမချွေးမရဲ့မျက်နှာပေါ်က အမူအရာကို မြင်ခဲ့ပြီး သူမကို ရယ်ရင်းနဲ့ တစ်ချက်ရိုက်ခဲ့သည်။
" မင်းတို့အမေကို ဘာလို့မကြိုက်တာလဲဆိုတော့ အရမ်းပြာယာခပ်တတ်ပြီး ဖက်ထုပ်တွေ ဘယ်လိုလုပ်ရလဲဆိုတာ မသိလို့ပဲ။ "
လင်းယောင် - " . . . "
ကျန်းဆွေ့လန်က တစ်ပြား၊ နှစ်ပြား၊ ငါးပြား တန်ဖို့ရှိတဲ့ အကြွေစေ့တွေကို ဆယ်ခုလောက် ပြင်ဆင်ထားခဲ့သည်။
သူမက ပိုးသတ်ဖို့ ရေနွေးထဲမှာ ပြုတ်ခဲ့ပြီး နှစ်သစ်ကူးအကြိုနေ့မှာ ပျော်စရာဖက်ထုပ်တွေကို စားနိုင်မလားဆိုတာ ကြည့်ဖို့ ဖက်ထုပ်တွေထဲမှာ ခွဲထည့်ထားခဲ့သည်။
ဒါက နှစ်သစ်အတွက် ကောင်းတဲ့လက္ခဏာဖြစ်ပြီး စားမိတဲ့လူတွေက နှစ်သစ်မှာ ကံကောင်းစေလိမ့်မည်ဖြစ်သည်။
အိမ်ထဲက နေရာတိုင်းက အနီရောင်လိုက်ကာတွေ၊ နှစ်သစ်ပန်းချီကားတွေနဲ့ သပ်ရပ်သန့်ရှင်းနေခဲ့သည်။ အိမ်ထဲမှာ မီးထိန်ထိန်လင်းနေခဲ့သည်။ စားပွဲပေါ်မှာ ဆန့်မုန့်ကြော်တွေ၊ သခွားစေ့တွေနဲ့ မြေပဲချိုချဉ်တွေ ရှိကြသည်။ နှစ်သစ်ကူးအကြိုညစာအတွက်၊ ငါးချိုချဉ်ချက်၊ ကြာစွယ်ကြော်နဲ့ ယုန်စွပ်ပြုတ်တို့ ရှိကြသည်။
ညမှောင်လာတဲ့အခါ၊ နှစ်သစ်အကူးအပြောင်းလိုပဲ လမ်းထဲမှာ မီးရှူးမီးပန်းတွေရဲ့အသံကို ကြားခဲ့ရပြီး လမ်းကြားတစ်ခုလုံး မီးရှူးမီးပန်းတွေနဲ့ ပြည့်နေကြသည်။
လင်းယောင်က ကံကောင်းစေတဲ့ဖက်ထုပ်ကို စားမိတဲ့ ပထမဆုံးတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်က ကုရှီတုန်းဖြစ်သည်၊ ပြီးတော့ အရမ်းကံမကောင်းတဲ့ ကကုမန်ဆန်တောင် တစ်ခုရခဲ့သည်။
ကလေးလေး ကုသို့သို့က လူကြီးတွေရဲ့ အပျော်ကို စိတ်မဝင်စားခဲ့ပေ။ ဖက်တီးလေးက သူ့အဖေရဲ့ရင်ခွင်ထဲမှာ စိတ်အားထက်သန်စွာနဲ့ ထိုင်နေခဲ့သည်။
စားပွဲပေါ်က ငါးချိုချဉ်ချက်ကို ကြည့်ပြီး၊ အစားအသောက်က ပါးစပ်ကနေ သွားရည်ကျစေခဲ့သည်။
ကုရှီအန်းက ပြုံးခဲ့ပြီး သူ့သားလေးရဲ့သွားရည်တွေကို လက်ကိုင်ပုဝါနဲ့ သုတ်ပေးခဲ့သည်။
ကုသို့သို့ က မျက်လုံးလေး ကလည်ကလည်လုပ်နေခဲ့ပြီး သူ့အဖေရဲ့အင်္ကျီလက်တွေကို ဆွဲဖို့ သူ့ရဲ့လက်ဖောင်းဖောင်းလေးတွေကို ဆန့်ထုတ်ခဲ့သည်။ ပြီးတော့ ငါးချိုချဉ်ချက်ပန်းကန်ပေါ်ကို တင်ထားခဲ့သည်။
" အိုး! "
ကလေးလေးရဲ့ ရည်ရွယ်ချက်က ရှင်းပါသည်၊ သူ ငါးချက်ကို စားချင်ခဲ့သည်!
ကုရှီအန်းက ကလေးလေး ငါးကိုစားနိုင်ပါ့မလားလို့ တွေးရင်း ခနလောက် တွေဝေသွားခဲ့သည်။ ရယ်ချင်စိတ်ကိုထိန်းထားတဲ့ လင်းယောင်က သူ့သားလေးကို ကျွေးဖို့ အရိုးမပါပဲ နူးညံ့တဲ့ငါးအသားကို ရှာပေးလိုက်ရန် ပြောခဲ့တဲ့ အချိန်အထိပင်။
ကုသို့သို့ က ငါးကို ပထမဆုံးအကြိမ် စားဖူးခြင်းဖြစ်ပြီး သူ့ပါးစပ်လေးနဲ့ အမြန်စားပစ်လိုက်ရအောင်ထိ သူအရမ်းကြိုက်ခဲ့ပါသည်။ သူစားပြီးတာနဲ့၊ ချက်ချင်း သူ့အဖေရဲ့လက်မောင်းကို ပုတ်ပြီး ငါးကို တောင်းခဲ့သည်။
ကလေးလေးက အသက်ရှူသံတစ်ချက်မှာတင် အများကြီးစားခဲ့သည်။ လင်းယောင်က ကလေးလေးကို အားပေးရမှာ ကြောက်လာခဲ့သည်။ ကုသို့သို့ ရဲ့ ဗိုက်လေးကို ပုတ်လိုက်ပြီး သွားပေါက်နေတဲ့ ကုသို့သို့ အတွက် ကိုင်စားဖို့ ဘီစကစ်အသေးလေးကျွေးခဲ့သည်။
နှစ်သစ်ကူးကို ဆင်နွှဲဖို့ ကောင်တီမှာ မီးတွေထွန်းထားပေမယ့် ကျေးလက်ဒေသက သိပ်ပြီး တက်တက်ကြွကြွမရှိကြပေ။ အိမ်တိုင်းက ခြံဝင်းကို သန့်ရှင်းရေးလုပ်ကြသည်၊ ဝက်သားတွေကို ခုတ်ထစ်ပြီး နှစ်သစ်ကူးကာလကို ဆင်နွှဲဖို့ ဖက်ထုပ်တွေ လုပ်ကြသည်။
ရွာထဲက လမ်းပေါ်က တုန်းဖန်းဟောင် ထုတ်လုပ်ရေးအသင်းမှာ ဖက်ထုပ်အနံ့တွေနဲ့ ပြည့်နေသည်။
တစ်ခြားတစ်ဖက်မှာ၊ လင်းတာ့ကော်က သနားစရာကောင်းခဲ့သည်။ နှစ်သစ်ကူးအကြိုနေ့၊ လေအေးတွေ တိုက်ခတ်လာတဲ့အခါ၊ လင်းတာ့ကော်နဲ့ သူ့သားက မြေမီးဖိုကိုတောင် မီးမမွှေးခဲ့ကြပေ။
လီအိုက်ဖုန်းကို အလုပ်သမားစခန်းကို ပို့လိုက်ကတည်းက၊ လင်းတာ့ကော်နဲ့ သူ့သားက ဖြစ်ကတတ်ဆန်းဘဝမှာ နေခဲ့ရသည်။ ရာသီဥတုက အေးစက်ပြီး ရွာထဲမှာ ကောက်ရိုးတွေနဲ့ ပြောင်းဖူးရိုးတွေကို သုံးပြီး မီးမွှေးနေကြတာကို နေရာတိုင်းက မြင်နေခဲ့ရသည်။
လင်းအိမ်က မြေမီးဖိုကြီးရဲ့ မီးခိုးခေါင်းတိုင်က ပိတ်နေခဲ့သည်။ အဖေနဲ့သားက တစ်ခြားသူတွေထက် ပိုအပျင်းကြီးခဲ့ကြပြီး ပြင်ဆင်ဖို့ ငြင်းဆန်ခဲ့ကြသည်။
တရုတ်နှစ်သစ်ကူးကာလမှာ၊ အိမ်က မှောင်မဲနေခဲ့ပြီး လင်းဟုန်ဝူက မြေမီးဖိုပေါ်မှာ အိပ်နေခဲ့သည်။ လင်းတာ့ကော်က လောဘကြီးခဲ့ပြီး နောက်ထပ်ထုတ်လုပ်ရေးအသင်းတစ်ခုဆီကို ပြေးသွားခဲ့သည်။ ဝက်ကို အသင်းက သတ်ခဲ့သည်။
သူက မီးမွှေးတာကို ကူညီဖို့သွားခဲ့ပြီး ဝက်မြီးတစ်ခု ရလာခဲ့သည်။ ပြန်ယူသွားရင်၊ နှစ်သစ်အတွက် အနည်းဆုံး အသားတော့ ရနိုင်တာပေါ့။
သူ့အိမ်တံခါးဝမှာ ရစ်သီရစ်သီလုပ်နေတဲ့ အမည်းရောင်အရိပ်တစ်ခုကို ရုတ်တစ်ရက် မြင်လိုက်ရတဲ့အခါ၊ လင်းတာ့ကော်က ဝက်အမြီးကိုသယ်ကာ အိမ်ကို ဂရုမစိုက်ပဲ လမ်းလျှောက်ပြန်လာခဲ့တုန်းဖြစ်ပြီး သူ့ကိုယ်ပေါ်က အမွှေးတွေ ထောင်လာခဲ့သည် (ကြက်သီးထလာခဲ့သည်)။
ဘာတွေ ဖြစ်နေတာလဲ!
အိမ်ကို ဓါးပြတိုက်နေတာ! ! !